တိုက်ပွဲက ဖြစ်နေဆဲပင်။
သွေးကြောတောင်၏ တခြားတဘက်က ဖိနှိပ်ခြင်းစည်းတံဆိပ်က ကျိုးပျက်လုနီးပါးဖြစ်နေလေပြီ။
တစ်ခုတည်းအဖြစ်စည်းလုံးနေသည့် နယ်နိမိတ်မဲ့နယ်မြေတခုလုံးက တိုက်ပွဲ၀င်ရန်အသင့်ဖြစ်နေပါသည်။
နောက်ဆုတ်ခဲ့ရသည့်အကြီးအကဲများဖြစ်စေ၊ အရမ်းအဆင့်မြင့်မားသည့်အကြီးအကဲများဖြစ်စေ၊ ခရီးထွက်လှည့်ပတ်နေကြသည့် စွမ်းအားရှင်များဖြစ်စေ၊ သီးသန့်နေရာထိုင်ရာကနေ နယ်နိမိတ်မဲ့နယ်မြေသို့ပြန်လာကြပြီး တိုက်ပွဲကြီးတခုနှင့် တွေ့ဆုံကြသည်။
တခြားနယ်မြေလေးများမှာမူ နယ်နိမိတ်မဲ့မင်းဆက်က ကူညီထောက်ပံ့ပေးထားသော်လည်း အားလုံးကိုခုခံနိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။
သိမ်းပိုက်ထားပြီးဖြစ်သည့် နယ်မြေခြောက်ခုပင်ရှိလာပြီဖြစ်သည်။
ထိုသိမ်းပိုက်ထားသည့်နယ်မြေများ၌ ကျင့်ကြံသူအားလုံးက အစာ၊ အာဟာရများအဖြစ် ဆက်ဆံခံရသည်။
ထိုအချိန်တွင် သတင်းကိုမုဖူရှန်းယူလာခဲ့သည်။
ဧကရာဇ်မုကျန်းထင်ကိုယ်တိုင်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
သိုင်းဧကရာဇ်နှင့်အထက်အဆင့်အုပ်စုတစ်စုကို ခွဲထုတ်မည်ဖြစ်ပြီး သဟဇာတတာအိုနယ်ပယ်စွမ်းအားရှင်တစ်ယောက်က ဦးဆောင်ကာ မိစ္ဆာမျိုးနွယ်များ၏ တိုက်ခိုက်ခြင်းကို ခံရသည့်နယ်မြေများကို ကူညီထောက်ပံ့ပေးရမည်။
ထိုသိမ်းပိုက်ခံထားရသည့်နယ်မြေခြောက်ခုကိုမူ ယခုလောလောဆယ်က နယ်နိမိတ်မဲ့မင်းဆက်က ဘေးဖယ်ထားရသည်။
မည်သို့ပင်ဆိုစေကာမူ လူအင်အားကမလုံလောက်ပါ။
သွေးကြောတောင်ကို အားကောင်းသည့်လူများက စောင့်ကြပ်ရန်လိုနေသေးသည်။
ယခုသူတို့လုပ်ရမည်က နယ်မြေပြင်ပကမိစ္ဆာများ ဆက်လက်သိမ်းပိုက်လာမည့် အရေးကနေ ကာကွယ်တားဆီးရန်ပင်။
အဆင့်နိမ့်ကြယ်နယ်မြေက တခြားနယ်မြေများသာ သိမ်းပိုက်ခံရမည်ဆိုပါက နယ်နိမိတ်မဲ့နယ်မြေ ထိုအချိန်တွင် ရင်ဆိုင်ရမည်က သွေးကြောတောင်အပြင်ဘက်တွင် ချိတ်ပိတ်ခံထားရသည့် မိစ္ဆာများတင်မက နယ်မြေပြင်ပကမိစ္ဆာများလည်း ပါ၀င်လာပေလိမ့်မည်။
ဒီမြင်ကွင်းက နယ်နိမိတ်မဲ့မင်းဆက် မမြင်တွေ့လိုသည့်မြင်ကွင်းတခုပေတည်း။
ယဲ့ချိုးပိုင်ရောက်လာစဉ် ထိုစကားကို ကြားလိုက်ရသည်။
“ငါတို့လည်းသွားဖို့လိုတာလား”
မုဖူရှန်းကခါးသီးစွာပြုံးသည်။
“သွားရမှာ အစ်ကိုမဟုတ်ပါဘူး၊ ကျွန်တော်သွားရမှာ၊ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့က နယ်နိမိတ်မဲ့နယ်မြေက ပိုင်ဆိုင်တဲ့ အင်အားစုတခုမဟုတ်ဘူးလေ၊ အစ်ကိုက အဖေဖြစ်နေမယ်ဆိုရင်တောင် တိုက်ရိုက် အမိန့်ပေးဖို့ဆိုတာကမလွယ်ကူဘူးလေ”
“ဘေးကဟုန်ရင်ကလည်းပြုံးလိုက်သည်။
“မောင်လေးအဖေဆိုလိုတာက အစ်မတို့ကို လွှတ်ပေးချင်တာလား”
“မောင်လေးက အစ်မတို့ရဲ့ဂျူနီယာဆိုတာ သူသိတယ်၊ မောင်လေးကို စေလွှတ်သရွေ့ အစ်မတို့က ငြင်းနိုင်မှာမဟုတ်ဘူးလေ”
မုဖူရှန်းခေါင်းညိတ်သည်။
“မှန်ပါတယ်၊ သူကျွန်တော့်ကိုအပြင်ထွက်ပြီး အချိန်ခဏတာလောက် လေ့ကျင့်စေချင်တာ၊ ဒီလိုဆိုရင် စစ်ပွဲစတင်လာတာနဲ့ ကျွန်တော်လည်း ပိုပြီးအားကောင်းလာလိမ့်မယ်တဲ့”
မုဖူရှန်းပင်ကိုယ်စရိုက်အရ ယခုလိုအန္တရာယ်များသည့်အရာမျိုးကို လုပ်ခိုင်းခြင်းက သူ့အား အတော်လေး၀မ်းနည်းစေသည်။
ထိုလူက သူ့အဖေရင်းဖြစ်နေသည်။
ရှီရှန်းမေးသည်။
“ဘယ်နယ်မြေကို ငါတို့အရင်သွားသင့်လဲ”
ရှောင်ဟိုင်လက်သီးများကို ပွတ်သပ်ရင်း စပ်ဖြီးဖြီးပြုံးလိုက်သည်။
“ငါကလည်း အခုဘယ်လောက်အားကောင်းနေပြီလဲဆိုတာ စမ်းသပ်ချင်နေတာနဲ့ အတော်ပဲ”
ဟုန်ရင်၊ နင်းချန်ရှင်းနှင့်ယဲ့ချိုးပိုင်တို့ကလည်းပြုံးကာ မုဖူရှန်းအားကြည့်လိုက်၏။
သူ့အစ်ကိုအစ်မများက လုံး၀မငြင်းဆန်ကြသည်ကိုမြင်ရသောအခါ မုဖူရှန်း စိတ်မလှုပ်ရှားဟုပြောပါက မုသားပြောရာ ကျပေလိမ့်မည်။
သို့စေကာမူ သူကရိုးသားစွာပြောသည်။
“အေးခဲညနယ်မြေ”
“အသင်းကို ကြယ်ကြွေဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဟဲကျိတုံက ဦးဆောင်လိမ့်မယ်”
ဟဲကျိတုံက ဓားသိုင်းနယ်ပယ်တွင် အန္တိမဓားနယ်ပယ်တ၀က်အဆင့်ကိုကျော်နေပြီဖြစ်ကာ တချိန်တည်းမှာပင် တာအိုနယ်ပယ် အစောပိုင်းအဆင့်စွမ်းအားရှင်တစ်ဦးလည်းဖြစ်သည်။
ဤအေးခဲညနယ်မြေက အဆင့်နိမ့်ကြယ်နယ်မြေများအကြား အတော်လေးအားနည်းသည့် နယ်မြေတခုဖြစ်သည်။
သို့သော် မည်မျှပင်အားနည်းစေကာမူ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေနှင့် လူရိုင်းနယ်မြေတို့ထက်တော့ အားကောင်းနေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ အေးခဲညနယ်မြေက အာရုံထွေပြားခြင်းနယ်ပယ် စွမ်းအားရှင်တစ်ယောက် တာ၀န်ယူထားရသည့် နေရာတခုဖြစ်သည်။
ထိုလူက အေးခဲညနယ်မြေ၏ အုပ်ချုပ်ရေးအင်အားစုဖြစ်ပြီး အေးခဲညအင်ပါယာ၏ ခေါင်းဆောင်ဟောင်းဖြစ်သည်။
ယဲ့ချိုးပိုင်မေးလိုက်သည်။
“ဘယ်အချိန်စထွက်မှာလဲ”
မုဖူရှန်းစကားပြောသည်ကိုပင် စောင့်မနေတော့ဘဲ ကျော၌ဓားလွယ်ထားသည့် အဖိုးအိုက တံခါးကနေ ၀င်လာပြီး ခပ်ပေါ့ပေါ့ပြောလိုက်သည်။
“အရမ်းနောက်မကျသေးဘူး၊ အခုသွားကြရအောင်”
ဂျီဂျီကလည်း အဖိုးအိုနောက်တွင်ရှိသည်။
ဂျီဂျီလည်း ဤကူညီထောက်ပံ့ရေး၌ ပါဝင်မှာ သိသာထင်ရှားနေသည်။
လူများစွာက တစ်ဦးကိုတစ်ဦး စိတ်ပျက်လက်ပျက်ကြည့်လိုက်ကြပြီးနောက် အကူအညီမဲ့စွာထရပ်လိုက်ကြသည်။
နည်းလမ်းမရှိတော့ဘူးလေ၊ အလုပ်လုပ်ကြတာပေါ့!
အခုအနားယူနေရင်လည်း အနားယူနေတာပဲလေ!
သွားပြီးလေ့ကျင့်ရင်တောင် ငါတို့ရဲ့ခွန်အားကို မြန်မြန်မြှင်တင်နိုင်မှာပဲလေ!
ချက်ချင်းဆိုသလို လူများစွာကထွက်သွားကြသည်။
စံအိမ်အပြင်၌ ဧရာမအာကာသယာဉ်တစင်းဆိုက်ကပ်ထားသည်။
ထိုယာဉ်ကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပုံရပြီး အဆင့်ကသေချာပေါက်မနိမ့်ပေ။
ယာဉ်ပေါ်တွင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က ရင်းနှီးနေသည့်ပုံရိပ်တခုကို တွေ့လိုက်ရသည်။
အမျိုးသမီးတွင် ရဲရဲတောက်အသွင်အပြင်တခုရှိနေပြီး ခရမ်းရောင်ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားလေရာ သူမ၏ရေမြွေကဲ့သို့ ရဲရဲတောက်ကိုယ်ခန္ဓာမှ ကောက်ကြောင်းများစွာကို ပြတ်သားစွာပင် ပုံဖော်ထားလေသည်။
မီးလျှံနီကဲ့သို့နှုတ်ခမ်းအစုံပိုင်ဆိုင်ထားကာ ဆူးရွက်ကဲ့သို့မျက်ခုံးများနှင့်အတူ မျက်ရည်ရွှမ်းလုနီးပါး မျက်လုံးများက အနည်းငယ်ညို့ယူဖမ်းစားနေသည်။
ဤအမျိုးသမီး၏ ပုံပန်းသဏ္ဍာန်တခုတည်းကပင် မုဇီရှင်းနှင့်ဟုန်ရင်တို့ထက် မလျော့နည်းပေ။
စိတ်နေစိတ်ထားကသာကွဲပြားသည်။
ရှီရှန်းအနည်းငယ်အံ့ဩသင့်သွားသည်။
“ခင်ဗျားက ရှန်ကျင်းကုန်သည်များအသင်းကမလား၊ ဘာလို့ဒီမှာရှိနေရတာလဲ”
ထိုအမျိုးသမီးက ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မသုံ့ရှောင်ချင်းပေတည်း။
သုံ့ရှောင်ရှင်း ပါးစပ်လေးကိုပိတ်ကာ ပေါ့ပေါ့လေးပြုံးလိုက်စဉ် ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းနေသည်။
သူမက ရွှံ့နွံ့များဖြင့်ညစ်ပတ်နေခြင်းမရှိသည့် အစိမ်းရောင်ကြာပန်းလေးတစ်ပွင့်အလားပင်။
ဤဆန့်ကျင်ဘက်စိတ်နေအသွင်အပြင်နှစ်ခုက သုံ့ရှောင်ချင်း၏ကိုယ်ထဲတွင် အင်မတန်ကို သဟဇာတဖြစ်နေသည်။
သုံ့ရှောင်ရှင်းမေးလိုက်သည်။
“ရှင် ကျွန်မနာမည်ကိုတောင်မမှတ်မိဘူးလား”
ရှီရှန်းခေါင်းကုတ်လိုက်သည်။
“သုံ့ရှောင်ချင်းပါ”
သုံ့ရှောင်ချင်း မိတ်ဆက်လိုက်သည်။
“ကျွန်မဒီမှာရှိနေရတာက ဒီထောက်ပံ့ရေးအဖွဲ့၀င်တစ်ယောက်ဖြစ်နေလို့ပေါ့”
ယဲ့ချိုးပိုင်ပြောလိုက်သည်။
“သခင်မလေးသုံ့က နယ်နိမိတ်မဲ့မင်းဆက်၏ စီရင်ပိုင်ခွင့်အောက်မှာ ရှိမနေဘူးမလား”
သုံ့ရှောင်ချင်းခေါင်းညိတ်သည်။
“တကယ်တော့ ဒီလုပ်ဆောင်မှုကို ကျွန်မစခဲ့တာပါ”
“ဟမ်၊ ဘာလို့လဲ”
“အေးခဲညနယ်မြေမှာ ရှန်ကျင်းကုန်သည်များအသင်းရဲ့ စီးပွားရေးရှိတယ်လေ၊ အခုနယ်မြေပြင်ပကမိစ္ဆာတွေက ထိုးဖောက်နေတော့ တစ်ယောက်ယောက်လွှမ်းမိုးချုပ်ကိုင်ထားဖို့ လိုအပ်နေပြီပဲလေ*
ထိုစကားပြောပြီးသောအခါ လူတိုင်းနားလည်သွားကြသည်။
တကယ်တမ်းတွင် ရှန်ကျင်းကုန်သည်များအသင်း၏ ယာဉ်တန်းကို အဆင့်နိမ့်ကြယ်နယ်မြေတခုလုံး၏ တ၀က်ကျော်၌ ဖြန့်ကြက်ထားသည်။
ထို့ကြောင့် အေးခဲညနယ်မြေကလည်း ခြွင်းချက်မဟုတ်ပါ။
လူရိုင်းနယ်မြေနှင့် ကောင်းကင်ဘုံဝိဉာဉ်နယ်မြေတွင်မူ အရင်းအမြစ်များက အတော်လေးနည်းပါးပြီး ခွန်အားကလည်း အရမ်းအားနည်းလွန်းလေရာ ရှန်ကျင်းကုန်သည်များအသင်းက ထိုနေရာများ၌ ဈေးကွက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် အချိန်နှင့်အရင်းအမြစ်များကို မဖြုန်းတီးချင်ပေ။
သုံ့ရှောင်ချင်းက သူမ၏ဖြူဖွေးနူးညံ့သည့် ကြာမြစ်သဖွယ်လက်မောင်းများအား ဝှေ့ယမ်းရင်း အပြူံးဖြင့်ပြောသည်။
“ကျွန်မကိုဒီလိုမကြည့်ပါနဲ့၊ ကျွန်မကလည်း အားမနည်းပါဘူးနော်”
ဂျီဂျီကဘေးကနေခေါင်းညိတ်သည်။
“မှန်ပါတယ်၊ သူတော်စင်သခင်မလေးကလည်း ထင်ရှားတဲ့ပါရမီရှင်တစ်ယောက်ပဲ၊ ဆေးလုံးတွေမပါဘဲ ကိုယ့်ကိုကိုယ်အားကိုးရင်း သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကိုတောင်ရောက်နေပြီ”
ဒါကလူတိုင်းကို အံ့ဩသင့်သွားစေသည်။
ကြယ်ကြွေဓားဂိုဏ်း၏ မဟာအကြီးအကဲဟဲကျိတုံကပြောသည်။
“အရင်နေ့ရက်ဟောင်းတွေအကြောင်းကို ပြန်သတိတရပြောချင်တယ်ဆိုရင် အာကာသယာဉ်ပေါ်အရင်ဆုံးတင်သင့်တယ်၊ ဒီကိစ္စကအရမ်းအရေးကြီးတယ်၊ အခု စစ်ပွဲတွေက နယ်နိမိတ်မဲ့နယ်မြေမှာ အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်၊ ငါတို့မြန်မြန်လုပ်ရမယ်”
လူတိုင်းခေါင်းညိတ်ကာ အာကာသယာဉ်ပေါ်တက်လိုက်ကြသည်။
အာကာသယာဉ်ကလည်း စွမ်းအင်အပြည့်အ၀ဖြင့် အမြန်နှုန်းက အတော်လေး မြန်ဆန်လေသည်။
နယ်နိမိတ်မဲ့မင်းဆက်၏ ထိပ်တန်းအဆင့်အာကာသယာဉ်ပင်လျှင် ဒီယာဉ်ထက် အနည်းငယ်အားနည်းသည်။
မုဖူရှန်းစိတ်လှုပ်ရှားစွာပြောသည်။
“ရှန်ကျင်းကုန်သည်များအသင်းမှာ တကယ်ပဲနက်ရှိုင်းတဲ့အခြေခံအုတ်မြစ်တခု ရှိနေတာပဲ”
သုံ့ရှောင်ရှင်းရယ်မောလိုက်သည်။
“ဒီလိုဆိုရင် အရှင်မင်းသားနန်းတက်ပြီးတဲ့အခါကျရင် ကျွန်မတို့ရဲ့ရှန်ကျင်းကုန်သည်များအသင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်အောင်လုပ်မယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ”
မုဖူရှန်းထောင်ချောက်ထဲတွင်ကျမသွားဘဲ ခေါင်းခါယမ်းသည်။
“ထီးနန်းကို ကျုပ်ဆက်ခံရမလား မဆက်ခံရဘူးလားဆိုတာ ကျုပ်လည်းမသိဘူးလေ”
နှစ်ရက်ကြာအဆက်အသွယ်များနှင့် ပြင်ပအခြေအနေရပ်များကြောင့် ကံကောင်းစွာပင် သူတို့က ထိုကာလအတွင်း အာကာသမုန်တိုင်းများနှင့် မကြုံခဲ့ရပေ။
ထို့ကြောင့်နှစ်ရက်အတွင်းရောက်လာခဲ့ကြသည်။
သို့သော် အေးခဲညနယ်မြေသို့ရောက်လာသောအခါ လူတိုင်း၏အခြေအနေက အထွပ်အထိပ်ကိုပင် ရောက်နေလေပြီ။
တချိန်တည်းမှာပင် နယ်နိမိတ်အပြင်ပတွင် အေးခဲည်မြေ၏အပြင်ပက မြူခိုးနက်များဖြင့် ရစ်ဝဲနေသည်ကို အနှီမျက်လုံးဖြင့် မြင်နေရသည်။
မြူခိုးနက်ထဲတွင် မိစ္ဆာစွမ်းအားများက လွှမ်းမိုးခြယ်လှယ်နေကြသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ဟဲကျိတုံ၏မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒများပြသလာပြီး အန္တိမဓားဆန္ဒတ၀က်အဆင့်က ထိုအချိန်မှာပင် ထွက်ပေါ်လာသည်။
“အားလုံးသတိထားကြ၊ အထဲ၀င်ကြမယ်”
အပိုင်း(424) coming။