Switch Mode

အခန်း (၁၆၃)

မင်းကိုတွေ့ပြီ

အခန်း (၁၆၃) မင်းကိုတွေ့ပြီ

ကျန်းလန် တောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူဆင်းသက်လိုက်သည့်နေရာက တောအုပ်တစ်ခုအတွင်း ဖြစ်၏။ တောအုပ်က သစ်ပင်များဖြင့် အုံ့ဆိုင်းနေပြီး သစ်ပင်များကြားမှ နေရောင်ခြည်က မြေပြင်ထက်သို့ ထိုးဖောက်လင်းလက်လျှက် ရှိသည်။

သစ်ရွက်ကြွေများဖြင့် ပြည့်နေသည့် မြေပြင်ထက်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိသည်။

နေရောင်ခြည်က ဖျော့တော့ပြီး မြူခိုးများဖုံးလွှမ်းနေသောကြောင့် ကောင်းကင်ကြီးပင် မှောင်မှိုင်းနေသလို ခံစားရသည်။

ကျန်းလန် မြေပြင်ထက်ခြေချလိုက်သည်နှင့် သူ့ရှေ့တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် လင်းလက်စွာ ထွက်ပေါ်လာလေသည်။

ထိုအလင်းတန်းများက သူ့ရှေ့တည့်တည့်သို့ ကျရောက်လာခြင်း ဖြစ်၏။

“ချွင်…”

ဓားတစ်လက်၏အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ကျန်းလန်အရှေ့ မြေပြင်ထက်ဆီသို့ ဝိညာဉ်ဓားတစ်လက် ထိုးစိုက်ကျရောက်လာပြီး ထိုဓားက ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်ဓားတစ်လက်အလား ဖြစ်လေသည်။

ထိုဓားကို ကြည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ထံသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။

ရွှေရောင်အလင်းတန်းများ တောက်ပနေသဖြင့် အခြားသူများဆိုလျှင် ထိုဓားကို အဖိုးတန်မှော်ဝင်ဓားတစ်လက်ဟု ထင်မှတ်မိကြမည် ဖြစ်သည်။

ထိုအချိန်မှာပင်…

ကျန်းလန်ရှေ့တွင်လူတစ်ယောက် ရှိနေပြီး ကျန်းလန်နောက်သို့ လိုက်လာသည့် လူ (၃)ယောက်ကတော့ အနည်းငယ် အလှမ်းဝေးသေးကြောင့် အာရုံခံလိုက်မိသည်။

စုစုပေါင်း ရန်သူ (၄)ယောက် ဖြစ်သည်။ သို့သော် အမှောင်ထဲတွင် ပုန်းအောင်းနေသူတစ်ယောက် ထည့်တွက်မည်ဆိုလျှင် ရန်သူ (၅)ယောက် ဖြစ်၏။

ကျန်းလန်ရှေ့သို့ ပထမဆုံးရောက်ရှိလာသူက မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမက ရှည်လျားသည့်ဆံနွယ်များကို ပိုင်ဆိုင်ထားပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏မျက်နှာက အတော်လေးကြည့်ကောင်းပြီး ဟန်ပန်ကလည်း တင့်တယ်လွန်းသည်။

သူမ၏နာမည်က လုလင်းဖြစ်ပြီး မူလဝိညာဉ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် အများအမြင်တွင်တော့ ရွှေပြဒါးအမြုတေ ၊ နောက်ဆုံးအဆင့်အဖြစ် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထား၏။

သူမက ကျန်းလန်ကို စိုက်ကြည့်လိုက်ရင်း…

“တာအိုရောင်းရင်း… ဒီနတ်ဓားကို အရင်ဆုံးတွေ့တဲ့လူက ကျွန်မနော်… ၊ ဒီတော့ ရှင် ကျွန်မကို ပြန်ပေးနိုင်မလား…”

ကျန်းလန်က ချက်ချင်းပင် တန်ခိုးစွမ်းအားအသုံးပြုကာ ရွှေရောင်တောက်ပနေသည့်ဓားကို လုလင်းထံသို့ လှမ်းပို့ပေးလိုက်သည်။

“ရော့… မင်းရဲ့ဓားဆိုလည်း ယူပေါ့…”

“…………………”

လုလင်းက ရွှေရောင်ဓားကို လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ရင်း ကျန်းလန်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

“ကျွန်မကြားတာတော့ တာအိုရောင်းရင်းက စိတ်စွမ်းအားအရမ်းကောင်းတယ်တဲ့… ၊ ဒါပေမဲ့ ဒီနေ့တွေ့ရတာတော့ ရှင်က သေမှာကြောက်တဲ့ ငကြောက်ပဲ… ၊ တကယ်ဆို ဒီဓားက ရှင့်ရှေ့မှာရှိနေတာ… ရှင်ပိုင်ဆိုင်သင့်တဲ့ ဓားပဲလေ… ၊ ကျွန်မက တောင်းတာနဲ့ ရှင်က ဒီအတိုင်း ပေးလိုက်ရရောလား… ၊ ရှင်က ကိုယ်ပိုင်ဆိုင်သင့်တဲ့ ပစ္စည်းတစ်ခုကို စောင့်ရှောက်ဖို့တောင် သတ္တိမရှိတဲ့သူပဲ… ၊ အသုံးမကျလိုက်တာ…”

ကျန်းလန်က…

“မင်းက ကျုပ်ကို သိလို့လား…”

ကျန်းလန် လုလင်းနှင့် စကားပြောနေစဉ် ကျန်းလန်နောက်မှလိုက်လာသည့် လူ (၃)ယောက်ကလည်း သူနှင့် တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်သည်။

ထိုသူများထဲတွင် အမြင့်ဆုံးအဆင့်ကျင့်ကြံသူက မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူ ဖြစ်၏။

သို့သော် အမှောင်ထဲတွင် ပုန်းကွယ်နေသူတစ်ယောက် ရှိနေသေးသည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကိုတော့ ကျန်းလန် သိရှိခြင်း မရှိသေးပေ။

ထိုသူရှိနေသည့် နေရာအတိအကျကို မှန်းဆနိုင်ရန် ကျန်းလန် ကြိုးစားနေဆဲ ဖြစ်သည်။ အတည်ပြုပြီးသည်နှင့် လှုပ်ရှားမှု ပြုလုပ်ရမည် ဖြစ်သည်။

လုလင်းက ကျန်းလန်ကိုကြည့်လိုက်ပြီး ရင်းနှီးဟန်ဖြင့် ပြုံးပြလိုက်ရင်း…

“ကျွန်မက ရှင့်ကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ… ဒါပေမဲ့…”

သူမက မျက်လုံးတစ်ချက်ပင့်ကာ ကျန်းလန်ကို ကြည့်လိုက်သည်။

“ကျွန်မက ရှင့်ကိုသတ်ပေးဖို့ သဘောတူစာချုပ် ချုပ်ထားခဲ့တယ်… ၊ ဒီတော့… တာအိုရောင်းရင်းက အဲဒီကိစ္စကိုများ ကူညီပေးလို့ ရနိုင်မလား…”

ကျန်းလန်က…

“ဘာလဲ ကျုပ်အသက်ကို ငှားပေးရမှာလား…”

လုလင်းက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း…

“ရှင့်အသက်ကို ငှားချင်တာမဟုတ်ပါဘူး… ရှင့်အသက်ကို တောင်းချင်တာပါ… ၊ ကဲ… ဘယ်လိုလဲ မောင်ငယ်လေး…”

မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်နေသည့် သူမ၏ အမူအရာလေးက အလွန်မှ ဆွဲဆောင်မှု ရှိလွန်းလှသည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ရတာပေါ့… ဒါပေမဲ့ ကျုပ်အသက်ကိုလိုချင်ရင် ကိုယ့်ဟာကိုယ် လာယူလေ…”

လုလင်းက ပြုံးလိုက်ရင်း…

“အဟက်… မောင်ငယ်လေးက တကယ်လည်တယ်နော်… ဒီကအစ်မက ရွှေပြဒါးအမြုတေ နောက်ဆုံးအဆင့်ဆိုတာနဲ့ မောင်လေးလို မူလဝိညာဉ် ကနဦးအဆင့်ကို မယှဉ်နိုင်ဘူးလို့တော့ မထင်လိုက်နဲ့နော်…”

သူမက စကားပြောရင်း ကျန်းလန်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

သူမက ကျန်းလန်၏အသက်ကို နှုတ်ယူနိုင်မည်ဟု ယုံကြည်ထားသည်။

သို့သော် သူမ၏ ခြေလှမ်းများက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ အကြောင်းမှာ ကျန်းလန်ထံမှ ထွက်ပေါ်လာသည့် စကားသံကို သူမကို ထိတ်လန့်သွားစေသောကြောင့် ဖြစ်၏။


ကျန်းလန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“မင်းတို့အားလုံးပေါင်းမဟုတ်ဘဲ တစ်ယောက်ချင်းစီဆိုရင်တောင် ကျုပ်ကို သတ်နိုင်စွမ်း ရှိကြပါတယ်… ၊ အင်း… ကျုပ်ကိုသတ်ဖို့ဆိုရင် မင်းတစ်ယောက်တည်းနဲ့တောင် လုံလောက်ပါတယ်လေ… ၊ မင်းတို့ (၄)ယောက်လုံးဝိုင်းတိုက်မယ်ဆိုရင် ပြောစရာတောင် မလိုတော့ဘူး… ၊ ဒါပေမဲ့ မမရယ်… ကျုပ်လို မူလဝိညာဉ် ကနဦးအဆင့်လေးက မင်းအပြင် နောက်ထပ်ကျင့်ကြံသူ (၃)ယောက် ရှိနေတာသိရက်နဲ့ ဘာလို့ မင်းတို့ကို မကြောက်ရတာလဲဆိုတာ မသိချင်ဘူးလား…”

ကျန်းလန်၏ စကားများကို ကြားသည့်အခါ လုကျန်း မယုံကြည်နိုင်စွာဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။

ထို့နောက် သူမက ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း…

“မောင်ငယ်လေး…. မင်းက သိပ်တော့မခေဘူးပဲ… ၊ ကြည့်စမ်း… ငါ မင်း အရူးလုပ်တာ ခံရတော့မလို့… ၊ မင်းက ဘယ်လောက် စွမ်းအားကြီးနိုင်မှာမို့လို့လဲ… ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတယ်ဆိုရင်တောင်မှ ဘယ်နည်းနဲ့မှ မရှိမှုအာကာသအဆင့်တော့ မဖြစ်နိုင်ဘူးလေ…”

သူမက ခဏနားပြီးမှ စကားဆက်ပြောသည်။

“ပြီးတော့ တို့ဘက်မှ မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်… ၊ ဒီတော့ ငါတို့ဘက်က သေချာပေါက် အနိုင်ရမှာပဲ… ၊ ဘာလဲ… မင်းက ငါ့ကို ကြောက်အောင်ခြောက်ပြီး ထွက်ပြေးဖို့ ကြိုးစားမလို့လား…၊ တော်တော်ဆိုးတဲ့မောင်လေးပဲ… ဒါမျိုးက အလုပ်မဖြစ်ဘူးလေ…နော်…”

ထိုအချိန်မှာပင် ကျန်းလန်နောက်သို့ လိုက်လာသူ (၃)ယောက်မှာလည်း နီးကပ်လာပြီဖြစ်သောကြောင့် လုလင်း အနည်းငယ် စိတ်အေးသွားသည်။

“ထားပါလေ… မင်းက ငါ့ကိုလှည့်စားဖို့ ဒီလောက်တောင် ကြိုးစားထားမှတော့… မင်း စိတ်ချမ်းသာအောင် မေးလိုက်ပါ့မယ်… ၊ မူလဝိညာဉ် ကနဦးအဆင့်ပဲ ရှိသေးတဲ့ မောင်ငယ်လေးက ဘာလို့များ ငါတို့ကို မကြောက်ရတာတဲ့လဲကွယ်… လင်းစမ်းပါဦး…”

လုလင်း၏စကားအဆုံးသတ်သွားသည်နှင့် ကျန်းလန် နေရာမှာပင် ပျောက်ကွယ်သွားသည်။

ရုတ်တရက် အဖြစ်အပျက်ကြောင့် လုလင်း အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ကျန်းလန်က သူမရှေ့တွင် ပြန်ပေါ်လာသည့်အခါမှာတော့ သူမ တုန်လှုပ်ခြောက်ခြားသွားတော့၏။

သူမ ပြာယာခတ်သွားပြီး ချက်ချင်းပင် စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

သူမ၏ လက်များဆီသို့ တန်ခိုးစွမ်းအားများ ပို့လွှတ်လိုက်ပြီး ကျန်းလန်ကို ရိုက်ချလိုက်၏။

သို့သော် ကျန်းလန်က သူမ၏လက်ကို ဖမ်းဆုပ်ထားလိုက်သည်။ သူမ ရုန်းလိုက်သည့်တိုင် သန်မာလွန်းသည့် ကျန်းလန်၏လက်မှ ရုန်မထွက်နိုင်ခဲ့ပေ။

ကျန်းလန်က အေးစက်စွာဖြင့်…

“ဘာလို့ မကြောက်တာလဲဆိုတော့ ကျုပ်က မရှိမှုအာကာသအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ပဲ…”

“ဘန်း…”

ပြောပြီးသည်နှင့် ကျန်းလန်က လုလင်း၏လက်ကို အနည်းငယ်လိမ်ချိုးလိုက်ရာ လုလင်း၏ လက်တစ်ဖက်လုံး ကြေမွသွားသည်။

သူမ နာကျင်မှုကို မခံမရပ်နိုင်စွာ ခံစားလိုက်ရသည့်တိုင် ကြားလိုက်ရသည့်စကားက သူမရင်ကို ပိုပြီးတုန်လှုပ်သွားစေသည်။

သူမခေါင်းထဲ ပထမဆုံးဝင်လာသည့်အတွေးက ချက်ချင်း ထွက်ပြေးရန် ဖြစ်သည်။

သို့သော် သူမ ထွက်မပြေးနိုင်ခင်မှာပင် လက်သီးတစ်ချက်က သူမကို လာရောက်မိတ်ဆက်လိုက်ပြီး တစ်လောကလုံး အမှောင်ကျသွားလေတော့၏။

“မဟုတ်ဘူး… ကျွန်မ ဝန်ခံစရာရှိ…”

“ဘန်း…”

ကျန်းလန်၏ လက်သီးချက်က လုလင်း၏ ဝိညာဉ်ကို နှုတ်ယူသွားသည်။

သူမ တည်ရှိခဲ့သည့် သက်သေအဖြစ် လေထုထဲတွင် သွေးမှုံများသာ ကျန်ရစ်ခဲ့လေသည်။

လုလင်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

မြန်ဆန်လွန်းသဖြင့် လုလင်းကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်း နားမလည်နိုင်ခဲ့ပေ။

သူမရင်ဆိုင်ရသည့်ရန်သူက အဘယ့်ကြောင့် မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်ရပါသနည်း။

သူမ အဘယ့်ကြောင့် သေခဲ့ရပါသနည်း။

ထိုစဉ်မှာပင်…

ကျန်းလန်နောက်သို့ လိုက်လာသည့် လူ (၃)ယောက် တောအုပ်အတွင်းသို့ ရောက်ရှိလာကြသည်။

မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး သူတို့အားလုံး ရင်ထဲ ဗလောင်ဆူသွားကြသည်။

နဝမတောင်ထွတ်မှတပည့်က မူလဝိညာဉ် အလယ်ဆင့်ကျင့်ကြံသူတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်လား။

ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ရှိပါသနည်း။ မူလဝိညာဉ်အဆင့် အောင်မြင်ထားသူတစ်ယောက်များလား။

သက်လတ်ပိုင်းလူရွယ်တစ်ယောက်က…

“လက်စသတ်တော့ မင်းက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး… ဟက်… ဒါက တကယ့် အရေးကြီးကိစ္စကြီးပဲ… ၊ ဒီအကြောင်းကိုသာ မင်းကို သတ်ချင်နေတဲ့သူတွေဆီ ကျုပ်က သတင်းပေးလိုက်မယ်ဆိုရင်… ဘယ်လောက်ပဲ တန်ဖိုးပေးဆပ်ရ ပေးဆပ်ရ မင်းကို သူတို့က သတ်ပစ်ကြမှာပဲ…”

ရောက်လာသည့်လူ (၃)ယောက်ထဲတွင် ထိုလူရွယ်က စွမ်းအားအကြီးမားဆုံး ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်၏။

ကျန်းလန်က ထိုသူကို စကားပြန်မပြောဘဲ နေရာမှာပင် ပျောက်ကွယ်သွားလေသည်။

ထို့နောက် ကျန်းလန်က လူရွယ်၏ရှေ့တွင် ပြန်ပေါ်လာပြီး လက်များဖြင့် လူရွယ်၏ဦးခေါင်းကို ဆုပ်ကိုင်ထားလိုက်သည်။

အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည့်အတွက် မရှိမှုအာကာသ ၊ ကနဦးအဆင့် လူရွယ် မျက်လုံးပြူးသွားလေသည်။ သူ အမှားလုပ်မိပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ကျန်းလန်က အေးစက်စွာဖြင့်…

“လူသေတွေက စကားမပြောတတ်ဘူး…”

ထိုစကားသံက လူရွယ်ကြားလိုက်ရသည့် နောက်ဆုံး စကားသံ ဖြစ်သည်။

ထို့နောက် လက်သီးတစ်ချက်က လူရွယ်ထံသို့ ဝင်ရောက်လာသည်။

“ဘန်း…”

မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့၏။

သွေးမှုံများက လေထံတွင် လွင့်ပျံလျှက် ရှိသည်။

လူရွယ်ကတော့ မသေခင်တွင် သေစေလောက်သည့်အမှား ပြုလုပ်ခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။ သူ၏အမှားက ကျန်းလန်ကို လျှော့တွက်ခဲ့မိခြင်းပင် ဖြစ်၏။

ကျန်လူ (၂)ယောက်ကိုတော့ ကျန်းလန်က ဖုတ်လေသည်ငပိ ရှိသည်ဟုပင် မထင်ပေ။ သူက အမှောင်ထဲတွင် ပုန်းအောင်းနေသူကိုသာ အာရုံစိုက်နေသည်။

ထို့နောက် ကျန်းလန် ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျန်လူ (၂)ယောက်သည်လည်း အသက်ပျောက်သွားပြီး လေထဲတွင် သွေးမှုံများသာ လွင့်ပျံကျန်ရစ်ခဲ့သည်။

………………

ထူးဆန်းသည့် မှော်ဝင်ပစ္စည်းတစ်ခုကို အသုံးပြုကာ ပုန်းကွယ်နေသည့် လူတစ်ယောက် ရှိနေလေသည်။

ထိုသူ၏ နာမည်က တုန်းကော်ယန် ဖြစ်၏

တုန်းကော်ယန်က အရှေ့ဆီသို့ စိုက်ကြည့်နေသည်။

သူတွေ့မြင်ရသည့်မြင်ကွင်းက ရှင်းလင်းကြည်လင်ခြင်း မရှိသော်လည်း အဖြစ်အပျက်များကိုတော့ အကြမ်းဖျင်း နားလည်လိုက်သည်။

ကြည့်နေရင်းပင် သူ ချွေးစေးများပျံလာလေသည်။

“အမှုန့်ဖြစ်သွားတာလား…”

ကျန်းလန်ကို သတ်ဖြတ်ရန် ငှားရမ်းထားသည့် ကြေးစားလူသတ်သမား လုလင်းမှာ သူ့မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူမက မူလဝိညာဉ် ၊ အလယ်ဆင့် ကျင့်ကြံသူ ဖြစ်သည်။ ယခုတော့ သူမ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။

သို့သော် နဝမတောင်ထွတ်မှ တပည့်တွင် မူလဝိညာဉ်  ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို အမှုန့်ဖြစ်အောင် သတ်ဖြတ်ပစ်နိုင်သည့် မှော်ဝင်ပစ္စည်းများ ရှိကောင်း ရှိနေနိုင်သည်။

ကျန်းလန်က မှော်ဝင်ပစ္စည်းအသုံးပြုပြီး လုလင်းကို သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု တုန်းကော်ယန် တွေးလိုက်၏။

သို့သော် မကြာမီပင် တန်ခိုးစွမ်းအားမြင့်မားသည့် မရှိမှုအာကာသအဆင့် ကျင့်ကြံသူ လူရွယ်သည်လည်း အမှုန့်ဖြစ်သွားသည်ကို သူ တွေ့မြင်လိုက်ရသည်။

ထို့နောက် ကျန်ရှိနေသူ (၂)ယောက်သည်လည်း မျက်စိတစ်မှိတ်အတွင်း သွေးမှုံများအဖြစ် ပြောင်းလဲသွားလေသည်။

“ဘာဖြစ်သွားတာလဲ… တိုက်တောင်မတိုက်ခိုက်ရသေးဘဲ ဘာလို့ ဒီလိုဖြစ်သွားကြတာလဲ…”

ထိုသူများအားလုံး အသတ်ခံလိုက်ရသည်ကို တုန်းကော်ယန် မယုံကြည်နိုင် ဖြစ်နေမိသည်။

ကျန်းလန်က ထိုသူအားလုံးကို မည်သို့ သတ်ဖြတ်လိုက်သည်လဲ…။

မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားသည်ဆိုလျှင်တောင်မှ အလွန်ဆုံးရှိ မူလဝိညာဉ် ၊ အလယ်ဆင့်မျှသာ ရှိမည်ဖြစ်သည်။

မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ ကျင့်ကြံခြင်းသက်တမ်း (၂၀၀) မျှသာ ရှိသေးသည့် ကျင့်ကြံသူတစ်ယောက်က ထိုသူ (၄)ယောက်လုံးကို သတ်ဖြတ်ပစ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

“မဟုတ်ဘူး… ငါ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး… ၊ ဒီနေရာကနေ အရင်ဆုံး ထွက်သွားရမယ်…”

အတွေးနှင့်အတူ တုန်းကော်ယန် ဤနေရာမှ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်အနေဖြင့် မှော်ဝင်ပစ္စည်းအသုံးပြုပြီး တိုက်ခိုက်မည်ဆိုလျှင် လုလင်းတစ်ယောက်တည်းကိုသာ သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။

သို့သော် (၄)ယောက်လုံးကို သတ်ဖြတ်ပစ်လိုက်သည်ကတော့ ကြောက်မက်ဖွယ်ရာ အခြေအနေ ဖြစ်၏။

တုန်းကော်ယန် ကြည့်နေစဉ်မှာပင် ကျန်းလန် နေရာမှ ပျောက်ကွယ်သွားလေသည်။

မြင်ကွင်းကိုကြည့်ရင်း တုန်းကော်ယန် ကြောက်ရွံ့တုန်လှုပ်လာမိသည်။

သူ ချက်ချင်းပင် နေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်တွင်…

“မင်းကိုတွေ့ပြီ…”

သူ့အနောက်ဘက်မှ အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset