Switch Mode

အပိုင်း(၁၂၅၆)

သတင်းစကား

ဤနေရာရှိ လေထု အခြေအနေသည် အလွန်ပင် ထူးဆန်းနေသည်ကို ခံစားရသည်။ ရုတ်ခြည်းပင် လူတိုင်း တိတ်ဆိတ်သွားခဲ့၏။

ယနေ့တွင် ဤနေရာ၌ ရောက်ရှိနေသော သူများမှာ နေရာအနှံ့မှ လူများ ဖြစ်သည်။ မျိုးနွယ်စုကိုးခုနှင့် သူတို့ ဖိတ်ကြားထားသည့် တန်ခိုးရှင်များ အားလုံးမှာ မတူကွဲပြားသော အတွေးများ ရှိကြသည်။

မျိုးနွယ်စုကိုးခု ပင်လျှင် အကုန်လုံး ညီညွတ်နေကြသည် မဟုတ်ပေ။ ဥပမာဆိုရလျှင် ဝူယုံးသည် ရီဖူရှင်း၏ ဘက်တွင် ရှိနေသည်။

“မင်း ပြောတာ မှန်ပါတယ်။ မြို့စားရီကို ဘိုးဘေးနယ်မြေ ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ် ဆိုကတည်းက ဘိုးဘေးနယ်မြေမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျုပ်တို့က လေးစားမှု ထားပေးသင့်တယ်။ ကျုပ်တို့ စစ်ဆေးကြည့်လို့ မြို့စားရီက အင်ပါယာခွာရဲ့ အမွေကို တကယ်ပဲ ဆက်ခံခဲ့ရတယ်ဆိုရင် မျိုးနွယ်စုကိုးခု အနွယ်ဝင်တွေက မြို့စားရီကို ဦးဆောင်စေဖို့ ဆန္ဒရှိမှာလား”

ထိုအချိန်၌ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်၌ ကျူးကလန်မှ တန်ခိုးရှင်ပင်လျှင် အကူအညီမဲ့စွာနှင့် အသံလာရာဆီသို့ ကြည့်လိုက်ရသည်။

ပြောလိုက်သူမှာ မျိုးနွယ်စုကိုးခုမှ တစ်ခုဖြစ်သည့် ပေ့လိမျိုးနွယ်စု ဖြစ်လေသည်။

သူသည်လည်း ဤကိစ္စကို သဘောတူမှု မရှိခဲ့ပေ။ မျိုးနွယ်စုကိုးခု အတွင်းမှာပင် မျိုးနွယ်စုနှစ်ခုက သူတို့၏ ရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

ရီဖူရှင်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထိုမြင်ကွင်းကို မျက်မြင်ကြည့်နေခဲ့သည်။ တစ်ဦးချင်းစီက သူတို့၏ အတွေးနှင့် ရပ်တည်မှုများကို ပြသနေကြောင်း သူ တွေ့မြင်သည်။ ဤ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံးသည် သူတို့၏ ကိုယ်ပိုင်အတွေးများ ကိုယ်စီ ရှိနေကြပြီး မျိုးနွယ်စု ကိုးခုကြားမှ ပြိုင်ပွဲက ပြင်းထန်လှကာ ကျူးကလန်နှင့် ကျုံးကလန်တို့က သူ့ထံမှ လျှို့ဝှက်ချက်များကို ရယူချင်သောကြောင့်  သူ့ကို စွဲချက် တင်လိုကြပေသည်။ အခြားမျိုးနွယ်စုများ သည်လည်း သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိနေကြသည်။

သူတို့သည် တစ်စုတစ်စည်းထဲ ညီညွတ်မှု မရှိနိုင်ကြပေ။

အင်အားအရဆိုလျှင် ပေ့လိမျိုးနွယ်စုသည် မျိုးနွယ်စုကိုးခု ကြားတွင် သာမန်မျှသာ ရှိပေသည်။

သို့သော်လည်း ယခု အခြေအနေအရ ကြည့်ရသည်မှာ အခြား မျိုးနွယ်စု ခုနစ်ခုက သူ့ကို အကွက်ဆင်ချင်လျှင် သူတို့ ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

ကျူးမျိုးနွယ်စု ခေါင်းဆောင်သည် ရက်စက် ပြင်းထန်သည့် စွမ်းအား အရှိန်အဝါကို ဖော်ထုတ်၍ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ ဝူကလန်နှင့် ပေ့လိကလန်၏ တန်ခိုးရှင်များကို ကြည့်သည်။ ထို့နောက်တွင် သွမ့်ဝူကျီနှင့် ရင်ထျန်းကျောက်ကိုပါ ကြည့်လိုက်လေသည်။ သူသည် ရယ်မောလိုက်ပြီးနောက် စကား စတင်ပြောသည်။ “မင်းတို့က ဒီလိုပြောတယ် ဆိုမှတော့ ကျုပ်တို့က အဲဒီလို မတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ အဲဒါက ဒီကိစ္စကို အဆုံးသတ်လိုက်မယ် လို့တော့ မဆိုလိုဘူး။ တစ်ခုခုကိုတော့ ရှာဖွေ ဖော်ထုတ်ရမယ်”

ထိုသို့ ပြောပြီးနောက် သူသည် တစ်ဖက်သို့ လှည့်ကာ သူ့လူတွေကို ပြောသည်။ “သွားကြမယ်”

ကျူးကလန်မှ တန်ခိုးရှင်များသည် သူနှင့် အတူလိုက်ကာ ထွက်ခွာသွားခဲ့သည်။ သူတို့ ထွက်သွားသည်ကို ကြည့်ကာ အခြားကလန်များမှ တန်ခိုးရှင်များသည်လည်း ထပ်၍ အတင်းအကျပ် လုပ်ဆောင် မနေတော့ဘဲ သူတို့၏ အဖွဲ့သားများ နှင့်အတူ ထွက်ခွာသွားတော့သည်။ သွေးနဂါးဘုံမှ များပြားလှသည့် လူများမှာ ထိုနေရာတွင် စုဝေးနေ၍ အဝေးတစ်နေရာမှ ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

အဖြစ်အပျက်များသည် ခေတ္တ ရပ်တန့်သွားခဲ့ပြီး ရီဖူရှင်းသည် အင်ပါယာခွာ၏ အမွေအနှစ်မှ အများအပြား ရရှိနိုင်လိမ့်မည်။

သို့သော်လည်း ယင်းကိစ္စကို အဆုံးသတ်ရန်မှာ ဝေးကွာနေပေသေးသည်။

ယနေ့တွင် အင်ပါယာတုန်း နန်းတော်မှ သွမ့်ဝူကျီနှင့် အင်ပါယာဝူ၏ မင်းသမီး ရင်ထျန်းကျောက်က သူတို့၏ သဘောထားကို ဖော်ပြခဲ့သော်လည်း ထိုသည်က ရိုးရှင်းစွာပင် သူတို့က မျိုးနွယ်စုကိုးခု၏ လုပ်ရပ်ကို သဘောမကျသောကြောင့် ဖြစ်ပေသည်။ သူတို့သည် ရီဖူရှင်းနှင့် အမြဲတစေ ရှိနေမည် မဟုတ်သည့်အတွက် ရီဖူရှင်းသည် အချိန်တိုင်း လုံခြုံနိုင်မည် မဟုတ်ပေ။

နောက်ပိုင်းတွင် မည်သည်တို့ ဖြစ်ပါစေ အင်ပါယာတုန်းနန်းတော်နှင့် အင်ပါယာဝူဘုံက ကြားဝင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ကလန်များမှ လူများ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီး သူ၏ မျက်လုံးများသည် ရှေ့တည့်တည့်သို့ အေးစက်စွာ ကြည့်နေပေသည်။ သူသည် အဝေးသို့ ကြည့်နေပြီး အတွေးထဲတွင် နစ်မြုပ်နေသည်။

“ဘာဖြစ်လို့လဲ” ရှားရှင်းယွန်က မေးသည်။

“ဘာမှ မဟုတ်ပါဘူး” အတွေးများဖြင့် ရှုပ်ထွေးနေသည့် ရီဖူရှင်းက ပြောသည်။ သူက ဂါရဝပြုသည့် ပုံစံအတိုင်း လက်ကို ဆုပ်လိုက်ကာ သွမ့်ဝူကျီနှင့် ရင်ထျန်းကျောက်ကို ပြုံး၍ ပြောသည်။ “ခင်ဗျားတို့ ကျွန်တော့်ကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“သူတို့ရဲ့ စရိုက်ကို မကြိုက်ဘူးလို့ ဝင်ပါလိုက်တာပါ။ အရမ်း အလေးအနက် ထားစရာ မလိုပါဘူး” သွမ့်ဝူကျီက လေးတိလေးတွဲ့ အပြုံးတစ်ပွင့်နှင့် ပြောသည်။ “အခွင့်အရေးရှိခဲ့ရင် မင်းရဲ့ ခွန်အား အစစ်အမှန်က ဘယ်လောက်ရှိလဲ စမ်းသပ် ကြည့်ချင်သေးတယ်”

သူတို့ ယခင်က ဘိုးဘေးနယ်မြေတွင် တိုက်ခိုက်ခဲ့စဉ်က လမ်းစဉ်မီးတောက် စွမ်းအားများကိုသာ အသုံးပြုခဲ့ကြပြီး ၎င်းသည် သူတို့၏ အစစ်အမှန် စွမ်းအားကို ကိုယ်စားမပြုနိုင်ပေ။

အင်ပါယာတုန်း နန်းတော်သည် နတ်သက်ကြွေမီးတောက် စွမ်းရည်၌ ကောင်းမွန်သော်လည်း မီးတောက်စွမ်းအားသည် သူတို့၏ ကျင့်စဉ်များထဲမှ တစ်ခုသာ ဖြစ်သည်။

ရီဖူရှင်းသည်လည်း ထိုသို့သာ ဖြစ်သည်ကို သူ နားလည်လေသည်။ မည်သူကမှ ရီဖူရှင်း၏ မီးတောက်လမ်းစဉ် နားလည် သဘောပေါက်နိုင်မှုနှင့် စွမ်းအား အစစ်အမှန်ကို မသိရှိသည်ကြောင့် သူ အနိုင်ရလိမ့်မည်ဟု မထင်ခဲ့ကြပေ။

ယခု သူ၏ မီးတောက်လမ်းစဉ် အပေါ် နားလည် သဘောပေါက်မှုက အလွန်သန်မာသည်ကို သက်သေပြခဲ့ပြီ ဖြစ်သောကြောင့် အခြား နယ်ပယ်များတွင်လည်း သူ၏ စွမ်းအားမှာ အားနည်း မနေသင့်ပေ။

အကယ်၍ အခွင့်အရေးသာ ရှိခဲ့လျှင် သူသည် ချန်ယဲ့မြို့စား၏ စွမ်းအား အစစ်အမှန်က မည်မျှ သန်မာသည်ကို စမ်းသပ်ကြည့်ချင်ပေသည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ အပြုံးနှင့် ပြောသည်။

သွမ့်ဝူကျီသည် သူ့လူများနှင့် ထွက်သွားခဲ့သည်။ ရင်ထျန်းကျောက်သည် သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီး မည်သည့် စကားမှ မပြောဘဲ လှည့်ထွက်သွားသည်။

ရီဖူရှင်းသည် ထိုသည်ကို စိတ်ထဲ မထားသော်လည်း ရှားရှင်းယွန်၏ မျက်နှာတွင် ထူးဆန်းသည့် အကြည့်တို့ ပေါ်လာ၍ ရီဖူရှင်းကို သူမ၏ မျက်ဝန်းလှလှတို့နှင့် ကြည့်သည်။

“ဘာလို့ ကျုပ်ကို အဲဒီလို ကြည့်ရတာလဲ” ရီဖူရှင်းက မေးသည်။ သူက တစ်ခုခု ထူးဆန်းသည်ကို ခံစားလိုက်ရ၏။ သူမက ဘာကြောင့် သူ့ကို ထိုသို့ကဲ့သို့ ကြည့်ရသည်နည်း။

“ဘာမှ မဟုတ်ပါဘူး” ရှားရှင်းယွန်က ပြောသည်။ သူမ၏ အကြည့်တို့ကို အဝေးသို့ ပို့ကာ ပြောသည်။ “ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားရအောင်”

အနောက်ပိုင်းဒေသသည် မျိုးနွယ်စု ကိုးခု၏ အပိုင်နယ်မြေပင် မဟုတ်ပါလား။

ရီဖူရှင်းသည် ခေါင်းညိတ်ကာ ဝူယုံးဆီသို့ ကြည့်၍ မေးသည်။ “စီနီယာ၊ ကျူးကလန်က စီနီယာတို့ကို ပြဿနာ ရှာနိုင်လား။

ဝူကလန်သည် ယခင်က ကျူးကလန်ကို မှီခိုနေခဲ့ရသော်လည်း ယခုအခါတွင် သူတို့က ပုန်ကန်ခဲ့သည်။ ထို့အတွက် ကျူးကလန်က ပြဿနာ ရှာလာနိုင်ပေသည်။

ဖြစ်နိုင်ချေမှာ အလွန်များလှပေသည်။

ဝူယုံးက အနည်းငယ် မျက်မှောင်ကြုတ်သည်။ သိသာစွာပင် သူသည်လည်း ထိုကိစ္စကို စိတ်ပူနေခဲ့ပေသည်။

ရီဖူရှင်းသည် သူ့ ဘေးပတ်လည်ရှိ  လူများကို ကြည့်ကာ ပြောသည်။ “ကျုပ်ကို လက်ရှိ ဝူကလန်ခေါင်းဆောင် ဝူယုံးက အင်ပါယာခွာ နယ်မြေကို ဝင်ရောက်ပြီး အမွေဆက်ခံနိုင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီခရီးစဉ် အတွင်းမှာ စီနီယာဝူယုံး ဆီကနေ ဂရုစိုက်ပေးမှုတွေကို ကျုပ် ရရှိခဲ့တယ်။ တစ်နေ့မှာ ဒီအကြောင်းအရာကြောင့် ဝူကလန်က တခြားကလန်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရမယ်ဆိုရင် ကျုပ် ရီဖူရှင်းက မျိုးနွယ်စုကိုးခုရဲ့ တရားမမျှတမှုလို့ မှတ်ယူပြီး အင်ပါယာခွာရဲ့ အမွေအနှစ်ကို လောကတစ်ခွင် ပျံ့နှံ့စေရမယ်”

သူ့ စကားလုံးများက လူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ဤလူငယ်က မျိုးနွယ်စုကိုးခုကို မည်ကဲ့သို့ ခြိမ်းခြောက်ရဲ ရသနည်း။

အင်ပါယာခွာ၏ အမွေအနှစ်မှာ ဘိုးဘေးနယ်မြေ အတွင်းတွင်သာ ထိန်းသိမ်းထားခဲ့ပြီး ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ပြီးနောက်သာလျှင် ရရှိနိုင်မည် ဖြစ်သည်။ မျိုးနွယ်စုကိုးခု အကြားမှ လူအများအပြား သည်ပင် ထိုအမွေအနှစ်များကို မရရှိနိုင်ခဲ့ပေ။

သို့သော်လည်း ရီဖူရှင်းသည် ထိုအမွေအနှစ်များကို လောကတစ်ခွင် ပျံ့နှံ့စေရမည်ဟု ကြေညာခဲ့သည်။ ထိုသည်ကို မျိုးနွယ်စုကိုးခုမှ ကျိန်းသေ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“မျိုးနွယ်စုကိုးခုကသာ ဝူကလန်ကို မထိပါးဘူးဆိုရင် ကျုပ်ကလည်း ဒီအမွေအနှစ်တွေကို ဂရုတစိုက် ထိန်းသိမ်းထားပြီး ဘယ်သူ့ဆီမှ တစွန်းတစ မပေါက်ကြားစေရဘဲ မျိုးနွယ်စုကိုးခုကို ပြန်ပေးမှာပါ” ရီဖူရှင်းက ဆက်ပြောသည်။

ပေ့လိကလန်မှ တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်လိုက်စဉ် ပေ့လိကလန် ခေါင်းဆောင်က ပြောသည်။ “မျိုးနွယ်စုကိုးခုက တစ်စိတ်တစ်ဝမ်းထဲ အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီလိုအတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်လာတာကို ကျုပ်တို့ ပေ့လိကလန်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး”

“ခင်ဗျားက ဒီလိုပြောတယ်ဆိုမှတော့ ကျုပ် စိတ်သက်သာရာ ရသွားပါပြီ။ ဒီတစ်ခေါက် ကူညီပေးခဲ့တာ အရမ်းကျေးဇူးတင်ပါတယ်။ ပေ့လိကလန်က တန်ခိုးရှင်တွေ အချိန်ရခဲ့ရင် ချန်ယဲ့မြို့ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်” ရီဖူရှင်းက ပြောသည်။

“လက်ရှိမှာတော့ ကျုပ်က ဝူကလန် တစ်ခုတည်းကိုပဲ အမွေအနှစ်တွေ လက်ဆင့်ကမ်း ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ မျိုးနွယ်စုကိုးခုက တကယ်ပဲ စိတ်ဝမ်းမကွဲဘဲ တစ်စုတစ်စည်းတည်း ရှိကြမယ်ဆိုရင် ဘယ်တန်ခိုးရှင်ဖြစ်ဖြစ် ဝူကလန် တန်ခိုးရှင်တွေနဲ့ အတူ လိုက်ပြီး ကျုပ်ဆီမှာ မီးတောက်စွမ်းအား ကျင့်ကြံမှုတွေကို လာဆွေးနွေးနိုင်ပါတယ်”

သိသာစွာပင် ရီဖူရှင်းသည် ပေ့လိကလန်က သူ့ကို ကူညီခဲ့သည့် အတွက် မျက်နှာသာပြန်ပေးရန် ရည်ရွယ်ချက် ရှိနေကြောင်း သိသာပေသည်။

ရီဖူရှင်းသည် တစ်ကိုယ်ကောင်းဆန်သည့် သူ မဟုတ်သည့်အပြင် အင်ပါယာခွာ၏ အမွေအနှစ် ဆိုသည်မှာလည်း မျိုးနွယ်စုကိုးခုနှင့် သက်ဆိုင်သည့်အရာ ဖြစ်ပေသည်။ သူသည် ယုံကြည်နိုင်သည့် သူမျိုးကို ထိုအမွေအနှစ်များ လက်ဆင့်ကမ်းပေးရန် တွန့်တိုနေလိမ့်မည် မဟုတ်ပေ။

မိတ်ဆွေဖွဲ့ခြင်းသည် ရန်သူဖြစ်ခြင်းထက် ပို၍ ကောင်းမွန်ပေသည်။

အကယ်၍ ပေ့လိကလန် ခေါင်းဆောင်ကသာ ဝူကလန်နှင့် ကျူးကလန် ခေါင်းဆောင်တို့ ကဲ့သို့ ဖြစ်နေမည်ဆိုလျှင် အရာရာက ကွဲပြား သွားပေလိမ့်မည်။

“ကောင်းတယ်။ ကျုပ်လည်း တစ်ရက်ရက် ချန်ယဲ့မြို့မှာ မြို့စားရီနဲ့ လာတွေ့ပါဦးမယ်” ပေ့လိကလန် ခေါင်းဆောင်က ပြောသည်။ သူ ရီဖူရှင်းကို ကူညီခဲ့သည်မှာလည်း ထို့အတွက်ကြောင့်ပင် ဖြစ်၏။

ထို့အပြင် အင်ပါယာခွာ၏ ပညတ်ချက်အရ ရီဖူရှင်းသည် အမှန်တကယ် အရာအားလုံး ရရှိခဲ့သည်ဆိုလျှင် သူသည် မျိုးနွယ်စုကိုးခုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်သည့် အခွင့်အရေး ရှိပေသည်။

ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်သော မျိုးနွယ်စုကိုးခု၏ ခေါင်းဆောင်များက သူ၏ အုပ်ချုပ်မှုကို လက်မခံလိုခြင်းမှာ သူက ငယ်ရွယ်လွန်းနေပြီး သူ၏ အဆင့်မှာလည်း အခြားသူများ ယုံကြည်ရလောက်သည့် အဆင့်သို့ မရောက်ရှိ သေးသောကြောင့် ဖြစ်ပေသည်။

ပေ့လိကလန်သည် သူ၏ အုပ်ချုပ်မှုကို မြင်တွေ့ရန် ဆန္ဒမရှိသော်လည်း ထိုသည်မှာ ယခု သူနှင့် ချည်နှောင်ရန် အလိုမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။

ဤခရီးစဉ်၌ ရီဖူရှင်း ပြသခဲ့သော ပါရမီ အရည်အချင်းများကို ကြည့်ခြင်းဖြင့် ယခုအချိန်၌ သူ၏ အဆင့်က နိမ့်နေသေးလျှင်ပင် နောင်အနာဂတ်၌ သူသည် အင်ပါယာခွာ ကဲ့သို့ ဖြစ်လာနိုင်ပေသည်။ ထိုနေ့သို့ ရောက်ခဲ့လျှင် ရီဖူရှင်းသည် အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံထားခဲ့သည့် အတွက် ပေ့လိကလန်ကို ကောင်းမွန်စွာ ဦးဆောင်နိုင်မည် ဖြစ်၏။

“ကျုပ် အခု သွားသင့်ပြီ စီနီယာ” ရီဖူရှင်းက လက်ကို ဆုပ်၍ နှုတ်ဆက်သည်။

“မြို့စားရီ၊ ဂရုစိုက်ပါ” ပေ့လိကလန်မှ ခေါင်းဆောင်က ပြောသည်။ ထို့နောက် ရီဖူရှင်းသည် နှုတ်ဆက်စကားဆိုကာ သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကောင်းကင်ထက်ရှိ လူတိုင်းသည် ဤအကောင်က အင်ပါယာခွာ၏ ဘိုးဘေးနယ်မြေကို တစ်ဖန် လုယူနေပြန်ပြီဟု တွေးလိုက်ကြသည်။

ရှားရှင်းယွန်သည် သူ့ကို ကြည့်လိုက်ပြီး စကားပို့သည်။ “နင် ဘယ်လိုလုပ်လိုက်တာလဲ။ ဘယ်လိုလုပ်လိုက်လို့ သူတို့ရဲ့ ဘိုးဘေးနယ်မြေကြီးက ပျောက်သွားရတာလဲ”

“ဘာမှမလုပ်ဘူး။ ကံကောင်းသွားရုံပါ” ရီဖူရှင်းက ပြန်ဖြေသည်။ သူ့အတွက်တော့ ဘိုးဘေးနယ်မြေ ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ခြင်းမှာ သူက အင်ပါယာခွာ၏ လမ်းစဉ်ကို ဆက်ခံနိုင်စွမ်း ရှိရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်လေသည်။

နောက်ပိုင်း၌ သူ ဘာလုပ်ခဲ့သည်ဖြစ်စေ ၎င်းသည် သူ၏ ကံကောင်းခြင်း၊ သက်စောင့်ဝိညာဉ်နှင့် ဧကရာဇ် အသိစိတ်ပေါ်တွင် မှီခိုနေပေသည်။ မဟုတ်လျှင် သူသည် နေမင်းအတွင်းမှ မီးဝိညာဉ်လုံးကို ဝါးမျိုနိုင်လိမ့်မည် မဟုတ်ပေ။

ရှားရှင်းယွန်က သူ့ကို စိုက်ကြည့်လိုက်၏။ ကံကောင်းမှုဟု ပြောသည်လား။

ဘာကြောင့်များ တခြားလူတွေက သူ့လိုမျိုး ကံမကောင်းရတာလဲ။

ထို့အပြင် သူ ရရှိခဲ့သည့် ‘ကံကောင်းခြင်း’ ဟူသည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။

“ဒါဆို နင် ဘာရခဲ့တာလဲ” ရှားရှင်းယွန်က ပွင့်လင်းစွာ မေးသည်။ သူမနှင့် ရီဖူရှင်းသည် လုံလောက်အောင် ရင်းနှီးမှုရှိသည့် အတွက် ထိုကဲ့သို့ မေးမြန်းနိုင်သည်ဟု တွေးခြင်း ဖြစ်နိုင်ပေသည်။

မဟုတ်လျှင် သူမသည် ဆန်းထျန်ကျန့်နှင့် အခြားသူများ လုပ်သကဲ့သို့ ရန်ဟောင် လျှို့ဝှက်ချက်ကို မေးမြန်းရန် ရှောင်ရှားသင့်ပေသည်။

ရီဖူရှင်းသည်လည်း ထိုသည်ကို သိရှိ၏။ ရှားရှင်းယွန်သည် သူ မည်သည့်အရာ ရရှိခဲ့သည်ကို အမှန်တကယ် စိတ်ဝင်စားခြင်း မဟုတ်ပေ။

“ကျုပ်လည်း သေချာမသိဘူး …”

ထူးခြားသည့် အမူအရာက ရီဖူရှင်း၏ မျက်နှာထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ သက်စောင့်ဟော်နန်းထဲတွင် ကမ္ဘာ့သစ်ပင်သည် သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ လောင်ကျွမ်းနေသည့် မီးလုံးကြီးသည် သူ၏ သက်စောင့်ဝိညာဉ် အတွင်း၌ မျောလွင့်နေပြီး သက်စောင့်ဝိညာဉ်သည် ထိုအရာ၏ စွမ်းအားများကို တဖြည်းဖြည်း စုပ်ယူနေသည်။

သက်စောင့်ဝိညာဉ် ကမ္ဘာ့သစ်ပင်၏ အထက်တွင် ရီဖူရှင်း၏ နေမင်းဝိညာဉ်သည် မီးတောက်၏ အသက်စွမ်းအင်များကို အငမ်းမရ ဝါးမျိုနေပြီး ပို၍ တောက်ပလာနေသည်။

ရီဖူရှင်းကို စိတ်တိုစေသည့် အရာမှာ သူသည် ရန်ဟောင် စွမ်းအားအသိ အပိုင်းအစအချို့ အပါအဝင် များပြားလှသည့် စွမ်းအားများသည် အတုအယောင်များသာ ဖြစ်ပေသည်။ ၎င်းတို့သည် သူ၏ ကိုယ်ပိုင်စွမ်းရည် အဖြစ် ပြောင်းလဲ၍ မရနိုင်သော်လည်း သူသည် ထိုအရာများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး အဆင့်ပိုမြင့်သည့် ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ပေသည်။

သို့ရာတွင် ယခု ၎င်းတို့အားလုံး ဝါးမျို ခံနေရသည်။

နေမင်းအတွင်းမှ အလုံးသည် ချောက်နက်ကြီးကဲ့သို့ပင် ဖြစ်သည်။ ယင်းကို ခလုတ်ဖြုတ်လိုက်သည့် အချိန်၌ အမွေအနှစ် အားလုံးသည် ဝါးမျိုခံလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးပင် ပျောက်ကွယ်သွားလေသည်။ ရီဖူရှင်း ရရှိခဲ့သည့် စွမ်းအားများ အားလုံးမှာ ၎င်း၏ ဝါးမျိုခြင်းကို ခံနေရပေသည်။ ရီဖူရှင်း၏ နှလုံးသားတွင် သွေးစိမ်းရှင်ရှင် ယိုစီးနေခဲ့ပြီ ဖြစ်သည်။

ထိုအရာ၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ တော်ဝင်အကြံပေးသည် ဖေးရွှီကို ပေါက်ကွဲ၍ သေဆုံး သွားစေနိုင်သည့် သူမ၏ ခန္ဓာကိုယ် အတွင်းမှ အရာကို ဖိနှိပ်ရန် ဖေးရွှီကို အိပ်ပျော်နေစေခြင်း နည်းလမ်းအပြင် တစ်ချိန်က နည်းလမ်းများ အားလုံးကို ကြိုးစား ကြည့်ဖူးသည်မှာ သံသယဖြစ်ရန် မလိုပေ။

ရတနာက အမှန်တကယ် ပေါက်ကွဲသွားခဲ့လျှင် မည်မျှထိ ဆိုးဝါးသော ရလဒ် ထွက်ပေါ်လာနိုင်မည်ကို မည်သူမှ မသိရှိကြပေ။ သူမ၏ အဆင့်နှင့်ဆိုလျှင် ဖေးရွှီသည် အကျိုးဆက်ကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဖေးရွှီအကြောင်း တွေးမိလိုက်လျှင် ရီဖူရှင်းသည် ရန်ယွင်နှင့် အခြားလူများ သွေးနဂါးဘုံ မည်သည့်နေရာ၌ ရှိနေသည်ကို သူ မသိရှိပေ။ သူတို့သည် သွေးနဂါးဘုံသို့ ရောက်ရှိနေနှင့်ပြီး တစ်နေရာရာတွင် ကျင့်ကြံနေကြပြီ ဖြစ်ရမည်။

နန်းတွင်းအကြံပေးသည် တာလီတော်ဝင် နန်းတော်၌ ထောင်သွင်း အကျဉ်းချထားခြင်း ခံရပေသည်။ ရန်ယွင်နှင့် ဖေးရွှီသည် တစ်နေရာရာ၌ သူတို့၏ အဆင့်ကို မြှင့်တင်ရန် အပြင်းအထန် ကြိုးစားနေကြပေလိမ့်မည်။

ရီဖူရှင်းနှင့် အခြားလူများ ချန်ယဲ့မြို့သို့ ရောက်ရှိပြီးနောက် သတင်းများသည် သွေးနဂါးဘုံ တစ်ခွင်သို့ စတင်ပျံ့နှံ့သွားကာ အခြားဘုံများ ဆီသို့ပင် သတင်း ရောက်ရှိခဲ့သည်။

ချန်ယဲ့မြို့၏ မြို့စားရီဖူရှင်းသည် အင်ပါယာခွာ၏ လမ်းစဉ်ကို အမွေ ဆက်ခံခဲ့ရုံမျှမက အင်ပါယာခွာ၏ ရှေးဟောင်း လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ပြီး အင်ပါယာခွာ၏ အပျက်အစီး နယ်မြေကို ချက်ချင်း ပျောက်ဆုံး သွားစေခဲ့သည်။

ပြောကြသည်မှာ ရီဖူရှင်း ရရှိခဲ့သည့် ရတနာသည် ရန်ဟောင်အဆင့် ဖြစ်နိုင်သည် ဟူ၍ ဖြစ်သည်။

ထိုသတင်းတို့ ထွက်ပေါ်လာပြီး နောက်၌ လူတို့၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ခံခဲ့ရပေသည်။

သွေးနဂါးဘုံနှင့် ၎င်းအနီးရှိ မြို့များသည်ပင် ထိုအကြောင်းကို သိရှိခဲ့ကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset