Switch Mode

အပိုင်း(၁၂၉၂)

ပြိုင်စံရှားသော

ပြင်းထန်သော လေစီးကြောင်းများမှာ လုံးဝ ပျောက်ကွယ်သွားခြင်းပင် မရှိသေး။ သို့သော်လည်း နတ်တောင် တစ်ခုလုံးသည်တော့ တိတ်ဆိတ်နေ၏။

ထိုမြင်ကွင်းက အားလုံး၏စိတ်ထဲတွင် ခိုင်မာစွာ အမြစ်တွယ်သွားခဲ့၏။

စာလုံးထောင်ချီ မှော်စာလိပ်အပေါ် နားလည်သိမြင်ခြင်း ဆန်းစစ်ခြင်းကား ဤတွင် အဆုံးသတ်ပြီ ဖြစ်သည်။ ဤက နားလည်သိမြင်ခြင်းအား ဆန်းစစ်ခြင်း သီးသန့်ပင် မဟုတ်တော့။ ယခုက တိုက်ခိုက်သည့် အဆင့်သို့အထိပင် ရောက်လာခဲ့၏။

ရှင်းခိုင်နှင့် ရီဖူရှင်းတို့က ရန်ဟောင်အဆင့် ပညာရပ်များကိုပင် အသုံးပြုကာ သူတို့၏တိုက်ကွက်များအား ဖော်ထုတ်ခဲ့ပြီး ကြီးမားသော စွမ်းအားများကို ပြသခဲ့ကြသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် ချီရှန်းသည် လုံးဝ တားဆီးခြင်းမရှိခဲ့ဘဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်စေခဲ့သည်။

ဤသို့သော အခြေအနေတွင်ပင် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ ရီဖူရှင်းသည် မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့်မှ ရှင်းခိုင်အား အနိုင်ရခဲ့သေး၏။

ဆိုလိုသည်က …

အကယ်၍ သူသည်သာ မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်သို့ ရောက်ခဲ့ပါလျှင် ရှင်းခိုင်အား တိုက်ရိုက်အနိုင်ယူ နိုင်မည်ဟူသော သဘောပင်။

သူကား သူ၏ နားလည်သိမြင်ခြင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။ သူသည် ရှင်းခိုင်သာမဟုတ်၊ တခြားလူများ အားလုံးထက် သန်မာပေသည်။

မဟုတ်လျှင် နတ်ဘုရားဆေးကြော သန့်စင်ခြင်းအဆင့်က မည်သို့ အဆုံးအထိ အောင်မြင်စွာ ရောက်မည်နည်း။ ထိုမျှသာမဟုတ်၊ သူသည် အဆုံးအထိ အကောင်းဆုံးပုံစံဖြင့် အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးစွာ အင်ပါယာကျန့်၏ မျိုးဆက်ဖြစ်သူ ဖေမင်သည် ရီဖူရှင်းကို မယှဉ်နိုင်ဟု ဝန်ခံခဲ့၏။ ထို့နောက် ရီဖူရှင်းက ရှားရှင်းယွန်ကို အနိုင်ယူခဲ့သည့် လော့ယန်အား ပြန်လည်၍ အနိုင်ယူပြခဲ့သည်။

နောက်ဆုံးတွင် ရှင်းခိုင်နှင့် တိုက်ခိုက်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲအပြီးတွင် အနိုင်ရခဲ့သည်။

ဤသို့သော စွမ်းရည်က အလွန်ကောင်းမွန်သည် ပိုနေသေး၏။ သူက အတားအဆီး ဟူသမျှကို ရိုက်ချိုးခဲ့သည်ဟုပင် ပြောနိုင်ပေသည်။

ထိုအခိုက်တွင် ရီဖူရှင်း အဘယ်ကြောင့် ချန်ယဲ့မြို့စား ဖြစ်လာသည်ကို နားလည်လိုက်ကြ၏။

ချန်ယဲ့မြို့တွင် ဒေသဘုရင်အဆင့်သို့ ဝင်ရန် အရည်အချင်း ရှိသူ (၃)ဦး ရှိနေပြီဖြစ်သည်။

သူတို့မှာ ရီဖူရှင်း၊ ယူချင်းနှင့် ရှားရှင်းယွန်တို့ ဖြစ်ကြသည်။

အနာဂတ်တွင် ချန်ယဲ့မြို့သည် သွေးနဂါးဘုံ၏ အဆင့်အတန်းအမြင့်ဆုံး မြို့တစ်မြို့ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်၏။

“အရမ်းကောင်းတယ်”

နတ်တောင်ပေါ်တွင် များစွာသော ပြန်လည်မွေးဖွားခြင်း အဆင့်များက ချီးကျူးကြသည်။

“တကယ် ကောင်းတယ်။ ရှင်းခိုင်က ကောင်းကင်ဒဏ်ခတ် အသိကို သုံးခဲ့သလို သူကလည်း တာလီနန်းတွင်း အကြံပေးရဲ့ ပညာရပ်ကို သုံးခဲ့ပုံပဲ။ အရင်က အင်ပါယာရှားဘုံနဲ့ တာလီတို့ စစ်ဖြစ်ခဲ့တဲ့အချိန် တာလီနန်းတွင်း အကြံပေးက ရီဖူရှင်းကို သတ်လိုတဲ့ဆန္ဒ မရှိခဲ့ဘူးတဲ့။ အခု ဘာလို့လဲဆိုတာ ကျုပ် သိလိုက်ပြီ”

တစ်ယောက်က ပြောသည်။

သူသည်လည်း ဤသို့ ပါရမီမြင့်ကာ တာဝန်သိတတ်သော တပည့်ကို မည်သို့  သတ်ရက်မည်နည်း။

မှန်သည်၊ သူသည်သာ ရန်သူဖြစ်ပါက ဖယ်ရှားရှင်းလင်းရန် လိုပေသည်။

“သွေးနဂါးဘုံရဲ့လက်ရှိမျိုးဆက်ကတော့ တကယ်ကို ပါရမီရှင်တွေချည်းပဲ။ ခုခေတ်ဟာ ရှင်းခိုင်၊ လော့ယန်၊ ဖေမင်နဲ့ ကျန်းထိုက်အယ်တို့ရဲ့ ခေတ်လို့ ထင်ခဲ့တယ်။ ယူချင်းနဲ့ ရီဖူရှင်းတို့ကလည်း တကယ်ကို ထူးခြား ထက်မြက်နေတာ မထင်မှတ်ထားစရာပဲ”

“ခုခေတ်မှာ လူငယ်သူရဲကောင်းတွေ နေရာတိုင်းမှာ ရှိနေတာပဲ။ ငါတို့က ဘယ်သူ့ကို ကြည့်ရမလဲတောင် မသိတော့ဘူး”

သူတို့က ပြုံးလျက်ပြောသည်။

တောင်အောက်မှ ကြည့်နေကြသူများ သည်လည်း အုတ်အော်သောင်းတင်း ဖြစ်နေကြ၏။ ရီဖူရှင်း၏နာမည်ကား သွေးနဂါးဘုံတခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေပြီး ဖြစ်သည်။ သို့သော်လည်း ချန်ယဲ့မြို့တိုက်ပွဲတွင်ပင် သူသည် အင်ပါယာခွာ၏ စွမ်းအားကို အမှီသဟဲပြုခဲ့ပေသည်။

သို့သော်လည်း သူသည်ကား အမှန်တကယ် ဤတိုက်ပွဲ၌ သက်သေပြခဲ့ပြီး ဖြစ်သည်။ သူသည် အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်ကာ သွေးနဂါးဘုံ၌ ဒေသဘုရင်အဆင့်၌ ရှိသော ရှင်းခိုင်အပါအဝင် မည်သူ့ထက်မှ မနိမ့်ကျပေ။

ယနေ့ ရှင်းခိုင် ရှုံးနိမ့်ခဲ့၏။

သူ့အား အနိုင်ယူခဲ့သူမှာ သူ့ထက်ငယ်ကာ တန်ခိုးအဆင့်လည်း နိမ့်ပေသည်။

ထိုအခိုက်တွင် ရှင်းခိုင် ဘာတွေးနေသည်ကို မည်သူမှ မသိကြပေ။

“စိတ်မသက်သာစရာပဲ”

အင်ပါယာတုန်း နန်းတော်မှ မင်းသား သွမ့်ဝူကျိသည် ရီဖူရှင်းက ရှင်းခိုင်အား လှံရှည်ဖြင့် ညွန်ထားသည်အား ကြည့်ကာ တီးတိုးပြောသည်။

ဤမတိုင်ခင်က သူသည် လော့ယန်အား ရှုံးနိမ့်ခဲ့ကာ ရီဖူရှင်းသည် လော့ယန်နှင့် ရှင်းခိုင်တို့အား အနိုင်ယူခဲ့၏။ သူနှင့်ရီဖူရှင်းသည် အဆင့်တူများ ဖြစ်ကြ၏။

သူက ရီဖူရှင်းနှင့် အစစ်အမှန် တိုက်ပွဲတစ်ခု ဆင်နွဲလိုသေးသည်။

ကြည့်ရသည်မှာ သူ့အတွက် အခွင့်အရေး ရှိဟန်မရတော့။

သည်အကောင်က သူ့အား ရှက်ရွံ့စေခဲ့၏။

သို့သော်လည်း သွမ့်ဝူကျိ၏ မျက်နှာတွင် အပြုံးယဲ့ယဲ့လေး ရှိနေသည်။ ရီဖူရှင်းက သည်မျှသန်မာမှတော့ အင်ပါယာခွာနယ်မြေ၌ သူ၏ရှုံးနိမ့်ခြင်းမှာ ရှက်စရာ မဟုတ်တော့ဟု ဆိုလိုခြင်း မဟုတ်ပါလား။

သူတစ်ယောက်တည်း မဟုတ်ပေ။ သည်နေရာတွင် ရောက်နေသူများ အားလုံးမှာ ရှုံးနိမ့်ခဲ့ကြသည်။

သူ့အနေဖြင့် အင်ပါယာခွာ၏ အမွေအနှစ်ကို မရရှိခဲ့ခြင်းမှာ နားလည်လက်ခံဖွယ်ရာပင်။

ရှေးဟောင်း အင်ပါယာမြို့မှ ရှင်းခိုင်နှင့်အတူ လာရောက်သူများ အားလုံးမှာ မျက်နှာများ နက်မှောင်နေကြ၏။ အထူးသဖြင့် ရှင်းချိုးဖြစ်သည်။ သူ၏မျက်နှာ၌ မယုံကြည်မှုများ ဖြစ်ပေါ်နေ၏။

သူ၏အစ်ကိုက ရှုံးနိမ့်ခဲ့၏။

သွေးနဂါးမြစ်ကမ်းပါး တိုက်ပွဲအပြီးတွင် သူ၏အစ်ကိုက သူ့အား ကျင့်ကြံခြင်း လောကတွင် မည်သူမှ အရှုံးမရှိဘဲမနေဟု ဆုံးမခဲ့သည်။

ယခု ရှင်းခိုင်ကိုယ်တိုင်က ရှုံးနိမ့်ခဲ့၏။ ဤက သူ၏စကားကို သူကိုယ်တိုင် သက်သေထူနေသည်နှင့်ပင် တူ၏။

ထို့အပြင် သူ့အား အနိုင်ယူခဲ့သူမှာ ရီဖူရှင်း ကိုယ်တိုင်ဖြစ်သည်။

ယနေ့တွင် သူတို့နှစ်ဦးသည် အချင်းချင်း ရင်ဆိုင်လိုသော ဆန္ဒရှိခဲ့သော်လည်း ထိုနေ့က သူ၏အစ်ကိုသည် ရီဖူရှင်းကို အထင်သေးကာ ထိုက်တန်သော ပြိုင်ဘက်အဖြစ် မသတ်မှတ်ခဲ့ပေ။

သို့သော် … ယခုကား …

ရှင်းခိုင်က ရီဖူရှင်းအား ကြည့်သည်။ သွေးနဂါးမြစ်ကမ်း တိုက်ပွဲကို သူသည်လည်း မှတ်မိ၏။

ယနေ့တိုက်ပွဲ မတိုင်ခင်အထိ သူသည် ရီဖူရှင်းအား ထိုက်တန်သော ပြိုင်ဘက်အဖြစ် သတ်မှတ်ခြင်း မရှိခဲ့ပေ။ သူ၏ နောက်ဆုံးပြိုင်ဘက်မှာ မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်းမှ ဖေမင်၊ လော့ယန်နှင့် ကျန့်ထိုက်အယ်တို့ ကဲ့သို့သောသူများ ဖြစ်မည်ဟု တွေးခဲ့သည်။

ရီဖူရှင်းကို သူသည် မည်သည့်အခါကမှ အလေးမထားခဲ့။

သို့သော် သူ့ရှေ့တွင် ရီဖူရှင်းသည် လှံရှည်ဖြင့် မိမိအား ချိန်ရွယ်ထား၏။ ကျင့်ကြံခြင်းလောကတွင် မည်သူသည် မရှုံးနိမ့်ဘဲ နေမည်နည်း။ တစ်နေ့နေ့တွင် သူသည်လည်း ရှုံးနိမ့်မည်ဟု တွေးထားသော်လည်း ထိုအရှုံးတရားကို ယူဆောင်လာသူမှာ ရီဖူရှင်းဖြစ်နေမည် ဟုတော့ မထင်ထားခဲ့ပေ။

နောက်ဆုံးတွင် သူက ထိုနေရာ၌ ရပ်ကာ ရှင်းခိုင်က အေးစက်စွာ ပြောသည်။

“ငါ့ကို ချိန်ရွယ်တာမျိုး ငါမုန်းတယ်”

အရှုံးအား တွေးမိလျှင် အစစ်အမှန် ရှုံးနိမ့်ခြင်းက တူညီသော အရာမဟုတ်။

သူ့အနေဖြင့် ဤအရှုံးက လက်ခံနိုင်စရာ မဟုတ်ခဲ့။

သူသည် သဘာဝအားဖြင့် အလွန်မာနကြီးသူ ဖြစ်သည်။ တစ်နေ့တွင် သူက ရှုံးနိမ့်မည်ကို သိသော်လည်း ထိုသူသည် သူ့ထက် အဆင့်အတန်း မြင့်မားကာ ပိုမိုသန်မာသောသူ ဖြစ်မည်ဟု တွေးထားခဲ့၏။

သို့သော်လည်း အမှန်တရားကား သူ့ကို လှံဖြင့် ချိန်ရွယ်ထားသူမှာ သူအလေးမထားသော သူတစ်ဦး ဖြစ်နေခဲ့သည်။

ဤသည်က သူ့အား သည်းမခံနိုင်စေခဲ့။

“မင်းရှုံးတယ်”

ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ အရှုံးသမားက မည်သို့ ထောင်လွှားရဲရသနည်း။

သူက တစ်စုံတစ်ယောက် အသည်းအသန် ဖြစ်နေချိန်တွင် ဖိအားပေးခြင်းကို မုန်းသည်။ သို့သော်လည်း ရှင်းချိုးနှင့် ကိုင်ဟွမ်တို့က ထိုသို့ လုပ်ခဲ့၏။

သူသည်သာ အားနည်းသူဖြစ်ခဲ့ပါက ချန်ယဲ့မြို့မှာ ပျက်စီးသွားခဲ့ပြီဖြစ်ကာ သူသည်လည်း သေဆုံးသွား ပေလိမ့်မည်။

ရှင်းခိုင်က မုန်းတီးလျှင်ကော အဘယ်အရေးနည်း။

ဟူး …

အလွန်ကြမ်းတမ်းသော အရောင်အဝါများ ရှင်းခိုင်ထံမှ ပေါက်ကွဲထွက်လာခဲ့၏။

သူကား သူ၏အဆင့်ကို ထိန်းချုပ်ထားခြင်း မရှိတော့။ မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့် ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာကာ ကောင်းကင် ဒဏ်ခတ်အသိ မွေးဖွားလာခဲ့၏။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် အလင်းတန်းများသည် သူ့ကို လှည့်ပတ်လာကာ ရီဖူရှင်းထံသို့ တိုးဝင်လာကြသည်။

လျှပ်တစ်ပြက်တွင် ရီဖူရှင်းသည် ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုကို ခံစားရ၏။ သူ့ထံမှ ပညာရှိကျမ်း စွမ်းအားများလည်း ရူးသွပ်ဖွယ် ထွက်ပေါ်လာ၏။

ထိုအခိုက်တွင် ရှင်းခိုက်က လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်ကို သူမြင်၏။ သူက စစ်နတ်ဘုရား ချိပ်တံဆိပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

လှံရှည်မှ အလင်းများ ကွဲထွက်လာခဲ့ကာ ရှေ့ကို ရုန့်ရမ်းစွာ တိုးဝင်သွားခဲ့ပြီး စစ်နတ်ဘုရား ချိပ်တံဆိပ်အား အပိုင်းပိုင်းအစစ် ဖြစ်စေ၏။ သို့သော်လည်း အားအရှိန် ရိုက်ခတ်မှုကြောင့် ရီဖူရှင်းသည်လည်း နောက်ကို ဆုတ်သွားရကာ ခန်းမထောင့်သို့ ရောက်သွားသည်။

မက်မုံပွဲတော်ခန်းမတွင် ချီရှန်းက မျက်မှောင်ကြုတ်၏။

အားလုံး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာခဲ့ကြ၏။ ရှင်းခိုင်ကား သည်နေရာတွင် စည်းမျဉ်းများကို ချိုးဖျက်နေသည်။

ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ခြင်းက သူ့ကို ကြီးမားသော ဖိအားများ ဖြစ်စေခဲ့ဟန်ရ၏။

ချိပ်တံဆိပ်က ကွယ်ပျောက်သွားခဲ့သည်။ ရှင်းခိုင်၏ မျက်လုံးများက အေးစက်နေ၏။ သူက နောက်လှည့်ကာ သူ၏နေရာသို့ ပြန်သွားခဲ့သည်။

သူက ရီဖူရှင်းကို ဆက်လက်၍ မတိုက်ခိုက်တော့။

ဤက အဓိပ္ပာယ် ကင်းမဲ့ပေသည်။

သူက လူအများကြား ရယ်စရာ ဖြစ်နေပေလိမ့်မည်။

ချီရှမ်းက တစ်စုံတစ်ခု ပြောရန်ဟန်ပြင် လိုက်၏။ သို့သော်လည်း ရှင်းခိုင်က ဆက်လက်၍ တိုက်ခိုက်မည့်ဟန် မရှိတော့သည်ကို မြင်သောအခါ ဘာမှ ထပ်မပြောတော့။

ကြည့်ရသည်မှာ သူက သဘောမကျမှုကို ပြသလိုဟန်မျှသာ ဖြစ်ဟန်ရ၏။

လော့ယန်ကလည်း ရီဖူရှင်းကို ကြည့်နေသည်။ သူတို့ကို အနိုင်ယူခဲ့သူမှာ ရီဖူရှင်းဖြစ်မည်ဟု သူကလည်း မထင်ထားခဲ့ပေ။

စာလုံးထောင်ချီ မှော်စာလိပ်ပြိုင်ပွဲမှာ ပြုံးဆုံးခဲ့ပြီ ဖြစ်သည်။

လေထဲတွင် ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်လာသည်။ ဧရာမကျောက်စာချပ်ကြီး တစ်ခု ကောင်းကင်မှ ဆင်းသက်လာ၏။

အပြင်ပန်းတွင် ကျောက်စာချပ်ကြီးသည် ရိုးရှင်းကာ သာမန်ဟု ထင်ရသော်လည်း အလွန်ရှေးကျသော စာလုံးများအား ရေးထွင်းထားသည်။ တစ်စုံတစ်ယောက်က သာမန်မျက်လုံးဖြင့် ကြည့်ပါက မည်သည့်ထူးခြားမှုမှ တွေ့မည်မဟုတ်ပေ။ ကျောက်စာချပ်၏ ထူးခြားမှုကို တွေ့ရန် စိတ်စွမ်းအားကို သုံးရပေမည်။

ယခု စာလုံးထောင်ချီ မှော်စာလိပ်ကား ရီဖူရှင်း၏အပိုင်ဖြစ်သွားပြီ ဖြစ်သည်။

ချီရှန်းက ရီဖူရှင်းအား ပြုံးလျက်ပြောသည်။

“ယူလိုက်ပါ အရှင်ရီ”

ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကျေးဇူးပါ အရှင့်သား”

သူကား ရှင်းခိုင် တိုက်ခိုက်ခြင်းအပေါ် စိတ်မပူပေ။ ထိုက အဓိပ္ပာယ်ကင်းမဲ့၏။

လူအများက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်ကြသည်။ ဤနည်းဖြင့် ရီဖူရှင်းက ရန်ဟောင်အဆင့် ရတနာနှစ်ခုကို ပိုင်ဆိုင်သွားခဲ့၏။ ပထမက မှော်ကု့ချင်း ဖြစ်သည်။ ယခု စာလုံးထောင်ချီ မှော်စာလိပ်ကို ထပ်ရသည်။

ဤအရာများမှာ စစ်မှန်သော ရတနာများ ဖြစ်ကြသည်။ သွေးနဂါးဘုံတွင် ဤသို့သော ရတနာများအား မည်သူက ပိုင်ဆိုင်နိုင်ပါမည်နည်း။

ယခု ရီဖူရှင်းက ရတနာနှစ်ခုကို ရယူသွားခဲ့သည်။

သို့သော်လည်း ရီဖူရှင်း သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။ သူက ကျောက်စာချပ်အား သိမ်းဆည်းကာ သူ့နေရာသို့ ပြန်သွားသည်။ ချန်ယဲ့မြို့မှ လူများက သူ့အား ကြည့်နေသလို ရှားရှင်းယွန်သည်ပင် ရှားရှားပါးပါး ပြုံးနေ၏။

သူကား အင်ပါယာရှားဘုံတွင်သာ မဟုတ်၊ သွေးနဂါးဘုံတွင်ပင် ပြိုင်စံရှားပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset