စာစဥ် (၂၂) အပိုင်း (၂၉၉)

ခမ်းနားတဲ့ စားတော်အုပ်ကြီး

ဝရုန်း…

ပေတစ်ရာကျော် ရှည်လျားသော ရွှေရောင် မူလချီစီကြောင်းကြီး အသွင်ဖြင့် ကျယ်လောင်စွာ မြည်ဟိန်းလျက် စီးဆင်းသွားခဲ့ပြီး ကြီးမားသော စပါးအုံး မြွေကြီးအသွင်သို့ ပြောင်းလဲသွားကာ ချောင်းစူည်အား အပြင်းအထန် ထိုးနှက် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ချောင်းစူည်းက သရော်ပြုံးပြုံးလိုက်ပြီး သူ၏ ခြေထောက်များက မြေပြင်သို့ နှစ်ဝင် သွားခဲ့သည်။

ငွေနှင်းရောင် မူလချီများကလည်း အရှေ့သို့ ထိုးခွင်းသွားခဲ့ပြီး ချေဖျက်၍ မရနိုင်သော မူလချီ စီးကြောင်းနှစ်ခု ထိပ်တိုက် ရင်ဆိုင်မိချိန်တွင် အဖျက်အစီး စွမ်းအားများ ပျံ့နှံ့သွားခဲ့ပြီး မြေပြင် တစ်ခုလုံး ဆုတ်ဖြဲ ခံလိုက်ရကာ တွင်းပေါက်များဖြင့် ပြည့်နှက် သွားခဲ့သည်။

ထိုနှစ်ခု၏ အင်အားအရာတွင် ငွေနှင်းရောင် မူလချီများက သိသာစွာပင် ပိုမိုသန်မာပေသည်။ မူလစဦး ပဉ္စမအဆင့်သို့ ရောက်ရှိနေသည့် ချောင်းရှိုး၏ မူလချီများ၏ အရည်အသွေးနှင့် သိပ်သည်းမှုမှာ ဇူယွမ်ထက် သာလွန်ပေသည်။

သို့သော်လည်း ဇူယွမ်၏ မူလချီ အဆင့်မြင့်မားမှုက ထိပ်တိုက် ရင်ဆိုင်မှုတွင် ပြဿနာ ပေးနိုင်ခဲ့ပေသည်။ ထိုအကြောင်းကြောင့် နှင်းငွေရောင် မူလချီက ရွှေရောင်မှုလချီကို လုံး၀ ချေဖျက်ရန် အချိန်ယူနေရခြင်း ဖြစ်သည်။

ရွှေရောင်မူလချီများ ဖျက်ဆီးခံလိုက်ရပြီးသည်နှင့် ပုံရိပ်ယောင် တစ်ခုက ချောင်းစူည်၏ နောက်တွင် ပေါ်လာခဲ့ပြီး စုတ်တံတစ်ချောင်း၏ အရိပ်က လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ထိုအရာမှ ငွေမျှင်ရောင် အမှင်များက ထောင်ချီသော ရေခဲအပ်များ အဖြစ်ပြောင်းလဲသွားပြီး ချောင်းစူည်၏ သေကွင်းသေကွက်များဆီသို့ ဦးတည် တိုးဝင်သွားခဲ့သည်။

“ဟမ့်၊ မင်းရဲ့ လည့်ကွက်တွေကို ငါလေ့လာပြီးသားကွ”

တောက်ပနေသော ရေခဲအပ်များက သူ၏ အနောက်ဘက်ဆီမှာ တိုးဝင်လာချိန်တွင် ချောင်းစူည်က နှာခေါင်း ရှုံလိုက်သည်။ သူ၏ လက်ကို ဆုပ်လိုက်သည်နှင့် ငွေသားဖြင့် သွန်းလုပ်ထားသည် သတ္တုကျိုင်းတုတ် တစ်ခုက သူ၏ လက်တွင် ပေါ်လာခဲ့သည်။ များစွာသော မှော်စာလုံးများကို ထိုအပေါ်တွင် ရေးထိုးထားခဲ့ပြီး ထိုကျိုးတုတ်ထံသို့ မူလချီများအား စီးဝင် စေလိုက်သောအခါ အေးစက်စက် အလင်းအများ တောက်ပလာခဲ့သည်။

