အပိုင်း(၁၄၀၄)

အလင်းမျှော် နှလုံးသား

ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တိုးလာသည်။ တောက်ပသည့် မိုးကြိုးချပ်ဝတ်နှင့် ဖုံးလွှမ်းထားပြီး သူသည် လက်ကို မြှောက်ကာ ရီဖူရှင်းကို ခေါ်ဆောင်ရန် လှမ်းလိုက်သည်။

ရာရာနှင့် အခြားလူများက ထိုမြင်ကွင်းကို ကြည့်ကာ ဖြူဖျော့သွားကြသည်။ ဤရန်ဟောင်တန်ခိုးရှင်က ရီဖူရှင်းကို ဖမ်းဆီးရန် ကြိုးစားနေသည်လား။

မြေပြင်ပေါ်ရှိ ရီဝူချင်းက တဖန် ပြန်၍ ထရပ်လာသည်။ သူသည် ဓားကို လက်နှစ်ဖက်နှင့် ကိုင်ဆောင်ထားပြီး သူ၏ နက်ရှိုင်း၍ မည်းမှောင်နေသော မျက်လုံးတို့မှ သွေးရောင် အလင်းတို့ ဖြာထွက်လာသည်။

ထိုအချိန်တွင် သူသည် သူ၏ ကိုယ်ပိုင်အသိစိတ်ကို လက်လျှော့လိုက်ပြီး ဓားအသိများကို သူ့ခန္ဓာကိုယ်အတွင်း အရူးအမူး တိုးဝင်လာစေကာ ဝါးမျိုသွားစေ၏။ သူသည် ဓား၏ အစိတ်အပိုင်း ​ဖြစ်လာသကဲ့သို့ ထင်မှတ်ရကာ သူ့အနီးရှိ ကြောက်မက်ဖွယ် လေစီးကြောင်းကလည်း သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာ၏။

အော်သံနှင့်အတူ ရီဝူချင်း၏ ခန္ဓာကိုယ်က ဝါးမျိုခံလိုက်ရသည်။ သူ့ကို လွှမ်းမိုးထားသည့် အစစ်အမှန် နတ်ဆိုးတစ်ဦး ပေါ်ပေါက်လာသည်။ နတ်ဆိုးသည် ရန်ဟောင်တန်ခိုးရှင်ကို စူးစိုက်ကြည့်နေပြီး သူ့လက်ထဲက ဓားသည်လည်း အော်မြည်ကာ တုန်ခါနေသည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် မကောင်းဆိုးဝါးဆီ လက်လျှော့တော့မှာလား”

ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်တန်ခိုးရှင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ အသံတွင်ပင် ထိတ်လန့်ဖွယ် မိုးကြိုးစွမ်းအားများ ပါဝင်နေပြီး နတ်ဆိုး၏ ခန္ဓာကိုယ်အား ထိုးဖောက်ရန် ကြိုးစားလိုက်သော်လည်း အချဥ်းနှီးပင် ဖြစ်သည်။

ရီဝူချင်းက ထိုနေရာတွင် ရပ်နေဆဲပင် ဖြစ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရန်ဟောင်သည် ရွေးချယ်စရာမရှိဘဲ ကျန်းယွမ်ကို ဘေးချိတ်လိုက်သည်။ သူသည် ရှေ့မှ မကောင်းဆိုးဝါးနှင့် အရင်ဆုံး ရင်ဆိုင်ရန် လိုအပ်ပေသည်။

“အချိန်နည်းနည်းလောက်ပေး” သူက ကျန်းယွမ်ကို ပြောလိုက်သည်။ မကြာခင်၌ ကောင်းကင်မှ မိုးကြိုးစွမ်းအားများ ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်သည် မိုးကြိုးလမ်းစဥ်အဖြစ်သို့ ပြောင်းလဲသွားကာ အစစ်အမှန် မိုးကြိုးနတ်ဘုရားကဲ့သို့ ဖြစ်လာသည်။ သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ကို ဖြတ်ကာ ရီဝူချင်းဆီသို့ ဦးတည်လိုက်သည်။

“ဘုန်း” တစ်ချိန်တည်းမှာပင် ဓားသခင်သည် နတ်ဆိုးဓားကို ဆွဲကိုင်လိုက်သည်။  ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများက ကျန်းယွမ်၏ ခန္ဓာကိုယ်ဆီသို့ တည့်မတ်စွာ တိုးဝင်သွား၏။ ယူချင်း၊ ကျူးကျောက်နှင့်အတူ သိမ်းငှက်နက်သည်လည်း အတူတူပင် ဖြစ်သည်။ သူတို့က ရန်ဟောင်နှင့် မတိုက်ခိုက်နိုင်သည့်အတွက် ကျန်းယွမ်ကို ပစ်မှတ်ထားလိုက်ကြသည်။

အရာအားလုံးက သူ့ကြောင့် စတင်ခဲ့ခြင်းဖြစ်၏။

အော်မြည်သံနှင့် အတူ နတ်ဆိုးရီဝူချင်းသည် ရန်ဟောင်ဆီသို့ တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ ဓားသည် သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်လိုက်သော်လည်း ရန်ဟောင်၏ ခန္ဓာကိုယ်က မိုးကြိုးအသိစိတ်များဖြင့် ဖုံးလွှမ်းနေသည်။ မိုးကြိုးအသိစိတ်များက နတ်ဆိုး၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ ရုတ်တရက် ကြီးမားသည့် နတ်ဆိုးသည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။  အဆုံးမဲ့မိုးကြိုး အလင်းတို့က ယင်းနှင့် ရောယှက်နေပြီး ကျယ်လောင်သည့် အသံနှင့်အတူ ယင်းအနီးရှိ တစ္ဆေများက ပေါက်ကွဲကာ ဖျက်ဆီးခံလိုက်ရသည်။

ရီဝူချင်း၏ ပုံရိပ်သည် ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာပြီး အားနည်းစွာ တဖန် ပြုတ်ကျလာသည်။

သို့သော် ထို ရန်ဟောင်သည်လည်း အခြေအနေမကောင်းလှပေ။ သူ၏ ခန္ဓာကိုယ်ကို မရေတွက်နိုင်သည့် အနက်ရောင် လေစီးကြောင်းများက လွှမ်းခြုံလာပြီး သူ၏ မိုးကြိုးသဏ္ဌာန်ကို ဝါးမျိုကာ မိုးကြိုးများက တဖြည်းဖြည်း မှေးမှိန်လာပြီး သူ၏ မိုးကြိုးအသိစိတ်များကို ဝါးမျိုရန် ကြိုးစားနေသည်။

သူက ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်သည်။

“သူတို့ကို ခေါ်သွားလိုက်” ရာရာသည် သူမ၏ ဘေးမှ မြေပေါ်ရှိ လှပသော ပုံရိပ်လေးကို ပြောလိုက်သည်။ ထိုသူသည် ရာရာကို ရွှန်းစိုနေသည့် မျက်ဝန်းတစ်စုံနှင့် ကြည့်လိုက်သော်လည်း ခံစားချက်ကင်းမဲ့နေသည်။ သူမသည် အရှေ့ဘက်ပြည်နယ်၏ နံပါတ်တစ် အလှပိုင်ရှင် မှန်နန်းသခင်မ ဖြစ်သည်။

“အဲဒီချောက်နက်ကို သွား” ရာရာက မှန်နန်းသခင်မ၏ မျက်လုံးများကို ကြည့်ကာ မည်သည့်အမူအရာမှ မပြဘဲ ပြောလိုက်သည်။ မှန်နန်းသခင်မသည်လည်း သူမ၏ မျက်လုံးများကို ပြန်ကြည့်လိုက်သည်။ သူမက ချောက်နက်သို့ သွားပါက အသက်ရှင်နိုင်လိမ့်မည်လား။

ရာရာက သူမအား သွားသေရန် ပြောနေသည်လား။

ထိုအချိန်တွင် သူမ၏ နှလုံးသားက တင်းကြပ်လာပြီး ယခင်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။

“နင်က အမြဲ အဖြေရှာနေတာပဲလား။ အဲဒီလို ရှာနေရင်းက သေလိမ့်မယ်နော်” ရာရာက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ သူမသည် ရီဖူရှင်း၏ ခေါင်းပုတ်ခြင်းကို အမြဲ ခံနေရသည့် အရယ်အပြုံးကင်းမဲ့သော ကောင်မလေးအဖြစ်မှ အမှန်တကယ် သွေးအေးရက်စက်သူလေး အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့ပေမယ့် သူမက အကြင်နာကင်းမဲ့သည်လား။

သူမက မှန်နန်းသခင်မကို အသေခံမည်လား မေးမြန်းခဲ့သည်။

မှန်နန်းသခင်မသည် သူမ၏ ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်ကာ ရီဖူရှင်းကို ကြည့်လိုက်သည့်အချိန်တွင် ရီဖူရှင်းသည်လည်း သူမကို မော့​ကြည့်နေသည်။ မှန်နန်းသခင်မသည် သူမကိုယ်တိုင်က မည်သည့်အဖြေကို ရွေးချယ်မည်အား သိလိုပေသည်။

“ကောင်းပြီ” သူမက ပြန်ဖြေလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားက ကျဆင်းလာပြီး ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရန်ဟောင်က နီးကပ်လာသည်။ သူမသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ လက်ကို တစ်ဖက်စီ ဆွဲကိုင်လိုက်သည်။ ရီဖူရှင်းက ရုန်းကန်လိုသော်လည်း သူမက ရေခဲစွမ်းအားကို ထုတ်လွှတ်ကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အလွန်အေးစိမ့်သည့် စွမ်းအားများနှင့် ချုပ်နှောင်လိုက်သည်။ သူမသည် ထိုနှစ်ယောက်အား  ချောက်နက်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။

ရန်ဟောင်သည် မျက်မှောင်ကြုတ်ကာ သူတို့ဆီသို့ ခုန်ကာ ဆက်လက်၍ လိုက်ပါလာသော်လည်း ထိုအချိန်တွင် တောက်ပသည့် ဓားဝင်္ကပါက လေဟာနယ်ကို ဖြတ်ကာ တောက်ပလာ၍ ထောင်သောင်းချီသည့် ဓားတို့က ထိုးထွက်လာသည်။ ရာရာသည် ဒဏ်ရာအများအပြား ရရှိထားသော်လည်း ရန်ဟောင်တစ်ပါးကို ဓားအလင်းတို့နှင့် လွှမ်းခြုံလိုက်သည်။

“မင်းက မီးနဲ့ ကစားနေတာပဲ” ရန်ဟောင်က အေးစက်စွာ ပြောလိုက်ပြီး ရှေ့သို့ ဆက်လက်တိုးဝင်လာသည်။ မိုးကြိုးအလင်းများက ဓားစွမ်းအားများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

“ဘုန်း” ဓားဝင်္ကပါသည် သူ့ကို လွှမ်းမိုးထားပြီး ဝင်္ကပါ၏ အလယ်မှ ဓားတစ်လက် ပေါက်ကွဲထွက်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရန်ဟောင်သည် သူ၏ လက်ကို မြှောက်လိုက်ကာ နတ်မိုးကြိုးများကို ဆွဲယူလိုက်သည်။ ရန်ဟောင်စွမ်းအားများက လောကတခွင်ကို လွှမ်းခြုံ၍ ထောင်သောင်းချီသည့် ဓားများကို ဖျက်ဆီးပစ်လိုက်သော်လည်း ထိုဓားတစ်လက်သည် ကျဆင်းလာကာ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို ဝါးမျိုနေသည့် ထိုနက်မှောင်သော စွမ်းအားများက အားကောင်းလာကာ သူ့ခန္ဓာကို ဖြည်းဖြည်းချင်း တိုက်စားနေသည်။

သူက ပြန်လှည့်၍ ကြည့်လိုက်သည်။ ထိုအချိန်တွင် ကျန်းယွမ်သည်လည်း အဝိုင်းခံထားရပေသည်။ သူ၏ ပြိုင်ဘက်အားလုံးက သူ့ကို အစွမ်းကုန် တိုက်ခိုက်နေကြပုံရသည်။ ကျန်းယွမ်သည် ယခင်က ရီဝူချင်းကြောင့် ဒဏ်ရာရထားခဲ့သည်။ မဟုတ်လျှင် သူ့ကို ဤ အဆင့်နိမ့်လူများက ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“ဘုန်း” ကျန်းယွမ်၏ လက်သီးက ယူချင်းနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ ယူချင်းသည် သူ့လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ခရမ်းရင့် မိုးကြိုးစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ ယူချင်းကို ထိမှန်သွားသော်လည်း ယူချင်း၏ လက်များက သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဓားသခင်၏ ဓားက ခုတ်ပိုင်းလာသည်။ ကျန်းယွမ်က ဟစ်အော်လိုက်ပြီး သူ၏ လက်ဆီသို့ နတ်မိုးကြိုးများ စုစည်းလိုက်သည်။

သိမ်းငှက်နက်သည် ကျန်းယွမ်ထံသို့ လျင်မြန်စွာ ထိုးဆင်းလာသည်။ သူသည် နတ်ဆိုးသဏ္ဌာန်သို့ အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ မျက်လုံးတစ်စုံတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

ကျန်းယွမ်သည် သူ၏ ခေါင်းကို မော့ကာ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများက သူ၏ မျက်လုံးများမှ ထွက်ပေါ်လာပြီး သိမ်းငှက်နက်ဆီသို့ ပစ်လွှတ်လိုက်သည်။

နတ်ဆိုးဓားသည် ကောင်းကင်ကို ခွဲခြမ်းလိုက်ကာ သွေးတို့ ပန်းထွက်လာစေပြီး နက်ရှိုင်းသည့် သွေးစီးကြောင်းက ကျန်းယွမ်၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာသော်လည်း သူသည် ယူချင်းကို အဝေးသို့ ခါထုတ်လိုက်နိုင်သည်။

ဘုန်း…

နောက်ထပ် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှည်လျားသည့် နှင်တံတစ်ခုက ကျဆင်းလာ၏။ မိုးကြိုးစွမ်းအားသည် ကျန်းယွမ်၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော်လည်း သူသည် ဖိအားပေးခံနေရဆဲ ဖြစ်သည်။

သူ ရပ်တန့်သွားသည့်အခါ ကျန်းယွမ်သည် သူ၏ လက်မောင်းနှင့် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ထိတ်လန့်ဖွယ် သွေးတို့က ဖုံးလွှမ်းနေပြီး နတ်ဆိုးစွမ်းအားများ ယှက်သန်းနေသည်။ များပြားလှသည့် နက်မှောင်သော လေစီးကြောင်းများက သူ့ထံ တစ်ဟုန်ထိုး တိုးဝင်လာနေပြီး သူ၏ မျက်နှာက အလွန် မည်းမှောင်နေသည်။

“မင်း အရင်ပြန်ဆုတ်” ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်က ပြောလိုက်သည်။ သူက လက်ကို ယမ်းလိုက်ပြီး ဓားဝင်္ကပါက ပျက်ပြယ်သွားသည်။ ရာရာ၏ ခန္ဓာက တုန်ခါသွားပြီး လေထဲတွင် သွေးတို့က လွင့်စင်ထွက်သွားပြီး မြေပြင်သို့ အားနည်းစွာ ပြုတ်ကျလာသည်။ ရန်ဟောင်တန်ခိုးရှင်သည် လျင်မြန်စွာ ပြန်လှည့်လိုက်ပြီး မှန်နန်းသခင်မနှင့် ရီဖူရှင်းဆီသို့ ပြေးဝင်သွားသည်။

ယခု မှန်နန်းသခင်မသည် ချောက်ကမ်းပါး၏ အစွန်းတွင် ရပ်နေသည်။ နက်ရှိုင်းသည့် ချောက်ထဲ၌ အဆုံးမဲ့ အမှောင်ထုက ရစ်ပတ်လွှမ်းခြုံနေပြီး ရှေးဟောင်းနတ်ဆိုး မကောင်းဆိုးဝါးများက အတွင်းတွင် ပုန်းအောင်းနေပြီး အန္တရာယ်များက နေရာအနှံ့ပြည့်နှက်နေသည်။ ဤချောက်နက်ထဲမှ စွမ်းအားများ ကျိုးပြတ်ထွက်ပေါ်လာသောအခါ ရန်ဟောင်တန်ခိုးရှင်ပင်လျှင် ဤနေရာ၌ နေရဲလိမ့်မည်မဟုတ်ပေ။

သူမက ရီဖူရှင်းကို ​ကြည့်လိုက်ပြီးနောက် ရှေ့သို့ လှမ်းကာ အဆုံးမဲ့ ချောက်နက်ဆီသို့ ခုန်ဆင်းလိုက်သည်။

