အပိုင်း(၁၂၂၃)

လွှတ်မလား… သတ်မလား …

ချင်ယဲ့မြို့သည် စွမ်းအားမြင့် တန်ခိုးရှင်များ၏ တိုက်ခိုက်မှုကြောင့် ကစဉ့်ကလျားဖြစ်ကာ အပျက်အစီးများဖြင့် ပြည့်နှက်နေတော့သည်။

ထိုအချိန်တွင် လေထုအခြေအနေက သာမန်ထက် လွန်ကဲစွာ ပြင်းထန်နေသည်။ သူတို့ အားလုံးသည် တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း လူတိုင်းသည် အချိန်မရွေး တိုက်ပွဲ ပြန်စနိုင်စေရန် အသင့်အနေအထား ရှိနေကြသည်။

အမှန်တွင်တော့ နှစ်ဖက်လုံးရှိ တန်ခိုးရှင်များသည် သူတို့နှင့် နှိုင်းယှဉ်နိုင်သော ခွန်အားရှိသူကို  ရွေးချယ်၍ ရင်ဆိုင်နေကြပြီး ကိစ္စများသည် သူတို့ တွက်ချက်ထားသော ထိန်းချုပ်မှုအတွင်းသာ အသေအချာ ရှိနေပေသည်။

တာလီပြည်ထောင်မှ ပြန်လည် မွေးဖွားခြင်းအဆင့် တိုက်ခိုက်ရေးသမားများက အင်ပါယာရှားဘုံမှ အဆင့်နိမ့်သူများကို သတ်ဖြတ်ရန် ကြိုးစားပါလျှင် မည်သူမဆို လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ နှစ်ဖက်လုံးသည်လည်း ထိုတန်ကြေး ပေးဆပ်ရမည်ကို ဆန္ဒရှိမည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့သည် အချင်းချင်း အမြစ်ဖြတ်ချေမှုန်းရန် ကြိုးစားမည့်အစား တိုက်ပွဲတွင် ဆက်လက်ပါဝင်ကာ တိုက်ခိုက်ရန်သာ ကြိုးစားနေကြသည်။

သို့သော်လည်း တာလီပြည်ထောင်၏ မင်းသားတစ်ပါး ဖြစ်သည့် လီယောင်သည် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလာရသည်။

လူတိုင်းသည် ရလဒ်က မည်ကဲ့သို့ ဖြစ်လာမည်ကို အမှန်တကယ် သိလိုနေကြသည်။

လူတိုင်းက စောင့်ဆိုင်းနေကြပြီး မည်သူကမှ အဖြေမပေးနိုင်ကြပေ။

“တော်ဝင်အကြံပေး၊ အင်ပါယာရှားဘုံက ဘယ်တန်ခိုးရှင်တွေကများ ခင်ဗျားကို ရပ်တန့်စေနိုင်သလား”

မင်းသားကြီးက တော်ဝင်အကြံပေးကို ကြည့်ကာ မေးသည်။

သူ့ စကားများတွင် အဓိပ္ပာယ် များစွာ ပျော်ဝင်နေ၏။

“တာလီပြည်ထောင်ရဲ့ မင်းသားကြီးက ဘာကို ဆိုလိုချင်နေတာလဲ”

“တော်ဝင်အကြံပေးက အစွမ်းကုန် ကြိုးစားပြီး မတိုက်ခိုက်ခဲ့ဘူးလို့ အပြစ်တင်ချင် နေတာလား”

“တာလီပြည်ထောင်ထဲမှာ သူတို့အချင်းချင်းတောင် အရှုပ်အရှင်းတွေ ရှိနေတာလား”

သို့သော်လည်း တာလီ၏ တော်ဝင်အကြံပေးသည် တိုက်ပွဲအတွင်းတွင် အလွန်ပင် အားထုတ်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို ပြိုင်ဘက်ကင်းသူ တစ်ဦးသဖွယ် မြင်ရခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထပ်၍ စွမ်းအားအကုန် အသုံးပြုခဲ့မည်ဆိုလျှင် လူများစွာ သေကြေသွားနိုင်ပေသည်။

တော်ဝင်အကြံပေးသည် မင်းသားကြီးကို တစ်ချက် လှမ်းကြည့်ကာ ပြောသည်။

“ခင်ဗျားလည်း သူတို့ကို မတားဆီးနိုင်ခဲ့ဘူးမလား မင်းသားကြီး”

မင်းသားကြီး၏ အမူအရာက အေးစက်သွားသည်။

“အရှင်မင်းသားက ဘေးကင်းပါစေလို့ ကျုပ် မျှော်လင့်တယ်။ ခင်ဗျားရဲ့ တပည့်ကြီး ရန်ယွင်က တာလီရဲ့ ပြန်လည်မွေးဖွားခြင်း အဆင့်အောက်က လူတွေထဲမှာ နံပါတ်တစ်ပဲ။ သူ ရှိနေမှတော့ အဲဒီတိရစ္ဆာန်ကောင် ပြောတာက ရိုးရှင်းတဲ့ လှည့်ကွက် ဖြစ်မယ်ဆိုတာ ကျူပ် ယုံကြည်တယ်။ ရန်ယွင် ရှိနေလျက်နဲ့ အရှင်မင်းသားကို ခေါ်သွားခံရတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ”

တော်ဝင်အကြံပေးသည် မျက်မှောင်ကြုတ်လိုက်ပြီး မင်းသားကြီးကို အေးစက်စွာ ကြည့်သည်။

မင်းသားကြီးသည် ရာရာက ရှေးဟောင်း ဓားလမ်းစဉ်ကို ဖွင့်လှစ်ခဲ့သည်ကို မြင်သည်။ သူမ၏ ဓားစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားလှကြောင်း သူ ပြောနိုင်သည်။ ကြည့်ရသည်မှာ သူမ၏ အဆင့်က သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ကိုပင် ကျော်လွန်နေနိုင်သေး၏။

ရန်ယွင်သည် သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့် အထွတ်အထိပ် ဖြစ်သော်လည်း ထိုဓားစွမ်းအားများမှာ သူ့အတွက် အန္တရာယ် ရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း မင်းသားကြီးသည် ရန်ယွင်ပင် အန္တရာယ် ရှိနိုင်သည့် အချက်ကို လျစ်လျူ ရှူကာ ရန်ယွင်သာ ရှိနေလျှင် လီယောင်ကို ခေါ်ဆောင်လာရန်မှာ မဖြစ်နိုင်ဟု ပြောဆိုနေလေသည်။ သူ၏ အကြံမှာ သိသာလှသည်။

တော်ဝင်အကြံပေးသည် မင်းသားကြီးနှင့် မည်သည့်အရာကိုမှ ငြင်းခုံခြင်း မပြုခဲ့ပေ။

ဓားစွမ်းအားများသည် အဝေးနေရာမှ ပြန်လည် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လူတိုင်းသည် လူတစ်စုက ဤနေရာသို့ ဦးတည်လာနေသည်အား တွေ့လိုက်ရသည်။

ဘာတွေ ဖြစ်နေသလဲ သူတို့ မြင်လိုက်ရလျှင် လူတိုင်း၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ အထူးသဖြင့် တာလီပြည်ထောင်မှ လူများ ဖြစ်၏။

တာလီပြည်ထောင်၏ မင်းသားကိုး လီယောင်သည် အမှန်တကယ်ပင် ခေါ်ဆောင်ခံလာရသည်။

ရီဖူရှင်း၊ ရာရာနှင့် အခြားလူများသည် လီယောင်ကို သူတို့၏ အကျဉ်းသားကဲ့သို့ ဖမ်းဆီးလာသည်။

ရီဖူရှင်းသည် တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် လူအုပ်ကြီးဆီသို့ ဦးတည်လိုက်ကာ အင်ပါယာရှားဘုံမှ လူများ ရှေ့၌ ရပ်တန့်သည်။

ရန်ယွင်သည်လည်း လိုက်ပါလာပြီး တော်ဝင်အကြံပေးကို ကြည့်လိုသည်။ သူ့မျက်လုံးများထဲတွင် နောင်တတရားများ ရှိနေပြီး သူက ပြောသည်။

“ကျွန်တော် ရှုံးနိမ့်ခဲ့တယ် ဆရာ”

တော်ဝင်အကြံပေးသည် ရန်ယွင်၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ပြောသည်။

“မင်း ဘေးကင်းနေသေးတာ ကောင်းတဲ့ကိစ္စပဲ”

“ရန်ယွင်”

အေးစက်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းသည် မင်းသားကြီး ဖြစ်ကာ သူသည် အသေအချာပင် ဒေါသထွက်နေပြီး ပြောသည်။

“အဲဒီတော့ ဒါက အရှင်းမင်းသားကို မင်း ကာကွယ်မယ် ဆိုတာလား”

ရန်ယွင်သည် မင်းသားကြီးကို တစ်ချက်ကြည့်ကာ ပြောသည်။

“ကျုပ် တကယ်ကို ရှုံးနိမ့်ခဲ့တယ်”

မင်းသားကြီး၏ မျက်လုံးများက အေးစက်နေသည်။ သူသည် ရီဖူရှင်းနှင့် လီယောင်ကို ငုံ့ကြည့်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ စွမ်းအားကြီးသည့် အသံက လေထုတစ်ခုလုံးကို ပြည့်နှက်သွားသည်။

“သူ့ကို လွှတ်လိုက်စမ်း”

ရီဖူရှင်း၏ ရှေ့တွင် ရပ်နေသော တစ်ယောက်ပြီး တစ်ယောက်မှာ မင်းသားကြီးကို ကြည့်ကာ အကဲခတ်လိုက်ကြသည်။

ရီဖူရှင်းသည် ကောင်းကင်အမြင့်တွင် ရှိနေသည့် မင်းသားကြီးကို မော့ကြည့်သည်။

လီယောင်သည် ဒဏ်ရာအများအပြား ရရှိထားပြီးဖြစ်သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ မျှော်လင့်ချက် အလင်းရောင်လေး ယှက်သန်းလာသည်။ သူ အသက်ရှင်နိုင်မည့် အခွင့်အရေးက ယခုထိ ရှိနေသေးသည်။

ရီဖူရှင်းက သူ့ကို မသတ်ခဲ့သေးသောကြောင့် ထိုသည်မှာ အခြေအနေက ပြောင်းလဲနိုင်သေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တော်ဝင်အကြံပေးနှင့် မင်းသားကြီး နှစ်ယောက်လုံး ဤနေရာတွင် ရှိနေ၏။ ရီဖူရှင်းသည် သူတို့ရှေ့၌ သူ့ကို သတ်ရဲလိမ့်မည်ဟု သူ မထင်ပေ။

“တာလီက ခင်ဗျားတို့လူတွေပဲ ချန်ယဲ့မြို့ကို ကျူးကျော်ဝင်ရောက်ပြီး စစ်ပွဲဆင်နွှဲဖို့ လုပ်ဆောင်ခဲ့ကြတယ်။ လီယောင်ကလည်း ကျုပ်ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ခင်ဗျားသာဆို ဘာလုပ်မလဲ…”

ရီဖူရှင်းသည် မင်းသားကြီးကို ကြည့်ကာ ပြော၏။

“မင်းသာ အရှင်မင်းသားကို တစ်ခုခု လုပ်ရဲခဲ့ရင် မင်း ဒီနေရာကနေ ဘယ်တော့မှ ထွက်မသွားနိုင်စေရဘူး ဆိုတာ ကျုပ် ကျိန်ဆိုတယ်”

မင်းသားကြီးက ရီဖူရှင်း၏ စကားများကို အရေးမစိုက်ဘဲ ထည်ဝါသော အသံဖြင့် ပြောသည်။

ဝုရှ် ဓားစွမ်းအားများက ဖြတ်သန်းသွားပြီး ကျားယဲ့ဓားသည် ရီဖူရှင်း အရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားကာ လီယောင်၏ လည်မျိုကို ချက်ချင်း တင်ထားသည်။

ခဏချင်းပင် သွေးများသည် လီယောင်၏ လည်မျိုမှ စီးကျလာ၏။

“မင်း သိပ်လွန်သွားပြီ”

မင်းသားကြီးက အော်ဟစ်သည်။

“သူ့ကို လွှတ်ပေးဖို့ ဖိအားပေးရင် လီယောင် သေရမယ်”

ရီဖူရှင်းက မင်းသားကြီးကို အေးစက်စွာ ကြည့်၍ ပြောသည်။ မင်းသားကြီး၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် ရီဖူရှင်း ဆက်ပြောသည်အား ကြားလိုက်ရသည်။

“သူ သေရင် အဲဒါ ခင်ဗျား အပြစ်ပဲ။ ခင်ဗျား စမ်းကြည့်မလား”

မင်းသားကြီး၏ အမူအရာသည် အလွန် မှုန်မှိုင်းသွားပြီး သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများကို ရုပ်သိမ်းသည်။

ရီဖူရှင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် သူ့ကို ခက်ခဲစေရန် လုပ်ဆောင်နေလေသည်။ သူသည် ထိုသို့သော ပြစ်မှုကို တာဝန်ယူနိုင်စွမ်း မရှိချေ။

ရီဖူရှင်းသည် သူ့အနီးမှ လူများကို ကြည့်ကာ ပြောသည်။

“ကျုပ် သူ့ကို လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ တာလီက လူတွေအားလုံး သွေးနဂါးဘုံကနေ ထွက်သွားပြီးတော့ နောက်ထပ် ဘယ်တော့မှ ဒီကို ခြေမချရဘူး။ အဲဒါဆို ကျုပ် သူ့ကို လွှတ်ပေးမယ်”

သူ၏ ခံစားချက်များသည် လွန်ဆွဲနေသော်လည်း ထိုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချနေရသည်။

သို့သော်လည်း သူသည် နောက်ဆုံး၌ လီယောင်အား လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

လူတစ်ယောက်ကို လွတ်ငြိမ်းခွင့် ပေးရန်မှာ သူတို့ကို သတ်ပစ်ရတာထက်ပင် ပို၍ ခက်ခဲလှပေသည်။

သူသည် လီယောင်ကို ဖမ်းဆီးခဲ့ပြီး သတ်ပစ်ရန် အခွင့်အရေး ရခဲ့သည်။ နောင် အနာဂတ်တွင်လည်း သူသည် ထိုအခွင့်အရေးမျိုး ရနိုင်လိမ့်ဦးမည် ဖြစ်သည်။

အခု လက်ရှိမှာတော့ လီယောင်ကို သတ်ပစ်လိုက်ပါက မည်သူက မြေစာပင်ဖြစ်ကာ အကျိုးဆက်ကို လက်ခံနိုင်မလဲဟူသော အချက်အား သေသေချာချာ စဉ်းစားဆုံးဖြတ်ရန် လိုပေသည်။

ထို့ကြောင့်ပင် သူက ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်၏။

ထို ဆုံးဖြတ်ချက်ကို ချရန် သူ့အတွက် အလွန်ခက်ခဲလှသော်လည်း သူ လုပ်ခဲ့လေသည်။

တာလီတော်ဝင် အကြံပေးနှင့် ရန်ယွင် နှစ်ယောက်လုံးသည် သူ့ကို လိုက်ပါ ပို့ဆောင်ပေးခဲ့သူများ ဖြစ်သည်။ သူသည်လည်း ထိုသို့ တူညီစွာ မလုပ်ဆောင်နိုင်ရန် အကြောင်းပြချက် မရှိပေ။ သူသည် ထိုဆုံးဖြတ်ချက်ကို တော်ဝင်အကြံပေးနှင့် သူ၏ ဆရာတူအစ်ကို ရန်ယွင်အတွက် ချခဲ့ခြင်း ဖြစ်သည်။

တော်ဝင်အကြံပေးသည် ရီဖူရှင်းကို ဖမ်းဆီးရန် သူ့လူများကို ခေါ်ဆောင်လာသော်လည်း ရီဖူရှင်းသည် တော်ဝင်အကြံပေး၊ ရန်ယွင်နှင့် အခြားလူများသည် ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေသည်ကို သူ သိသည်။ ထို့ကြောင့် သူသည် ဤဆုံးဖြတ်ချက်အတွက် တွန့်ဆုတ်ခြင်း မရှိတော့။

အကယ်၍ သူတို့သည် နောက်အနာဂတ်တွင် တိုက်ပွဲကွင်းပြင်၌ ရန်သူအဖြစ် တွေ့ဆုံ အဆုံးသတ်ခဲ့ရမည် ဆိုလျှင်ပင် သူ လုပ်ခဲ့သည်အတွက် နောင်တရရန် မရှိပေ။

“ကျုပ်တို့ ထွက်သွားရင် မင်းသားကို တကယ် လွှတ်ပေးမယ်လို့ ပြောတာလား”

မင်းသား၃ လီကျန်းသည် ရီဖူရှင်းကို စိုက်ကြည့်ရင်း မေးသည်။ သူသည် လီယောင် အဖမ်းခံရပြီး ဤသို့ အဆုံးသတ်သွား လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ကိစ္စများက ထိုကဲ့သို့ ပြောင်းလဲသွားလျှင် စစ်ပွဲဆက်လက်ဖြစ်ရန် ခက်ခဲသွားလိမ့်မည်။ အထူးသဖြင့် ရီဖူရှင်းက လီယောင်ကို မသတ်သေးသည့်အခါတွင် ဖြစ်သည်။

အကယ်၍ သူသာ လီယောင်ကို သတ်လိုက်လျှင် အစစ်အမှန် စစ်ပွဲက ဖြစ်ပွားလာလိမ့်မည်။

ထို့နောက်တွင် နှစ်ဖက်လုံးသည် နောက်ဆုတ်ရန် ခဲယဉ်းသွားလိမ့်မည်။

“ကျုပ် သူ့ကို ယုံတယ်၊ အရှင် မင်းသား”

အသံတစ်ခုက ပြောသည်။ လီကျန်းက စကားပြောလိုက်သူကို ကြည့်သည်။ ၎င်းသည် တာလီတော်ဝင် အကြံပေး ဖြစ်သည်။ သူသည် လီကျန်းကို ကြည့်ပြီး ပြောသည်။

“အရှင်မင်းသား၊ ဒါက ကျုပ်ကြောင့် ဖြစ်ရတာပါ။ ကျုပ်က အာမခံပေးပြီးတော့ မင်းသားကို အိမ်ပြန်ပို့ဖို့ ဒီမှာ ချန်နေခဲ့ပါ့မယ်”

လီကျန်းသည် တော်ဝင်အကြံပေးနှင့် ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“ဒါက လက်ခံနိုင်စရာပဲ”

သူသည် တော်ဝင်အကြံပေးကို ပြောလိုသည့် ပြောလိုသည့် အခြားအရာများ ရှိနေသေးသည်။

ထိုနေရာတွင် တိတ်ဆိတ်နေပြီး လူအများက လီကျန်းကို ကြည့်နေကြသည်။

လီယောင်သည် သူ့မျက်လုံးများကို သူ၏ တတိယအစ်ကိုဆီ ပို့သည်။ နောက်ဆုံးတော့ ရီဖူရှင်းသည် သူ့ကို သတ်ရဲသည့်ပုံ မပေါ်ပေ။

“သဘောတူတယ်…”

လီကျန်း၏ အမူအရာမှာ အလွန်ပင် အေးစက်နေသော်လည်း သူ လုပ်နိုင်သည်မှာ အနည်းငယ်သာ ရှိသည်။ သူသည် ထိုသို့ပြုလုပ်ရန် အတော်လေး စိတ်မပါလှသော်လည်း ရီဖူရှင်းက လီယောင်အား သတ်ဖြတ်ရန် ခွင့်ပြုပေးလိုက်ဖို့ရာ အကြောင်းမရှိပေ။

“တော်ဝင်အကြံပေး၊ ညီတော်ကိုးကို ခင်ဗျားလက်ထဲ အပ်ခဲ့ပါ့မယ်”

လီကျန်းက တော်ဝင်အကြံပေးကို ပြောသည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောသည်။

“ပြန်ဆုတ်ကြ”

ထို့နောက် သူသည် လူများကို စုစည်းကာ ထွက်ခွာသွားတော့သည်။

မင်းသားကြီး၏ အေးစက်နေခဲ့ကာ ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောတော့ဘဲ ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် ရီဖူရှင်းသည် တည်ငြိမ်သွားပြီး လီယောင်ကို လွှတ်ပေးရန် စီစဉ်သည်။

ရီဖူရှင်းသည် အဘယ်ကြောင့် တိုက်ပွဲကို ခေတ္တရပ်တန့် သွားစေခဲ့သနည်း။

လီယောင်ထံ၌ မည်သည့်ကိစ္စမှ မဖြစ်ပွားတော့လျှင် တော်ဝင်အကြံပေးက လီယောင်ကို ပြန်ခေါ်သွားပြီး တော်ဝင်အကြံပေးကိုလည်း ဘာမှလုပ်နိုင်မည် မဟုတ်တော့ပေ။ စစ်ပွဲသည်လည်း ဖြစ်ပွားလာတော့မည် မဟုတ်ပေ။

ထို့ကြောင့်ပင် သူ စီစဉ်ထားသမျှ အရာအားလုံးသည် အလဟဿ ဖြစ်ကုန်ပြီ ဖြစ်၏။

ဆိုလိုသည်မှာ သွေးနဂါးဘုံသို့ လာခဲ့ရသည့်ခရီးမှာ အလဟဿ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။ တာလီပြည်ထောင်မှ လူများသည် ဒီရေကဲ့သို့ ဆုတ်ခွာသွားကြသည်။ တိုက်ပွဲကွင်းပြင်တွင် ရှိနေသေးသည့် အင်ပါယာရှားဘုံမှ လူများမှာ သူတို့၏ အရှိန်အဝါများကို ရုပ်သိမ်းလိုက်ပြီး ရီဖူရှင်းအား ကြည့်သည်။

တာလီမှ လူတိုင်း ထွက်သွားပြီးနောက် ကျန်ရှိသည်မှာ တော်ဝင်အကြံပေး၊ ရန်ယွင်နှင့် အချို့လူ အနည်းငယ်သာ ဖြစ်သည်။

ရီဖူရှင်းသည် ကောင်းကင်ထက် အဝေးနေရာမှ ပုံရိပ်ကို ကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းလိုက်ကာ တော်ဝင်အကြံပေးထံသို့ ဦးတည်သည်။ ရာရာသည်လည်း သူ့နောက်မှ လိုက်ပါလာသည်။ တော်ဝင်အကြံပေးက သူ့ကို ဒုက္ခမပေးဟု ရီဖူရှင်း ယုံကြည်နေသော်လည်း ရာရာသည် လိုက်လာခဲ့သည်။

လီယောင်အနေဖြင့် အင်ပါယာရှားဘုံမှ တန်ခိုးရှင်များ ဝန်းရံနေသည့် အလယ်တွင် ထွက်ပြေးရန် မဖြစ်နိုင်ပေ။

“ဆရာ”

ရီဖူရှင်းသည် တာလီတော်ဝင်အကြံပေး၏ ရှေ့သို့ ရောက်သည်နှင့် ဦးညွှတ်ကာ ခေါ်သည်။

တော်ဝင်အကြံပေးသည် သူ့ရှေ့မှ ချောမောသည့် လူငယ်ကို ကြည့်ကာ သက်ပြင်းချသည်။ သူသည် အမှန်တကယ်ပင် ရီဖူရှင်းကို သူ့တပည့်အဖြစ် သဘောထားသည်။

“တာလီကနေ ထွက်လာခဲ့ပါ”

ရီဖူရှင်းက တော်ဝင်အကြံပေးကို စိတ်ချင်းဆက်သွယ်၍ ပြောသည်။ သူသည် မင်းသားကြီး၏ သူ့ဆရာအပေါ် သဘောထားကို ကြည့်ကာ တာလီတွင် ခက်ခဲသည့်အချိန်များ ရှိလာတော့မည်ကို ပြောနိုင်ပေသည်။

တော်ဝင်အကြံပေးသည် သက်ပြင်းချရင်း သူ့ခေါင်းကို ဖြည်းညင်းစွာ ယမ်းသည်။ အချို့အရာများသည် သူတို့ လုပ်နိုင်သည်ဟု ရီဖူရှင်း တွေးထားသလောက် မရိုးရှင်းလှပေ။ တော်ဝင်အကြံပေးသည် လွယ်ကူစွာဖြင့် လွတ်မြောက်နိုင်ရန် မလွယ်ကူချေ။

“နယ်ခြားဘုံက ရန်ဟောင်တွေက သွေးနဂါးဘုံမှာ ဖြစ်ပျက်သမျှကို ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိပါဘူး။ ဆရာ သစ္စာဖောက် ဖြစ်စရာမရှိပါဘူး”

ရီဖူရှင်းက ထပ်၍ စိတ်ချင်းဆက်သွယ်ကာ အကြံပေးသည်။ သူ့ဆရာသည် ရှေးဟောင်း တော်ဝင်မြို့၏ နဝမအစေခံကို သင်ခန်းစာယူ၍ သွေးနဂါးဘုံတွင် အခြေစိုက်နိုင်ပေသည်။

အကယ်၍ သူသာ ရန်သူဖြစ်သည့် အင်ပါယာရှားဘုံ၏ ဘက်၌ မရပ်တည်ခဲ့လျှင် သူ့ကို သစ္စာဖောက်သည်ဟု သတ်မှတ်၍ မရနိုင်ပေ။ သူသည် တော်ဝင်အကြံပေး ရာထူးမှ နုတ်ထွက်ခဲ့ရန်သာ လိုပေသည်။

“ငါစဉ်းစားကြည့်မယ်”

တော်ဝင်အကြံပေးက ပြောသည်။ ကိစ္စရပ်များသာ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့လျှင် အောင်မြင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်ကို သိသော်လည်း ထွက်သွားရန် ကြိုးစားလိမ့်မည် ဖြစ်သည်။

“ဂရုစိုက်ပါ ဆရာ”

ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူသည် ပြန်လှည့်လိုက်ကာ လီယောင့်ဘက်သို့ ကြည့်၍ ပြောသည်။

“သူ့ကို လွှတ်ပေးလိုက်ပါ”

ကျိယွင်နှင့် အခြားလူများသည် သူ့ကို လွှတ်ပေးရန် ရည်ရွယ်လိုက်သော်လည်း ထိုအချိန်၌ တစ်စုံတစ်ယောက်သည် လီယောင်၏ ဘေးသို့ ရောက်လာကာ ရီဖူရှင်းကို ကြည့်၍ ပြောသည်။

“ရီဖူရှင်း၊ လီယောင်က ဘုံနှစ်ခုကြားက စစ်ပွဲကို နောက်ထပ် စတင်အောင် ကြံစည်ပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အခု မင်း သူ့ကို ဖမ်းမိနေပြီ။ ဒီတိုင်း လွှတ်ပေးလိုက်လို့ မရဘူး”

ရီဖူရှင်း မှင်တက်သွားသည်။ သူသည် လှည့်လိုက်ပြီး စကားပြောသည့်သူကို ကြည့်သည်။

သူသည် အခြားလူမဟုတ်ဘဲ အင်ပါယာရှားဘုံ၏ အကြီးဆုံးသားတော် ရှားရုန် ဖြစ်သည်။

“အရှင်မင်းသား…”

ရီဖူရှင်းသည် တစ်ခုခု ပြောလိုခဲ့သည်။

“ရီဖူရှင်း၊ မင်းက အတော်လေး ပျော့ညံ့လွန်းတယ်။ ဒီလိုပုံစံမျိုးနဲ့ဆို ကိစ္စကြီးတွေ အောင်မြင်နိုင်မှာ မဟုတ်ဘူး”

ရှားရုန်က ပြောလိုက်ပြီး လီယောင်၏ လည်မျိုကို ဖမ်းဆွဲသည်။ သူ၏ ထူးကဲစွာ လွှမ်းမိုးနိုင်သည့် အရှိန်အဝါက လီယောင်အပေါ်သို့ ဖုံးလွှမ်းသွားကာ သတ်ဖြတ်ရန် ရည်ရွယ်သည်။

ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

အင်ပါယာရှားဘုံမှ လူများပင် ရှားရုန်ကို ကြည့်နေကြသည်။

ရီဖူရှင်းသည် ရှားရုန် ထွက်ပေါ်မလာခင်က အရာအားလုံးကို စီစဉ်သူ ဖြစ်ခဲ့ပြီး ရှားရှင်းယွန်ပင်လျှင် သူ့ကို လွှတ်ထားပေးသည်။

သို့သော်လည်း အကြီးဆုံးမင်းသား ရှားရုန်သည် ရှေ့ထွက်လာခဲ့ရာ သည်ကိစ္စတွင် မည်သူက ခေါင်းဆောင်ဖြစ်မည်ကို လူတိုင်း သိလိုသွားကြသည်။

ရီဖူရှင်းသည် သူ့ကို လွှတ်ပေးရန် သဘောတူခဲ့သော်လည်း ရှားရုန်သည် ထိုသို့ မဟုတ်ခဲ့ပေ။

“သွေးနဂါးဘုံတိုက်ပွဲမှာ ရှန့်ထိုအများကြီး တိုက်ခိုက်ရင်း သေခဲ့ရတယ်။ လီဟန်ဓားသမားနဲ့ တခြားလူတွေလည်း ကိုယ်တိုင် ရောက်လာခဲ့တယ်။ တာလီက စစ်ပွဲစတင်ဖို့ မကြောက်ရင် အင်ပါယာရှားဘုံကလည်း ကြောက်မနေသင့်ဘူး”

ရှားရုန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“မှတ်ထား၊ ရီဖူရှင်း။ ကိစ္စကြီးတွေ လုပ်မယ့်သူက ပြတ်သားတဲ့ စိတ်ရှိဖို့ လိုတယ်”

ရှားရုန်သည် သူ ပြောပြီးသည်နှင့် လက်ကို အားနှင့် ညှစ်သည်။ လီယောင်သည် ထိတ်လန့် ကြောက်ရွံ့မှုကို ခံစားရပြီး အသက်ရှူရ ခက်ခဲလာသည်ကို တွေ့လိုက်ရသည်။

ဂျွတ်ခနဲ ကျိုးကြေသွားသံကို ကြားလိုက်ရပြီး ထိုအသံသည် လူတိုင်း၏ နှလုံးသားကို ရပ်တန့်သွားစေခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset