“စုရှောင်ရှန်လား”
လူငယ်လေး ခမောက်ကိုချွတ်လိုက်တာနဲ့ မျက်နှာကိုမြင်လိုက်သောအခါ ဘယ်သူဆိုတာ လီခုနှစ် တန်းသိသွားပေသည်။ သူက စုရှောင်ရှန်မှ စုရှောင်ရှန် အရှင်လက်လက်ကြီးဖြစ်သည်။
စုရှောင်ရှန်ကို အံကြိတ်၍ကြည့်ပြီးတော့ သူအစီအရင်ခင်းကျင်းထားတဲ့ နောက်ဖေးလမ်းကို မယုံနိုင်စွာကြည့်လိုက်၏။
သူ့လို မူလနန်းတော်နယ်ပယ်လေးက ဘယ်လိုလုပ် အရှင်သခင်နယ်ပယ် ပုံရိပ်ယောင်အစီအရင်ကို ကျော်ဖြတ်လာနိုင်တာလဲ။ ထိုထက်ပို၍ စုရှောင်ရှန်က အေးဆေးလုပ်ပြသွားတာကြောင့် လီခုနှစ် မယုံကြည်နိုင်ဖြစ်သွားရသည်။
ဒီကောင်လေးက မရိုးရှင်းဘူးဆိုတာသိပေမယ့် ပုံရိပ်ယောင်အစီအရင်ကို အလွယ်တကူ ဖြတ်သန်းလာနိုင်မည်တော့မထင်ထားပါချေ။ သူကလည်း အစီအရင်ဆရာသခင်တစ်ယောက်များလား အတွေးပေါက်သွား၏။
စုရှောင်ရှန်က အစီအရင်ဆရာသခင်တစ်ယောက်ဘယ်မှာ ဟုတ်နေလိမ့်မလဲ။ ပုံရိပ်ယောင်အစီအရင်ကို အေးဆေးလေးဖြတ်သန်းလာနိုင်တယ်ဆိုတာ သူ၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော အကြားအမြင်ကြောင့်ပင်။
တကယ်က နောက်ဖေးတံခါးကနေ သူပြန်ထွက်လာသောအခါ အစီအရင်ထဲကျသွားတာသိပြီး လမ်းများပျောက်ပြီလားဆိုပြီး စိုးတထိတ်ထိတ်ဖြစ်သွားရပေသေးသည်။
သို့ပေမယ့် မကြာခင် ယောင်ယင်ယင်ကို သူခိုးကြည့်တုန်းကလို ပုံရိပ်ယောင်တွေက မြင်သမျှ အကုန်နှစ်လွှာဖြစ်သွားခဲ့သည်။ သို့ဖြင့် သူမြင်ရသော တကယ်ပုံရိပ်အစစ်အမှန်ဖြစ်သည့် ဒုတိယအလွှာကိုလိုက်ပြီးတော့ ထွက်လာခဲ့တာဖြစ်သည်။
ဤသို့ မမျှော်လင့်ထားတဲ့ ကြုံကြိုက်မှုကြီးကြောင့် လီခုနှစ် မှင်တက်နေခဲ့သည်။ သူ့မျက်နှာပေါ်က သေရည်စက်များက အတိုင်းသား စီးဆင်းကျနေပေ၏။
ချက်ခြင်း လီခုနှစ် အသိပြန်လည်လာတယ်ဆိုပေမယ့် နောက်ကျသွားခဲ့ချေပြီ။ စုရှောင်ရှန်က စက္ကန့်ပိုင်းလေးအတွင်း တိတ်တခိုးနာကျင်ခြင်းကိုဆွဲထုတ်ပြီး လီခုနှစ်၏ ခေါင်းကို ရွှစ်ကတည်း ခုတ်ချလိုက်သည်။
ထိုလျှပ်တပြက်အခိုက်အတွင်းမှာ ကောင်းကင်နှင့်မြေပြင်တို့ ရပ်သွားခဲ့သည်။ စုရှောင်ရှန်၏ ဓားက လီခုနှစ်ကိုပိုင်းဖြတ်သွားချိန်မှာ ၎င်းက ပုံရိပ်ယောင်တစ်ခုဖြစ်နေတာ သိလိုက်ရ၏။ တကယ်လူအစစ်ကတော့ အနောက်ကို ခုန်ဆုတ်သွားခဲ့ပေပြီ။
“အရှင်သခင်နယ်ပယ်ပါလား”
သူ့မျက်လုံးများကိုကျဉ်းမြောင်းပြီးတော့ အကဲခတ်လိုက်သည်။ “ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်”
ထိုစဉ် ကောင်းကင်နှင့် မြေပြင်တို့ မရပ်တန့်သွားခဲ့လျှင် လီခုနှစ် ခေါင်းဖြတ်ခံရပြီးလောက်ချေပြီ။ ကောင်းကင်နှင့်မြေပြင်ကို အရှင်သခင်နယ်ပယ် ရောက်မှသာထိန်းချုပ်နိုင်ပေသည်။
ကျန်းရှင်းရှုံကလည်း ကျဲမသတ်လိုက်ခင်မှာ အရှင်သခင်နယ်ပယ်ကို ရောက်သွားတယ်ဆိုပေမယ့်လို့ ဘာအရှင်သခင်နယ်ပယ်ခွန်အားမှမရှိသေးချေ။
လီခုနှစ်လို နှစ်ရှည်လများစွာ ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်မှာ ကောင်းကင်နှင့်မြေပြင်၏ နိယာမကို နားလည်သဘောပေါက်လာသူနှင့် ယှဉ်သော် ထိုအခိုက်လေးမှာ အရှင်သခင်နယ်ပယ်နှင့် စစ်မှန်ခြင်းနယ်ပယ် ဘာကွာခြားလဲသူသိလိုက်ရသည်။
သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ကောင်းကင်နှင့်မြေပြင် နိယာမ၏ ထိန်းချုပ်မှုကို စစ်မှန်ခြင်းနယ်ပယ်တို့ ဘယ်လိုမှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
သူ့ဓားကိုပြန်ရုတ်သိမ်းလိုက်ပြီးတော့ စုရှောင်ရှန် အပြုံးလေးဖြင့် မေးလိုက်သည်။ “မိတ်ဆွေလီ။ ဘာလို့ နောက်ခုတ်ဆုတ်သွားတာလဲ။ မျက်နှာသုတ်ပေးဖို့ ကျုပ်က အ၀တ်စနဲ့မှားပြီး ယူလိုက်မိတာပါ”
ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲကနေ အ၀တ်တစ်စကိုထုတ်ယူကာ ခေါ်လိုက်သည်။ “လာပါ သုတ်ပေးပါ့မယ်”
လီခုနှစ်၏ ခြေထောက်များပျော့ခွေနေပြီး မျက်နှာကလည်း မဲ့ရွဲ့နေပေသည်။
စုရှောင်ရှန်၏ ချောင်းမြောင်းတိုက်ခိုက်မှုက လုပ်ကြံသူဖြတ်သူများနှင့် မခြားနားပေ။
သူသာ လုပ်ကြံမှုများလုပ်စဉ်က တဖြည်းဖြည်း တိုးတက်လာသော မသိစိတ်ကြောင့်သာမဟုတ်ရင် သေသွားလောက်ပေပြီ။
စုရှောင်ရှန်က သူ့လိုနယ်ပယ်မှာမဟုတ်ဘူးဆိုပေမယ့် သူထုတ်လုပ်လိုက်တဲ့ တိုက်ကွက်ကတော့ တကယ် လက်ဖျားခါရပေသည်။
“မြို့စောင့်တွေပါလား”
အစီအရင်ဘက်ကိုကြည့်ပြီးတော့ အံ့အားသင့်တုန်လှုပ်သွားသလို အမူအရာမျိုး စုရှောင်ရှန်၏ မျက်နှာထက်၌ ပေါ်လာခဲ့၏။
“စောလှချည်လား”
လီခုနှစ်၏ နှလုံးလည်း အပြင်းအထန်တုန်ခါသွားသည်။ သူခေါင်းလှည့်ပြီးကြည့်လိုက်တယ်ဆိုရင်ဘဲ မျက်စိထောင့်ကနေ အင်မတန် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော စွမ်းအင်မတည်မငြိမ်ဖြစ်နေသေည့် မီးတောက်ငါးစေ့ ချဉ်းကပ်လာတာကို မြင်လိုက်ရ၏။
“လခွမ်း”
စုရှောင်ရှန်က တကယ်ကို လူသားတွေရဲ့ အတွေးတွေကို နားလည်နိုင်စွမ်းရှိချေသည်။ သူ့ကို ကျွမ်းကျင်လုပ်ကြံသူဟု ဆိုလျှင် ချဲ့ကားရာမရောက်ပေ။ စုရှောင်ရှန်က လိမ်နေတယ်ဆိုရင်တောင် ထိုထောင်ချောက်ထဲကျသွားတဲ့ စက္ကန့်ပိုင်းလေးက အဆုံးအဖြတ်ပေးသွားသည်။
ထိုမီးတောက်ငါးစေ့ကို ရင်ဆိုင်နေရသော လီခုနှစ် ၎င်းတို့ပေါက်ကွဲသွားလျှင် မြို့စောင့်တပ်တွေ မကြာခင်ရောက်လာမှာကိုသိပေသည်။
ချက်ခြင်း မြေပြင် ပေါ်ကို တံဆိပ်ပြားတစ်ခုဖြင့် ပေါက်လိုက်၏။
ဂျစ်…။
အသံတိတ်အစီအရင်တစ်ခု လီခုနှစ်နှင့် စုရှောင်ရှန်တို့ကို အတွင်းထဲကနေ ဖုန်းအုပ်သွားခဲ့သည်။ ထိုအစီအရင်က တစ်ယောက်ယောက်ကို သတ်တော့မယ်ဆိုရင် သူအသုံးပြုသည့်အစီအရင်ဖြစ်သည်။
၎င်းက ရန်သူကို အကူအညီတောင်းစေတာ၊ အသံကျယ်ကြီးလုပ်စေကာ ဆွဲဆောင်တာတွေကနေ ကာကွယ်ပေးရန်ဖြစ်ပေသည်။ သို့ပြုပြီးနောက်မှာ သူ့ရှေ့က မီးတောက်ငါးစေ့ကို လီခုနှစ် အေးတိအေးစက်ပြုံး၍ ကြည့်လိုက်သည်။
“လေမိုးထန်စမ်း”
သို့ညာသံပေးပြီး လီခုနှစ် လေထဲကို လက်မြောက်ထိုးပြလိုက်ရာ အစီးရောင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်တို့ ကောင်းကင်ပေါ်မှာဖြစ်တည်လာပြီး ပင်လယ်ထဲက လှိုင်းလုံးများအလား ရိုက်ခတ်တော့၏။
အရှိန်မြင့်စွာ ၀င်လာနေသည့် မီးတောက်အစေ့များ ထိုအစိမ်းရောင်လှိုင်းများနှင့် ထိတွေ့သောအခါ ချက်ခြင်းကြီး အရှိန်လျော့ကျသွားခဲ့သည်။ မကြာခင် လီခုနှစ်နှင့် ပေအနည်းငယ်လောက်အကွာမှာ လုံး၀ ရပ်တန့်သွားခဲ့၏။
ထိုမျှနှင့်မပြီးသေးဘဲ လေထဲမှာ ဝဲနေသော မီးတောက်အစေ့များအောက်ကနေ အစိမ်းရောင်လှိုင်းများ တဖြည်းဖြည်း ညှင်သာစွာ တက်လာပြီး ၎င်းတို့ကို တိုက်စားလိုက်လေသည်။
အဆုံးမှာ ဘာမှ မကျန်တော့သည်အထိ တိုက်စားပစ်လိုက်၏။
“ဟ ဘာလဲဟ”
၎င်းက ပထမဆုံးအကြိမ်အဖြစ် သူ၏ မီးတောက်အစေ့များ ဖျက်ပယ်ခံလိုက်ရတာဖြစ်သည်။
ဤသို့ စိတ်ဝိညာဉ်နည်းစနစ်က အနည်းဆုံး အရှင်သခင်နယ်ပယ်မှာ ရှိလောက်မည်။ ၎င်း၏ အသုံး၀င်ပုံတို့ဖြင့်ဆိုလျှင် ထိပ်ဆုံးအပိုင်းကတောင်ပါလောက်လေသည်။
“လေဓာတ်ပင်ကိုယ်စွမ်းအင်… စိတ်ဝိညာဉ်ဆရာသခင်..”
ထိုမှ စုရှောင်ရှန်က စိတ်ဝိညာဉ်နန်းတော်မှာ မဟုတ်တော့တာကို သတိရသွားလေသည်။ အပြင်ဘက်က သူတိုက်ခိုက်ရမည့်ရန်သူများအားလုံးက သေခြင်းရှင်ခြင်းကပ်ဘေးများကို ကျော်ဖြတ်ရှင်သန်လာကြသော အတွေ့အကြုံရှိ လူများဖြစ်ကြ၏။
ဤသို့ ခက်ခဲသောရန်သူများနှင့်ရင်ဆိုင်ရာတွင် သတိမဲ့သွားလို့မဖြစ်ပေ။
ချက်ခြင်း သူ့တစ်ကိုယ်လုံးကို ငရဲမီးတောက်များဖြင့်ကာလိုက်သည်။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတယ်ဆိုစေငြား ပြဿနာများ မဖြစ်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာကောင်းပေသည်။
မီးတောက်အစေ့များကိုတားဆီးလိုက်သော အဝိုင်းသဏ္ဌာန် ပြန့်လာသော အစိမ်းရောင်လှိုင်းများက အနည်းအကျဉ်းသာဖြစ်၍ ကျန်သည်များအားလုံးက သူ့ထံကို ၀င်လာခဲ့ပေသည်။
ရှဲ ရှဲ ..။
ငရဲမီးတောက်ကောင်းကင်မီးလျှံကလည်း တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ၀န်းကျင်တစ်ခုလုံးကို လောင်ကျွမ်းတော့သည်။ သို့ပေမယ့် လေက ဒြပ်မဲ့အရာဖြစ်တာကို ဘယ်လို လောက်ကျွမ်းမတုန်း…။
သူ့မျက်နှာကို အေးတိအေးစက် ခံစားချက်များလာရိုက်ခတ်သဖြင့် သက်တောင့်သက်သာရှိလွန်းလို့ ညည်းမိမလိုတောင်ဖြစ်သွားသည်။
သို့ပေမယ့် တစ်အောင့်ကြာသော် အစိမ်းရောင်လှိုင်းများက ငရဲမီးတောက်များကို ကျော်ဖြတ်ကာ သူ့ခန္ဓာကိုယ်ကို တကယ်လာရိုက်ခတ်သည်။
အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တောင် ဤသို့ စိတ်ဝိညာဉ်နည်းစနစ်ကို မတောင့်ခံနိုင်ပါချေ။ စုရှောင်ရှန်၏ မယုံကြည်နိုင်သော မျက်လုံးများအောက်မှာတင် ခြစ်ရာပြတ်ရာများဖြစ်လာပေသည်။
ထိုလေက နေရာအနှံ့ကို ပျံ့နှက်လျက်ရှိသည်။
သူ့ခန္ဓာကိုယ်က အတွင်းအင်္ဂါ ကွဲကြေမတက် နာကျင်မှုများခံစားရတာတောင် စုရှောင်ရှန် တစ်စက်ကလေးမှ မရပ်တန့်လိုက်ပါချေ။ ဒီလိုဆက်သွားရင်တော့ အခြေအနေဆိုးလာမယ်ဆိုတာသူသိသည်။
“ဘာလုပ်ရမလဲ”
စုရှောင်ရှန်၏ အံ့အားသင့်သွားမှုထက်စာရင် လီခုနှစ်က လုံး၀ ကြက်သေသေသွားပေသည်။
သူ၏ ရွက်စိမ်းလေက မီးတောက်အစေ့များကိုတောင် ဖျက်ပယ်နိုင်လိုက်တာ စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို မဖိနှိပ်နိုင်လိုက်ဘူးတဲ့။ ဒါဘယ်လို ဟာသလဲ။
စုရှောင်ရှန်၏ ခန္ဓာကိုယ်က သူ့အစိမ်းရောက်လှိုင်းများမတိုက်စားနိုင်လောက်အောင်ကို သန်မာနေတယ်ချေပြီး နောက်စက္ကန့်ပိုင်းအတွင်းမှာ ထို့ထက်ပို၍ ခြောက်ခြားဖွယ်ရာကို သူတွေ့လိုက်ရသည်။
စုရှောင်ရှန်က ပါးစပ်ကိုကျယ်ကျယ်လောင်လောင်ဖွင့်ကာ သူ့ရှေ့ရှိ အစိမ်းရောင်လှိုင်းများအားလုံးကို စုပ်ယူပစ်လိုက်၏။
လီခုနှစ် ဘာပြောရမှန်းတောင် မသိတော့ချေ။ ဒါဘယ်လို စုန်းအတတ်လဲ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမတုန့်ပြန်နိုင်ခင်မှာ စုရှောင်ရှန်က ဆက်လက်၍ ရင်ကိုကော့သွားလောက်အောင် နောက်ထပ် ပင့်သက်ရှိုက်လိုက်သည်။ ပြီးနောက် သူ့နှုတ်ခမ်းသားများအထက်၌ အနက်ရောင် မီးတောက်အစေ့လေးပေါ်လာခဲ့၏။
၎င်းက သာမန်အရွယ်အစားထက် နှစ်ဆကြီးသည်။
ဘာလို့ နှစ်ဆကြီးနေရသလဲကို လီခုနှစ် ကွက်ကွက်ကွင်းကွင်းမြင်နိုင်နေရာ မျက်နှာတစ်ခုလုံး အရောင်မဲ့သွား၏။
၎င်းက ယခင်ကကဲ့သို့ မီးတောက်အစေ့ဖြစ်သေးပေမယ့် အတွင်းပိုင်းမှာ နောက်ထပ်မီးတောက်အစေ့ တစ်ခုကို တွေ့ရသည်။ မီးတောက်အစေ့ နှစ်ထပ်ပေါ့။
“လခွမ်းပဲ မင်းငါ့ကို လှည့်စားလိုက်တယ်” လီခုနှစ်၏ အသံက ငိုသံပါနေ၏။