Switch Mode

Chapter 9

စောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်

**မင်းတို့အားလုံး သုံးစားမရဘူး**

ယဲ့ဖန်စကားကို ကြားပြီးနောက် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

**ဒီ သုံးစားမရတဲ့ တရားမဝင်သားက ကုန်းဝူကို နောက်တခါ ကျိန်ဆဲပြန်ပြီ**

**ဒီ…ဒီကောင် ရူးနေပြီထင်တယ်**

စက္ကန့်ပိုင်းအတွင်းမှာပင် အခန်းထဲရှိ သူများအားလုံး ယဲ့ဖန် ရူးသွားပြီဟု ထင်လိုက်ကြသည်။ သို့မဟုတ်ပါက ယဲ့မိသားစု၏ တရားမဝင်သားဖြစ်သောသူက ကုန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်မှ မွေးဖွားလာသော ကုန်းဝူလို သူမျိုးကို ကျိန်ဆဲရဲပါမည်နည်း။

ထိုအချိန်တွင် အားလုံးက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေကြသည်။ ယဲ့ဖန် မကောင်းတစ်ခုခု ဖြစ်တော့မည်ကို သူတို့ အတပ်သိနေသည်။ ယဲ့ဖန် ဒီတစ်ခါတော့ ပြေးမလွတ်တော့ပေ။

လူကြားထဲတွင် ယုဖေးသည် အတော်လေးဝမ်းသာဟန် ပေါ်နေသည်။

**ဟီးဟီး…ဒီ သုံးစားမရတဲ့ကောင်က အရူးပဲ။ သူ့နောက်မှာ ပိုင်ယီ ရှိနေတာနဲ့ပဲ ကုန်းဝူက သူ့ကို မရိုက်နှက်ရဲဘူးလို့ ထင်နေတာလား။ သူက သူ့သေတွင်းသူ တူးနေတာပဲ**

ယုဖေးက ယဲ့ဖန်ကို အရမ်းမုန်းတီးနေသည်။ သူမ ယဲ့ဖန်ကို စွန့်ပစ်လိုက်သည့်အခိုက်တွင် သူက ကျောင်းရဲ့နတ်သမီးလေးဖြစ်သော ပိုင်ယီ၏ နှလုံးသားကို အပိုင်သိမ်းသွားသည်။ ဒါက သူမကို ပါးရိုက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ အထူးသဖြင့် ကျောင်းပေါက်ဝတွင် ယဲ့ဖန်၏ လှောင်ပြောင်မှုကို ခံလိုက်ရသောကြောင့် ယုဖေး ဒေါသထွက်နေခြင်း ဖြစ်သည်။
ယဲ့ဖန် ဒုက္ခိတ ဖြစ်တော့မည်ကို တွေးမိပြီး သူမ ရယ်ချင်ပက်ကျိ ဖြစ်နေသည်။

ကျုံးချမ်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကုန်းဝူ၏ လူမိုက်များက ယဲ့ဖန်အား ရိုက်နှက်တော့မည့် မြင်ကွင်းကို မြင်ယောင်ရင်း သူ့မျက်လုံးတွင် မုန်းတီးမှုများ၊ စိတ်လှုပ်ရှားပျော်ရွှင်မှုများနှင့် ပြည့်နှက်လာသည်။ ထို့ကြောင့် သူ့တွင် ရက်စက်သောအမူအရာမျိုး ပေါ်လာသည်။

“ခွေးမသား မင်း…. ငါတို့ကို သုံးစားမရတဲ့ကောင်တွေလို့ ခေါ်ရဲတယ်ပေါ့”

ထိုအခိုက်တွင် ကုန်းဝူသာမက သူ၏လူမိုက်များပါ ဒေါသထွက်သွားသည်။ ဒီ ​အရေးမပါသည့် သုံးစားမရတဲ့ကောင်က ရဲတင်းလွန်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

“ကောင်းတယ် ယဲ့ဖန် သိပ်ကောင်းတယ်”

ကုန်းဝူသည် ဒေါသထွက်ကာ သွေးဆာနေသောအသံဖြင့် သရော်လိုက်သည်။

“မင်းက ငါ့ကို ကျိန်ဆဲလိုက်တာဆိုတော့ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်”

ကုန်းဝူသည် ယဲ့ဖန်အား သွေးဆာနေသော ဝံပုလွေကဲ့သို့ စူးစိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ဒူးထောက်တောင်းပန်ပြီး ငါ့ပေါင်ကြားထဲကနေ လေးဘက်ထောက်ပြီးသွားလိုက် ပြီးရင် မင်းလက်မောင်းတစ်ဘက်ကို မင်းဘာသာမင်း ချိုးလိုက် ဒါမှမဟုတ်ရင် ငါတို့က မင်းကို လုံးဝ သုံးစားမရတဲ့ အမှိုက်ကောင် ဖြစ်သွားအောင် ခြေတစ်ဘက်၊ လက်တစ်ဘက်စီ ချိုးပေးမယ်”

….

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းနီးပါး အရိုးကွဲမတတ်လောက်သော အေးစက်မှုကို ခံစားလိုက်ရသည်။

**ဒူးထောက်တောင်းပန်ပြီး ငါ့ပေါင်ကြားထဲကနေ လေးဘက်ထောက်ပြီးသွားလိုက် ပြီးရင် မင်းလက်မောင်းတစ်ဘက်ကို မင်းဘာသာမင်း ချိုးလိုက်**

**ဒါမှမဟုတ်ရင် ငါတို့က မင်းကို လုံးဝ သုံးစားမရတဲ့ အမှိုက်ကောင် ဖြစ်သွားအောင် ခြေတစ်ဘက်၊ လက်တစ်ဘက်စီ ချိုးပေးမယ်**

ယဲ့ဖန် ဘာကိုပဲ ရွေးချယ်ရွေးချယ် သူ သေချာပေါက် ဒုက္ခိတ ဖြစ်မှာပင်။

ကျောင်းသားတိုင်း ယဲ့ဖန်၏ သနားစရာ အဖြစ်အပျက်ကို မြင်ယောင်ရင်း ယဲ့ဖန်အား သနားသလို ကြည့်နေကြသည်။

သို့သော် ကုန်းဝူ၏ စကားကို ကြားသော်လည်း ယဲ့ဖန်သည် မျက်လုံးကို အသာမှေး၍ ကြည့်နေရင်း သူ့မျက်လုံးတွင် ခရမ်းရောင်အလင်းတစ်ချို့ လက်ခနဲဖြစ်သွားသည်။

“မင်း သေချာလား”

ယဲ့ဖန်၏ တိုတောင်းစွာ မေးလိုက်သည်က အေးအေးဆေးဆေး နိုင်လှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လေထုသည် အေးခဲသွားကာ လူတိုင်းက ထိုစကားသည် ငရဲမှလာသလိုမျိုး ခံစားလိုက်ရပြီး တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ကုန်းဝူသည် သူ ရင်ဆိုင်နေရသည့်သူက လူတစ်ယောက်မဟုတ်ဘဲ

သူ့အား ထိတ်လန့်ခြောက်ခြားစေသော နတ်ဆိုးတစ်ကောင်ဟုပင် ခံစားလိုက်ရသည်။

သို့သော်လည်း ကုန်းဝူသည် မဖြစ်နိုင်သောအရာဟု ဒေါသတကြီး တွေးကာ ခေါင်းကို ခါလိုက်သည်။ သုံးစားမရတဲ့ကောင်၏ တိုတိုတုပ်တုပ် အဖြေကြောင့် သူ ကြောက်သွားလိမ့်မည်ဟု သူ့ကိုယ်သူ ထင်မထားခဲ့ပေ။

“ဟုတ်တယ် ငါ သေချာတယ်”

ကုန်းဝူ ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ငါ့ရှေ့မှာ ဒူးထောက်ရင်ထောက် မဟုတ်ရင် ဒုက္ခိတ ဖြစ်သွားစေရမယ်”

ဟင်?

ယဲ့ဖန် ပြုံးလိုက်ရင်း သူ့မျက်လုံးထဲမှ ခရမ်းရောင်အလင်းက ပိုမို တောက်ပလာသည်။

“ကောင်းပြီလေ မင်းတို့က အလောတကြီး တောင်းဆိုနေတာမို့ ငါ့ဘက်ကလည်း မင်းတို့အတွက် ရွေးချယ်စရာ နှစ်ခု ပြန်ပေးမယ်”

ယဲ့ဖန် ပြောရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ယဲ့ဖန် ထရပ်လိုက်သည့်အချိန်မှာပင် သူ့မျက်လုံးထဲမှ ခရမ်းရောင်အလင်းက အဆုံးမရှိသော မှော်စွမ်းအားများ ပါဝင်သလိုမျိုး ပိုမို၍ တောက်ပလာသည်။ သူ့မျက်လုံးကို ကြည့်ရင်း လူတိုင်းသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာကြသည်။

အထူးသဖြင့် ကုန်းဝူတို့အုပ်စု ဖြစ်သည်။ ယဲ့ဖန်၏ မျက်လုံးနှင့် အကြည့်ဆုံလိုက်တိုင်း ကြယ်သီးမွှေးညှင်း ထလာကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ခရမ်းရောင်အလင်းသည် ကုန်းဝူတို့၏ နဖူးသို့ ပြေးဝင်သွားသောကြောင့် သူတို့ မျက်စိကို မှေးထားလိုက်ရသည်။

ထိုအချိန်တွင် ယဲ့ဖန် ကြုံးဝါးလိုက်သည်။

“ဒူးထောက်ရင်ထောက် မဟုတ်ရင် သေမယ်”

ယဲ့ဖန်၏ ကြုံးဝါးသံကြောင့် ကုန်းဝူတို့အုပ်စုသည် ကြယ်သီးမွှေးညှင်းထကာ မျက်လုံးတွေက အသိစိတ်မရှိတော့သလို ဝေဝါးလာသည်။

ခရမ်းရောင် မျက်လုံး!

စကြဝဠာအတွင်းရှိ စွမ်းအင်ကျင့်ကြံသူများ ဒီမှာ ရှိနေပါက ယဲ့ဖန်သည် နတ်ဆိုးဧကရာဇ်၏ သေစေနိုင်လောက်သော ဝိညာဥ်ဝါးမျိုခြင်း ပညာရပ်၏ ခရမ်းရောင်မျက်လုံး ပထမအဆင့်ကို သုံးနေခြင်း ဖြစ်သည်ကို သိကြပေလိမ့်မည်၊

ပြောရမည်ဆိုလျင် ဝိညာဥ်ဝါးမျိုခြင်းပညာရပ်သည် နက်ရှိုင်းသော စိတ်ညှို့ပညာ ဖြစ်ပေသည်။

သာမန်စိတ်ညှို့ပညာများနှင့် မတူတာကတော့ ဝိညာဥ်ဝါးမျိုခြင်းကို အသုံးချ၍ အခြားသူများ၏ စိတ်ရော ခန္ဓာကိုယ်ကိုပါ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

အရှင်းဆုံး ပြောရမည်ဆိုလျင် လူတစ်ယောက်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ ဒီပညာရပ်နှင့် ထိန်းချုပ်ခံလိုက်ရပါက ထိုသူသည် ဝိညာဥ်ကင်းမဲ့သွားပြီဖြစ်သည်။

သို့သော် ယဲ့ဖန်၏ လက်ရှိစွမ်းရည်သည် သူ၏ မူလစွမ်းအင်၏ ဆယ်မီလီယံပုံ တစ်ပုံတောင် မရှိသေးပေ။ ဝိညာဥ်ဝါးမျိုခြင်းသည် သာမန်လူများအပေါ်တွင်သာ သက်ရောက်ပြီး စွမ်းအင်ကျင့်ကြံသူများအပေါ်တွင်မူ သက်ရောက်မှု မရှိပေ။

သို့သော် ယဲ့ဖန် စကားကို ကြားပြီး တစ်ခန်းလုံး ခေတ္တတိတ်ဆိတ်သွားကာ နောက် ဝါးလုံးကွဲမတတ် ရယ်မောကြလေသည်။

“ဟားဟားဟား…ဒီကောင် ဘာပြောလိုက်တာ။ ဒီသုံးစားမရတဲ့ကောင်က ကုန်းဝူလို သခင်လေးကို ရွေးချယ်စရာ နှစ်ခုပေးတယ်? ဒူးထောက်မလား သေမလား? ဘုရားရေ ငါတော့ ရယ်ရလွန်းလို့ အူတောင်နာတယ်။ ဒီအရူးကတော့…”

ကျုံးချမ်းသည် ရှေ့နောက် ယိမ်းထိုးရင်း မျက်ရည်ထွတ်မတတ် ဖြစ်နေသည်။ ယုဖေးသည်လည်း ယဲ့ဖန်အား အရူးကို ကြည့်သည့်နှယ် ကြည့်၍ ရယ်နေသည်မှာ ခန္ဓာကိုယ်လေးတောင် တုန်နေသည်။

“ဟားဟား…ရူးလိုက်တာကွာ သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး။ သူက ဒီအတိုင်း သုံးစားမရတဲ့ကောင်ပဲကို။ သူ့ကြောင့် သခင်လေးဝူ စိတ်တိုသွားပြီ။ သူ သေချာပေါက် ဒုက္ခိတ ဖြစ်ပြီ”

ကျုံးချမ်းနှင့် ယုဖေး အပြင် အခြားသူများပါ ယဲ့ဖန်အား ရယ်စရာသတ္တဝါတစ်ကောင်လို ပြက်ရယ်ပြုနေကြသည်။

သို့သော် သူတို့ ရယ်မောနေစဥ်မှာပဲ ဗလုံးဗထွေးအသံတစ်ချို့ အခန်းထဲ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

ဘန်း!

ဘန်း!

ဘန်း!

လူတိုင်း၏ ထိတ်လန့်အံ့ဩနေသော အကြည့်အောက်မှာပင် ကုန်းဝူနှင့် သူ့လူများ ဒူးထောက်သွားကြသည်။

….

ဟားတိုက်ရယ်မောသံများ တိတ်ကြသွားကာ အအကြီးများလို ဆွံ့အနေကြသည်။

တစ်ခန်းလုံး ပါးစပ်အဟောင်းသွားနှင့် ငေးစိုက်ကြည့်နေကြသည်မှာ သူတို့ပါးစပ်ထဲ ဥတောင်ဝင်ဥလို့ ရနေပြီ ဖြစ်သည်။

ကျုံးချမ်းနှင့် ယုဖေးတို့ ခွေးအကြီး လှည်းနင်းသလို ကြက်သေသေသွားကြသည်၊ သူတို့ပုံစံ ရယ်ချင်စရာကောင်းလှသည်။

“ဒါ…ဒါ မဖြစ်နိုင်ဘူး”

ကျုံးချမ်း မှင်တက်မိသွားသည်။ ကုန်းမိသားစုမှ သခင်လေး၊ class 4 grade 3 ၏ လူမိုက် ကုန်းဝူက ယဲ့ဖန်ရှေ့ ဒူးထောက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“ဒါ မဖြစ်နိုင်ဘူး”

ဒါ ကုန်းဝူ၏ သမာရိုးကျပုံစံကို ဖောက်ဖျက်နေသည်။

“သခင်လေးဝူ ဘာ … ဘာလို့ ဒီ သုံးစားမရတဲ့ကောင်ရှေ့ ခင်ဗျား ဒူးထောက်နေတာလဲ။ မြန်မြန် … မြန်မြန် ထတော့”

ကျုံးချမ်း ရှေ့သို့ မြန်မြန်ထွက်သွားကာ ကုန်းဝူ မတ်တပ်ထရပ်အောင် ကူညီပေးချင်နေသည်။ သို့သော် ကုန်းဝူနှင့် သူ့လူများက ရုပ်သေးရုပ်လို မှိုင်တွေနေကြပြီး ကျုံးချမ်း ပြောတာကို မကြားကြ။

“ထူးဆန်းတယ်”

“ဒါ တအားထူးဆန်းတယ်”

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖန် ထူးဆန်းသည့် အပြုံးမျိုး ပြုံးလိုက်သည်။

“ကုန်းဝူ မင်း ယဲ့ဖန်ကို ရှာနေတာမလား”

ယဲ့ဖန် ပြောပြီး ကျုံးချမ်းကို လက်ညှိုးထိုးလိုက်သည်။

“သူက ယဲ့ဖန်ပဲ”

**ဘာ!!**

ကျုံးချမ်းနှင့် ယုဖေး အပါအဝင် တစ်ခန်းလုံး ကြောင်သွားရသည်။ သို့သော် ယဲ့ဖန်​၏ စကားကို ကြားပြီး ကုန်းဝူနှင့် သူ့လူများသည် ပြင်းထန်စွာ တုန်ယင်သွားပြီး သူတို့၏ မှုန်မှိုင်းနေသော မျက်လုံးများ တောက်ပလာသည်။

“ယဲ့ဖန်…ဟုတ်တယ်…ငါတို့ ယဲ့ဖန်ကို လိုက်ရှာနေတာ…ငါတို့ ယဲ့ဖန်ကို ရိုက်သတ်မလို့…ယဲ့ဖန် … ”

ကုန်းဝူနှင့် သူ့လူများသည် အရူးလို မတ်တပ်ရပ်ကာ ကျုံးချမ်းကို ဝိုင်းကြည့်နေကြသည်။

**တစ်ခုခုတော့ မှားနေပြီ**

ကျုံးချမ်း အရင်တုန်းက ကုန်းဝူတို့အုပ်စုကို အလျင်အမြန် ရှင်းပြရန် ကြိုစားလိုက်သည်။

“သခင်လေးဝူ သူ့ကို မယုံနဲ့။ သူ ခင်ဗျားကို လှည့်စားနေတာ။ သူကမှ ယဲ့ဖန် ကျွန်တော် မဟုတ်ဘူး”

ဖြန်း!!

ကျုံးချမ်း ရှင်းပြလို့ မပြီးခင် ပြင်းထန်စွာ အရိုက်ခံလိုက်ရပြီး လဲကျသွားသည်။ သူ့ကို ရိုက်လိုက်သည့်သူကတော့ ကုန်းဝူပင်။

မှုန်ရီနေသော အကြည့်ဖြင့် ကုန်းဝူသည် တောင့်တောင့်ကြီး လှုပ်ရှားနေကာ ခပ်တိုးတိုး ရေရွတ်နေသည်။

“ယဲ့ဖန်…ငါ ယဲ့ဖန်ကို ရိုက်နှက်မယ်”

တစ်ချိန်တည်းမှာပင် ကုန်းဝူနှင့် သူ့လူများသည် ကျုံးချမ်းထံသို့ ရုပ်သေးရုပ်လို ပြေးဝင်သွားသည်။

ဖြန်း! ဖြန်း! ဖြန်း!

ရှင်းလင်းကျယ်လောင်သည့် အသံများ အခန်းတွင်း ပဲ့တင်ထပ်နေသည်။ ယဲ့ဖန် ခြေချိတ်ထိုင်နေရင်း ပြုံး၍ ပြောလိုက်သည်။

“ယဲ့ဖန် မင်းရဲ့ ဘယ်ဘက်ပါးလေးက ချောလိုက်တာကွာ”

ဖြန်း! ဖြန်း! ဖြန်း!

ကျုံးချမ်း၏ ဘယ်ဘက်ပါး သုံးချက် အရိုက်ခံလိုက်ရသည်။

“အာ … ယဲ့ဖန် မင်းရဲ့ ညာဘက်ပါးကလည်း ချောတာပဲကွ တကယ့်ကို ပြိုင်ဘက်ကင်းပဲ”

ဖြန်း! ဖြန်း! ဖြန်း!

ကျုံးချမ်း၏ ညာဘက်ပါးလည်း အကြိမ်အနည်းငယ် အရိုက်ခံရသည်။

“အိုး…ဘုရားရေ…ယဲ့ဖန် မင်းမျက်နှာဘေးက ပြီးပြည့်စုံလိုက်တာကွာ။ မင်းက စောက်ရမ်း ချောပြီး တော်လိုက်တာကွာ။ မင်းကို ငါ သိပ်ချစ်တာပဲ”

ဖြောင်း! ဖြောင်း! ဖြောင်း!

ကျုုံးချမ်း မျက်နှာ အထိုးခံလိုက်ရသည်။ ကြည့်နေသည့်သူများ အားလုံး မှင်တက်မိသွားသည်။
ယဲ့ဖန် ခြေချိတ်ထိုင်ရင်း စိမ်ပြေနပြေ ပြောသည်ကိုသာ မြင်နေရသည်။ သူ တစ်ခွန်း ပြောလိုက်တာနှင့် ကျုံးချမ်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု သွေးထွက်သံယို ဖြစ်သွားရသည်။

အားလုံးကို ဆွံ့အသွားစေတာက ယဲ့ဖန်က ကိုယ့်ကိုယ်ကိုယ် ချီးကျူးဂုဏ်ပြုနေခြင်းပင်။

ယဲ့ဖန် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို အမွှမ်းတင်လိုက်တိုင်း ကျုံးချမ်းတွင်လည်း တူညီသည့်အစိတ်အပိုင်းကို အထိုးခံရသည်။

*ဒါ စောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်! *

Comment

Leave a Reply

Options

not work with dark mode
Reset