ထိုငွေရောင် ကျိုင်းတုတ်ဖြင့် သူ၏ နောက်သို့ လွှဲရိုက်လိုက်လျှင် မူလချီများက ဝှီးခနဲ မြည်သံနှင့် အတူ လေထုကို ဆုတ်ဖြဲသွားခဲ့ပြီး တစ်ချက်တည်းဖြင့် အပ်များကို လွင့်စဉ်သွားစေခဲ့သည်။

ချောင်းစူည်၏ မျက်လုံးများမှာ အေးစက်နေခဲ့သည်။ သည်အချိန်တွင် ဖိအားပေး တိုက်ခိုက်ခြင်းက အဓိက ကျသည့်ကို နားလည်သည်အတွက် အရှေ့သို့ ပြေးတက်သွားပြီး သတ္တုကျိုင်းတုတ် အတွင်းသို့ မူလချီများ သွင်းလောင်းလိုက်သည်နှင့် မရေမတွက်နိုင်သော ကျိုင်းတုတ်၏ အရိပ်များ ပေါ်လာခဲ့ပြီးနောက် ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်သွားကာ ဇူယွမ်အား အညှာအတာ ကင်းမဲ့စွာ လွှဲရိုက်ချလိုက်သည်။

ကျိုင်းတုတ် အရိပ်တိုင်းတွင် ကြောက်မက်ဖွယ် ကောင်းသော ပြင်းထန်မှုများ ပါဝင်နေခဲ့ပြီး မူလစဦး စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် ဆုတ်ခွာ ပြေးသွားနိုင်စေပေသည်။

ဇူယွမ်၏ လက်ထဲရှိ ကောင်းကင်ဘုံယွမ် စုတ်တံမှာလည်း ကခုန်သွားခဲ့ပြီး မရေမတွက် နိုင်သော စုတ်တံအရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရွှေရောင် မူလချီများက စုတ်တံအရိပ်တိုင်းဆီတွင် ရပ်တန့်နေခဲ့ပြီး သေစေနိုင်လောက်သော ထက်ရှမှုနှင့်အတူ မရေမတွက်နိုင်သော ကျိုင်းတုတ် အရိပ်များကို ရင်ဆိုင်လိုက်သည်။

ခလမ်း… ခလမ်း…

မီးပွားများက ခလမ်း…ခလမ်း… မြည်သံများနှင့်အတူ လွင့်စဉ်နေခဲ့ပြီး အသေးစား မူလချီပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျောက်တုံးစင်မြင့် အနီးရှိ များစွာသော အကြည့်များမှာ ပုံရိပ်နှစ်ခု ကန့်လန့်ဖြတ် သဏ္ဌာန် ဖြတ်တိုက်သွားသည့် မြင်ကွင်းများကို ကြည့်နေခဲ့ကြသည်။

“ညီတော်ဇူယွမ်က တော်တော်လေး တက်ကြွစွာ ပွဲထဲမှာ ထိုးသတ်နေတာပဲ” ကျန့်ယန်က ရယ်ရယ်မောမောနှင့် ပြောလိုက်သော်လည်း ကြားလိုက်ရသော သူ့အသံတွင် လှောင်ပြောင်မှုများ ရောစွက် ပါဝင်နေပေသည်။

တိုက်ရိုက် ရင်ဆိုင် လိုက်ကြတိုင်းတွင် ချောင်းစူည်၏ မူလချီမှာ အသာစီးရနေသည်ကို လူတိုင်း ပြောနိုင်ပေသည်။ ဇူယွမ်၏ ရင်ဆိုင်မှုတိုင်းက သတ္တုကျိုင်းတုတ်၏ ရိုက်ချခြင်းကို ခံနေရသည်ကို လူတိုင်း မြင်နေရပေသည်။

ဇူထိုက်မှာ မျက်မှောင်ကြုတ်လိုက်ပြီး မည်သည့်စကားမှ မဆိုသော်လည်း သူ၏ နှုတ်ခမ်းများအား တင်းနေအောင် စေ့ထားလိုက်လေသည်။

ခလမ်း…

နောက်ဆုံးကျန်ရှိသည့် ကျိုင်းတုတ်၏ အရိပ်နှင့် စုတ်တံ၏ အရိပ်တို့ အပြင်းအထန် ရင်ဆိုင်မိချိန်တွင် စွမ်းအားပြည့်ဝသော လေအဟုန်များပင် ထွက်ပေါ်လာခဲ့သည်။ မြေပြင်မှာ အက်ကွဲ သွားခဲ့ပြီးနောက် ဇူယွမ်၏ ပုံရိပ်မှာလဲ အနောက်သို့ လွင့်စဉ် သွားခဲ့သည်။

ချောင်းစူည်က လှောင်ပြောင်လိုက်ပြီး ဇူယွမ်အား အသက်ရူချိန်ပင် မပေးပဲ ပြင်းထန်သော ရိုက်ချက် တစ်ချက်ကို အရှေ့သို့ နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်သည်။ တောင်တစ်လုံး၏ စွမ်းအားများကို သယ်ဆောင်ထားသည့် သတ္တုကျိုင်းတုတ် အရိပ်က ရုန့်ရင်းကြမ်းတမ်းစွာဖြင့် ဇူယွမ်ထံသို့ လွှဲပြီး ကျလာခဲ့သည်။

ဇူယွမ်၏ ပုံရိပ်က ရုတ်တရက်ပင် ဒြပ်မဲ့အခြေအနေသို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီးနောက် မြူခိုးအသွင်ဖြင့် အနောက်သို့ ရွေ့လျားသွားကာ ချောင်းစူည်၏ ရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

ချောင်းစူည်မှာ နောက်သို့ လိုက်၍ အကြိမ်ကြိမ် ကြိုစားခဲ့သော်လည်း ဇူယွမ်၏ အဝတ်စကိုပင် ထိနိုင်ခဲ့ခြင်း မရှိပေ။

ဇူယွမ်၏ သိမ့်မွေ့နူးညံသော အသွင်သဏ္ဌာန်ကျင့်စဉ်မှာ ယခင်ကထက် ပိုမိုကျွမ်းကျင် လာဟန်ရသည်။

“ကြွက်တစ်ကောင်လို သုတ်ပြာပြာနဲ့ ပြေးဦးမလို့လား” ချောင်းစူည်က လှောင်ပြောင် လိုက်သည်။ ထိုနောက် သူ၏ မျက်ဝန်းတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားပြီး ပြောလိုက်သည် “မင်းရဲ့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုလောက်နဲ့ လွတ်မြောက်မယ် ထင်နေရင်တော့။ မင်းက အတွင်းတောင်ရဲ့ ရွှေရောင်ခါးစည်း တပည့်တွေကို လျော့တွက်ရာ ကျသွားပြီ”

“ကောင်းကင်ဘုံငယ် ကျင့်စဉ်၊ နေရာလပ် ရွှေ့ပြောင်း ပို့ဆောင်ခြင်း”

ငွေရောင် အလင်းတန်းများက သူ၏ ခြေထောက်အောက် တစ်နေရာတွင် ပြန့်ကားပြီးနောက် ထိုအပေါ်သို့ တက်လှမ်း လိုက်သည်။

ဝှစ်…

ထိုအပေါ်သို့ ချောင်းစူည်ရောက်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ နေရာဒေသများ၏ ဥပဒေသကို လျစ်လျူရူကာ ဇူယွမ်၏ နောက်တွင် ပြန်ပေါ်လာခဲ့ပြီးနောက် သူ၏ လက်ထဲရှိ သတ္တုကျိုင်းတုတ်နှင့် အတူ ပေတစ်ရာခန့်ရှည်လျားသော မူလချီတိုင်လုံးကြီးဖြင့် ဇူယွမ်အား လွှဲရိုက်ချလိုက်သည်။

“ကောင်းကင်ဘုံငယ်အဆင့် ကျင့်စဉ်၊ တောင်ကိုခွဲသော ကျိုင်းတုတ်”

ပြင်းထန်သော အော်သံနှင့်အတူ သတ္တုကျိုင်းတုတ်က ရပ်တန့်နိုင်စွမ်း မရှိသည့်ဟန်ဖြင့် အောက်သို့ ကျဆင်းလာခဲ့သည်။ အချို့သော ရွှေရောင်ခါးစည်း တပည့်များ၏ အမူအရာမှာ တင်းမာ သွားခဲ့ကြပြီး သူတို့အားလုံး သည်တိုက်ခိုက်မှုကို လျော့မတွက်ရဲကြပေ။

အပေါ်မှ ကျဆင်းလာခဲ့သော ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော အင်အားတစ်ခု ကျဆင်းလာချိန်တွင် ဇူယွမ်၏ မျက်လုံးများမှာ ဝိုင်းစက်သွားခဲ့သည်။ ချောင်းစူည်၏ သန်မာမှုမှာ မူလက မျှော်မှန်း ထားသည်ထက် အနည်းငယ် သာလွန်နေပေသည်။

ဇူယွမ်၏ မျက်လုံးများမှာ ကျင်းမြောင်းသွားခဲ့ပြီး ထိုထဲတွင် အေးစက်ပြီး လေးနက်သော အကြည့် ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်များက ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုပ်ကိုင် လိုက်ပြီးနောက် သူ၏ အရေပြားပေါ်တွင်လျှင် အံ့ဖွယ်စပါးအုံး ကြေးခွံများ ပေါ်လာခဲ့ကာ ချက်ချင်းပင် သူ၏ စွမ်းအားများ တိုးတက်လာခဲ့သည်။

“ကောင်းကင်ဘုံ ယွမ်စုတ်တံ၊ သန်းချီသော နဂါးဝေလငါး”

နှလုံးသားထဲမှ ဟစ်ကြွေးလိုက်ပြီးနောက် ကောင်းကင်လုံယွမ်စုတ်တံအား အားပြင်းစွာဖြင့် လွှဲချလိုက်သည်။ မျက်စိကျိန်းမတက် ရွှေရောင်မူလချီများက မသဲကွဲသော ဝေလငါးများ၏ အသံများနှင့် ပဲ့တင်ထပ်က ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

လေထုမှာ ကွဲထွက်သွားပြီး မြေပြင်မှာလည်း ထိုတိုက်ခိုက်မှု၏ စွမ်းအားကို မခံနိုင်သည့် အတွက် ချက်ချင်းပင် အက်ကွဲသွားခဲ့သည်။

ထိုရိုက်ချက်တွင်ပါဝင်သော စွမ်းအားများကို ရင်ဆိုင်မိချိန်တွင် အချို့သော တပည့်များ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

ခလမ်း…

ကျိုင်းတုတ်နှင့် စုတ်တံတို့ နောက်တစ်ကြိမ် ရင်ဆိုင်မိချိန်တွင် မိုးခြုန်းသံကဲ့သို့ ကျယ်လောင်သော ခလမ်း ဆိုသည့် အသံကြီးအား ကြားလိုက်ရတော့သည်။

ဘုန်း…

ရုန့်ရင်းကြမ်းတမ်းသော မူလချီလှိုင်းက ပျံ့နှံသွားခဲ့ပြီးနောက် အနီးနားရှိ တပည့်များစွာကို ယိမ်းထိုး သွားစေခဲ့သည်။ စိန်းထိုက်ယွမ်မှာ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်ပြီး ကျန်ရှိနေသော အားလှိုင်းများ ကျောက်တုံး စင်မြင့်ပေါ်သို့ မသက်ရောက်အောင် ပိတ်လှောင် လိုက်သည်။

ထိုအချိန်မှာသာ တပည့်များက စင်မြင့်ဆီသို့ အလျင်အမြန် လှမ်းကြည့် လိုက်နိုင်ကြသည်။

ကြီးမားသော ကျောက်တုန်း စင်မြင့်ကြီး၏ အလယ်ဗဟိုတွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့သည်။ နှစ်ယောက်လုံးမှာ ကွဲကွာသွားခဲ့ပြီး စင်၏ တစ်ဖက်တစ်ချက်စီတွင်လည်း အက်ကြောင်း ပေါ်လာခဲ့ကာ ဇူယွမ်နှင့် ချောင်းစူည်တို့ နှစ်ယောက်လုံး အနောက်သို့ လွင့်စဉ် သွားခဲ့သည်။

ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ မြေပြင်ပေါ်တွင် စွတ်ကြောင်းကြီး တစ်ခု ကျန်ရှိနေခဲ့ပြီးမှ ဇူယွမ်၏ ပုံရိပ်မှာ မြေကို ပြင်းထန်စွာ စောင့်နင်းရင်း ရပ်တန့် နိုင်လိုက်သည်။ သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ အရှေ့တွင် ခက်ထန်သော မျက်နှာထားဖြင့် ရှိနေသည့် ချောင်းစူည်ကို ပြန်လည် စိုက်ကြည့် လိုက်သည်။

ချောင်းစူည်မှာ အစောက ရုတ်တရက် ပေါ်ပေါက်လာသော ဇူယွမ်၏ တန်ပြန် တိုက်ခိုက်မှု စွမ်းအားကြောင့် အံ့ဩ တုန်လှုပ် သွားခဲ့သည်။ ထိုအရာက ချောင်းစူည်၏ သေချာသည့် ထိုးသတ်ကွက်ကို ချိုးဖြတ် နိုင်ခဲ့ပေသည်။

“မင်းမှာ စွမ်းရည်အချို့ရှိနေလို့ သောက်ရမ်း ယုံကြည်မှု ရှိနေတာပဲ။ မအံ့ဩတော့ပါဘူး” ချောင်းစူည်က သရော်လိုက်သည်။

ဇူယွမ်၏ အမူအရာမှာတော့ ပြောင်းလဲခြင်း မရှိသေးပဲ ချောင်းစူည်ကို စိုက်ကြည့်လိုက်ကာ ဖြေညင်းစွာ ပြောလိုက်သည် “အစောနက မြင်ခဲ့ရတာတော့ မင်းရဲ့ သန်မာမှုက သိပ်လဲမဟုတ်ပါဘူး”

ချောင်းစူည်၏ မျက်လုံးအစုံမှာ ခက်ထန်သွားပြီး သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် ပမာမခန့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လှောင်ပြောင်ကာပြောလိုက်သည် “မင်းရဲ့ ပြောပုံကို ကြည့်ရတာ အစောပိုင်းက င့ါကို လက်ရည်စမ်းနေတဲ့ပုံပဲ”

ထိုစကားလုံးများက ကျောက်တုံးစင်မြင့် ပတ်ဝန်းကျင်ရှိ တပည့်များကို ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသည်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်၏ အစောပိုင်း ရင်ဆိုင်တိုက်ခိုက်မှုတွင် ချောင်းစူည်ကသာ အသာစီးရနေခဲ့သည့် သော်လည်း ဇူယွမ်သည် အမှန်တရားကို ဝန်ခံရန် တွန့်ဆုတ်နေပုံ ရသည်။

သို့သော်လည်း ဇူယွမ်မှာ ထိုသူတို့၏ အကြည့်များကို အာရုံစိုက်နေခြင်း မရှိပေ။ သူက ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဖြေးညှင်းစွာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မည်သူ့ကိုမှ ဂရုမစိုက်သည့် မျက်နှာ အနေအထားနှင့် ပြောလိုက်သည် “အဲ့တာက မင်းရဲ့ သန်မာမှုပဲဆို ဒါက လုံလောက်ပြီ”

ချောင်းရှိုးက အထင်အမြင် သေးဟန်ဖြင့် ပြောလိုက်သည် “သရုပ်ဆောင် နေတာတွေ ရပ်လိုက်တော့။ မင်းရဲ့ ရှုံးနိုမ့်မှုကို မြန်မြန်လေး ဝန်ခံလိုက်သင့်တယ်။ ငါတို့ ဆက်တိုက်နေမယ်ဆိုရင် မင်းရဲ့ လုံခြုံမှုကို ငါ အာမမခံနိုင်ဘူး”

သူ၏ စကားလုံးများက ဇူယွမ်ထံမှ အဖြေကို မရရှိခဲ့ပေ။ ခဏအကြာတွင် ဇူယွမ်က လက်များကို အတူတကွ စုစည်းလိုက်ပြီးနောက် သိသာထင်ရှားစွာ ရုန့်ရင်း ကြမ်းတမ်းနေသည့် မူလချီများက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝုန်း…

စွမ်းအားပြည့်ဝသော မူလချီများမှာ သူ့ခေါင်းအထက်မှာ ကောင်းကင်ထဲသို့ ထိုးဖောက် သွားခဲ့ပြီး သားရဲဟိန်းသံ ပဲ့တင်ထပ်မှုများနှင့် မှိန်ဖျော့သော သတ်ဖြတ်ခြင်း အရှိန်အဝါများက ဧရိယာတစ်ခုလုံး ပျံ့နှံ့ သွားခဲ့သည်။

မူလချီတိုင်လေးခုက ဇူယွမ်၏ ခေါင်းအထက်တွင် ပေါ်လာခဲ့ပြီး တစ်ခုချင်းစီမှာ ပေတစ်ရာစီ ရှည်လျားပေသည်. ထိုထဲတွင် သားရဲများ၏ ပုံရိပ်များ ပါဝင်နေပြီး ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါများကို ထုတ်လွှတ်ပေးလျက် ရှိသည်။

“နဂါးကိုးကောင် နိယာမှ ကျင့်စဉ်လား”

ထိုအရာကို မြင်သောအချိန်တွင် ချောင်းစူည်၏ နှုတ်ခမ်းတွင် သရော်ပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူအနေဖြင့် ဇူယွမ်၏ ကျင့်စဉ်များကို စုံစမ်း ခဲ့ပြီးနောက် သည်ကျင့်စဉ်မှာ လုဖန်းကို အနိုင်ယူခဲ့သည့် ကျင့်စဉ်ဖြစ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။

“မင်းငါ့ကို လုဖန်းလို့ ထင်နေတာလား။ မင်းငါ့ကို နဂါးကိုးကောင်နိယာမက နဂါးလေးကောင် အဆင့်လောက်နဲ့ ငါ့ကိုရိုက်နှက်ဖို့ စီစဉ်နေတာလား” ချောင်းစူည်က အေးစက်စက် ရယ်မော လိုက်သည်။

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် အကြင်နာ ကင်းမဲ့သော မျက်ဝန်းတစ်စုံ အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ ချီသိုလှောင်ခန်း အတွင်းတွင် တောက်ပနေသော မူလ ချီကြယ်ပွင့်များမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ထိုထည့်တွင် သိုလှောင် သိမ်းဆည်းထားသော မူလချီများ အားလုံးကို ဇူယွမ်က ဖျစ်ညှစ်ကာ ထုတ်ယူလိုက်သည်။

ဝရုန်း…

အဆုံးမဲ့သော မူလချီများက ဇူယွမ်၏ ခန္ဓာကိုယ်ထဲမှ သွေးကြောများကို ဖြတ်သန်း၍ စီးဆင်း လာခဲ့သည်။

ထိုအခိုက်တွင် အခြားသော ကြီးမားသည့် မူလ ချီတိုင်လုံးကြီး များမှာလည်း ဇူယွမ်၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံတွင် ထပ်မံ မြင့်တက်လာခဲ့ကာ ကောင်းကင်ယံကိုပင် တုန်လှုပ်စေသည့် ဟိန်းသံလေးခု ထွက်ပေါ်လာခဲ့သည်။

“နဂါးကိုးကောင် နိယာမ… နဂါးရှစ်ကောင်”

ဝေါင်း…။

ကြီးမားသော မူလချီတိုင်လုံးကြီး လေးခုသည် သူတို့၏ ဟိန်းသံများနှင့်အတူ ထွက်ပေါ် လာခဲ့ပြီး ၎င်းတို့ ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခုတည်းကပင် ကောင်းကင် တစ်ခွင်လုံးကို ရဲရဲနီစေပေသည်။

ထိုအခိုက်တွင် ကျောက်တုံးစင်မြင့်အနီးရှိ များစွာသော တပည့်များ၏ အမူအရာများမှာ ရုတ်ခြည်းပင် ပြောင်းလဲသွားတော့သည်။

အားလုံးက ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ အထက်ကောင်းကင်တွင် ရစ်ဝဲနေခဲ့သော မူလချီသားရဲ ပုံရိပ်များကို စိုက်ကြည့်နေခဲ့ကြသည်။ မူလချီတိုင်လုံး ရှစ်ခု၏ စွမ်းအားများကို ရှင်းလင်းစွာ ခံစားမိသော အချိန်တွင် သူတို့၏ မျက်နှာများတွင်ပင် တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ချောင်းစူည်၏ နှုတ်ခမ်းထောင့်စွန်းမှာ သရော်ပြုံးသည်လည်းပဲ ဖြည်းညင်းစွာပဲ တောင့်တင်း သွားခဲ့သည်။ သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်ဟန်များ ပေါ်လွင်နေပြီး စူးစူးဝါးဝါး အသံဖြင့် ပြောလိုက်သည် “နဂါးရှစ်ကောင်လား။ မင်းရဲ့ နဂါးကိုးကောင်နိယာမက နဂါးရှစ်ကောင် အဆင့်ကို ရောက်သွားခဲ့ပြီလား”

သူတော်တော်လေး အံအားသင့်သွားခဲ့ပေ။ လွန်ခဲ့သော လဝက်ခန့်က လုဖန်းနှင့် တိုက်ပွဲတွင် ဇူယွမ်၏ နဂါးကိုးကောင်နိယာမမှာ နဂါးလေးကောင် အဆင့်သို့သာ ရောက်သေးကြောင်း သိထားခဲ့ပေသည်။ သည်လောက် အချိန်အတိုအတွင်း ရှစ်ခုသို့ မည်သို့ ရောက်ခဲ့သနည်း။

နဂါးရှစ်ကောင်မှာ သာလွန်သော အဆင့်တစ်ခုဖြစ်ပြီး နဂါးလေးကောင် နိယာမထက် လွန်စွာ စွမ်းအား သာလွန်ပေသည်။

အတွင်းတောင်တပည့်များ အကြားတွင်ပင် နဂါးရှစ်ကောင်အဆင့်သို့ ရောက်နေသူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။

သို့သော်လည်း ချောင်းစူည် မသိခဲ့သည်က ဇူယွမ်၏ မူလအစီအစဉ်က နဂါးကိုးကောင်အထိ ကျင့်ကြံရန် စီစဉ်ခဲ့ခြင်းကို ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် အောင်မြင်မှု မရရှိခဲ့ပဲ သူ၏ ခန္ဓာကိုယ်ထဲရှိ မူလချီများက ကိုးခုမြောက်နဂါးပုံရိပ် ဖြစ်ပေါ်စေအောင် ထောက်ပံ့ပေးရန် မလုံလောက်ခဲ့မှုကြောင့် ဖြစ်သည်။

ဇူယွမ်တွင် အသုံးမဝင်သော စကားများစွာ ပြောဆိုပြီး တိုက်ပွဲအား အချိန်ဆွဲလိုခြင်း မရှိတော့ပေ။ ဇူယွမ်က ချောင်းစူည်အတွက် အထူးပြင်ဆင်ထားခဲ့ကာ ကျင့်ကြံခဲ့သော ဝှက်ဖဲကို အသုံးပြုလိုက်ပြီ ဖြစ်သည်။

ထိုကြောင့် ဇူယွမ်က ချောင်းစူည်ကို အေးစက်စက်သာ စိုက်ကြည့်လိုက်သည်။

ဝေါင်း…

မူလချီသားရဲ ပုံရိပ်ရှစ်ခုက ကောင်းကင်ယံတွင် ဟိန်းဟောက်လျက် ရှိနေကာ သတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။ ခဏအကြာတွင် သူတို့အားလုံးမှာ အရှေ့သို့ ထိုးတက်သွားပြီး ကြီးမားသော အရိပ်များက ချောင်းစူည်ကို လွှမ်းခြုံသွားခဲ့ပြီး သူ၏ အမူအရာမှာလဲ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“မင်းအတွက်ငါ ကြိုပြင်ဆင်ထားတဲ့ ခမ်းနားတဲ့ စားတော်အုပ်ကြီးကို မြည်းစမ်းကြည့်စမ်း”


Comment

Leave a Reply


Options

not work with dark mode
Reset