Switch Mode

အခန်း (၂၈၄)

ကံကြမ္မာ၊ စွမ်းအားမဲ့ခြင်း

စုရှောင်ရှန် တည်းခိုခန်းအသစ်တစ်ခုကိုရောက်လာသည်။

မုကျစ်ရှီနှင့် သူတို့ ရွှေအစည်းအရုံး တည်းခိုခန်းက ထွက်လာပြီးနောက် ဤတစ်ခုတွင်နေရန် ဆုံးဖြတ်လိုက်ကြသည်။ ဤတစ်ကြိမ်တော့ သူပြဿနာမရှာရဲတော့ပါချေ။

ထိုမှ ပေါက်ကွဲမှုအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလျော်ကြေးပေးခဲ့သည်။ ၎င်းက အစီအရင်ကိုပြန်ပြင်ခမပါပေ။ တည်းခိုခန်းကိုစီမံသူကလည်း စုရှောင်ရှန်လုပ်ကြံခံရတာထင်၍ ‌မတောင်းရဲချေ။

သူပေးရမည့် စိတ်ဝိညာဉ်ကျောက်တုံးပမာဏကြောင့် မုကျစ်ရှီကို သင်ခန်းစာယူပါလို့ပြောမိတာတောင် နောင်တရနေ၏။ သို့ပေမယ့် စကားဆိုတာပြောပြီးရင် ပြန်သိမ်းလို့မရ‌မှတော့ သူပေးလိုက်ရသည်။

မဟုတ်ရင် သူ့ဆရာတူညီမလေး၏ အမြင်အတွင်းရှိ ဖြောင့်မတ်မှန်ကန်သော သူ၏ ပုံရိပ်ကလေးပျက်ဆီးသွားပေလိမ့်မည်။

ထို့နောက် သူနှင့် မုကျစ်ရှီတို့ နောက်ထပ် နှစ်ရက်အနားယူ လေ့ကျင့်ပြီးမှ မှော်ဆေးပညာရှင် စာမေးပွဲကို၀င်ဖြေရန် သဘောတူလိုက်ကြပြီး စုရှောင်ရှန် သူ့အခန်းထဲကို ၀င်သွားလိုက်၏။

၎င်းက သန့်ရှင်းပေသည်။

“မဆိုးဘူးပဲ”

စုရှောင်ရှန် ခံစားချက်‌များတောင်ပြင်းပြလာသည်။

ထို့နောက် သူ့တွင်ကျန်ရှိသော ပင်ကိုယ်မှတ်များကို အရေးကြီးအခြေအနေအတွက်ပြင်ဆင်ထားနိုင်အောင်လို့ အသုံးမပြုရန် ကြံဆလိုက်၏။

“ညောင်”

ကြောင်ဖြူလေးက ကုတင်ခြေရင်းပေါ်ခုန်တက်သည်။ ထို့နောက် စုရှောင်ရှန်၏ ခြေထောက်နားတွင်ရှိနေသည်ကို မမှုပဲ အိပ်ယာကို အနံ့ခံကြည့်ပြီးတော့ ပျော်ရွှင်နေသောအမူအရာပြသလိုက်၏။

“မင်းရဲ့ နာမည်က အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်နော်”

စုရှောင်ရှန် ထိုကြောင်ကို အထက်အောက်အကဲခတ်ကြည့်လိုက်ပေမယ့် ထူးခြားတာ တစ်စုံတစ်ရာမတွေ့ရပေ။ ၎င်း၏ ခရမ်းရောင်မျက်၀န်းမှလွဲ၍ ကြောင်ဖြူလေးက သာမန်ကြောင်တစ်ကောင်နှင့် ဘာမှ မခြားပေ။

သို့ပေမယ့် ထိုဘာမှမထူးခြားသော ကြောင်လေးက မီးခိုးမြူပုံရိပ်ကဲ့သို့ မိစ္ဆာသားရဲတစ်ကောင်ဖြစ်၏။

