Chapter 8

မဟုတ်ဘူး … မဟုတ်ဘူး ...မဟုတ်ဘူး ... မင်း နားကြားလွဲတာနေမှာ

Grade 3, Class 2 ရှေ့ ရောက်သောအခါ အခန်းထဲမှ ပွက်လောရိုက်သံတွေကို ကြားလိုက်ရသည်။

“ဟေး…မင်းတို့ ကြားပြီးကြပြီလား …ဟိုသုံးစားမရတဲ့ကောင် ပြန်လာပြီတဲ့…ဒီကောင် ပြလာရဲသေးတာပဲ”

“ဟုတ်ပါ့ကွာ…သူနဲ့ လင်းလန် ကြားက လိင်ကိစ္စ အတင်းအဖျင်း သတင်းက အမှားကြီးဆိုပင်မယ့် ကုန်းမိသားစုက သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်လို့ ကြေငြာထားပြီးသားကွ”

“ပြီးတော့ ယဲ့မိသားစုကလည်း ဒေါသထွက်နေတာပဲ … သူတို့မိသားစု အကြီးအကဲတွေက သူ့ကို ယဲ့အိမ်က မောင်းထုတ်ပြီး မိသားစုဝင်စာရင်းထဲကတောင် ပယ်ဖျက်မယ်လို့ ကြေငြာထားသေးတယ်”

“ကျောင်းမှာရှိတဲ့ ကုန်းမိသားစုက သခင်လေးတွေက သူ့ကို သေချာပေါက် ရိုက်နှက်မှာပဲ”

….

အရနေရ အဖတ်မရ ဆွေးနွေးနေကြတာက ယဲ့ဖန် အကြောင်းပင်၊ သူတို့က သူ့အား ရယ်စရာ သတ္တဝါတစ်ကောင်လို သဘောထားနေကြသည်။

ထိုသို့ ပြောနေသံကို ကြားပြီးနောက် ယဲ့ဖန် သရော်ပြုံး ယဲ့ယဲ့ပြုံးကာ အခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားလိုက်သည်။

….

ယဲ့ဖန် ဝင်လာသည်နှင့် တစ်ခန်းလုံး ငြိမ်ကျသွားသည်။တစ်ခန်းလုံး၏ အကြည့်တွေက သူ့ထံ ရောက်နေကာ သူတို့က သူတို့ အထင်အမြင်သေး စပ်ဆုပ်သည့်သူအား ရယ်မောချင်သည့်အနေဖြင့် ကြည့်နေကြသည်။

လူအုပ်ထဲတွင် ယုဖေးနှင့် ကျုံးချမ်းကိုပါ ယဲ့ဖန် တွေ့လိုက်သည်။ ယဲ့ဖန်နှင့် ကျုံးချမ်းသည် Class 2 Grade 3တွင် အတန်းဖော်များ ဖြစ်သည့်အပြင် ကျုံးချမ်းသည် အတန်းခေါင်းဆောင် ဖြစ်နေသေးသည်။

ယဲ့ဖန်က သူတို့နှစ်ယောက်အား ကြည့်နေသည်ကို သတိထားမိသောအခါ နှစ်ယောက်လုံးသည် နက်ရှိုင်းစွာ နာကြည်းမုန်းတီးနေသည့်ဟန်ကို ပြသလာကြသည်။

အထူးသဖြင့် ကျုံးချမ်း၏ မျက်လုံးသည် ရက်စက်ယုတ်မာသည့်အသွင်ဖြင့် တောက်ပလာသည်။ ဘာကြောင့်မှန်းမသိ သူသည် ကျောင်းပေါက်ဝတွင် ဖြစ်ခဲ့သည့်ကိစ္စအား သတိရလာရင်း သရော်ပြုံး ယဲ့ယဲ့ပြုံးလာသည်။

ထိုအပြုအမူကြောင့် ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်မိသည်။ သို့သော်လည်း သူသည် နောက်ဆုံးတန်း၏ ထောင့်ဆုံးသို့ တည့်တည့်သွားလိုက်ပြီး ထိုင်လိုက်သည်။

ယဲ့ဖန် ထိုင်လိုက်ပြီးသည့်အခိုက်တွင် ကျုံးချမ်းသည် ရုတ်တရက် နောက်သို့လှည့်လာကာ လည်မြိုကို လက်ဖြင့် လှီးပြသည့်ဟန်ကို ပြုလုပ်လာသည်။

ကျုံးချမ်း၏လှောင်ပြောင်သရော်ဟန်သည် အလွန်အကျွံ ဆိုးယုတ်၍ မနှစ်မြို့ဖွယ်ကောင်းသော်လည်း ယဲ့ဖန်၏အမြင်တွင်ဟူ သူသည် လူသေနှင့် မထူးခြားနားပင်။

ဟမ်?

ယဲ့ဖန်၏ မျက်လုံးတွင် မတူခြားနားသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထိုအချိန်တွင် ဘောလုံးတစ်လုံးနီးနီးဝသည့် လူတစ်ယောက် အတန်းထဲသို့ ပြေးဝင်လာကာ အော်လိုက်သည်။

“ဖန်!! ဖန်!! မြန်မြန်…”

၁.၆ မီတာ မြင့်သော ထိုလူဝကြီးတွင် ကြီးမားသောခေါင်းနှင့်နားရွက်တို့ ရှိသလို လေထိုးထားသော ဘောလုံးကြီး တစ်လုံးနှင့်လည်း တူနေသေးသည်။

သူ၏နဖူးတွင် ချွေသွားနှင့် ရွှဲနစ်နေကာ အသက်ကို မနည်းရှူနေရသည်။ သူသည် ယဲ့ဖန်ဆီသို့ တိုက်ရိုက်ပြေးလာကာ ယဲ့ဖန်အား အဝေးသို့ ဆွဲခေါ်သွားမည့်ပုံရသည်။

“ဖန်…ကုံးကလန်က ခွေးမသားတွေက မင်း ပြန်ရောက်လာတာကို ကြားပြီး ကြေးစားလူမိုက်တွေနဲ့ ဒီကို လာနေပြီ…မြန်မြန်…မြန်မြန်ပြေး…”

ဒီစိုးရိမ်နေသည့် လူဝကြီးကြောင့် ယဲ့ဖန် အနည်းငယ် ကြောင်သွားရသည်။ ထိုစဉ် နာမည်တစ်ခုက သူ့ခေါင်းထဲ ဝင်လာသည်။

ဖေးချမ်…အရင်ယဲ့ဖန်နှင့် လည်ပင်းဖက်၍ ကြီးလာသော တစ်ဦးတည်းသော သူငယ်ချင်း..

အရင်ယဲ့ဖန် အသက်ရှင်စဥ်အခါက လူတိုင်းနီးပါး၏ လှောင်ပြောင်မှုကို ခံရသော်လည်း ဖေးချမ်က သူ့အား လှောင်ပြောင်ခြင်း မပြုသည့် တစ်ဦးတည်းသော သူပင်ဖြစ်သည်။

အရင်ယဲ့ဖန်သည် ယုန်တစ်ကောင်သဖွယ် အလွန်ကြောက်ရွံ့တတ်ကာ တစ်ခြားသူအား ပြန်ခံပြောရဲ၊ ပြန်လုပ်ရဲသည့်သူမျိုး မဟုတ်သည်ကို သူ သတိရလိုက်သည်။ အရင်ယဲ့ဖန်သည် အမြဲအနိုင်ကျင့်ခံရသည့်အတွက် ဖေးချမ်က သူ့အတွက် အခြားသူများနှင့် ရန်ဖြစ်ရသည်။

ဖေးချမ် ခဏခဏ ဒဏ်ရာရသော်လည်း သူ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပေ။ ဒီလူဝကြီးကသာ ယဲ့ဖန်အား ညီအစ်ကိုသဖွယ် ဆက်ဆံသူ ဖြစ်သည်။

ထိုအခြင်းအရာများကို အမှတ်ရလိုက်သောအခါ ယဲ့ဖန် နွေးထွေးသွားသလို ခံစားလိုက်ရပြီး ဖေးချမ်အား ပြုံး၍ ပြောလိုက်သည်။

“ဖက်တီးရာ ဘာမှမဖြစ်ပါဘူး ထိုင်နေစမ်းပါ”

“ထိုင်နေရမယ် … ဖန် … မြန်မြန်လုပ် ပြေးတော့ကွ”

ဖေးချမ်၏နဖူးတွင် ချွေးများနှင့် ရွှဲနစ်နေသည့်အပြင် ယဲ့ဖန်၏ တည်ငြိမ်နေသောပုံစံကြောင့် ဒေါပွကာ မျက်နှာကြီး နီရဲနေသည်။