သူမက ရီဖူရှင်း အသက်ရှင်နိုင်ရန် မျှော်လင့်သည်။ ရီဖူရှင်းသည် အန္တရာယ်များသည့် နေရာများ၌ လိုက်လျောညီထွေ ဖြစ်နိုင်ခြင်းက အားကောင်းလှပြီး ဤတစ်ခေါက်တွင်လည်း အတူတူ ဖြစ်ရန် မျှော်လင့်လေသည်။

ရန်ဟောင်သည် ချောက်ကမ်းပါး၏ အစွန်းသို့ ဆင်းသက်လာပြီး မရေတွက်နိုင်သည့် လေစီးကြောင်းများက သူ့ထံ ရောက်ရှိလာသည်။ သူက သာမန်မျှ ကြည့်လိုက်ကာ လျှပ်စီးအလင်းကဲ့သို့ ပြောင်းလဲသွားသည်။ သူ၏ သဏ္ဌာန်က ပျောက်ကွယ်သွားပြီး ကျန်းယွမ်ကို အဝေးသို့ ခေါ်ဆောင်သွားလေသည်။

ထိုအချိန်၌ ကျန်းယွမ်၏ ခန္ဓာတစ်ခုလုံးက သွေးတို့ စွန်းထင်းနေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်တို့က သူ၏ မျက်လုံးများထဲတွင် စွန်းထင်းနေသည်။

“သွားစို့” သူ၏ အသံက ထွက်ပေါ်လာသည်။ ရန်ဟောင်၏ အရိပ်က ထွက်ပေါ်လာပြီး သူ၏ ကျန်ရှိနေသော ခွန်အားကို အသုံးပြု၍ ကျန်းယွမ် ခန္ဓာကိုယ်ကို ကာကွယ်ပြီး ကောင်းကင်သို့ ပျံသန်းသွားကာ ကြောက်ရွံ့ဖွယ် အမှောင်စွမ်းအား၏ ဝါးမျိုခြင်းမှ အဝေးသို့ ထွက်ခွာလိုက်ကာ သူ၏ ကာကွယ်မှုအောက်တွင် ကျန်းယွမ်ကို ဤနယ်မြေနှင့် ဝေးရာသို့ ခေါ်ဆောင်သွားပေသည်။

အခြားသော တန်ခိုးရှင်များသည်လည်း ထွက်ပြေးရန် ကြိုးစားနေကြ၏။ ဤနေရာ၏ ဖျက်ဆီးခြင်းစွမ်းအားက တဖြည်းဖြည်း အားကောင်းသထက် အားကောင်းလာကာ မကြာခင်၌ ရီဖူရှင်းနှင့် လိုက်ပါလာသူများသာ ဤနေရာတွင် ကျန်ရှိပေသည်။

“သွားသင့်ပြီ” ပြန်လည်မွေးဖွားခြင်းအဆင့် ကျူးယန့်နတ်ဆိုးသားရဲတစ်ဦးက ကျူးကျောက်ထံသို့ လာကာ ပြောလိုက်သည်။ ယခုအခါ၌ ထွက်ပြေးရန်ပင် လွယ်ကူတော့မည် မဟုတ်ပေ။

သူက ဟစ်ကြွေးလိုက်ပြီး ကျူးယန့်မူလသဏ္ဌာန်သို့ ပြောင်းလဲလိုက်သည်။ ကြီးမားသည့် နတ်ဆိုးသားရဲက မြေပေါ်တွင် တောင်တစ်လုံးကဲ့သို့ ရပ်၍ နေသည်။

ကျူးကျောက်သည် ချောက်ကမ်းပါးသို့ ကြည့်လိုက်သော်လည်း ပြန်လည်မွေးဖွားခြင်းအဆင့် ကျူးယန့်နတ်ဆိုးသားရဲက သူ့ကို အတင်းအကြပ် ဖမ်းချုပ်ကာ ဓားသခင်နှင့် အခြားလူများကို မေးလိုက်သည်။ “ခင်ဗျားတို့ရော ကျုပ်တို့နဲ့အတူ သွားချင်လား”

“ခင်ဗျားပဲ သွားပါ” ဓားသခင်က ပြောလိုက်သည်။ ကျူးယန့်နတ်ဆိုးသားရဲက ဟစ်အော်လိုက်ပြီး သူ့လူများကို ခေါ်ကာ ကောင်းကင်တွင် ပျံသန်း၍ ထွက်ပြေးသွားသည်။

ဓားသခင်က ခြေထောက်ကို မ လိုက်ကာ ချောက်ကမ်းပါးဆီသို့ လျှောက်လိုက်သည်။ ဓားသခင်၏ တစ်ကိုယ်လုံးက နတ်ဆိုးစွမ်းအားများ​ဖြင့် ဖုံးလွှမ်းထားသည်။ ရာရာနှင့် ရီဝူချင်းက ဒဏ်ရာအပြင်းအထန် ရထားပြီး ရီဖူရှင်းနှင့် ရှားရှင်းယွန်က ချောက်နက်အတွင်း ခုန်ချသွားကြသည်။

သူတို့က မည်သို့ သွားနိုင်မည်နည်း။

သူတို့က မည်သည့်နေရာသို့ သွားသင့်သနည်း။

ဓားသခင်သည် ရာရာ့အနီးသို့ သွားကာ သိမ်းငှက်နက်ကို မေးလိုက်သည်။ “သိမ်းငှက်လေး.. ရီဖူရှင်း အဆင်ပြေနိုင်မှာမလား”

သိမ်းငှက်နက်က ချောက်ကမ်းပါး အစွန်းတွင် ရပ်နေပြီး အောက်သို့ ကြည့်ကာ ပြောလိုက်သည်။ “သူတို့ ဆက်ပြီး ကျနေတုန်းပဲ”

သူက ပြန်လှည့်ကာ ဓားသခင်ကို ​ကြည့်၍ ပြောလိုက်သည်။ “မှန်နန်းသခင်မ သူမကို အန္တရာယ်နဲ့ တွေ့မှာ စိုးနေတယ်”

ဤချောက်ကမ်းပါးက မည်မျှ နက်ရှိုင်းမည်နည်း။

ဓားသခင်က ခေါင်းငုံ့လိုက်သည်။ သူက ရာရာ့ဘေးရှိ မြေပြင်ပေါ်တွင် နတ်ဆိုးဓားကို ထိုးစိုက်ကာ လက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ ရုတ်တရက် ပြင်းထန်သည့် နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးများ အားလုံးကို ဖျက်ဆီးလိုက်သည်။ သူ့တစ်ကိုယ်လုံးကို မိစ္ဆာစွမ်းအားများဖြင့် ဖုံးလွှမ်းထားပြီး ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံနေရဟန် ရှိသည်။

ရာရာက မှန်နန်းသခင်မကို သေတွင်းသို့ စေလွှတ်လိုက်သည်။

သို့သော်လည်း ရာရာသည် ရီဖူရှင်း ဖမ်းဆီးခံရခြင်းမှ တားဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းတွင် များပြားလှသော လျှို့ဝှက်များ ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရ၍ မဖြစ်ပေ။ သူသာ ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ခေါ်သွားခံရပါက သေဆုံးရပေလိမ့်မည်။

ထို့ကြောင့် ရာရာက မှန်နန်းသခင်မအား ရီဖူရှင်းကို ချောက်နက်အတွင်း ပို့ဆောင်ပေးရန် ပြောလိုက်ခြင်းဖြစ်ပြီး ထိုသည်က သူမအား သွားသေရန် တောင်းဆိုသည်နှင့် အတူတူပင် ဖြစ်သည်။

သူက ရာရာ မှန်ကန်သည့် ရွေးချယ်မှုအား ပြုလုပ်လိုက်သည်ကို နားလည်သည် ရီဖူရှင်းသည် လျှို့ဝှက်ချက်များ ရှိပြီး သေခြင်းရှင်ခြင်း အခြေအနေများစွာမှ ရှင်သန်နိုင်ခဲ့ကာ သူ၏ ရှင်သန်နိုင်စွမ်းမှာ အံ့သြဖွယ်ကောင်းလှသည်။ သူက ချောက်နက်အတွင်းသို့ သွားလျှင် သူ့အတွက် အခွင့်အလမ်း ရှိနိုင်သေးသော်လည်း ဖမ်းဆီးခံရပါက အသတ်ခံရပေလိမ့်မည်။ ထိုသည်မှာ ရာရာက သူမ၏ အသက် အန္တရာယ်ကိုပင် မမှုဘဲ ရန်​ဟောင်တန်ခိုးရှင်အား တားဆီးခဲ့ခြင်း ဖြစ်သည်။

ယူချင်းသည် ရီဝူချင်း၏ ဘေးသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် ရီဝူချင်းသည် အမှောင်ထု၏ လွှမ်းမိုးခြင်း ခံထားရပြီး သူက ပြင်းထန်စွာ ဒဏ်ရာရထားရုံမျှမက သူကိုယ်တိုင်ပင် မဟုတ်တော့သကဲ့သို့ ဖြစ်သည်။

ရာရာနှင့် ရီဝူချင်းသည် ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရထားကြပြီး သူတို့က ဒဏ်ရာ ရရှိထားရုံသာ မကကြပေ။

ရာရာသည် ရီဖူရှင်းကို ဖမ်းဆီးမည့် ရန်သူအား ရပ်တန့်ရန် သူမ၏ ကျန်ရှိသမျှ စွမ်းအားအကုန် အသုံးပြုခဲ့ရပြီး နောက်တစ်ယောက်က နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်သာ ဖြစ်သော်လည်း ဓားကို ဆွဲထုတ်ကာ နတ်ဆိုးစွမ်းအားများကို သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်စေခဲ့သည်။ သူက မည်မျှ နာကျင်ခံစားရလိမ့်မည်နည်း။

ယူချင်းသည် ရီဝူချင်း၏ အနီးသို့ ရောက်ရှိလာပြီး သူ့ရှေ့တွင် တင်ပျဥ်ခွေကာ ထိုင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက ရွှေရောင် ရောင်စဥ်များ လွှမ်းခြုံလာပြီး ဗုဒ္ဓ၏တရားတော်သည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်လာသည်။ ဗုဒ္ဓ၏ ရွှေရောင် အရှိန်အဝါတို့က ဤနေရာကို လွှမ်းခြုံထားပြီး ရီဝူချင်း၏ ခန္ဓာကိုယ်ကိုလည်း ရစ်ပတ်လိုက်သည်။

ယူချင်း၏ နောက်တွင်  ဗုဒ္ဓအလင်းက တောက်ပလာပြီး များပြားလှသည့် ဗုဒ္ဓရုပ်ပွားတော်များ ပေါ်ပေါက်လာသည်။

ထောင်သောင်းချီသော ဗုဒ္ဓရုပ်ပွားတော်များ တရားတော်ကို ရွက်ဖွယ်လျှင် ရောင်စဉ်ရောင်ဝါများ ထွန်းလင်းလာခဲ့သည်။ ဗုဒ္ဓသင်္ကတတစ်ခု ဖြစ်ပေါ်လာကာ ရီဝူချင်း၏ခန္ဓာကိုယ်ထံသို့ ပျံသန်းသွား၏။

တစ်ချိန်တည်းမှာပင် ယူချင်းသည် တရားတော်များအား ကို ရွတ်ဆိုလိုက်သည်။ တရားတော် ရွတ်ဆိုမှုက ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်နေပြီး  တဖြည်းဖြည်းနှင့် အားကောင်းလှသော ကံစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ရီဝူချင်းကို လွှမ်းမိုးရန် ကြိုးစားနေသည်။  ယူချင်း လုပ်ဆောင်နိုင်သည်မှာ ထို့ထက်ပို၍ မရှိတော့ဘဲ သူက ဝူချင်း ဤကပ်ဆိုးမှ လွတ်မြောက်နိုင်ရန် ဆုတောင်းနေရုံသာ တတ်နိုင်ပေသည်။

အခြားတစ်ဖက်တွင် ဓားသခင်သည် ယူချင်းကို ကြည့်နေသည်။ အများဆုံး ဒဏ်ရာရရှိထားသည့် ဤနှစ်ယောက်ကို ဂရုစိုက်ပေးရန် လိုအပ်နေသည်။ သူက ရာရာကို စောင့်ရှောက်ပေးပြီး ယူချင်းက ဝူချင်းကို စောင့်ရှောက်ပေးလိမ့်မည် ဖြစ်သည်။

သူက ခေါင်းကို မော့ကာ အမှောင်လွှမ်းနေသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ယခုမှပင် မကောင်းဆိုးဝါးလျှိုမြောင် ဖြစ်လာသည်ဟု ထင်ရသည်။ သို့သော် သူတို့ကို အဆုံးမဲ့အမှောင်ထုက ဝန်းရံထားလျှင်ပင် သူတို့၏ နှလုံးသားများက အလင်းရောင်နောက် လိုက်နေဆဲဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset