Switch Mode

Chapter 5

ဒီပစ္စည်းက နည်းနည်းတော့ညစ်ပတ်နေပြီ

အဘိုးအို ထင်ထားသည့်အတိုင်းပင် မြစ်ထဲရှိ သတ္တဝါများ သေသွားရခြင်း၏ လက်သည်တရားခံမှာ ယဲ့ဖန်ပင်ဖြစ်သည်။

သေမင်းနတ်ဆိုး ဆုဒြာ..

နတ်ဆိုးဧကရာဇ်၏ အစွမ်းအထက်ဆုံး အရည်အချင်းဖြစ်ပြီး အရာအားလုံးကို သတ်ပစ်နိုင်စွမ်းရှိသည်။

“စိတ်မကောင်းစရာပဲ…ဒီရေသတ္တဝါတွေရဲ့ စိတ်ဝိညာဥ်က နည်းပါးလွန်းတယ်…မြစ်ထဲက စိတ်ဝိညာဥ်တွေကို အကုန်စုပ်ယူပြီးတာတောင်မှ ငါ့ကိုယ်ငါ ကာကွယ်ဖို့ ခွန်အား နည်းနည်းပဲရသေးတယ်”

“ငါ နည်းနည်းအရှိန်မြှင့်မှနဲ့တူတယ်”

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးနောက် ယဲ့ဖန် သက်ပြင်းရှည်ချကာ နောက်ထပ်မြစ်တစ်စင်းထဲသို့ ဆင်းလိုက်သည်။

….

သုံးရက်ကြာပြီးနောက်

မနက်ခင်း၌ လူတစ်ယောက် ဝေ့ရှီမြစ်ထဲမှ တက်လာသည်။ ဖိုသီဖတ်သီဆံပင်၊မျက်နှာတို့နှင့်အတူ ယဲ့ဖန်၏ အဝတ်အစားများ စိုရွှဲနေသည်။

သူ မြစ်ထဲမှ တက်လာသည်နှင့် မြူများသည် သူ့ဘေးတစ်ဝိုက်တွင် ဘွားခနဲ ပေါ်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏စိုရွှဲနေသောအဝတ်အစားများသည် ထူးဆန်းစွာ ခြောက်သွေ့သွား၏။

“သုံးရက်တောင်ရှိသွားပြီပဲ…ငါ ဒီဒေသမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ…ပြန်ဖို့သင့်နေပြီပဲ …”

သူ့ထံတွင် အရင်နတ်ဆိုးဧကရာဇ်ဘဝမှတ်ဥာဏ်များအပြင် ယခုဘဝ ဒီခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များပါ ရှိနေသည်။

သူ့အတွက် လုပ်စရာကိစ္စအချို့ ရှိနေသလို သတ်ရမည့်သူ အချို့လည်း ရှိသည်။ ထို့နောက် ကျန်းရှီမြို့ ဘက်သို့ သူ ထွက်လာခဲ့သည်။

ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း အပေါက်ဝသို့ သူ ရောက်ရန် မိနစ် ၂၀ခန့် ကြာမြင့်သည်။ ကျောင်းပေါက်ဝရှိ ကျောင်းသားကျောင်းသူများသည် ယဲ့ဖန်အား ကပ်ရောဂါအလား အဝေးသို့ ဖယ်ရှောင်သွားကြသည်။ ထို့အပြင် သူတို့ မျက်လုံးများတွင် လှောင်ရိပ်များ သန်းနေသေးသည်။

ထိုသည်သာမကသေး သူတို့မျက်လုံးထဲတွင် သူ့အား ရယ်စရာသတ္တဝါလို သတ်မှတ်ကာ ရွဲ့တဲ့တဲ့ ပြောနေကြသည်ကို ယဲ့ဖန် ကြားသည်။

ဒီအဖြစ်အပျက်ကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ အရင်ခန္ဓာကိုယ်ပိုင်ရှင်က လူအများကြား နာမည်မကြီးသည်ကို သူ သိသော်လည်း သူ့နာမည်ဂုဏ်သတင်းက ဒီလောက်ဆိုးရွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့ပင်မယ့်လည်း ယဲ့ဖန် သူတို့အား လျစ်လျူရှုကာ ကျောင်းပေါက်ဝလို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

“ဟိုး … ဒါ ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဌနဲ့ အိပ်ခဲ့တဲ့ ယဲ့ဖန်ဆိုတဲ့ကောင်မလား၊ သုံးရက်တောင် ပျောက်နေပြီးမှ အခု ပြန်ပေါ်လာရဲတယ်ပေါ့..”

ထိုကဲ့သို့ စကားသံကြောင့် ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်သွားသည်။ နောက်လို့ လှည့်ကြည့်လိုက်သောအခါ လူငယ်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် လက်ချင်းတွဲ၍ ယဲ့ဖန်ဆီသို့ လှမ်းလာနေကြသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးသည် အရပ်ရှည်ကာ ရုပ်ချောသည်။ jacket အင်္ကျီနှင့် အဖြူရောင် ဘောင်းဘီရှည်ကို ဝတ်ထားသည့်သူကား အထင်ကြီးလောက်စရာပင်။ သို့သော် သူ၏မျက်လုံးများက တြိဂံနှင့် အလားသဏ္ဍာန်တူကာ မြွေပွေးကဲ့သို့ ရက်စက်ယုတ်မာပုံ ရသည်။

မိန်းကလေးကမူ လှပပြီး အရပ်ရှည်သလို ကလူမြှူစွယ်တတ်ပုံ ရသည်။

သူမက ယဲ့ဖန်အား စူးစိုက်ကြည့်နေသေးသည် ထို့နောက် သူမက အရပ်ရှည်ရှည်နှင့် ကောင်လေး၏ လက်ကို ကိုင်လိုက်ပြီး ယဲ့ဖန်အား မတူသလိုမတန်သလို အကြည့်ဖြင့် ပြန်ကြည့်၏။

ကျုံးချမ်း! ယုဖေး!

ထိုနှစ်ယောက်ကို မြင်မြင်ချင်းမှာပဲ ယဲ့ဖန် သူတို့၏နာမည်ကို မှတ်မိသွားကာ မျက်လုံးကို မှေး၍ ကြည့်နေလိုက်သည်။
အရင်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ ယုဖေးဆိုသည့် မိန်းကလေးသည် ယဲ့ဖန်၏ ရည်းစားဟောင်း ဖြစ်သည့်အပြင် ကျုံးချမ်းနှင့် ရင်းနှီးပြီးနောက်မှ သူမ ယဲ့ဖန်နှင့် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

ယခင်ယဲ့ဖန်က ယုဖေးအား တော်တော်လေး စွဲလမ်းခဲ့သည်။ ဤကဲ့သို့ အဖြတ်ခံရပြီးနောက် သူ အရမ်း စိတ်ထိခိုက်ကာ အသည်းကွဲခဲ့ရသည်။

စိတ်မကောင်းစွာပင် ယခု ယဲ့ဖန်သည် ယခင်ကနှင့် လုံးဝမတူတော့ပေ။

“ဟီးဟီးဟီး… ယဲ့ဖန် …မင်း ပြန်လာရဲလိမ့်လို့ ငါ ထင်တောင်မထင်ထားမိဘူး…”

ကျုံးချမ်းက ယဲ့ဖန်၏ မျက်လုံးကို လှောင်ပြောင်သရော်ဟန်ဖြင့် တည့်တည့်စိုက်ကြည့်လိုက်သည်။

“အင်း…မင်းက ကျန်းရှီမြို့ရဲ့ ဆယ်လီပဲကွ၊ မင်းကို ကုန်းကလန်က မင်းကို လိုက်ရှာနေတယ်၊ ယဲ့ကလန်ကလည်း မင်းကို လိုက်ရှာနေတာပဲ။ ဟီးဟီး … မင်းတော့ ဒီတစ်ခါ ပွဲသိမ်းပြီပဲ”

ကျုံးချမ်းက အရမ်းပျော်နေဟန်ဖြင့် ပြောလိုက်သည်။ သူက ယဲ့ဖန်ကို လွှမ်းမိုးချုပ်ကိုင်ရသည်ကို သဘောကျသည်၊ ထို့ကြောင့်ပင် ယုဖေးကို ယဲ့ဖန်လက်မှ မရရအောင် လုယူခဲ့ခြင်းဖြစ်သည်။

ယဲ့ဖန် ဝမ်းနည်းနေတာ၊ အနိုင်ကျင့်ခံနေရတာကို မြင်ရသည့်အခါတိုင်း သူ သိပ်ကို စိတ်ကျေနပ်သလို ခံစားရသည်။
ကျုံးချမ်း၏အပြောကို နားထောင်ပြီးနောက် ယဲ့ဖန်သည် သူ့အား ပုရွက်ဆိတ်တစ်ကောင်အား ကြည့်သလို အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“မင်း ပြောလို့ပြီးပြီလား…ပြီးပြီဆိုရင် ငါ သွားတော့မယ်”

နတ်ဆိုးဘုရင်တစ်ယောက် ဖြစ်သည်နှင့်အညီ ယဲ့ဖန်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် ဖက်၍ရန်မဖြစ်တတ်ပေ။ ထို့ကြောင့် သူ ပြန်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

*အမ်*

ကျုံးချမ်းကော ယုဖေးပါ ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် မှင်တက်မိသွားသည်။ ယဲ့ဖန်သည် ယုန်လေးတစ်ကောင်လို ကြောက်တတ်သည့်အပြင် သူ့နှာခေါင်းကို လက်ညှိုးငေါက်ငေါက် ထိုး၍ ဆဲဆိုလျင်တောင်မှ ပြန်ခံမပြောရဲခဲ့သည်ကို သူတို့ အမှတ်ရလိုက်မိသည်။

သို့သော်လည်း ယခု ယဲ့ဖန်က သူတို့ကို လုံးဝ လျစ်လျူရှုထားသည်။ သူ လုံးဝကို ဘာမှမဖြစ်ခဲ့သလို နေခဲ့တာ။
သူက ကျုံးချမ်းကို ဘာမဟုတ်သည့်သူလို ဆက်ဆံခဲ့သည်။

ကျုံးချမ်းသည် ဒီတရားမဝင်သားက သူ့အား လုံးဝ လျစ်လျူရှုထားသည်ကို သတိပြုမိလိုက်သောအခါ သူ့မျက်နှာ မှုန်မှိုင်းသွားကာ ချက်ချင်းပင် ကြမ်းကြုတ်သည့်အသွင် ပြောင်းသွားသည်။ ချက်ချင်းပင် ယဲ့ဖန်ရှေ့ ပိတ်ရပ်ကာ ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟိုးဟိုး..ခွေးကောင်…မင်းကို အလာကြီးပါလား..ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ”

ကျုံးချမ်း အရမ်းကို ဒေါသထွက်နေသည်။ သို့သော် ယဲ့ဖန်က ကျုံးချမ်းအား အရူးတစ်ယောက်ကို ကြည့်နေသည့်ဟန်ဖြင့်သာ ကြည့်နေသည်။ ထို့နောက် ပခုံးတွန့်၍ ပြောလိုက်သည်က

“ငါ မင်းကို မသိချင်ယောင်ဆောင်နေတာ မဟုတ်ပါဘူး..ငါက ဒီအတိုင်း..”

ယဲ့ဖန် သရော်သည့် မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်က

“ငါက ဒီအတိုင်း ရူးကြောင်ကြောင် စကားတွေကို ကြားနေမကြလို့လေ”

ဘာကြီး?

ယဲ့ဖန် ပြန်ပြောလိုက်သည့် စကားက ကျုံးချမ်းနှင့် ယုဖေး အပါအဝင် အနီးတစ်ဝိုက်ရှိ လူများကို အံ့သြထိတ်လန့်သွားစေသည်။

ယုန်တစ်ကောင်လို ကြောက်တတ်သည့် ယဲ့ဖန်က ကျုံးချမ်းကို ဒီလို ပြန်ခံပြောလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့။

“ခွေးသူတောင်းစား … မင်း … မင်း ငါ့ကို ဒီလိုပြောရဲတယ်ပေါ့လေ …”

အလွန်အံ့သြကာ ဒေါသထွက်နေသည့် ကျုံးချမ်းသည် သူ နားကြားများမှားလေသလားဟုတောင် ထင်ခဲ့မိသည်။
ယုဖေးတောင်မှ ယဲ့ဖန်အား မျက်မှောင်ကြုတ်ကာ မတူမတန်စွာ ကြည့်နေသည်။

ယခင်တုန်းက သူမ ယဲ့ဖန်နှင့် တွဲခဲ့ရခြင်း အကြောင်းရင်းမှာ ယဲ့ဖန်သည် တရားမဝင်သား ဖြစ်သော်ငြားလည်း ယဲ့ကလန်မှ လစဉ်အသုံးစရိတ် ရရှိနေခြင်းကြောင့် ဖြစ်သည်။

ယဲ့ဖန်၏ အသုံးစရိတ်အားလုံးနီးပါးကို ယုဖေး ဖောဖောသီသီ သုံးပစ်လိုက်သည်။ ယဲ့ဖန်ထက် ချမ်းသာကြွယ်ဝသော ကျုံးချမ်းကို တွေ့သည့်အခါတွင် သူမသည် ယဲ့ဖန်အား ပစ်ကာ ကျုံးချမ်းကို သူမ၏ ချစ်သူအသစ်အဖြစ် ကောက်တွဲလိုက်ခြင်း ဖြစ်ပေသည်။

ဒီသုံးစားမရသောကောင်က သူမ၏ မစ္စတာမှန်ကန်ဖြောင့်မတ်သူကြီးအား ပြန်ခံပြောလိုက်သောကြောင့် ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ

“ယဲ့ဖန်…နင်က ဘာကောင်မို့လို့လဲ၊ ကျုံးချမ်းကိုများ ပြန်ပြောရဲတယ်ပေါ့လေ၊ နင်သာ နင့်အမှားကို ကျုံးချမ်းရှေ့မှာ ပြန်တောင်းပန်မယ်ဆိုရင် ငါတို့ အရင်ကတွဲခဲ့တာကို ထောက်ပြီး သူ နင့်ကို ခွင့်လွှတ်အောင် ငါ ကူပြောပေးမယ်”

*ခွင့်လွှတ်ပေးမယ်*

ထိုစကားကို ကြားပြီးနောက် ယဲ့ဖန် လှောင်ရယ်ရယ်လိုက်သည်။

“နင်က ဘာကောင်မမို့လို့လဲ”

ယဲ့ဖန်၏ စိတ်ကြီးဝင်နေသော အပြုအမူက ကြည့်နေသော ကျောင်းသား၊ ကျောင်းသူများကြား အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။

ကျန်းရှီမြို့၏ နာမည်ကြီး တရားမဝင်သားက ကျုံးချမ်း နှင့် ယုဖေးအား ပြန်ခံပြောလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အားလုံး ဒုက္ခရောက်တော့မည့် ယဲ့ဖန်ကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်လာကြသည်။ ဒီကောင် ပြဿနာတက်တော့မယ်ဟု သူတို့ ထင်နေကြသည်။

“နင်…”

ယုဖေး ဒေါသထွက်ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ သူမကို နတ်ဘုရားမအလား ဆက်ဆံခဲ့သည်သူက သူမအား ယခုလို ပြောလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ခဏလေးအတွင်းမှာပဲ သူမမျက်နှာ ဖြူစုတ်သွားကာ ယဲ့ဖန်အား လက်ညှိုးထိုးလျက် ပြောစရာစကားမရှိတော့သလို ဆွံ့အသွားသည်။

သို့သော် ကျုံးချမ်းသည် ဒီအဖြစ်ကို ကြည့်ပြီး သရေပြုံးပြီးကာ အထင်သေးသလို ပြောလိုက်သည်။

“ဟားဟား…ငါ သဘောပေါက်ပြီ၊ ယဲ့ဖန်..မင်း ယုဖေးကို ဆုံးရှုံးလိုက်ရလို့ ငါ့ကို မုန်းနေမှာပဲ။ ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်းလို သုံးစားမရတဲ့ တရားမဝင်စားက ယုဖေးနဲ့ မတန်ဘူးကွ”

ကျုံးချမ်းက ယဲ့ဖန်ကို ပေါ်တင် အရှက်ခွဲနေသည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန် ဝါးလုံးကွဲမတတ် ရယ်မောလေတော့သည်။

“ယုဖေးကို ဆုံးရှုံးလိုက်ရလို့ မင်းကို ငါက မုန်းရမယ်? ဟားဟား .. .သူက ငါ အဲ့လိုခံစားရလောက်အောင် ထိုက်တန်လို့လား?”

ထို့နောက် ယဲ့ဖန်က ယုဖေး၏ သေးသွယ်သော ခန္ဓာကိုယ်အချိုးအစားအား သရိုးသရီအကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကို လျှာသပ်၍ ပြောလိုက်သည်။

“ကျုံးချမ်း အမှန်အတိုင်း ဝန်ခံရရင် မင်းက အရသာကို ကောင်းကောင်းခံစားတတ်တာပဲ၊ ငါက ဒီအမှိုက်ကို လုံးဝ စွန့်ပစ်လိုက်ပြီးပြီ၊ ဒါပေမဲ့ မင်းက ငါ ပစ်လိုက်တဲ့ အမှိုက်ကို ပုလဲလုံးလေးလို တန်ဖိုးထားနေတာပါလား”

ဘာ?

ရှိသမျှလူအားလုံး အံ့သြသွားကြသည်။

*ငါက ဒီအမှိုက်ကို လုံးဝ စွန့်ပစ်လိုက်ပြီးပြီ*
ယဲ့ဖန်က ယုဖေးကို ပြောနေတာမှန်း သိသာလှသည်။ထို့အပြင် ယဲ့ဖန်က သူ့လက်တွေနှင့် တစ်စုံတစ်ရာကို တွက်သလိုမျိုး တွက်ချက်နေသည်။

“ယုဖေး ငါနဲ့ တွဲခဲ့တဲ့ ပြီးခဲ့တဲ့ လေးလလုံး ငါတို့ ​ညပေါင်း ၈၈ ည အတူနေခဲ့တယ်၊ တစ်ညကို သုံးကြိမ်လောက်နဲ့ ငါ သူမကို စုစုပေါင်း ၂၆၄ ကြိမ် အသုံးပြုခဲ့တယ်၊ တစ်ကြိမ်မှာ ပုံစံပေါင်း ၁၀ ကြိမ် နဲ့ ဆက်ဆံခဲ့တာဆိုတော့ ငါတို့ ပုံစံပေါင်း ၂၆၄၀ လောက်ကို တွေ့ခဲ့တာကွ”

ပတ်ဝန်းကျင်ရှိ သူများအားလုံး ကြက်သေ သေသွားသည်။

ပုံစံပေါင်း ၂၆၄၀?

ထိုအချိန်တွင် ကျောင်းသားအားလုံးနီးပါး ကျုံးချမ်းအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့မျက်နှာကြီးတွေ နီရဲနေကာ မရယ်မိအောင် ထိန်းနေကြ၏။

ကျုံးချမ်းသည်လည်း မျက်နှာကြီး ချက်ချင်း နီရဲလာ၏။ အထူးသဖြင့် သူ “ညပေါင်း ၈၈ ည,” “၂၆၄ ကြိမ်,” “ပုံစံပေါင်း ၂၆၄၀” စသည့် စကားများကို ကြားပြီး ပို၍ပင် နီရဲလာကာ သွေးအန်မတတ် ဖြစ်သွားရသည်။

သို့သော် ယဲ့ဖန် ပြောတာမပြီးသေးပေ။

“ပြီးခဲ့တဲ့ လေးလလုံးလုံး ယုဖေးကြောင့် ငါ စုစုစုပေါင်း ယွမ် ၁၈,၀၀၀တောင် ကုန်ခဲ့တယ် [1] … တစ်ကြိမ်ကို ၁ ကျောင်းနဲ့ ၈ ဆင့်ဆိုတော့…ပုံစံတစ်မျိုးကို ၆.၈၁၈ ယွမ်ပဲ ကျတယ်၊ ဘုရားရေ…ဒါက ကားမှတ်တိုင် အနီးတစ်ဝိုက်မှာရှိတဲ့ ဆံပင်အလှပြင်ဆိုင်က ကောင်မလေးတွေထက်တောင် ဈေးသက်သာသေးတယ်”

ယဲ့ဖန် ထိုသို့ ပြောပြီး ကျုံးချမ်းအား လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံး၍ ကြည့်ကာ

“ကိုယ့်လူရာ …ငါ့ ဆီကနေ ဒီပစ္စည်းကို ဝယ်သွားပေးတဲ့အတွက် ကျေးဇူးပဲကွာ၊ အဲ..ဒီပစ္စည်းကို နည်းနည်းတော့ ညစ်ပတ်နေပြီကွ.”
____
[1] တရုတ် ငွေကြေးကို ပြောတာပါ.. ၁ ယွမ်က ၁၀ ကျောင်းနဲ့ ညီပြီး ၁ ကျောင်း ၁၀ ဆင့်နဲ့ ညီပါတယ်။

Comment

  1. htet myat says:

    🧮🩴🩴🩴

Leave a Reply

Options

not work with dark mode
Reset