Switch Mode

Chapter 14

အရှုံးပေးလိုက်ရခြင်း

“အိပ်ရာပေါ် လှဲလိုက်၊ ကျုပ် ခင်ဗျားကို အခု စကုမယ်”

ရဲ့လင်းချန်က အစ်မလင်း၏ ရန်လိုမှုကို လုံးဝ ဥပေက္ခာပြု၍ ပူပင်ကြောင့် ကြမဲ့သော ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဘာ … နင်က ငါ့ကို … ခုတင်ပေါ် လှဲစေချင်တာလား”

အစ်မလင်း အနည်းငယ် အံ့ဩသွားရသည်။

“ဟုတ်တယ်လေ၊ ခင်ဗျား မလှဲရင် ကျွန်တော် ထွေ့နာ အနှိပ်ပညာကို ဘယ်လိုသုံးလို့ရမှာလဲ”

ရဲ့လင်းချန်က တရားမျှတမှုရှိသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ … ဒါက …”

အစ်မလင်းသည် အစောပိုင်းက သူမအပြုအမူနှင့် လုံးဝ ခြားနားစွာပင် မသိမသာ မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ သူမ အံကိုကြိတ်ကာ ပြန်ပြောလေသည်။

“နင်က လူလိမ်ဆိုရင် ငါ နင့်ကို လုံးဝ ဒီအတိုင်း မထားဘူး”

ရဲ့လင်းချန်က အစ်မလင်းနောက်မှနေ၍ အခန်းထဲသို့ လိုက်ဝင်သွားသည်။ အခန်းတစ်ခုလုံး သပ်ရပ်သန့်ရှင်းနေပြီး အရာအားလုံးကို အစီအစဉ်တကျ ထားထားသည်။ အခန်းထဲ၌ ပစ္စည်းပစ္စယ သိပ်မများပေ။ ခုတင်တစ်လုံး၊ ဘီရိုတစ်လုံးနှင့် လက်ပ်တော့တင်ထားသော စားပွဲတစ်လုံးသာ ရှိလေသည်။

အခန်းထဲ၌ အစ်မလင်းကိုယ်မှ ရသော ရေမွှေးနံ့မျိုး သင်းပျံ့နေ၏။ ဤအခန်းက သေချာပေါက် အစ်မလင်း၏ အခန်းပင်။

“နှိပ်လေ”

အစ်မလင်းက အိပ်ရာပေါ် လှဲလိုက်ပြီးနောက် ရဲ့လင်းချန်အား အလွန် သတိထားသော အကြည့်မျိုးဖြင့် မော့ကြည့်လာသည်။ သူမက သူ့ကို သတိပေးလာသေးသည်။

“နင် စိတ်ရှိသလို ငါ့ကို ကိုင်ချင်တိုင်း ဟိုကိုင်ဒီကိုင် လာမကိုင်နဲ့၊ ပြီးတော့ ငါ အမိန့်ပေးရင် နင် ရပ်ကိုရပ်ရမယ်”

ရဲ့လင်းချန်က ခေါင်းညိတ်၍ ခုတင်ဘေးသို့ လျှောက်လာလိုက်သည်။ အစ်မလင်းက သူမကိုယ်သူမ သေချာ ဂရုစိုက်ကြောင်း ရဲ့လင်းချန် ဝန်မခံချင်လည်း ဝန်ခံရပေမည်။ သူမအသက်ကို အမှန်အတိုင်း မခန့်မှန်းနိုင်ပေ။ လက်ရှိအချိန်၌ သူမ စိုးရိမ်နေသည်။

*သူ တော်တော်လေး စိုးရိမ်နေတာပဲ၊ သူက အခုထိ လက်မထပ်ရသေးတာလား*

ရဲ့လင်းချန် တစ်ကိုယ်တည်း စဉ်းစားနေမိသည်။ ဤသည်က ဖြစ်နိုင်ချေ အမြင့်ဆုံး အတွေးပင်။ သူမကဲ့သို့ အောင်မြင်သော အမျိုးသမီးတစ်ယောက်က အလုပ်ထဲ၌ အာရုံနှစ်ထားခြင်းက ပုံမှန်ဖြစ်လေ့ရှိသော ကိစ္စပင်။ လက်ထပ်ရန် မဆိုထားနှင့် သူမ ရည်းစားပင် ထားဖူးမည့်ပုံ မပေါ်ချေ။

တစ်ခဏအကြာ၌ ရဲ့လင်းချန်သည် လက်မြှောက်၍ ဘယ်လက်ညှိုးကိုဆန့်၍ အစ်မလင်း၏ လည်ကုပ်ကို အရင်ဖိ လိုက်သည်။ ထိုအခိုက်တွင် အစ်မလင်းသည် အလွန် စိတ်လှုပ်ရှားပုံရကာ ခန္ဓာကိုယ်က မသိမသာ တောင့်နေ၏။

ရဲ့လင်းချန်သည် သူမကို အလေးမထားဘဲ လေးနက်သော အမူအရာဖြင့် စတင်၍ နှိပ်နယ်လိုက်သည်။ သွေးကြောဆုံမှတ်မှနေ၍ ဓာတ်လိုက်သကဲ့သို့ ထုံသွားလေသည်။

အစပိုင်း၌ သူ နေရခက်သလို ခံစားရပြီး စိတ်လျှော့ရ ခက်နေ၏။ သို့သော် ရဲ့လင်းချန်၏ လက်ချောင်းများက တဖြည်းဖြည်း ပူလောင်လာသည်ဟု သူမ ခံစားမိလာသည်။ သူမလည်ကုပ်တစ်ခုလုံး မီးလောင်နေသလို ခံစားနေ ရသည်။ အထိအတွေ့ကြောင့် အလွန် အေးစက်နေသော သူမခံစားချက်အား နွေးထွေးမှုတစ်ခုက ဖယ်ရှားပေး သွားသလို ခံစားနေရလေသည်။

“ကျီးပေါင်းရောဂါ ဖြစ်စေတဲ့ နောက်အကြောင်းတစ်ခုက ခန္ဓာကိုယ်ထဲမှာ အအေးဓာတ် များနေလို့ပဲ၊ လွန်ကဲနေတဲ့ အအေးဓာတ်က လူ့ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေပြီး အချိန်အတော်ကြာ စုစည်းနေတာ။ ပုံမှန်နေ့တွေဆို လူတစ်ယောက်က အဲ့ဒါကို မခံစားမိပင်မယ့် အအေးဓာတ် များလာရင် လူကို တော်တော်လေး ဒုက္ခပေးလာရော”

ရဲ့လင်းချန်က နှိပ်နယ်ပေးရင်း ပြောပြလိုက်သည်။

“ဟွန့်”

အစ်မလင်းက ငြီးငွေ့ဟန်ဖြင့် ပျက်ရယ်ပြုလေသည်။ သူမအသံက အထင်သေးသည့်အသံလား သို့မဟုတ် ထောက်ခံသော အသံလား သေချာမပြောနိုင်ပေ။ သူမ လက်ရှိအသံက ယခင်လောက် မာန်မပါတော့ချေ။ သူမသံ အလိုလိုက်ခံထားရသော ကလေးတစ်ယောက်နှင့် တူနေ၏။

တစ်ခဏအကြာတွင် ရဲ့လင်းချန်က သူ့နည်းလမ်းကို ပြောင်းလိုက်သည်။ သူသည် လည်ကုပ်ကို တဖြည်းဖြည်း နှိပ်နယ်ပေးရင်း ကျောရိုးတစ်လျောက်ကို ပြောင်း၍ နှိပ်ပေးလိုက်သည်။ ခေါင်းစခြေဆုံး ထွေ့နာ အနှိပ်ပညာ လုပ်ဆောင်ရန် သူ၏ညာလက်ကိုလည်း တစ်ချိန်လုံး လှုပ်ရှားပေးနေသည်။

အစ်မလင်း ပို၍ စိုးရိမ်လာပုံရသည်။ ရဲ့လင်းချန်၏ လက်များ၌ ထူးခြားသော မှော်ပညာ ပါဝင်နေသည်ဟု ခံစားနေ ရသည်။ သူ နှိပ်လိုက်တိုင်း သူမခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ် လျှော့တိုက်ခံလိုက်ရသလို ခံစားမိနေသည်။ သူမ အားတစ်စက်မှ မရှိတော့သကဲ့သို့ ထုံထိုင်းလာရသည်။ ထို့အပြင် နှိပ်နယ်ပေးသည့် သွေးကြောနေရာများကလည်း တိကျလှသည်။ သူသည် တစ်ချိန်လုံး ပိတ်ဆို့နေသည့် သူမ သွေးကြောနေရာများကို ရှာဖွေ၍ နှိပ်ပေးနိုင်စွမ်း ရှိသည်။ သူမတစ်ကိုယ်လုံးမှ ဆဲလ်များ တုန်ခါလာပြီး သူမ တားချင်လျင်တောင်မှ မတားနိုင်တော့ချေ။

“ဖြည်းဖြည်း …”

ရဲ့လင်းချန်က သူမ ကျောအလယ်သို့ နှိပ်နယ်လာချိန်တွင် ထိုနေရာမှ စူးခနဲ နာသလို ခံစားမိသဖြင့် အစ်မလင်း မနေနိုင်ဘဲ ထုတ်ပြောလိုက်ရသည်။

“ခင်ဗျားက ပုံမှန်နေ့တွေမှာ ကွန်ပျူတာရှေ့မှာ အချိန်တော်တော် ဖြုန်းရတာပဲ၊ ဒီနေရာက သွေးကြောတွေက တော်တော်လေး ပိတ်နေတာ၊ ဒီလိုဆက်သွားရင် ခင်ဗျား ခေါင်းမူးသလို ခံစားလာရလိမ့်မယ်၊ သည်းခံနိုင်ဖို့ ကြိုးစားပါ”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ သူမ စကားကို နားမထောင်ဘဲ ထိုနေရာကို သူ ဆက်၍ နှိပ်နယ်ပေးလေသည်။ ကျီးပေါင်းရောဂါသည် ဤလောက၌ တွေ့မြင့်နေကျ ရောဂါလက္ခဏာ တစ်ခု ဖြစ်သည်။ လူတိုင်း မိမိတို့ဘဝ၌ ကျီးပေါင်းကို အနည်းအများဆိုသလို ခံစားရသည်ဟု ဆိုရပေမည်။ အစ်မလင်း၏ အခြေအနေက ရှောင်ဖေးဖေး ထက် အနည်းငယ်မျှသာ ပိုကောင်းလေသည်။

“အ …”

အစ်မလင်း အတော်လေး ကြိုးစား၍ တောင့်ခံလိုက်ရသည်။

“အစ်မလင်း ဘယ်လိုခံစားရလဲဟင်”

ရှောင်ဖေးဖေး သူမအတွက် မစိုးရိမ်ဘဲ မနေနိုင်ပေ။ အစ်မလင်း၏ ရောဂါလက္ခဏာက ဘာလဲဆိုသည်ကို သူမ မစဉ်းစားတတ်ပါ။

“ဘာမှလည်း မဟုတ်ပါဘူး၊ ငါတို့ လုပ်နေကျ ဆလွန်းမှာ အနှိပ်သွားခံတာနဲ့ ဘာမှမထူးပါဘူး၊ ထုံသလိုလို ယားသလိုလို ဖြစ်ရုံလေးပါ၊ တော်တော့်ကို တစ်ထပ်တည်းပဲ”

အစ်မလင်းက ခေါင်းမာစွာ ပြန်ပြောလိုက်သည်။ ရဲ့လင်းချန်၏ အနှိပ်ပညာက ထိရောက်ကြောင်း သူမ ဝန်မခံ ချင်ပါ။

ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ထို့နောက် သူ့လက်၌ အားပိုစိုက် လိုက်သည်။

အစ်မလင်းက ခေါင်းမာပြီး သူမအမှားကို ဝန်ခံရန် ဝန်လေးနေ၏။ ယခုအချိန်၌ သူမ အညံ့ခံလာအောင် သူ လုပ်ချင်နေသည်။ သို့မဟုတ်ပါက နောင်တွင် သူမက သူ့အတွက် ခြိမ်းခြောက်မှု ပြုလုပ်လာနိုင်သည်။

မိနစ်ပိုင်းမျှအကြာ၌ အစ်မလင်းသည် သူမသည် ထိုနေရာမှာ နာကျင်မှုများ တဖြည်းဖြည်း လျော့နည်းလာပြီး အလွန် သက်တောင့်သက်သာရှိသော ခံစားချက်မျိုး ရလာ၏။

ထိုခံစားချက်က ပြောမပြတတ်လောက်အောင်ပင်။ ထိုနေရာမှ သွေးကြောများက ၎င်းတို့ ဆန္ဒရှိသလို လှုပ်ရှားနေပြီး သူမခန္ဓာကိုယ်က သိမ့်သိမ့်တုန်လာသလို ခံစားမိလာရသည်။ သဘောတရားအရ ထိုခံစားချက်က နေရခက်သော ခံစားချက်မျိုး ဖြစ်သင့်သော်လည်း သူမသည် အလွန်အမင်း သက်တောင့်သက်သာ ရှိသလို ခံစားမိ နေသည်။ အနှိပ်ခံခြင်းကို သူမ ရပ်လိုက်ချင်စိတ် မရှိတော့ပေ။

ရဲ့လင်းချန် အောက်သို့ ပိုနိမ့်၍ နှိပ်လေ ထိုခံစားချက်က ပိုပြင်းထန်လာလေ ဖြစ်လာသည်။ ထိုခံစားချက်က တစ်ကိုယ်လုံး ပျံ့နှံ့လာသဖြင့် သူမခန္ဓာကိုယ်နှင့်အတူ စိတ်ဝိညာဉ်ပါ တုန်ခါလာရသည်။

“ခင်ဗျား သည်းမခံနိုင်တော့ရင် အသံထွက်လို့ ရပါတယ်၊ အဲ့လိုလုပ်ရင် ပိုပြီးတော့ ထိရောက်သေးတယ်”

ရဲ့လင်းက ကြင်နာစွာ သတိပေးလိုက်သည်။ အစ်မလင်းကမူ အံကြိတ်၍ ပြန်ပြောရန် ငြင်းဆန်နေသည်။

*ငါ ရှုံးလို့မရဘူး၊ ငါ ဘယ်တော့မှ သူ့ဆီမှာ အညံ့မခံဘူး*

ရဲ့လင်းချန်က သူမ၏ တုံ့ပြန်ပုံကို မသိကျိုးကျွန်ပြုကာ သူမ၏ ပိတ်ဆို့နေသော ကျန်သွေးကြောများထံ အာရုံစိုက်၍ ဆက်နှိပ်နယ်လိုက်သည်။

“ဟင်း…”

တစ်ခဏအကြာတွင် အစ်မလင်းသည် ဆက်အောင့်မထားနိုင်တော့ဘဲ နင့်နင့်နဲနဲ ညည်းလိုက်မိသည်။

*ဒုက္ခရောက်ပြီ၊ သွားပါပြီ*

*နှိပ်ရုံလေးပဲကို၊ ဒီလောက်ထိ ဖြစ်စရာလိုလို့လား*

ရှောင်ဖေးဖေး ဘေး၌ထိုင်ကြည့်ရင်း ဂနာမငြိမ် ဖြစ်လာရသည်။ အစ်မလင်း၏ အသံက သူမနားထဲ ပဲ့တင်ထပ်နေပြီး ရှက်ရွံ့ကာ မျက်နှာနီမြန်းလာလေသည်။ ဤအခြေအနေက သူမအတွက် မသိမသာ နေရခက်စေကြောင်း ရိပ်စားမိ လာသည်။

အစ်မလင်း ဤသို့ပြုမူသည်ကို သူမ တစ်ခါမှ မမြင်ဖူးပေ။ ယခု အစ်မလင်းသည် ပုံမှန်အချိန်များကဲ့သို့ အေးစက်၍ မာနကြီးသော အမျိုးသမီးတစ်ဦး ဖြစ်မနေချေ။

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို သတိထား၍ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ ခေါင်းကိုမငုံ့ဘဲ မနေနိုင်ချေ။ ခဏနေလျင် သူမအလှည့် ရောက်လာတော့မည်ကို စဉ်းစားမိပြီး စိုးရိမ်စိတ်က သူမနှလုံးသားထဲ မရည်ရွယ်ဘဲ ပေါက်ဖွားလာရသည်။

*ငါ ကုသတာကို ငြင်းလိုက်ရမလား၊ ဒါပေမဲ့ ငါ ဒါကို နည်းနည်းတော့ မျှော်လင့်မိတယ်၊ ငါ ဘာလုပ်ရမလဲ*

“အိုး …”

ရုတ်တရက် အစ်မလင်း၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။

“ကုသမှုက ပြီးသွားပြီ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“အစ်မလင်း ဘယ်လိုခံစားရလဲ”

ရှောင်ဖေးဖေးက ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် မေးလိုက်သည်။

“ကောင်းပါတယ် … ငါ အဆင်ပြေတယ်”

အစ်မလင်း ရှောင်ဖေးဖေး၏ အကြည့်ကို ရှောင်နေမိသည်။ သူမခန္ဓာကိုယ်က ခုတင်ပေါ်၌ အားမပါစွာဖြင့် ပုံလျက်လား လဲလုနီးပါး ဖြစ်နေ၏။ သူမ ကတုန်ကယင်ဖြင့် ထလိုက်သည်။

“ငါ … ငါ ရေသွားချိုးလိုက်ဦးမယ် …”

သူမ ရဲ့လင်းချန်ကို မကြည့်ရဲတော့ချေ။ သူမသည် ရဲ့လင်းချန်ကို အကြပ်ရိုက်အောင် လုပ်ရမည် ဖြစ်သော်လည်း မထင်မှတ်ဘဲ သူမကိုယ်သူမ အရှက်ရအောင် လုပ်လိုက်မိမည်ဟု ထင်မထားမိပေ။

အစ်မလင်းသည် မြင်ကွင်းထဲမှ ဒယိမ်းဒယိုင် ထွက်ပြေးသွားသဖြင့် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးသာ ကျန်ခဲ့လေသည်။ လူငယ်လေးနှင့် မိန်းမပျိုလေးက အချင်းချင်း နေရခက်စွာ ကြည့်လိုက်မိသည်။

အခန်းတွင်း အခြေအနေကလည်း မသိမသာ နွေးထွေးလာသည်။ လက်ရှိတွင် ပို၍ မှောက်မှားချင်စရာကောင်းသော ခံစားချက်တို့ဖြင့် ပြည့်နှက်လာ၏။

“ရှင် … ရှင် ထွေ့နာ ကုထုံးနဲ့ ကုနေတုန်း ညင်သာနော်၊ ကျွန်မ အနာမခံနိုင်ဘူး …”

ရှောင်ဖေးဖေးက ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် ရဲ့လင်းချန်ကိုကြည့်၍ ပြောလိုက်သည်။

“အင်းပါ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ရှောင်ဖေးဖေးက ရဲ့လင်းချန်ရှေ့မှ ခုတင်ပေါ်သို့ လှဲလိုက်ချိန်တွင် ရဲ့လင်းချန်၏ အတင်းလုပ်ယူထားသော တည်ငြိမ်မှုက အရည်ပျော်စပြုလာသည်။ အစ်မလင်းက လှပသော်လည်း ရဲ့လင်းချန်၏ အသိစိတ်က သူ၏စိတ်ဆန္ဒအား ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။ ရှောင်ဖေးဖေးမှာမူ လှပသည်ဟု ဖော်ပြနိုင်သော စံနှုန်းထက် ကျော်လွန်လှပသူ ဖြစ်သည်။ သူမသည် သေမျိုးကမ္ဘာထဲသို့ နတ်သက်ကြွေလာသည့် နတ်သမီးလေး လိုပင်။ သူမသည် ကြော့မော့သန့်ရှင်းကာ ကျက်သရေရှိလှသည်။

တိတ်ဆိတ်နေသော အခန်းတွင်း၌ သူတို့၏ အသက်ရှူသံများကိုသာ ကြားနေရသည်။

*ဆရာဝန်က လူနာရဲ့ မိဘလို မေတ္တာ ကရုဏာ ကြီးမားရမယ်၊ ငါ့ကိုယ်ငါ ထိန်းချုပ်မှဖြစ်မယ်*

ရဲ့လင်းချန် ကိုယ့်ကိုယ်ကိုယ် ထိုသို့ဆက်တိုက် သတိပေးနေမိသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

*ဒီလိုမိန်းကလေးမျိုးကို လက်ထပ်နိုင်တဲ့ ယောကျာ်းတစ်ယောက်က ဘဝမှာ အနိုင်ရသူ ဖြစ်နေမှာ သေချာတယ်*

သူ့စိတ်ထဲ ကျိတ်၍ တွေးတောရေရွတ်လိုက်ပြီးနောက် သူမကို သတိထား၍ နှိပ်နယ်ပေးလေသည်။

“အင်း …”

ရှောင်ဖေးဖေး၏ ခန္ဓာကိုယ်က အစ်မလင်းထက် ပို၍ အထိမခံချေ။ သူမက အကြိမ်တိုင်း ခပ်ကျယ်ကျယ် ညည်းနေသည်။

ရဲ့လင်းချန်၏ နဖူးကြောများ ထောင်တက်လာ၏။ သူ၏ ဦးခေါင်း ပေါက်ထွက်လာတော့မတတ် မျက်နှာ နီမြန်း လာရသည်။

“မိန်းကလေးရှောင် ကျေးဇူးပြုပြီး ကိုယ့်ဘာသာ ထိန်းပါဦး၊ အတတ်နိုင်ဆုံး အသံမထွက်နိုင်အောင် ကြိုးစားပေးပါ”

ရဲ့လင်းချန်သည် နှစ်ဦးနှစ်ဘက်လုံး ဘေးကင်းစေရန် သူမအား သတိပေးလိုက်သည်။ ရှောင်ဖေးဖေး နောက်တွန့်သွားပြီး ခပ်ရှက်ရှက်နှင့် ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မမှ ထပ်သည်းမခံနိုင်တာ”

*သေလိုက်ပါတော့*

ရဲ့လင်းချန်၏ လက်များ တစ်ခဏမျှ တုန်ယင်သွားရသည်။ သူ နှာခေါင်းသွေးလျှံနေပြီလားဟု စစ်ဆေးရန် နှာခေါင်းကို ပွတ်လိုက်မိသည်။

တစ်နာရီကြာပြီးနောက် ရဲ့လင်းချန်တစ်ယောက် အိမ်တော်ထဲမှ သနားကမား အခြေအနေဖြင့် ထွက်လာသည်။ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေ၏။ သူ၏ နီရဲနေသော ပါးနှစ်ဖက်ကို လက်ဖြင့် အသာပုတ်လိုက်မိသည်။

*ဒါက အန္တရာယ်များလွန်းတဲ့ အလုပ်ပဲ၊ ဒါက သေချာပေါက်ကို အန္တရာယ်များလွန်းတဲ့ အလုပ်*

သူ့၌ အံ့အားသင့်စရာကောင်းလောက်သော ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စိတ် ရှိနေ၍ ကံကောင်းသွားသည်။ သူသည် လေးစားစရာကောင်းသော လူကြီးလူကောင်း တစ်ယောက် ဖြစ်ခဲ့သည်။ သို့မဟုတ်ပါက သေချာပေါက်ကို တစ်ခုခု ဖြစ်သွားနိုင်၏။

“ဝီ”

သူ့ဖုန်း တုန်ခါသွားသည်။ ရှောင်ဖေး‌ဖေးက စာတိုလေးနှင့်အတူ နောက်ထပ် ယွမ်ငါးထောင် လွှဲလာသည်။

[ကျေးဇူးတင်ပါတယ်၊ ကျွန်မ တော်တော်လေး သက်သာသွားတယ်၊ ကျွန်မ နောက်မှ ထပ်ချိန်းပါ့မယ် (ပျော်နေသော အီမိုဂျီလေးနှင့်)]

ယခုနှိပ်ပေးခြင်းမှ ရလာသော ယွမ်ငါးထောင်အား ကြိုရထားသော ယွမ်ငါးထောင်နှင့် ပေါင်းလိုက်လျင် ယွမ်တစ်သောင်း ရှိပြီ ဖြစ်သည်။ သူ နှစ်နာရီထဲနှင့် ယွမ်တစ်သိန်း ရှာနိုင်ခဲ့လေပြီ။ စိတ်ဒုက္ခရောက်ခဲ့ရသော်လည်း အကျိုးအမြတ်က အထင်ကြီးစရာပင်။

ရဲ့လင်းချန် ပြုံးလိုက်မိသည်။

*အကျိုးရှိတဲ့ အချိန်လေးပဲ၊ မကြာခင် မင်း နောက်တစ်ခါ ထပ်ချိန်းမယ်လို့ ငါ မျှော်လင့်ပါတယ်၊ ငါ မင်းကို မကြောက်ပါဘူး*

*အန္တရာယ်များလွန်းတဲ့ အလုပ်ဖြစ်နေလဲ ဘာဖြစ်လဲ၊ ငါက ဆရာဝန်ဆိုတော့ ရွေးချယ်လို့မှ မရတာ၊ လူနာတွေကို ကုသတာနဲ့ လူ့အသက်ကို ကယ်ပေးတာက ငါ့တာဝန်လေ၊ ငါ ဒါကို ငွေရဖို့ တစ်ခုတည်းနဲ့ မလုပ်ဘူးလို့ ကျိန်ဆိုတယ်*

Comment

Leave a Reply

Options

not work with dark mode
Reset