Switch Mode

အခန်း (၂၂၇)

ဘာလို့ဆို သတ်ချင်လို့ပဲ

စုရှောင်ရှန်၏ တည့်တိုးဆန်သော စကားကြောင့် သူတို့နှစ်ဦးစလုံးမှင်တက်သွားခဲ့ပြီး ဘာပြန်ပြောရမလဲ မသိကြတော့ချေ။

ကျောက်ချင်းထန်၏ အဆင့်လောက်လေးနှင့် သူ့ကို ခြိမ်းခြောက်မှုတစ်ရပ်မဖြစ်စေတာကြောင့်လည်း စုရှောင်ရှန် လစ်လျူရှူလိုက်၏။

ထိုအစား လန်ရှင်းရှီကို ကြည့်၍ “ကျန်းမျိုးနွယ်စုဆိုတော့ … နင်က ကျန်းရှင်းရှုံရဲ့ လက်အောက်ငယ်သားတစ်‌ယောက်လား”

လန်ရှင်းရှီ ဘာမှ ပြန်မပြောပေမယ့် သူမ၏ မျက်၀န်းများအတွင်း စိတ်အလိုမကျမှုတို့ကိုတွေ့ရသည်။ မကြာသေးခင်က စုရှောင်ရှန်နှင့် တွေ့တုန်းကတောင် ဒီလို လေသံဖြင့် မပြောရဲပါဘူး။ ဆေးမှားစားလာတာများလား။

“ဟုတ်တယ်” သူမ ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်ပြီး “ဘာလဲ နင်က လက်မှတ်လိုချင်လို့လား”

“လက်မှတ် ဟုတ်လား…”

စုရှောင်ရှန် ရယ်သံသဲ့သဲ့လေးပေးလိုက်သည်။ ယခင်တစ်‌ခေါက်တုန်းက သူက ယခုလောက် မသန်မာတာကြောင့် လက်မှတ် ထိုးသည့်ဖြစ်ရပ်ကို အ‌ခြေခံပြီး အသတ်ခံရမည့် အခြေအနေက ရုန်းထွက်ခဲ့သည်။

မဟုတ်လျှင် ထိုသို့နိမ့်ကျသည့် အလုပ်ကို လုပ်လိမ့်မည်လား။

“ဒါဆို ဖုန်းကုန်းနဲ့ ရှောင်းယီတို့ကို ကျန်းရှင်းရှုံလွှတ်လိုက်တာလား” စုရှောင်ရှန်က မသေချာမရေရာ မေးခွန်းထုတ်လိုက်သည်။

စုရှောင်ရှန်မေးလာမှတော့ တစ်ခုခု ‌မူမှန်တာ ကျောက်ချင်းထန် ခံစားလိုက်ရ၏။ သူဒီမှာ တိုက်ခိုက်ချင်နေတာလား။ လန်ရှင်းရှီဘာပြောပြော အခြေအနေက ထိုသို့ဦးတည်သွားမည့် လမ်းကြောင်းကိုသာ မြင်နေရသည်။

သို့ဖြင့် ပါးနပ်စွာ ကျောက်ထျင်းထန် မသိမသာလေး ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။

သူ့မျက်စိထောင့်ကနေလည်း လူ‌အတော်များများ စုစည်းလာနေကြတာကို မြင်လိုက်ရသည်။

ကြည့်ရတာ လန်ရှင်းရှီသူ့ကို လာရှာသည့် သတင်းက ပေါ်ဆန်းမွှေးချက်သလို ပြန့်သွားပုံရပေသည်။ သို့ပေမယ့် အတွင်းစည်း ထိပ်သီး (၃၃) ဦး၀င်ပါ၀င်နေတာကြောင့် အနီးနားသို့တော့ ကပ်မလာရဲကြပါချေ။

ဒါက စုရှောင်ရှန်ကို မမြင်ခင်ကဖြစ်သည်။ သူ့တည်ရှိမှုကြောင့် သူတို့လည်း ‌မအောင့်အီးနိုင်ဘဲ ရှေ့သို့ မ၀န့်မရဲ ဆက်တက်လိုက်ကြ၏။ စုရှောင်ရှန်က လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သည့်နေရာမှာ ထူးခြားသည်လို့ပြောရပေမည်။

အကြောင်းမှာလည်း စုရှောင်ရှန်ပါလာပြီဆိုတာနဲ့ နောက်နေ့ခေါင်းစည်းသတင်းက သူ၏ မယုံကြည်နိုင်ဖွယ်ရာ လုပ်ရပ်များဖြင့် တက်လာပေသည်။ ဒါကြောင့် ဦးစွာမျက်မြင်တွေ့ချင်သူများဖြစ်ကြတာ မဆန်းပါပေ။

လန်ရှင်းရှီ ထိုအမေးကို ဘယ်လိုပြန်ဖြေမလဲ လူတိုင်း မျှော်လင့်တကြီး စောင့်စားလိုက်ကြ၏။

ယခင်တစ်ခေါက် ထိုကိစ္စကိုစုံစမ်းတုန်းကလည်း စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ဘာအဖြေမှ ဟုတ်တိပတ်တိ မရေခဲ့ပါချေ။

လူတိုင်း၏ အမြင်နှင့်တခြားစီ လန်ရှင်းရှီက ခေါင်းကိုသာ အသာရမ်းကာ ဘာကိုမှ မကြောက်သည့်အလား ဖြေကြားလိုက်၏။

“ကျန်းရှင်းရှုံသူတို့ကိုလွှတ်လိုက်တာမဟုတ်ဘူး။ ငါလွှတ်လိုက်တာ။ ပြီးတော့ နင့်ကို ငါသတ်ချင်နေတာကြာပြီ”

အခြေအနေက ဒီ့ထက်ပိုပြီး ‌ကမောက်ကမ မဖြစ်လာနိုင်တော့ပေ။ အဖွင့်မှာတောင် ဤသို့ ထင်မှတ်မထားသည့် အကြောင်းအရာကို တွေ့ရ၏။

“နင်၀န်ခံတာနော်။ ကဲ စည်းကမ်းကြီးကြပ်သူတွေဘယ်မှာလဲ။ သူ့ကို အမြန်လာဖမ်းကြပါ”

လူအုပ်ကြီးက :

“အင်း…။ ငါလာတုန်းကတော့ သူတို့အားလုံး ကျူးကျော်သူ‌တွေရန်က ကာကွယ်ဖို့ သူတို့အားလုံးအလုပ်ရှုပ်နေကြတာတွေ့တာပဲ။ အတွင်းစည်းမှာတောင် လေးငါးယောက်လောက်လားပဲ ရှိတယ်”

“ဟဲယွဲ့ရှင်းက သနားစရာကောင်းလိုက်တာကွာ။ လန်ရှင်းရှီအစားတောင် ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုသွားခဲ့တာ။ အခုတော့ သူမက ဘာမှမဟုတ်သလို အမှန်တွေဖွင့်ချလိုက်တယ်တဲ့။ ဟီးဟီး စိတ်၀င်စားစရာကြီး”

“ကြည့်ရတာ ဒီနေ့လည်းပွဲဖြစ်တော့မယ်ထင်တယ်”

“ကျစ်ကျစ်… အခု စုရှောင်ရှန်ဘာလုပ်မလဲမသိဘူး။ သူအတွင်းစည်းကိုရောက်လာကတည်းက တစ်ရက်မှလည်း အေးအေးချမ်းချမ်းကို နေရတယ်မရှိဘူး။ မင်းတို့ကောမထင်ဘူးလား”

“အေးဆို ထျန်းရွမ်တံခါးထဲက ထွက်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ်ပြိုင်ဘက်ကင်းနေပြီများထင်နေလားမသိပါဘူးကွ။ သူတော့ တကယ် ကွိုင်ရှာနေတာပဲ”

“စုရှောင်ရှန်ဘယ်လောက်သန်မာလာလဲ ငါမသိပေမယ့် လန်ရှင်းရှီကိုကြည့်ရသလောက်တော့ စိတ်ပိုင်းဖြတ်ထားပုံရတယ်ကွ။ လခွမ်း စိတ်လှုပ်စရာကြီး…”

“…”

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၇]

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၂]

[စိုးရိမ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၃]

“…”

ထိုနေရာလေးက ဆူညံပူညံဖြစ်လာခဲ့သည်။ လူများတစ်စထက် တစ်စ ရောက်လာခြင်းနှင့်အတူ စုရှောင်ရှန်၏ အသိပေးချက်ဖန်သားပြင်၌လည်း အသိပေးချက်များ ဆက်တိုက်ကျလာနေခဲ့၏။

ကျောက်ချင်း‌ထန်တောင် တဖြည်းဖြည်း တံခါးနောက်ကိုရောက်သွားပြီး ပိတ်တော့မည့်စဲစဲရှိနေတာကို စုရှောင်ရှန်တွေ့လိုက်ရသည်။ ရုပ်ချည်း တံခါးအနားရောက်သွားပြီး တံခါးကြားကို ခြေထိုးထည့်လိုက်လေသည်။

“စိတ်တော့မကောင်းဘူး။ ဒါပေမယ့် မင်းသွားလို့မရသေးဘူး”

ကျောက်ချင်းထန် စွံ့အသွားရ၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

လူအုပ်ကြီးပွဲကျသွားသည်။ သူတို့သိသော စုရှောင်ရှန်သာလျှင် ထိုသို့ လုပ်လေမည်။ ဒါပေမယ့် အဲ့လိုလုပ်ပြီ သူက ဘာဖြစ်ချင်နေတာလဲ။

သူက အဆင့်ပိုမြင့်သော စစ်မှန်ခြင်းနယ်ပယ်နှစ်ယောက်နဲ့ တိုက်ခိုက်ချင်နေတာလား။ ပြီးတော့ တစ်ယောက်ကလည်း အတွင်းစည်းထိပ်သီး (၃၃) ဦးထဲက လူဟောင်းဖြစ်ပေသေးသည်။

သူရူးသွားပြီလား။

စုရှောင်ရှန် သူတို့ထင်နေသလို ရူးသွားရခြင်းမဟုတ်ပါ။ ထိုအခိုက်၌ သူအလွန်တည်ငြိမ်နေခဲ့၏။ ကိစ္စဝိစ္စတွေကို ဖြေရှင်းမယ်ဆိုမှတော့လည်း ကျူပင်ခုတ်ကျူငုတ်မချန်သင့်လေပေ။

ယခင်က သူလုံလုံလောက်လောက်သန်မာခြင်းမရှိ၍သာ ငြိမ်ခံနေခဲ့ခြင်းဖြစ်ပေသည်။ ယခုတော့ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်သာမက ကျဲလည်း သူ့ဘက်မှာ ရှိနေလေသည်။

ရဲ့ရှောင်ထျန်း၏ ကတိ‌ပြီးနောက်မှာ ကျဲကို ဆက်လက်၍ ဖုန်းကွယ်ထားရန် မလိုတော့ချေ။

သို့ဖြင့် လန်ရှင်းရှီဘက်ကို ပြန်လှည့်လိုက်ပြီး အသာပြောလိုက်သည်။ “နင်က ရိုးသား သားပဲ။ မဆိုးဘူး အဲ့တစ်ချက်တော့ကြိုက်တယ်”

“ဟင့်…” လန်ရှင်းရှီ နှာခေါင်းရှုံ့လိုက်သည်။

“ဆိုတော့ ငါဘယ်သူလဲဆိုတာ အဲ့တုန်းကတည်းက နင်သိနေတယ်ပေါ့လေ” ပြီးနောက်မှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် “နင်ဟန်ဆောင်နေခဲ့တာမလား”

စုရှောင်ရှန် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ သူ့လက်ရှိခွန်အားဖြင့် ဟန်ထုတ်နေရန် မလိုတော့ပေ။

“ဖုန်းကုန်းနဲ့ ရှောင်းယီပြီးတော့ ကျောက်ရှူကိုလွှတ်လိုက်တာလဲ နင်ဖြစ်ရမယ်” စုရှောင်ရှန်က ဆက်၍ ဖိအားပေး ပြောသည်။

ထိုစကားကြောင့် ကျောက်ချင်းထန် ဆတ်တကည်း တုန်ခါသွား၏။ ထိုသို့ဖြစ်မယ်မှန်းကို တွေးထင်ထားခဲ့ပြီးဖြစ်ပေမယ့် လန်ရှင်းရှီထံက ကိုယ်တိုင်၀န်ခံမှုကို မကြားရသေးသောကြောင့်သာ ငြိမ်နေခြင်းဖြစ်သည်။

“ဟုတ်တယ်” ကျောက်ချင်းထန်ကို စူးစူးရှရှ စိုက်ကြည့်ပြီး လန်ရှင်းရှီ ငြင်းပယ်ခြင်းမရှိ ဖြေလိုက်သည်။

ဂျစ်…။

သူမ၏ စကားကြောင့် ကျောက်ချင်းထန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ ပြီးမှ ပြန်ဖြေလျော့လိုက်ပါသည်။

စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ ယခု ကျောက်ချင်းထန်လည်း ယခင်က သူ့ကဲ့သို့ ခွန်အားအလုံအလောက်မရှိသော အခြေ‌အနေမှာ ရှိနေခြင်းဖြစ်ပေသည်။

လူအုပ်ကြီးတောင် လန်ရှင်းရှီ၏ အဖြေကို မမျှော်လင့်ထားတာကြောင့် အုတ်သော်သောင်းနင်းဖြစ်သွားကြ၏။

“ဟာ ငါနားကြားမှားနေတာလား။ လန်ရှင်းရှီ ၀န်ခံလိုက်တယ်တဲ့။ သူမ တော်တော်ကြီး စိတ်ပေါက်သွားလို့များလား”

“အင်း… ကြည့်ရ‌တာတော့ ကျောက်ချင်းထန်ပြောလိုက်တဲ့ စကားကြောင့်ဖြစ်ရမယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ဘယ်သူမှ မရှိတော့ ငါလဲ အနားမကပ်ရဲတာနဲ့ သေချာမကြားလိုက်ရဘူး”

“ငါကြားလိုက်ရတယ်။ ပြောရရင် ငါတောင်မယုံနိုင်ဘူး။ ကျောက်ချင်းထန် သူမကို အစေခံတစ်ယောက်လို့ ခေါ်လိုက်…”

လန်ရှင်းရှီ သူ့ဘက်ကို အေးတိအေးစက် မျက်၀န်းများဖြင့် စောင်းကြည့်လာတာကြောင့် ထိုသူ ပါးစပ်အလျင်အမြန်ပိတ်လိုက်သည်။

“ငါတော့သွားပြီ…”

“တောင့်ထား အရှုံးမပေးနဲ့ဦး”

လန်ရှင်းရှီ၏ အပြုအမူနှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်တာ စုရှောင်ရှန်လည်း ခံစားလိုက်ရသည်။ သူမက ပထမဆုံးတွေ့ချိန်တုန်းကလို တည်တည်ငြိမ်ငြိမ်ရှိမနေဘဲ ဆတ်ဆတ်‌ ထိမခံဖြစ်နေ၏။

သို့ပေမယ့် ဘာဖြစ်ဖြစ် သူ့အတွက်တော့ကောင်းပါသည်။ သာမန်အခြေအနေ၌ဆိုပါက သူသွားမေးရင်လည်း သူမက ၀န်ခံလိမ့်မည်မဟုတ်ပေ။

သူအတွေးနက်နေတုန်းမှာ လန်ရှင်းရှီက ထူးထူးဆန်းဆန်းပြုံးလိုက်ပြီး ဆက်လက်ဆိုလိုက်သည်။

“ငါတကယ်လွှတ်လိုက်တာက ယွမ်တုလေ။ အဲ့အကောင်က သူရဲဘောကြောင်ပြီးတော့ မလုပ်ရဲတာ ဖြစ်ရမယ်။ ကြားမှာ ကျောက်ရှူက မရည်ရွယ်ဘဲဖြစ်သွားတာပေါ့။ ဒါပေမယ့် နင်သူ့ကို ထျန်းရွှမ်တံခါးထဲမှာ တွေ့ခဲ့ပြီးပြီထင်ပါတယ်။ ဘယ်လိုလဲ သူနင့်ကို ဒုက္ခပေးသေးလား”

စုရှောင်ရှန် စိတ်အခြေအနေ မူမမှန်ဟန်ရနေသော လန်ရှင်းရှီကို မျက်နှာသေဖြင့် စိုက်ကြည့်ပြီး “စိတ်တော့မကောင်းဘူး။ သူနဲ့တောင်မတွေ့ခဲ့ဘူး”

သူ့ဟာသူ လမ်းပျောက်သွားတဲ့သူက သူနဲ့ဘာဆိုင်လို့လဲ။ စုရှောင်ရှန် ထိုသို့သာ မှတ်ထားပါသည်။

“ယွမ်တု…”

လန်ရှင်းရှီလည်း သူ့နာမည်ကို ရွတ်ရင်းက မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်တုကိုတောင် သူမ မတွေ့တာ ကြာလေပြီ။ သူ့အလုပ်ကိုပြီးမြောက်အောင်မလုပ်သဖြင့် သူမကို ရှောင်နေတာလားမသိရပေ။

ထွီး…။

‘သူ့ဟာသူဘာဖြစ်ဖြစ်ပေါ့။ သူ့လိုငကြောက်ကို ငါလည်း အသုံးမှ မလိုတော့တာပဲ’ သူမတွေးလိုက်၏။

ထို့‌နောက် လက်များကို ပြန်ဆန့်လိုက်သောအခါ အသားထဲနစ်၀င်နေသော လက်သည်းရာ ‌အပေါက်များမှ သွေးများထွက်လာခဲ့သည်။ လန်ရှင်းရှီ စိတ်ဝိညာဉ်အနှစ်တစ်ချို့ကို အသုံးပြုလိုက်ပြီး ထိုသွေးများကို လောင်ကျွမ်းစေလိုက်၏။

စုရှောင်ရှန် ဘာမှ မပြောဘဲ ငြိမ်ငြိမ်လေးကြည့်နေပါသည်။ ဒီမိန်းမက တကယ် ရူးသွပ်နေပေ၏။

“ဘာလို့ ငါ့ကိုသတ်ချင်တာလဲ။ ၀မ်ချောင်ကြောင့်လား” သူကလည်း အသာအယာပဲ ဘာမှ မမှုသလို ပြန်မေးလိုက်သည်။

“ဟီးဟီး ဟီး…”

သာမန် မိန်းကလေးရယ်သံနှင့် မတူသော သူမ၏ ကြောက်မက်ဖွယ်ရာ ရယ်သံကြောင့် လူတိုင်းကြက်သီး‌မွှေးညှင်းများထောင်ထသွားခဲ့၏။ လန်ရှင်းရှီက မျက်လုံး မျက်ဆံများတောင် ပိတ်ပြီးတော့ လှိုက်လှိုက်လှဲလှဲ ရယ်မောနေပါသည်။

“အစကတော့ ၀မ်ချောင်ကြောင့်ပဲ…။ နောက်တော့ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံ‌သူတွေကိုတောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်လေးနဲ့ သတ်နိုင်တာတွေ့ပြီး စိတ်၀င်စားသွားတယ်…”

သူမ၏ သွေး‌နီရောင်နှုတ်ခမ်းသားများကို လျက်လိုက်ပြီးတော့ နောက်ကဆက်လိုက်သည့် စကားကို စိတ်ချင်းဆက်ပြောလိုက်သည်။ သူမ၏ ညုတုတု အသံကလေးက စုရှောင်ရှန်၏ ခေါင်းထဲမှာ ပဲ့တင်ထပ်သွားတော့၏။

“ခုသတ်ချင်ရတဲ့ အကြောင်းအရင်းက နင့်ကိုငါ ကြည့်မရလို့ပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset