Switch Mode

အပိုင်း (၁၀၆၈)

စစ်ပွဲအကြို

ရီဖူရှင်းက ကုန်းစွန်းကျောင်းအား ခံစားချက်ကင်းမဲ့စွာ ကြည့်သည်။ အဘိုးကြီးရှောင် မွေးနေ့ကတည်းက ကုန်းစွန်းကျောင်းသည် သူ့အပေါ် သဘောမကျသည်ကို ရီဖူရှင်း သိပြီးဖြစ်သည်။ ယခု သူသည် ရီဖူရှင်းကြောင့် ကြိမ်ဖန်များစွာ ခံစားနေခဲ့ရရာ သူ၏သဘောထားမှာ ပိုမိုတင်းမာ လာခဲ့ဟန်ရှိပြီး ဤသို့သော အကြံဉာဏ်ကိုပင် ထုတ်ဖော် ပြောဆိုသည်။

တိမ်တိုက်တောင်ကြားမှ သခင်လေးကား ရီဖူရှင်းနှင့် ရန်ဘက်ဖြစ်ရမည်ကို အလေးထားဟန် မရှိပေ။

သို့သော်လည်း ထိုအရာက သိပ်တော့ မထူးဆန်းပေ။ တိမ်တိုက်တော်ကြား၏ အနာဂတ် သခင်တစ်ယောက် အနေဖြင့် သူသည် ရီဖူရှင်းအား မည်သို့ အလေးထားမည်နည်း။

ရှားရှင်းယွန်က ကုန်းစွန်းကျောင်းအား ကြည့်ကာ မေးသည် … “ကုန်စွန်းကျောင်း … ရှင်ပြောတဲ့ စတေးမှုဆိုတာ ဘာကို ပြောတာလဲ”

ရှားရှင်းယွန်၏ စကားကိုကြားလျှင် လူအများအပြားက အံ့အားသင့်ကြသည်။ မင်းသမီးက ကုန်းစွန်းကျောင်း၏ သဘောကို တမင်ပင် နားမလည် ဟန်ဆောင်နေပုံရသည်။

ဦးညွှတ်လျက်ပင် ကုန်းစွန်းကျောင်းက ဆက်ပြောသည် … “အင်ပါယာလီဘုံနဲ့ ဒီမွန်းဘုံတို့က မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်လို့ ဒီတိုက်ပွဲမှာ အရင်ဆုံး ထွက်ရမည့် အင်အားစုက အင်ပါယာရှားမြို့ပဲ။ ဒါက ရီဖူရှင်းရဲ့ မောက်မာတဲ့ အပြုအမူတွေကြောင့်ပဲ။ တကယ်လို့ ရီဖူရှင်းကို ဒီမွန်းမြို့သို့ စေလွှတ်ခဲ့ရင် ကျုပ်တို့က ဒီမဟာမိတ်ဖွဲ့မှုကို တားနိုင်လောက်တယ်”

“နတ္ထိဘုံတိုက်ပွဲမှာ ဒီမွန်းမြို့ကရော ငါတို့ ရန်သူ မဟုတ်ဘူးလား” ရှားရှင်းယွန်က မေးသည်။

“ဟုတ်ပါတယ်” ကုန်းစွန်းကျောင်းက ဦးညွှတ်ကာ ပြန်ပြောသည်။

“ရီဖူရှင်း တစ်ယောက်တည်းက ဒီမွန်းမြို့က သားရဲတွေ အများကြီးကို သတ်နိုင်တယ်။ ဒါဆို ဘာလို့ သူ့ကို ဒီမွန်းမြို့သို့ လွှတ်ရမှာလဲ” ရှားရှင်းယွန်က အေးစက်စွာ ပြောလျှင် ကုန်းစွန်းကျောင်းသည် မမြင်ရသော ဖိအားများအား ခံစားရသည်။

“နတ္ထိဘုံတိုက်ပွဲကို စည်းလွတ်ဝါးလွတ် ပြုမူတိုက်ခိုက်တာက လက်ရှိ အကျပ်အတည်းကို ဖြစ်စေတာပဲ” ကုန်းစွန်းကျောင်းက ပြန်ပြောသည်။

ရှားရှင်းယွန်က ခေါင်းညိတ်ကာ ပြောသည် … “မင်းမှန်တယ် … ရီဖူရှင်း အပြုအမူက လက်ရှိ အကျပ်အတည်းကို ဖြစ်စေတာပဲ။ ဒါပေမဲ့ ကုန်းစွန်းကျောင်း … ရှင်က ငါ့ရဲ့ လက်ထောက်ကို ရန်သူဆီ စတေးဖို့ အကြံပေးတာက စစ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို သွေဖယ်ပြီးတော့ တိုက်ခိုက်ဖို့ ကြောက်ရွံ့နေတာ မဟုတ်ဘူးလား။ ဒီအတွက် ဘယ်လို အပြစ်ပေးသင့်လဲ”

ကုန်းစွန်းကျောင်းက ရှားရှင်းယွန်၏ စကားကို ကြားလျှင် သူ၏မျက်နှာက ပြာနှမ်းသွားသည်။ သူက ခေါင်းမော့ကာ ရှားရှင်းယွန်အား ကြည့်သည်။ သူ၏နှလုံးသားက အေးစက်နေကာ ကြီးစွာ စိတ်ပျက်ရ၏။

ရှားရှင်းယွန် ပြောသည်က မမှားပေ။ သို့သော်လည်း သည်အချက်ကပင် ရှားရှင်းယွန်၏ သဘောထားကို သိရပေသည်။

ရှားရှင်းယွန်၏ နှလုံးသားထဲတွင် သူသည် အောက်ဘုံမှ ရီဖူရှင်းမျှလောက်ပင် တန်ဖိုး မရှိပေ။

သူက ရီဖူရှင်းအား စတေးရန် ပြောဆိုခြင်းမှာ ရှားရှင်းယွန်၏ သဘောထားကို သိလို၍ ဖြစ်သည်။

ယခု သူက အဖြေကို သိရပြီဖြစ်သည်။

“မင်းသမီးက ကုန်းစွန်းကျောင်းနဲ့ သင့်တော်တဲ့ အပြစ်ပေးမှုကို ချတ်မှတ် နိုင်ပါတယ်” ကုန်းစွန်းကျောင်းက ရှားရှင်းယွန်၏ မျက်လုံးများအား ကြည့်ကာ ပြောသည်။ ယခုတွင် သူ၏ နှလုံးသား၌ အရိပ်မဲများ မရှိတော့ဘဲ ကင်းရှင်းနေသည်။

“မင်းသမီး …” ရှောင်ရှမ်းက ရှေ့သို့ တိုးလာကာ မင်းသမီအား ဦးညွှတ်လျက် ပြောသည် … “သူက လတ်တလော စိတ်ပျက်ပြီး သံသယတွေ ရောထွေးနေလို့ ဒီလို ပြောမိတာပါ။ သူက တိုက်ပွဲမှာ အင်ပါယာရှားဘုံအတွက် စိုးရိမ်ပေးတာဖြစ်လို့ မင်းသမီးက အပြစ်ကြီးကြီးမားမား မပေးစေချင်ပါဘူး”

“မင်းသမီး … လက်ရှိ အခြေအနေမှာ သူ့ကို အပြစ်ပေးတာက စစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်” ထန်ကျိကလည်း တီးတိုးပြောသည်။

ရှားရှင်းယွန်က တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက ကုန်းစွန်းကျောင်းအား ကြည့်ကာ ပြောသည် … “ဒီမွန်းမြို့သို့သွား … ငါ ရှားရှင်းယွန်က ရီဖူရှင်းကိုယ်စား တောင်းပန်ပေးမယ်။ ဒါပေမဲ့ စစ်တပ်တွေအကြား တိုက်ခိုက်တာက ငြင်းပယ်လို့ မရဘူး။ တကယ်လို့ ဒီမွန်းမြို့က အင်ပါယာလီမြို့နဲ့ ပူးပေါင်းမယ်ဆို ငါက အင်အားတွေ အကုန်လုံးကို ဒီမွန်းမြို့သို့ လာရောက် တိုက်ခိုက်စေမယ်လို့ ပြောလိုက် …”

“ဟုတ်ကဲ့ …” ကုန်းစွန်းကျောင်းက ခေါင်းညိတ်သည်။

“ပြီးတော့ မင်းက တိုက်ပွဲစတာနဲ့ တိမ်တိုက် တောင်ကြားက လူတွေကို ဦးဆောင်ပြီးတော့ ရှေ့တန်းမှာ တိုက်ခိုက်ရမယ်၊ မင်းရဲ့ အပြုအမူနဲ့ နတ္ထိဘုံတိုက်ပွဲမှာ ဘယ်လောက် ပေးဆပ်နိုင်တယ် ဆိုတာ  သက်သေပြရမယ်” ရှားရှင်းယွန်က ပြောလျှင် လူအများအပြားအား ကျောစိမ့်စေသည်။

ရှေ့တန်း စစ်မျက်နှာသည် အကျအဆုံး အများဆုံးနေရာ ဖြစ်သည်မှာ သဘာဝပင်။ ထိုနေရာက အင်ပါယာရှား လက်အောက်မှ စစ်တပ်ရှစ်ခုတာဝန်သာ ဖြစ်သည်။ သို့သော်လည်း ယခု ရှားရှင်းယွန်က ကုန်းစွန်းကျောင်းအား ထိုနေရာသို့ ပို့ဆောင်သည်။

သူက ရီဖူရှင်းအား စတေးမည်ဟု ပြောမှတော့ ရှားရှင်းယွန်ကလည်း ကုန်းစွန်းကျောင်းအား စတေးမှု အနည်းငယ် ပြုလုပ်စေမည်။

“ဟုတ်ကဲ့ မင်းသမီး” ကုန်းစွန်းကျောင်းက တည်ငြိမ်စွာ ပြောသည်။

“သတင်း သွားပို့တော့” ရှားရှင်းယွန်က ပြောသည်။ ကုန်းစွန်းကျောင်း၏ အတွေးများကို သူမ အလေးမထားပေ။ တိမ်တိုက် တောင်ကြားမှ မျိုးဆက်သည် သူမအား ကြီးစွာ စိတ်ပျက်စေခဲ့သည်။

“ဟုတ်ကဲ့” ကုန်းစွန်းကျောင်းက ခေါင်းညိတ်ကာ တစ်ဖန် ဒီမွန်းမြို့ဘက်သို့ ပျံသန်း သွားခဲ့သည်။

ထွက်ခွာသွားသော ကုန်းစွန်းကျောင်းအား ကြည့်ကာ အားလုံးက သနား ကရုဏာသက်ကြသည်။ တိမ်တိုက်တောင်ကြားမှ ပါရမီရှင်သည် မင်းသမီး၏ နှလုံးသားကို ဖမ်းဆုပ်လိုသော်လည်း အဆုံးသတ်၌ အလုပ်မဖြစ်ခဲ့။ မင်းသမီးက သေချာပေါက် သူ့အား သဘောမကျ ဖြစ်ခဲ့သည်။

“စစ်ပွဲအတွက် ပြင်ဆင်မယ်” ရှားရှင်းယွန်က လူအုပ်ကြီးကို ကြည့်ကာ ပြောလျှင် အားလုံးက နောက်ဆုတ်ကာ စစ်ပွဲအတွက် ပြင်ဆင်ကြ၏။

ရန်သူများသာ ပူးပေါင်း တိုက်ခိုက်မည်ဆိုပါက သူတို့အတွက် ခက်ခဲသော တိုက်ပွဲအတွက် ပြင်ဆင်ရပေမည်။

ကုန်းစွန်းကျောင်းက ဒီမွန်းမြို့သို့ သွားရောက်ကာ သတင်းပို့သောအခါ သားရဲများသည် ပိုမို၍ပင် ဒေါသထွက်ကာ စစ်သည်များအား စုစည်းပြီး တိုက်ခိုက်ရန် ပိုမိုမြန်ဆန်စွာ ပြင်ဆင် ကြတော့သည်။

ကျားလို့ဖုန်းက စစ်တပ်နှစ်ခုအား ရောနှောကာ တိုက်ခိုက်ရန် ခွန်မောင်နှမအား အကြံပေးသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးသည် တရားဝင် မဟာမိတ်ဖွဲ့ခဲ့ကာ အင်ပါယာရှားမြို့အား တိုက်ခိုက်ရန် ပြင်ကြ၏။

အင်ပါယာလီဘုံနှင့် ဥဒေါင်း အင်ပါယာဘုံတို့က စစ်တပ်များအား ရောနှောကာ ဝင်္ကပါများနှင့် ယာယီစခန်းများ ပြုလုပ်ကြသည်။

မမြင်ရသော ဖိအားတစ်ခု အင်ပါယာရှားမြို့သို့ ကျဆင်း လာခဲ့သည်။

နတ္ထိဘုံတွင် လူအများအပြားက အင်ပါယာရှားမြို့သည် အဆုံးသတ် သွားပြီဟု ပြောကြသည်။

နတ္ထိဘုံ၏စစ်ပွဲကြီးသည် လူအများ ထင်မှတ်ထားသည်ထက် မြန်ဆန်စွာ ရောက်လာခဲ့၏။

ရက်အနည်းငယ် ပြင်ဆင်ပြီးနောက် အင်ပါယာလီမြို့မှ စတင်ကာ စစ်ကြောင်းခွဲများသည် စတင် ထွက်ခွာကြသလို ဒီမွန်းများသည်လည်း သူတို့၏ စစ်တပ်များကို တူညီစွာဖြင့် အင်ပါယာရှားမြို့သို့ ချီတက်စေသည်။

အင်ပါယာဘုံနှစ်ခုက တရားဝင် မဟာမိတ်ဖွဲ့ခဲ့ကာ အင်ပါယာရှားမြို့အား ဖျက်ဆီးရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

ယနေ့တွင် အနက်ရောင်တိမ်များ အင်ပါယာရှားမြို့ပေါ်သို့ ဖုံးအုပ်လာခဲ့ကာ ထိုအရာသည် ယခင်နှင့် ကွဲပြားခြားနားပေသည်။ သည်တစ်ခေါက်ကား အင်ပါယာလီဘုံမှသာ မဟုတ်ဘဲ ဒီမွန်းမြို့ကလည်း ပါဝင် တိုက်ခိုက်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် အင်ပါယာရှားမြို့ထဲ၌ စစ်တပ်ကြီးသည် တော်ဝင်အလံ စိုက်ထူထားရာ နေရာ၌ စုစည်းနေကြ၏။

အဝေးမှ ကောင်းကင်သည် ကြီးမားသော ဖိအားများ ပျံ့လွင့်လာခဲ့ရာ ရန်သူစစ်တပ်များ နီးကပ် လာပြီဖြစ်ကြောင်း သိနိုင်သည်။

ခန်းမထဲတွင် ရှားရှင်းယွန်က အဝေးသို့ ကြည့်နေသည်။ ရီဖူရှင်းသည်လည်း သူမဘေးတွင်ရပ်ကာ အဝေးသို့ ကြည့်နေ၏။

ပြင်ဆင်ခြင်းကား ရက်အနည်းငယ် ကြာမြင့်ခဲ့ကာ ယနေ့သည် တိုက်ပွဲကို ကြိုဆိုရမည့်နေ့ ဖြစ်သည်။ ထိုအရာကပင် ရီဖူရှင်း ကြိုးစား စီစဉ်နေသော ဖြေရှင်းနည်းလည်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset