ကျုံးချမ်းကို အခန်းအပြင်သို့ ခေါ်ထုတ်သွားပြီးသည်နှင့် အခန်းက ချက်ချင်းတိတ်ကျသွားသည်။
“သင်ခန်းစာ စလိုက်ရအောင်”
ဖန့်ယင်း၏ ကိုယ်လေးသည် အင်မတန်မှ ဆွဲဆောင်မှုရှိသည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်က ယူနီဖောင်းကြောင့် ပြီးပြည့်စုံသော S သဏ္ဌာန်ကောက်ကြောင်း ပေါ်လွင်နေသည်။
သူမ၏ မြူဆွယ်နိုင်သော မျက်နှာထားနှင့် ထက်မြက်သော ပင်ကိုယ် အရည်အသွေးတို့ပါ ပေါင်းစပ်လိုက်သောအခါ တကယ့်ကို နတ်မိမယ်အလားပင်။
ကျောင်းသားတိုင်းနီးပါး ဖန့်ယင်းအား ချစ်ခင်နှစ်သက်သော အကြည့်များဖြင့် ကြည့်ကြသည်။ ဖန့်ယင်းသည် ကျောင်းရှိ ကျောင်းသားများနှင့် ဆရာများ၏ နှလုံးသားထဲရှိ နတ်ဘုရားမလေးပင် ဖြစ်ပေတော့သည်။
အခြားကျောင်းသားများနှင့် မတူတဲ့သူကတော့ ယဲ့ဖန်ပင်၊ သူသည် ခေါင်းကိုမော့ကာ နှာတရှုံ့ရှုံ့လုပ်၍ အနံ့ခံနေသည်။
**အာ? ဒီထူးခြားတဲ့အနံ့က ဘယ်က လာတာပါလိမ့်?**
အနံ့ခံနိုင်စွမ်း ကောင်းမွန်သောကြောင့် ယဲ့ဖန်သည် လေထုထဲမှ ထူးခြားသောရနံ့အား ခပ်ရေးရေး အနံ့ခံမိသည်။
**ဒီထူးခြားတဲ့အနံ့က ဘယ်ကလာနေတာလဲဆိုတော့ …**
ရနံ့အား အနံ့ခံနေရင်း ယဲ့ဖန်၏ အကြည့်သည် ဖန့်ယင်းထံသို့ ရောက်သွားသည်။
**သူမဆီကပဲ**
ရနံ့လာရာကို သိသွားပြီးသည့်နောက် ယဲ့ဖန်၏ မျက်လုံးတွင် ခရမ်းရောင် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။ သူ၏ ခရမ်းရောင်မျက်လုံးအား အသက်သွင်းလိုက်ပြီးနောက် ယဲ့ဖန် လန့်ဖျပ်သွားသည်။
**ထူးခြားနဲ့ရနံ့နဲ့ ပန်းခရမ်းရောင်သွေးကို ပိုင်ဆိုင်ထားတဲ့သူမက စကြဝဠာတစ်ခုလုံးရဲ့ အခြေခံဒြပ်စင် ငါးခုကို အသုံးပြုနိုင်တဲ့သူပဲ။ သူမက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ**
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်များသည် စကြဝဠာအတွင်းရှိ များစွာသော သက်ရှိများထက် သာလွန်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။
သူတို့၏ သွေးတစ်စက်ကပင် ဆေးပညာအတွက် အဖိုးတန်လေသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်များ၏ သွေးတစ်စက်က ပျက်စီးသွားသော ဂြိုဟ်တစ်ခုအား ပြန်လည် အသက်သွင်းနိုင်သည်။
သို့သော် စကြဝဠာအတွင်းရှိ သက်ရှိများကြား၌ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်များ အနည်းငယ်သာ ရှိကြသည်။
စကြဝဠာအတွင်းရှိ များစွာသော ထိတ်လန့်အံ့ဩဖွယ်ကောင်းသည့် အင်အားစုများက ဤမွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်များအား အလုအယက် ရှာဖွေနေကြသေးသည်။
ဒီလို မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်နှင့် ဆုံတွေ့ရလိမ့်မည်ဟု ယဲ့ဖန် မျှော်လင့်မထားခဲ့ပေ။
**မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်…သူမက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်**
ယဲ့ဖန် ပျော်မြူးသွားသည်။ ဖန့်ယင်းက သူမ၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို မနိုးထရသေးသော်လည်း အနည်းဆုံးတော့ ယဲ့ဖန်က သူမ၏သွေးကို အသုံးပြု၍ ရှားပါးသောဆေးဝါးအား ဖော်စပ်နိုင်ပေသည်။ သူမ၏ သွေးတစ်စက်သည် တုနှိုင်း၍မရနိုင်လောက်အောင် အဖိုးတန်သည်။
**သူမရဲ့ သွေးတစ်စက်သာ ရမယ်ဆိုရင် ငါ နတ်ဆိုးပြန်လည်ရှင်သန်ခြင်း ဆေးကို ဖော်စပ်နိုင်မှာ၊ ဒီဆေးဝါးက အသက်တစ်သက်တာ ပိုရှင်သန်နိုင်တာနဲ့ အတူတူပဲ**
ထိုသို့ တွေးလိုက်မိပြီးနောက် ယဲ့ဖန် မျက်မှောင်ကြုတ်ထားသည်ကို အနည်းငယ် ဖြေလျော့လိုက်ပြီး ဖန့်ယင်း၏သွေးအား ရရှိရန် မည်သို့ပြုလုပိရမည်ကို တွေးတောနေသည်။
ထိုအချိန်မှာပင် “ဝီ” ဟူသော မြည်သံကို ကြားလိုက်ရ၍ ကြည့်လိုက်သောအခါ ခြင်တစ်ကောင် ဖန့်ယင်း၏တင်ပါးထံသို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
**အကြံရပြီ**
ထိုခြင်ကို မြင်ပြီး ယဲ့ဖန် ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်မိသည်။ ထိုအချိန်တွင် ဖန့်ယင်းသည် ကျောင်းသားများအတွက် မေးခွန်းတစ်ချို့အား ကျောက်သင်ပုန်း၌ ချရေးနေသည်။
ထို့နောက် သူမသည် ကျောင်းသားများ နားမလည်၍ ပြန်လည်မေးမြန်းသည်များကို ဖြေရှင်းပေးနိုင်ရန် အခန်းတွင်း ပတ်၍လျှောက်နေသည်။
ပေါ့ပါးသော ဒေါက်ဖိနပ်အသံနှင်အတူ ဖန့်ယင်းတစ်ယောက် ယဲ့ဖန်၏ ထိုင်ခုံနားမှ ဖြတ်လျှောက်စဥ် ယဲ့ဖန်သည် သူ၏ လက်ကြီးဖြင့် ဖန့်ယင်း၏ တင်ပါးအား အားဖြင့် ရိုက်လိုက်လေတော့သည်။
ဖြန်း!
ထိုအသံသည် အလွန်ရှင်းလင်း၍ ကျယ်လောင်သောကြောင့် ပုစ္ဆာတွက်နေသော အခြားကျောင်းသားများအားလုံး ခေါင်းမော့ကြည့်လိုက်သောအခါ ဖန့်ယင်း၏ တင်ပါးပေါ်၌ လက်ကြီးတစ်ဘက် ရောက်နေသည်ကို မြင်လိုက်ရပြီး ကြက်သေ သေသွားကြသည်။
ထိုလက်သည်ကား ယဲ့ဖန်၏ လက်ပင် ဖြစ်လေတော့သည်။
…..
ဖန့်ယင်းနှင့် ဖေးချမ် အပါအဝင် အားလုံး မှင်တက်မိသွားသည်။
**ဒီကောင် အဟော့ဆုံးဆရာမရဲ့ တင်ပါးကို ရိုက်လိုက်တယ်**
ဖန့်ယင်း သတိဝင်လာသောအခါ ရှက်ပြီး မျက်နှာနီရဲကာ ဒေါသထွက်သွားသည်။ ကျောင်းသား အများကြီး၏ ရှေ့မှောက်တွင် ယဲ့ဖန် သူမ၏ တင်ပါးအား ရိုက်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ယဲ့ဖန်…နင် … နင်…နင်”
အရမ်း ဒေါသထွက်နေသောကြောင့် ဖန့်ယင်း၏မျက်နှာ နီရဲနေသည်။ သူမ ယဲ့ဖန်အား ဒေါသတကြီး ကြည့်ကာ ဘာစကားမျှ မပြောနိုင် ဖြစ်နေသည်။
သို့သော် ယဲ့ဖန်သည် အဟော့ဆုံး ဆရာမအပေါ် သူ အသားယူမိသည်ကို သတိမထားမိသည့်အလား ခပ်တည်တည်နှင့် ရှင်းပြလေသည်။
“ဆရာမဖန့် ခြင်တစ်ကောင်က ဆရာမတင်ပါးပေါ်နားပြီး ဆရာမကို အသားယူနေတယ်ဗျ အဲ့ဒါကြောင့် ကျွန်တော် သတ်ပစ်လိုက်ပြီ”
ထိုသို့ပြောပြီး ယဲ့ဖန် လက်ပြန်ရုပ်လိုက်သောအခါ ခြင်သေတစ်ကောင် ပါလာသည်။
“ဆရာမဖန့် ဒီတဏှာရူးခြင်က ဆရာမကို လူမြင်ကွင်းမှာ စော်ကားမော်ကား လုပ်ရဲတယ် … ဒီကောင် နှာဘူးပဲ ဖြစ်မယ် အရှက်ကို မရှိဘူး တရားမျှတမှု ရှိအောင် ကျွန်တော် သတ်ပစ်လိုက်ပြီ”
…..
ယဲ့ဖန် စကားကြောင့် ကျောင်းသားများ၏ နဖူး၌ ချွေးတွေဆို့လာတော့သည်။
**ခြင်တစ်ကောင်က လူတစ်ယောက်ကို အသားယူတယ်*
**မင်းက သတ်ပစ်လိုက်တယ်**
ဒါ အလှလေးတစ်ယောက်ကို အသားယူပြီး ပြန်ပေးသည့် ဖြေရှင်းချက်တဲ့လား?
ယဲ့ဖန်၏ ခပ်တည်တည် အကြည့်နှင့် နည်းလမ်းတကျ ရှင်းပြမှုတို့အား ကြည့်ပြီး ဖန့်ယင်း အပါအဝင် အားလုံးကြက်သေသေသွားသည်။
ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် အားလုံး မူးမေ့လဲမတတ် ဖြစ်သွားကြသည်။
“ဆရာမ ဒီနှာဘူးခြင် မသေခင် ကျွန်တော် သေချာလေ့လာကြည့်လိုက်တော့ ဒီကောင့်လက်တံက ၁.၁၂ စင်တီမီတာ ရှည်တယ်။ အသားထဲ ၈ မီလီမီတာ လောက် ဝင်သွားတာနဲ့ ဆရာမရဲ့ သွေး ၅ မီလီလီတာ စုပ်ယူနိုင်တယ်။ ဒီကောင့်သွေးထဲကနေ လေ့လာဆန်းစစ်ကြည့်လိုက်တော့ ဆရာမသွေးက ရနံ့မွှေးပြီး နွေးထွေးတဲ့ AB သွေး ဖြစ်နေတယ်။ ဒါက ဆရာမရဲ့ ကိုယ်တွင်းချီဓါတ် ပြည့်ဝတာကို ဖော်ပြနေတယ်။ ဆရာမ endocrine dyscrasia ကို ခံစားနေရတာပဲ။ ထပ်ပြောရမယ်ဆိုရင် ဆရာမက ၁၁နာရီ၅မိနစ်ဆို လစဥ်ဓမ္မတာကိစ္စ လာတော့မှာ။ ဆရာမ ပြင်ဆင်ထားသင့်တယ်”
ဖွီ!!
ယဲ့ဖန် စကားကို ကြားပြီး ဖန့်ယင်း သွေးအန်မတတ် ဖြစ်သွားရသည်။
*ခြင်ကို လေ့လာဆန်းစစ်တယ်*
*ငါက endocrine dyscrasia ကို ခံစားနေရတယ်*
*ငါက ၁၁နာရီ ၅ မိနစ်ဆို လစဥ် ဓမ္မတာ ကိစ္စ ဖြစ်တော့မယ်*
*သေလိုက်ပါလား*
ဖန့်ယင်း ဒေါသအထွက်လွန်ကာ သတိလစ်မတတ် ဖြစ်သွားရသည်။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသည့် ယဲ့ဖန်ကို ကြည့်ပြီး ကျောင်းသားအားလုံး ဆွံ့အနေကြသည်။
လူဆိုးတစ်ယောက် ကြောက်ဖို့ မကောင်းပင်မယ့် ပညာတတ်တဲ့ လူဆိုးက သေချာပေါက် ကြောက်ဖို့ကောင်းတယ်။
ထိုအချိန်အတွင်းမှာပင် ယဲ့ဖန်သည် သူတို့မြင်ဖူးသမျှထဲတွင် ပညာအတော်ဆုံး လူဆိုးကောင် ဖြစ်သည်ကို သူတို့အားလုံး ဝန်ခံမိကြသည်။
အထူးသဖြင့် ယဲ့ဖန်၏ လေးနက်သော အကြည့်ကြောင့် သူတို့ ပို၍ပင် ယုံကြည်မိသွားကြသည်။ ဖေးချမ် တံတွေးကို မနည်းမြိုချကာ ယဲ့ဖန်အား ယခင်ကထက် ပို၍ လေးစားလာသည်။
**မင်းက တစ်ခုခုတော့ တစ်ခုခုပဲ**
**မင်း စောက်ရမ်း အံ့သြဖို့ ကောင်းတယ်**
**မင်းက အဟော့ဆုံးဆရာမကို အသားယူပြီးတာတောင် ရဲရင့်တဲ့ အမူအရာနဲ့ ဖြေရှင်းချက် ပေးရဲသေးတယ်**
**မင်းက နှာဘူးကျတဲ့ အလုပ်ကို မှုခင်းဆေးပညာလို ခွဲခြမ်းစိတ်ဖြာနေသေးတယ်**
**ဒီညီလေးက မင်းကို လွဲပြီး ဘယ်သူ့ကိုမှ မလေးစားဘူးကွာ**
ဖေးချမ်သာမက ကျောင်းသားများ အားလုံး ယဲ့ဖန်ကို လေးစားလွန်း၍ ဒူးထောက်မတတ် ဖြစ်နေကြသည်။ ဒီလောက် အရှက်မရှိသည့်သူကို သူတို့ မမြင်ဖူးပေ။ ဒီကောင်ပဲ လူဆိုးထိပ်ခေါင် ဖြစ်ရုံမကဘဲ နှာဘူး အကြီးစားကြီးလည်း ဖြစ်နေသေးသည်။
“ယဲ့ဖန်…နင်…နင်…နင်”
ဖန့်ယင်း ဒေါသထွက်နေကာ သူမ၏ ရွှေရင်အစုံ နိမ့်ချည်မြင့်ချည်နှင့် မို့မောက်လာကာ မျက်လုံးက မီးဝင်းဝင်းတောက်နေသည်။
သို့သော် ယဲ့ဖန်က သူမအပေါ် သူ အသားယူမိတာကို သတိထားမိဟန် မတူဘဲ တည်ကြည်လေးနက်သည့် မျက်နှာထားနှင့်”ဆရာမ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး ဒီလို တရားနည်းလမ်းတကျ ဆောင်ရွက်ရမှာက ကျွန်တော့် ယုံကြည်မှုပါပဲ. တရားမျှမှုကို ထိန်းသိမ်းတာပဲ ကျွန်တော့်ရဲ့ ဝါဒီပါ”
**သေလိုက်လေ**
ဖန့်ယင်း ဒေါသူပုန်ထသွားရသည်။ ဒီလောက် အူကြောင်ကြောင်နိုင်သည့် ကောင်မျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။ သူမကို သူ အသားယူတာ အသိသာချည်းပင်။ ဒါတောင်မှ သူက သူမကို ကယ်တင်ခဲ့သလိုမျိုး ပြောနေလိုက်သေးသည်။
ယဲ့ဖန်ကို ကြည့်နေသည့် သူမ၏ မျက်နှာလှလှဘေးက သုန်မှုန်နေသည်။
“တော်တယ် ယဲ့ဖန် မင်း သိပ်တော်တယ်”
ထိုစကားကို အေးစက်စွာ ပြောပြီး ဖန့်ယင်း ချက်ချင်း တစ်ဘက်ပြန်လှည့်သွားသည်။
“အတန်းပြီးရင် ငါ့ရုံးခန်းကို လာခဲ့”
ထိုစကားကို ကြားသောအခါ ဖန့်ယင်း ဒီတစ်ခါ လုံးဝ ဒေါသထွက်နေတာကို သတိထားမိပြီး အတန်းသားအားလုံး ကတုန်ကယင် ဖြစ်သွားကြသည်။
ယဲ့ဖန်တော့ သူ စိုက်သမျှကို ပြန်ရိတ်သိမ်းရတော့မည်မှ၊ အသေအချာပင်။ (ယဲ့ဖန် ဒုက္ခရောက်တော့မယ်လို့ ပြောချင်နေတာ)
စက္ကန့်ပိုင်းအတွင်းမှာပင် ကျောင်းသားအားလုံး၏ အကြည့်တွင် လေးစားမှု၊ သနားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
သို့သော် ယဲ့ဖန်သည် အခြားသူများ၏ ခံစားချက်များကို ဂရုကိုမစိုက်ပေ။ သူသည် ထိုင်ခုံကို ပစ်မှီ၍ ထိုင်ရင်း လက်ဝါး ဖြန့်လိုက်ပြီး သေနေသောခြင်ကို ကြည့်လိုက်သည်။
**ခြင်က သေးပင်မယ့်လည်း ဒီသွေးက ငါ့အတွက်တော့ လုံလောက်ပါတယ်**
ထူးဆန်းသော အမူအရာမျိုး ပေါ်ပေါက်လာကာ ယဲ့ဖန် ထိုခြင်အား လက်ဖြင့် ဖိချေလိုက်သည်။
….
စက္ကန့်ပိုင်းအတွင်းမှာပင် အမဲရောင် မြူခိုးတစ်ချို့ သူ့လက်ချောင်းများကြားမှ ထွက်ပေါ်လာ၏။
ခဏလေးအတွင်းမှာပဲ သေနေသောခြင်နှင့် ၎င်း၏ မသန့်စင်မှုများ ပျောက်ကွယ်သွားကာ ယဲ့ဖန်၏ လက်ဖျားထိပ်၌ အနီရောင် သွေးတစ်စက် ထွက်ပေါ်လာသည်။
good