အပိုင်း(၁၁၈၁)

မိစ္ဆာပညာလေ့ကျင့်သူ

သွေးနဂါးမြို့သည် သွေးနဂါးဘုံ၏ မြို့တော်ဖြစ်ပြီး များစွာသော မြို့ငယ်လေးများ ဝန်းရံထားသည်။ ယခင်က သွေးနဂါးမြို့အပြင်တွင် များစွာသော များစွာသော အဆောက်အဦများ စတင် တည်ထားခဲ့ကြ၏။  တွေ့နိုင်သည်။ နောက်ပိုင်းတွင် ထိုအစုငယ်လေးများသည် မြို့ကြီးပြကြီးများအဖြစ် တိုးတက်ထွန်းကား လာခဲ့ကာ လက်ရှိအခြေသို့ ရောက်လာ၏။

သွေးနဂါးဘုံတွင် လူအမျိုးမျိုး အထွေထွေအား တွေ့နိုင်ပေသည်။ သွေးနဂါးဘုံမှ နယ်ခံများအပြင် ဘုံအသီးသီးမှ တန်ခိုးရှင်များ ရှိကြပေသည်။ အချို့မှာ လေ့ကျင့်ရန် လာကြပြီး အချို့မှာ စတည်းလာချကြ၏။

ထို့ကြောင့် သွေးနဂါးဘုံသည် အလွန်စည်ကားပြီး တခြားဘုံများထက် ထူးဆန်းရှုပ်ထွေး၏။ တန်ခိုးရှင်များမှာလည်း အလွန် စွမ်းအားမြင့်ကြသည်။

ထို့အတူ သွေးနဂါးမြို့တော်အနီးမှ မြို့ကလေးများမှာလည်း နယ်ပယ်အစုံမှ တန်ခိုးရှင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

စွမ်းအားမြင့် တန်ခိုးရှင်များက မြို့များကို ထိန်းချုပ်ကာ ဘုရင်အဖြစ် ခံယူ၍ အုပ်ချုပ်ကြသည်။ သူတို့က မြို့၏ဘုရင်များ ဖြစ်ကြ၏။

ထိုအထဲတွင် မြို့ကို သေသေချာချာ စီမံခန့်ခွဲလျက် သူတို့၏အင်အားများကို စုစည်းကာ မြို့အား အင်အားကြီးအောင် လုပ်သူများ ရှိကြပေသည်။

အချို့က မြို့များကို သူတို့ကလန်၊ မိသားစု၏ လေ့ကျင့်ရာနေရာအဖြစ် ပြုလုပ်ကြသော်လည်း စီမံခန့်ခွဲခြင်းအပိုင်း၌ သိပ်အလေးမထားကြပေ။

သွေးနဂါး အင်ပါယာသည် ထိုကိစ္စများအား သိပ်အလေးမထားပဲ လွှတ်ထားပေး၏။

ချန်ယဲ့မြို့သည် ထိုမြို့များထဲမှ တစ်မြို့ဖြစ်ပေသည်။

ချန်ယဲ့မြို့အပေါ်မှ လူနှစ်စု ရောက်လာသည်။ သူတို့ကား ချန်ယဲ့မြို့စားလေးနှင့် ရီဖူရှင်းတို့အဖွဲ့ဖြစ်ကြသည်။

လမ်းတွင် ရှားရှင်းယွန်က သွေးနီရောင်နဂါးဘုံနှင့်ပတ်သက်၍ ရီဖူရှင်းအား သူမသိသလောက် ရှင်းပြလာခဲ့သည်။

ဆန်းဇွန်က ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ခင်ဗျားတို့က တခြားဘုံက လာတာဖြစ်လို့ ဒီမှာ တာရှည်နေမယ်ဆိုရင် ကျုပ်တို့ မြို့စားစံအိမ်သို့ ဧည့်သည်အဖြစ် လိုက်ခဲ့ပါလား”

“ကျေးဇူးပါ အစ်ကိုဆန်း … ကျုပ်တို့က ဒီကို လေ့ကျင့်ဖို့လာတာဖြစ်လို့ ခင်ဗျားတို့ကို သိပ်အနှောင့်အယှက် မပေးတော့ပါဘူး” ရီဖူရှင်းက ငြင်းပယ်သည်။ ဆန်းဇွန်က သူတို့အား မြို့စားအိမ်တော်၏ အင်အားသို့ ပေါင်းထည့်လိုဟန် ရသည်။

သို့သော်လည်း သူတို့က သွေးနဂါးဘုံမှ အင်အားစုတစ်ခုခုနှင့် ပတ်သက်ရန် မလိုလားပေ။

“အရမ်းကောင်းတယ်” ဆန်းဇွန်က ပြုံးလိုက်သည်။ သူက စိတ်မဆိုးဟန်ဖြင် ပြောသည် … “ကျုပ်တို့ စားသောက်ဆိုင် တစ်ခုမှာ တွေ့ခဲ့ပြီးတော့ ချန်ယဲ့မြို့သို့ ခင်ဗျားတို့ကို ဖိတ်ခေါ်လာခဲ့တယ်။ ဒါကြောင့် စားသောက်ဆိုင် တစ်ခုမှာပဲ ခင်ဗျားတို့ကို ဧည့်ခံပါ့မယ်”

“ကောင်းပါပြီ” ရီဖူရှင်းက ပြုံးလျက် သဘောတူသည်။

ဘေးတွင်ရှိသော ရှားရှင်းယွန်က စိတ်ဖြင့် ပြောသည် … “ဆန်းဇွန်က ငါတို့ကို ဆွဲခေါ်ဖို့ ကြိုးစားနေတဲ့ပုံပဲ။ နင်ဘာလို့ သူ့ကို မငြင်းတာလဲ”

“မင်းသမီး … ကျုပ်တို့က အပြင်မှာ လေ့ကျင့်တဲ့အခါ လူတိုင်းနဲ့ တွေ့ဆုံဆက်ဆံရမှာပဲ။ သူက ကောင်းမွန်တဲ့ သဘောထားနဲ့ ဆိုရင်လည်း မိတ်ဆွေတိုးတာပေါ့။ မကောင်းတဲ့ စိတ်သဘောနဲ့ ဆိုရင်လည်း ကျုပ်တို့က ကြောက်နေစရာမှ မလိုတာ” ရီဖူရှင်းက ပြန်ပြောသည်။

ရီဖူရှင်းက သူလုပ်နေသည်ကို နားလည် သဘောပေါက်သည်ကို မြင်လျှင် ရှားရှင်းယွန်က ဘာမှ ဆက်မပြောတော့။

ချန်ယဲ့မြို့၏အကြီးဆုံး စားသောက်ဆိုင်မှာ မြို့စားအိမ်တော်၏ အပိုင်ဖြစ်ပေသည်။

စားသောက်ဆိုင်၏ အပေါ်ထပ်တွင် သီးသန့်ဆောင်များရှိကာ အလွန်တရာ သေသပ်လှပပေသည်။

ဆန်းဇွန်က သူတို့အား နေရာထိုင်ခင်းချကာ အစားအသောက်များအား အထူးတလေ မှာပေးသည်။ ထို့နောက် ဆန်းဇွန်က သူ့လူအချို့အား အမိန့်ပေးကာ မြို့စားအိမ်တော်သို့ ပြန်လွှတ်လိုက်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက်ပြောသည် … “အစ်ကိုရီက ဒီလောက် အသက်ငယ်ငယ်နဲ့ ရှန့်ထိုဖြစ်တာ တကယ်ကို ပါရမီမြင့်တဲ့သူ ဖြစ်ရမယ်။ ကျုပ်က တခြား ရှန့်ထိုငယ်လေးတွေကို ဖိတ်ကြား လိုက်တာဖြစ်လို့ သူတို့လည်း ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ကျုပ်တို့နဲ့အတူ ဆွေးနွေး ပြောဆိုနိုင်တာပေါ့”

“ကောင်းသားပဲ။ ကျုပ်လည်း သွေးနဂါးမြို့က ရှန့်ထိုတွေနဲ့ တွေ့ချင်တာ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ကျုပ် မေးဖို့ မေ့သွားတယ်။ ခင်ဗျားတို့ ဘယ်ဘုံကလဲ” ဆန်းဇွန်က မေးသည်။

“ကျုပ်တို့က အင်ပါယာရှားဘုံက …” ရီဖူရှင်းက အမှန်ကို ပြောသည်။

ဆန်းဇွန်က ခေါင်းညိတ်ကာ ပြောသည် … “ကျုပ်ကြားဖူးတယ်။ ဒါက သွေးနဂါးနယ်မြေထဲမှာပဲ။ ကံမကောင်းတာက ကျုပ်ဟာ သွေးနဂါးဘုံ အပြင်ဘက်ကို တစ်ခါမှ မသွားဖူးတာပဲ။ မဟုတ်ရင် တခြားဘုံတွေကို ခြေဆန့်တယ်”

“သွေးနဂါးဘုံက ဒီနယ်မြေမှာ ဗဟိုချက်မနေရာ ဖြစ်တယ်။ ကျုပ်တို့က ပိုမြင့်တဲ့ဘုံကိုပဲ သွားလေ့ရှိတာကိုး။ ခင်ဗျား မရောက်ဖူးတာ မထူးဆန်းပါဘူး” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ခင်ဗျားပြောတာ လက်ခံတယ်” ဆန်းဇွန်က ပြုံးလျက်ပြောသည်။ ထို့နောက် သူက ရှားရှင်းယွန်တို့အား ကြသည်။ သည်မိန်းကလေးမှာ လွန်စွာ မာနကြီးဟန်ရှိပြီး ထူးခြားဆန်းပြားသည့် ကိုယ်ရောင်ကိုယ်ဝါ ရှိ၏။ ရီဖူရှင်းက သူမတို့အား မိတ်ဆက်ပေးခြင်းမရှိရာ သူ့အနေဖြင့် မေးရန် မဝံ့ရဲဖြစ်နေသည်။ သည်မိန်းကလေးမှာ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ရှိရပေမည်။

ဆန်းဇွန်က စိတ်ဝင်စားစွာဖြင့် မေးသည် … “ခင်ဗျားတို့အုပ်စုက တစ်ကလန်တည်းပေါ့ အစ်ကိုရီ …”

ဆန်းဇွန်၏ စိတ်ပါဝင်စားမှုကို ရီဖူရှင်း သိသည်။ သူကလည်း ပြုံးလျက်ပြောသည် … “ဒီလို ပြောလို့ရတယ်။ ကျုပ်တို့အားလုံးက တစ်ကလန်တည်းပဲ”

“ဒီလို တပည့်တွေကို မွေးထုတ်ပေးတာ ခင်ဗျားတို့ ဆရာက တကယ်ကို စွမ်းတဲ့သူဖြစ်မယ်” ဆန်းဇွန်က ပြုံးလျက်ပြောသည်။

ရီဖူရှင်းကလည်း ပြုံးကာ ဘာမှ မပြောပေ။

သူတို့က အေးအေးလူလူ စကားပြောနေကြလျှင် အချို့က သူတို့အား လှမ်းကြည့်ကြသည်။ သူတို့ကလည်း ရီဖူရှင်းတို့အား စိတ်ဝင်စားကြပေသည်။ မည်သို့ဆိုစေ သူတို့အုပ်စုကား မြို့စားလေးကိုယ်တိုင် ဧည့်ခံရသောသူများ မဟုတ်ပါလား။

ထိုအခိုက်တွင် လေထဲမှ လူတစ်ယောက် ရောက်လာသည်။

ထိုသူက ဝတ်စုံရှည်ကို ဝတ်ထားကာ ဆံပင်များက နက်မှောင်နေ၏။ သူ့မျက်လုံးများက အလွန်စူးရှသည်။

“မြို့စားလေး” သူက ဆန်းဇွန်ကို ခေါင်းညိတ်ပြကာ ရီဖူရှင်းတို့အားလည်း ကြည့်သည်။

“မော့ချိန် …” ဆန်းဇွန်က ပြောသည် … “သူက ရီဖူရှင်း … ငါတို့ ဖုဆွန်းတောင်ကြားက အပြန်လမ်းမှာ တွေ့ခဲ့တာ”

မော့ချိန်က ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောပေ။

ထိုစဉ် နောက်ထပ် တန်ခိုးရှင်တစ်ဦး ရောက်လာသည်။ သူမကား မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမသည် ကြည့်ကောင်းသော ရုပ်ရည်ရှိကာ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ထားပြီး ဆံပင်ကို သေသပ်စွာ ညှပ်ထား၏။

“ရှင်က ပျော်နေပုံပဲ မြို့စားလေး” မိန်းကလေးက ဆန်းဇွန်ကို ပြောသည်။

“စစ်ထိုရန် … ချန်ယဲ့မြို့က စစ်ထိုကလန်ရဲ့ အကြီးဆုံးသမီး … ရှန့်ထိုအဆင့်ရဲ့ အငယ်ဆုံး မိန်းကလေးပဲ” ဆန်းဇွန်က အချင်းချင်း မိတ်ဆက်ပေးသည်။ ချန်ယဲ့မြို့တွင် ရီဖူရှင်း၏ အသက်အရွယ်ရှန့်ထို အနည်းငယ်သာ ရှိသည်။

ထိုအခိုက်တွင် အလွန်ပူပြင်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု ပေါ်လာသည်။ အားလုံးက အဝေးသို့ လှမ်းကြည့်ကြ၏။ ကောင်းကင်တွင် အလွန်ကြီးမားသော သားရဲမိစ္ဆာတစ်ကောင် ပေါ်လာသည်။ သားရိုင်းမှာ အတောင်ပံပါသော ကျားအမျိုးအစားဖြစ်ပြီး သူ့အား ချုံချီသားရဲဟု ခေါ်ဆိုကြ၏။

သားရဲကြီးကား အလွန်ကြီးမားကာ ဒေါသများ တောက်လောင်နေဟန် ရ၏။ အနက်ရောင် မီးတောက်များ သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းနေ၏။

မာန်သွင်း အော်ဟစ်သံနှင့်အတူ သားရိုင်းကြီးက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ လူအများအပြားက အထိတ်တလန့်ဖြင့် ရှောင်တိမ်းကြရ၏။

“သတိထား …” တစ်ယောက်က အော်ဟစ်သည်။

“ရပ်လိုက်တော့ …” စစ်ထိုရန်က ချုံးချီ၏နောက်မှ ရထားလုံးကို ကြည့်ကာ အော်ဟစ်လိုက်သည်။ သို့သော်လည်း တစ်ဘက်လူက ကြားဟန်မတူပေ။ ကြီးမားသော ခန္ဓာကိုယ်ကြီးက အော်သို့ ဆင်းသက်လာကာ မိန်းကလေးငယ်တစ်ဦး အပေါ်သို့ နင်းခြေတော့မည့်ဟန် မြင်လိုက်ကြရသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းတို့အဖွဲ့ မျက်မှောင်ကြုတ် လိုက်ကြ၏။ သူက ထရပ်ကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

သားရိုင်းကြီးသည် မမြင်ရသော အားလှိုင်းတစ်ခု၏ တားဆီးခြင်းကို ခံရကာ မိန်းကလေးသည် ထိုနေရာမှ ပျောက်ကွယ်သွား၏။

ကျယ်လောင်သော အသံနှင့်အတူ သားရိုင်းကြီးက မြေပြင်ကိုသာ နင်းခြေမိသွားသည်။

အားလုံးက ကောင်းကင်ထက်ကို လှမ်းကြည့်ကြရာ ဆံပင်ဖြူ လူငယ်တစ်ယောက်က မိန်းကလေးအား လက်ဖြင့် ပွေ့ဖက်ကာ ကိုင်ထားသည်ကို မြင်ကြရ၏။

“မစိုးရိမ်နဲ့တော့ …” ရီဖူရှင်းက ခေါင်းငုံ့ကာ တုန်ယင်နေသော မိန်းကလေးငယ်အား ပြောသည်။

“ကလေး … လာခဲ့” အဘိုးအိုက မိန်းကလေးထံသို့ ပြေးလာခဲ့သည်။

မိန်းကလေးငယ်ကလည်း ငိုယိုကာ အဘိုးအိုထံသို့ ပြေးသွားခဲ့သည်။ ရီဖူရှင်းက‌ နောက်လှည့်ကာ သားရိုင်းကြီးအား ကြည့်၏။ သားရိုင်းကြီး၏ နောက်မှ အသံတစ်သံကို ကြားရသည် … “လေဟာနယ်ဓာတ် …”

အသံက မိစ္ဆာအငွေ့အသက်များ စွက်သည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက်က ရထားလုံးထဲမှ ထွက်လာသည်။ သူတို့အားလုံးမှာ လှပသော မိန်းကလေးငယ်များ ဖြစ်ကြကာ အသက်၂၀ဝန်းကျင်ခန့်သာ ရှိကြ၏။

ချုံးချီ၏ကျောပေါ်မှ ရထားလုံးထဲမှ လူငယ်တစ်ယောက်က ထွက်လာသည်။ သူ့မျက်နှာက အနည်းငယ် မိစ္ဆာဆန်ကာ လတ်သော အသားအရေ ရှိသည်။

သူက ရှေ့သို့ လှမ်းလာကာ ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းကလည်း သူ့အား အေးစက်စွာ ကြည့်၏။

တစ်ဖက်လူက သိပ်အလေးမထားဟန်ဖြင့် အဘိုးအိုအား ပြောသည်… “သူမက ကံကောင်းလို့ အသက်ရှင်တယ်။ မနက်ဖြန် သူမကို ကောင်းချီး နန်းတော်သို့ ပို့လိုက် …”

အဘိုးအိုက တုန်ယင်သော အမူအရာဖြင့် လူငယ်ကို ပြောသည် … “နားလည်ပါပြီ …”

“မလိုဘူး .. အဘ” ရီဖူရှင်းက အဘိုးအိုကို ကြည့်ကာ ပြောသည်။ အဘိုးအိုက တစ်စုံတစ်ခုကို ပြောလိုဟန် ရသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့။

ရီဖူရှင်း၏စကားကို ကြားလျှင် လူငယ်က မဲ့ပြုံးပြုံးသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “မင်းက သူတို့ကို သနားတာလား။ သူမက ကောင်းချီး နန်းတော်ကို မဝင်ရန် ဘာဖြစ်မယ်ဆိုတာ မင်းသိလား”

“သိပ်ဆိုးမယ် မထင်ဘူး” ရီဖူရှင်းက ပြန်ပြောသည်။

တစ်ဖက်လူက မဲ့ပြုံးပြုံးကာ တစ်ချက်ရယ်သည်။ ကျင့်ကြံခြင်း လောကတွင် သည်ကဲ့သို့သော လူများ များစွာ ရှိသည်။ သွေးနဂါးဘုံတွင် သာမန်ကျင့်ကြံခြင်း လူများမှာ အားကောင်းသူများ၏ အစာသာဖြစ်သည်။

“ကောင်းပြီ … အစ်ကိုရီက ကျုပ်ရဲ့ ဧည့်သည်ပဲ” ထိုအခိုက်တွင် ဆန်းဇွန်က ဝင်ပြောသည်။ လူငယ်က ဆန်းဇွန်အား ကြည့်ကာ ခေါင်းညိတ်သည် … “မြို့စားလေး”

***


Comment

Leave a Reply


Options

not work with dark mode
Reset