Chapter 7

ရှင် ဒီလောက် အရှက်မရှိတာ ရှင့်အမေရော သိရဲ့လား

နွေဦးရာသီဖြစ်သောကြောင့် ကျန်းရှီမြူနီစီပယ် စီနီယာအထက်တန်းကျောင်းရှိ သစ်ပင်များသည် စိမ်းလန်းစိုပြည်နေကာ သစ်ပင်များ၏ အကိုင်းအခက်များသည် ဖြတ်သန်းသွားလာသူများအား အရိပ်ပေးလျက် ရှိသည်။

ကျောင်းဝန်းအတွင်းတွင် လူနှစ်ယောက် အေးအေးဆေးဆေး ဘေးချင်းယှဉ်၍ လမ်းလျှောက်နေကြသည်။ ပိုင်ယီသည် ယဲ့ဖန်၏ ချောမောသောရုပ်ရည်အား စပ်စုသောအကြည့်ဖြင့် ကြည့်နေသည်။

သူမအဖိုးတောင် ကြောက်ရသည့်သူက ကျန်းရှီမြို့၏ သုံးစားမရသော တရားမဝင်သား ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ အထူးသဖြင့် ဒီနာမည်ကြီးလှသည့် သုံးစားမရသောသူက အန်ကယ်လ်ကျုံးအား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ထိုးလိုက်နိုင်ခဲ့သည်ကို ပြန်သတိရမိပြီး ယဲ့ဖန်သည် အလွန်ထူးဆန်းသောသူ ဖြစ်သည်ဟု သူမ ခံစားမိသည်။

“ဟေး…ယဲ့ဖန်၊ ကျွန်မ ရှင့်ကို အကျပ်အတည်းထဲက လွတ်အောင် ကူညီခဲ့တယ်နော်၊ အဲ့ဒါကို ရှင် ဘယ်လို ပြန်ဆပ်မလဲ”

ထိုသို့ပြောပြီး ပိုင်ယီက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဥာဏ်များသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမစကားကြောင့် ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ဘေးသို့လှည့်ကာ ပိုင်ယီအား ရွှင်မြူးနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

“ငါ မင်းကို ဘယ်လို ပြန်ဆပ်ရမလဲ ဟုတ်လား…နေဦး … စဉ်းစားကြည့်လိုက်ဦးမယ်” ဟု ပြောလိုက်ပြီး မေးစေ့အား လက်ဖြင့်ပွတ်ကာ တစ်ခုခုကို တွေးနေဟန်ဆောင်လိုက်သည်။

စက္ကန့်ပိုင်းမျှ ကြာပြီးနောက် ယဲ့ဖန်က ပခုံးတွန့်လိုက်ပြီး ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ့မှာ ပိုက်ဆံကော ရာထူးပါ မရှိဘူး …ငါ့မှာ ရှိတာဆိုလို့ ဒီပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပဲ ရှိတယ်..အဲ့ဒီတော့ မင်းနဲ့ လက်ထပ်ပေးမယ်လေ..အဲ့ဒါဆို အဆင်ပြေလား”

ထိုသို့ ပြောပြီး ယဲ့ဖန် ခပ်ရေးရေး ပြုံးလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ငါက အဲ့နေရာမှာ ကျွမ်းကျင်တယ် …ငါ တစ်ညမှာ ဆယ်ကြိမ် ဆက်ဆံပေးနိုင်တယ် …တစ်ကြိမ်ကို တစ်နာရီနဲ့ပေါ့ … တကယ်တော့ ငါက ပုံစံပေါင်း ၁,၈၈၈ ပုံစံနဲ့ နေရာပေါင်း ၇၂၀ ပြောင်းပြီး ဆက်ဆံတတ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်…ငါက အိပ်ယာပေါ်မှာ၊ အနမ်းပေးတဲ့နေရာမှာ၊ ဆွဲဆောင်မှုရှိတဲ့နေရာမှာ၊ အသွင်းအထုတ်နေရာမှာရော သီချင်းဆိုတဲ့ နေရာမှာပါ ပြိုင်ဘက်ကင်းပဲ…ငါက အိပ်ယာပေါ်မှာ အကုန်လုပ်နိုင်တယ်…မင်း တွေးတောင် မတွေးမိတဲ့ အရာတွေကို ငါ လုပ်နိုင်တယ်”

…..

ယဲ့ဖန်စကားကြောင့် ပိုင်ယီ လုံးဝ ကြက်သေ သေသွားသည်။

ယဲ့ဖန်၏ အရှက်မရှိသောမျက်နှာကို ကြည့်ရင်း ပိုင်ယီ့မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

**သေလိုက်လေ…ဒီက မိန်းမလှလေးက ရှင့်ကို အကြွေး ပြန်ဆပ်စေချင်တာရှင့်…ကျွန်မနဲ့ အိပ်ခိုင်းတာမှ မဟုတ်တာ**

**သူတောင်းစား …သေနာကြီး**

ပုံစံပေါင်း ၁,၈၈၈ ပုံစံနဲ့ နေရာပေါင်း ၇၂၀ ဆိုသည့် စကားကို သူမ ပြန်ကြားယောင်မိပြီး သူမမျက်နှာလေးသည် ပန်းသီးတစ်လုံးသဖွယ် နီရဲတက်သွားသည်။

သူမသည် အခြားကျောင်းသားများ၏ မျက်လုံးတွင် နတ်ဘုရားမလေး သဖွယ် ဖြစ်ကာ သူမစကားကို နားထောင်၍ ချစ်မြတ်နိုးခြင်း ခံရသည်သာ ဖြစ်သည်။ မည်သူမျှ သူမအား ကြမ်းကြမ်းတမ်းတမ်း မပြောရဲပေ။

သို့သော် ဒီခွေးကောင်ကတော့ သူမအား အရှက်မရှိ ရိသဲ့သဲ့ပြောနေလေသည်။ ထိုသည်သာမကသေး ယဲ့ဖန်က သူမအား မဖွယ်မရာအပြုံးမျိုး ပြုံးပြ၍ ထပ်ပြောလိုက်သည်က

“ကောင်းပြီလေ…မင်းက ငါ့ကို ကူညီထားတာဆိုတော့ ငါ မင်းကို လက်ထပ်ဖို့ အဆင့်သင့်ပါပဲ..ဒါပေမယ့် မင်း ငါ့ကို အသားယူထားတာကို ဘယ်လို အလျော်ပြန်ပေးမှာလဲ”

*ဘာ*

*ငါက သူ့ကို အသားယူတယ်? *

ပိုင်ယီ စိတ်ထဲတွေဝေသွားသည်။ ယဲ့ဖန် ဘာကိုဆိုလိုသည်ကို သတိထားမိပြီးနောက် သူမ ရှက်သွားသလို ဒေါသလည်း ထွက်သွားရသည်။

“ရှင် …ရှင် တော်တော် အရှက်မရှိတာပဲ…ကျွန်မ ဘယ်တုန်းက ရှင့်ကို အသားယူမိလို့လဲ”

သူ့အား အကျပ်အတည်း ကြားတည်းမှ သူမ ကယ်ထုတ်လာခဲ့တာတောင်မှ သူက သူမအား စွပ်စွဲပြောဆိုလိမ့်မည်ဟု ပိုင်ယီ ထင်မထားခဲ့ပေ။

တော်တော် အရှက်မဲ့တဲ့ကောင်…

သို့သော် ယဲ့ဖန်သည် သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးထက်မှ သုန်မှုန်ကာ ဒေါသထွက်နေသော အမူအရာအား သတိထားမိဟန် မရပေ။ သူမကို ကြည့်ရတာ စိတ်ဆိုးနေသော ဇနီးသည်လေးနှင့် တူလှသည်။

“စဉ်းစားကြည့်စမ်းပါ … ဒီလောက် ဖြူစင်ပြီး ခန့်ညားချောမောတဲ့ သခင်လေးကို မိန်းကလေးတွေက သဘောကျပြီး ဆွဲဆောင်ကြမှာလေ…မင်းက ငါ့ချစ်သူ ဟန်ဆောင်လိုက်တာက ငါ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲလေ … ကျောင်းရဲ့မင်းသားလေး ငါက ချစ်သူရသွားပြီလို့ အားလုံးက အထင်လွဲကြတော့မှာပေါ့ …. ငါ ဇနီးမယား မရတော့ရင် ဘယ်လိုလုပ်မလဲ … ငါ ကလေး မရတော့ရင်ရော ဘယ်လိုလုပ်မလဲ … ငါ့ဘဝ တစ်လျောက်လုံး တစ်ယောက်တည်း အထီးကျန်သွားရင် ဘယ်လိုလုပ်မလဲ…”

….

ယဲ့ဖန်ရဲ့ ဖြေရှင်းချက်ကို ကြားပြီးနောက် ပိုင်ယီတစ်ယောက် ငေးကြောင်ကြောင် ဖြစ်သွားကာ လဲကျမလိုပင် ဖြစ်သွားရသည်။

**သေလိုက်ပါတော့**

**ငါ ဒီလောက် အရှက်မရှိတဲ့သူကို တစ်ခါမှ မမြင်ဖူးသေးဘူး**

**ရှင်က ဖြူစင်ပြီး ခန့်ညား ချောမောတယ်? *

*ကျောင်းရဲ့မင်းသားလေး ရှင်က ချစ်သူရသွားပြီလို့ အားလုံးက အထင်လွဲကြတော့မယ်*

*လဲသေလိုက်ပါလား*

ပိုင်ယီ သည်းမခံနိုင်ဆုံး အရာကတော့ သူမကြောင့် သူ မိန်းမကော ကလေးပါ မရနိုင်တော့ဟု ပြောခြင်းပင် ဖြစ်သည်။

**ရှင် ဒီလောက် အရှက်မရှိတာ ရှင့်အမေရော သိရဲ့လား**

သို့သော် ဒါက အစပင် ရှိသေးသည်။ ထိုသို့ ပြောပြီး ယဲ့ဖန်သည် တည်ကြည်လေးနက်သော မျက်နှာထားနှင့် တစ်စုံတစ်ခုကို ရေတွက်နေသလိုမျိုး လက်တွေကို ချိုး၍ တွက်နေသည်။

“အသေးစိတ် ပြောရမယ်ဆိုရင် မင်း ငါ့ကို နာမည်ပျက်စေတဲ့အတွက် လျော်ကြေး ၃၈၈ ယွမ် ၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ဆုံးရှုံးစေတဲ့အတွက် လျော်ကြေး ၂၃၄ ယွမ် ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အတွက် လျော်ကြေး ၂၂၆ ယွမ် ၊ တစ်ခြား မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့် မရတော့တဲ့အတွက် လျော်ကြေး ၁၇၈ ယွမ် ၊ ကလေး ယူခွင့် မရတော့တဲ့အတွက် လျော်ကြေး ၃၉၂ ယွမ် ၊ လူပျိုရည် ပျက်စီးစေတဲ့အတွက် လျော်ကြေး ၄၁၆ ယွမ် ပေးသင့်တယ်”

ယဲ့ဖန်၏ မြောက်မြားစွာသော လျော်ကြေး အတွက်အချက်များကြောင့် ပိုင်ယီ ခေါင်းပေါက်ထွက်တော့မတတ် ခံစားလိုက်ရသည်။

“တော်လိုက်တော့… ကောင်းပြီလေ… ယဲ့ဖန် နင်က တစ်ခုခုတော့ တစ်ခုခုပဲ…”

ဒေါသထွက်နေသော ခြင်္သေ့ပျိုမလေးလို ပိုင်ယီသည် ယဲ့ဖန်အား မျက်နှာနီနီနှင့် ပြောလိုက်သည်။

“လိုရင်းကိုပြော… ငါ နင့်ကို ဘယ်လောက် ပေးရမလဲ”

“အာ…စုစုပေါင်း ၁၉၃၈.၈၇ ယွမ်” ဟု ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။

သကောင့်သား၏ ဒဿမ နှစ်နေရာထိ တွက်ကာ ပြောလိုက်သည့်စကားကြောင့် ပိုင်ယီ သူ့အား စိတ်ထဲ ကျိတ်၍ ကျိန်ဆဲမိသည်။

သူမ၏ ပန်းရောင် ပိုက်ဆံအိတ်လေးအား ထုတ်ကာ အထဲမှ ပိုက်ဆံကို ထုတ်ပြီး ယဲ့ဖန်၏ မျက်နှာကို ပစ်ပေါက်၍ ပေးလိုက်သည်။

တရှဲရှဲအသံမြည်ကာ အနီရောင် ပိုက်ဆံရွက်များက ယဲ့ဖန်နား၌ ပျံဝဲသွားသည်။

သို့သော် ယဲ့ဖန်က ဘာမှမဖြစ်သလိုပင် ပိုက်ဆံတွေကို တစ်ရွက်ပြီးတစ်ရွက် လိုက်ကောက်လေသည်။ အကုန်ကောက်လို့ပြီးသွားသောအခါ သူသည် ရွာတွေမှာ အကြွေးလိုက်ကောက်သည့် ပေါက်ဖော်ကြီးတွေလို လက်ကို တံတွေးစွက်ကာ ပိုက်ဆံကို တစ်ရွက်ချင်းစီ ရေတွက်လိုက်သည်။

ထို့နောက် အရှက်မရှိ ပြုံးကာ ” ယွမ် ၂၀၀၀” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီး ယဲ့ဖန်သည် လက်တစ်ဘက် အပြည့် အကြွေတွေထုတ်ကာ

“ဒီမှာ ပိုတဲ့ အကြွေ ပြန်ယူ.. ၆၁ ယွမ် ၊ ၁ ကျောင်း နဲ့ ၃ ဆင့်”

ပိုင်ယီတစ်ယောက် ဆွံ့အလို့သွားသည်။ သူမ ယဲ့ဖန်လက်ထဲမှ ၁ ကျောင်း နဲ့ ၃ ဆင့် အကြွေစေ့ကိုတောင်မှ မြင်လိုက်သေးသည်။

“ရှင်… ရှင် တော်တော်လွန်လာပြီနော်”

ပိုင်ယီ ဒေါသူပုန် ထသွားသည်။ ယဲ့ဖန်လက်ထဲမှ အကြွေစေ့ကို လုယူကာ ယဲ့ဖန်မျက်နှာကို အားနှင့် ကောက်ပေါက်လိုက်သည်။ ထို့နောက် သူမ လှည့်ထွက်သွားသည်။

သူမ ထွက်သွားတာကို ကြည့်ရင်း ယဲ့ဖန် ခေါင်းကို ခါကာ သက်ပြင်းကို လေးကန်စွာ ချလိုက်သည်။
သူ တိုးတိုးလေး ပြောလိုက်သည်က

“လက်ဖွာလိုက်တာကွာ… ၆၂ ယွမ် တောင် ပိုနေသေးတယ်… ဒါက ငါ ယုဖေးနဲ့ အနေအထား ဆယ်မျိုးတောင် ရှာဖွေလို့ ရသေးတယ်”

ဘုန်း!!!

ခပ်လှမ်းလှမ်းမှာ ရှိနေသော ပိုင်ယီတစ်ယောက် မြေကြီးပေါ် လဲကျသွားသည်။ သူမ ရှိးတိုးရှန့်တန့်နှင့် ထကာ ကျိတ်၍ကျိန်ဆဲရင်း ခပ်သုပ်သုပ် ပြေးသွားသည်။

ခြေလှမ်း အနည်းငယ်မျှလှမ်းပြီးနောက် သူမ ရပ်လိုက်ကာ မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ပြောလိုက်မိသည်။

“မဟုတ်သေးပါဘူး… ဒီလူ တမင် လုပ်နေတာပဲ”

ရုတ်တရက် သူမ တစ်စုံတစ်ရာကို သတိရလိုက်မိသည်။

**ပြီးခဲ့တဲ့ သုံးရက်လုံး ကျန်းရှီမြို့နားက မြစ်တွေထဲက သတ္တဝါတွေ အကုန်သေကုန်တယ်…ဒါ ဒီလူနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်… ပြီးတော့ ဒီလူက ငါ့အဖိုးကို သေတော့မယ်လို့ ပြောသွားသေးတယ် … အစတုန်းက ငါ သူ့ကို အဲ့ကိစ္စမေးမလို့ကို ဒါပေမယ့်…**

သေချာနှံစပ်စွာ တွေးတောပြီးနောက် ပိုင်ယီ တုန်လှုပ်သွားသည်။ သူမ ယဲ့ဖန်အား သူမက သူ၏ ချစ်သူဟု ပြောကာ ပိုင်မိသားစု၏ အာဏာကို သုံးပြီး သူ့အား အကျပ်အတည်းကြားထဲမှ ကယ်ထုတ်လာခဲ့သည်။

ကျန်းရှီမြို့နားမှ မြစ်များအတွင်း၌ သတ္တဝါများ သေဆုံးသွားခြင်းသည် ယဲ့ဖန်နှင့် ပတ်သက်နေလိမ့်မည်ဟု သူမအဖိုးက သံသယရှိနေသည်။ ထို့အပြင် ဒီလူက သူမအဖိုးကို သေတော့မှာဟု ပြောသွားသေးသည်။

ထို့ကြောင့် ပိုင်ယီ ယဲ့ဖန်နား ချဉ်းကပ်ကာ လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ မထင်မှတ်ထားလောက်အောင်ပင် သူမ၏ အကြံအစည်က ယဲ့ဖန်လက်အောက် ကျရှုံးသွားခဲ့ရသည်။

**သူက ငါ့ကို ဒီလို အရှက်မရှိတဲ့နည်းကို သုံးပြီး အဝေးကို တွန်းထုတ်တယ်ပေါ့…ဒါဆို သူက ငါ့ ရည်ရွယ်ချက်ကို သိနေခဲ့တာလား**

သူမ ထိုသို့ တွေးလိုက်မိသောအခါ သူမ တောင့်ခနဲ ဖြစ်သွားသည်။ ဒီလိုသာဆို သူက တော်တော်လေး ပါးရည်နပ်ရည် ရှိတာပဲ။ ထိုကဲ့သို့ တွေးလိုက်ပြီး ပိုင်ယီ အစောပိုင်းတုန်းက ယဲ့ဖန်နှင့် ရပ်ခဲ့သည့်နေရာသို့ ခပ်မြန်မြန် ပြန်သွားသော်လည်း ထိုနေရာ၌ မည်သူမျှ ရှိမနေတော့။

ပိုက်ဆံ ယွမ် ၂၀၀၀ လုံး မြေကြီးပေါ်၌ အမှိုက်သဖွယ် ပြန့်ကျဲနေသည်။

ထိုမြင်ကွင်းကြောင့် ပိုင်ယီ့မျက်နှာ တော်တော်လေး ဖြူစုတ်သွားသည်။ ယဲ့ဖန်က ပိုက်ဆံမရှိသည့်သူ မဟုတ်တာကို သူမ ပြန်အမှတ်ရမိသွားသည်။ သူက တမင် သူမနဲ့ ဝေးဝေးမှာ နေချင်လို့ တမင် ရွာတွေမှာ အကြွေးလိုက်ကောက်သည့် ပေါက်ဖော်ကြီးတွေလို ဟန်ဆောင်ကာ သူ့အား သူမ ရွံရှာစက်ဆုပ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

“ဒီလူကတော့လေ….”ပိုင်ယီ ခါးသက်စွာ ပြုံးလိုက်မိရင်း ယဲ့ဖန်အပေါ် ပို၍ သိချင်စိတ် ပြင်းပြလာသည်။

“ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး… ကျွန်မ ရှင့်အကြောင်းနဲ့ ရှင့်လျှို့ဝှက်ချက်ကို သိကိုသိရမှဖြစ်မယ်”


Comment

Leave a Reply

Options

not work with dark mode
Reset