Switch Mode

Chapter 6

ယဲ့ဖန်က ငါ့ရည်းစား

တစ်ကြိမ်ကို ၆၈ယွမ်၊ ၁ ကျောင်း နဲ့ ၈ ဆင့်!

ပုံစံတစ်မျိုးကို ၆.၈၁၈ ယွမ်!

ဒီစကားတွေကို ကြားပြီးနောက် ကျုံးချမ်း တကယ်ကို သွေးအန်တော့သလို ကောင်းကင်နှင့် မြေကြီးတို့ ချာချာလည်နေသလို ခံစားလိုက်ရတော့သည်။

**အဲ့လို ပစ္စည်းမျိုးကို ငါ သူ့ဆီက ဝယ်မိတာလား**

**ပြီးတော့ အဲ့ပစ္စည်းက နည်းနည်း ညစ်ပတ်နေသေးတယ်**

ထို့အပြင် သူ ယုဖေးအတွက် ယွမ် ၂၀,၀၀၀ နှင့်အထက် ဝယ်ပေးပြီးတာတောင်မှ သူမကို မဘုရသေးတာကို သူ သတိရလိုက်သည်။ သူ့နှာခေါင်းပေါက်ကနေ ပါးစပ်ထောင့်အထိ သွေးများ ယိုစီးကျလာသည်။

**သေစမ်း…ဒီမိန်းမ ငါ့ကို အရူးလုပ်နေတာပဲ**

ယဲ့ဖန် အသေးစိတ် ရှင်းလင်းပြောဆိုတာကို ကြားပြီး ကျုံးချမ်း အော်ငိုမိမတတ် ဖြစ်သွားရသည်။
နောက်ထပ် သွေးမျက်ရည်ကျမတတ် ဖြစ်နေသည့်သူကတော့ ယုဖေးပင်။

“ယဲ့ဖန်…ခွေးသူတောင်းစား…အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”

ယုဖေး ဒေါသူပုန်ထလျက် ဒီငကြောက်ကောင်ပဲ အခုလို စိတ်ကြီးဝင်ကာ အထက်စီးဆန်စွာ ပြုမူပြောဆိုတတ်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ထိုသည်သာမကသေး ဤခွေးကောင်က သူမအား ပြည့်တန်ဆာနှင့် နှိုင်းကာ ဈေးသက်သာသည်ဟု ဆိုခဲ့သေးသည်။
တစ်ကြိမ်ကို ၆၈ ယွမ် ဆိုသည့် စကားကို ပြန်ကြားယောင်မိတိုင်း ယုဖေး မကျေမနပ်ဖြစ်ကာ အံကို ကြိတ်၍ သူမ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။

သို့သော်လည်း သူမ၏ မုန်းတီးသည့်အကြည့်ကို ကြည့်ရင်း ယဲ့ဖန် ပခုံးတွန့်ကာ လေးလံစွာ သက်ပြင်းချလိုက်ပြီး

“ယုဖေး နင် ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူးဟ၊ ငါတို့နှစ်ယောက် အရင်တုန်းက အမှတ်တရကောင်းတွေကို ငါ အမြဲမှတ်ထားမှာပါ၊ တစ်ကြိမ် ပြီးတိုင်း ငါ မင်းကို ၁ ဘီလီယံထက် ပိုပြီး ပေးချင်ခဲ့သေးတာ၊ ၂၆၄ ကြိမ်ဆိုတော့ နင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိန်းကလေးတောင် ဖြစ်နေလောက်ပြီ”

ယဲ့ဖန် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ပြောလိုက်သည်။

ဖွီ…

**တစ်ကြိမ်ပြီးတိုင်း ၁ ဘီလီယံထက်ပိုပြီးပေးချင်တယ်**

**ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိန်းကလေး**

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ သူများအားလုံး ဝါးလုံးကွဲမတတ် ရယ်မောကြလေတော့သည်။ ကျုံးချမ်း နောက်တစ်ခါ သွေးအန်ပြန်သည်။

**ခွေးကောင်…ခွေးကောင်…ခွေးကောင်**

ယဲ့ဖန်၏ အရှက်မရှိသော စကားများကြောင့် ကျုံးချမ်း ဒေါသထွက်လာကာ မျက်လုံးကလည်း သွေးဆာနေပြီ ပေါက်သွားသည်။

အားလုံး အနိုင်ကျင့်လို့ ရသော ငကြောက်ကောင်က ကောက်ကျစ်သော ဝံပုလွေ အဖြစ်သို့ ပြောင်းသွားလိမ့်မည်ဟု ထင်မထားခဲ့သည့်အပြင် သူက သူ၏ပြိုင်ဘက်များကို အရှက်ရအောင် လုပ်နိုင်စွမ်း ရှိလာပြန်သည်။

ထိုသို့တွေးလိုက်မိပြီး ကျုံးချမ်းမျက်လုံးတွင် အမုန်းတရားတို့နှင့် ပြည့်နှက်လာပြီး သူ ပြောလိုက်သည်က

“ဟွန်း….ခွေးကောင်… မင်းက တော်တော် အပြောကြီးတာပဲ၊ အဲ့ဒီတော့ ဘာဖြစ်လဲ၊ ယုဖေးက အခု ငါ့ကို သိပ်ချစ်တာ၊ မင်းကကျတော့ရော…”

ကျုံးချမ်းက အလွန် အထက်စီးဆန်စွာ လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်ပြီး

“မင်းက ဘာမှသုံးစားမရတဲ့ တရားမဝင်သားပဲလေ၊ မင်းလို အမှိုက်ကို ဘယ်သူမှ မကြိုက်ဘူး၊ မင်းလိုလူမျိုးက ယုဖေးကို ငါနဲ့ ယှဥ်လုရအောင် အဆင့်မှီလို့လား”

ကျုံးချမ်း၏ အသံက ရေခဲတမျှ အေးစက်ကာ ရိုင်းပျသည်။ ကျုံးချမ်း ပြန်ပြောလိုက်သည်စကားကို ကြားရသောအခါ ယုဖေးသည် မတူမတန်သောအပြုံးမျိုး ပြုံးလိုက်ပြီး

“ဟွန့်…ယဲ့ဖန်…အရင်တုန်းက ငါ ကန်းနေခဲ့လို့ပဲ ဖြစ်မယ်၊ အရင်တုန်းက ငါ ဘာလို့ နင့်ကို သဘောကျခဲ့မိတာပါလိမ့်၊ နားထောင်..နင် ဘယ်တော့မှ ချစ်သူ ရလာမှာမဟုတ်ဘူး၊ နင့်လို အမှိုက်မျိုးက ဘယ်သူနဲ့မှ တွဲဖို့ ကံမပါဘူး”

ကျုံးချမ်းနှင့် ယုဖေးတို့သည် လူတစ်ဘက်သားကို မှိုချိုးမျှစ်ချိုး ပြောသည့်နေရာ၌ အလွန် တော်ကြသည်။ ထိုစကားကို ကြားပြီးနောက် အနီးအနားရှိ သူများအားလုံး ကြက်သေသေသွားသည်။

ယဲ့ဖန် သူတို့နှစ်ယောက်နှင့် ရန်ဖက်ဖြစ်ရန် စိတ်မပါသော်ငြားလည်း ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထိုအချိန်မှာပင် ကျောက်စိမ်းပုတီးစေ့လေးတွေ ပန်းကန်ပြားထဲ ကျသွားသလို အသံမျိုးလေး ထွက်ပေါ်လာသည်။

“ဘယ်သူမှ သူနဲ့ မတွဲချင်ဘူးလို့ ဘယ်သူ ပြောလိုက်တာလဲ”

**ဟင်**

ထိုအသံလေးက အလွန်သာယာ ချိုမြိန်လှကာ အနီးရှိ သူများအားလုံးအား နွေဦး၌ လေပြေလေညှင်းက သူတို့၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။

အနီးပတ်ဝန်းကျင်ရှိ ကျောင်းသား၊ကျောင်းသူများ၏ ထိတ်လန့်အံ့ဩနေသော အကြည့်များ အောက်မှာပင် အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးက ယဲ့ဖန်ဆီသို့ လှမ်းလာသည်။

“နင်တို့ အတွေးလွန်နေတာလဲ…ယဲ့ဖန်က ငါ့ရည်းစား”

ယဲ့ဖန်ဘေးသို့ ရောက်သည်နှင့် မိန်းမလှလေးသည် ချက်ချင်းပင် ယဲ့ဖန်လက်နောက်ကို ကိုင်ကာ အားလုံးကြားအောင် အော်ပြောလိုက်သည်။

ဘာ!!

သူမစကားကို ကြားလိုက်ရသည့်သူအားလုံး မှင်တက်မိသွားသည်။ အထူးသဖြင့် သူမမျက်နှာကို မှတ်မိသွားပြီးနောက် လူအုပ်ကြားထဲ မိုးကြိုးပစ်ချလိုက်သလို ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

…..

တစ်ခဏအတွင်းမှာပဲ လူအုပ်ကြီးတစ်ခုလုံး ပွက်လောရိုက်သွား၏။ အားလုံး၏ မျက်နှာတွင် မယုံနိုင်သည့်အကြည့်များ ဖြစ်ပေါ်နေသည်။

“ပိုင်… ပိုင်ယီ …သူမ … သူမက ပိုင်ယီပဲ”

“ဘုရားရေ…သူမက ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းရဲ့ အလှနတ်ဘုရားမလေးပဲ၊ ဒါ … ဒါပေမဲ့ … သူမက ဘယ်တုန်းက ယဲ့ဖန်ရဲ့ ရည်းစားဖြစ်သွားတာလဲ၊ ဒါ…ဒါ မဖြစ်နိုင်ဘူး …”

“ရူးနေတာ၊ ဒါ ရူးနေလို့ပဲဖြစ်ရမယ်။ ကျောင်းရဲ့ အလှနတ်ဘုရားမလေးက နံပါတ်တစ်အမှိုက်ကောင်ရဲ့ ကောင်မလေး၊ ဒါ စောက်ရမ်းကို အဓိပ္ပာယ်မရှိဘူး”

“ဘုရားရေ…ငါ့ရဲ့ နတ်ဘုရားမလေး …သူမ ရည်းစားရသွားပြီ၊ သူမရည်းစားက နံပါတ်တစ်အမှိုက်ကောင်၊ ငါ့နှလုံးသားလေး…ငါ့အသည်းတွေတော့ ကွဲပါပြီကွာ”

ခဏလေးအတွင်းမှာပဲ လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ရှိနေသည့်သူများအားလုံး သရဲကို မြင်လိုက်ရသည့်အလား ထိတ်လန့်နေကြသည်။

အရင်တုန်းကဆိုရင်တော့ ပိုင်ယီက ယဲ့ဖန်၏ ရည်းစားဟု ပြောလိုက် သူတို့ ယုံကြလိမ့်မည်မဟုတ်ပေ။ အခုတော့ ပိုင်ယီကိုယ်တိုင်က ပြောလာတာဖြစ်သည့်အတွက် သူတို့ မယုံချင်လည်း ယုံရတော့မည်။

ကျုံးချမ်းနှင့် ယုဖေးတို့သည်လည်း ကြက်သေ သေနေကြသည်။ ကျုံးချမ်း၏မျက်နှာသည် စက္ကူဖြူအလား ဖြူစွတ်နေကာ ခပ်တိုးတိုး ရေရွတ်နေသည်က

“မ..မဖြစ်နိုင်ဘူး…ဘယ်လိုလုပ်ပြီး ပိုင်ယီက ဒီသုံးစားမရတဲ့ တရားမဝင်သားကို ချစ်နေရတာလဲ၊ ငါ ရူးနေလို့ပဲ ဖြစ်ရမယ်၊ မဖြစ်နိုင်လိုက်တာ”

ပိုင်ယီသည် ကျောင်းရှိ ယောက်ျားလေးများအားလုံး စိတ်ကူးယဥ်နေရသည့်သူ ဖြစ်သည်။ ကျုံးချမ်းတောင်မှ သူမကို သုံးနှစ်တိတိ တစ်ဖက်သတ်ချစ်ခဲ့မိသေးသည်။ သို့သော် သူမ၏ အကြောင်းနှင့် ပိုင်မိသားစု၏ ကြောက်မက်ဖွယ်ကောင်းသော အာဏာတို့ကို သိရှိပြီးနောက် သူမအား သူ့နှလုံးသားထဲ ဆက်၍မထားရဲတော့ပေ။

သို့သော် သူ၏ နတ်ဘုရားမလေး ပိုင်ယီက ယဲ့ဖန်လက်မောင်းကို ကိုင်ကာ သူမ၏ ချစ်သူပါဟု အများသိအောင် ကြေညာနေသေးသည်။ ဤသည်က ကျုံးချမ်းအား အလဲထိုးလိုက်သလို ခံစားလိုက်ရသည်။

ယုဖေးသည် မြေကြီးပေါ် လဲကျကာ မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ပိုင်ယီသည် ကျောင်းသူမိန်းကလေးတိုင်း စံနမူနာထားသည့် သူဖြစ်သည်။ ယုဖေးတောင်မှ ပိုင်ယီနှင့် ယှဥ်ရပ်လျင် ဘဲရုပ်ဆိုးမလို ရုပ်ဆိုးနေမည်ကို ဝန်ခံရပေမည်။

မယုံနိုင်လောက်အောင်ပင် သူမ စွန့်ပစ်လိုက်သည့် ခွေးသူတောင်းစားက သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်သည့် ပိုင်ယီ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။

ဒါ…ဒါ လုံးဝကို အဓိပ္ပာယ်မရှိပေ။

လူအုပ်ကြီးသာမက ယဲ့ဖန်ပင် တစ်ခဏမျှ မှင်တက်မိသွားသည်။ သူသည် ဘေးသို့လှည့်ကာ ပိုင်းယီအား ထူးဆန်းနေသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူတို့ တစ်ကြိမ်သာ ဆုံဖူးသော်လည်း ပိုင်ယီက သူ့အား ဤအကျပ်အတည်းမှ ဝင်ကယ်ကာ သူ၏ချစ်သူပါဟု အများအား ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

**သူမ ဘယ်လို လှည့်ကွက်မျိုး ကစားနေတာပါလိမ့်**

ယဲ့ဖန် ပိုင်ယီအား မျက်စိကိုမှေး၍ ဂရုတစိုက် ကြည့်နေသည်။ သို့သော် ပိုင်ယီက သူ့အား ဖြူစင်စွာ ပြုံးပြသည်။ ထို့နောက် သူမက ကျုံးချမ်းနှင့် ယုဖေးတို့ဘက် လှည့်ကာ အထက်စီးဆန်စွာ ပြောလိုက်သည်။

“နင်တို့နှစ်ယောက် ကျေနပ်ပြီလား၊ နားထောင်..ယဲ့ဖန်က ငါ့ချစ်သူ၊ သူ့ကို အနိုင်ကျင့်တဲ့ ငါနဲ့ ပိုင်ကလန်ကို အနိုင်ကျင့်တာနဲ့ အတူတူပဲ”

ပိုင်ကလန်!!

ထိုစကားကြောင့် ကျုံးချမ်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ပိုင်ကလန်၏ ဩဇာလွှမ်းမိုးမှုကို သူ ရှင်းရှင်းလင်းလင်းကြီးကို သိထားသည်။ သို့သော် ပိုင်ယီက ပိုင်ကလန်ကို ဒိုင်းသဖွယ် အသုံးချပြီး ယဲ့ဖန်ကို ကာကွယ်ပေးလိမ့်မည်ဟု သူ ထင်မထားခဲ့မိ။

**သေစမ်း…ပိုင်ယီက တကယ်ပဲ ယဲ့ဖန်ရဲ့ ကောင်မလေးလား**

သူ မနာလိုစွာဖြင့် အံကိုကြိတ်ထားသော်လည်း ကြောက်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်ရသည်။ သူ ပိုင်ယီကိုတော့ အာမခံရဲပေ။

သူမ၏ ဩဇာသက်ရောက်မှုကို သတိထားမိပြီးနောက် ပိုင်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်အား အားရပါးရ ပြုံးပြလိုက်ပြီး

“ဟန်နီ…အားလုံး ပြီးသွားပြီ..သွားကြရအောင်”

ထိုသို့ပြောပြီး ပိုင်ယီက ယဲ့ဖန်အား အဝေးသို့ ဆွဲခေါ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျုံးချမ်းအပါအဝင် ယောက်ျားသားများအားလုံး အသည်းကွဲလေတော့သည်။

ထိတ်ထိတ်ပျာပျာ ဖြစ်နေသော မျက်နှာဖြင့် ယုဖေးသည် ကျုံးချမ်းအား ကောင်းကောင်းမတ်တပ်ရပ်နိုင်အောင် အလျင်အမြန် ထိန်းပေးလိုက်သည်။

“အစ်ကိုကျုံး… ကျွန်မ …”

ဖြန်း!

ယုဖေး ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရသည်။

“ခွေးမ …. တစ်ခြားလူ သုံးထားပြီးသား တစ်ပတ်ရစ် ခွေးမ..”

ကျုံးချမ်းက သူမအား မုန်းတီးသည့်အကြည့်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။

**ဒါတွေအားလုံးက သူမအမှားပဲ … သူမကြောင့်သာ မဟုတ်ရင် ငါ ဒီလောက် အလှောင်ခံရမှာမဟုတ်ဘူး …သူများ သုံးထားပြီးသား တစ်ပတ်ရစ်ကို ကောက်တွဲနေတဲ့သူလို့တောင် လှောင်ပြောင်ခံရသေးတယ်**

**ပြီးတော့ ပိုင်ယီနဲ့ ယှဉ်ရင် ယုဖေးက သာမန်ပဲ…ငါ သူမကို ထပ်မမြင်ချင်တော့ဘူး**

သူ့စိတ်ကူးအိပ်မက်ထဲက နတ်ဘုရားမလေးက ယဲ့ဖန်လက်မောင်းကြား ခိုဝင်နေသည်ကို ပြန်မြင်ယောင်မိတိုင်း သူ အံကို တင်းတင်းကြိတ်ကာ သူ့မျက်နှာတွင် မုန်းတီးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

“ယဲ့ဖန်…မင်းက အရမ်းကို အံ့ဩစရာ ကောင်းနေပါလား .. ကြည့်ကြသေးတာပေါ့”


Comment

Leave a Reply

Options

not work with dark mode
Reset