မရေတွက်နိုင်သည့် နတ်ဆိုးများသည် ကောင်းကင်တစ်ခုလုံး၌ ပြည့်နှက်နေပြီး နတ်ဆိုးမြို့ဟောင်းသို့ ဦးတည်နေသည်။
နတ်ဆိုးရှန့်ထိုများမှာ နေရာတစ်ခုလုံးတွင် ပြည့်နေသကဲ့သို့ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကိုလည်း လေထဲတွင် တွေ့နိုင်၏။
“လူသားရန်ဟောင်တွေက နတ်ဆိုးဘုံကို ရောက်နေတာပဲ” မနီးမဝေးရှိ နတ်ဆိုးသားရဲက ပြောလိုက်သည်။ ၎င်း၏ မျက်လုံးတို့က စူးရှနေ၏။
နတ်ဆိုးသားရဲများက ရန်ဟောင်တစ်ပါးကို ကြည့်လိုက်ကြသည်။
ကောင်းကင်အာဏာစက်ဘုံသည် နယ်နိမိတ် အမှတ်အသားအနေနှင့် နယ်မြေနှစ်ခု ခွဲခြားထားပြီး နှစ်ဖက်လုံးက အခြားတစ်ဖက်၏ ကိစ္စကို ဝင်မရှုပ်ကြပေ။ အထူးသဖြင့် ရန်ဟောင်အဆင့် ဖြစ်တည်မှုများသည် အခြားသူ၏ နယ်မြေအတွင်း ခြေချခြင်းကို ပုံမှန်အားဖြင့် လုပ်လေ့လုပ်ထမရှိပေ။
လက်ရှိတွင် ရန်ဟောင်တစ်ပါးက နတ်ဆိုးဘုံနယ်မြေသို့ ခြေချလာခဲ့ပြီဖြစ်သည်။ အဆိုးဆုံးမှာ နတ်ဆိုးမြို့ဟောင်း၏ ပင်မနယ်မြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မျက်လုံးအားလုံးမှာ သူတို့၏ ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ အစောပိုင်းက ထိုသို့ ပြောလိုက်သော နတ်ဆိုးသားရဲမှာ လူသားများ၏ မျက်လုံးထဲမှ မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများကို ခံစားမိပေသည်။ ယင်းစွမ်းအားသည် ၎င်း၏ ဦးနှောက်ကို ထိုးဖောက် ဖြတ်သန်းသွားပြီး ထိုနတ်ဆိုးကို တုန်ယင်သွားစေသည်။
“သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်ကပဲ” အခြားနတ်ဆိုးတစ်ကောင်က ပြောလိုက်သည်။
“မင်းတို့ ခရမ်းရင့်ကောင်းကင်နန်းတော်က လူတွေက နတ်ဆိုးဘုံကို ဘာလာလုပ်ကြတာလဲ”
“တိတ်တိတ်နေစမ်း” အေးစက်စက် အသံတစ်ခုက ပြောလိုက်သည်။ ကောင်းကင်ထက် ခရမ်းရင့်ကောင်းကင်နန်းတော် တန်ခိုးရှင်များ၏ အရှေ့ဘက်ရှိ တစ်ယောက်သည် သူ၏ ဆံပင်များက လေထဲတွင် လွင့်ပျံနေသည်။ သူ့မျက်နှာက အလွန် ထောင့်ချိုးကျနေပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးက ပြင်းထန်သည့် စွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။ လျှပ်စီးများက ထိုသူကို ဖုံးလွှမ်းထားပြီး သူသည် ထိုအနေအထားဖြင့် မွေးဖွားလာသကဲ့သို့ ထင်မှတ်ရပေသည်။
ထိုသူသည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ လှုပ်ရှားလိုက်တိုင်း မိုးချုန်းသံများလို ထွက်ပေါ်နေ၏။
“ခရမ်းရင့်ကောင်းကင်နန်းတော်က မိုးကြိုး ခန္ဓာကိုယ်” များပြားလှသော နတ်ဆိုးများမှာ လေထဲတွင် အဆောတလျင် သွားနေကြရင်း ထိုလူငယ်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် တုန်ယင်သွားကြပြီး ဒဏ္ဍာရီထဲမှ တစ်စုံတစ်ယောက်ကို အမှတ်ရလိုက်ကြသည်။
သူတို့သည် နတ်ဆိုးဘုံတွင် ကျင့်ကြံနေကြပြီး ကောင်းကင်အာဏာစက်ဘုံမှ လူသားတန်ခိုးရှင် အနည်းငယ်ကိုသာ သိရှိကြပေသည်။ သို့သော် သူတို့သည် ထိပ်တန်းအင်အားစုများမှ ထိပ်တန်းလူသားအချို့အကြောင်းကို ကြားဖူးကြသည်။
ဥပမာအနေနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ပြည့်ဝမိုးကြိုးစွမ်းရည်ဖြင့် မွေးဖွားလာသော ထူးခြားသည့် ခန္ဓာကိုယ်ရှိ လူတစ်ယောက်ကို သိရှိပေသည်။ ထိုသူက သူ၏ အရှိန်အဝါကို ထုတ်လွှတ်သည့်အခါ မိုးချုန်းသံကဲ့သို့ ဆူညံသံကို ကြားရပြီး သူက လမ်းလျှောက်နေရုံမျှနှင့် လူသတ်နိုင်စွမ်း ရှိသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းအောင် ပြုလုပ်ပေးနေသည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ လူငယ်မျိုးဆက်များကြားတွင် နံပါတ်တစ်အဖြစ် ကျော်ကြားပြီး နောက်တက်မည့် နန်းတော်သခင်အဖြစ် သတ်မှတ်ကာ ချီးမြှောက်ခံရပေသည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ နန်းတော်သခင်၏ တိုက်ရိုက်တပည့် ဖြစ်ပြီး အရေးပါသည့် အဆင့်အတန်းရှိသည်။
များပြားလှသော နတ်ဆိုးများသည် သူတို့၏ စိတ်ထဲ၌ အတွေးများဖြင့် ပြည့်လျှံနေပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များကို ဖြတ်ကျော်သွားကြသည်။ သို့သော် သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်က သူတို့ကို တစ်ခုခု ဒုက္ခပေးလိမ့်မည်ဟု မစိုးရိမ်ကြပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် နတ်ဆိုးဘုံတစ်ခုလုံးကို ဆန့်ကျင်ရလျှင်ပင် အရေးမစိုက်ရင်သာ ထိုသို့ ပြုလုပ်လိမ့်မည်ဖြစ်၏။
သူတို့သည် စည်းမျဉ်းကို ချိုးဖောက်လာသူများ ဖြစ်ကြပြီး ရန်ဟောင်အဆင့်အောက်မှ နတ်ဆိုးများကို ဆန့်ကျင်ရန်မှာ ရိုးရှင်းစွာ ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုသည်က နတ်ဆိုးဘုံ၏ ဒေါသမီးကို လောင်ကျွမ်းစေပြီး ရန်စသကဲ့သို့ ဖြစ်စေပေလိမ့်မည်။
“ကျုပ်က ထူးခြား မဟာလမ်းစဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ အဲဒီလူသားအနည်းငယ်က ဘယ်လေုက် အစွမ်းထက်လဲ စူးစမ်းချင်နေတယ်” နတ်ဆိုးတစ်ကောင်က ပြောလိုက်ပြီး သူတို့ထံသို့ မီးမှုတ်ထုတ်လိုက်ကာ ကောင်းကင်ကို လောင်ကျွမ်းသွားစေသည်။
ကျုပ် ကိုယ်တိုင် ကြိုးစားကြည့်ချင်တယ်” အခြားနတ်ဆိုးတစ်ကောင်ကလည်း အတောင်ကို ဖွင့်ကာ ပျံသန်းလိုက်ပြီး ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုနတ်ဆိုးမှာ မိုးကြိုးငှက်ပင် ဖြစ်သည်။
“မင်း ဆန္ဒကို ဖြည့်ပေးရမှာပေါ့” အသံတစ်ခု ကြားလိုက်ရသည်။ ထိုလူငယ်က ရှေ့သို့ ထွက်လာသည်။ ဆူညံသည့် အသံများကို ကြားလိုက်ရပြီး ထိုနတ်ဆိုးအချို့၏ နားစည်များမှာ တုန်ခါသွားခဲ့သည်။
လူငယ်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်၌ ကြီးမားသည့် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ယင်းသည် မိုးကြိုးဝင်္ကပါတစ်ခု ဖြစ်ကာ မိုးကြိုးရှစ်သွယ်သည် အထက်မှ ရွာသွန်းလာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ကမ္ဘာပျက်မိုးကြိုးဝင်္ကပါ” နတ်ဆိုးများက ထိုဝင်္ကပါ၏ စွမ်းအားကို ခံစားမိလိုက်ပြီး ချက်ချင်းပင် ထွက်ပြေးရန် ရည်ရွယ်လိုက်ကြသည်။ သို့သော် မိုးကြိုးအလင်းတန်းများက နေရာအနှံ့ကို ကျဆင်းလာပြီး သူတို့၏ ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။ မရေတွက်နိုင်သည့် မိုးကြိုးများက ကျယ်ပြောသည့် လေဟာနယ်ကို ဖြတ်ကာ ကျဆင်းလာပြီးနောက် ကြီးမားသည့် အလင်းလွှာကြီးအသွင်သို့ ပြောင်းလဲသွားသည်။ နတ်ဆိုးသားရဲများက အပြင်သို့ ထွက်ပြေးရန် ရည်ရွယ်လိုက်သော်လည်း မကြာခင်၌ ဆူညံလွန်းသည့် အသံများကို ကြားလိုက်ရကာ သွေးများပန်းထွက်လာသည်။ အချို့သော နတ်ဆိုးသားရဲများ၏ လက်သည်းများသည် ထိုအလင်းလွှာကြောင့် ပြတ်ထွက်သွားခဲ့ရသည်။
“ကျဆင်းစမ်း…”
ထိုလူငယ်က စကားလုံးတစ်လုံးကို ရေရွတ်လိုက်လျှင် မတူညီသည့် မိုးကြိုးရှစ်သွယ်က သူ့ကို လွှမ်းခြုံကာ ကျဆင်းလာပြီး ချက်ချင်းပင် နတ်ဆိုးတစ်ကောင်ချင်းစီတိုင်းကို ဖမ်းမိသွားခဲ့သည်။ သူတို့သည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားရပေသည်။
ဆူညံသံများကို အဆက်မပြတ်ကြားနေရသည်။ နတ်ဆိုးတစ်ကောင်ပြီး တစ်ကောင် သွေးများမရွှဲသွားလျှင် တူးခြစ်သွားလေသည်။ မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုလူငယ်သည် သူတို့ထံသို့ ခံစားချက်ကင်းမဲ့စွာကြည့်လိုက်ကာ ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူ့ရှေ့မှ နတ်ဆိုးသားရဲများက သူ့လမ်းမှ ဖယ်ပေးလိုက်ကြပြီး မည်သူကမှ သူ့ကို မရပ်တန့်ရဲကြပေ။ သူတို့၏ မျက်လုံးများထဲ၌ အမျက်ဒေါသတို့နှင့် ပြည့်နေသော်လည်း ကြောက်ရွံ့မှုရေးရေး ထင်ဟပ်နေ၏။
ထိုထူးခြားသော မဟာလမ်းစဉ် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထိုသူသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ပေသည်။
သံသယကင်းစင်ခြင်း ရှန့်ထိုများမဆိုထားနှင့် သူ၏ တိုက်ခိုက်မှုတစ်ချက်သည် ပြန်လည်မွေးဖွားခြင်း အဆင့်ရှန့်ထိုကိုပင် သတ်ဖြတ်နိုင်စွမ်းရှိကြောင်း လူတိုင်း ခံစားမိကြသည်။
ထိုသူသည် မိုးကြိုးခန္ဓာကိုယ်ဖြင့် မွေးဖွားလာပြီး ၎င်းက ထူးခြားလှသည့် မိုးကြိုးခန္ဓာကိုယ် ဖြစ်သည်။
အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးအဖွဲ့သည် နတ်ဆိုးမြို့ဟောင်း၏ အခြားတစ်ဖက် လေထဲ၌ သွားနေသည်။ ည၏ အမှောင်ထုအောက်၌ ဖြစ်သော်လည်း သူတို့သည် လူအများ၏မျက်စိကို ဖမ်းစားနိုင်သည်။ မရေတွက်နိုင်သည့် နတ်ဆိုးတို့မှာ သူတို့၏ဘက်သို့ ကြည့်လိုက်ကြသည်။
အဖြူရောင်ဝတ်ရုံများမှာ လေထဲတွင် လူးလွန့်နေပြီး သူတို့ကို နတ်မိမယ်များ နတ်ဘုရားမများကဲ့သို့ ထင်မှတ်ရစေသည်။ လရောင်က သူတို့၏ မျက်နှာကို ဖြန်းပျက်ထားလျှင် ကြည့်မိသူတိုင်းအား လုပ်လက်စများ မေ့သွားစေလောက်အောင် ပြီးပြည့်စုံသည့် ရုပ်ပုံလွှာများနှင့် တူပေသည်။
အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်က ပို၍ ထူးခြားပေသည်။ သူမ၏ မျက်နှာသည် အပြစ်အနာအဆာ ကင်းစင်၍ ပြီးပြည့်စုံကာ အသက်ရှုမှားလောက်အောင် လှပပေသည်။ သို့သော် မာနကြီး၍ အေးစက်သည့် အကြည့်များက သူမ၏ မျက်လုံးထဲတွင် ရှိနေကာ သူမကို ချဉ်းကပ်နိုင်စွမ်းမရှိအောင် ပြုလုပ်နေသည်။
အခြားထက် သူတို့သည် ရန်ဟောင်အဆင့် စွမ်းအားများ ထုတ်လွှတ်နေပေသည်။ ထိုလှပသည့် အမျိုးသမီးများထဲမှ အချို့မှာ ရန်ဟောင်အဆင့်များပင် ဖြစ်ကြသည်။
“ဗြဟ္မာ့သန့်စင်ကောင်းကင်က တန်ခိုးရှင်တွေ” သူတို့သည် မရေတွက်နိုင်သည့် နတ်ဆိုးတို့၏ အာရုံကို ဖမ်းစားသွားကြသည်။ ထိုမျှ ပြိုင်ဘက်ကင်းသည့် စွမ်းအားများနှင့် တန်ခိုးရှင်တို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ သူများသာလျှင် ဖြစ်နိုင်ပေသည်။
‘ဒါဆို နတ်မိမယ်ကိုးပါးက ကိုယ်တိုင် ရောက်ရှိလာတာလား’
နတ်မိမယ်ကိုးပါးမှ မည်မျှ များများ ရောက်လာသလဲ သူတို့ စိတ်ဝင်စားမိကြ၏။
“အဲဒီတော့ ရွှမ်ထျန်းနတ်မိမယ်လည်း ရောက်လာတာပေါ့” မနီးမဝေးမှ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ နတ်မိမယ်များကြားမှ တစ်ယောက်က လှည့်ကြည့်လိုက်ကာ ဝတ်ရုံများနှင့် ထူးခြားသည့်အရှိန်အဝါရှိ လူတစ်စုကို မြင်တွေ့လိုက်ရသည်။ သူတို့သည် လေထဲမှ အလျင်အမြန် လာနေကြပြီး မြန်ဆန်စွာ ရောက်ရှိလာသည်။
“ရှင်တို့လည်း ဒီကို ရောက်နေတာပဲလေ” ရွှမ်ထျန်းနတ်မိမယ်က ထိုသူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။
သူမသည် ထိုသူများက ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများဖြစ်ကြောင်း သေချာပေါက် ပြောနိုင်ပေသည်။
အခြေအနေက အမှန်တကယ်ကို ကြီးကျယ်ပေသည်။ မူလတောင်တန်းတွင် ဂူထျန်းရှင်း၏ သတင်းအစအန ရရှိခဲ့ပြီး အားလုံးထဲတွင် ထိုသတင်းကို ဂရုအစိုက်ဆုံးမှာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်းပင် ဖြစ်သည်။
ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများသည် ဂူထျန်းရှင်းနှင့် ရန်သူများ ဖြစ်ကြပြီး ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများကတော့ ဂူထျန်းရှင်း ထိုနေရာတွင် ရှိနေပါက သူတို့လည်း ရှိနေမည် ဖြစ်သည်။
ထိုအင်အားစုနှစ်ခုက မူလတောင်တန်း ခရီးစဉ်ကို လက်လွှတ်ခံကြလိမ့်မည်မဟုတ်ပေ။
“ကျွန်တော်တို့နဲ့ အတူသွားမယ်ဆို ဘယ်လိုလဲ နတ်မိမယ်” ကောင်းကင်နတ်တံခါးဂိုဏ်းမှ တန်ခိုးရှင်က ပြောလိုက်သည်။ နှစ်ဖက်လုံးမှ တန်ခိုးရှင်များသည် ရှေ့သို့ ဆက်လက်သွားနေကြပြီး တောင်ဆီသို့ အတူတကွ ဦးတည်နေကြသည်။ နှစ်ဖက်လုံးသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ရွေ့လျားနေပြီး ကျယ်ပြောလှသည့် အကွာအဝေးကို ဖြတ်သန်းကာ သွားနေကြသည
ရီဖူရှင်းနှင့် အခြားလူများသည်လည်း မူလတောင်တန်းသို့ သွားနေကြသည်။ ကျူးယန့်က သူတို့ကို ခေါ်ဆောင်လာခဲ့သည့် တောင်ထိပ်မှာ မူလတောင်တန်းနှင့် သိပ်မဝေးလှပေ။ ထိုအချက်အရ ကျူးယန့်သည် ဤကိစ္စများနှင့် ပတ်သတ်၍ အစီအစဉ်များ ရေးဆွဲထားကြောင်း သက်သေပင် ဖြစ်သည်။ ကျူးယန့်သာလျှင် မဟုတ်ဘဲ များပြားလှသည့် အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။
နတ်ဆိုးမြို့ဟောင်းတစ်ခုလုံးကို နတ်ဆိုးအရှိန်အဝါများက ပျံ့နှံ့လွှမ်းခြုံနေသည်။ တန်ခိုးရှင်တိုင်းက တစ်ချိန်တည်း၌ တောင်ဆီသို့ ဦးတည်နေ၏။
အမှန်တကယ်ပင် နေရာတစ်ခုလုံး၌ နတ်ဆိုးမှာ ကခုန်နေသကဲ့သို့ ထင်မှတ်ရပေသည်။
“တကယ် ရှုပ်ထွေးနေတာပဲ” သိမ်းငှက်နက်က ပျံသန်းရင်းနှင့် အနီးအနားရှိ နတ်ဆိုးအရှိန်အဝါများကို စုပ်ယူနေသည်။ သူသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ထိုနေရာတွင် နတ်ဆိုးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ကိစ္စများက အမှန်တကယ် ရှုပ်ထွေးနေခဲ့သည်။ နတ်ဆိုးအုပ်စုများက လှုပ်ရှားလာပြီး နတ်ဆိုးရှန့်ထိုများနှင့်အတူ မူလတောင်တန်း၏ တားမြစ်နယ်မြေသို့ ဦးတည်နေကြသည်။
ထိုနေရာ၌ မည်သည့်ကိစ္စတို့ ဖြစ်နေသည်ကို မည်သူမှ မသိရှိကြသော်လည်း နတ်ဆိုးအရှိန်အဝါများက နတ်ဆိုးသားရဲများအတွက် အလွန် စွဲမက်ဖွယ်ကောင်းလေသည်။
ထို့အပြင် မူလတောင်တန်း၏ ပြောစမှတ်တွင်ခဲ့သော ဒဏ္ဍာရီတို့မှာ အလွန် ကျော်ကြားပေသည်။
ထိုကြောင့် ထိုအခိုက်တွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ် မြင်ကွင်းမှာ နတ်ဆိုးမြို့ဟောင်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီး ကောင်းကင်တွင် အလင်းမြင်လာရသည်။ ညက ကုန်ဆုံးသွားသော်လည်း နေက ထွက်မလာသေးပေ။
နတ်ဆိုးတိမ်တိုက်များက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုနေရာတစ်ခုလုံးကို အနက်ရောင်တိမ်တိုက်ကြီးဖြင့် ဖုံးလွှမ်းထားလေသည်။
တန်ခိုးရှင်များသည် မူလတောင်တန်း၏ အစွန်အဖျားသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး သူတို့၏ အကြည့်များက အဆုံးမဲ့ တောင်ပေါ်သို့ ကျရောက်သွားသည်။
ဆူညံသံများက နေရာတစ်ခုလုံး ကြားနေရသည်။ တောင်များ၏ အပြင်ဘက်၌ အလွန် ရှုပ်ထွေးနေပြီး မရေတွက်နိုင်သည့် တန်ခိုးရှင်များ ရောက်ရှိလာသည်။
ရီဖူရှင်းနှင့် အခြားလူများ ရောက်ရှိသည့်အခါတွင် ရေတွက်၍ မရနိုင်သော နတ်ဆိုးများက တောင်အပြင်ဘက်တွင် စုဝေးနေကြပြီ ဖြစ်သည်။ အနားတွင် များပြားလှသော လူသားတန်ခိုးရှင်များလည်း ရှိနေသေးသည်။
တန်ခိုးရှင်များသည် ရှေ့သို့ ကြည့်လိုက်ကြပြီး တောင်ကို အမြဲ ငြိမ်းချမ်းနေသကဲ့သို့ မြင်တွေ့ရပေသည်။ ယင်းသည် အမြဲထိုကဲ့သို့ပင် သေဆုံးခြင်း၊ တိတ်ဆိတ်ခြင်းတို့နှင့် တစ်ယောက်ယောက်ကို ရှာတွေ့ရန်မှာ ခဲယဉ်းလှသည်။
သို့သော် မူလတောင်တန်းထက်ရှိ ကောင်းကင်တွင် လူများသည် ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါများနှင့် ကြောက်မက်ဖွယ် အနက်ရောင် လေပွေကို မြင်တွေ့ပေသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်း…
များပြားလှသော နတ်ဆိုးသားရဲတို့၏ မျက်လုံးများမှာ ထက်ရှနေပြီး ထိုနေရာသို့ အပြင်းအထန် ပြေးဝင်သွားလိုနေကြသည်။ သို့သော် သူတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်းက ပြောနေသည်မှာ မူလတောင်တန်းသည် လွယ်လွယ်ကူကူ ခြေချ၍ ရနိုင်သော နေရာမဟုတ်ဟူ၍ ဖြစ်လေသည်။ ထိုနေရာ၌ ရေတွက်၍ပင် မရနိုင်သော နတ်ဆိုးသားရဲများ သုတ်သင်ခံခဲ့ရသည် မဟုတ်ပါလား။
အချို့သောသူများမှာ ကြောက်မက်ဖွယ် အကောင်းဆုံး အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထိုနေရာရှိ အားလုံးသော နတ်ဆိုးသားရဲများမှာ တိတ်ဆိတ်စွာ ရှိနေကြပြီး အသက်ပြင်းပြင်းပင် မရှုရဲကြပေ။
အလွန် ကြောက်မက်ဖွယ် နတ်ဆိုးကလန်တစ်ခု ရှိနေပြီး သူတို့အနီးရှိ အားလုံးသော တန်ခိုးရှင်များမှာ မွန်းကြပ်ဖွယ် ဖိအားကို ခံစားရပေသည်။
“အဲဒါ နတ်ဆင်တွေပဲ” ကျူးကျောက်က သူ့ဘေးရှိ ရီဖူရှင်းကို ပြောလိုက်သည်။
နတ်ဆင်များသည် နတ်ဆိုးဘုံ၌ ထိပ်တန်းနတ်ဆိုးများ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ် ကောင်းပြီး သူတို့သည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ သူတို့၏ စွမ်းအားများက နှိုင်းယှဉ်၍ မရနိုင်စွာ ကျယ်ပြန့်သော နေရာတခွင်ရှိ မဟာလမ်းစဉ်စွမ်းအားများကို ဖိနှိပ်ထားသည်။
နတ်ဆင်များသည် တစ်ချိန်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အမိန့်ကို နာခံခဲ့ကြပြီး ရီဖူရှင်း၏ ကိုယ်ထဲ၌ ပေါင်းစပ်ထားသော အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို တွေ့ရှိသွားပါက မည်သည့်အရာများ လုပ်ကြမည်နည်းဟု ရီဖူရှင်း တွေးနေမိသည်။
“ဟိုနေရာက သူတွေက ခရမ်းရွှေကြွက်တွေပဲ” အခြားတစ်ဖက်ကို ညွှန်ပြကာ ကျူးကျောက်က ပြောလိုက်သည်။
“ကြွက်တွေလား” ရီဖူရှင်းသည် ထိုနေရာသို့ အံ့အားတသင့် ကြည့်လိုက်သည်။ သူက လူသားအသွင်ယူထားသည့် နတ်ဆိုးများကို မြင်လိုက်ရသော်လည်း ထိုသူများက အလွန် ရုပ်ဆိုးလှသည်။ သူတို့၏ မျက်လုံးများက အလွန် သေးငယ်ပြီး စဉ်းလဲပုံပေါ်လေသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တောက်ပသော ခရမ်းရွှေရောင်က သူတို့ကို မြင့်မြတ်သူများအဖြစ် ထင်မှတ်ရစေသည်။
“ဟုတ်တယ်” ကျူးကျောက်က ခေါင်းညိတ်လိုက်သည်။ “ကြွက်နတ်ဆိုးတွေက် အမှန်ဆိုရင်တော့ အရမ်းအားနည်းတဲ့ နတ်ဆိုးတွေပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များစွာက ထိတ်လန့်ဖို့ ကောင်းလောက်အောင် အစွမ်းထက်တဲ့ ကြွက်နတ်ဆိုးတစ်ကောင်က ခရမ်းရွှေကြွက်မျိုးနွယ်မှာ ပေါ်ထွက်ခဲ့ဖူးတယ်။ အဲဒီတန်ခိုးရှင်က အရမ်းကို ကျော်ကြားခဲ့တယ်။ ပြောကြတာတော့ အဲဒီ ထူးခြားတဲ့ နတ်ဆိုးက အမြဲ တခြားနတ်ဆိုးတွေရဲ့ လက်အောက်ခံလို ဖြစ်ခဲ့ပေမယ့် သူက မရေတွက်နိုင်တဲ့ ရတနာတွေကို စားသုံးခဲ့တာကြောင့် သူ့ရဲ့ အခြေခံက အရမ်းအားကောင်းခဲ့တယ်။ အဲဒါကြောင့် အဲဒီကြွက်က အရမ်းကောက်ကျစ်ပြီး အလုပ်ကြိုးစားတယ်။ ပြီးတော့ ပုန်းကွယ်တဲ့ အရည်အချင်းလည်း အရမ်းကောင်းတယ်။ နောက်တော့ နတ်ဆိုးတွေ အများကြီးကို ဝါးမျိုလို့ အစွမ်းထက်လာပြီး အဆင့်နိမ့်ကြွက်မျိုးကနေ ထိပ်တန်း နတ်ဆိုးရန်ဟောင်တစ်ယောက် ပေါ်ထွက်လာတယ်။ အဲဒီကြွက်က ကိုယ့်ကိုယ်ကိုယ် နတ်ကြွက်လို့ ခေါ်ပြီး လက်ရှိနေနေတဲ့ နေရာကို တခြားကြွက်တွေ ခေါ်ဆောင်လာခဲ့တယ်”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးသားရဲများ၏ ပင်ကိုစွမ်းရည်မှာ သူတို့၏ ကြီးထွားမှု၌ အရေးကြီးဆုံး ကဏ္ဍဖြစ်သည်။ ထိုသို့ တိုးတက်အောင် လုပ်ခဲ့မှုက အမှန်ပင် ဒဏ္ဍာရီဆန်လှ၏။
“ကြွက်နတ်ဆိုးတွေနဲ့ ပြဿနာမတက်ရင်တော့ အကောင်းဆုံးပဲ။ သူတို့က အခုချိန်မှာ အင်အားကောင်းတယ်ဆိုပေမဲ့ သူတို့ကိုယ်သူတို့ နိမ့်ကျတယ်လို့ ခံစားနေကြရတုန်းပဲ။ အဲဒါကြောင့် သူတို့၏ စရိုက်ကို အရမ်းမောက်မာပြီး သွေးဆာတဲ့အသွင်နဲ့ နေကြတယ်။ သူတို့ရဲ့ မကောင်းတဲ့အမြင်ကို ရသွားတာနဲ့ ဒုက္ခတွေ့ပြီသာ မှတ်လိုက်တော့” ကျူးကျောက်က ဆက်လျှောက်နေရင်း ရီဖူရှင်းကို သတိပေးလိုက်သည်။
“ကြည့်ရတာ လူသားတန်ခိုးရှင်တွေလည်း ဒီကို အကုန်နီးပါးရောက်နေပြီ ထင်တယ်” ကျူးကျောက်က အဝေးကို ကြည့်လိုက်ပြီး ရီဖူရှင်းသည်လည်း ထိုနေရာသို့ တူညီစွာ ကြည့်လိုက်သည်။ ရွှမ်ထျန်းနတ်မိမယ် ဦးဆောင်လာသည့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများမှာ ရီဖူရှင်း၏ အမြင်ကို ဖမ်းစားသွားသည်။
သူတို့ကို ကြည့်ရသည်မှာ အလွန်ပင် ထူးခြားလှသည်။
သူတို့သည် လောက၌ ကျန်ရစ်သည့် တစ်ခုတည်းသော ဖြစ်တည်မှုများအဖြစ် ရိုးရှင်းစွာ ရပ်နေကြသည်။
ရီဖူရှင်းသည် တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး ထိုမိန်းကလေးများကို ကြည့်ရင်း နှလုံးသားက နာကျင်လာပေသည်။
သူ၏ မျက်လုံးများကို သူတို့ထံမှ အဝေးသို့ ပို့ကာ အခြားနေရာသို့ ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည်လည်း ထိုနေရာ၌ ရှိနေသည်။ အခြားသော ထိပ်တန်းအင်အားစု အချို့လည်း ရောက်ရှိလာကြပေသည်။
လူသားတန်ခိုးရှင်များသည် သူတို့၏ ထိပ်တန်းပုဂ္ဂိုလ်များကို အမှန်တကယ် စေလွှတ်လိုက်ပေသည်။
***