“ဖန် … မင်းနဲ့လင်းလန်ရဲ့ ကောလဟာလသတင်းကြောင့် ကုန်းမိသားစုက ဒေါသထွက်နေကြတာ။ ကုန်းမိသားစုက သခင်လေးတွေက ကုန်းယွင်ဖေးကို မျက်နှာလုပ်ဖို့ မင်းကို အရိုးတခြား အသားတခြား ဖြစ်အောင်လုပ်ချင်နေကြတာကွ။ သူတို့တွေ လမ်းတစ်ဝက်လောက်တောင် ရောက်နေလောက်ပြီ။ မင်း မပြေးရင်…”

ဖေးချမ် စိုးရိမ်တကြီး တိုက်တွန်းနေသည်။ သို့သော် သူ့စကား မဆုံးခင်မှာပင် ယဲ့ဖန်က သူ့အား ထိုင်ခုံ၌ အတင်းထိုင်ခိုင်းကာ ပြုံးပြသည်။

ဟင်?

ဖေးချမ် ကြောင်သွားရသည်။ ယဲ့ဖန်၏ တစ်ယောက်တည်းသော သူငယ်ချင်းဖြစ်သည်နှင့်အညီ ဖေးချမ်သည် အရင်ယဲ့ဖန်အား အခြားသူများအားလုံးထက် ပိုနားလည်သည်။ အရင်ယဲ့ဖန်သည် ငကြောက်ကောင် ဖြစ်သည်။

ကုန်းမိသားစုကသခင်လေးတွေက သူ့အား ရိုက်နှပ်ရန် လာနေသည်ကို သိလျင် ပြောတာ ကြာလှပြီဖြစ်သည်။ သို့သော် ယဲ့ဖန်က ဘာကိုမှ ဂရုမစိုက်သလို တည်ငြိမ်နေလှသည်။

ထို့အပြင် ယဲ့ဖန်၏ ရိုးရှင်းလှသော လှုပ်ရှားမှုကို သူ ပြန်မတုံ့ပြန်နိုင်လိုက်ပေ။ ယဲ့ဖန်၏ လက်တွင် အဆုံးအစမဲ့သော ခွန်အားများ ပါဝင်နေပုံရသည်။ ဖေးချမ်သည် အားမရှိသော ကြက်ပေါက်စလေးလို ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရသည်။

“ဖန်…ဖန်? မင်း…”

ဖေးချမ်သည် ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်ကာ ဘာကြောင့်လဲဟု မေးချင်လှသည်။

ဘန်း!

ထိုအချိန်မှာပင် အတန်း၏တံခါးသည် အကန်ခံလိုက်ရပြီး လူ ၆ ယောက်၊ ၇ ယောက်ခန့် ဝင်လာသည်။
ခေါင်းဆောင်က လူငယ်တစ်ယောက် ဖြစ်သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ရွှေရောင်နာရီကို ပတ်ထားသည်။

သူသည် သူဌေးလက်သစ်သဖွယ် တလက်လက်တောက်ပနေသည်။ သူ၏ ကတုံးဆံတောက်ပုံကြောင့် ရက်စက်ကြမ်းကြုတ်သည့် အသွင်ဆောင်နေသည်။

အတန်းထဲ၌ ရှိနေသည့်သူအားလုံးတို့သည် ထိုလူတစ်စုကြောင့် ထိတ်လန့်သွားကြသည်။

ကုန်းဝူ __ ကုန်းမိသားစု၏ အရဲတင်းဆုံး သခင်လေး။ သူသည် မကြာခဏ ခိုက်ရန်ဖြစ်လေ့ရှိသည်။ အလွန့်ကို ရက်စက်ယုတ်မာသည့်အတွက် class 4 grade 3 ၏ နတ်ဆိုးအဖြစ် သတ်မှတ်ထားကြသည်။

မည်သူမှ သူ့အား အာခံမရဲကြ။

ကုန်းဝူ၏ နောက်တွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော class 4 grade 3 ၏ လူမိုက် ၅ ယောက်၊ ၆ ယောက်ခန့် လိုက်ပါလာသည်။

ထိုမြင်ကွင်းကြောင့် အတန်းသားများအားလုံးသည် ယဲ့ဖန်အား ကြည့်လိုက်ကြာ သူ၏ ကံဆိုးမိုးမှောင်ကြမှုကို တွေးကာ ကျိတ်၍ ဝမ်းသာသွားကြသည်။

ကုန်းဝူ၏ ရက်စက်မှုအား သူတို့ ကြားနေရသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ယဲ့ဖန်၏ မကြာခင် ဖြစ်လာတော့မည့် စိတ်မချမ်းမြေ့ဖွယ်ရလဒများ သူတို့ အရှင်းသား သိနေကြသည်။

**နောက်ကျသွားပြီ**

ကုန်းဝူနှင့် သူ၏လူမိုက်အဖွဲ့အား မြင်ပြီး ဖေးချမ် နှလုံးခုန် မြန်လာကာ သူ၏မျက်နှာသည် လူသေသဖွယ် ဖြူစုတ်သွားသည်။

“ယဲ့ဖန်က ဘယ်သူလဲ?”

ကုန်းဝူသည် အတန်းသားအားလုံးအား ကြည့်ကာ ကြမ်းတမ်းစွာ မေးလိုက်သည်။ သူ့စကားများသည် အလွန်ကို ရက်စက်သည့်ဟန်ရသည့်အတွက် class 2 grade 3 အတန်းသားများအားလုံး ကြောက်လန့်တကြားဖြစ်ကာ လည်ပင်းနင်သွားရသည်။

ထိုအချိန်တွင် ကျုံးချမ်းသည် မတ်တပ်ထရပ်ကာ သရော်ပြုံးပြုံး၍ ယဲ့ဖန်အား လက်ညှိုးထိုးလိုက်ပြီး

“ဝူ…အဲ့ကောင်က ယဲ့ဖန်ပဲ”

ထိုအချိန်တွင် ကျုံးချမ်းသည် အလွန်ကို ပီတိဖြစ်နေသည်။ မနက်ခင်းတုန်းက သူသည် ယဲ့ဖန်၏ လှောင်ပြောင်မှုကြောင့် သွေးအန်ခဲ့ရသည်။

ထို့ကြောင့် သူသည် ယဲ့ဖန်အား အရမ်းကို မုန်းတီးနေသည်။ သို့သော် ပိုင်ယီအား ကြောက်သည့်အတွက်ကြောင့် သူ ယဲ့ဖန်အား ထပ်၍ အနိုင်မကျင့်ရဲပေ။ ထိုအစား ကုန်းဝူအား သူ အသိပေးလိုက်ခြင်း ဖြစ်သည်။

ကုန်းဝူ၏ ရက်စက်မှုကြောင့် ယဲ့ဖန် အနည်းဆုံး ဒုက္ခိတအဖြစ် ပြန်ရောက်လာမည်ကို သူ သိနေသည်။ ယဲ့ဖန်သာ ဒုက္ခိတဖြစ်သွားလျင် ပိုင်ယီသည် သူ့အား သေချာပေါက် စွန့်လွှတ်ပေလိမ့်မည်။ ထိုအခါမှသာ ကျုံးချမ်းသည် ယဲ့ဖန်အား သူ ဆန္ဒရှိသည့်အချိန်တိုင်း လှောင်ပြောင်နိုင်မည်ဖြစ်သည်။

ယဲ့ဖန်အား သူ မည်သို့မည်ပုံ နင်းခြေပစ်မည်ဟု တွေးတောရင်း သူ ဝါးလုံးကွဲမတတ် ရယ်ချင်နေသည်။

“ဝူ…ဒီ သုံးစားမရတဲ့ တရားမဝင်သားက ကုန်းမိသားစုကို အရှက်ရစေတယ်။ မင်း သူ့ကို သင်ခန်းစာ ပေးသင့်တယ်”

ကျုံးချမ်းသည် ယဲ့ဖန်အား ရက်စက်သည့်ဟန်ဖြင့် ကြည့်ကာ ကုန်းဝူအား မျက်နှာလိုက်၍ ပြောလိုက်သည်။

ကျုံးချမ်း၏စကားကို ကြားပြီးနောက် ကုန်းဝူသည် အေးစက်စက်မျက်လုံးများနှင့် ယဲ့ဖန်ထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။

ယဲ့ဖန်ရှေ့ ရောက်သောအခါ ကုန်းဝူ၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် အေးစက်လာသည်။

“မင်းက အဲ့ဒီ သုံးစားမရတဲ့တရားမဝင်သားပေါ့?”

ကုန်းဝူသည် ယဲ့ဖန်အား ပုရွက်ဆိတ်လေးသဖွယ် တင်းမာခက်ထန်စွာ ကြည့်နေသည်။ ထိုစကားကြောင့် ဖေးချမ် ဒေါသထွက်ကာ ရှေ့ထွက်ပြောချင်မိသော်လည်း ယဲ့ဖန်က သူ့အား တားလိုက်သည်။

ကြောက်ရွံ့ခြင်းအလျင်းမရှိဘဲ ယဲ့ဖန်သည် ကုန်းဝူဘက် လှည့်ကာ ခပ်ရဲ့ရဲ့ပြုံး၍ ပြောလိုက်သည်။

“ငါက ယဲ့ဖန်ပဲ … တွေ့ရတာ ဝမ်းသာပါတယ် သုံးစားမရတဲ့ကောင်”

….

ယဲ့ဖန်စကားကြောင့် တစ်ခန်းလုံး အအကြီးများအလား တိတ်ဆိတ်သွားသည်။

**တွေ့ရတာ ဝမ်းသာပါတယ် သုံးစားမရတဲ့ကောင်**

**ယဲ့ဖန်က ကုန်းဝူလို class 4 grade 3 က အရက်စက်ဆုံးသူကို သုံးစားမရတဲ့ကောင်လို့ ခေါ်လိုက်တယ်**

ထိုအချိန်တွင် ကျုံးချမ်းနှင့် ဖေးချမ် အပါအဝင် အားလုံး ကြက်သေသေသွားသည်။ သူတို့ နားကြားများမှားသွားလေသလားဟုတောင် ထင်လိုက်မိကြသည်။

သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် ငကြောက်ပင်။ အခုတော့ ဒီကောင်က ကုန်းဝူကို ပြန်ခံပြောနေသည်။

ဒါ..ဒါက သေဖို့လမ်းခင်းနေသည်နှင့် အတူတူပင်ဖြစ်သည်။

ကုန်းဝူတောင် တစ်ခဏမျှ ကြောင်သွားရသည်။ ထို့နောက် သူ့မျက်နှာသည် အလွန်အမင်း ကြမ်းကြုတ်လာသည်။

“ဟေ့ကောင်…မင်း ငါ့ကို သုံးစားမရတဲ့ကောင်လို့ ခေါ်လိုက်တာလား?”

ကုန်းဝူသည် ယဲ့ဖန်အား စူးစူးစိုက်စိုက်ကြည့်ကာ ဒေါသတွေ ပေါက်ထွက်မတတ် မေးလိုက်သည်။

ကုန်းဝူသည် ယဲ့မိသားစု၏ တရားမဝင်သားက သူ့လို class 4 grade 3 ၏ လူမိုက်အား ဒီလို ခေါ်ရဲမည်ဟု ထင်မထားခဲ့ပေ။

မယုံနိုင်စရာပဲ။

ထိုစကားများကို ကြားပြီးနောက် ကျောင်းသားအားလုံး ယဲ့ဖန်အား စိုက်ကြည့်နေကြသည်။

ယဲ့ဖန် ငကြောက်သဖွယ် အလျင်အမြန် ထရပ်ကာ လက်တခါခါဖြင့်
“မဟုတ်ဘူး …  မဟုတ်ဘူး … မဟုတ်ဘူး … မင်း နားကြားလွဲတာနေမှာပါ” ဟု ရှင်းပြသည်ကို မြင်လိုက်ရသည်။

ယဲ့ဖန်သည် အလွန်အမင်း ကြောက်နေပုံရသည်။ သူသည် မသင့်တော်သော အပြုအမူမျိုး လုပ်လိုက်မိသည့်အတွက် တောင်းပန်ချင်နေသည်ဟု သူတို့ တွေးလိုက်မိပြီး အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဒါမှသာ လူတိုင်း အနိုင်ကျင့်လို့ရသည့် သုံးစားမရသည့် ယဲ့ဖန်ပင် ဖြစ်သည်မဟုတ်ပါလား။

သို့သော် ထိုအခိုက်တွင် ပြောလိုက်သည့် ယဲ့ဖန်စကားကြောင့် အားလုံး ထိတ်လန့်အံ့ဩသွားသည်။

“ငါက မင်းတစ်ယောက်တည်းကိုပဲ သုံးစားမရတဲ့ကောင်လို့ ပြောချင်တာမဟုတ်ပါဘူး … ငါက မင်းတို့အားလုံးကို သုံးစားမရဘူးလို့ ပြောချင်တာပါ”


Comment

Leave a Reply

Options

not work with dark mode
Reset