ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားမှသာ ကုန်းဝူတို့အုပ်စု class 2 grade 3 ၏ အခန်းထဲမှ မှုန်ရီနေသောမျက်လုံးများဖြင့် တောင့်တောင်းကြီး လျှောက်၍ ထွက်သွားသည်။
ထိုအချိန်တွင် တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ အခန်းထဲရှိသူများအားလုံး အခန်းထောင့်မှ လူတစ်ယောက်ကို ထိတ်လန့်တကြား ထကြည့်ကြသည်။
အခန်းထောင့်တွင် လူတစ်ယောက် ပုံလျက်သားလဲကျနေသည်။ သူ့အဝတ်အစားများ စုတ်ပြဲနေကာ တစ်ကိုယ်လုံး ဖူးယောင်နေသည်။ အထူးသဖြင့် သူ့မျက်နှာတွင် လက်သီးရာများ ထင်းနေကာ ဝက်ခေါင်းလို ယောင်ကိုင်းနေ၏။
သူ့ပါးစပ်ထဲမှ သွေးတွေ ထွက်ကျနေသလို သွားတွေလည်း အကုန်ကျိုးလုနီးပါး ဖြစ်နေသည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ မြင်ကွင်းပါလိမ့်။
ထိုသူသည် class 2 grade 3 ၏ အတန်းခေါင်းဆောင် ကျုံးချမ်းပင် ဖြစ်သည်။
သူ့အနောက်တွင်တော့ ယဲ့ဖန်သည် သူ့ရှေ့က အဖြစ်အပျက်တွေက သူနှင့် မဆိုင်သလို အေးအေးဆေးဆေး ခြေချိတ်ထိုင်နေကာ စာအုပ်ကို စိမ်ပြေနပြေ တစ်ရွက်ချင်း လှန်နေသည်။
ထိုအချိန်အတွင်းမှာပဲ ကျောင်းသားအားလုံးသည် ယဲ့ဖန်အပေါ် သဘောထားပြောင်းလဲသွားကြသည်။ ပါးစပ်အဟောင်းသားနှင့် ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို မြင်နေရသည့်ဟန်ဖြင့် ကြည့်နေကြသည်။
သူတို့မျက်လုံးတွင် ကြောက်ရွံ့မှုများ၊ သံသယများနှင့် ပြည့်နှက်နေသည်။
ယဲ့ဖန်နှင့် တစ်ခုံတည်း ဘေးချင်းကပ်ထိုင်သည့် ဖေးချမ်ပင် တံတွေးကို မနည်းမြိုချကာ ယဲ့ဖန်အား မေးလိုက်သည်။
“စောက်ရမ်းမိုက်တယ်ကွာ…ယဲ့ဖန် မင်းက လူလား သရဲလားကွာ”
ယဲ့ဖန် မည်သို့လုပ်လိုက်သည်ကို ဖေးချမ် မတွေးတတ်ပေ။ ယဲ့ဖန် စကားနည်းနည်းပြောလိုက်သည်နှင့် စိတ်ကြီးဝင်နေသော ကုန်းဝူက သူ့ရှေ့ ဒူးထောက်လာကာ ကျုံးချမ်းအား ကျိုးပဲ့သွားအောင် လုပ်သွားသေးသည်။
**ဒါ…ငါ သိတဲ့သူ တစ်ယောက်တည်းမှ ဟုတ်ပါလေစ*
ဖေးချမ်၏ စကားကို ကြားသောအခါ ယဲ့ဖန်၏ ဖြူစင်ချောမောသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူ့မျက်လုံးကို ဖြူစင်ရိုးသား၍ ကြင်နာတတ်သောပုံဆောင်သည့် လခြမ်းသဖွယ် မှေးလိုက်သည်။
“ဖက်တီး မင်း မှားနေပြီ။ ငါက လူကော သရဲကော မဟုတ်ဘူး။ ငါက နတ်ဆိုးတစ်ကောင်ပဲ။”
တိန်!
ယဲ့ဖန် စကားကြောင့် ဖေးချမ် တံတွေးတောင် နင်သွားရသည်။ ယဲ့ဖန်အပြုံးက ဖြူစင်၍ ချစ်စရာကောင်းသော်လည်း သူ၏ အပြောက ဆန့်ကျင်ဘက်အသွင် ထက်ရှသည့်ဟန် ပေါက်သည်။ ဖေးချမ် မှင်တက်သွားသည်။
တံတွေးကို အတင်းမြိုချလိုက်ပြီး ဖေးချမ်က ယဲ့ဖန်ကို ပြောလိုက်သည်။
“ဖန် မင်းက ကမ္ဘာပေါ်မှာ အကြမ်းဆုံး နတ်ဆိုးပဲ ဖြစ်ရမယ်။”
ဖေးချမ် ထိုသို့ပြောပြီး သနားစဖွယ်ဖြစ်နေသော ကျုံးချမ်းအား လှမ်းကြည့်ရင်း ရှိသမျှ ခေါင်းမွှေးတွေ ထောင်သွားသလို ခံစားလိုက်ရသည်။
ထိုအခိုက်မှာပင် သူ၏ ညီအစ်ကိုသည် ကောင်းမွန်စွာ ပြောင်းလဲသွားသည်ဟု သူ တထစ်ချ သတ်မှတ်လိုက်သည်။
သူသည် အလွန်ထူးခြားဆန်းကြယ်၍ ထိတ်လန့်စရာ ကောင်းလာသည်။
ထိုအချိန်တွင် ဒေါက်ဖိနပ်သံ ထွက်ပေါ်လာကာ အတန်းထဲသို့ အလွန်လန်းသောသူ တစ်ယောက် ဝင်လာသည်။
သူမသည် ရုံးယူနီဖောင်းကို ဝတ်ဆင်ထားသော အလှလေးတစ်ယောက် ဖြစ်သည်။
ယူနီဖောင်းကို ကိုယ်ကျပ်ဝတ်ထားသောကြောင့် သူမ၏ သေးသွယ်လှပသော S သဏ္ဍာန် ခန္ဓာကိုယ်ကောက်ကြောင်းကို ပြသနေသည်။
နူးညံ့လှပသော အသားအရေ၊ ပြီးပြည့်စုံသော မျက်နှာ၊ ကြီးမားသော ရင်သားနှင့် ဖွံ့ထွားသောတင်ပါး
ထို့အပြင် သူမ၏ ရှည်လျားသော လျော့ရဲရဲဆံနွယ်ရှည်များနှင့် အနက်ရောင်မျက်မှန်တို့ကြောင့် သူမသည် အတော်လေး ဆွဲဆောင်မှုအား ကောင်းလှသည်။
ရှားပါးလှတဲ့ အလှတရားလေးပါလား။
သူမကို ကြည့်နေရင်း သူမသည် class 2 grade 3 ၏ အတန်းပိုင်ဆရာမ ဖန့်ယင်း မှန်း သိလိုက်သည်။
ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ လူကြိုက်များသော ဆရာမ၊ ကျောင်းသားတိုင်း၏ အိပ်မက်ပိုင်ရှင် အမျိုးသမီးလေး။
“မင်္ဂလာနံနက်ခင်းပါ”
ဖန့်ယင်းက ရှင်းလင်းအေးစက်စွာ ပြောလိုက်သည်။ သို့သော် သူမ စကားမဆုံးခင်မှာတင် မှင်တက်မိသွားသည်။
အဘယ်ကြောင့်ဆိုသော် အခန်း၏ထောင့်တွင် ပုံလျက်သားလဲနေသော ကျုံးချမ်းကို သတိထားလိုက်မိ၍ ဖြစ်သည်။
ဟင်?
ကျုံးချမ်း၏ စုတ်ပျက်၍ သွေးတွေရွှဲနစ်နေသောပုံကို ကြည့်ပြီး သူမ မျက်မှောင်ကြုတ်ကာ အေးစက်စွာ မေးလိုက်သည်။
“ကျုံးချမ်း ဘာဖြစ်တာလဲ မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ”
ကျုံးချမ်းသည် class 2 grade 3 ၏ အတန်းခေါင်းဆောင် ဖြစ်သည်။ အတန်းခေါင်းဆောင်ကို တစ်ယောက်ယောက် ထိုးကြိတ်ရဲလိမ့်မည်ဟု ဖန့်ယင်း ထင်မထားခဲ့ပေ။
ဖန့်ယင်း ကြည့်နေဆဲမှာပင် ကျုံးချမ်းသည် အခန်းထောင့်မှ ဖြည်းဖြည်းချင်း ထလာကာ မျက်ရည်အဝဲသားနှင့် ပြောလေတော့သည်။
“ချာ … ချာမ … ဒါ ယဲ့ဟုန် (ဖန်) ကြောင့်ပါ”
ကျုံးချမ်း၏ ရှေ့သွားတစ်ချောင်း ကျိုးသွားသောကြောင့် သူ ပီပီသသမပြောနိုင်တော့ချေ။ သို့သော် သူက ယဲ့ဖန်အား အလွန် နာကြည်းကြောက်ရွံ့သည့် အကြည့်ဖြင့် ကြည့်နေသည်။
ဖန့်ယင်း မျက်မှောင်ကြုတ်ကာ ယဲ့ဖန်ကို မေးမြန်းရန် ကြံစည်လိုက်သည်။ သို့သော် သူမ ပါးစပ်မလှုပ်ခင်လေးမှာဘဲ ယဲ့ဖန် လွှားလနဲ ခုန်ထွက်လာကာ သူမကို အသည်းအသန် ရှင်းပြတော့သည်။
“ဆရာမဖန့် တစ်ခြားအခန်းကသူတွေ ကျွန်တော်တို့ အခန်းထဲ အတင်းဝင်လာပြီး ကျွန်တော့်ကို အနိုင်လာကျင့်ပါတယ် ဒါကို ကျုံးချမ်းက ကြည့်မနေနိုင်လို့ ဝင်ကူညီပါတယ် ဒါပေမယ့် တစ်ခြားအခန်းကသူတွေက အရမ်းကြမ်းပါတယ် ကျုံးချမ်းကို ဒီလို အခြေအနေမျိုး ဖြစ်အောင်တောင် လုပ်လိုက်ကြတယ် ကျွန်တော်တို့အတန်းခေါင်းဆောင်က တရားမျှတမှုရှိရှိ ပြုမူတာပါ ကျွန်တော်တို့ အတန်းခေါင်းဆောင်က အားနည်းသူကို ကူညီတာပါ”
ကျုံးချမ်း အပါအဝင် အားလုံး ဆွံ့အသွားလေတော့သည်။
**ဒီကောင် မြေခွေးလိုနေလိုက် ကြာပန်းဖြူလေးလို နေလိုက်နဲ့**
ယဲ့ဖန် အဓိပ္ပါယ်မရှိတာတွေ ပြောနေမှန်း ကျုံးချမ်းအပါအဝင် ကျောင်းသားအားလုံး သိလိုက်သည်။ ယဲ့ဖန်ကလည်း ထိုသို့သောစကားမျိုး ပြောနေစဉ်တွင် အလွန်အမင်း လေးစား၍ ကရုဏာစိတ် ဝင်နေဟန့်ဖြင့် ပြောသည့်အပြင် ကျုံးချမ်းဆီသို့ အမြန် ပြေးသွားကာ သူ မတ်တပ်ရပ်ရ အဆင်ပြေစေရန် ကူညီလိုက်သည်။
ကျုံးချမ်းပခုံးကို ပုတ်ပြီး သူ သက်ပြင်းချကာ ပြောလိုက်သည်။
“အတန်းခေါင်းဆောင် ဒါတွေအားလုံးက ကျွန်တော့် အမှားကြောင့်ပါ ခင်ဗျားက သိပ်သဘောကောင်းတာပဲ”
ဖွီ!!
ကျုံးချမ်း သွေးအန်လေသည်။ ပြင်းထန်သော နာကျင်မှုနှင့်အတူ ယဲ့ဖန်၏ လက်ဝါးက တောင်ကြီးတစ်လုံးသဖွယ် လေးလံ၍ သူ့ပခုံး ကျိုးမတတ် ခံစားလိုက်ရသည်။
ထို့အပြင် ယဲ့ဖန် ပြောလိုက်သော “ခင်ဗျားက သိပ်သဘောကောင်းတာပဲ” ဆိုသည့် စကားက သူ့ကို ရွဲ့ပြောလိုက်သလိုပင်။
**-ီးပဲ…ငါ့ကို ဒီလိုဖြစ်အောင်လုပ်တာ မင်းဆိုတာ အသိသာကြီးကို ဒါတောင်မှ မင်းက ငါ့ကို သိပ်သဘောကောင်းတာပဲလို့ ပြောသေးတယ်ပေါ့။ မင်း စောက်ရမ်းလွန်သွားပြီကွ**
ကျုံးချမ်း မျက်ရည်ကျမတတ် ဖြစ်လာသည်။ သူ ယဲ့ဖန် လုပ်ခဲ့တာတွေကို ဖန့်ယင်းအား ပြန်တိုင်ချင်သော်လည်း သူ့ပါးစပ် ယောင်ကိုင်းနေသောကြောင့် ဗလုံးဗထွေးအသံသာ ထွက်လာသည်။
ထိုအခါ ယဲ့ဖန်က ကျုံးချမ်း၏ စကားများကို ကြင်နာစွာဖြင့် ဘာသာပြန်ပြပေးလေသည်။
“ဆရာမဖန့် အတန်းခေါင်းဆောင်က ဒီလိုလုပ်ရမှာက သူ့တာဝန်ပါတဲ့။ ဒီအတွက်နဲ့ ကျွန်တော့်ကို အပြစ်ရှိသလိုမျိုး ခံစားပြီး ဝမ်းမနည်းနေစေချင်ဘူးတဲ့။ ကျွန်တော်တို့ အတန်းခေါင်းဆောင်က အရမ်းဖြောင့်မတ်တာပဲ။ ကျွန်တော် သူ့ကို လေးစားမိပါတယ်”
ထိုကဲ့သို့ ပြောပြီးနောက် ယဲ့ဖန်သည် ကျုံးချမ်း၏ပခုံးအား ထပ်ပုတ်လိုက်ပြန်သည်။
ကျုံးချမ်း နောက်တစ်ခါ သွေးအန်ပြန်သည်။ ဒီတစ်ခါတော့ သူ ငိုလေတော့သည်။
**သေစမ်း ဒီကောင် တမင်လုပ်နေတာပဲ**
**သူ ငါ့ကို သတ်နေတာလား**
ကျုံးချမ်း ကြောက်လန့်လာသည်။ သူ၏ အမြင်တွင် ယဲ့ဖန်သည် မကောင်းဆိုးဝါးပင် မဟုတ်တော့ နတ်ဆိုးပင်။
“ဟူး … အတန်းခေါင်းဆောင် ဘာလို့ သွေးထပ်အန်နေတာလဲ။ ကျွန်တော် ခင်ဗျားအတွက် သုတ်ပေးပါ့မယ်”
ထိုသို့ပြောပြီး ယဲ့ဖန် ကျုံးချမ်းပခုံးကို ထပ်ပုတ်လိုက်ပြန်သည်။
ဖွီ! ဖွီ! ဖွီ!
ကျုံးချမ်း ရေဘုံဘိုင်ကနေ ရေကျသလို သွေးတွေ ထပ်တလဲလဲ အန်တော့သည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားသည်။
“မြန်မြန် … မြန်မြန် သူ့ကို ဆေးရုံပို့ရမယ်”
ဖန့်ယင်း ထိတ်လန့်သွားကာ မျက်နှာ ဖြူစုတ်သွားပြီး ကျောင်းသားတွေကို အော်ဟစ်လိုက်သည်။ သူမ ဘာဖြစ်ခဲ့သည်ဆိုတာကို ထပ်မမေးတော့ပေ။
ထိုစကားကို ကြားပြီးနောက် ကျောင်းသားအားလုံး ကျုံးချမ်းနား ဝိုင်းလာကာ အချို့သောသူများက သူ့အား အခန်းထဲမှ မြန်နိုင်သမျှ မြန်မြန် ခေါ်ထုတ်သွားသည်။
သူတို့ အခန်းထဲမှ မထွက်ခင် ယဲ့ဖန်က မကျေနပ်သလို သည်းညူလေတော့သည်။
“ကျွန်တော့်ရဲ့ ချစ်လှစွာသော အတန်းခေါင်းဆောင်လေး တောင့်ထားနော် ခင်ဗျား သေလို့ မဖြစ်ဘူး။ ခင်ဗျား သေသွားရင် ကျွန်တော့်ပစ္စည်းကို ဘယ်သူက ဝယ်မှာလဲ။ ၈၈ ည၊ ၂၆၄ ကြိမ်၊ ပုံစံပေါင်း ၂၆၄၀။ ဒီလိုမျိူး ကျွန်တော့်ရဲ့ပစ္စည်းကို ဘယ်သူကဝယ်မှာလဲ။ ခင်ဗျားပဲ ဝယ်ရမယ်။ ကျွန်တော့်ရဲ့ လေးစားရပါသော အတန်းခေါင်းဆောင်လေး”
ယဲ့ဖန်အသံက အင်မတန် အသည်းခိုက်ကာ ဝမ်းနည်းနေသည့်ဟန်ပင်။ ကြားရသူတိုင်း သနားသွားလောက်သည်။
သို့သော် ယဲ့ဖန် ပြောလိုက်သည့် အကြောင်းအရာကြောင့် ယုဖေး မျက်နှာနီရဲသွားကာ ရှက်စိတ်ဝင်လာသလို ဒေါသပါထွက်လာတော့သည်။
“၈၈ ၂၆၄ နှင့် ၂၆၄၀” စသည့် ကိန်းဂဏန်းများကို ကြားပြီး ကျုံးချမ်း အကြိမ်အနည်းငယ် ထပ်၍ သွေးအန်လေတော့သည်။
အထူးသဖြင့် “ဒီလိုမျိူး ကျွန်တော့်ရဲ့ပစ္စည်းကို ဘယ်သူကဝယ်မှာလဲ။ ခင်ဗျားပဲ ဝယ်ရမယ်။” ဆိုသည့် စကားကို ကြားပြီး ကျုံးချမ်း ဒေါသအထွက်လွန်ကာ သတိလစ်သွားတော့သည်။
**ဒီ ခွေးမသားကတော့ကွာ**
ဘယ်သူမှ ကျုံးချမ်း၏ မျက်လုံးထောင့်မှ မျက်ရည်စများကို သတိမထားမိလိုက်ကြပေ။
**ဒီပစ္စည်းက နည်းနည်းတော့ ညစ်ပတ်နေပြီ**