အပိုင်း(၁၄၀၆)

အဆက်မပြတ် အဆင့်တက်ခြင်း

ရက်များက ဖြည်းညင်းစွာ ဖြတ်ကျော်သွားသည်။ ကျယ်ပြောပြီး အကန့်အသတ်မဲ့သည့် မူလတောင်တန်းအတွင်း နတ်ဆိုးတိမ်တိုက်များက ကောင်းကင်ကို လွှမ်းမိုးထားပြီး တောင်တန်းများက သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။

လအနည်းငယ် ကြာပြီးနောက် မရေတွက်နိုင်သည့် တန်ခိုးရှင်များ​​က တောင်ဆီသို့ ခြေချလာပြီး ယခု များပြားလှသည့် လူများက ဤနေရာတွင် သေဆုံးခဲ့သည်။ ထို့ပြင် ရှေးဟောင်းတိုက်ပွဲမြေပြင်၌ နတ်ဆိုးအင်ပါယာနှင့် ရန်ဟောင်များ ချန်ရစ်ခဲ့သည့် အမွေအနှစ်များအား လာရှာသည့်သူ အများအပြားလည်း ရှိသည်။

သို့သော် အခွင့်အရေးထက် အန္တရာယ်အလွန်များလှပြီး အလွန်များပြားသည့် တန်ခိုးရှင်များက မူလတောင်တန်းတွင် မြှုပ်နှံခံကြရသည်။

ရီဖူရှင်းက အန္တရာယ်မှ ထွက်ပြေးခဲ့ရသည်။ ယခုတွင် ဓားတောင်ထွတ်က ပြိုကျသွားခဲ့ပြီဖြစ်ရာ နယ်မြေတစ်ခုလုံးကို မကောင်းဆိုးဝါး စွမ်းအင်များက ဖုံးလွှမ်းနေခဲ့ပြီး ရီဝူချင်းသည်လည်း အသိစိတ်ကို အကြိမ်ဖန်များစွာ လက်လွှတ်ခဲ့ပေမယ့် ယူချင်းက အချိန်တိုင်း သူ၏ ဗုဒ္ဓအလင်း​ဖြင့် သူ့ကို ထိန်းသိမ်းထားသည်။ တရားတော်က သူ၏ နားထဲသို့ ဆက်လက်တိုးဝင်နေပြီး သူက ထိုအညှိုးအတေးစွမ်းအားများကို ရင်ဆိုင်နေစဥ်တွင် အာဃာတချောက်နက်ထဲသို့ ဆွဲချမခံရဘဲ အလင်းရောင် မြင်ရစေရန် ကူညီပေးနေသည်။

ထိုအချိန်တွင် သူ၏ စိတ်သည် ခွဲခြားခံနေရပြီး သူက စရိုက်အများအပြား ဖြစ်ပေါ်လာသည်။ သူ၏ မှုန်ဝါးဝါး အသိစိတ်ပင်လယ်အတွင်းတွင် စိတ်စွမ်းအားများက များပြားလှသည့် တစ္ဆေများအဖြစ် ပြောင်းလဲသွားသည်။ မကောင်းဆိုးဝါး ဝိညာဥ်များ၏ အသိစိတ်များသည် ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေပြီး သွေးဆာနေကာ သူ့ကို ရန်မူတတ်သူ ​ဖြစ်လာစေသည်။

ထိုအသိစိတ်များအကြားတွင် အဖြူရောင် ပုံရိပ်ယောင် အသိစိတ်တစ်ခု ရှိပြီး ယင်းမုန်တိုင်းအတွင်း၌ ယိမ်းယိုင်နေကာ အချိန်မရွေးဖျက်ဆီးခံရတော့မလို ထင်မှတ်ရသည်။

သူ၏ ကျန်ရှိနေသေးသော အသိစိတ်က အချိန်မရွေးပျောက်ကွယ်သွားတော့မလိုပင် ဖြစ်သည်။

ဘုန်း…

အားလုံးသော စွမ်းအားများက သူ့ဆီသို့ ပျံသန်းလာကာ သူ၏ စိတ်စွမ်းအားများကို အပိုင်သိမ်းရန် ကြိုးစားနေပြီးနောက် မရေတွက်နိုင်သည့် အညှိုးအတေးစွမ်းအားများက တဖန်ထပ်ကာ ပေါ်ပေါက်လာပြန်သည်။ သူသည် နာကျင်ခြင်းနှင့် ရုန်းကန်နေရပြီး ကြောက်မက်ဖွယ် သွေးရောင်လွှမ်းနေသည့် အလင်းက သူ့ မျက်လုံးတွင် ရောင်ပြန်ဟပ်နေသည်။

ယူချင်းက ရီဝူချင်း၏ ရှေ့တွင် ထိုင်နေသည်။ ရီဝူချင်းသည် နာကျင်မှုကြောင့် မြေပြင်၌ ဆက်လက်လူးလိမ့်နေရပြီး သူ၏ နှုတ်ဖျားမှ ဆက်လက်၍  ညည်းသံများ ထွက်ပေါ်နေသည်။ ဤလများအတွင်း ရီဝူချင်းသည် နတ်ဆိုးလမ်းစဥ်အတွင်း ကြိမ်ဖန်များစွာ ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ ယူချင်းအား သတ်ဖြတ်မလိုပင် ဖြစ်ခဲ့သည်။ မရေတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ သူက နတ်ဆိုးစွမ်းအားများကို ထိန်းချုပ်ခွင့်ပေးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ချင်နေခဲ့သော်လည်း နောက်ဆုံးအခြေအနေသို့ ရောက်လာသည့်အချိန်တိုင်းတွင် သူ၏ ယုံကြည်မှုကို ဆုပ်ကိုင်ထားကာ လက်မလျှော့ခဲ့ပေ။

ဤအချိန်အတောအတွင်း သူ ခံစားရသည့် နာကျင်မှုသည် တစ်ခါတစ်ရံ၌ သူ တောင့်မခံနိုင်လောက်တော့ဟုပင် ယူချင်းကို ခံစားမိစေသည်။ ယူချင်းပင်လျှင် ရီဝူချင်း သူ၏ နာကျင်မှုမှ သက်သာသွားစေရန် အဆုံးသတ် ပေးလိုက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။

နောက်ထပ် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ရီဝူချင်းက မြေပြင်မှ ခုန်ထလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ခြောက်ခြားဖွယ်အနက်ရောင် လေစီးကြောင်းတို့ဖြင့် ဖုံးလွှမ်းထားပြီး နက်မှောင်​နေသည်။ အနက်ရောင် အမျှင်တန်းများက သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာပြီး သူသည် နတ်ဆိုးအသိစိတ်များ၏ ဖမ်းစားခြင်းကို အပြီးတိုင် ခံလိုက်ရသကဲ့သို့ ဖြစ်လာသည်။

သူ၏ မျက်လုံးများတွင် သွေးဆာနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူက ယူချင်းဆီသို့ ဖြေးညင်းစွာ လျှောက်လာပြီး ပြောလိုက်သည်။ “ငါ့ကို သတ်လိုက်ပါတော့”

နာကျင်မှုက အဆုံးမရှိတော့ဘဲ ဖြစ်နေပြီး သူသည် သူကိုယ်တိုင် မဟုတ်တော့သည့် လူတစ်ယောက် ဖြစ်လာမည်ကို စိုးရွံ့နေပေသည်။

သူက ဤကဲ့သို့ နေထိုင်နေရသည်က သေခြင်းက ပို၍ ကောင်းပေသည်။

ယူချင်း၏ နှုတ်ဖျားမှ တရားသံများက ဆက်လက်ထွက်ပေါ်လာနေသည်။ ယူချင်းက ရီဝူချင်းအား ကြည့်လိုက်သည်။

ထို့နောက် သူက ရီဝူချင်း၏ ဘေးသို့ လျှောက်သွားလိုက်ပြီး ထိုနေရာ၌ ထိုးစိုက်ထားသည့် နတ်ဆိုးဓားကို ကြည့်လိုက်ပြီး သူက ဓားကို လက်နှင့် ဆုပ်ကိုင်လိုက်သည်။ ရီဝူချင်းသည် ထိုအဖြစ်ကို မြင်သည့်အခါ ယူချင်းကို ကြည့်နေသည့် နက်မှောင်နေသော မျက်လုံးများက လှုပ်ခတ်လာသည်။

ဗုဒ္ဓအရှိန်အဝါက ပျက်ပြယ်သွားပြီး ယူချင်းသည် အလင်းတို့ကို ထိန်းချုပ်ကာ ရုတ်တရက် မှော်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ အစွမ်းထက် ဖျက်ဆီးခြင်းစွမ်းအားများက ထွက်ပေါ်လွှမ်းခြုံလာပြီး ယူချင်း၏ ခန္ဓာကိုယ်ဆီသို့ ဓားစွမ်းအားများက တိုးဝင်သွားသည်။

ချက်ချင်းအတွင်း၌ မရေတွက်နိုင်သည့် နတ်ဆိုး လေစီးကြောင်းများက ယူချင်းထံ ပြေးဝင်သွားပြီး သူက မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာသည်။

သူက လှည့်လိုက်ပြီး ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာက ရှုံ့တွလာကာ သူ့မျက်နှာထက်တွင် အနက်ရောင် အမျှင်များ ပေါ်ပေါက်လာ၍ သူ၏ လက်များတွင် အပြာရောင်သွေးကြောများကိုပင် မြင်လာရသည်။ ရန်လိုသော အကြည့်က သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာသော်လည်း သူ့မျက်လုံးများကတော့  မတုန်မလှုပ်ရှိနေသည်။ သူက ရီဝူချင်းကို ကြည့်ကာ ပြောလိုက်သည်။ “ငါ မင်းနဲ့အတူ ရှိနေမယ်”

သူက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ဓားကို မ လိုက်သည်။ အဆုံးမဲ့နတ်ဆိုးစွမ်းအင် စီးကြောင်းများက လှည့်ပတ်အော်မြည်နေသည်။ ယူချင်းက ရီဝူချင်းကို စူးစိုက်ကြည့်ကာ နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ “ငါတို့မှာ သန်မာတဲ့ စွမ်းအားတွေ ရှိပေမယ့်လည်း နတ်ဆိုးတွေက သေပြီးပြီလေ။ ငါတို့ကို ဘာလုပ်နိုင်မှာလဲ”

ဘုန်း…

ထိတ်လန့်ခြောက်ခြားဖွယ် နက်မှောင်နေသည့် အလင်းက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာကာ ယူချင်း၏ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သူ့ အသံက ကောင်းကင်နှင့် မြေကြီးတွင် ပဲ့တင်ထပ်သွားပြီး စွမ်းအားများ တိုက်စားခြင်းကို ခွင့်ပြုလိုက်သည်။

“ငါ့ဆီက ထွက်သွားစမ်း” ယူချင်းက သူ့ခေါင်းကို မော့ကာ အော်ဟစ်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ် စွမ်းအားက လွှမ်းခြုံလာကာ သူ့အနီးရှိ အသက်ဓာတ်များက သူ့ကို ပိုမို သန်မာလာစေပြီး သူ့အနီးတွင် လေစွမ်းအင်များက အော်မြည်လာသည်။

အတွေးတစ်ချက်နှင့် ယူချင်းက မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုက်သည်။

ရီဝူချင်းက ယူချင်းကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲမှ အသိစိတ်ကလေးက တုန်ခါနေကာ သူ၏ မျက်လုံးများကလည်း လှုပ်ခတ်လာသည်။

သေပြီးသား နတ်ဆိုးများက သူ့ကို မည်သည့်အရာ လုပ်နိုင်မည်နည်း။ သူက ယူချင်း ဖြစ်နေသည့်အတွက် ချက်ချင်းပင် မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့်သို့ ဝင်ရောက်သွားနိုင်သည်။ သူက အရာအားလုံးကို လျစ်လျူရှု၍ သန်မာသည့် ယုံကြည်မှု ရှိသော လွှမ်းမိုးနိုင်သည့် သူတစ်ဦး ဖြစ်သည်။

သူဆိုရင် လုပ်နိုင်မည်လား။

ဤခရီးစဥ်အတွင်း ရီဖူရှင်းနှင့် ယူချင်းသည် ထူးခြားသော အဆင့်အတန်း၌ ရှိခဲ့သည်။ ရီဝူချင်းသည် အဖွဲ့နှင့် လိုက်လာရုံမျှသာ လုပ်နိုင်ပြီး အရာအားလုံးအတွက် သူ့တွင် ကောင်းမွန်သည့် စိတ်အခြေအနေ မရှိခဲ့ပေ။

သူ လုပ်နိုင်မည်လား။

ထိုအချိန်တွင် ယူချင်းသည် နာကျင်မှုကို သူနှင့်အတူ ခံစားပေးရန် ဆန္ဒရှိသည်။

“ငါတို့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို ဘယ်သူကမှ မတားဆီးနိုင်ဘူး” ယူချင်းက သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

ရီဝူချင်း၏ နှလုံးသားက တုန်ယင်နေသည်။ သူ၏ မျက်လုံးများက သူ့ဆီမှ နတ်ဆိုးဝိညာဥ်များကို မောင်းထုတ်နေဟန်တူပြီး သူ၏ စွမ်းအားများက အားကောင်းလာသည်။

နှစ်ပေါင်းများစွာအတွင်း သူတို့သည် ငယ်ရွယ်စဥ်ကတည်းက သုံးယောက်သား မီးပင်လယ်နှင့် ရေပြင်တို့ကို ဖြတ်ကျော်ကာ ရှန့်ထိုအဆင့်သို့လည်း အတူတကွ ဝင်ရောက်ခဲ့ကြသည်။

ကျင့်ကြံခြင်းလမ်းစဥ်တွင် မည်သူကမှ ကျန်ရစ်နေခဲ့ခြင်း မရှိပေ။

သူက ဓားကို ဆွဲထုတ်စဥ်အခါက သူ့စိတ်ထဲတွင် မည်သည်တို့ ရှိသည်အား တိတိကျကျ မဖြစ်ခဲ့သည်လား။ သူ့အတွက် ယူချင်း လုပ်ပေးနေသည့် အရာအားလုံးက သူ လုပ်ခဲ့သည်နှင့် တူညီစွာပင် ဖြစ်သည်။

“ဟုတ်တယ်” ရီဝူချင်းက ခက်ခက်ခဲခဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက ရှေ့သို့ လှမ်းလိုက်ပြီး ယူချင်းလက်ထဲမှ ဓားကို ကြည့်လိုက်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ယူချင်းက သူ ဆိုလိုသည်အား နားလည်ကာ ရီဝူချင်းထံ ဓားကို လက်လှမ်းလိုက်သည်။ ရီဝူချင်းက ဓားအား လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်သည်။ သူသည် ပြင်းထန်စွာ နာကျင်နေရသော်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ ပြင်းထန်သည့် အနက်ရောင်စီးကြောင်းများက ကျူးကျော်ဝင်ရောက်လာပြီး အဆုံးမဲ့ အညှိုးအတေးစွမ်းအားများက သူ့ဆီသို့ တိုးဝင်လာသည်။ သူသည်ဓားကို လက်နှစ်ဖက်နှင့် ကိုင်၍ မြေပေါ်သို့ ထိုးစိုက်ချလိုက်ကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျောက်ရုပ်ကဲ့သို့ ရပ်နေသည်။

“ဘုန်း….”

တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် ဓားစွမ်းအားက ကောင်းကင်သို့ တစ်ရှိန်ထိုး တက်သွားခဲ့သည်။ ခမ်းနားသည့် ဓားလမ်းစဥ်ရောင်ဝါက ရီဝူချင်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ တက်သွားခဲ့၏။

ထိုသည်က သေခြင်းရှင်ခြင်းကြားမှ ထိတ်လန့်ဖွယ်ပင်မကဘဲ ကြီးမားသည့် အခွင့်အရေးလည်း ​ဖြစ်သည်။

ရီဝူချင်း၏ စိတ်အခြေအနေက ပြောင်းလဲ၍ သန့်စင်လာသည်။ သူသည်လည်း မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်သို့ ဝင်ရောက်သွားခဲ့၏။

ဓားသခင်က သူတို့ကို ကြည့်လိုက်ပြီး နှစ်ယောက်လုံး အဆင့်တက်သွားပြီး ရီဝူချင်း၏ ခိုင်မာသော ရည်ရွယ်ချက်တို့ ဖြစ်ပေါ်လာသည်အား ​စောင့်ကြည့်နေသည်။ သူ၏ နတ်ဆိုးဆန်ဆန် မျက်ဝန်းများအတွင်း တောက်ပသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

များပြားလှသည့် မုန်တိုင်းများစွာကို တွေ့ကြုံခံစားရပြီးလျှင်ပင် သူတို့တွင် ပျိုမျစ်သည့် နှလုံးသားများ ရှိနေ​ဆဲ ဖြစ်သည်။

သူက သူတို့ စာအုပ်တောင်သို့ ဝင်ရောက်လာစဥ်အချိန်ကို အမှတ်ရနေဆဲ ဖြစ်သည်။ သူတို့ အားလုံးသည် ယခုအထိ ခရီးဆက်နေကြပြီး များစွာသော သေခြင်းရှင်ခြင်း အတွေ့အကြုံ အများအပြားကို ဖြတ်ကျော်ခဲ့ကြရသည်။ မည်သူက သူတို့၏ ကျင့်ကြံခြင်းလမ်းကြောင်းကို တားဆီးပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပေ။

ဤခံစားချက်က အလွန်ကောင်းလှသည်။

သူ၏ နက်မှောင်သော နတ်ဆိုးမျက်လုံးများထဲတွင် အပြုံးတစ်ခု လင်းလက်လာသည်။ သူက အဝေးသို့ မော့ကြည့်လိုက်သည်။

သူ၏ ညီသုံး တုန်းလျှိုသည် ဤမူလတောင်တန်းအတွင်း၌ အဆင်ပြေပြေ ရှိနေသေးရဲ့လား။

သူ၏ အငယ်ဆုံး ညီလေးနှင့် စာလျှင် ဓားသခင်သည် တုံးလျှိုအား ပို၍ စိတ်ပူနေပေသည်။ သူက ရီဖူရှင်းသည် ဤအခြေအနေအား ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ပြီး သူ၏ ယုံကြည်မှုက မယိမ်းယိုင်ခဲ့ပေ။

နတ်ဆိုးစွမ်းအားများက တုန်ခါကာ အော်မြည်နေသည်။ ဓားစွမ်းအားများက ကောင်းကင်တွင် လွှမ်းမိုးနေသည်။ ဓားသခင်သည် ထိုင်ချလိုက်ပြီး သူသည်လည်း အဆင့်အား ဖြတ်ကျော်ရန် ပြုလုပ်လိုက်သည်။ သူတို့သုံးယောက်သည် သူတို့၏ စိတ်အခြေအနေနှင့် အသားကျသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြသည်။ အချိန်တိုအတွင် သူတို့အားလုံးသည် အဆင့်သစ်တစ်ခုသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိသွားကြ၏။

ဤသို့ အန္တရာယ်များလှသည့် အခြေအနေတွင်ပင် သူတို့သည် အားလုံး အသက်ရှင်လျက် ထွက်ခွာသွားနိုင်လိမ့်မည်ဟု ယုံကြည်ချက်က ပြင်းထန်နေကြသည်။

တစ်ချိန်က သူတို့၏ ဆရာက သင်ကြားပေးခဲ့သည်မှာ တစ်ခါတစ်ရံ၌ မိုင်ထောင်ချီ၍ ခရီးသွားခြင်းက ထောင်ချီသော စာအုပ်များ ဖတ်ခြင်းထက် ပိုကောင်းသော ရွေးချယ်မှု ဖြစ်ကြောင်းပင် ဖြစ်သည်။ ရှေးဟောင်းစာအုပ်ပေါင်း ထောင်ချီ၍ သိနေပြှး အားလုံးသော လမ်းစဥ်တို့ကို အသုံးပြုနိုင်၍ ထူးချွန်လှသော သူ တစ်ဦးပင်လျှင် နေရာအများအပြားသို့ ခရီးမသွားဖူးပါက စိတ်အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ပေ။ ခရီးသွားခြင်းကသာ အခက်အခဲ အများအပြားကို အတွေ့အကြုံရ၍ ကိုယ့်ကိုယ်ကိုယ် အကြိမ်ပေါင်းများစွာ စိန်ခေါ်ဖြစ်လိမ့်မည် ဖြစ်သည်။

လောကအတွင်းရှိ အားလုံးသော ရန်ဟောင်၊ ရှန့်ထိုနှင့် ရှီအဆင့်တစ်ချိန်က သာမန်လူများပင် ဖြစ်ကြ၏။

အင်ပါယာတစ်ပါးပင်လျှင် တစ်ချိန်က လောက၏ ဒုက္ခများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ မည်သူကမှ အင်ပါယာအဖြစ် မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။

လွှမ်းမိုးနိုင်သော အသက်ဓာတ်က ဆက်လက်၍ အော်မြည်နေသည်။ Buddha အလင်းသည် ယူချင်း၏ ခန္ဓာကိုယ်မှ တဖန် ထုတ်လွှတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ပြောင်းလဲနေကာ တစ်ချိန်တည်းတွင် ရီဝူချင်းအတွက် မကောင်းဆိုးဝါးဝိညာဥ်များအား ရှင်းလင်းပေးနေသည်။

ကြောက်မက်ဖွယ် လေစီးကြောင်းက ရီဝူချင်း၏ ခန္ဓာကိုယ်အနီးတွင် စီးဆင်းနေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် ဓားမှ ဆူညံသံတို့ ထွက်ပေါ်နေ၏။

ရုတ်တရက် ကြောက်မက်ဖွယ် ဓားအလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုသည်က နက်မှောင်သော ဓားစွမ်းအားဖြစ်ပြီး လေဟာနယ်အတွင်းတွင် ဓားစွမ်းအားများကို ထုတ်လွှတ်နေသည်။

ရီဝူချင်သည် ကျောက်ရုပ်အဖြစ် ပြောင်းဘဲသွားသကဲ့သို့ ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်သည်။ ဓားစွမ်းအားက စီးဆင်းကာ အော်မြည်နေပြီး တောက်ပသည့် အလင်းကို ထုတ်လွှတ်ပြီးနောက် အခြားသော ဓားစွမ်းအားများကို ​ပေါင်းစပ်ကာ ကောင်းကင်သို့ တက်သွားခဲ့သည်။

“ဘုန်း… ဘုန်း… ဘုန်း…”

ဓားစွမ်းအား အလင်းတန်းများ ထွက်ပေါ်လာသည်။ ယင်းတို့ အားလုံးသည် လမ်းစဥ်စွမ်းအားများမှ ပြောင်းလဲလာခြင်း ဖြစ်ပုံရသည်။ တဖြည်းဖြည်း ရီဝူချင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး အဆုံးမဲ့ ထိတ်လန့်ဖွယ် ဓားစွမ်းအင် အလင်းတန်းများက မွေးဖွားလာသည်။ ထိုအလင်းတန်းတစ်ခုချင်းစီတွင် အားကောင်းသည့် လမ်းစဥ်စွမ်းအားများ ပါဝင်နေသည်။

ရီဝူချင်း၏ ခန္ဓာကိုယ်သည် ဓားစွမ်းအားများဖြင့် ဝန်းရံခံထားရပြီး သူက ကျူးကျော်လာသည့် အသိစိတ်အားလုံးကို ဓားစွမ်းအားများအဖြစ် ပြောင်းလဲလိုက်သည်။

ချောက်နက်အတွင်း နီရဲနေသည့် မျက်လုံးများက တဖန်ထပ်ကာ ပွင့်ဟလာပြီး ချောက်နက်အပေါ်သို့ ကြည့်လိုက်ကာ ထို့နောက်တွင် ချောက်နက်အတွင်းမှ အဆုံးမဲ့ အော်မြည်သံများ ဖြစ်ပေါ်လာကာ တစ်ဟုန်ထိုး ထိုးထွက်လာပြီး ချောက်နက်အထက် ကောင်းကင်သို့ တိုးဝင်သွားပေသည်။

“ဟမ်” ဓားသခင်၏ မျက်နှာက အရောင်ပြောင်းသွားသည်။ ကြောက်ရွံ့ဖွယ် မုန်တိုင်းက ယူချင်းနှင့် ရီဝူချင်းတို့၏ ဘက်မှ လာနေကာ သူတို့ကို ဝါးမျိုရန် ကြိုးစားနေသည်။ ရီဝူချင်းသည် ယခုတိုင် မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။

ကြောက်မက်ဖွယ် လေစီးကြောင်းများက ဓားဆီသို့ အရူးအမူး တိုးဝင်လာနေသည်။ ရီဝူချင်းလက်ထဲတွင် ကိုင်ထားသည့် ဓားက မကောင်းဆိုးဝါး အသိစိတ်များကို ဝါးမျိုနေသည်ဟု ထင်မှတ်ရပေသည်။

“ဘုန်း” ရီဝူချင်းသည် နက်မှောင်သည့် လေစီးကြောင်းအတွင်း လွှမ်းမိုးခံထားရသော်လည်း မလှုပ်ရှားပေ။ သူ၏ မျက်နှာက ပြင်းထန်စွာ ရှုံ့မဲ့နေပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ အချိန်အတော်ကြာပြီးနောက်၌ အရာအားလုံး ရှင်းလင်းသွားသည့်အခါ မရေတွက်နိုင်သည့် လေစီးကြောင်းများက ဓားစွမ်းအင်ဖြင့် လွှမ်းမိုးခြင်း ခံရကာ ရီဝူချင်းအနီးတွင် စီးဆင်းနေသည့် ခြောက်ခြားဖွယ် စွမ်းအားစီးကြောင်းသာလျှင် ကျန်ရှိတော့သည်။

ကောင်းကင်နှင့် မြေကြီးအကြားရှိ လေထုက တဖြည်းဖြည်း ရှင်းလင်းလာပြီး မကောင်းဆိုးဝါး နယ်မြေမဟုတ်တော့သကဲ့သို့ မူလအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

လေထုအတွင်းရှိ မကောင်းဆိုးဝါးဝိညာဥ်များက လှည့်ပတ်နေဆဲ ဖြစ်ကာ အဝေးရှိ တန်ခိုးရှင်တစ်စုက ဤနေရာသို့ တစ်ဟုန်ထိုး လာနေကြသည်။ သူတို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ချင်ရွှမ်ကန်းနှင့် အခြားလူများ ဖြစ်သည်။

သူတို့က မြင်ကွင်းကို တခဏ ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရှာဖွေနေဟန် တူသည်။

ရီဖူရှင်းလည်း ဤနေရာ၌ ​ရှိခဲ့သည်။

သို့ပေမယ့် သူက ယခု မည်သည့်နေရာတွင် ရောက်နေသနည်း။

ထိုနက်မှောင်သော စွမ်းအားစီးကြောင်းများက မည်သို့ ပျောက်ကွယ်သွားရသနည်း။

ခွန်ရွှမ်သည် ရှေ့သို့ သွားလိုက်ကာ ချောက်နက်၏ ဘေး၌ ကျောက်ရုပ်တစ်ခုကဲ့သို့ ရပ်နေသည့် သိမ်းငှက်လေးကို မြင်သည်။ သူက ချောက်နက်အောက်ခြေသို့ စူးစိုက်ကာ ကြည့်နေလေသည်။

ရီဖူရှင်းက ချောက်နက်အောက်ခြေ၌ ဖြစ်နိုင်သည်။

ချင်ရွှမ်ကန်းသည်လည်း သတိပြုမိပြီး သူ၏ စိတ်စွမ်းအားကို ထိုနေရာသို့ ပို့လွှတ်လိုက်သည်။

ယူချင်းနှင့် ဓားသခင်တို့ အားလုံး အန္တရာယ်ကင်းသည်။ ရီဖူရှင်းသည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset