ဧည့်ကြိုလေး၏ မျက်နှာ ဖြူလျော့်သွားပြီး ဒူးထောက်ကျသွားသည်။ သူ့အသက်ရှူနှုန်းများလည်း မမှန်တော့ပေ။
‘လာနောက်နေတာလား။ မင်းကိုမသတ်ချင်ဘဲနေမလား။ စိတ်ဝိညာဉ်ကျောက် ၄သိန်းကျော်တောင် သတ်ချင်တာပေါ့။ ဒီအကြောင်းက သတ်ဖို့ မလုံလောက်ဘူးလား’
သို့ဖြင့် အလျင်အမြန်ပြောလိုက်သည်။ “နောက်ထပ်ဧည့်ကြိုတစ်ယောက် ချက်ခြင်းခေါ်ပေးပါ့မယ်”
သူ့မှာ သတ်ဖြတ်ချင်စိတ်များရှိနေတယ်ဆိုတာ သူ့ဟာသူ သေချာသွားပြီး ဧည့်ကြိုလေး မနေရဲတော့ပေ။ ဒါကြောင့် ထထွက်သွားရန်လုပ်တော့၏။
ဧည့်ကြိုလေး၏ ပုခုံးကို စုရှောင်ရှန်လှမ်းကိုင်လိုက်ရာ သူက ကိုယ်ကို ကိုင်းညွှတ်ပြီးတော့ ရှောင်ထွက်သွားရန်လုပ်လိုက်သည်။
သို့ပေမယ့် စုရှောင်ရှန်၏ လက်များက ရွှေ့မရသည့် တောင်တန်းကြီးအလား တုတ်တုတ်မျှ မလှုပ်မယှက်ရှိနေသည်။
ဧည့်ကြိုလေး မှင်တက်သွားရကာ ‘ဘာလဲဟ။ ဒီကောင်က မူလနန်းတော်နယ်ပယ်မှာပဲမဟုတ်ဘူးလား။ ငါ့ ပုံရိပ်ယောင်နဂါးခြေလှမ်းကို ဘယ်လို ထိန်းချုပ်နိုင်သွားတာလဲ’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“မလိုပါဘူး။ ငါပြောသလိုပဲ ပြန်ခံပြောတတ်တဲ့ သတ္တိရှိတဲ့ မင်းကို ပိုကြိုက်ပါတယ်ဆို” စုရှောင်ရှန်က ပြုံးပြီးပြောလိုက်သည်။
အခြားဧည့်ကြိုတစ်ယောက်လား။ မလိုချင်ပါဘူး။ ဒီတစ်ယောက်က ပြောရဆိုရ ဈေးဆစ်ရလွယ်နေတာ ဘယ်လို အလွတ်ပေးလို့မဖြစ်မလဲ။
“သွားမယ်။ မှော်ဆေးနယ်ပယ်ဘက်ကို သွားကြည့်ကြမယ်”
မုကျစ်ရှီ နောက်ကနေ ပျော်ပျော်ရွှင်ရွှင်လိုက်သွားလိုက်၏။ အခြားတစ်ဘက်က ဧည့်ကြိုလေးကတော့ ခေါင်းငိုက်စိုက်ချကာ နက်မှောင်နေသော မျက်နှာထားဖြင့် မလိုက်ချင်လိုက်ချင် ပါလာ ပေသည်။
ကြောင်ငယ်လေးကလည်း ချီတုံချတုံဖြစ်နေပြီးမှ ဆန္ဒတို့ကို မထိန်းနိုင်တော့တဲ့အဆုံး သွားရေလေးစမ်းတများများနှင့် ပျံသန်းပြီး လိုက်သွားသည်။
နယ်ပယ်တစ်ခုနှင့်တစ်ခုအကြားမှာ စိတ်ဝိညာဉ်အစီအရင်များခံထားပေသည်။ အထွေထွေပစ္စည်းပစ္စရာနယ်ပယ်နှင့်မတူညီစွာ မှော်ဆေးနယ်ပယ်က အထားအသိုက နည်းစနစ်ကျလှသည်။
၎င်းတို့အားလုံးကို အရောင်အသွေးစုံလင်သော အခင်းများပေါ်၌ ထားရှိပြီး ဆေးပုလင်းတစ်လုံးနှင့် တစ်လုံးကိုလည်း အတော်ခွာထား၏။
အစီအရင်အတွင်းကို၀င်လိုက်တာနဲ့ ကြွယ်၀သော ဆေးရနံ့တို့ကို ခံစားရပေသည်။ ဤနေရာက ဓားရှည် (သို့) ဆေဘာများကိုင်ထားသောသူများဖြင့် ရှုက်ယှက်ခက်နေသည်။ အချိန့်လူများဆိုလျှင် သွေးများပင်စွန်းထင်နေကြကာ မှော်ဆေးနယ်ပယ်က တကယ် စည်ကားသိုက်မြိုက်လှ၏။
ဤမြင်ကွင်းကိုမြင်တော့ စုရှောင်ရှန် စိတ်သက်သာရာရသွားသည်။
တစ်ခဏအကြာ မှော်ဆေးပေါင်းစုံကိုလျှောက်ကြည့်နေပြီးနောက်မှာ အများစုက အဆင့်ကိုး၊ အဆင့်တစ်ဆယ်တည်းဆိုတာ သိလိုက်ရလေသည်။ စစ်မှန်ခြင်းနယ်ပယ်ဆေးလုံးများအတွင်းတောင် အဆင့်ရှစ် ဆေးလုံးကိုသာမြင်ရ၏။
သူ့အကြားအမြင်ဖြင့်လည်း ဆေးပုလင်းများအတွင်းမှာ ဘာဆေးလုံးမှမရှိဘဲ ဒီတိုင်း သရုပ်ပြထားတယ်ဆိုတာကို သိရသည်။
‘မတော်တဆ တစ်ခုခု ဖြစ်မှာစိုးလို့ ဒီလိုလုပ်ထားတာဖြစ်ရမယ်။ ဘာဖြစ်ဖြစ် အဆင့်ရှစ်ဆေးလုံးကတောင် အပြင်ဘက်ကမ္ဘာမှာ ဈေးအတော်ကြီးနေပြီလေ’
ထိုသို့အတွေးများဖြင့် ဧည့်ကြိုလေးဘက်ကိုလှည့်ကာ မေးလိုက်သည်။ “မူလနန်းတော် နယ်ပယ်ဆေးလုံးတွေက အပေါ် နှစ်ထပ်မှာလား”
“ဟုတ်ပါတယ်ဗျ”
တိကျသေချာတဲ့ အဖြေရတာတောင် စုရှောင်ရှန် အပေါ်ထပ်ကို မတက်သွားလိုက်ပါပေ။ ယခု ရွှေနီဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးလုံးများ၏ ဈေးနှုန်းကိုကြည့်ရသလောက်တော့ စစ်မှန်ခြင်းဆေးလုံးနှင့် မူလနန်းတော်ဆေးလုံးတို့၏ တန်ဖိုးကို ခပ်ရေးရေးလေး ခန့်မှန်းနိုင်နေ၏။ “ငါမင်းတို့စီမှာ ဆေးလုံးတွေရောင်းချင်တယ်ဆိုရင် ဘယ်လို ယူလဲ”
“ရောင်းမှာလား” ဤပြဿနာကောင်က မှော်ဆေးပညာရှင်များလား တွေးမိပြီး ဧည့်ကြိုလေး တုန်လှုပ်သွား၏။
အလျင်အမြန်ပဲ သတိပြန်လည်လာကာ ရှင်းပြလိုက်သည်။ “ ကျွန်တော်တို့က ဈေးကွက်ဈေးနှုန်းနဲ့ပဲ ၀ယ်ယူပါတယ်။ ရွှေအစည်းအရုံးက တည်ထောင်လာတာ နှစ်ပေါင်းများစွာရှိပြီလို့ ကျွန်တော်တို့ကို ယုံကြည်လို့ရပါတယ်”
“သိပါတယ် ရပါပြီ” ထိုဧည့်ကြိုလေးကို ကြား၀င်ဖြတ်လိုက်ပြီးတော့ လိုရင်းကို တည့်သွားလိုက်၏။ “မူလနန်းတော်ဆေးတစ်လုံးကို ဘယ်လောက်ပေးလဲ”
စုရှောင်ရှန်မှာ တကယ်ကော ရောင်းစရာမူလနန်းတော်ဆေးလုံးရှိရဲ့လား ဧည့်ကြိုလေး သင်္ကာမကင်းဖြစ်သွားခဲ့သည်။
‘စိတ်ဝိညာဉ်ဆေးလုံးတွေရောင်းချင်တယ်ဆိုရင်တောင် ယုံပေးဦးမယ်။ အဆင့်(၇)ဖြစ်တဲ့ မူလနန်းတော်ဆေးလုံးတဲ့လား။ လာနောက်နေတာဖြစ်ရမယ်’
ကျင့်ကြံသူများအတွက် မှော်ဆေးလုံးများက အပူတပြင်းလိုအပ်သော အရင်းအမြစ်များဖြစ်ပေသည်။ စိတ်ဝိညာဉ်ဆေးလုံးတွေတောင် အသည်းအသန်လိုအပ်တာ မူလနန်းတော်ဆေးလုံးများဆိုလျှင် ပြောစရာလိုလိမ့်မည်မဟုတ်ချေ။
ရွှေအစည်းအရူံးတောင် ဒီလိုဆေးလုံးများကို နေ့စဉ်နေ့တိုင်းရောင်းချနိုင်တယ်ဆိုတာက နှစ်ရှည်လများစွာ သိုလှောင်ထားခဲ့သောကြောင့်ဖြစ်ပြီး ယခုတောင်ဆေးလုံးသိုလှောင်မှုက ကုန်ဆုံးလုနီးပါးဖြစ်နေချေပြီ။
ယခု ဒီအကောင်က ဆေး၀ယ်မှာမဟုတ်ဘဲ ရောင်းမှာဟု ဆိုလာခဲ့၏။
“စိတ်ဝိညာဉ်ကျောက်တုံးငါးထောင်” သာမန်ကာလျှံပဲ ပြန်ဖြေလိုက်သည်။ တကယ်က သူလည်း အဲ့လောက်ကြီး မျှော်လင့်ချက်မထားပါပေ။
“ငါးထောင်ပဲလား”
၎င်းက သူတွက်ထားတာနှင့် ကွဲပြားနေတာကြောင့် စုရှောင်ရှန်မျက်ခုံးများပင့်လိုက်၏။
ဤနေရာတွင် စိတ်ဝိညာဉ်ဆေးလုံးကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ၊ ရွှေနီဆေးလုံးကို နှစ်ရာမှ သုံးရာ ရောင်းချပေသည်။ ၎င်းတို့က စတင်ခြင်းနယ်ပယ်ဆေးလုံးများသာဖြစ်ကာ စစ်မှန်ခြင်းနယ်ပယ်အတွက်မဟုတ်ပေ။
ရွှေဆေးပုလင်းလေးထဲမှာ ထည့်ထားသည့် အဆင့်(၈) စစ်မှန်ခြင်းဆေးလုံးကတောင် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တောင်ရောင်းချတာ မူလနန်းတော်လို အဆင့်(၇)ဆေးလုံးကို ၀ယ်ယူတဲ့ဈေးက ပေါလှချေလား။
“မင်းတို့က ငါးထောင်ပေးတယ်ဆိုတော့ ရောင်းတော့ရော ဘယ်လောက်နဲ့ပြန်ရောင်းတာတုန်း” စုရှောင်ရှန်မေးသည်။
“တစ်သောင်း”
ထိုကိုးရှင်းသော တည့်တိုးဆန်သည့် အဖြေက စုရှောင်ရှန်ကို အငိုက်ဖမ်းသွား၏။ ဒါဆိုရင် သူတို့ ၀ယ်သူတဲ့ဈေးနှုန်းထက် ရွှေအစည်းအရုံးက နှစ်ဆတောင်မြတ်နေတာပေါ့။
လောဘကြီးလိုက်တာ။
ဧည့်ကြိုလေးက စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ “မှော်ဆေးနဲ့ဆိုင်လာရင် ဆေးအဆင့်က အရေးကြီးသလို အရည်အသွေးက အရေးကြီးတယ်လေ။ လမ်းဘေးမှာ ရောင်းတဲ့ဆေးလုံးတွေလိုတော့ အန္တရာယ်ရှိလားဘာညာမသိရတာမဟုတ်တော့ ဈေးပေါမနေဘူးပေါ့။ ကျွန်တော်တို့ ရွှေအစည်းအရုံးမှာလည်း မှော်ဆေးဖော်စပ်သူတွေရှိတယ်။ ဒါကြောင့် ဆေးတစ်လုံးချင်းစီတိုင်းရဲ့ အရည်အသွေးကို အပြည့်အ၀ အာမခံတယ်။ မဟုတ်ရင် တစ်ခုခုဆို ရွှေအစည်းအရုံး နာမည်ပျက်မှာပေါ့”
စုရှောင်ရှန် စိတ်လှုပ်ရှားလာပြီးတော့ “ဆိုတော့ မင်းတို့အစည်းအရုံးရဲ့ မှော်ဆေးဖော်စပ်သူဖြစ်လာရင်ရော ဒီဈေးအတိုင်း ၀ယ်တာလား”
“ဘယ်ဟုတ်မလဲ”
စုရှောင်ရှန် ဘာတွေးနေသလဲ ဧည့်ကြိုလေးသိပေမယ့် သူ့လှောင်ပြောင်ချင်စိတ်များကို အတွင်းမှာပဲ သိမ်းထားလိုက်ပြီး စိတ်ရှည်ရှည်နှင့် ရှင်းပြတော့သည်။
“ရေရှည်ဆက်ဆံရေးကိုတည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ဈေးကွက်ဈေးနှုန်းပေး၀ယ်မှာတင်မဟုတ်ဘူး ရှေအစည်းအရုံးက ဘယ်ပစ္စည်းကိုမဆို ၀ယ်မယ်ဆိုရင် ခင်ဗျားရဲ့ မှော်ဆေးပညာရှင် အဆင့်အပေါ်မှာမူတည်ပြီး အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းကစလို့ လျော့ဈေးပေးသွားမယ်”
မုကျစ်ရှီ မှင်တက်သွား၏။ သူမ၏ ဦးနှောက်သေးသေးလေးက ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင်တောင်မှ ရွှေအစည်းအရုံးဟာ စိတ်ဝိညာဉ်ကျင့်ကြံသူတွေကို အလေးပေးတဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းပြောနိုင်ပေသည်။
“နှစ်ဆယ်ရာခိုင်နှုန်းတောင်ပေါ့”
ဧည့်ကြိုလေးက သူမကို အသာအယာ ပြုံးပြလိုက်ကာ “မဟုတ်ဘူး။ အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းပြောတာ”
ဟူးးးး…။
ကလေးမလေးက လေအေးများကို အဆုတ်တစ်ဆုံး ပင့်သက်ရှိုက်လိုက်ပြီးတော့ “ဒါတောင်အနည်းဆုံးဆိုရင် အများဆုံးက ကိုးဆယ်၊ တစ်ရာလောက်လား”
ဧည့်အကြိုလေး စိတ်မရှည်မှုကိုမပြသပါပေ။ စုရှောင်ရှန်က ဘ၀င်ခိုက်နေတယ်လို့ထင်ပေမယ့် စောနက သူ၏ လက်ထဲက ရုန်းမထွက်နိုင်တာကိုကြည့်ပြီး ရိုးရှင်းတဲ့လူတွေမဟုတ်တာတော့သိနိုင်သည်။
ဒါဖြင့် အကြောင်းဖန်ပြီး မှော်ဆေးပညာရှင်တွေဖြစ်နေရင် ရေရှည်ဆက်ဆံရေးမတည်ဆောက်နိုင်တောင်မှ စီပွားရေးသမားကောင်းပီပီ အဆက်အသွယ်ကောင်းလေးတစ်ခုလုပ်ထားရပေမည်။
“ဟုတ်ပါတယ်။ အနည်းဆုံးက နှစ်ဆယ်ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးက မှော်ဆေးပညာရှင် အဆင့်အတန်းပေါ်မူတည်ပြီး အလကားလည်းဖြစ်နိုင်ပါတယ်”
“ရပြီ” စုရှောင်ရှန် လက်ဆန့်ထုတ်ပြလိုက်ပြီးတော့ စိတ်မရှည်စွာမေးလိုက်သည်။ “ဘယ်လို လိုအပ်ချက် လိုအပ်မလဲပဲပြောတော့”
ဧည့်အကြိုလေးက “ပထမအချက်အနေနဲ့ မှော်ဆေးပညာရှင်များအစည်းအရုံးက အသိအမှတ်ပြုတဲ့ သက်ဆိုင်ရာ မှော်ဆေးပညာရှင် တံဆိပ်ပြားရှိရမယ်”
“သွားစို့” နောက်လှည့်ကာ မုကျစ်ရှီကိုဆွဲပြီး ခြေလျှင်ထွက်သွားတော့သည်။
ဧည့်ကြိုလေး မှင်တက်သွား၏။
ဘာဖြစ်နေတာလဲ။ သူပဲမေးခွန်တွေအများကြီးမေးပြီးတော့ ဆုံးအောင်လည်း နားမထောင်သွားကြဘူး။
အနည်းဆုံးတော့ ကျေးဇူးလေးတင်သွားပါဟ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“သွားတော့မှာလား။ ကြွပါဗျ”
သူ့စိတ်ထဲက မကျေနပ်ချက်များကို ဖိနှိပ်ပြီးတော့ ကျွမ်းကျင်သူတို့၏ အပြုံးတစ်ခုကိုဆင်မြန်းကာ ဧည်ကြိုလေး ဆိုလိုက်သည်။
လှေကားပေါ်မှ စုရှောင်ရှန် ဆင်းနေရင်း ရုတ်တရက် တုံ့ခနဲရပ်သွားပေသည်။ ထို့နောက် ဘာမပြောညာမပြော မုကျစ်ရှီ၏ အရပ်ကို တိုင်းကာ “ဒီအရပ်နဲ့မတိမ်းမယိမ်းလေး အ၀တ်အစား အထည် တစ်ထောင် လောက်ပေး”
ဧည့်ကြိုလေး ပဟေဠိဖြစ်သွားပေသည်။
“အမြန် မင်းမှာ အမွှေးတိုင် တစ်တိုင်ထွန်းစာအချိန်ရမယ်။ ငါသိပ်မအားဘူး။ သာမန်အ၀တ်အစားတွေဆိုရင်တောင်ဘာမှမဖြစ်ဘူး”
စုရှောင်ရှန် အလျင်လိုနေ၏။ ကျဲအတွက်အ၀တ်အစားက အရည်အသွေးကောင်းနေစရာမလိုပါပေ။ ဘာဖြစ်ဖြစ် သူတိုက်ခိုက်မယ်ဆိုရင် ပြဲသွားမှာပဲမဟုတ်လား။
ဒါကြောင့် အရည်အတွက်တစ်ခုတည်းနဲ့လည်းဖြစ်ပါသည်။
ဧည့်ကြိုလေး အပြေးလေး သူ့ကို ပေးတဲ့တာ၀န်ကို ထမ်းဆောင်လိုက်သည်။
မုကျစ်ရှီလည်း နားမလည်နိုင်စွာ ခေါင်းလေးအသာစောင်းပြီးတော့ “အ၀တ်အစားတွေက ငါ့အတွက်လား”
“ကလေးအတွက်”
“အာ… အဲ့ဒီကလေးပဲလုပ်ပြန်ပြီ ဘယ်မှာလဲ သူက”
“တိတ်တိတ်နေစမ်းပါ”
စုရှောင်ရှန် လက်ကိုဝှေ့ရမ်းပြလိုက်သည်။ ဧည့်ကြိုလေးကို အဝေးသို့ ပို့လိုက်ပြီးနောက်မှာ သူ့လက်ဖြင့် စတင်ရေတွက်ကြည့်လေသည်။ ထိုမှ မျက်လုံးကြီးများနီရဲလာတော့၏။
မူလနန်းတော်ဆေးတစ်လုံးကို စိတ်ဝိညာဉ်တစ်သောင်းဆိုလျှင် အကြီးအကဲစန်းစီကရသော သုံးဆယ့်ခြောက် လုံး၊ ယွမ်တုစီကရသော တစ်ရာစွန်းစွန်းနှင့် ကျန်းရှင်းရှုံစီကရသော ငါးရာနီးနီးတို့က အနည်းဆုံးတော့ စိတ်ဝိညာဉ်ကျောက်တုံး ၅သန်းလောက်ရှိပေသည်။
သူ သန်းကြွယ်သူဌေးဖြစ်လာနိုင်သည်။
ဘုတ်ဟူသည့်မြည်သံဖြင့် စုရှောင်ရှန် ဖင်ထိုင်လဲကျသွား၏။