အပိုင်း (၁၀၈၆)

အကြမ်းပတမ်း သတ်ဖြတ်ခြင်း

ခွန်စွန်းမြို့ အပြင်ဘက်၌ ရီဖူရှင်းတို့အဖွဲ့က ရပ်တန့်ခြင်းမရှိဘဲ ပျံသန်းနေကြသည်။

လက်ရှိတွင် အင်ပါယာရှားဘုံမှ အင်အားသည် အင်ပါယာလီဘုံထက် ကြီးမားပေသည်။ တာလီပြည်ထောင်က တရားဝင် စစ်ကြေညာခြင်း မရှိပါလျှင် သည်ကိစ္စမှာ လီယောင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ရပေမည်။

လီယောင်က သူ့အား သေစေလို၏။

ထို့ကြောင့် လီယောင်အား တားဆီးရန် သူတို့က အချိန်ဆွဲထားရန်သာ လိုအပ်ပေသည်။

သူ့ဘေးမှ ရှန့်ထိုများက နောက်မှ လိုက်ပါ လာသူများအား တားဆီးကြသည်။ ရာရာသည် သူမ၏ကျင့်ကြံခြင်း အဆင့်ကို အတင်းမြှင့်တင်ခဲ့၏။ လီဟန်ဓားသမားက ရီဝူချင်းကို သူ၏ဓားအား ငှားရမ်းပေးခဲ့၏။ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့ကလည်း အန္တရာယ်ကို မငဲ့ကွက်ဘဲ ရန်သူများအား ရင်ဆိုင်ပေးကြသည်။ ကျေးရွာခေါင်းဆောင်၊ သူ့ဆရာနှင့် တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုများလည်း ရှိကြပေသည်။ မှန်နန်းတော်သခင်မပင် နောက်လှည့်ကာ တိုက်ခိုက်ခဲ့သည်။

သူ ဘေးကင်းစေရန် ရှန့်ထိုများ အားလုံးက အတတ်နိုင်ဆုံး ခုခံပေးခဲ့ကြသည်။

ကောင်းကင် အရောင်ပြောင်းလဲလာခဲ့ကာ ပြင်းထန်သော အားလှိုင်းများ ရိုက်ခတ်လာခဲ့၏။ ထိုနေရာကား သဲကန္တာရနယ်မြေတစ်ခု ဖြစ်ကာ လေထဲတွင် သဲမုန်တိုင်းများပင် ဖြစ်ပေါ်နေ၏။

ရှန့်ထိုဓားသမားနှစ်ဦးသည် ရီဖူရှင်းတို့နောက်သို့ မြန်ဆန်စွာ လိုက်ပါလာကြရာ မကြာခင် မှီလာခဲ့ကြပြီ ဖြစ်သည်။

သူတို့သည် ရှန့်ထိုများဖြစ်ကြကာ လှုပ်ရှားရာတွင် မြန်ဆန်သော ဓားသမားများလည်း ဖြစ်ကြ၏။

သူတို့က ရီဖူရှင်းတို့နောက်သို့ မြန်ဆန်စွာ လိုက်လာကြရာ လေတိုးသံ အချို့နှင့်အတူ သူတို့က ရီဖူရှင်းတို့ရှေ့သို့ ချက်ချင်း ရောက်လာခဲ့၏။

ဟူး … ဟူး …

ရီဖူရှင်းတို့က လူချင်းခွဲလိုက်ကြကာ လေထဲတွင် လှပသော အလင်းကွေးများ ဖြစ်စေသည်။

ထို့အပြင် သူတို့က ရှေ့သို့ လှည့်ပတ် ပျံသန်းသွားခြင်း မဟုတ်ဘဲ နောက်သို့သာ ဦးတည်ခဲ့၏။

ဓားသမား နှစ်ယောက်က ရှေ့သို့ ပျံသန်း သွားခဲ့ခြင်းဖြစ်ရာ ရီဖူရှင်းတို့က နောက်သို့ စက်ဝန်းသဏ္ဌာန် လှည့်ပတ်သွားခဲ့ရာ ရှန့်ထိုနှစ်ပါးအား ဝိုင်းမိသွားသည့် ပုံစံမျိုးဖြစ်သည်။

ရှီတန်ခိုးရှင်များက အမှန်တကယ်ပင် ရှန့်ထိုများကို ဝန်းရံထားသည်။

ရီဖူရှင်းတို့၏ အပြုအမူမှာ ထူးဆန်းနေသည်ကို ခံစားမိကာ ဓားသမားများက ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

သည်လူများမှာ အရေအတွက်အားဖြင့် ပိုမိုများပြားသည် ဆိုသော်လည်း သူတို့သည် ရှီတန်ခိုးရှင်များသာ ဖြစ်ကြ၏။

ရှီနှင့် ရှန့်ထိုတို့သည် ကွဲပြားခြားနားသော အဆင့်ဖြစ်၏။

ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့က အမှန်တကယ်ပင် ရှန့်ထို အတုအယောင်အဆင့်သို့ တက်လှမ်းခဲ့သော ယွင်ကျင်းအား သတ်ဖြတ်ခဲ့ကြသော်လည်း ယွင်ကျင်းသည် အစစ်အမှန်ရှန့်ထို မဟုတ်ပေ။ ယခု သည်တန်ခိုးရှင် နှစ်ဦးသည် စစ်မှန်သော ရှန့်ထိုများဖြစ်ကြ၏။

ထိုအခိုက်တွင် ရီဖူရှင်းတို့ထံမှ အားကောင်းသော အရောင်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူတို့မှာ ရီဖူရှင်း၊ယူချင်း၊ ဓားသခင်နှင့် ဟောင်ကျူဂီတို့ ဖြစ်ကြ၏။

ယူချင်းထံမှ မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ သူ့နောက်တွင် နတ်ဆိုးသဏ္ဌာန်များအား မြင်ရ၏။ ဓားသခင်ထံမှလည်း မိစ္ဆာဓားအသိများ ဖြာထွက်လာခဲ့၏။

ဓားသခင်က သူ၏လက်ထဲမှ ဓားကို အသက်ဝင်စေ၏။ သူ့ခန္ဓာကိုယ်အား ဓားထံမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားများ စတင် ဝါးမျိုလာကြ၏။

ဟောင်ကျူဂီအား ရန်ဟောင် အရှိန်အဝါများ စီးဆင်းလာခဲ့ကာ သူ့လက်ရှိ အဆင့်သည်လည်း မူလကထက် မြင့်သွားဟန်ရပြီး သူကိုင်ထားသော ရန်ဟောင်လေးသည် ကြီးမားသော အန္တရာယ် အငွေ့အသက်များအား ပေး၏။

ရီဖူရှင်းထံမှ တော်ဝင်အလင်းများ ဖြာထွက်လာခဲ့ကာ သူ့အရောင်အဝါများ မှာလည်း အင်ပါယာတစ်ပါးအလား ပြောင်းလဲလာခဲ့တော့၏။ သူ့ထံမှ ထွက်ပေါ်လာသော အရောင်အဝါများက ရှန့်ထိုနှစ်ပါးကိုပင် ကျောချမ်းစေသည်။

ကိုယ်ရောင်ကိုယ်ဝါက ထိုမျှ အားကောင်းသည် မဟုတ်သော်လည်း ထိုအထဲမှ ဖိနှိပ်မှုတစ်ခုကို သူတို့ ခံစားကြရသည်။ ထိုအရာက ရှီတန်ခိုးရှင် တစ်ယောက်နှင့် လားလားမျှ မဆိုင်သော စွမ်းအားမျိုးဖြစ်ပြီး ထူးခြားဆန်းကျယ်သော နောက်ခံရာဇဝင် သို့မဟုတ် သွေးမျိုးဆက်များနှင့် သက်ဆိုင်သူများသာ ထိုအရာများကို ပိုင်ဆိုင်တတ်၏။

“သူတို့ကို သတ် …” ရှန့်ထိုနှစ်ပါးက ဓားများကို ဝှေ့ယမ်းကာ ရီဖူရှင်းထံသို့ ဦးတည် လာခဲ့ကြသည်။ သူတို့က အလွန်တရာ မြန်ဆန်ကြသော်လည်း သူတို့ရှေ့သို့ မိစ္ဆာ အရောင်အဝါတစ်ခု ကာဆီးလာခဲ့သည်။

ဓားသခင်၏ သွင်ပြင်မှာ ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး မျက်နှာမှာ အရောင်အဆင်း ကင်းမဲ့လာခဲ့၏။ သူက မျက်လုံးကို မှိတ်ကာ ဓားအသိကို သိရှိခံစားသည်။ သူက မဟာလမ်းစဉ်နှင့် မထိတွေ့ဖူးသော်လည်း ဓားသည်ကား မဟာလမ်းစဉ်၏ စွမ်းအား အစစ်အမှန်ကို သယ်ဆောင် ထားပေသည်။

ဝှစ် …

ဓားသခင်က ရှေ့သို့ တက်လာကာ ဓားကို ဝှေ့ယမ်းလိုက်သည်။ မိစ္ဆာဓားတွင် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဓားအသိသည် ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားနှင့် သေဆုံးခြင်း အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ အနက်ရောင် မိစ္ဆာအရောင်အဝါ ရိုက်ခတ်လာခဲ့ကာ ဓားတစ်လက်ပုံစံသို့ ပြောင်းလဲလာခဲ့ပြီး လေထုကို ခွင်းကာ ရှန့်ထိုနှစ်ဦးထံသို့ ဦးတည်သွားခဲ့သည်။

ဂူတုံးလျိုလည်း ရှေ့သို့တက်သွားခဲ့ကာ နတ်ဘုရား အသွင်သဏ္ဌာန်များသည် အပေါ်မှ ကျဆင်းလာခဲ့ကြသည်။ သူ့တစ်ကိုယ်လုံးအား နတ်ဘုရား အငွေ့အသက်များ လွှမ်းခြုံလာခဲ့ကာ သင်္ကေတကိုးခုက သူ့အား လာရောက် လှည့်ပတ်သည်။ သင်္ကေတကိုးခုမှ မရေမတွက်နိုင်သော တံဆိပ်တော်များ ကွဲထွက်လာခဲ့ကာ ရန်သူများထံသို့ ပျံ့လွင့်သွားခဲ့၏။

သူတို့၏တိုက်ခိုက်မှုများက ရှန့်ထိုတစ်ဦးစီကို ဦးတည်နေကြသည်။ ရှီတန်ခိုးရှင်များ ဖြစ်သော်လည်း သူတို့က အကြောက်အလန့် ကင်းမဲ့ကြ၏။

သို့သော်လည်း ရှန့်ထိုဓားသမား နှစ်ဦးကား အရေးပင် မလုပ်ပေ။ သူတို့ကလည်း လက်ထဲမှ ဓားကို ဝှေ့ယမ်းလျှင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်းများ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးသည်။

သူတို့နှစ်ဦးလုံးက ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်စွာ လှုပ်ရှားလိုက်ကြသည်။ ဓားအလင်းများသည် တစ်ဖက်မှ ဓားချက်များဖြင့် ရင်ဆိုင်ထိတွေ့၏။ ပြင်းထန် အားကောင်းသော ဓားအသိသည် အစိတ်စိတ် အပိုင်းပိုင်း ပျက်စီး သွားရတော့သည်။ သို့သော်လည်း ဓားသခင်က ဓားမုန်တိုင်းထံသို့ သူ၏ဓားကို သယ်ဆောင်ကာ ခုတ်ပိုင်းလျက် ဆင်းလာခဲ့သည်။ သူ့ရှေ့တွင် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသွင် သဏ္ဌာန်တစ်ခု မားမား ရပ်နေသော်လည်း ပြင်းထန်သော ဓားအသိတွင် အစိတ်စိတ် အပိုင်းအပိုင်း ဖြစ်ရ၏။

ဂူတုံးလျိုသည်လည်း ခက်ခဲသော အခြေအနေတစ်ခုအား ရင်ဆိုင်နေရသည်။ မရေမတွက်နိုင်သော တံဆိပ်တော်များမှာ ရန်သူ၏ဓားမုန်တိုင်းထဲ ပျက်စီးသွားခဲ့ရသည်။ ရန်သူသည် သူ၏စွမ်းအားမြင့် တံဆိပ်တော်များကို ဖျက်ဆီးရန် သိပ်အားစိုက် လိုက်ရဟန်ပင် မတူပေ။

သို့သော်လည်း ရန်သူ၏ဓားမုန်တိုင်းမှာ အမှန်တကယ်လည်း ဟောင်ကျူဂီ၏ မြားချက်ကြောင့် အားနည်း သွားခဲ့ရပေသည်။ ရန်ဟောင်အသိသည် ရှန့်ထိုတို့အား အနည်းနှင့် အများ ခြိမ်းခြောက်နိုင်ရာ သူတို့က လျစ်လျူရှု၍ မရပေ။ ရှန့်ထိုများက ဓားကို ဝှေ့ယမ်းကာ အားလှိုင်းများ ဖြစ်စေလျက် မြားချက်များအား ကာကွယ်ရသည်။

ဘုန်း … ပြင်းထန်သော မိစ္ဆာအရှိန်အဝါသည် လေထုထဲသို့ ရိုက်ခတ်လာခဲ့၏။ ယူချင်းက ရှေ့သို့ လှမ်းသွားလိုက်ကာ ပုဆိန်ဖြင့် ခုတ်ချလိုက်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြိုပျက် သွားတော့မည့်အလား ထင်မှတ်ရ၏။

ထိုဓားသမားသည် တမျိုးတဖုံ ကျောစိမ့်သွားရ၏။ သည်ကဲ့သို့သော စွမ်းအားကား ရှန့်ထိုတစ်ပါးနီးနီး အဆင့်၌ ရှိသည်။ သူ့အနေဖြင့် ဤသို့သော တိုက်ခိုက်မှုအား ရှန့်ထိုတစ်ပါး ဖြစ်သည့်တိုင် လျစ်လျူရှု၍ မရပေ။

သူက လက်ကို ဆက်လက်၍ ဝှေ့ယမ်းလိုက်လျှင် ဧရာမ ဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။ ဓားကြီးသည် လေထုကို ခွင်းကာ ယူချင်းထံသို့ ဦးတည်သွားခဲ့၏။ ဓားနှင့် ပုဆိန်တို့ ရင်ဆိုင်မိလျှင် ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

သူတို့အပြင် မြေရိုင်းပြည်နယ်မှ တခြားသူများ ဖြစ်ကြသော ကျူးကော့မင်းယွီ၊ ယန်ကျန်း၊ လျိုဖန်း၊ ယိရှောင်ရှီနှင့် တခြားလူများကလည်း ရှန့်ထိုဓားသမားအား ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ သူတို့က ရန်သူအား မသတ်ဖြတ် နိုင်သော်လည်း အနည်းနှင့် အများတော့ ဒုက္ခပေးနိုင်ကြသည်။

ဓားသခင်၏ဓားနှင့် ထိုရှန့်ထို၏ဓားတို့ ရင်ဆိုင် ထိတွေ့ကြသည်။ ပြင်းထန်သော ဓားစွမ်းအားသည် မိစ္ဆာဓားထံသို့ စီးဆင်းလာခဲ့၏။ သို့သော်လည်း ဓားသည် တုန်ခါခြင်းပင် မရှိပေ။ တချိန်တည်းတွင် ထောင်ပေါင်းများစွာသော မိစ္ဆာအရိပ်သဏ္ဌာန်များ ပေါ်လာသည်။ ရှန့်ထိုဓားသမား၏ဓားက ထိုပုံရိပ်များအား ဖြတ်တောက် သွားသော်လည်း ပုံရိပ်များသည် အဆုံးမဲ့ဟန်မရပေ။

ဓားသခင်ကား တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့ဒွါရပေါက်များတွင် သွေးများ ယိုစိမ့်နေကာ ကြောက်မက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း သူက ဓားထံသို့ စွမ်းအားများ ဆက်လက် ပို့လွှတ်ကာ တစ်ဖက်ဓားသမား၏ စွမ်းအားကို ခုခံရန် မိစ္ဆာဓား၏စွမ်းအားများကို ငှားရမ်းသုံးစွဲနေရသည်။

ပုံရိပ်တစ်ခု လေထဲတွင် မြန်ဆန်စွာ လှုပ်ရှားလာခဲ့သည်။ ကြောက်မက်ဖွယ် အာကာသဓာတ်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်အား ဖုံးလွှမ်းလာခဲ့၏။ အချိန်နှင့် လေဟာနယ်သည် ရပ်တန့်သွားဟန်ရကာ မုန်တိုင်းသည် အလွန်တရာ အားကောင်းလာခဲ့သည်။ ကောင်းကင်နှင့် မြေပြင်အကြားမှ စွမ်းအားများသည် သူ့ခန္ဓာကိုယ်သို့ စီးဆင်းလာခဲ့သည်။

ထိုလူရိပ်ကား  ခွန်အားများ စုစည်းနေသော ရီဖူရှင်းဖြစ်သည်။

စွမ်းအားများ တဖြည်းဖြည်း ပိုမို အားကောင်းလာခဲ့ကာ ပတ်ဝန်းကျင်သည်လည်း လေးလံ ထိုင်းမှိုင်းလာခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကာ အရာအားလုံးမှာလည်း ရပ်တန့်သွားသည်ဟု ထင်ရ၏။ အလွန်တရာ စွမ်းအားကြီးသော ဓားအရောင်အဝါသည်ပင် ထိုအခိုက်တွင် လှုပ်ရှားမှု ကင်းမဲ့သွားသည်။ တော်ဝင်မြင့်မြတ်သော အရောင်အဝါသည် အရာခပ်သိမ်းအား ထိန်းချုပ် သွားသည်။

ထိုလူရိပ်သည် ရွှေရောင် အလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဓားသခင်နှင့် တိုက်ခိုက်နေသော ရှန့်ထိုဓားသမားထံသို့ ဦးတည်သွားခဲ့သည်။

ထိုဓားသမားထံမှ ပိုမိုအားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ မဟာလမ်းစဉ်၏ လေဟာနယ်ဓာတ်သည် အက်ကွဲသွားဟန် ရသည်။ ဓားသမားက တိုက်ခိုက်နေရင်းမှပင် ရီဖူရှင်းထံသို့ သွားရန် ဟန်ပြင်လိုက်သော်လည်း ဓားသခင်က ရူးသွပ်သူအလား သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်ကို မြင်ရ၏။ များစွာသော မိစ္ဆာပုံရိပ်များ ပေါ်လာခဲ့ကာ ထိုတိုက်ခိုက်မှုများသည် ရှန့်ထိုဓားသမားအား အမှန်တကယ် ရပ်တန့်စေခဲ့သည်။

သူကား ဘယ်ဘက်လက်ကိုသာ အသုံးပြုလျက် ဓားစွမ်းအားများကို ထုတ်လွှတ်နိုင်နေသည်။ သူက လက်ကို ဆန့်တန်းလိုက်လျှင် ကြောက်မက်ဖွယ် ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ သွားရောက် ဝါးမျိုစေ၏။

ရီဖူရှင်းက ရှောင်တိမ်းရန် စိတ်ဝင်စားပုံမရပေ။ သူက လေထုကို ခွင်းကာ ဓားမုန်တိုင်းထဲသို့ တိုးဝင်လာခဲ့၏။ အချိန်နှင့်လေဟာနယ်လှံကို ဝှေ့ယမ်းလိုက်လျှင် မုန်တိုင်းအတွင်းမှ ဓားအသိများသည် ပြင်းထန်စွာ လှုပ်ခတ်သွားကြသည်။ ရတနာလှံသည် အောက်သို့ ဆက်လက်ကျဆင်းလာခဲ့၏။

ဓားသမားက အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိဟန်တူသည်။ သူက လေထဲသို့ လက်ညှိုးထိုးလိုက်လျှင် ပြင်းထန်သော ဓားအသိသည် လေထုကို ထွင်းဖောက်သွား၏။

ရီဖူရှင်းက ဘာကိုမှ ခံစားမိဟန်မတူ။ လှံရှည်သည် ဓားစွမ်းအားများကို ဖြတ်သန်းလျှင် အားလှိုင်းသည် သူ့ခန္ဓာကိုယ်သို့ ရိုက်ခတ်လာကြ၏။ သို့သော်လည်း ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ သူ့အာရုံကို ရန်သူထံသို့သာ ပို့လွှတ်လိုက်သည်။

လှံရှည်သည် ရန်သူ၏ဓားလက်ညှိုးဖြင့် ရန်ဆိုင်တွေ့၏။

ဓားစွမ်းအားများသည် လေထုကို ခွင်းကာ ရီဖူရှင်း၏ခန္ဓာကိုယ်ကို ရိုက်ခတ် လာခဲ့သော်လည်း သူကား မည်သို့မှ ခံစားရဟန်မတူပေ။ သူ့ထံမှ ထွက်ပေါ်လာသော ကိုယ်ရောင်ကိုယ်ဝါသည် ထည်ဝါ ခန့်ညားလွန်းသည်။ လှံသည် အောက်သို့ ဆက်လက်၍ ဆင်းသက် လာခဲ့သည်။ ရန်သူ၏လက်ညှိုးတွင် သွေးများကို စတင် မြင်တွေ့လိုက်ရကာ ထိုလက်ညှိုးသည် တစ်စတစ်စ ပြိုပျက်လာခဲ့သည်။

ထိုအခိုက်တွင် ဓားသမား၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက လက်ချောင်း ပြိုပျက်လာခဲ့သည့် တိုင်အောင် မာန်သွင်းအော်ဟစ်ကာ ဓားစွမ်းအားမျာကို ဆက်လက် ဖြစ်ပေါ်စေသည်။ သွေးရောင်လွှမ်းသော ဓားအားလှိုင်းသည် ရီဖူရှင်းထံသို့ ဆက်လက်၍ စီးဆင်းလာခဲ့ပြီး သူ့အရံအတားကို ဖျက်ဆီးသည်။ ဓားအသိသည် ရိဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်း လာတော့သည်။

သို့သော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်က တော်ဝင်စွမ်းအားများဖြင့် လောင်ကျွမ်းနေဟန်ရပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုများမှာ သူ့အား မည်သို့ခံ သိရှိခံစားမိစေဟန် မတူပေ။

ဓားသမား၏လက်သည် တစ်လက်မချင်း ပြိုပျက်သွားခဲ့ကာ သွေးများ အဆက်မပြတ် ပန်းထွက်လာခဲ့သည်။ သူသည် မခံမရပ်နိုင်သော နာကျင်မှုများအား ခံစားရပြီး နောက်ဆုံးတွင် သူ့လက်ကို ဖြတ်သန်းကာ လှံရှည်သည် သူ့ဦးနှောက်သို့အထိ ထွင်းဖောက်သွားပြီး တစ်ဖက်ကို ဖြတ်ကျော် သွားတော့သည်။

ထိုအခိုက်တွင် အပေါ်မှ ဆင်းသက်လာသော ရီဖူရှင်းအား ဓားသမားသည် ထိတ်လန့်စွာ ကြည့်သည်။ သူ့ထံမှ ဓားအရောင်အဝါများသည် တဖြည်းဖြည်း ယိုယွင်းအားနည်း လာခဲ့သည်။ သူ၏ဓားစွမ်းအားများက ရီဖူရှင်းကို တိုက်ခိုက်နေကြဆဲ ဖြစ်သော်လည်း သူ့စွမ်းအားများသည် နဂိုကဲ့သို့ မဟုတ်တော့ပေ။ တစ်ချိန်တည်းမှာပင် ဓားသခင်ကလည်း မိစ္ဆာဓားဖြင့် သူ့ခန္ဓာကိုယ်ကို လာရောက်ပိုင်းဖြတ် သွားတော့သည်။

နှစ်ပေါင်းများစွာ ရှန့်ထိုတစ်ပါးဖြစ်နေခဲ့သော စွမ်းအားမြင့် တန်ခိုးရှင်သည် ထိုခဏအတွင်းမှာပင် အသက်ပျောက် သွားတော့သည်။ သူကား ရီဖူရှင်းနှင့် ဓားသခင်တို့၏ အကြမ်းပတမ်း တိုက်ခိုက်မှုအောက်တွင် လက်မြှောက် အရှုံးပေးလိုက်ရတော့၏။

ထိုမြင်ကွင်းက တခြားသော ဓားသမားများအား ကြီးစွာ အံ့အားသင့်စေသည်။ သူတို့အနေဖြင့် ရှီတန်ခိုးရှင်များအား အလွယ်သတ်ဖြတ် နိုင်ခဲ့သင့်သော်လည်း သည်မြင်ကွင်းက ယေဘုယျ သဘောတရားများကို လွန်ဆန်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset