ဟေးဖုန်းရွာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဓားပြများအားလုံး မှင်တက် အံ့ဩသွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
ဤစစ်လက်နက်များ၏ အစွမ်းသည် သူတော်စင်သခင်အဆင့်ကိုပင် သတ်နိုင်ပေ၏။ သို့သော် ဤလူငယ်က ဘေးမသီ ရန်မခဘဲ ဖြတ်လျှောက်လာခဲ့သလို သူ့အဝတ်အစားပေါ်၌ ခြစ်ရာတစ်ခုပင် ထင်ခြင်း မရှိချေ။
*မယုံနိုင်စရာပဲ*
*ဒါ လုံးဝကို ဆန်းကြယ်တဲ့ကိစ္စပဲ*
“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ခေါင်းဆောင် တုန်လှုပ်နေသည်။ သို့သော် ဤသို့သော မေးခွန်းမျိုး မေးလိုက်ခြင်းက အဓိပ္ပာယ် မရှိဟု ခံစားမိကာ အခြားမေးခွန်း ပြောင်းမေးလိုက်မိသည်။
“မင်းက လူလား သရဲလား”
သူ့အမြင်တွင် ဤလူသည် လုံးဝ လူသား မဟုတ်ပေ။
“သူက … ယဲ့ဘုရင်ပဲ”
ရုတ်တရက် တတိယခေါင်းဆောင် ထအော်လာသည်။ သူ့အသံ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ထိုနေ့က တိုက်ရိုက်ထုတ်လွှင့်ခြင်းအား သူလည်း ကြည့်ခဲ့သဖြင့် ထိုလူ၏ ပုံရိပ်က သူ့စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေ၏။ လက်ရှိတွင် ထိုပုံရိပ်က ယဲ့ဖန်၏ပုံရိပ်နှင့် တစ်ထပ်တည်း တူညီနေသည်။
“ဘာ”
သူ့စကားသံအဆုံး၌ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မနေ့က သူတို့ ဝိုင်းဖွဲ့၍ အရက်သောက်ခဲ့ကြပြီး ဖမ်းထားသော မိန်းကလေးများကို စော်ကား၍ သူတို့ကိုယ်သူတို့ ယဲ့ဘုရင်ဟု ပြောဆိုခဲ့ကြသည်။
လူတစ်ယောက်တည်းနှင့် မြို့ကို သိမ်းပိုက် တိုက်ခိုက်ခဲ့သည်။ မြင့်မြတ်ထည်ဝါ၍ သန်မာခြင်း၌ သူ့ကို မည်သူ ယှဉ်နိုင်မည်နည်း။ ယခု ထိုနတ်ဆိုးက သူတို့ရှေ့၌ ပေါ်လာနေသည်တဲ့လား။
လက်ရှိတွင် အားလုံး အတွေး ဗလာဖြစ်နေပြီး တစ်ယောက်မှ မလှုပ်နိုင်ကြချေ။ နာရီဝက်ကြာပြီးနောက် သူတို့သည် အံ့ဩနေသော မျက်နှာများဖြင့် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။
ယဲ့ဖန်တစ်ယောက်တည်း မြို့ကို တိုက်ခိုက်ခဲ့သည့်မြင်ကွင်းအား သူတို့ ယနေ့ထိ မေ့မရနိုင်ပေ။ နဂါးမြို့တော်ကဲ့သို့ ကြီးမားသော မြို့ကြီးတစ်ခုပင် သူ၏ တိုက်စစ်ကို မခံနိုင်ခဲ့သဖြင့် ဘယ်လိုလုပ် သူတို့၏ ဟေးဖုန်းရွာက ခုခံနိုင် မည်နည်း။
“ယဲ့ဘုရင် ကျုပ်တို့ ခင်ဗျားနဲ့ ဘာရန်ငြှိုးမှ မရှိဘူး၊ ဘာလို့ ခင်ဗျား ကျုပ်တို့ကို ရန်ရှာရတာလဲ”
ဒုတိယခေါင်းဆောင်က တုန်တုန်ရီရီဖြင့် မေးလိုက်သည်။ သူ့အသံ၌ စိုးရိမ်စိတ်များ ပါဝင်နေ၏။ ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။
“မင်းက ငါ့အမျိုးသမီးကို ဖမ်းထားပြီးမှ ဘာလို့ ငါ့ကို ရန်ရှာတာလဲလို့ မေးနေရတာလဲ”
“ခင်ဗျားရဲ့ အမျိုးသမီးက ဘယ်သူလဲ”
ခေါင်းဆောင်သုံးယောက်လုံးသည် ရက်စက် ကြမ်းကြုတ်သူများ ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းက သူတို့ ရွာတစ်ရွာကို မွှေနှောက်၍ ခိုးယူ ဖျက်ဆီးခဲ့ပြီး ယောက်ျားသားများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို သတ်ကာ အမျိုးသမီးများကို ဖမ်းခေါ်လာခဲ့ကြသည်။ သို့သော် ထိုရွာသူမိန်းကလေးများက ဘယ်လိုလုပ် ယဲ့ဘုရင် ကဲ့သို့သော လူမျိုးအား ဆွဲဆောင်နိုင်ပါမည်နည်း။
“တတိယမင်းသမီး ပိုင်ရွှယ်”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သည်။
“ဘာ”
ခေါင်းဆောင်သုံးယောက်လုံး ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာပြီး သူတို့မျက်နှာထားများက မယုံနိုင်ဟန် ဖြစ်သွားလေသည်။
*ယဲ့ဘုရင်က ဘယ်လိုလုပ် ဒီလိုတိရစ္ဆာန်စိတ် ရှိရတာလဲ*
တစ်ခဏအတွင်း သူတို့သုံးယောက်လုံး ထိုအတွေးကို ဖယ်ဖျောက်၍ ပြန်ပြောလိုက်သည်။
“ခင်ဗျားက တတိယမင်းသမီးကို ရှာဖို့ ရောက်လာတယ်ဆိုမှတော့ ကျုပ် ခင်ဗျားကို လိုက်ပို့ပါ့မယ်၊ ကြွပါ”
ဓားပြခေါင်းဆောင်က ယဲ့ဖန်အပေါ် ယဉ်ကျေးသော အမူအရာမျိုး ပြသလာပြီး ညာဘက်မှ ဂူသို့ သွားရန် လက်ဟန် ခြေဟန် ပြလေသည်။
ယဲ့ဖန်သည် တစ်စုံတစ်ရာကို ရိပ်မိပုံပေါ်ပြီး မျက်လုံး၌ ပြုံးရိပ်သန်းနေ၏။ ထို့နောက် သူသည် ဘာမှမသိ သယောင်ပြု၍ ညာဘက်မှ ဂူသို့ လျှောက်လှမ်းလိုက်သည်။ သို့သော် သူ ငါးလှမ်းမျှ လှမ်းပြီးနောက် ဓားပြ ခေါင်းဆောင်၏ မျက်လုံး၌ မုန်းတီးစိတ်များ ပေါ်လွင်လာပြီး ချက်ချင်း အော်ဟစ်လေသည်။
“စတော့”
“အုန်း”
အလင်းစွမ်းအင်သုံး အမြောက်တစ်ခု ပစ်ခတ်လာသောကြောင့် မြေဆီလွှာ တုန်ယင်လာပြီး ဖုန်တထောင်းထောင်း ထလာသည်။ ပစ်ခတ်မှုအပြီး၌ နတ်ဘုရားစွမ်းအင်များ ပျံ့လွင့်နေသောကြောင့် ကျောချမ်းဖွယ် ကောင်းလှသည်။
အစီအရင်တစ်ခု ပွင့်လာပြီး ၎င်းအစီအရင်က လောကထဲမှ အရာအားလုံးကို လောင်မြှိုက်နိုင်သော နတ်မီးဖိုအသွင် ပြောင်းသွားပြီး ယဲ့ဖန်အား အထဲ၌ ချုပ်နှောင်ထားလေသည်။ ဤအစီအရင်သည် အရိပ်သခင်၏ လက်တစ်ဖက် ပြတ်သွားရသည့် လက်သည် တရားခံ ဖြစ်ပေသည်။
“ဟားဟားဟား ယဲ့ဘုရင်တဲ့လား၊ ယဲ့ဘုရင်က ဘာများ ထူးနေလို့လဲ၊ ငါ့ဟေးဖုန်းရွာကို လာရင် နဂါးဖြစ်နေ ရင်တောင်မှ ဦးညွှတ်နေရမယ်၊ ငါ အသက်ရှင်စေချင်မှ အသက်ရှင်ရမယ်၊ ငါ သေစေချင်ရင် သေကိုသေရမယ်”
ဓားပြခေါင်းဆောင်က အူလှိုက်သဲလှိုက် ရယ်မောကာ ဂုဏ်ယူနေလေသည်။ ဒုတိယခေါင်းဆောင်နှင့် တတိယ ခေါင်းဆောင်တို့ကလည်း အထက်စီးဆန်စွာ ပြုံးနေသည်။
“သောက်ချီးယဲ့ဘုရင်၊ ထင်ထားသလောက်လည်း မဟုတ်ပါလား”
“သူက နည်းနည်းလေး အစွမ်းရှိပင်မယ့် ဉာဏ်မရှိတာတော့ သနားစရာပဲ၊ သူက အသုံးမကျတဲ့ မဆင်မခြင် လုပ်တတ်တဲ့လူပဲ၊ သူက ငါတို့ထောင်ချောက်ထဲ နှစ်ခါ၊ သုံးခါလောက် ကျနေတာ”
“ဟေးဖုန်းရွာမှာ ယဲ့ဘုရင် သေသွားတယ်၊ ဟားဟားဟား … နောက်ဆို ငါတို့ တစ်လောကလုံးက လူတိုင်း သိတဲ့အထိ ကျော်ကြားလာတော့မှာ၊ ငါတို့ကို အရိုအသေပေးဖို့ တောင်ပေါ် တက်လာတဲ့လူတွေကလည်း တောင်တစ်ခုလုံး ပြည့်နေတော့မှာပဲ”
ဟေးဖုန်းရွာတစ်ခုလုံး၌ မထီမဲ့မြင် ပြောဆိုသံများနှင့် ပြည့်နှက်လာပြီး လူတိုင်းက ယဲ့ဖန်ကို အထင်သေးစွာ ပြောဆိုလာ၏။
“တတိယမင်းသမီးက မင်းအမျိုးသမီး ဟုတ်လား၊ ဟုတ်သားပဲ ခဏနေရင် ငါ မင်းရှေ့မှာ သူ့ကို ခပ်ကြမ်းကြမ်းလေး ကစားပြမယ်”
ဓားပြခေါင်းဆောင်က ညစ်ကျယ်ကျယ် အပြုံးနှင့် ကြမ်းကြုတ်စွာ ပြောဆိုနေသည်။
“ငါ ကစားလို့ ပြီးသွားရင် ငါ့ညီအစ်ကိုတွေကို ကစားခိုင်းမယ်၊ အင်ပါယာက ငွေမပေးမချင်း ငါ သူ့ကို နေ့တိုင်း ငါ့ညီအစ်ကိုတွေကို အသုံးတော်ခံခိုင်းမယ်ကွ”
*ဒီကိုလာပြီး အတင်းအကြပ် လူကယ်ဖို့ လွှတ်တယ်ပေါ့လေ၊ ဒါ ငါတို့ဟေးဖုန်းရွာကို စော်ကားတာပဲ*
အစပိုင်း၌ သူတို့သည် ပိုင်ရွှယ်အပေါ် ယဉ်ကျေးဆဲဖြစ်သော်လည်း ယခု သူတို့ ပြောင်းလဲရတော့မည့်ပုံပင်။ သို့သော် ယဲ့ဖန်၏ မျက်နှာတွင် သူတို့ ထင်ထားသကဲ့သို့ အရှက်ရစိတ်နှင့် ဒေါသစိတ်များ ပေါ်မနေချေ။
ရုတ်ချည်းဆိုသလိုပင် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်သော အငွေ့အသက်တစ်ခုက ဟေးဖုန်းရွာ တစ်ခုလုံးသို့ ပျံ့လွင့်လာသည်။ ဓားပြများအားလုံး တုန်ယင်လာလေသည်။
“မင်း ပြောလို့ပြီးပြီလား”
အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်း …”
ဓားပြခေါင်းဆောင် အသက်ရှူရပ်မတတ် ဖြစ်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။
*ဒီကောင် လုံးဝ မကြောက်ဘူးလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်သည် ရှေ့သို့ လျှောက်လှမ်းလာသည်။ သူ၏ လျှောက်လှမ်းလာပုံက နဂါးငွေ့တန်းကို ဖြတ်လျှောက်လာသည်ဟု ထင်မှတ်ရပြီး ကြောက်စရာကောင်းသော ပုံရိပ်တစ်ခု ရွေ့လျားနေ၏။ ဤပုံစံက အတိတ်က ဘုံကိုးပါး ဧကရာဇ်လိုပင်။
“ဂျွတ်”
အစီအရင်ဖြင့် ပြုလုပ်ထားသည့် နတ်မီးဖိုက ချက်ချင်း အက်ကွဲလာ၏။ ရှေးဟောင်း အစီအရင်ထဲမှ ပြင်းထန် ကြမ်းကြုတ်သော စွမ်းအင်များသည် ဘုံကိုးပါး ယန်စွမ်းအင်အောက်၌ ပျက်စီးသွားလေသည်။
ခြေတစ်လှမ်း လှမ်းလိုက်လျင် အက်ကြောင်းရာတစ်ခု ပေါ်လာသည်။ ဒုတိယခြေလှမ်း၌ အစီအရင် တုန်ခါလာ၏။ တတိယ ခြေလှမ်းတွင် အစီအရင် ယိမ်းထိုးလာလေသည်။ ကိုးလှမ်းမြောက် ခြေလှမ်း၌ အစီအရင်တစ်ခုလုံး ပြိုကွဲ ပျက်စီးသွားတော့သည်။
ထို့အတူ ကိုးလှမ်းမြောက် ခြေလှမ်းတွင် လူတိုင်း၏ စိတ်ထဲ၌ မုန်တိုင်းထန်နေပြီး နေရာမှာတင် ကြက်သေ သေနေ၏။
*ယဲ့ဖန်ကို အစီအရင် နှစ်ခုလုံးနဲ့ မသတ်နိုင်ဘူးလား*
*သူက ရှေးနတ်ဘုရား ပြန်ဝင်စားတာများလား*
သူတို့အားလုံး ကြောက်လန့် ထိတ်လန့်လာကြသည်။ အားလုံး၏ မျက်နှာက စက္ကူစသဖွယ် ဖြူရော်နေပြီး ယဲ့ဖန်ကြောင့် ချောက်ချားနေလေသည်။
*ဒီနတ်ဆိုးက ယှဉ်မရဘူးပဲ*
*သွားပြီ*
ခေါင်းဆောင်သုံးယောက်၏ လှောင်ပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူတို့၏ မျက်နှာများ ဖြူရော်ကာ ကြောက်စိတ်ကြောင့် တုန်ယင်လာကြသည်။ ဓားပြခေါင်းဆောင်က အသည်းအသန် ပြုံး၍ ပြောလိုက် သည်။
“အရှင်ယဲ့ဘုရင်က တကယ် ရဲရင့်တာပဲ၊ ခုနက ကျွန်တော် အရှင့်ကို နည်းနည်းလောက် စလိုက်တာပါ၊ ခင်ဗျားက ဒီအစီအရင်ကို တကယ် ဖျက်ဆီးနိုင်တာပဲ၊ ဟဲဟဲ … ဟီးဟီးဟီး …”
“ဪ ဟုတ်လား”
ယဲ့ဖန်က အေးတိအေးစက် ပြုံး၍ ပြန်ပြောလိုက်သည်။
“ဒါဆို ငါလည်း မင်းကို ပြန်စရတာပေါ့”
“ဝုန်း”
အားလုံး ထိတ်လန့်နေစဉ်မှာပင် ဥပဒေသများ ပေါင်းစပ်သွားပြီး ဤနေရာက သူစိမ်းများ ခြေမချရဲသည့် နတ်ဆိုး နယ်မြေ အဖြစ် ပြောင်းလဲကာ လေတိုးသံများ ထွက်ပေါ်လာသည်။
နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်လာပြီးနောက် ဓားပြများ၏ အမူအရာများ အေးခဲသွားပြီး သူတို့၏ ခန္ဓာကိုယ်များက အက်ကွဲကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
“မင်း … မင်း ဘာလုပ်လိုက်တာလဲ၊ ငါ့ခန္ဓာကိုယ် … မဟုတ်ဘူးလေ”
ဓားပြများသည် သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း ဆွေးမြည့် ပျက်စီးသွားပြီး ပြာဖြစ်သွားသည်ကို ကြည့်ပြီး ချောက်ချား လာကြသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ။ တစ်ခဏအတွင်းမှာပင် သေဆုံးသူက ရာချီလာ၏။ ဤသည်ကိုကြည့်ပြီး ဓားပြခေါင်းဆောင် သုံးယောက်လုံး တုန်လှုပ်ကာ နောင်တရလာသည်။ သူတို့ ချက်ချင်း အော်ဟစ် တောင်းပန် လိုက်သည်။
“အရှင် ယဲ့ဘုရင် အသက်ချမ်းသာပေးပါ၊ ကျုပ် … ကျုပ်တို့ နောက် မလုပ်ရဲတော့ပါဘူး၊ ကျုပ်တို့ကို အခွင့်အရေး ပေးပါ၊ ကျုပ်တို့ ထာဝရ ကျွန်အဖြစ် နေသွားပါ့မယ်”
သူတို့ ဤသို့ မတိုက်ခိုက်ဘဲ တတိယ မင်းသမီးကိုသာ အသာတကြည် ထုတ်ပေးလိုက်ပါက ဤသို့သော အဖြစ်မျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ပါ။ သို့သော် နောင်တရသော်လည်း နောက်ကျသွားလေပြီ။
ယဲ့ဖန်သည် ဘာခံစားချက်မှ မရှိသော မျက်နှာဖြင့် ဓားပြခေါင်းဆောင် သုံးယောက်ထံသို့ လှမ်းလာနေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်းတွင် ဆွေးမြည့်ကာ အပင်များ ခြောက်သွေ့ ညှိုးနွှမ်ပြီး ရေများ ခမ်းခြောက်၍ သတ္တဝါ တစ်ချို့ ပျက်သုဉ်း သွားရသည်။
ရှေးဟောင်း မိစ္ဆာတစ်ကောင် လောကထဲ လျှောက်လှမ်းလာပြီး ကပ်ဆိုးတစ်ခု ယူဆောင်လာသလိုပင်။
“မင်းတို့က အညှာအတာမဲ့တယ်၊ သူများ သားပျိုသမီးပျိုကို ဖျက်ဆီးတယ်၊ မကောင်းတာ မှန်သမျှ လုပ်တဲ့ကောင်တွေ မင်းတို့ သေသင့်တယ်”
“မင်းတို့ရဲ့ အတ္တအတွက် အပြစ်မရှိတဲ့လူတွေကို ထိခိုက်အောင် လုပ်တယ်၊ မဟုတ်တဲ့ အဖွဲ့အစည်း ထောင်ပြီး မဟုတ်တာ လုပ်တဲ့အတွက် သေသင့်တယ်”
“မင်းတို့ကများ ငါ့အမျိုးသမီးကို ထိရဲတယ်၊ အဲ့အတွက် သေသင့်တယ်”
“မင်းတို့ကောင်တွေက ငါ့ကို အကွက်ချပြီး တိုက်ခိုက်ရဲတဲ့အတွက် ပိုပြီး သေသင့်တယ်”
ယဲ့ဖန် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အေးစက်သော စကားတစ်ခွန်း ထွက်လာ၏။
“မင်းတို့က သေဖို့ ထိုက်တန်နေမှတော့ သေကိုသေရမယ်”
“မလုပ်နဲ့”
တတိယ ခေါင်းဆောင် အော်ဟစ်လိုက်မိသည်။ သူ၏ ခြေထောက်များ ကျုံ့လာပြီး အသွေးအသားများ ခမ်းခြောက် လာပုံရသည်။ ထို့နောက် ခန္ဓာကိုယ်၊ လက်မောင်းနှင့် ဦးခေါင်းအထိ ခမ်းခြောက်လာပြီး နောက်ဆုံး၌ မမ်မီ အလောင်းသဖွယ် ဖြစ်သွားလေသည်။
လေတိုက်လာသောအခါ သူ၏ အလောင်းက ပြာဖြစ်ကာ အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဒုတိယ ခေါင်းဆောင် အလှည့် ရောက်လာ၏။ ဟေးဖုန်းရွာ၏ လူနှစ်ထောင်လုံး ပြာဖြစ်ကာ သေဆုံး သွားတော့သည်။
“ဘာအာဟာရမှမရှိတဲ့ အမှိုက်ကောင်တွေ”
သို့သော် ဤလူများစွာကို သတ်ပြီးသော်လည်း ယဲ့ဖန်က မကျေမနပ် ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့၏ အသက်စွမ်းအင်ကို စုပ်ယူပြီးသော်လည်း သူတို့၏ စွမ်းအင်က သူ၏ ကျင့်ကြံခြင်းကို အားဖြည့်ပေး နိုင်စွမ်း မရှိသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ဤဓားပြများသည် သူတို့၏ အဆင့်မြင့် လက်နက်များကိုသ အားကိုး၍ လေကျယ်နေကြခြင်း ဖြစ်သည်။ သူတို့၏ သိုင်းအဆင့်က မမြင့်မားကြချေ။
သိုင်းအဆင့် အမြင့်ဆုံးရှိသည့် ဓားပြခေါင်းဆောင်ပင် နဂါးအသွင်ပြောင်းခြင်းအဆင့်၌သာ ရှိသေးသည်။ ယဲ့ဖန် ဝါးမျိုခဲ့သော ဘုရင်များနှင့် ယှဉ်လျင် လုံးဝ သုံးစားမရပေ။
အင်ပါယာကို ခေါင်းကိုက်စေသည့် ဤအဆင့်မြင့်လက်နက်များကို သိမ်းဆည်းပြီးနောက် ယဲ့ဖန် ဂူထဲသို့ ဝင်သွား လိုက်သည်။ သို့သော် အထဲရောက်သည်နှင့် ကိုယ်လုံးတီး အမျိုးသမီးများအား သစ်သားစားပွဲများ ခုတင်များနှင့် မီးဖိုဘေး၌ ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ခင်ပွန်းသည်များ၊ ကလေးများနှင့် မိဘများအားလုံး အသတ်ခံလိုက်ရပြီးနောက် သူတို့သည် ဓားပြများ၏ သွေးသားဆန္ဒ ဖြေဖျောက်ရာ အသုံးတော်ခံများအဖြစ် အသုံးချခံခဲ့ရသည်။
တစ်ချို့ဆိုလျင် အသက်မရှိတော့ဘဲ အလောင်းပင် အနံ့ထွက်နေလေပြီ။ ဤနေရာအား သန့်ရှင်းရေး မလုပ် ထားသဖြင့် ယောက်ျားသားများ၏ အနံ့များ ပျံ့လွင့်နေသည်။
*ဒီခွေးမသားတွေက သေတောင် မသနားသင့်တဲ့ကောင်တွေ*
ယဲ့ဖန် ကျေနပ်သလို ပြုံးလိုက်မိသည်။ သူ အားလုံးကို သတ်လိုက်သည်က မှန်သည်ဟု ပြောရပေမည်။ ဤလူ့တိရစ္ဆာန်များသည် အစောကြီးကတည်းက သေသင့်သူများ ဖြစ်သည်။
ယဲ့ဖန် ဝင်လာသည်ကိုမြင်သော်လည်း ထိုအမျိုးသမီးများ၏ မျက်လုံးများက အသက်မဲ့နေသည်။ ထို့နောက် သူတို့သည် ကြောက်ကြောက်လန့်လန့်နှင့် ပေါင်များဟ၍ ယဲ့ဖန် ကျူးကျော်ဝင်ရောက်လာမည်ကို စောင့်နေ ကြသည်။
သူတို့ ခုခံလျင် ရိုက်နှက်ကန်ကျောက်ခြင်း ခံရသဖြင့် နောက်ဆုံးတွင် ခုခံလည်း မထူးတော့သည့် ဘဝကို ရောက်သွား လေသည်။ လူတစ်ယောက် မည်သို့ ခုခံရမလဲ မသိတော့သည့် အချိန်တွင် ထိုလူသည် ရှင်လျက်နှင့် သေနေသောသူ ဖြစ်သွားလေသည်။
ယဲ့ဖန်က သူ့နား ယိမ်းလာသည့် ခြေထောက်တစ်ဖက်ကို အသာ ဖယ်ထုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြော လိုက်သည်။
“ယဲ့ဘုရင်က ဓားပြနှစ်ထောင်ကျော်ကို သတ်ပြီးပြီ၊ ဒီနေ့ မင်းတို့အားလုံး အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လို့ရပြီ”
ထိုစကားကို ကြားသော် အမျိုးသမီးများ အံ့ဩသွားကြသည်။ ထို့နောက် ဝမ်းနည်းပက်လက် ငိုကြွေးသံများ ပဲ့တင် ထွက်လာ၏။