အခန်း (၁၃၅)

တစ်နေ့တခြားစွမ်းအားမြင့်မားလာ

အခန်း (၁၃၅) တစ်နေ့တခြားစွမ်းအားမြင့်မားလာ

“ငါ သူ့စိတ်ကို မခန့်မှန်းနိုင်ဘူးပဲ… ၊ တကယ်တော့… သူ့စိတ်က အရမ်းတည်ငြိမ်လွန်းတယ်… ၊ သူ ဘာတွေးနေလဲဆိုတာတောင် သိဖို့ ခက်ခဲလွန်းတယ်…”

မြောင်ယွဲ့ ကျန်းလန်ကို ကြည့်ရင်း တွေးနေမိသည်။

“ဒါပေမဲ့ သေချာတာတစ်ခုက သူ့ဆရာကိစ္စကိုတော့ အတော်လေး အလေးအနက်ထားတာပဲ… ၊ ဒီတော့ စိတ်စွမ်းအားကောင်းပေမယ့် ခံစားချက်တော့ ရှိနေသေးတယ်လို့ ပြောလို့ရတယ်…”

မြောင်ယွဲ့ စဉ်းစားရင်း ပြုံးလိုက်မိသည်။

“သူ့ဆရာဆီ ပြန်ရောက်ရင် ဘယ်လိုများ အောင်သွယ်သွားလုပ်မလဲ သိချင်လိုက်တာ… ၊ သူသာ သူ့ဆရာကို ဒီကိစ္စတွေ သွားပြောလို့ကတော့ ဘာတွေဖြစ်ကုန်မလဲ မသိဘူး…ဟားဟား…”

ဤသည်က အတော်လေး စိတ်ဝင်စားစရာကောင်းသည်။

သို့သော် မြောင်ယွဲ့က အတွေးများကို ရပ်တန့်လိုက်၏။

နောက်ပိုင်းမျိုးဆက်တပည့်များအပေါ် သူမ သိပ်ပြီး အာရုံမထားပေ။ သို့သော် သူမက ကျန်းလန်ကို အခက်တွေ့အောင်တော့ လုပ်မည် မဟုတ်ပေ။

ကျန်းလန်သာ ပဉ္စမတောင်ထွတ်သို့ မလာရောက်ခဲ့ပါက သူ့အနေဖြင့် အစီအရင်ပညာကို သင်ယူရန် ခက်ခဲပေလိမ့်မည်။

အခြေခံအားဖြင့် လူတစ်ယောက်သည် အစီအရင်ပညာကို များစွာသင်ယူနိုင်စွမ်း ရှိမည်မဟုတ်ပေ။

တောင်ကုန်းငယ်ထိပ်ဖျားအထိ တက်ရောက်နိုင်သူမှာ အလွန်ရှားပါးသည်။

ဤတောင်ကုန်းငယ်က လူတစ်ယောက်ကို အစီအရင်ပညာနှင့်ပတ်သက်သည့် အခြေခံအုတ်မြစ်ကို နားလည်ရန် အထောက်အကူပေးသည့် နေရာတစ်ခု ဖြစ်၏။

အချိန် (၆)လအတွင်း ကျန်းလန် မည်သည့်နေရာထိရောက်အောင် တက်နိုင်မည်လဲ မြောင်ယွဲ့ မသိရှိပေ။

သူမက ကျန်းလန်ကို နှစ်ဝက်အတွင်း ထိပ်ဆုံးသို့ရောက်အောင်တက်ရမည်ဟု ပုံမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် (၆)လအတွင်း တောင်ကုန်းထိပ်သို့ရောက်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စတစ်ခု မဟုတ်သော်လည်း ခက်ခဲသည့်ကိစ္စတစ်ခု ဖြစ်သည်။

ကျန်းလန်ကဲ့သို့ အစီအရင်ပညာကို ယခုမှ စတင်လေ့လာသူများအတွက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

(၆) လ လုံးလုံး တောင်ကုန်းထက်တွင် ကျန်းလန် အနားမရှိရလေအောင် သူမက ဖိအားပေးခဲ့ခြင်းသာ ဖြစ်သည်။

မော့ကျန်းသုန့်ကတော့ ကျန်းလန်က ဉာဏ်ကောင်းပြီး လုံ့လဝီရိယရှိသူဟု ပြောခဲ့သော်လည်း  သူမကတော့ ဤလူငယ်လေးကို အနည်းငယ် တွန်းအားပေးရန် စဉ်းစားထားသည်။

တပည့်များကို ပညာသင်ပေးရာတွင် သူမက သဘောကောင်းနေ၍ မဖြစ်ပေ။ သူမက နဝမတောင်ထွတ်မှ မော့ကျန်းသုန့် မဟုတ်ပေ။

ထို့နောက် မြောင်ယွဲ့ ထွက်ခွာသွားလေတော့၏။

နှစ်ဝက်လောက်တော့ ရုန်းကန်လိုက်ဦးတော့ ကျန်းလန်ရေ…။

………………

ကျန်းလန် တောင်ကုန်းလေးရှိရာသို့ ရောက်ရှိလာသည်။

သူက တောင်ကုန်းလေးရှေ့တွင် စိုက်ထူထားသည့် ကျောက်စာတိုင်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုကျောက်စာတိုင်ထက်တွင်…

“အနောက်တံခါး”

ဟုရေးသားထားသည်ကို တွေ့လိုက်ရ၏။

ဆရာဒေါ်လေးမြောင်ယွဲ့ သူ့ကို ဤနေရာသို့ ခေါ်လာသည့် လမ်းတစ်လျှောက် လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။ ကြည့်ရသည်မှာ ဤနေရာက တောင်ကုန်းထက်သို့တက်သည့် အနောက်တံခါး ဖြစ်နေသောကြောင့်  လူအများအပြား မရှိခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန် တုန့်ဆိုင်းမနေဘဲ တောင်ကုန်းထက်သို့ တက်လိုက်သည်။

သို့သော် တောင်ကုန်းလေးထက်သို့ ခြေချလိုက်မိသည်နှင့် တောင်ကုန်းငယ်လေးက အလွန်မြင့်မားသည့် တောင်မြင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည့်အခါ တောင်ထိပ်ကိုပင် မမြင်ရလောက်အောင် မြင့်မားသည်ကို တွေ့ရ၏။

“ဒီနေရာက မှော်ရုံနယ်မြေလား မသိဘူး…”

ကျန်းလန် တွေးလိုက်သည်။

အမြင်နှင့်လက်တွေ့ လုံးဝကွာခြားလှသည့် တောင်မြင့်ကြီးကို မော့ကြည့်ရင်း ကျန်းလန် ခဏမျှ အံ့အားသင့်သွားမိသည်။

သို့သော် ဤနေရာက အန္တရယ်ရှိသည့် နေရာတစ်ခုမဟုတ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

တောင်မြင့်ကြီး၏ နေရာတိုင်းတွင် အစီအရင်အရံအတားများဖြင့် ပြည့်နက်နေလေသည်။

ထို့ပြင် အစီအရင်တိုင်းက အလွန်ထူးခြားခမ်းနားသည့် ဖန်တီးမှုများဖြင့် ဖတည်ဆောက်ထားခြင်း ဖြစ်သည်။

ဤတောင်ကုန်းထက်သို့ လာရောက်ပြီး အစီအရင်များကို လေ့လာရခြင်းက ကိုယ်တိုင်စာအုပ်ဖတ်ပြီး လေ့လာနေရသည်ထက် များစွာသာလွန်သည်။

“တကယ့်နေရာကောင်းကို ရောက်လာတာပဲ…”

ကျန်းလန် ပျော်ရွှင်စွာဖြင့် တွေးလိုက်၏။

အချို့ကိစ္စရပ်များက ကိုယ်တိုင်ကျင့်ကြံနေခြင်းထက် ဆရာဖြစ်သူထံသို့ အကူအညီတောင်းသည်က ပိုမိုကောင်းမွန်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

သူ၏ဆရာဖြစ်သူက အဆက်အသွယ် အလွန်ကောင်းသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ့ကို ဤသို့သောနေရာမျိုးသို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။

ဆရာ့ကျေးဇူးများက သူ့အပေါ် ဆပ်မကုန်အောင် များပြားလှလေရာ ဆရာဖြစ်သူ စိတ်ပျက်အောင် သို့မဟုတ် အရှက်ကွဲအောင် ဘယ်တော့မှ မပြုလုပ်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

အရှေ့ဆီတွင် တောင်ပေါ်သို့တက်သည့် တောင်တက်လမ်းလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုလမ်းက တောင်ထိပ်အထိ ရောက်ရှိနိုင်မည့်လမ်း ဖြစ်၏။

ထို တောင်ပေါ်လမ်းလေးထက်သို့ ခြေချလိုက်မိသည်နှင့် ကျန်းလန်၏ အမြင်အာရုံများ ေ၀ဝါးသွားလေသည်။

အဘယ်ကြောင့်ဆိုသော ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းလာသောကြောင့် ဖြစ်သည်။

မြူခိုးအစီအရင်…။

သို့သော် အစီအရင်ပြုလုပ်ထားပုံက ရိုးရှင်းလှသည်။ ထိုအစီအရင်ထက် ရိုးရှင်းသည့်အစီအရင် လောကတွင် မရှိနိုင်တော့ပေ။


ထို့နောက် ကျန်းလန် များပြားလှစွာသော မြူခိုးအစီအရင်များနှင့် ထပ်မံရင်ဆိုင်ရပြန်သည်။

အစီအရင်များအားလုံးက အလွန်ရိုးရှင်းဟန်ရှိသော်လည်း တဖြည်းဖြည်းနှင့် ပိုမိုရှုတ်ထွေးလာကြသည်။

အစီအရင်တစ်ခုပြီးတစ်ခု ပြောင်းလဲမှုများက မတူညီအောင် ပေါင်းစပ်ထည့်သွင်းထားသည်။ ပြောင်းလဲမှုများကလည်း ပုံသေမရှိဘဲ ကျဘမ်းပြောင်းလဲနေခြင်း ဖြစ်၏။

အစီအရင်၏ အတိအကျဖွဲ့စည့်ထားမှုကို ကျန်းလန် လုံး၀ ရှာမတွေ့နိုင်ခဲ့ပေ။

“ဒီလိုအစီအရင်မျိုး အရင်က တစ်ခါမှ မတွေ့ဖူးဘူး…”

အသစ်အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ရသည့်အခါ ကျန်းလန် ပိုမိုစိတ်ဝင်စားလာမိသည်။

သူက အစီအရင်ပညာနှင့်ပတ်သက်သည့် စာအုပ်များစွာကို ဖတ်ရှုဖူးသည်။ သို့သော် ယခုကဲ့သို့ အစီအရင်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။

အစီအရင်ပညာက ရိုးရှင်းသော်လည်း သူတစ်ခါမှ ဤသို့သော အစီအရင်မျိုးကို တွေ့မြင်ဖူးခြင်း မရှိပေ။

ထိုအစီအရင်ပညာကို သေသေချာချာ နားလည်အောင် လေ့လာပြီးနောက် ကျန်းလန် ရှေ့ဆက်ခဲ့သည်။

တောင်ထိပ်သို့ ရောက်အောင်တက်ရန်အတွက် နှစ်ဝက်ဆိုသည့်အချိန်ကို သူ ခေါင်းထဲမထည့်တော့ပေ။

အစီအရင်များနှင့်ပတ်သက်သည့် ပြောင်းလဲမှုအသစ်များကို အရင်ဦးဆုံး နားလည်အောင် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

တောင်ကုန်းထက်မှ အစီအရင်များကိုသာ အပြည့်အဝနားလည်အောင် ကြိုးစားခွင့်ရမည်ဆိုလျှင် နှစ်ဝက်မပြောနှင့် အချိန် (၁)နှစ်လုံးနေရမည်ဆိုလျှင်လည်း သူ ဤနေရာတွင် နေထိုင်နိုင်လေသည်။

တောင်ကုန်းထက်မှ ပြန်ဆင်းလာလျှင်တော့ ဆရာဒေါ်လေးမြောင်ယွဲ့က အစီအရင်ပညာနှင့်ပတ်သက်ပြီး သင်ပြပေးမည်ဟု ဆိုသည်။

သို့သော် ကျန်းလန်ကတော့ အရင်ဆုံး တောင်ထိပ်ရောက်အောင်တက်ရန် စီစဉ်ထားသည်။ တောင်ထိပ်ရောက်အောင် တက်နိုင်မည်ဆိုလျှင် သူ၏ စိတ်စွမ်းအားကိုလည်း များစွာ အကျိုးပြုမည် ဖြစ်သည်။

ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရလိုက်သည်။

“ဒီနေရာက သာမန်နေရာတစ်ခုတော့ မဖြစ်နိုင်ဘူး… ဒီနေရာမှာ စနစ်မှတ်ပုံတင်ရမယ်…”

ဟုတ်ပေ၏။

သူအရင်ဆုံး စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

သို့ရာတွင် ပဉ္စမတောင်ထွတ်၌ မဟာတာအိုလမ်းကြောင်းကိုတော့ ကျန်းလန် တွေ့ရှိခဲ့ခြင်း မရှိပေ။

ယခုအချိန်ထိ ခွန်လွန်တောင်တစ်ခွင်တွင် မဟာတာအိုလမ်းကြောင်းဆို၍ ငရဲတံခါးနှင့် ကျောက်စိမ်းရေကန်တွင်သာ တွေ့ရှိရသေးသည်။

“စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်…”

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုက ပေးအပ်တဲ့လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ မန္တန်တစ်ခုဖြစ်တဲ့ “မှော်ရုံမန္တန်” ကို ရရှိပါတယ်… ]

[ မှော်ရုံမန္တန် : မန္တန်အသုံးပြုသူကို ဗဟိုပြုပြီး ပတ်ဝန်းကျင်အရပ် (၈)မျက်နှာကို ဖွင့်လှစ်ပေးမည် ၊ မန္တန်အသုံးပြုသူက မြေပြင်အနေအထားကို ထိန်းချုပ်နိုင်ပြီး ယင်နှင့်ယန်ကို ပြောင်းလဲပစ်နိုင်မည် ၊ မီးနှင့်ရေကို ရွှေ့ပြောင်းနိုင်ပြီး လေနှင့်မိုးကြိုးကို ထွက်ပေါ်လာစေမည်…]

စနစ်မိတ်ဆက်စကားကို ကျန်းလန် တစ်ချက်မျှ နားထောင်လိုက်ပြီး သိပ်အရေးမစိုက်တော့ပေ။

ထိုမန္တန်က ဂမ္ဘီရပညာနှင့် ဆင်တူသည်။ အစီအရင်တစ်ခုဟု ထင်မှတ်နိုင်ဖွယ်ရှိသော်လည်း တကယ်တမ်းတွင် အစီအရင်တစ်ခု မဟုတ်ပေ။

လောလောဆယ်တွင် ကျန်းလန် ထိုမန္တန်ကို သင်ယူနိုင်ခြင်း မရှိသေးပေ။

အစီအရင်ပညာကို လေ့လာသင်ယူပြီးမှ အချိန်ရလျှင် လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုမန္တန်၏ တန်ခိုးစွမ်းအားအတိအကျကိုလည်း ကျန်းလန် သိရှိခြင်း မရှိသေးပေ။

ထို့နောက် ကျန်းလန် တောင်ပေါ်သို့ ဆက်တက်ခဲ့သည်။

လမ်းတစ်လျှောက် မည်သည့်အကြောင်းအရာကိုမှ မတွေးတောဘဲ အစီအရင်များကို နားလည်ရန်သာ အပြည့်အ၀ အာရုံစိုက် လေ့လာခဲ့သည်။

ကျန်းလန် ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ရင်း တောင်ကုန်းထိပ်သို့ ဆက်တက်လာခဲ့သည်။

လေပြေလေးက ညင်သာစွာ တိုက်ခတ်နေပြီး တိမ်ဖြူများက လွင့်မျောလျှက် ရှိသည်။

ကောင်းကင်ထက်မှ တိမ်တိုက်များကို ကျန်းလန် တည်ငြိမ်စွာဖြင့်ပင် လှမ်းကြည့်လိုက်သည်။

ဤတောင်ကုန်းထက်မှ အစီအရင်များကို နားလည်အောင် လေ့လာရခြင်းက သူ့ကို အမှန်တကယ် ပြီးပြည့်စုံစေသည်ဟု ခံစားရသည်။

အစီအရင်တစ်ခုကို နားလည်သွားလျှင် သူ ပိုပြီး စွမ်းအားမြင့်မားလာသလို ခံစားရသည်။

ဤနေရာတွင် လေ့လာရခြင်းက စာအုပ်များဖတ်ပြီး ကိုယ်တိုင်လေ့လာရခြင်းနှင့် လုံး၀ မတူညီပေ။ သူ အရှိန်အဟုန်ဖြင့် နေ့စဉ်တိုးတက်လာနေသည်ကို ကိုယ်တိုင်သိမြင်ခံစားနေရသည်။

တောင်ကုန်းထက်တွင် လမ်းလျှောက်နေရသည်က အဆုံးမရှိသည့် ရေခဲပင်လယ်ကြီးထက်တွင် လမ်းလျှောက်နေရသည့်အလား ဖြစ်သည်။

သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီးတိုင်း ခြေဖဝါးအောက်မှ ရေခဲများက ပင်လယ်ရေအဖြစ် အသွင်ပြောင်းသွားကြသည်။

ကျန်းလန်၏ ရည်ရွယ်ချက်က ရေခဲပင်လယ်ကြီးတစ်ခုလုံး အရည်ပျော်သွားစေရန် ဖြစ်သည်။

ရှေ့ဆက်လျှောက်နေသည့် ခြေလှမ်းတိုင်းတွင် ဖော်ပြနိုင်စွမ်းမရှိသည့် ပျော်ရွှင်မှုတစ်ခုက သူ့နှလုံးသားထဲတွင် ပြည့်နက်နေစေသည်။

ခရီးကဝေးသလို ဦးတည်ရာကလည်း မြင့်မားသည်။ ဤခရီး ပြီးပြည့်စုံစေရန် အချိန်မည်မျှကြာမည်ကိုလည်း မသိရှိနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ကျန်းလန်ကတော့ ထိပ်ဆုံးထိရောက်အောင် ဖြည်းဖြည်းချင်း ရှေ့ဆက်သွားမည် ဖြစ်သည်။ သူ့အတွက် ရပ်တန့်ရန်မလိုအပ်သလို ရပ်တန့်ရန်လည်း မစဉ်းစားခဲ့ပေ။

ကျန်းလန်က သူ့ကိုယ်သူ စွမ်းအားကြီးအောင် မည်သို့ပြုလုပ်ရမည်ကို သိရှိသူ ဖြစ်သည်။

လူတစ်ယောက်က ဝါးနိုင်သည်ထက်ပိုပြီး မကိုက်သင့်ပေ။ ထို့ကြောင့် တောင်ထိပ်သို့ ရောက်အောင် ဖြည်းဖြည်းမှန်မှန် တက်ရန်သာ လိုအပ်သည်။

ရှေ့ဆက်ရမည့်လမ်းက တည်ငြိမ်သလို နောက်ပြန်လှည့်ကြည့်လိုက်လျှင်လည်း လမ်းက ကျဉ်းမြောင်းခြင်း မရှိပေ။

သို့သော် အလေးအနက်ထားကာ သင်ယူနေခြင်းဖြစ်သောကြောင့် အချိန်မလောက်ဟု ခံစားရသည်ကတော့ အမှန်ပင် ဖြစ်၏။

အချိန် (၁)လခန့် ကြာပြီးနောက် ကျန်းလန် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ရလေသည်။

သူ ရင်ဆိုင်ရသည်က “ဖုံးကွယ်ထားသည့် အစီအရင်တစ်ခု” ဖြစ်သည်။

ထိုသို့သော အစီအရင်မျိုးကို ကျန်းလန် အရင်က တစ်ခါမှ မတွေ့မြင်ဖူးပေ။ သို့သော် ထိုအစီအရင်ကို သူ နားလည်နိုင်သည်ဟု ခံစားရသည်။

အချိန်တော့ အနည်းငယ် ပိုမိုလိုအပ်မည် ဖြစ်သည်။

ကျန်းလန် တာအိုနားလည်ခြင်းလက်ဖက်ခြောက် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ယခုအချိန်က တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အသုံးပြုရမည့် အချိန်သို့ ရောက်ပြီ ဖြစ်၏။

ထိုလက်ဖက်ခြောက်ကိုအသုံးပြုခြင်းအားဖြင့် ဤနေရာမှ အစီအရင်များကို သူ ပိုမိုမြန်ဆန်စွာ နားလည်နိုင်မည် ဖြစ်သည်။

ထို့ပြင် သူကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

ထို့နောက် အချိန် (၁)ရက်အတွင်းမှာပင် ကျန်းလန် “ဖုံးကွယ်ထားသည့် အစီအရင်” ကို နားလည်သွားလေသည်။

နောက်ဆုံး တာအိုနားလည်ခြင်းလက်ဖက်ခြောက်အစွမ်းဖြင့် ကျန်းလန် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတော့သည်။

ထိုလက်ဖက်ခြောက်များက အကျိုးသက်ရောက်မှု ကြာရှည်ပြီး ထိုးထွင်းသိမြင်နိုင်စွမ်းကို မြင့်မားစေသည်။

ထိုသို့ဖြင့်…

မျက်စိတစ်မှိတ်အတွင်းမှာပင် (၄)လဆိုသည့်အချိန်က ကုန်ဆုံးသွားလေသည်။

သူ မည်မျှဝေးဝေးသို့ တက်လာနိုင်ခဲ့ပြီကို ကျန်းလန် သိရှိခြင်း မရှိပေ။ သို့သော် သူ မရေမတွက်နိုင်သည့် အစီအရင်များကို သူ့ခြေထောက်အောက်တွင် ထားခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့သည်။

ယခုဆိုလျှင် အစီအရင်များနှင့်ပတ်သက်ပြီး ကျန်းလန် ပိုမိုနားလည်လာခဲ့ပြီ ဖြစ်သည်။

တောင်ထိပ်သို့ ရောက်သည်နှင့် အစီအရင်ပညာနှင့်ပတ်သက်ပြီး ပိုမိုရှင်းလင်းစွာ နားလည်လာမည်ဟု တွေးထားမိသည်။

ကျန်းလန် လက်ဖက်ခြောက်များကိုစားလိုက် ၊ တောင်ကုန်းထက်သို့တက်လိုက်ဖြင့် ခရီးဆက်လာခဲ့သည်။

သူ့ပုံစံကတော့ အတော်လေး ဖရိုဖရဲနှင့် ဖြစ်၏။

ဆံပင်များလည်း ပြေလျော့ရှုတ်ပွနေပြီး အဝတ်အစားများလည်း ပေကျံညစ်ပတ်လျှက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူလျှောက်လှမ်းရသည့် တောင်ပေါ်ခရီးလမ်းက လွယ်ကူခြင်း မရှိသောကြောင့်ပင်။

သို့သော် သူ များစွာ သင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကိုပင် မခံစားရဘဲ စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။

ကျန်းလန်က အလျှင်လိုခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန် ရှေ့ဆက်လျှောက်နေသည်။

မည်မျှခက်ခဲပါစေ ၊ မည်မျှအချိန်ကြာပါစေ ၊ သူ၏ စိတ်အားထက်သန်မှုက ပျောက်ကွယ်မသွားခဲ့ပေ။

အလွန်ရိုးရှင်းသောအစီအရင်များ တွေ့ရလျှင်ပင် ကျန်းလန်က လျစ်လျူမရှုဘဲ သေသေချာချာ လေ့လာလေသည်။

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးကာ အသေးအဖွဲကို လက်လွှတ်မိပါက အကန်းကဲသို့ ဖြစ်သွားနိုင်သည်။

ကျန်းလန်ကတော့ ကြိုးစားပမ်းစားလေ့လာရင်း တောင်ထိပ်ဆီသို့ တရွေ့ရွေ့ ရှေ့ဆက်လျှက် ရှိလေ၏။

ထိုအချိန်…

တောင်ကုန်းအောက်ခြေတွင်တော့ အခြေအနေများက ရုတ်ရုတ်သဲသဲ ဖြစ်လျှက် ရှိလေသည်။

“ဟာ… သောက်ပဲ… ဒီလူ ဘယ်သူလဲကွ… ၊ ဘာလို့ ဒီလောက်အမြင့်ကြီးအထိ တက်နိုင်ရတာလဲ… ၊ ပြီးတော့ ဘယ်ကရောက်လာတဲ့လူမှန်းလဲ မသိရဘူးဟေ့…”


Comment

Leave a Reply


Options

not work with dark mode
Reset