အပိုင်း (၁၀၄၅)

ဓားပညာတွင် တစ်စုံတစ်ခု လိုအပ်နေခြင်း

လီဟန်ဓား နန်းတော်၏ တောင်ခြေတွင် မရေမတွက်နိုင်သော လူများ စုစည်း နေကြသည်။ ထိုအထဲတွင် များစွာသော ထိပ်သီး အင်အားစုများလည်း ပါဝင်ကြပေသည်။

အားလုံး၏ အကြည့်များသည် ရီဖူရှင်းထံသို့ ရောက်နေကြ၏။

ရီဖူရှင်းနှင့် ဓားပေါ်မှ ဆင်းသက်လာသူများ သည်လည်း အပေါ်သို့ မော့ကြည့်ကာ စတင်၍ တက်ကြသည်။

အားလုံးက အံ့အားသင့်စွာ ကြည့်ကြသည်။ အပေါ်သို့ တက်ရောက်မည့် လူများမှာ ငါးယောက် ဖြစ်သည်။

ရီဖူရှင်း၏ ဘေးတွင် ယူချင်း၊ ရီဝူချင်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့ ဖြစ်သည်။

“ရီဝူချင်းနဲ့ နောက်သုံးယောက်က လီဟန်ဓား နန်းတော်က ဝိုင်းရံပြီး သတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေ ဖြစ်မယ်” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။

“ဟုတ်တယ်  ယူချင်း ရောက်လာပြီး နောက်ပိုင်း လီရန်ရှန့်ထိုဓားက ဝင်ပါ တိုက်ခိုက်ပြီးတော့ ယူချင်းကို ဒဏ်ရာ ရစေခဲ့တယ်”

နောက်တစ်ယောက်က သည်ပဋိပက္ခ ဖြစ်ခြင်း အကြောင်းအရင်း များကို ပြောဆိုသည်။ ရီဖူရှင်းက သူတို့အား လီဟန်ဓား နန်းတော် အပေါ်သို့ ခေါ်ဆောင်ကာ ရန်ငြိုးရန်စ များအား ရှင်းလင်းမည့်ဟန် ရှိသည်။

လေထဲတွင်ကား အပြာရောင် ဖီးနစ်ငှက်အား စီးနင်းကာ ရပ်နေသော တစ်စုံတစ်ယောက် ရှိသည်။ သူကား တိုက်ပွဲကို လာရောက် ကြည့်ရှုသော မင်းသမီး ရှားရှင်းယွန် ဖြစ်သည်။

သူမ ရောက်လာခြင်းဖြင့် သူတို့က လီဟန်ဓား နန်းတော် ၃၃လွှာသို့ တက်ရောက်သည့် ကိစ္စတွင် မည်သည့် ရှန့်ထိုမှ ဝင်စွက်ဖက်စရာ အကြောင်း မရှိတော့ပေ။

ရီဖူရှင်းနှင့် တခြားလူများက ရှေ့သို့ တက်သွားကြကာ လှေကားမှ တစ်ဆင့် လီဟန်ဓား နန်းတော်သို့ ဝင်ကြသည်။

ကျေးရွာ ခေါင်းဆောင်နှင့် တခြားလူများက တောင်ခြေတွင် စောင့်ဆိုင်းကြ၏။ ရှားရှင်းယွန် ရောက်နေမှတော့ သူတို့အနေဖြင့် ရီဖူရှင်း၏ ဘေးကင်းမှုကို စိတ်ပူစရာ မလိုပေ။ သူတို့က သည်နေရာတွင် စောင့်ဆိုင်း နေခြင်းက အကောင်း ဖြစ်သည်။

လီဟန်ဓား နန်းတော်၏ ၃၃လွှာတွင် တစ်လွှာချင်း၌ ခမ်းနားလှပသော ဆင်ယင်ထားသော ကျောက်စိမ်း နန်းတော်များနှင့် များစွာသော တန်ခိုးရှင်များ ရှိကြပေသည်။ နန်းဆောင်တိုင်းသည် ကြီးမား ခန့်ထည်ကြသည်။ တစ်လှမ်းချင်း ရီဖူရှင်းတို့က အားလုံး၏ အကြည့်အောက်၌ ပထမအလွှာသို့ ရောက်လာခဲ့ကြသည်။

သူတို့ရှေ့သို့ တန်ခိုးရှင် တစ်စု ရောက်လာခဲ့သည်။ သူတို့အားလုံးမှာ ရှီအဆင့်များ ဖြစ်ကြသည်။ သူတို့၏ရှေ့တွင် လူငါးယောက်မျှသာ ရှိသော်လည်း သူတို့အားလုံးက လေးနက်သော အမူအရာများ ရှိကြသည်။

ပြောကြသည်မှာ ရီဖူရှင်းက ရှောင်အဘိုးအို၏ မွေးနေ့ပွဲ၌ ကု့ချင်းသံစဉ် တစ်ခုဖြင့် ဖန်းရှောင်နှင့် မိုလီတို့ အပါအဝင် များစွာသော တန်ခိုးရှင်များအား အနိုင်ယူခဲ့သည်။ သူတို့မှာ ထိုသို့သော စွမ်းအားကို မယှဉ်နိုင်ပေ။

သို့သော် သူက ဤနေရာသို့ ရောက်လာမှတော့ သူတို့ကလည်း ပုန်းကွယ်နေ၍ မရပေ။

သူတို့က ဓားများကို ဆုပ်ကိုင်ကာ ရပ်လျှင် သူတို့အား ပြင်းထန်သော ဓားအသိများ စီးဆင်း လာကြသည်။ ထိုအခိုက်တွင် ရီဝူချင်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့က ရှေ့သို့ လျှပ်စီးတန်းအလား မြန်ဆန်စွာ တိုးဝင် လာကြသည်။

ယူချင်းက သူတို့နောက်မှ လိုက်ပါခဲ့သလို နောက်ဆုံးတွင် ရီဖူရှင်း လိုက်ပါသည်။

လီဟန်ဓား နန်းတော်သည် အင်ပါယာရှားဘုံ အတွင်း၌ အဆင့်အတန်း အမြင့်ဆုံးသော ဓားပညာကို လေ့ကျင့်ကြသည်။ ထိုအရာကပင် ဓားသမားများ အတွက် အတွေ့အကြုံယူရန် အကောင်းဆုံးသော နေရာ မဟုတ်ပေဘူးလား။

အတိတ်တွင် လီဟန်ဓား နန်းတော်မှ လုချွန်တို့ အုပ်စုသည် ရီဝူချင်းတို့အား လာရောက် ဝန်းရံ တိုက်ခိုက်သည်။ သို့သော် သူတို့ ရှုံးနိမ့်သွားသောအခါ ရှန့်ထိုတစ်ပါးက ပါဝင် စွက်ဖက်သေးသည့် ယနေ့ သူတို့က လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များအား ပြန်လည်၍ လက်စား ချေရပေမည်။

ရီဝူချင်း၏ နဖူးမှ ရွှေရောင်များ ဝင်းလက် နေသော ငွေဓားငယ် တစ်လက် ထွက်ပေါ် လာသည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း ထက်ရှသွား၏။ စုချွဲနှင့် ကျွေ့ချိန်ချူတို့ ကလည်း သူတို့၏ တော်ဝင် ရတနာများအား ကိုင်စွဲကာ ရှေ့သို့ တက်လာကြသည်။ သူတို့မှာ အလယ်အလတ် ကွန်းရှီများ ဖြစ်ကြပြီး တစ်ဖက်လူများမှာ အဆင့်မြင့် ကွန်းရှီများ ဖြစ်ကြသည်။ နှစ်ဖက်လုံးက တော်ဝင် ရတနာများအား အသုံးပြုသည်ဆိုလျှင်ပင် ထိုသို့လုပ်ခြင်းက စုချွဲနှင့် ကျွေ့ချိန်ချူတို့အတွက် အလေးသာ စေနိုင်ပေသည်။

မှန်သည်  သူတို့ သုံးယောက်ထဲတွင် စွမ်းအား အမြင့်ဆုံးမှာ ရန်ဟောင်ဓား အသိကို ပိုင်ဆိုင်သော ရီဝူချင်း ဖြစ်သည်။

ရီဝူချင်းက ရှေ့သို့ လျှပ်တစ်ပြက် တိုးဝင်သွားသည်။ သူက ဓားများကဲ့သို့ ထက်ရှသော မျက်လုံးများအား ဖွင့်လိုက်လျှင် အလင်းတန်းများ ထွက်ပေါ်လာကာ အားလုံး၏ စိတ်နယ်ပယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များ၏ စိတ်ထဲတွင် ထင်ယောင်ထင်မှား ပုံရိပ်များ ဖြစ်ပေါ်လာသည်။ ကောင်းကင်မှ ဓားများဖြင့် ပြည့်နှက် လာခဲ့၏။

ဓားတစ်လက် တိုးဝင်လာခဲ့လျှင် သူတို့အားလုံးက အန္တရာယ်၏ အငွေ့အသက်ကို ရှင်းရှင်း လင်းလင်း ခံစားမိကြကာ ထိုအရာက မည်သည့် နေရာမှ လာသည်ကို မသိကြပေ။ ဤသည်ကပင် ပုံရိပ်ယောင် ဓားပညာ ဖြစ်သည်။

သို့သော်လည်း သူတို့အားလုံးမှာ ဤသို့သော အခြေအနေ အတွက် ကောင်းကောင်း လေ့ကျင့်ပြီးသား ဖြစ်သည်။ အချို့က သူတို့၏ မျက်လုံးများကို မှိတ်ကာ ဓားကိုဝှေ့ယမ်း လိုက်လျှင် ရုတ်တရက်အားဖြင့် နေရာတိုင်း၌ ဓားများ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက နောက်တွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ ကြားသိသည်မှာ လီဟန်ဓား နန်းတော်၏ ပထမ ၁၁လွှာမှ လူများသည် လီဟန်ဓား နန်းတော်သို့ တရားဝင် ဝင်ရောက်ခြင်း မရှိကြသေးသော သူများဖြစ်ကြပြီး သူတို့၏ ပါရမီများမှာလည်း အသင့်အတင့်သာ ရှိသည်။ အလယ်အလတ် ၁၁လွှာမှ လူများသာလျှင် လီဟန်ဓား နန်းတော်၏ အတွင်းစည်း တပည့်များ ဖြစ်ကြသည်။

အပေါ်ဆုံးမှ ၁၀လွှာမှာ သူတို့၏ ပါရမီများကို သက်သေ ထူထားပြီးသော အတော်ဆုံး ဓားသမားများ ဖြစ်ကြသည်။

အလယ်အလတ် ၁၁လွှာမှ စတင်၍ ထိုသူတို့အား တစ်လွှာချင်းစီ၌ ရှန့်ထို တစ်ပါးစီက ကိုယ်တိုင် ကြီးကြပ် လေ့ကျင့် ပေးသည်။ အလယ်အလတ် ၁၁လွှာမှ ဆရာများသည် ရှန့်ထိုအဆင့်၏ ပထမတန်းစားများ ဖြစ်ကြသည်။ တပည့်များမှာလည်း တော်ဝင် လမ်းစဉ်အတွက် လေ့ကျင့်ပေးခြင်း ခံရသူများ ဖြစ်ကြသည်။ ထိပ်သီး ၁၀လွှာမှာ လီဟန်ဓား နန်းတော်၏ အခြေခံအုတ်မြစ် ဖြစ်ပြီး ဆရာများမှာလည်း အကြီးအကဲများ ဖြစ်ကြသည်။

၃၃လွှာသည်ကား ကောင်းကင်ဘုံ အပေါ်မှ ကောင်းကင်ဘုံဟု ဆိုကြသည်။ ဝမ်ချွန်း ကဲ့သို့သော ပါရမီရှင်များသာ ထိုအလွှာသို့ တက်ကာ လီဟန်ဓား သမားထံ၌ လေ့လာ သင်ယူနိုင်ကြသည်။

ပြောရလျှင် လီဟန်ဓား နန်းတော်မှ အလွှာ ကန့်သတ်ချက်မှာ အလွန် တင်းကျပ်သည်။

လီရန်ရှန့်ထိုဓားသည် အပေါ်၁၁လွှာမှ အကြီးအကဲ တစ်ဦးဖြစ်ပြီး လုချွန်၏ ဆရာဖြစ်သည်။ ချူချိန်ရန်၊ ဝမ်မင်၊ လီချူရွှီနှင့် မိုလီတို့မှာလည်း ထိုနေရာ၌ လေ့ကျင့်ကြ၏။

မှန်သည်  လီဟန်ဓား နန်းတော်သို့ ဝင်ရောက်နိုင်သူ မည်သူမဆို ထူးခြား ထက်မြက်သူ ဖြစ်သည်။

သို့သော် ရီဝူချင်းနှင့် တခြားလူများမှာ ထိုလူများကို ကောင်းကောင်း ကိုင်တွယ် နိုင်ကြပေသည်။ မည်သို့ဆိုစေ ရန်ဟောင်ဓား အသိနှင့် သူတို့၏ တော်ဝင် ရတနာများကို အသုံးပြုလျှင် သူတို့သည် အဆင့်မြင့် ကွန်းရှီ၏ တိုက်ခိုက်ရေး စွမ်းရည်များအား ထုတ်လွှတ် နိုင်ကြသည်။ ဤမတိုင်ခင် တိုက်ပွဲ၌ သူက ချူချိန်ရန်နှင့် ဝမ်မင်တို့ကိုပင် ဒဏ်ရာ ရစေနိုင်ခဲ့သည်။

ရီဝူချင်းက အဓိကအားဖြင့် တိုက်ခိုက်ကာ တစ်ဖက် လူများအား ပုံရိပ်ယောင် ဓားများဖြင့် ရစ်ပတ်စေသည်။ စုချွဲနှင့် ကျွေ့ချိန်ချူတို့က သူ့အား ကူညီပေးကြ၏။ သူတို့ နှစ်ယောက်လုံးက အမြန်နှုန်းကို မြှင့်ကာ အလစ် တိုက်ခိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ မှန်းဆရန် ခက်ခဲပေသည်။ သူတို့၏ အကူအညီဖြင့် တိုက်ခိုက်မှုများမှာ ပိုမို၍ ကောင်းမွန် လာခဲ့သည်။

အက်ကွဲသံများ ထွက်ပေါ် လာခဲ့ကာ သူတို့ရှေ့မှ တန်ခိုးရှင်များသည် သူတို့၏ အဝတ်အစားများ သွေးစွန်း နေသည်ကို မြင်ကြရသည်။ သူတို့အားလုံးမှာ ဒဏ်ရာ အတိုင်းအတာ တစ်ခုအထိ ရခဲ့ကြသည်။

ဓားအသိများ ဆက်လက် စီးဆင်းလျက်ပင် ရီဝူချင်းနှင့် တခြားလူများက ရှေ့သို့ ဆက်လက်၍ တိုးဝင် လာခဲ့ကြသည်။

ယူချင်းနှင့် ရီဖူရှင်းတို့က နောက်မှ ကပ်လျက် လိုက်ပါ သွားခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ သူတို့အား တိုက်ခိုက်ခဲ့ကြ သော်လည်း သူတို့အားလုံးမှာ ရီဝူချင်းတို့ သုံးယောက်၏ အနိုင်ယူခြင်းကို ခံကြရသည်။ ယူချင်းကား လက်ပင် မြှောက်ရန် မလိုပေ။

သူတို့က အဆင့်နိမ့် ၁၁လွှာအား မြန်ဆန်စွာ ကျော်ဖြတ်ကာ အလယ်အလတ် ၁၁လွှာသို့ ရောက်ရှိ လာခဲ့ကြသည်။

သူတို့က ကောင်းကင်သို့ မော့ကြည့်လျှင် လမ်းတစ်လျှောက်တွင် မရေမတွက် နိုင်သော ဓားသမားများအား မြင်ကြသည်။ သို့သော်လည်း ရီဝူချင်းကား တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့သက်စောင့် ဝိညာဉ်မှ အလင်းများ ဖြာထွက် လာခဲ့သည်။ သူက တစ်ဖက်တည်းသော လက်ကို ဆန့်တန်းလိုက်လျှင် ထောင်ပေါင်း များစွာသော ဓားများသည် ဖြိုဖျက် မရနိုင်သော ဓားတစ်လက်တည်း အဖြစ်သို့ ပြောင်းလဲသွားပြီး အရာအားလုံးကို ဖြတ်သန်း ရိုက်ခတ် သွားဟန် ရသည်။

“မင်းတို့ရဲ့ဓားတွေကို ငှားပေး ” ရီဝူချင်းက ပြောသည်။ စုချွဲနှင့် ကျွေ့ချိန်ချူတို့က ခေါင်းညိတ် ကြသည်။ သူတို့က နောက်တွင် ရပ်လျှင် သူတို့၏ဓား အသိများ ပြင်းထန်စွာ စီးဆင်း လာခဲ့ကြတော့သည်။

“သွားရအောင် ” ရီဝူချင်းက ပြောသည်တွင် ရုတ်တရက် သူတို့သည် ဓားတစ်လက်တည်း အဖြစ်သို့ ပြောင်းလဲ သွားကြသည်။ သူတို့က လေထုကို ခွင်းကာ ကောင်းကင်သို့ လျှပ်စီးတန်း အလား ပျံသန်း သွားခဲ့ကြ၏။ သူတို့ထံမှ ပြင်းထန်သော ဓားအသိတစ်ခု ထွက်ပေါ် လာခဲ့ကာ လီဟန်နန်းတော် ၃၃လွှာအား ချိုးဖျက်ရန် ကြံစည်ကြ၏။

ဘုန်း… ကျယ်လောင်သော အသံနှင့်အတူ ယူချင်းက ရှေ့သို့ မြန်ဆန်စွာ တက်လှမ်း လာခဲ့သည်။ ကြီးမား တုတ်ခိုင်သော ခန္ဓာသည် ရီဝူချင်း၏ နောက်မှ လိုက်ပါလာခဲ့ရာ ကမ္ဘာမြေအား တုန်ခါစေခဲ့ဟန် ရှိသည်။

သူတို့ရှေ့တွင်ကား လူတစ်ယောက်သည် ထက်ရှသော မျက်လုံးများဖြင့် ရပ်နေ၏။ မရေမတွက်နိုင်သော ဓားအသိများ သူ့အား စီးဆင်းနေကြကာ တဖြည်းဖြည်းဖြင့် ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။ သူက လက်နှစ်ဖက်လုံးကို ဆန့်တန်းလျှင် ဓားဝင်္ကပါသည် သူတို့ထံသို့ တိုးဝင်လာသော အလင်းဓား ရှိနေရာဆီသို့ ဦးတည်သည်။

ဓားအလင်းတန်း တစ်ခုသည် ဓားဝင်္ကပါအား ဖြတ်တောက် သွားခဲ့ကာ ရှေ့မှ တန်ခိုးရှင်၏ ဓားအသိမှာလည်း ပြင်းထန်စွာ ပြိုလဲသည်။ သူ၏ မျက်နှာသည် ပြာနှမ်းသွားခဲ့ပြီး နောက်ကို ဆုတ်သည်။ တစ်ဖက်လူများက သူ့အား ဖြတ်ကျော် သွားသည်ကို မြင်ကာ သူ၏နဖူးမှာ ချက်ချင်း ချွေးများ စို့လာခဲ့သည်။

သူ့အနေဖြင့် နောက်ဆုတ် ခဲ့ရသည်။

ထိုသို့ နောက်ဆုတ်ခြင်း ကလည်း သူ၏ ဓားလမ်းစဉ်ကို ထိခိုက်စေ၏။

အပေါ်တွင် နောက်ထပ် တန်ခိုးရှင်တစ်ဦး သူတို့ထံသို့ လှမ်းလာသည်။ သူ့ရှေ့တွင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသည်။ ဓားများ ကျဆင်းလာခဲ့လျှင် ကောင်းကင်သည် နက်မှောင် သွားခဲ့၏။

ရီဝူချင်းနှင့် တခြားလူများက ကောင်းကင်သို့ ဓားများအလား ထိုးတက် သွားခဲ့ကြသည်။ သူတို့က မုန်တိုင်းအား ဖြတ်တောက် တိုးဝင် သွားခဲ့ကြ၏။

ဓားမုန်တိုင်းသည် အရာခပ်သိမ်းအား ဖျက်ဆီးနိုင်စွမ်း ရှိဟန်ရသည်။ သို့သော်လည်း ရီဝူချင်းသည် မည်သို့မှ ခံစားမိဟန် မတူဘဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့၏။ မဟာလမ်းစဉ်၏ ဓားအသိသည် သူနှင့်အတူ လိုက်ပါလာခဲ့ကာ ဓားမုန်တိုင်း အတွင်းမှ ဓားအသိသည် သူ၏ဓား၌ လာရောက် ပေါင်းစပ်၏။

ဓားသည် လေကို ခွင်းလာခဲ့လျှင် ဓားသမားသည် မျက်နှာ ပြာနှမ်းသွား၏။ အကယ်၍ ရီဝူချင်းကသာ သူ၏ဓားအသိကို ပေါက်ကွဲစေခဲ့လျှင် သူသည် သေချာပေါက် သေဆုံးသွား ခဲ့ပေလိမ့်မည်။

သူတို့အုပ်စု ရှေ့သို့ ဆက်လက် သွားကြသည်။ သူတို့က လီဟန်ဓားနန်းတော် ၃၃လွှာအား ချိုးဖျက် လိုကြ၏။ ဓားသမားများ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရကာ နောက်ဆုတ် သွားခဲ့ကြသည်။ တောင်ခြေမှလည်း လူအများ အပြားက သူတို့အား စောင့်ကြည့် နေကြ၏။ ထိုနေရာမှပင် သူတို့က ပြိုင်ဘက်ကင်း ဓားအသိကို ခံစားမိကြသည်။ မှန်သည် … သူတို့နောက်တွင် အလွန်တရာ စွမ်းအားကြီးသော တစ်စုံ တစ်ယောက် သည်လည်း လိုက်ပါလာ နေ၏။

ထိုအခိုက်တွင် လီဟန်ဓား နန်းတော်၏ ၃၃လွှာ၌ မည်သည့်ဓား အသိမှ ရှိမနေခဲ့ပေ။ ထိုနေရာတွင် တစ်လောကလုံး၌ လူတစ်ယောက် တည်းသာ ရှိနေသည့်အလား။ သူကား မျက်လုံးများ မှိတ်ကာ ငြိမ်သက်စွာ ထိုင်နေသည်။

သူကား ဝမ်ချွန်း ဖြစ်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင် လူတစ်ယောက် ပေါ်လာသည်။ သူက ထိုနေရာတွင်ပင် အေးဆေးစွာ ရပ်၏။ သူ့ထံမှ မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ ထွက်ပေါ်လာခြင်း မရှိသော်လည်း သူ့ထံမှ ထူးခြားမှု တစ်ခုခုကို ပေးသည်။

အင်ပါယာရှားဘုံ အတွင်းမှ အကောင်းဆုံး ဓားသမား ဖြစ်သော လီဟန် ဓားသမားသည် သူ၏ ကျင့်ကြံခြင်းခရီးမှ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူ့ကို ဘာလို့ လာပြီး တိုက်ခိုက် ခိုင်းတာလဲ  သူက မေးသည်။

“ကောင်းကင် ၃၃ လွှာက ကောင်းကင် အထက်က ကောင်းကင်လို့ ဆိုကြတယ်။ ဆရာ ပြောဖူးတာက လူအထက်က လူတွေ ရှိတယ်။ ကောင်းကင် အထက်က ကောင်းကင် ရှိတယ်။ လီဟန်ဓား နန်းတော်ကလူတွေက ကျွန်တော်ဟာ ပြိုင်ဘက် ကင်းတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဓားပညာက မသန့်စင်ဘူး။ ကျွန်တော့်ရဲ့ အလေ့အထကို ချိုးဖျက်ဖို့ တစ်စုံတစ်ယောက် လိုအပ်တယ်” ဝမ်ချွန်းက ဆိုသည်။

“မင်းက အနိုင်လိုချင်တာလား  အရှုံး လိုချင်တာလား ” လီဟန်ဓားသမားက မေးသည်။

“နှစ်ခုလုံး မဟုတ်ဘူး  ကျွန်တော့် ဓားပညာက အမှား မရှိတာကိုပဲ  လိုချင်တယ်” ဝမ်ချွန်းက ဖြေသည်။

“မင်းက ဓားပညာမှာ ခြေတစ်လှမ်း လိုနေသေးတယ်” လီဟန် ဓားသမားက မေးမြန်းသည်။

“ဟုတ်ကဲ့” ဝမ်ချွန်းက ခေါင်းညိတ်သည်။

“မင်းက လီဟန်ဓား နန်းတော်သို့ သူ့ကို ဖိတ်ခေါ်ပြီးတော့ တစ်လောကလုံးက လူတွေရဲ့ရှေ့မှာ မင်းရဲ့  စိတ်ဓာတ်ခိုင်မာမှုကို သက်သေပြဖို့နဲ့ မင်းရဲ့ အမှားကင်းမှုကို သက်သေပြဖို့ အရှုံးကို ရှာဖွေတယ်။ တကယ်လို့ မင်းရဲ့ အကန့်အသတ်ကို ကျော်လွှားပြီးတော့ အရှုံးကနေ အောင်မြင်မှုကို ရရှိနိုင်ရင် မင်းဟာ သေချာပေါက် လီဟန်ဓား နန်းတော်ရဲ့ အတော်ဆုံး ဓားသမား ဖြစ်လာမှာပဲ” လီဟန်ဓားသမားက တည်ငြိမ်စွာ ပြောဆိုသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset