အပိုင်း(၁၂၇၁)

ရင့်သီးသော နဝမမြောက်အစေခံ

သွေးနဂါးဘုံ၏ နံပါတ်၁မြို့၊ ရှေးဟောင်းအင်ပါယာမြို့။

နဝမမြောက် အစေခံသည် မြို့စားခန်းမဆောင်ထဲတွင် လက်နှစ်ဖက်အား နောက်တွင်ချိတ်လျက် ခန့်ညားစွာ ရပ်နေသည်။ သူ၏စူးရှသော မျက်လုံးများက အဝေးသို့ ကြည့်နေဟန်ရ၏။ သူ၏စိတ်အသိက လေဟာနယ်ကို ဖြတ်သန်းသွားကာ ချင်ယဲ့မြို့သို့ ဆင်းသက်လျက် ရှင်းချိုး၏ မျက်လုံးထဲသို့ ဝင်လာဟန်ရသည်။

နဝမမြောက် အစေခံကား သွေးနဂါးဘုံတွင် နံပါတ်၁ မြို့စားအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူကား ရန်ဟောင်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းကာ ရန်ဟောင်အဆင့်သို့ ခြေတစ်ဖက် လှမ်းထားနိုင်သူလည်း ဖြစ်၏။

သို့သော်လည်း နဝမမြောက်အစေခံသည် နာမည်အတိုင်း အစေခံဖြစ်သည်။

ရှင်းခိုင်နှင့် ရှင်းချိုးတို့ နှစ်ယောက်မှာ သူခစားရသော သခင်လေးများ ဖြစ်၏။

နဝမမြောက်အစေခံ၏ ဘဝတစ်သက်တာတွင် အဖြစ်ချင်ဆုံး ဆန္ဒမှာ သူ၏ သခင်လေးနှစ်ယောက် ရန်ဟောင်အဆင့်သို့ တက်လှမ်းခြင်းဖြစ်သည်။

သူကား ရှင်းချိုးနှင့် ရှင်းခိုင်တို့နှစ်ဦး ဘေးကင်းခြင်းနှင့် ပတ်သက်၍ အလွန်တရာ အလေးထားပေသည်။ သူကား သူ့သခင်လေးနှစ်ဦး အပေါ် အလွန်အမင်း အကာအကွယ် ပေးလွန်းရာ သူ၏နာမည်က သွေးနဂါးဘုံ တစ်ခွင်သို့ လျှမ်းလျှမ်းတောက် ကျော်ကြားသည်အထိ ဖြစ်လာခဲ့၏။

နဝမမြောက်အစေခံထံမှ အားကောင်းသော အရောင်အဝါများ ကွဲထွက်လာခဲ့ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏စိတ်အသိက ရှင်းချိုး၏ စိတ်အသိနှင့် ပေါင်းစပ်သွား၏။

ချင်ယဲ့မြို့တွင် ရှင်းချိုးက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်လျှင် ပြင်းထန်သော အားလှိုင်းသည် ယူချင်းအား နောက်သို့ လွင့်စင်သွားစေ၏။

ထိုမြင်ကွင်းက လူတိုင်းအား အာရုံစိုက်မိသွားစေသည်။ သူတို့အားလုံးက ရှင်းချိုးထံမှ ပြင်းထန်သော အရောင်အဝါအား ခံစားမိကြ၏။ ထိုအရောင်အဝါက တခြားတစ်ယောက်ထံမှ လာခြင်းဖြစ်သည်။

“စစ်နတ်ဘုရားအမှတ်အသား”

အားလုံးက ကောလာဟလများကို ပြန်သတိရကာ အမူအရာများ ပြောင်းလဲသွားကြသည်။ ရှင်းချိုးထံမှ တိုက်ခိုက်ရေးအသိသည် ကောင်းကင်သို့အထိ ထိုးတက်သွား၏။ ဖိအားများသည် ဒေါမာန်ထနေသော ရေလှိုင်းများအလား ဆင့်ကဲကျဆင်းလာခဲ့သည်။

ဤသို့ ထူးဆန်းဖြစ်ရပ်များက လူအများအပြားအား ရှင်းချိုး၏ နောက်ခံအသိုင်းအဝိုင်း ကောလာဟလကို သတိရမိစေ၏။ ယင်းကား နဝမမြောက်အစေခံ၏ လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်ပေသည်။

ရှင်းချိုးထံမှ ထွက်ပေါ်လာသော ကိုယ်ရောင်ကိုယ်ဝါသည်ကား နံပါတ်တစ်မြို့စားသခင် နဝမမြောက်အစေခံထံမှ ဖြစ်ပေသည်။

“ကိုယ့်နေရာကိုယ် သိစမ်း”

အေးစက်သောအသံသည် နဝမမြောက်အစေခံ၏ ပါးစပ်မှ ထွက်လာခြင်းဖြစ်၏။ ရှင်းချိုးက လက်ကို မြှောက်ကာ ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် စစ်နတ်ဘုရား အမှတ်အသား ကွဲထွက်လာခဲ့ကာ ယူချင်းထံသို့ တိုးဝင်သွားသည်။

ယူချင်းက မာန်သွင်းအော်ဟစ်ကာ မိစ္ဆာ အရောင်အဝါများအား ထွက်ပေါ်လာစေ၏။ သူ၏လက်သီးက ရှေ့မှ လေထုကို ဖြတ်သန်းသွားခဲ့၏။ သို့သော်လည်း အမှတ်အသားက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိဟန် ရသည်။ မဟာလမ်းစဉ်က ပျက်စီးပြိုလဲသည့်အလား ကောင်းကင်သည် ပြိုကျတော့မည့်နှယ် ဖြစ်လာသည်။

ဘုန်း …

ယူချင်းကို ရစ်ပတ်ထားသော မိစ္ဆာချပ်ဝတ်မှာ ပြိုပျက်သွားတော့မည့်အလား ဖြစ်သွားသလို သူသည်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျကာ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။

ရှင်းချိုး၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ရှိနေသည်။

ဘုန်း …

အပေါ်မှ ကျယ်လောင်သော ဆူညံသံတစ်ခုအား ကြားရသည်။ ကိုင်ဟွမ်နှင့် ကြယ်ဆွတ်လက်တို့ လူချင်း ကွဲသွား၏။ ကိုင်ဟွမ်က ကောင်းကင်ထက်မှ ဆင်းသက်လာကာ ရှင်းချိုး၏ဘေးသို့ ရောက်လာခဲ့သည်။ သူက ခေါင်းငုံ့ကာ ခေါ်သည် “အရှင်နဝမမြောက်အစေခံ”

သူ့မျက်လုံးများထဲတွင် မိမိကိုယ်ကို အပြစ်တင်ဟန်များ ရှိနေ၏။ သူက ရှင်းချိုးအတွက် ရန်ဟောင်ရတနာကို ရယူလိုသော်လည်း ရှင်းချိုးမှာ မထင်မှတ်ထားစွာ ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီး သေမလိုပင် ဖြစ်ခဲ့သည်။

“နဝမမြောက်အစေခံ၊ ခင်ဗျား မရှက်ဘူးလား” ကောင်းကင်ထက်မှ အေးစက်သော အသံတစ်သံအား ကြားရသည်။ ကြယ်ဆွတ်လက်က ဒဏ်ရာရသွားသော ယူချင်းကို ကြည့်၏။

နောက်ထပ် လေပြင်းတစ်ချက် ရိုက်ခတ်မှုနှင့်အတူ ကောင်းကင်ထက်မှ ဒေသနန်းတော်၏ လိုဏ်ဂူသခင် ဆင်းသက်လာသည်။ အလွန်ရင့်သီးသော ဖိအားများ ရှင်းချိုးအပေါ်သို့ ကျဆင်းလာခဲ့၏။

ရှင်းချိုး၏မျက်လုံးများက ကြယ်ဆွတ်လက်နှင့် လိုဏ်ဂူသခင်တို့ကို ကြည့်သည်။ နဝမမြောက်အစေခံ တဖြစ်လဲ ရှင်းချိုးအနေဖြင့် ပြန်လည်မွေးဖွားခြင်း အဆင့် အများအပြားအား တိုက်ခိုက်ရန် မလွယ်ကူပေ။

နဝမမြောက်အစေခံက ရှင်းချိုးအား မည်သူက ထိပါးရဲသည်ကိုသာ တွေ့မြင်လိုခြင်းဖြစ်သည်။

“ဒါဆို မင်းက ဒေသနန်းတော်ကို လေ့ကျင့်ဖို့ ဝင်ရောက်သွားတဲ့ ယူချင်းဆိုတာပေါ့” နဝမမြောက်အစေခံက မြေပြင်ပေါ်မှ ထရပ်လာသော ယူချင်းအား ကြည့်ကာ အေးစက်စွာ ပြောသည်။

ယူချင်းအနီးတွင် မိစ္ဆာအရှိန်အဝါများ ဆက်လက်၍ ဆူပွက်နေကြသည်။ သူ၏မျက်လုံးများက ရှင်းချိုးကို စူးရဲစွာ ကြည့်၏။

“မင်း နောက်တစ်ခါ လုပ်ရဲရင် မင်းက ဒေသနန်းတော်မှာ လေ့ကျင့်နေရင်တောင် ငါမင်းကို သတ်မယ်” နဝမမြောက်အစေခံက ပြောသည်။ ဒေသနန်းတော် လိုဏ်ဂူသခင် ဘေးနားတွင် ရပ်နေသည့်တိုင် သူက မောက်မာစွာ ပြော၏။

အနီးမှ လူများအားလုံး တုန်လှုပ်သွားကြသည်။ သည်အရာကပင် သွေးနဂါးဘုံမှ နံပါတ်တစ် မြို့စားသခင်၊ နဝမမြောက်အစေခံ၏ အရှိန်အဝါဖြစ်၏။

ကောလာဟလများအရ သူသည် ရန်ဟောင်အဆင့်သို့ တစ်ဝက် ရောက်နေပြီဆို၏။

သူသည် ဒေသဘုရင်အဆင့်တွင်လည်း ပါဝင်သူဖြစ်၏။

ဒေသဘုရင်အဆင့်တွင် ပါဝင်သော ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်များသည် ရှန့်ထိုများ၏ အကြီးအမှူးများ ဖြစ်ကြသည်။ သူတို့အား သွေးနဂါးဘုံတွင် ရင်ဆိုင်နိုင်သောသူမှာ လက်ချိုးရေ၍ ရ၏။

“နဝမမြောက်အစေခံ၊ မင်းလွန်လာပြီ” လိုဏ်ဂူသခင်က ရှင်းချိုးထံသို့ ဖိအားများပေးကာ ပြောသည်။

ယူချင်းကား သူ့လက်အောက်တွင် လေ့ကျင့်နေခြင်းဖြစ်ရာ သူ့တပည့်ဆိုလျှင်လည်း မမှားပေ။

ရှင်းချိုးက လိုဏ်ဂူသခင်အား ကြည့်ကာ ပြောသည် … “ကျုပ်က လက်ရည်စမ်းဖို့ နောက်တွန့်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက သတ်ဖို့ ကြံနေတာတောင် ခင်ဗျားက မတားဘူးလား။ ဒေသနန်းတော်က သွေးနဂါးဘုံမှာ နံပါတ်၁တော်ဝင်မြေလို့ နာမည်ကျော်ကြားတယ်။ ကျုပ်က ဒေသနန်းတော်ကို တစ်ခါလောက် အလည်လာသင့်တယ် ထင်တယ်။ တကယ်လို့ သွေးနဂါးအင်ပါယာက ခွင့်ပြုခဲ့ရင်ပေါ့”

“မင်း စမ်းကြည့်ပါ” လိုဏ်ဂူသခင်က ဖြေသည်။

ရှင်းချိုး၏ မျက်လုံးများက ခံစားချက်များ ကင်းမဲ့ကာ ရေခဲတမျှအေးစက်နေသည်။ သို့သော်လည်း သူကား ရင့်သီးမောက်မာနေဆဲ ဖြစ်၏။

ဒေသနန်းတော်သည် တော်ဝင်မြေ ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် အင်အားမှာ အကန့်အသတ် ရှိသည်ကို လူတိုင်းသိကြ၏။

နဝမမြောက်အစေခံ၏ မျက်လုံးထဲတွင် ထိုနေရာက ရန်ဟောင်တစ်ပါး မရှိပါက တခြားနေရာများနှင့် ထူးမခြားနားပေ။

သူ၏သခင်လေးများကို ထိခိုက်စေရန် ကြံစည်သူများက မည်သူဖြစ်ပါစေ၊ နဝမမြောက်အစေခံအား ပြန်လည်ဖြေရှင်းချက် ပေးရပေမည်။

“ကိုင်ဟွမ်၊ ရှင်းချိုးကို ရှေးဟောင်းအင်ပါယာမြို့သို့ ပြန်ခေါ်ခဲ့” နဝမမြောက်အစေခံက ဘေးမှ ကိုင်ဟွမ်ကို ပြောသည်။

“ဟုတ်ကဲ့ အရှင်” ကိုင်ဟွမ်က ခေါင်းညိတ်သည်။

ဘုန်း …

ယူချင်းက ရှေ့သို့ အားကောင်းသော အရှိန်အဝါဖြင့် တက်လာခဲ့၏။

ရှင်းချိုးက ယူချင်းအား တစ်ချက်ကြည့်၏။

“မင်းက အကျိုးဆက်ကို မစဉ်းစား တတ်တာလား။ မင်းကို ဒေသနန်းတော်က ကာကွယ်နိုင်ရင်တောင်မှ ချင်ယဲ့မြို့က ဘယ်နှစယောက် အသက်ရှင်နိုင်မယ်လို့ မင်းထင်လဲ” နဝမမြောက်အစေခံ၏ မျက်လုံးများသည် ယူချင်း၏ မိစ္ဆာအရှိန်အဝါများကိုပင် ဖိနှိပ်နိုင်ပုံ ရသည်။

ရှင်းချိုး၏မျက်လုံးမှ အသိစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူက ပြောသည်  … “ကိုင်ဟွမ်”

ကိုင်ဟွမ်က ရှေ့သို့ တက်လာကာ ရှင်းချိုးအား ခေါ်လျက် ထွက်ခွာသွားသည်။

ယူချင်းက ကိုင်ဟွမ်နှင့် ရှင်းချိုးအား စကားတစ်ခွန်းမှ မဆိုဘဲ ကြည့်နေသည်။

မရေမတွက်နိုင်သော လူများက စစ်မြေပြင်ကို ကြည့်ကာ တုန်လှုပ်ကြ၏။

ဤသည်ကပင် ရှေးဟောင်းအင်ပါယာမြို့၏မြို့စား နဝမမြောက် အစေခံဖြစ်၏။

ဒေသသခင်က ယူချင်းဘေးနားကို ရောက်လာကာ ပြောသည် … “မင်းက ရှေးဟောင်း အင်ပါယာမြို့ထဲကို ဝင်နိုင်မည့်တစ်နေ့ ရောက်လာမှာပါ။ ဒါပေမဲ့ လမ်းမှာ ဒေသနန်းတော်ထဲ လေ့ကျင့်နေတဲ့ ရှင်းခိုင် ရှိသေးတယ်” လိုဏ်ဂူသခင်က ပြောသည်။ သူက ယူချင်းအား များစွာ မျှော်လင့်ထား၏။ ယူချင်းက ရှင်းခိုင်ထက် အနာဂတ်တွင် အောင်မြင်မည်ဟု သူတွေးထင်ထားသည်။

ကိုင်ဟွမ် ထွက်ခွာ သွားပြီးနောက်တွင် တိုက်ပွဲမှာ အဆုံးသတ် သွားခဲ့ပြီဖြစ်သည်။ ကျူးခုန်နှင့် သူ့လူများမှာ ပြန်လည်မွေးဖွားခြင်းဖြစ်ရာ သူတို့အနေဖြင့် တိုက်ပွဲကို အနိုင်မရသော်လည်း ဘေးမသီရန်မခ ထွက်သွားရန်မှာ မခက်ခဲပေ။

“မြို့စားရီ၊ ကျုပ်တို့ မျိုးနွယ်စုကို ပြန်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ပါ့မယ်” မျိုးနွယ်စုခေါင်းဆောင် အချို့က ရီဖူရှင်းအား ပြောသည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ လက်ရှိတွင် မျိုးနွယ်စုကိုးခုသည် ရှုပ်ထွေးနေရာ သူတို့က ပြန်လည်၍ စီစဉ်စရာ ရှိသည်များအား စီစဉ်ရပေမည်။

အားလုံး ထိုနေရာမှ ထွက်သွားကြသည်။ ကျူးကလန်မှ တန်ခိုးရှင်များသည် ကျူးခုန်တို့အုပ်စု မျိုးနွယ်စုများတွင် သွားရောက်၍ ပြဿနာမရှာရန် စောင့်ကြည့်ရပေမည်။

ယနေ့တွင် မျိုးနွယ်စုခေါင်းဆောင် နှစ်ဦး သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ကျန်ရှိသော မျိုးနွယ်များအတွက် တစ်ခုခု စီစဉ်ရန် လိုပေသည်။

တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး ထွက်သွားသော်လည်း ကောင်းကင်မှာ နီရဲနေဆဲဖြစ်၏။

သွေးနဂါးဘုံတွင် ဤသို့သော တိုက်ပွဲအား မမြင်တွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင် ဆယ်ယောက်ထက်မနည်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ထိုအရာများအားလုံးမှာ အင်ပါယာခွာ၏ အမွေအနှစ်ကြောင့် ဖြစ်လာခြင်းပင်။

ချန်ယဲ့မြို့ ဆက်လက် ရှင်သန်ခဲ့၏။ ရီဖူရှင်း အသက်ရှင်ခဲ့သလို အင်ပါယာခွာ၏ အမွေအနှစ်ကိုလည်း ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ထိုနေ့တွင် ပြန်လည်မွေးဖွားခြင်း အဆင့် လေးဦး သေဆုံးခဲ့၏။

ယနေ့ပြီးနောက်တွင် ချန်ယဲ့မြို့အား မည်သူမှ အလွယ်တကူ ရန်စရဲတော့မည် မဟုတ်ပေ။ မျိုးနွယ်စုခေါင်းဆောင် အချို့က ရီဖူရှင်းအား အညံ့ခံခဲ့ကြ၏။ ချန်ယဲ့မြို့၏ အင်အားမှာ အလွန်ကြီးထွား လာသည်ဟု ဆိုနိုင်သည်။

မီးတောက်များမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီဖြစ်သည်။ လူအများအပြားက ရီဖူရှင်းရှိရာသို့ လှမ်းကြည့်ကြ၏။ အင်ပါယာခွာ၏ ပုံရိပ်ကြီးမှာ မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အဆုံးအစမဲ့သော မီးတောက်များသည် ကြောက်မက်ဖွယ်ကောင်းသော မီးမုန်တိုင်း၏ စုပ်ယူဝါးမျိုခြင်းအား ခံရ၏။ နောက်ဆုံးတွင် မီးတောက်များ အားလုံးကို ရီဖူရှင်းက ဝါးမျိုပြီး ထိုထူးခြားဖြစ်စဉ်များ အားလုံး ကွယ်ပျောက်သွားတော့သည်။

ရီဖူရှင်းကား အဆုံးအစမဲ့သော မီးတောက်များဖြင့် လွှမ်းခြုံထား၏။ တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး သူ့ဘေးကို ရောက်လာကြသည်။

ရန်ယွင် ထွက်မသွားသေးပေ။ သူသည်လည်း ရီဖူရှင်းဘေးသို့ ရောက်လာသည်။

“မြို့စားအိမ်တော်ကို ပြန်ပြီး တည်ဆောက်ကြ” ဆန်းထျန်ကျန့်က အမိန့်ပေးသည်။ မြို့စားအိမ်တော်မှ လူများသည် ချက်ချင်းပင် အပျက်အစီးများကို ရှင်းလင်းကာ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်ကြသည်။

“ခင်ဗျားတို့ ဒီလို ဆက်နေဦးမှာလား” သူက ပတ်ပတ်လည်မှ တန်ခိုးရှင်အုပ်စုများကို ကြည့်သည်။ ထိုလူများမှာ တိုက်ပွဲ၌ မပါဝင်သော တခြားအင်အားစုများ ဖြစ်ကြသည်။

“ကျုပ်တို့ သွားပြီ” အဆိပ်မီးတောက်မြို့စားက ပြောကာ ထွက်သွားသည်။ တခြားသော အင်အားစုများကလည်း အသီးသီး ထွက်သွားကြ၏။ သူတို့က အထင်အမြင် လွဲမှားမှုဖြစ်ရန် မလိုလားပေ။

ထို့နောက်တွင် ချန်ယဲ့မြို့မှ လူများသာ ကျန်ရစ်တော့သည်။

ရှားရှင်းယွန်၊ ယူချင်းနှင့် တခြားလူများက ရီဖူရှင်းဘေးသို့ ရောက်လာကြသည်။

ရီဖူရှင်းက ဘာမှ မပြောပေ။ ရှားရှင်းယွန်၏ မျက်လုံများထဲ စိုးရိမ်ပူပန်မှုကို မြင်တွေ့နိုင်သည်။

ထိုမျှကြီးမားသော စွမ်းအားကို သယ်ပိုးခဲ့သည့်အတွက် တန်ပြန်ထိခိုက်မှုကို သေချာပေါက် ခံစားရပေမည်။

“နင့် အခြေအနေ ဘယ်လိုလဲ” ရှားရှင်းယွန်က တီးတိုးမေးသည်။

ရီဖူရှင်းထံမှ မီးတောက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူက ရှားရှင်းယွန်အား ကြည့်၏။ သူ့ပါးစပ်မှ အလွန်ပူပြင်းသော သွေးများ စီးကျလာသည်။ သူ၏ အတွင်းကလီစာများ အားလုံး လောင်ကျွမ်းနေဟန် ရသည်။

သူမက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အပူရှိန်နှင့် အတွင်းကလီစာများ ပျက်စီးမှုကို ခံစားရသည်။ ရှားရှင်းယွန်၏ မျက်လုံးများက နီရဲလာကာ အလွန်တရာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်လာခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset