စာစဉ် (၂၅) အပိုင်း (၃၃၈)

ဆင်းလာခဲ့

“ဝေယိုရွှမ်းက တကယ်ကို လုဟုန်းရဲ့ရွှေခါးစည်း

တပည့်တွေထဲမှာ အထူးချွန်ဆုံးပဲ။ မူလစဦးဆဋ္ဌမအဆင့်ကိုတောင် ရောက်နေလိမ့်မယ်လို့ ငါလုံးဝမထင်ထားခ့ဲဘူး။”

“ဒီလောက်စွမ်းအင်နဲ့ဆိုရင် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲအတွက်တောင် အရည်အချင်း ပြည့်မှီနေပြီ။ ရွေးချယ်တဲ့ပြိုင်ပွဲမှာသာ နိုင်ခဲ့မယ်ဆိုရင်
သူက ရွှေခါးစည်းတပည့် မဟုတ်တော့ပဲနဲ့ အစစ်အမှန် ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်။”

“တကယ်ကို အ့ံသြစရာပဲ။ သူစိတ်ကြီးဝင်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ သူ့မှာ သုံးယောက်လုံးကို အလဲထိုးနိုင်တဲ့ခွန်အား ရှိနေတာပဲကို။”

“အကြီးအကဲစိန်းထိုက်ယွမ်ကတော့ မျက်နှာရစရာတောင် ရှိမှာမဟုတ်ဘူး။ထုံးလုံနဲ့ဖန်းစုန်က သူ့ရဲ့
ပထမတန်းနဲ့ဒုတိယတန်း ရွှေခါးစည်းတပည့် နှစ်ယောက်ပဲ။ သူတို့နှစ်ယောက်လုံးက ဝေယိုရွှမ်းတစ်ယောက်တည်းဆီမှာ ရှုံးနိမ့်ခဲ့ရတယ်။”

“စိုးရိမ်စရာ မလိုပါဘူး။သူတို့ဆီမှာ အကိုတော်ချူးချင်းလို ဖြစ်လာမယ်​့ ပါရမီရှင်တပည့်လေး ရှိသေးတယ် မဟုတ်လား။ သူက အခြေအနေတွေကို ပြောင်းရင်ပြောင်းပစ်နိုင်တာပဲ။”

“ဟားဟားဟား”

“…….”

ပတ်ဝန်းကျင်သည် ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေလျက်ရှိသည်။ သူတို့အများစုသည် ဝေယိုရွှမ်း၏
အ့ံအားသင့်ဖွယ်စွမ်းအင်အား မယုံကြည်နိုင်အောင် ဖြစ်နေပေသည်။ ကန်ရွှမ်းကလန်တစ်ခုလုံးတွင်ရှိသော မူလစဦး ဆဋ္ဌမအဆင့်တပည့်များအကြားတွင်ပင်
ဝေယိုရွှမ်း၏စွမ်းအင်မှာ လက်ရွေးစင့်အဆင့် ဖြစ်နိုင်ပေလောက်သည်။

ပွဲကြည့်စင်မြင့်ပေါ်တွင် စိန်းထိုက်ယွမ်၏အမူအရာမှာ
ပျက်ယွင်းလျက်ရှိပြီး တပည့်များမှာလည်း တိတ်ဆိတ်လျက်ရှိသည်။သူသည် ကူကယ်ရာမဲ့စွာဖြင့်ပင် ထိုင်ခုံအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

သူ၏ဘေးတွင်တော့ ဇူထိုက်၊ကျန်းယန်နှင့် အခြား
တပည့်များရှိနေပြီး သူတို့၏မျက်နှာမှာ သုန်မှုန်လျက်ရှိကာ ဝေယိုရွှမ်းအား အပိုင်းပိုင်းခုတ်ထစ်မတက်
ကြည့်နေကြသည်။ ဖြစ်နိုင်လျှင် ယခုပင်ခုန်ဆင်းသွားပြီး ဝေယိုရွှမ်းအား မှတ်လောက်သားလောက်အောင်
ရိုက်ပစ်ချင်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ဂူနန်းယှဥ်ပြိုင်ပွဲတွင်လည်း
စည်းကမ်းချက်များ ရှိပေသည်။ ပြိုင်ပွဲ၌ ပါဝင်
ယှဥ်ပြိုင်သော သူများမှလွဲ၍ အခြားသူများမှ
ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

ဝေယိုရွှမ်းတစ်ယောက်ထဲဖြင့်သာ စိန်းထိုက်ယွမ်ဖက်မှ တပည့်သုံးယောက်လုံးအား အနိုင်ပိုင်းခ့ဲမည်ဆိုပါက
အကြီးအကဲစိန်းထိုက်ယွမ်၏ဂုဏ်သိက္ခာသည်
ရစရာပင် ကျန်တော့မည်မဟုတ်ပေ။

သူတို့သည် အနာဂတ်တွင် မည်မျှလောက်အောင် လှောင်ရီကာ ပျက်ရယ်ပြုခံရမည်ကို မှန်းဆနိုင်နေပြီ
ဖြစ်သည်။

ပဲွဲကြည့်စင်မြင့်၏ တစ်ဖက်ခြမ်းတွင်တော့ အကြီးအကဲလုဟုန်း၏ တပည့်များမှာ ဝမ်းသာစွာဖြင့်
အော်ဟစ်ကြွေးကြော်လျက်ရှိပြီး သူတို့အား
ပျက်ရယ်ပြုနေသော မျက်ဝန်းများဖြင့် ကြည့်လျက်ရှိသည်။

ကျောက်တုံးပဲွဲကြည့်စင်ထက်တွင် လုဟုန်းက
နှစ်ထောင်းအားရစွာဖြင့် ရီမောလျက်ရှိကာ
လက်ဖက်ရည်အား တစိမ့်စိမ့် အရသာခံ၍ သောက်နေလေသည်။

“စီနီယာ အကိုတော်ဝေယိုရွှမ်းက ဦးလေးတော်လုဟုန်းရဲ့ အထူးချွန်ဆုံး ရွှေခါးစည်းတပည့်ပဲ။သူသာ
ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာသာ
ဝင်ပြိုင်ခ့ဲရင် တစ်ခါထဲနဲ့ ပါရမီရှင် ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်လာမှာပဲ။”
လုဟုန်း၏အနောက်တွင် ထိုင်လျက်ရှိသော လုရွှမ်းယင်မှ အားရကျေနပ်နေသောမျက်နှာနှင့် ရီမောကာ
ပြောလိုက်သည်။

သူမသည် ကျောက်တုံးစင်မြင့်နားတွင် မတ်တပ်ရပ်နေသော ဇူယွမ်အား ရက်စက်စွာဖြင့် ကြည့်လိုက်သည်။
အခုပဲ ထုံးလုံရော ဖန်းစုန်ရော ရှုံးသွားပြီဆိုတော့
သူကတော့ တော်တော်လေး အထိတ်တလန့် ဖြစ်နေတော့မှာပဲ။

ဇူယွမ်သည် တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနားတွင် ပထမနေရာအား ရရှိခ့ဲသော်လည်း ထိုအရာသည်
အပြင်ဖက်တောင် တပည့်များအကြားရှိ ယှဥ်ပြိုင်မှု
တစ်ခုသာ ဖြစ်သည်။ယခုအတွင်းဖက်တောင်အား
ရောက်ရှိလာပြီးသည့်နောက်တွင်တော့ သူ၏စွမ်းအင်လေး အနည်းမျှနှင့် မောက်မာနေရန် မဖြစ်နိုင်တော့ပေ။

“စီနီယာအကိုတော် ဝေယိုရွှမ်းက နင့်ကို မျက်နှာရစရာ
မရှိအောင် အနိုင်ယူပစ်လိမ့်မယ်။”လုရွှမ်းယင်သည်
ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ အရင်လထဲမှ
သူမ၏စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသော
အရာများအားလုံးကို ယနေ့တွင်တော့ လက်စားချေပစ်နိုင်တော့မည် ဖြစ်သည်။

ထုံးလုံးနှင့်ဖန်းစုန်တို့သည်ပင် ရှုံးနိမ့်ခ့ဲရသည့်အတွက်
ဇူယွမ်ကဲ့သို့သောသူမှာ ဝေယိုရွှမ်းနှင့် ယှဥ်ပြောဖို့ရန်
မထိုက်တန်ပေ။

နောက်ဆုံးတွင်တော့ သူမစောင့်ဆိုင်းခဲ့ရသော
အချိန်သို့ ရောက်ရှိလာခ့ဲပြီ ဖြစ်သည်။

“အကြီးအကဲစိန်းကတော့ ဒုက္ခရောက်ပြီနဲ့တူပါတယ်။”
လုစုန့်သည် ကျောက်တုံးစင်မြင့်သို့ ကြည့်နေရင်း
သက်ပြင်းချလိုက်သည်။

ဝေယိုရွှမ်းသည် မူလစဦး ဆဋ္ဌမအဆင့်သို့ ရောက်ရှိသည်မှာ အချိန်အချို့ပင် ရှိနေပြီဖြစ်ကြောင်း
ထင်ရှားလေသည်။ လုဟုန်းသည် ဝေယိုရွှမ်းအား
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲကို
ဝင်ရောက်ယှဥ်ပြိုင်ခြင်းပင် မပြုစေပဲ ရွှေခါးစည်းတပည့်အဖြစ်အနေနှင့်ပင် ထားကာ ဂူနန်းယှဥ်ပြိုင်ပွဲ၌
ဝင်ရောက်ယှဥ်ပြိုင်စေခ့ဲသည်။

မူလစဦး ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည့်အတွက် မူလစဦး ပဥ္စမအဆင့်များအား အလွယ်တကူပင် အနိုင်ယူနိုင်ကာ လုဟုန်းဖက်မှ ရှုံးနိမ့်စရာ အကြောင်း မရှိတော့ပေ။

​လုစုန့်၏ဘေးတွင် ရှိနေသော လုယန်းသည်လည်း
မျက်မှောက်ကြုပ်နေရသည်။ ထုံးလုံနှင့်ဖန်းစုန်တို့
နှစ်ဦးလုံး ရှုံးနိမ့်ခဲဲ့ပြီးဖြစ်သည့်အတွက် ဂူနန်းယှဥ်ပြိုင်ပွဲရလာဒ်သည် ယခု၌ပင် သိသာထင်ရှားနေပြီး
ဖြစ်သည်။

သူမသည် ဇူယွမ်အားကြည့်လိုက်ပြီး နှုတ်ခမ်းအစုံ
ရှုံ့မဲ့သွားကာ ရေရွတ်လိုက်သည်။ “အဲ့ဒါအကုန်လုံးက
နင့်ကြောင့်ချည်းပဲ၊ နင်က မူလရေကန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ခ့ဲတော့ တခြားတောင်ထွတ်က တပည့်တွေပါ ဒီနေ့ပြိုင်ပွဲကို
လာကြည့်ကြတာ။ ဒီနေ့ ပြိုင်ပွဲရလာဒ်သာ ကလန်တစ်ခုလုံးကို ပျံ့သွားစေခ့ဲမယ်ဆိုရင် အကြီးအကဲစိန်းက
ထားစရာမျက်နှာကို ရှိမှာမဟုတ်တော့ဘူး။”

ယခင်ပြိုင်ပွဲများတွင် မူလသူတော်စင်တောင်ထွတ်မှ
တပည့်များသာ ရှိခဲဲ့ကြပြီး ပြိုင်ပွဲရလာဒ်သည်လည်း
အခြားတောင်ထွတ်များဆီသို့ ပျံ့နှ့ံခဲ့ခြင်းမရှိပေ။
ယနေ့တွင်တော့ အခြားသောတောင်ထွတ်မှတပည့်များပါ ရောက်ရှိနေသည့်အတွက် ပြိုင်ပွဲရလာဒ်အား
ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

လုစုန့်သည် လက်လျော့ထားလိုက်ဟန်ရှိကာ
သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။မည်သို့ပင်
ဆိုစေကာမူ ရလာဒ်ကိုတော့ မပြောင်းလဲနိုင်တော့ပေ။
ယနေ့ပြီးလျှင် လုဟုန်းမှာ မူလသူတော်စင်တောင်ထွတ်တွင် ပို၍ပင် ကြီးစိုးလာတော့ဟန် ရှိသည်။

တအ့ံတသြဖြင့် ကြည့်နေကြသော အကြည့်များစွာ၏
အောက်၌ပင် ဝေယိုရွှမ်းသည် ရီမောရင်း ခေါင်းကိုမော့ကာ ဇူယွမ်အားကြည့်လိုက်ပြီး ညင်သာသော
လေသံဖြင့် လှမ်း၍ပြောလိုက်သည်။ “ညီတော်ဇူယွမ်
မင်းအလှည့်ပဲ။”

“ဘာလို့ မင်းကိုယ်တိုင်လာပြီး ငါ့ကို စိန်မခေါ်သေးတာလဲ။ အဲ့လိုဆို အချိန်တွေမကုန်တော့ဘူးပေါ့။”

ဂူနန်းယှဥ်ပြိုင်ပွဲ၏ စည်းမျဥ်းအရ ယှဥ်ပြိုင်သူတစ်ယောက်သည် နှစ်ခါ စိန်ခေါ်ခွင့်ရှိသည်။လူတစ်ဦးထဲမှ
နှစ်ဦးအားဆက်တိုက် အနိုင်ရရှိခ့ဲလျှင်မူ တတိယ
ယှဥ်ပြိုင်သူမှ သူနှင့်ယှဥ်ပြိုင်မည့်သူအား ရွေးချယ်ခွင့်
ရှိသည်။ ဤစည်းမျဥ်းသည် လူတစ်ယောက်ထဲမှ
ပြိုင်ဖက်သုံးယောက်လုံးအား တစ်ချိန်တည်း အနိုင်ယူခြင်းမှ ကာကွယ်ရန် ပြုလုပ်ထားခြင်းဖြစ်ပြီး တစ်ဖက်အုပ်စုအား ရစရာမျက်နှာပင် မရှိအောင် ရှုံးနိမ့်ရမည့်အရေးမှ ကာကွယ်ပေးထားခြင်းပင် ဖြစ်သည်။

ဝေယိုရွှမ်းသည် ပြိုင်ပွဲနှစ်ခုဆက်တိုက် အနိုင်ရရှိထားသည့်အတွက် တတိယပြိုင်ပွဲအတွက် ယှဥ်ပြိုင်ရမည့်
သူအား ဇူယွမ်မှ ရွေးချယ်ရမည် ဖြစ်သည်။

ဝေယိုရွှမ်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်
တောင်ကုန်းများဆီမှ ရီသံများစွာ ထွက်ပေါ်လာသည်။ အထူးသဖြင့် ဇူယွမ် ရှုံးနိမ့်မည်ကို လိုလားကြသော တပည့်များဆီမှ ကျယ်လောင်စွာ ရီမောနေကြသည်။

ဇူယွမ်မှာ ပျက်ရယ်ပြုခံနေရသော်လည်း သူ၏
မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် အနည်းမျှပင်
မရှိချေ။ ဝေယိုရွှမ်းအား အ့ံသြနေသော အမူအရာလည်း မရှိတော့ပဲ အကြီးအကဲစိန်းထိုက်ယွမ်ရှိရာ
တောင်ကုန်းပေါ်သို့ လှမ်း၍ကြည့်လိုက်သည်။

တောင်ကုန်းပေါ်ရှိ တပည့်များ၏အမူအရာမှာ
အလွန်ပင် စိတ်ပျက်အားငယ်နေဟန် ရှိပြီး အကြီးအကဲစိန်းလည်း အပါအဝင်ပင် ဖြစ်သည်။
ထုံးလုံနှင့် ဖန်းစုန်တို့၏ ရှုံးနိမ့်မှုက သူတို့အား
အတော်ပင် စိတ်ထိခိုက်စေဟန်ရှိသည်။

သူတို့သည် အခွင့်အရေးလေးတစ်ခုမျှပင် မရရှိခ့ဲသည်ကို မယုံကြည်နိုင်ဟန် ရှိသည်။

ဇူယွမ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်ရင်း ကျောက်တုံးစင်မြင့်ပေါ်သို့ ခုန်တက်သွားလိုက်ပြီး ဝေယိုရွှမ်းအား ပြုံးပြလိုက်ရင်း စကားဆိုလိုက်သည်။ “စီနီယာအကိုတော်ဝေ…ပြိုင်ပွဲနှစ်ခုကို ဆက်တိုက် ပြိုင်ထားရတော့ ပင်ပန်းနေမှာပဲ။အနားယူလိုက်ပါဦး။
ကျွန်တော် အခွင့်အရေးမယူချင်ဘူး။ “

သူ၏စကားလုံးများသည် ဝေယိုရွှမ်းကိုသာမက
တောင်ကုန်းပေါ်ရှိ အခြားတပည့်များကိုပင် ရီမောသံများဖြင့် ပြည့်နှက်သွားစေခ့ဲသည်။

လုရွှမ်းယင်၏ဘေးတွင်ရှိနေသော ရှုယန်ဟုခေါ်သည့်
အနီရောင်ဆံပင်ဖြင့်လူငယ်ကပင် လှောင်ပြောင်သည့်ဟန်ဖြင့် ရီမောကာ စကားဆိုလိုက်သည်။ “ဒီကောင်လေးက အကြောက်လွန်ပြီး စိတ်ဖောက်သွားတာနဲ့
တူတယ်။ သူကတကယ် ဝေယိုရွှမ်းကို အခွင့်အရေး
ယူလို့ရမယ်လို့ တွေးနေတာလား။”

လုရွှမ်းယင်သည် အေးစက်စွာ ရီမောလိုက်ပြီး
ပြန်၍ပြောလိုက်သည်။”သူကတမင် လူရှိန်အောင် လျှောက်ပြောနေတာ။”

စိန်းထိုက်ယွမ်၏တပည့်များမှာ ကသိကအောက်
ဖြစ်စွာနှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း မျက်နှာမထားတက်အောင်ပင် ဖြစ်နေရသည်။ ဇူယွမ်ပြောလိုက်သောစကားလုံးများမှာ
သူတို့အတွက် အလွန်ပင် ရှက်စရာကောင်းနေပေသည်။

“ကျွတ်….အမြင်မရှိလိုက်တဲ့သူပဲ။သူ့လိုလူကိုများ
စီနီယာချူးချင်နဲ့ နှိုင်းရတယ်လို့။” လုယန်းမှ
စိတ်ပျက်လက်ပျက်နှင့် စကားဆိုလိုက်သည်။

ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိနေသော ဝေယိုရွှမ်း၏
မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ ဖြည်းညင်းစွာ ရီမောလိုက်ရင်း မေးမြန်းလိုက်သည်။ “မင်းတကယ်ကြီး ပြောနေတာလား။”

ထုံးလုံသည်လည်း ထိုက့ဲသို့ပင် ပြောခ့ဲသည်ဖြစ်ပြီး ယခုတွင်တော့ မြေပြင်ပေါ်၌ လဲကျနေရသည်။
ဇူယွမ်သည်လည်း ထိုသို့သော စကားများကို
သူ့အား ပြောရဲနေသည်ကို ကြည့်ရသည်မှာ အကြောက်လွန်၍ ဦးနှောက်များပင် အလုပ်မလုပ်တော့ဟန် ရှိသည်။

ဇူယွမ်သည် ဝေယိုရွှမ်းအား လျစ်လျူရှုလိုက်ကာ
ဖန်းယုနှင့်ချန်းယွင်ဆီသို့ လှမ်းကြည့်လိုက်ရင်း
ဖန်းယုအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဆင်းလာခ့ဲ”

ဖန်းယုသည် ပခုံးကြောများကို လျှော့ချလိုက်ရင်း
ပြုံးလိုက်ပြီး ဝေယိုရွှမ်းအားကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ အကိုတော်တစ်ယောက်ထဲ
ကျော်ကြားဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။”

ဝေယိုရွှမ်းမှ ကူကယ်ရာမဲ့စွာပြုံးလိုက်ရင်း စကားပြန်လိုက်သည်။”ကောင်းပြီလေ။ မင်းနဲ့ပဲ လွှဲထားခ့ဲတော့မယ်။တကယ်တော့ ငါကလည်း ဒီလို မလောက်လေး
မလောက်စားလောက်ကို အနိုင်ယူရမှာ လက်သနနေတာ။”

သူသည် ဇူယွမ်အား အတော်လေးပင် အထင်အမြင်သေးနေဟန်ရှိပြီး အင်္ကျီလက်မောင်းအိုးကို
ခါယမ်းလိုက်ကာ တစ်ဖက်သို့လှည့်၍ ထွက်သွားလေသည်။

ဖန်းယုသည် ကျောက်တုံးစင်မြင့်ပေါ်သို့ ပျံသန်းလာကာ ဇူယွမ်၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။

“ဂျူနီယာညီတော် ဇူယွမ်….ငါက ဒီသုံးယောက်ထဲမှာ
အလွယ်ကူဆုံးလို့ ထင်တာလား။” ဖန်းယုသည်
ဟန်ဆောင်ပြုံးရင်း ဇူယွမ်အား မေးမြန်းလိုက်သည်။
သူ၏မျက်ဝန်းများမှာ အေးစက်လျက်ရှိပြီး ဇူယွမ်အား သင်ခန်းစာပေးတော့မည်ဆိုသည်မှာ ထင်ရှားပေသည်။

ဇူယွမ်သည် ဖန်းယုအား မျက်ဝန်းများဖြင့် အသာအယာ ပင့်ကြည့်လိုက်ပြီးနောက်

ဝုန်း..!

ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ချီစွမ်းအင်များသည် ဇူယွမ်၏ခေါင်းထက်သို့ ရွှေရောင်စပါးအုံး
အသွင်ဖြင့် ထွက်ပေါ်လာခဲ့ပြီး သူ၏ ချီသိုလှောင်ခန်းအတွင်းမှ ချီကြယ်ပွင့်ခုနစ်ရာသည်လည်း တဖြည်းဖြည်းနှင့် လင်းလက်တောက်ပလာခ့ဲသည်။

ချီစွမ်းအင်များသည် သူ၏အကြောများမှတစ်ဆင့်
ရိုးတွင်းချဥ်ဆီတိုင်အောင် ပျံ့နှ့ံသွားကာ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လျက်ရှိသည်။

ချီစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ဖိအားကို
ဖြစ်ပေါ်စေကာ ဇူယွမ်ခြေထောက်အောက်ရှိ မြေပြင်များပင် ကွဲအက်ကုန်ရသည်။ သူ၏ခန္ဓာကိုယ်မှာ
ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်းလဲသွားကာ အရှေ့သို့
လျင်မြန်စွာ ရွေ့လျားသွားသည်။

ဝုန်း…!

တိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်ကာ တိကျပြီး
အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိပေ။

မျက်စိတမှိတ်မျှသော အချိန်လေးအတွင်းမှာပင်
ဇူယွမ်၏ဒြပ်မဲ့ကိုယ်ထည်မှာ ဖန်းယု၏ရှေ့သို့
ရောက်လာလေသည်။သူ၏ခန္ဓာကိုယ်အား ရစ်သိုင်းလျက်ရှိနေသော ချီစွမ်းအင်များမှ တွန်သံသဲ့သဲ့
ကြားနေရသည်။

“စိတ်မရှည်လိုက်တဲ့ အရူးကောင်။ မင်းကစပြီး
တိုက်ရဲမယ်တောင် မထင်ထားဘူး။” ဖန်းယုသည်
ဒေါသထွက်လွန်းသဖြင့် မျက်နှာပင်နီမြန်းလာရသည်။လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ချီစွမ်းအင်များသည် သူ၏လက်သီးတဝိုက်တွင် ရစ်ခွေနေကာ ထိုးချလိုက်သည်။

ဝှစ်..!

ထိုအချိန်၌ပင် ဇူယွမ်သည်လည်း လက်သီးတစ်လုံး
ပစ်သွင်းလိုက်ကာ လက်သီးနှစ်ခု လေထုထဲ၌
တွေ့ဆုံသွားပြီး လေထုများပင် ဆုတ်ပြဲသွားကာ
လေဟာနယ်များပင် ဖြစ်ပေါ်လာရသည်။

ဝုန်း…!

အလွန်ပြင်းထန်သော တိုက်ခိုက်မှုနှစ်ခုသည် လေထု
ကိုပင် များစွာဆုတ်ဖြဲသွားစေကာ မြေပြင်များသည်ပင် ကွဲအက်သွားရသည်။

ဖန်းယု၏ မျက်နှာအမူအရာမှာ မှောင်မဲသွားရသည်။
ဇူယွမ်၏ထိုးချက်တွင် ပါဝင်သော ချီစွမ်းအင်မှာ
တောင်များကိုပင် ဖြိုခွဲပစ်နိုင်ပြီး မုန်တိုင်းများကိုပင်
ဖြစ်စေနိုင်လောက်ကြောင်း သတိထားမိလိုက်သည်။
ဇူယွမ်၏ချီစွမ်းအင်မှာ သူ့ထက် အဆပေါင်းများစွာ ပို၍သန်မာလေသည်။

“မဖြစ်နိုင်တာ…!”

ချန်းယု၏မျက်ဝန်းများတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေကာ စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။
မူလစဦး တတိယအဆင့်မျှသာ ရှိသေးသော ဇူယွမ်၏
ချီစွမ်းအင်မှာ သူ့ကဲ့သို့ မူလစဦး ပဥ္စမအဆင့်ရှိသူတစ်ယောက်ထက် အဘယ်ကြောင့် သန်မာနေရပါသနည်း။သူ၏ချီသိုလှောင်ခန်းထဲတွင် ချီကြယ်ပွင့်
ငါးရာမျှပင် ရှိလေသည်။ထိုသည်ကို အဘယ့်ကြောင့်
ဇူယွမ်မှပို၍ သန်မာနေရပါသနည်း။

သူအ့ံသြနေသည့် အခိုက်မှာပင် ဇူယွမ်၏ချီစွမ်းအင်
များသည်  သူအားလွှမ်းခြုံသွားကာ ဖန်းယု၏
ချီစွမ်းအင်များအား အလွယ်တကူ ဖြိုခွဲနေလေသည်။

ဝုန်း…..!

သူ၏ချီစွမ်းအင်များ ပြိုကွဲသွားသည်နှင့်တစ်ပြိုင်နက်
ဇူယွမ်၏ ပြင်းထန်လှသော ရိုက်ချက်က သူ၏
ရင်ဘတ်ပေါ်သို့ ကျရောက်လာလေသည်။

ဖန်းယု၏ခန္ဓာကိုယ်မှာ လေပေါ်သို့မြောက်တက်သွားကာ တောင်ဖြင့်ပြင်းထန်စွာ ရိုက်မိသွားပြီး သွေးချင်းချင်းနီရဲကာ လဲကျသွားရသည်။ မည်သူမျှ
သူအသက်ရှင်လား သေလား မသိရပေ။

သူတို့နှစ်ဦး၏ တိုက်ပွဲသည် ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ပြီးဆုံးသွားရသည်။

ချန်းယု၏ကိုယ်ခန္ဓာမှာ တောင်နှင့်ရိုက်မိသွားသည်နှင့်
အတူ လူတိုင်း၏ ရီမောလှောင်ပြောင်သံများမှာ
တိတ်ဆိတ်သွားရသည်။

ဝေယိုရွှမ်းသည် ကျောက်တုံးစင်မြင့်မှပင် မဆင်းရသေးပေ။

ရီမောလှောင်ပြောင်သံများ တိတ်ဆိတ်သွားသည်နှင့်အတူ ဝေယိုရွှမ်းမှာလည်း အ့ံသြမင်သက် သွားရသည်။

တောင်ကုန်းပေါ်ရှိသူများ၏ မျက်နှာများမှာ လေးနက် တည်ကြည်သွားရသည်။ ထွန်းလင်းတောက်ပနေသော နေတစ်စင်အား မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်ကုန်ကြသည်။

ကျောက်တုံးစင်မြင့်အလယ်တွင်ရှိနေသော ဇူယွမ်သည် သူ၏လက်အား ဖြည်းညင်းစွာဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏အမူအရာမှာ ယခင်မှအတိုင်းပင်
ရှိနေပြီး အကြည့်များစွာကို လျစ်လျူရှုထားလျက်
အ့ံအားသင့်နေသော ချန်းယွင်ထံသို့ ကြည့်လိုက်သည်။သူ၏လေးနက်တည်ကြည်သောအသံသည်
တိတ်ဆိတ်နေသော တောင်တစ်ခုလုံးအား ဖြိုခွင်းသွားသည်။

“ဆင်းလာခ့ဲ၊အခုက မင်းအလှည့်ပဲ။”


Comment

Leave a Reply


Options

not work with dark mode
Reset