အဘယ်ကြောင့် ကြောင်လေးက အားနည်းနေရတာလဲမသိပေမယ့် ‌မိစ္ဆာသားရဲက မိစ္ဆာသားရဲပဲလေ။ ၎င်းတို့က ကမ္ဘာငယ်လေးတစ်ခုမှာ မွေးလာတာဖြစ်တာနှင့်အညီ ရိုးရှင်းလိမ့်မည်တော့မထင်ချေ။

“ညောင်”

ကြောင်ဖြူလေးက သူ့ကိုကြည့်ပြီး ညောင်သံပေးလိုက်၏။

“မင်းကို အလိုရမက်လေးလို့ ခေါ်မယ်နော်…”

စုရှောင်ရှန် ကြောင်လေးကို ပွတ်သပ်လိုက်သည်။ ဤသို့ အပူအပင်ကင်းမဲ့သည့် ဘ၀မျိုးကို သူလည်း လိုချင်မိသည်။ အစားအသောက်အတွက်လည်းပူပင်စရာမရှိ နေ့တိုင်းအသက်စွမ်းအင်များစားရသလို လုံခြုံရေးအတွက်ကိုလည်း ကာကွယ်ပေးခြင်းခံထားရ၏။

၎င်းက လုံး၀ကို ဇိမ်ခံဘ၀မျိုးဖြစ်ပေသည်။

“လူဖြစ်တဲ့ငါကမရဘဲ ကြောင်တစ်ကောင်က ဒီလိုဘ၀မျိုးရနိုင်တယ်တဲ့…”

စုရှောင်ရှန် ထိုကြောင်ကို ပိတ်ကန်ထည့်လိုက်သည်။

ကြောင်ဖြူလေး စိတ်မဆိုးသွားပါ။ စုရှောင်ရှန်က အားမထည့်ဘဲ ဒီတိုင်း သာသာလေးကန်လိုက်ခြင်းဆိုတာ သိလေသည်။ သို့ဖြင့် စုရှောင်ရှန်၏ ခြေထောက်ပေါ်ကို ခုန်တက်လိုက်သည်။

“မေမေ…”

သူ့ရင်ဘက်အတွင်းက ကျဲ မပျော်မရွှင်ဖြစ်လာပြီး အသံပေးကာ အနီရောင်အလင်းအတန်းတစ်ခုအဖြစ် အပြင်ကိုထွက်လာခဲ့၏။

စုရှောင်ရှန် လန့်ဖျပ်သွားသည်။

ဒီလိုသိပ်သည်းတဲ့ သတ်ဖြတ်ခြင်းဆန္ဒ…။

ကြောင်ဖြူလေးကလည်း အမွှေးအမျှင်များထောင်ထသွားခဲ့ပြီး စုရှောင်ရှန်နောက်ကိုပြေးပုန်းတော့သည်။

“အာရုံခံပါးတာပဲ”

ကြောင်ဖြူလေး၏ တုန့်ပြန်နှုန်းက သူ့ထက်နိမ့်မကျနေတာကြောင့် မျက်ခုံးများပင့်လိုက်သည်။

သံလုံးလေးပုံစံဖြင့် ကျဲကို ပွတ်သပ်ပြီးတော့ ရှင်းပြလိုက်သည်။ “အေးဆေးပေါ့။ ခုက စပြီး ဒါကမင်းရဲ့ ညီငယ်လေးပဲ။ သတ်လို့မရဘူး ဟုတ်ပြီလား”

“ဟင်… ညီငယ်လေးကော ဟုတ်ရဲ့လား”

စုရှောင်ရှန် ကြောင်ဖြူလေးကို သူရှေ့ပြန်မပြီး လှန်ကြည့်လိုက်သည်။ ပြီးနောက် စကားလုံးကိုပြောင်းကာ “ဒါမင်းရဲ့ ညီမလေးပဲ။ ခုကစပြီး ဂရုစိုက်ပေး ဟုတ်လား”

“မေမေ…”

“ညောင်”

စုရှောင်ရှန် ကျေနပ်သွား၏။ ကြောင်ဖြူလေးကို လက်တစ်ဖက်က ပွတ်သပ်ရင်း ကျောက်တုံးလေးကိုနောက်လက်တစ်ဖက်က ကိုင်ကာ အိပ်ယာထက်တွင် အသာလေးလှဲချလိုက်သည်။ မကြာခင် အတွေးရေယဉ်စီးကြောင်းထဲကို စီးမျောလိုက်ပါသွားခဲ့တော့၏။

“မိစ်ဆာသားရဲ…”

ထိုမှ ကျောက်ထန်းထန်းနှင့် ကုရှင်းရှင်းတို့ဖြင့် လုံး၀ကွဲပြားသည့် အထီးကျန်ဆန်စွာ တိတ်တဆိတ်နေတတ်သည့် မို့မို့ကိုမြင်ယောင်မိသည်။

သူတို့အားလုံးက မိစ္ဆာသားရဲလက်ခံသူများဆိုပေမယ့် နှစ်ယောက်က စိတ်ပါလက်ပါ လက်ခံပြီး ကျန်တစ်ယောက်က ခုခံနေလေသည်။

“ဒါဘယ်လို အင်အားစုများလဲ”

စုရှောင်ရှန် ကြောင်ဖြူလေးကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

ကြောင်လေးထံမှ မီးခိုးမြူပုံရိပ် ထုတ်လွှတ်သော အရှိန်အဝါမျိုးကို ခံစားနေရ၏။ အကယ်၍ ထျန်းရွှမ်တံခါးအတွင်းမှာ ဖိနှိပ်ခံထားရ‌တာကြောင့်သာ မဟုတ်ရင် လူ့ဘီလူးကြီး၏ ဒေါသထွက်လာခဲ့ရင်တောင် ထိုချိန်က သူသေသွားနိုင်လောက်သည်။

ယခုတော့ ထိုသို့ တည်ရှိမှုက ကမ္ဘာကြီးမှာ တစ်ကောင်တည်းတည်ရှိတာမဟုတ်ကြောင်းသိရသည်။

ကျောက်ထန်းထန်းနှင့် ရှင်းကုကုတို့ဖြင့် နှိုင်းယှဉ်လျှင် မိုမိုနှင့် မီးခိုးမြူပုံရိပ်တို့က တစ်ကောင်တည်းလှုပ်ရှားတတ်သော ကျားနှင့်တူသည်။

ကျောက်ထန်းထန်းတို့နှစ်ယောက်ကတော့ ထိုသို့မဟုတ်ချေ။

“ဒီကြောင်တောင် စစ်မှန်တဲ့ မိစ္ဆာသားရဲဆိုရင်… မိစ္ဆာသားရဲ လက်ခံသူတွေရှိတဲ့ အဖွဲ့အစည်းလည်းရှိမှာပဲ”

ထိုသို့တွေးမိပြီး စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွား၏။

သူတို့တစ်ကောင်ချင်းစီကတောင် ကောင်းကင်ကိုဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်နေကြတာ ဒီလိုကောင်တွေနဲ့ ပေါင်းစပ်ပြီး ဘာလုပ်ချင်နေကြတာလဲ။

အကြီးအကဲစန်းနှင့် ‌ယခင်တစ်ခေါက်စကားပြောကြည့်ခြင်းမှလည်း သူတော်စင်အစေအပါးတို့၏ ပန်းတိုင်က မိစ္ဆာသားရဲလက်ခံကောင်ဖြစ်လာသည့် မိုမိုနှင့် တူညီတာကိုသိရသည်။

“စွမ်းအားအတွက်နဲ့…”

စုရှောင်ရှန် အကျဉ်းတန်နေ‌သော အမူအရာဖြင့် ကြောင်လေးကို ပွတ်သပ်လိုက်သည်။ ကြောင်ဖြူလေးက ဘာမှမသိဘဲ ပျော်နေ၏။

မျက်နှာဖုံးတပ်လူလို အံ့မခန်းဓားဆန္ဒပိုင်ရှင်နှင့် စန်ကျောက်ဖုတို့လို အစွမ်းထက်တဲ့လူတွေကတောင် စွမ်းအားလိုချင်ကြသေးတယ်လား။

ဒီလို မိစ္ဆာသားရဲတွေနဲ့ ပေါင်းစပ်ပြီး အင်မတန်အစွမ်းထက်လာခဲ့သည့် လက်ခံသူဖြစ်လာတဲ့သူတွေကကော သူတို့ကိုယ်သူတို့ မဖော်ပြရဲပဲ တိတ်တိတ်လေး အင်အားစုတစ်ခုတည်ထောင်ထားတယ်တဲ့။

“ဘာကြောင့်လဲ”

စုရှောင်ရှန် တွေးရင်းတွေးရင် အရိုးစိမ့်မတက်အေးချမ်းမှုကြီးကို ခံစားလာရလေလေဖြစ်သည်။ ထိုအင်အားကြီး အင်အားစုနှစ်ခုစလုံးမှာ တူတာကိုပြောပါဆိုရင် နတ်ဘုရားနန်းတော်၏ လိုက်လံ တိုက်ခိုက်ခြင်းကိုခံရခြင်းဖြစ်သည်။

၎င်းတို့အကြားမှ ကွာခြားချက်ကလေးက အင်အားစု တစ်ခုသည် ပုန်ကန်သည့် လူများက်ို ဖမ်းဆီးသတ်ဖြတ်ခြင်းပြုတဲ့ အဖြူ၀တ်လူများနှင့် ရင်ဆိုင်ရပြီး နောက်အင်အားစုတစ်ခုကတော့ မိစ္ဆာသားရဲများကိုသတ်ဖြတ်ဖို့တည်ရှိသည့် အနီ၀တ်များနှင့်ရင်ဆိုင်ရတာဖြစ်သည်။

“နတ်ဘုရားနန်းတော်”

ဤကုန်းမြေကြီး၏ နံပါတ်တစ် အင်အားစုကြီးအပေါ် စုရှောင်ရှန်၏အမြင်မှာ အကျွင်းမဲ့ တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းခြင်းဖြစ်သည်။ ထိုမှလွဲ၍ တခြားအကြောင်းကိုမသိပါချေ။

“တရားမျှတမှု… ဒါက အဖိုးကြီး ပြောပြောနေကြ လမ်းစဉ်အတွက် ယှဉ်ပြိုင်ရတာဖြစ်လိမ့်မယ်”

စုရှောင်ရှန် ၎င်းကို အရင်က မယုံကြည်ခဲ့ပါ။

သို့ပေမယ့် သူ၏ ခွန်အားတိုးတက်လာခြင်းနှင့်အတူ ကမ္ဘာကြီးအပေါ် ရှူမြင်သည့် အတွေးအမြင်များလည်း ကျယ်လာခဲ့သည်။ ထိုသို့ အမြင်ကျယ်လာသောအခါ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာ ဆရာတပြည့် ခံယူပွဲညတုန်းက အကြီးအကဲစန်းပြောခဲ့တာ သဘာ၀ရှိလာလေလေဟုခံစားလာရသည်။

အမှန်တရားက ခါးသည်။

ထျန်းစန်းနန်းတော်မှာ စစ်တုရင် ကစားသူတစ်ယောက်နှင့် နယ်ရုပ်တစ်ရုပ်ကလေး၏ အနေအထားကို သူသိခဲ့ရပြီးချေပြီ။

၎င်းက တကယ်ခါးပေမယ့် ကူကယ်ရာမဲ့သည့် အမှန်တရားဖြစ်သည်။

စိတ်ဝိညာဉ်နန်းတော်တွင် သူက သူများသနားမှ အသက်ရှင်ရမည့် နယ်ရုပ်လေးဖြစ်ပြီး စစ်တုရင်ကစားသူကတော့ အကြီးအကဲစန်းဖြစ်ပေသည်။

ဆရာတပြည့်ခံယူပွဲညက သူငြင်းဆန်ချင်‌ခဲ့ပေမယ့် သတ္တိမရှိချေ။

သို့ဖြင့် ဆရာတပြည့်ဖြစ်လာပြီးနောက်မှာတောင် အဖိုးကြီးချပေးထားသည့် လမ်းကနေ သွေဖယ်ထွက်သွားဖို့ တစ်ခုသာသူလုပ်ရဲသည်။ သို့တောင် အဆုံးမှာ အဖိုးကြီး၏ လက်ထဲက ပြေးမလွတ်နိုင်တာသိရပေသည်။

ဒီလိုနဲ့ အဖိုးကြီးချပေးတဲ့လမ်းကနေ သွေဖယ်သွားပြီး သူလိုချင်သည့်လမ်းစဉ်ပေါ်လျှောက်နေသလိုရှိပြီဆိုပါစို့။ ဘာဆက်ဖြစ်သနည်း…

သူထင်နေသည့် ထိုလမ်းက အကြီးအကဲစန်း နောက်ထပ်ချပေးသော လမ်းထောင်ချီထဲက ထပ်ဖြစ်နေသေးပြန်သည်။

သူဘယ်လိုရုန်းထွက်နိုင်စွမ်းရှိပါတော့မလဲ။

၎င်းက ငရဲမီးတောက်ကောင်းကင်လား၊ ထျန်းရွှမ်တံခါးလား၊ ကျောက်ရှူလား၊ ဒါမှမဟုတ် ကျန်းရှင်းရှုံလား…။ ဘာအဖြစ်ဖြစ် အဖိုးကြီးက လူများနှင့် အခြေအနေများကို ပြီးပြည့်စုံစွာ ထိန်းချုပ်သွားခဲ့သည်။

သူက ဘယ်လောက် ချပေးသောလမ်းကနေ သွေဖယ်နေပါစေ အဖိုးကြီးချပေးသော နောက်လမ်းတစ်ခုအပေါ်သာ ရောက်သွားရသည်သာ။

“ဟူးးး”

စုရှောင်ရှန် အသာအယာ အသက်ရှိုက်ထုတ်လိုက်သည်။ သူကဉာဏ်ပြေးသူလည်းဖြစ်ရာ ၎င်းကို ကွက်ကွက်ကွင်းကွင်းမမြင်နိုင်ဘဲ ဘယ်နေမည်နည်း။ သို့ပေမယ့် သူက ဘာမှ တန်ပြန်မလုပ်နိုင်ပေ။

ကံကောင်းစွာဖြင့် အဖိုးကြီး၏ စိတ်နေစိတ်ထားကလည်း တမူထူးခြားပြီး သူ့ပုံစံဖြင့်သွားပေလို့ပေါ့။ ဒါ့အပြင်ကို စုရှောင်ရှန်ကို အဘယ်ကြောင့် အထင်အမြင်ကြီးကြရသလဲကိုလဲ ဘယ်သူမှ နားမလည်နိုင်ပေ။

စုရှောင်ရှန် ကိုယ်တိုင်တောင် ၎င်းကိုမသိပါ။

အဖိုးကြီးက သူကိုယ်တိုင်ထက် သူ့ကိုပိုနားလည်နေသလိုရှိတာကြောင့် သူနှင့် ရင်ဆိုင်ရတိုင်း စုရှောင်ရှန် ကြောက်မိသည်။

အကြီးအကဲစန်းကလည်း ဆရာတပြည့်လက်ခံပွဲတုန်းက သူ့မေးခွန်းများကို ရှင်းရှင်းလင်းလင်းဖြေကြားပေးခဲ့သည်။ သူက စိတ်ဝိညာဉ်နန်းတော်ကို လာတယ်ဆိုတာ အရေးမပါတဲ့ ပြဿနာများမှ ရှောင်ကျဉ်ရန်ဖြစ်ပေသည်။

ဤသို့ ခွန်အား၊ ဖြတ်ထိုးဉာဏ်၊ စိတ်နေစိတ်ထားနှင့် လုပ်ထုံးလုပ်နည်းရှိသည့်သူသာ စစ်တုရင် ကစားသမားတစ်ယောက်ဖြစ်လာနိုင်ပေသည်။

“ငါက တခြားသူတွေရဲ့ မျက်လုံးထဲမှာ နယ်ရုပ်သာသာပဲတဲ့”

“ဟက်” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။

ကြီးမြတ်တဲ့ အင်အားစုတစ်ခုချင်းစီတိုင်းက အင်မတန်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

နတ်ဘုရားနန်းတော်၊ သူတော်စင်အစေအပါး၊ မိစ္ဆာသားရဲ လက်ခံသူများအင်အားစုနှင့် သူမသိသေးသည့် ကုန်းမြေကြီးရှိ ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ…။

“ကြည့်ရတာ ငါ့ခွန်အား တဖြည်းဖြည်းတိုးတက်လာတာနဲ့အတူ ဒီလူတွေလည်း ငါမသိလိုက်ခင်မှာ ဒီကကြောင်ဖြူလေးကြောင့် ငါ့အနားမှာ ပေါ်လာကြမယ်ထင်တယ်”

အင်မတန်အန္တရာယ်များသည့် အခြေအနေအတွင်းကို သူတိုး၀င်နေတာ စုရှောင်ရှန်သိပေသည်။

“ဒါပေမယ့် ဒီကြောင်ကိုလက်မခံလိုက်ရင်လည်း ကျောက်ထန်းထန်းနဲ့ ရှင်းကုကုတို့ကို ငါတွန်းလှန်နိုင်မှာလား။ စွမ်းအားကသာ အရာရာကိုဆုံးဖြတ်ပေးတာပဲ…”

ဖောက်ခွဲခြင်းပုံစံကိုရလိုက်၍ စွမ်းအားမဲ့နေသလို ခံစားချက်ကြီး မပျောက်ကွယ်သွားချေ။ ထိုခံစားချက်ကြီးက လောကကြီးကနေ အမြစ်တွယ်ပြီး ကံကြမ္မာ‌ဆိုသည့် အရာထဲကို တိုး၀င်ကြီးထွားကာ သမိုင်းဆိုတဲ့ သံသရာကြီးထဲကိုထိုးဖောက်၀င်ရောက်သည်။

၎င်း၏ လက်အောက်ကနေ ဘယ်ခေတ် ဘယ်‌အခါ ဘယ်လောက ကဖြစ်ဖြစ် ဘယ်သူမှ မလွတ်မြောက်နိုင်ကြချေ။

စုရှောင်ရှန် ခေါင်းကိုငုံ့ပြီးတော့ အိပ်နေရင်းဖြင့်တောင် ပျော်ရွှင်သည့်အမူအရာပြနေသော အလိုရမက်လေးကိုကြည့်လိုက်သည်။ ထိုသတ္တဝါလေးက ဟောက်သံသဲ့သဲ့လေးတောင်ပေးပြီး သက်တောင့်သက်သာရှိလှတဲ့ အိပ်စက်ခြင်းကို ခံစားနေ၏။

“လမ်းစဉ်အတွက် ယှဉ်ပြိုင်ခြင်းတဲ့”

စုရှောင်ရှန် ဆက်လက်၍ မတွေးတောရဲတော့ချေ။

သူဆက်လက်၍ တွေးတောနေရင် ကမ္ဘာကြီးကိုရှူမြင်သည့် သူ၏ အမြင်ကို အကြီးအကဲစန်း၏ အမြင်လာရောက်လွှမ်းမိုးသွားမှာ ကြောက်မိပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset