Switch Mode

အခန်း (၂၇၆)

ကစားပွဲထဲက ကစားပွဲ

ရွှေအစည်းရုံးရှိ တည်းခိုခန်းများက အရည်အသွေးမြင့် အသံတိတ်အစီအရင်များဖြင့် ‌တည်ဆောက်ထားသည်။ ရှောင်ဆယ်ခြောက့် ဘယ်လောက်အော်အော် ဘာဖြစ်နေလဲ လာကြည့်သည့်သူမရှိချေ။

အခန်းလေးထဲတွင် စုရှောင်ရှန်က ရှောင်ဆယ့်ခြောက်၏ ဒဏ်ရာများကို ဆေးထည့်ပေးနေပြီး မလှုပ်ရှားဖို့ ခြိမ်းခြောက်နေတာ တွေ့ရသည်။

‘မင်းသေချင်နေရင်တောင် သေလို့မရဘူးကွ။ ငါသတင်းအချက်အလက်တွေလိုသေးတယ်’ တွေးလိုက်၏။

ထို့နောက်မှာ လေးနက်နေသော အမူအရာဖြင့် ပြောလိုက်သည်။ “ငါတကယ်ပြောနေတာ။ မင်းလျှောက်မလှုပ်နဲ့။ မဟုတ်ရင် ငါကြောက်ပြီး လုပ်မိလုပ်ရာ လုပ်မိလိမ့်မယ်”

ရှောင်ဆယ့်ခြောက် စိတ်နှလုံးဘုံးဘုံးကျနေခဲ့၏။

‘ငါလှုပ်လိုက်ရင် လုပ်မိလုပ်ရာလုပ်မယ်ဆိုတာ ဘာသဘောလဲ။ ဘယ်လိုခြိမ်းခြောက်မှုကြီးလဲ။ ငါက ဧကရာဇ်နယ်ပယ်ဆေးပုံစံကို ထုတ်ယူချင်တာပါ။ မင်းပြောတဲ့အတိုင်းလည်း ငါပူးပေါင်းဆောင်ရွက်ပေးတယ်လေ။ ဘာလို့ ငါ့ကိုနှိပ်စက်နေတာလဲ’

သူ့ဒဏ်ရာကို ခေါင်းငုံ့ကြည့်လိုက်ချင်ပေမယ့် မသိစိတ်က ချက်ခြင်း တားလိုက်၏။

‘ငါလှုပ်လို့မဖြစ်ဘူး။ ဒီစိတ်တ္တဇကောင်က တကယ်သတ်ရင်သတ်နေမှာ’

ဒဏ်ရာတဖြည်းဖြည်း ပြန်သက်သာလာနေတာ မြင်မှ စုရှောင်ရှန် သက်ပြင်းချလိုက်နိုင်သည်။ “ကောင်းပြီ။ ကျန်းထိုက်ရင်အကြောင်းပြောနေတာဆက်ပြော။ သူက ဘယ်ကျင့်ကြံခြင်းနယ်ပယ်မှာလဲ”

“ဧကရာဇ်”

ထျန်းစန်းစီရင်စုက မျိုးနွယ်စုကြီးလေးခုထဲက ခေါင်းဆောင်တစ်ယောက်က ပျော့ညံ့နေမှာမဟုတ်‌တာတော့သေချာသည်။

စုရှောင်ရှန် တစ်ခဏခန့်တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။ “ကျန်းမျိုးနွယ်စုထဲမှာ ဧကရာဇ်နဲ့ အရှင်သခင်တွေ ဘယ်နှစ်ယောက်လောက်ရှိလဲ”

ရှောင်ဆယ့်ခြောက်၏ မျက်လုံးများ အရောင်မဲ့သွားပေမယ့် ချက်ခြင်းပြန်ဖြေလိုက်သည်။ “အပေါ်ယံမှာတော့ ကျန်းထိုက်ရင်တစ်ယောက်တည်း ဧကရာဇ်နယ်ပယ်လို့သိရတယ်။ ဒါပေမယ့် တကယ်က အနည်းဆုံး ဧကရာဇ်နယ်ပယ် သုံးယောက်လောက်ရှိလိမ့်မယ်”

“အရှင်သခင်နယ်ပယ်ရော”

“အတိအကျတော့မသိပေမယ့် ဂဏာန်း နှစ်လုံးထဲမှာရှိတယ်”

စုရှောင်ရှန် စွံ့အသွား၏။ ၎င်းက တကယ်ကို မျိုးနွယ်စုကြီးဖြစ်ပေသည်။ သူသိရသလောက်ဆို ရှန်းရှန်ကုန်းမြေကြီးမှာ တစ်စုံတစ်ယောက်က အရှင်သခင်နယ်ပယ်သို့ရောက်လျှင်ကိုင်ပိုင်အင်အားစုတစ်ခုကို ထူထောင်နိုင်ပေသည်။

ထိုမှ ပိရမစ်၏ ထိပ်ရှိ အင်အားစုများ၏နောက်တွင် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများရှိလာကြ၏။

ကျန်မျိုးနွယ်စုက ဧကရာဇ်နယ်ပယ် ကျောထောက်နောက်ခံရှိသော အင်အားစုတစ်ခုလို့ပြောလို့ရပေမယ့် စိတ်ဝိညာဉ်နန်းတော်လို အခြေခံအုတ်မြစ်ခိုင်မာနေပြီဖြစ်သည့် ပညာရေးစနစ်ရှိသော အင်အားစုလိုမျိုးနှင့်တော့ မယှဉ်နိုင်ချေ။ သူတို့မှာရှိတာဆိုလို့ လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရသော ဧကရာဇ်နယ်ပယ်များသာရှိမည်။

သို့ပေမယ့် ဧကရာဇ်နယ်ပယ်သုံးယောက်ရှိသည်ဆိုတာကိုက သူတို့၏ အင်အားက အထင်သေးလို့မရကြောင်းပြသ၏။ မျိုးနွယ်စုအတွင်း၌လည်း ပါရမီရှင်များစွာရှိနေသေးသည်။

ထျန်းစန်းနန်းတော်လို တည်ထောင်တာကြာပြီဖြစ်သော အင်အားစုကြီးမှာတောင် ဧကရာဇ်နယ်ပယ်တွေက သိပ်မများချေ။ အရိုးဆွေးနေပြီဖြစ်သော အဖိုးကြီးများကိုထည့်တွက်လျှင် ဆယ်ယောက်ကျော်ကျော်လောက်သာရှိမည်။

စုရှောင်ရှန် တွေ့ရသလောက် တကယ် တိုက်ခိုက်နိုင်စွမ်းရှိတာ လေးယောက်သာရှိ၏။ ကျန်သည့်သူများက ဘာလာလာ မှောက်သွားကြပေသည်။

သို့ဖြင့် ကျန်းမျိးနွယ်စုမှာ တကယ်ဧကရာဇ်နယ်ပယ် သုံးယောက်သာရှိနေမယ်ဆိုရင် ကျန်းတို့ကို တန်ပြန်တ်ိုက်ခိုက်ဖို့ ဆွဲထားတဲ့ သူ့အကြံအစည်တွေပြန်ပြင်ဖို့လိုနေချေပြီ။

စုရှောင်ရှန် ခပ်သဲ့သဲ့ရယ်လိုက်၏။ ရှောင်ဆယ့်ခြောက်ပြောတာ မျက်စိမှိတ်ယုံ၍ဘယ်ဖြစ်မလဲ။ စတုတ္ထမြောက်၊ ပဉ္စမမြောက်ကော မရှိနိုင်ဘူးလို့ မပြောနိုင်ချေ။

ရူးရူးမိုက်မိုက် သွားတိုက်ခိုက်လျှင် ကိုယ့်ကိုယ်ကိုယ်သတ်သေရာသာကျပေမည်။

ဤသို့ ခေါင်းခြောက်စေသည့် အတွေးများကို ဘေးခဏထားလိုက်ပြီးတော့ ရှောင်ဆယ့်ခြောက်ကိုကြည့်လိုက်သည်။ ထိုလူက ကျောက်တုံးအလားပင်။ စုရှောင်ရှန် ဘာမှမပြောလျှင် သူကလည်း တိတ်‌ဆိတ်နေသည်။ ကြည့်ရတာ သေရမည့်ကံကြမ္မာကို ရှောင်လွှဲမရတာသိ၍ မရုန်းကန်တော့ဘဲ ‌လက်လျော့လိုက်သည့်ဟန်ပေါက်၏။

သို့ပေမယ့်…

[ပစ်မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

သူ့အပြင်ပန်းကြောင့် စုရှောင်ရှန်ကိုသာ လှည့်စားရင်လှည့်စားနိုင်မည် အရာအားကိုသိမြင်နိုင်စွမ်းရှိသည့် စနစ်ကိုတော့ မလှည့်စားနိုင်ပါချေ။

ထိုအသိပေးချက်ဖြင့် ရှောင်ဆယ့်ခြောက်၏ မျက်နှာဖုံးကို စုရှောင်ရှန် တန်းသိသွားလေသည်။ သို့ပေမယ့် သူက အစကတည်းက သတိမချပ်ထားဘူးလို့တော့ မဆိုလိုပါ။

‘သနားစရာပဲ။ မင်းဆက်ပြီး ဘာတွေလုပ်ဖို့ကြံနေပါစေ နောက်နေ့ နေထွက်တာမမြင်ရအောင်ကို ငါက လုပ်ကို လုပ်ဦးမှာ’

စုရှောင်ရှန် စိတ်အတွင်းမှ သက်ပြင်းချလိုက်သည်။

အစကနဦးက ရှောင်‌ဆယ့်ခြောက်ကို မေးခွန်းများမေးပြီးတော့ လွှတ်ပေးလိုက်ရမလား တွေဝေနေခဲ့၏။ ခုတော့ ထိုအတွေးတိမ်များပျောက်ဆုံးသွားပေပြီ။

“ဆက်ပြော။ ကျန်းမျိုးနွယ်စုက ငါနဲ့ပတ်သက်ပြီးဘာလုပ်ထားသေးလဲ”

ရှောင်ဆယ့်ခြောက်ပြောလိုက်သည့်အရာများကို သုံးသပ်နေရင်းက မေးခွန်းဆက်လိုက်သည်။

ရှောင်ဆယ့်ခြောက်၏ လေသံက ခြောက်ကပ်ကပ်နှင့် “ကျန်းမျိုးနွယ်စုက မင်းရဲ့ခေါင်းအတွက် အောက်လမ်းမှာပဲ ဆုငွေထုတ်ထားတာမဟုတ်ဘူး။ မွှေးရနံ့သုံးပါး အဆောင်မှာလည်း ထုတ်ထားတယ်”

“အဲ့တာဘာကြီးလဲ” စုရှောင်ရှန် ၎င်းကို ကြားဖူးပေမယ့် ဘာမှန်းမသိချေ။

“မွှေးရနံ့သုံးပါးအဆောင်က ကုန်းမြေကြီးမှာရှိတဲ့ အဆန်းကြယ်‌ဆုံးလုပ်ကြံသတ်ဖြတ်ရေးအင်အားစုကြီးပဲ။ ငါတို့ လုပ်ကြံသူတွေရဲ့ နတ်ပြည်လို့လည်း ပြောလို့ရတယ်။ အဲ့ဒီအင်အားစုမှာ ဆုငွေထုတ်လိုက်ရင် မသေတဲ့လူမရှိဘူး”

“အို… အဲ့လိုပေါ့”

ရှောင်ဆယ့်ခြောက်က နောက်ဆုံးတော့ ခံစားချက်လေးနည်းနည်းပြလာပြီးတော့ စုရှောင်ရှန်ကို လူသေအလားကြည့်၍ စကားဆက်လိုက်သည်။

“မွှေးရနံ့သုံးပါး‌အဆောင်မှာ အလွှာ (၈) ခုရှိတယ်။ ပထမ ငါးခုက အလကားဟန်ပြသက်သက်ပဲ။ ဆုငွေသွားတင်လည်း ဘယ်သူမှ ယူမဲ့သူရှိမှာမဟုတ်ဘူး။ နောက်‌ဆုံး သုံးထပ်ကမှ တကယ် ကြောက်စရာကောင်းတာ။ မွှေးရနံ့သုံးပါးအဆောင်ဆိုတာလည်း ဒီကနေ ဆင်းသက်လာတာ။ အဲ့တာတွေက အလွှာ ၆၊ ၇၊ ၈ ဖြစ်တဲ့ လူသေ၊ နတ်ဆိုး၊ နဲ့ ဆွေးမြေ့အလောင်းတို့ပဲ။ အနိမ့်ဆုံးလူသေအလွှာမှာတောင်မှ ဆုငွေက အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကနေစတယ်”

ထိုစကားကိုကြားသောအခါ စုရှောင်ရှန်၏ မျက်နှာဖြူဖျော့သွား၏။

စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းကတောင် အနည်း‌ဆုံးပမာဏတဲ့ အဲ့သလောာက်တောင်ဈေးကြီးရသလား။

သူ့ခေါင်းသူဖြတ်ပြီးတောင်ဆုငွေသွားထုတ်ဖို့ အတွေးများ၀င်လာပေသည်။

ကျန်းမျိုးနွယ်စုက တကယ် ရူးသွပ်၏။ သူ့လို အားနည်းသူတစ်ယောက်ကိုသတ်ဖို့ ထိုမျှ သုံးဖြုန်းရန် ၀န်မလေးနေချေ။

“သန့်နဲ့ချီတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ…”

လုပ်ကြံသတ်ဖြတ်သူတွေက ငွေအလွန်အကျူးမက်တာ စုရှောင်ရှန် သိပေသည်။ စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းလေးနှင့်တောင် အရှင်သခင်နယ်ပယ်များဖြစ်ကြသော လီခုနှစ်တို့၊ ရှောင်ဆယ့်ခြောက်တို့ကို ဆွဲဆောင်စေတာ တစ်သန်းဆိုရင် ဘယ့်နှယ့်လုပ်မတုန်း။

သူတွေးတောင်မတွေးရဲချေ။

“မင်းလိမ်နေတာမလား”

ရှောင်ဆယ့်ခြောက်၏ နှုတ်ခမ်းများကွေးတက်သွား၏။ နောက်ဆုံးတော့ သူ့ရှေ့က စိတ္တဇနတ်ဆိုး၏ မျက်၀န်းများအတွင်းကြောက်ရွံ့မှုကိုမြင်ရချေပြီ။ ၎င်းက အင်မတန်လှပသော မြင်ကွင်းပေ။

‘သူကြောက်သွားပြီ‌ဆိုတော့ ခဏနေ ငါလှုပ်ရှားရင် ပိုပြီးလွယ်မှာပဲ’

“လိမ်ရမယ်ဟုတ်လား။ မင်းကိုလိမ်လို့ ဘာရမှာလဲ။ ငါပြောတာတွေအကုန်လုံးက အမှန်တွေချည်းပဲ။ မင်းအသက်ရှင်နေသေးတာတောင်မှ မွှေးရနံ့သုံးပါးအဆောင်က ဆရာကြီးတွေက မင်းကို အထင်အမြင်သေးလို့ မလုပ်ကြံကြသေးလို့ပဲ။ ဘာပြောပြော မင်းကို လက်ချောင်းလေးတစ်ချောင်းမြှောက်လိုက်ရုံလေးနဲ့ သတ်နေနိုင်တာ သူတို့နာမည်ကိုထိခိုက်စေတယ်လေ”

ရှောင်ဆယ့်ခြောက် ပြောရင်း ပြုံးဖြဲဖြဲ ရယ်ကာ ထပ်လောင်း၍ “ဒါက ငါတို့လို အရင်းအမြစ်တွေလိုအပ်တဲ့ လုပ်ကြံသူလေးတွေနဲ့ ဆရာကြီးတွေကြားက ကွာခြားချက်ပဲ”

စုရှောင်ရှန် သူ့ကိုနားလည်သဘောပေါက်သလို ပြောလိုက်သည်။ “ဒါပေါ့ ဒါပေါ့ လူတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေဆိုတာ ရှိကြတာပဲလေ။ မင်းလည်း လုပ်ကြံသူဘယ်ဖြစ်လာချင်ပါ့မလဲ”

ရှောင်ဆယ့်ခြောက် မှင်တက်သွားသည်။

‘ဘာလဲဟ။ ဒီကောင်ငါ့ကိုလာနှစ်သိမ့်နေတာလား။ ငါ့ကိုလာသနားနေတာလား။ ချီးပဲ ငါက သွေးအေးလူသတ်သမားကွ ဒါတွေမလိုဘူး’

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ခုခံခြင်းကိုခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်က သက်ပြင်းချပြီးတော့ ရှောင်ဆယ့်ခြောက်၏ ပုခုံးကို ပုတ်လိုက်၏။ ထို့နောက် ခဏအကြာမှ ထပ်မေးလိုက်သည်။ “တခြား ငါသိစရာ တစ်ခုခုကျန်သေးလား”

“မရှိဘူး။ ငါပြောသင့်ပြောထိုက်တာအကုန်ပြောပြီးပြီး။ အဲ့ထဲမှာ ကျန်းမျိုးနွယ်စုရဲ့ သတင်းလည်းပါတယ်။ ဒါပေမယ့်အဲ့တာက သိပ်အရေးမကြီးဘူး။ တကယ်က မွှေးရနံ့သုံးပါးအဆောင်ကိုပဲ သတိထားရမှာ။ သူတို့က မင်းမသေမချင်းရပ်တန့်မှာမဟုတ်ဘူး”

စပြောကတည်းက ယခုထိ ရှောင်‌ဆယ့်ခြောက် လက်တစ်ချောင်းတောင်မလှုပ်ရဲချေ။ နာကျင်မှုကိုအနည်းငယ်ခံစားနေရတာလေးကလွဲပြီး စုရှောင်ရှန်၏ ဆေးက အကျိုးသက်ရောက်မှုရှိလှတာကြောင့် ‌အလျင်အမြန် ဒဏ်ရာများပြန်ကောင်းလာနေသည်။

သူ့ခြေလက်လေးပါးစလုံး စုတ်ပြတ်သတ်နေရင်တောင် နည်းနည်းတော့ လှုပ်ရှားလာနိုင်သည်။

နောက်ထပ်အချိန်နည်းနည်းလေးဆွဲနိုင်ရင် သူဤအခက်အခဲထဲမှ လွတ်မြောက်တော့မည်။

ထိုသို့ တိတ်တဆိတ် အစီအစဉ်ဆွဲနေရင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ ပေါ်လွင်သွားမှာ စိုးတာကြောင့် ခေါင်းကိုငုံ့လိုက်၏။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့နေဟန်သာရှိပေသည်။

ထိုသို့အမူအရာဖမ်းရလွန်းလို့ မျက်နှာမှ ကြွက်သားများတောင် ထုံကျင်လာသလို ခံစားနေရသည်။

ရှောင်ဆယ့်ခြောက်‌ပုခုံးပေါ်က လက်ကိုပြန်ရုတ်ပြီးတော့ အတွေးနက်နေသလို စုရှောင်ရှန် ရေရွတ်လိုက်၏။

“မွှေးရနံ့ သုံးပါး အဆောင်…”

ဇွက်…။

ထိုသို့ ရေရွတ်နေရင်းက ရှောင်‌ဆယ့်ခြောက်၏ လည်မျိုကို ‌အသာလေး ပိုင်းဖြတ်လိုက်ရာ ခေါင်းကြီးပျံထွက်သွားခဲ့၏။

Comment

Leave a Reply

Options

not work with dark mode
Reset