ချန်ရှင်းချု နောက်ဆုံးတော့ သူ့ထက်ပို မောက်မာတဲ့ သူကို တွေ့ရလေပြီ။
သူတို့ကျင့်ကြံခြင်းမှာ မယှဉ်ပြိုင်ဘူးဆိုရင် တခြား အရာတွေမှာ ရှုံးမယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ဘာသဘောလဲ။
ဘယ်လို ပြက်လုံးများလဲ။ စုရှောင်ရှန်ထက် သူက ဘယ်အရာမှာ နိမ့်ကျနေလို့လဲ။ စစ်မှန်ခြင်းနယ်ပယ်ခုမှ ရောက်လာတာကို လေကြီးလေကျယ် ဘယ်လို သတ္တိနဲ့ ပြောရဲတာလဲ။
မျက်စိတစ်မှိတ်အတွင်းမှာ ချန်ရှင်းချု ဒေါသ တထောင်းထောင်း ပြန်ထွက်လာခဲ့သည်။
ထို့နောက် စိတ်ဝိညာဉ်နန်းတော်က လူကြီးနှစ်ယောက်ကို ကြည့်လိုက်ရာ ဘယ်လိုမှ တုန့်ပြန်မှု မပြတာကြောင့် အံ့အားသင့်သွား၏။ ရေနွေးကြမ်းငှဲ့နေသည့်သူက ဆက်ငှဲ့နေပြီး အခြားတစ်ယောက်ကလည်း မျက်လုံးမှိတ် အနားယူနေပေသည်။
သူတို့ အပြုအမူများ ဤသို့ အခြေအနေကြီးနှင့် အသားကျနေသည့်အလား အေးဆေးတည်ငြိမ်စွာရှိလွန်းလှ၏။
“ဘာလဲဟ…”
ချန်ရှင်းချု၏ အတွေးများ ရောက်ရက်ခက်သွားပေသည်။
သူတို့ ဘာလို့ဒီလိုကြီး တည်ငြိမ်အေးဆေးနေတာလဲ။
သူ ဒီလို မောက်မောက်မာမာပြုမူခဲ့တော့ ရဲ့ရှောင်ထျန်း၏ ဆုံးမခြင်းကိုခံခဲ့ရပြီး ဒီဘာမဟုတ်တဲ့ ကောင်ကိုကြတော့ မကြားသလို၊ မသိသလို ဟန်ဆောင်နေ၏။
ဒါမှမဟုတ် စုရှောင်ရှန်ပြောနေတဲ့ အရည်မရ အဖက်မရကို ယုံကြည်နေကြလို့များလား။ ပြီးတော့ သူ့ကို သနားစရာကောင်းတဲ့ကောင်လိုလို ဘာလိုလို ကြည့်နေကြရတာလဲ။
လခွေး။
ချန်ရှင်းချု ဒေါသထွက်နေလိုက်တာများ သူ့ဆံပင်များတောင် ထောင်ထလာတော့သည်။ ထိုအချိန်မှာ သူ့ဒေါကို ထုတ်လွှတ်ချင်တာက လွဲပြီး ဘာမှ မတွေးနိုင်တော့ပါချေ။
“စုရှောင်ရှန် မင်းကြောက်တာလား”
သူ့ရင်ဘက်ကြီးထဲက ဒေါသများကို ဖိနှိပ်ပြီး အထင်အမြင်သေးသလို စုရှောင်ရှန်ကို ထေ့ငေါ့ပြောဆိုလိုက်သည်။
စိတ်ဝိညာဉ်နန်းတော်က လူနှစ်ယောက် အေးဆေးတည်ငြိမ်သေးပြီး အခြေအနေကို ဘာမှ မစိုးရိမ်သလို စောင့်ကြည့်နေတာတွေ့ရတော့ ကျန်းပင်းယန် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ဘယ်လိုလုပ် အေးဆေးတည်ငြိမ်နေကြသေးတာလဲ။ စုရှောင်ရှန်မှာ တကယ် ကြမ်းတဲ့ ဝှက်ဖဲတစ်ခုခုရှိနေလို့များလား။
ဒီလိုဆိုရင်တော့ သူတို့သတိထားရပေမည်။ မမျှော်လင့်ထားတဲ့အရာတွေက ရုတ်တရက်ကြီး တံခါးလာခေါက်တတ်သည်မဟုတ်ပါလား။
ထို့နောက် တိုတိုတိတ်တိတ် ထိုင်နေသည့် ယွဲ့ကျစ်၀မ်ကို လှည့်ကြည့်လိုက်ရာ အချက်ပေးတာကို သိသလို ဟိုက ခေါင်းပြန်ညိတ်ပြလိုက်၏။
သူမ၏ ခေါင်းလေးကို အသာငုံပြီး ရင်သက်ရှူ မောဖွယ်ရာ ကြယ်တာရာမျက်၀န်းများကို ပုတ်ခတ် ပုတ်ခတ်လိုက်လိုက်သည်။
တစ်အောင့်ကြာသော် သူမ၏ ကြယ်တာရာမျက်၀န်းများ အသက်၀င်လာသလို အရောင်မှိန်မှိန်လေး လင်းလက်လာခဲ့၏။
သူမ၏ မျက်၀န်းများထဲတွင် နတ်ဘုရားသဖွယ်စွမ်းအင်တစ်ခုက ညွှန်ပြပေးနေသော ကြယ်ပေါင်းသန်းနှင့်ချီ၍ ပေါ်လာခဲ့ပြီး ၎င်းတို့ စတင်၍ ရစ်ပတ် ဝိုင်းဖွဲ့ကာ ထိန်ထိန်လင်းလာကြသည်။
နောက်စက္ကန့်ပိုင်းအတွင်း ယွဲ့ကျစ်၀မ်၏ မျက်၀န်းအတွင်းက ထိန်လင်းနေသော အလင်းများ အသိပေးခြင်းမရှိ ရေအေးနှင့်လောင်းချလိုက်သည့် မီးခဲအလား ပြန်ငြိမ်းကြသွား၏။
အကြောင်းက အမည်မသိ ကြောက်မက်ဖွယ်ရာကောင်းတဲ့အရာတစ်ခုခုကို ထောက်လှမ်းမိရုံသာမက ထိုအရာက သူမကိုပါ သေသေကြီး မျက်လုံးချင်းစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။
စုရှောင်ရှန်က မျက်လုံးပြူး မျက်ဆန်ပြူးကြီးဖြင့် သူမကို ငူငူငိုင်ငိုင်ကြီး ပြန်၍ စိုက်ကြည့်ခြင်းဖြစ်၏။
“ဟဲ့…”
ယွဲ့ကျစ်၀မ် လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားကာ အလိုလို နောက်ဆုတ်လိုက်မိလေသည်။ ထို့ကြောင့် သူမ ထိုင်နေသာ ထိုင်ခုံက အနောက်ဘက်ကို မဆိုစလောက်လေး ယိုင်သွား၏။
ကျွီ…။
ထိုစူးစူးရှရှအသံက နောက်တစ်ကြိမ် တိတ်ဆိတ်နေသော ခန်းမထဲမှာ ပဲ့တင်ထွက်လာခဲ့ပြီး လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။
ယွဲ့ကျစ်၀မ်၏ နားများ၊ လည်ပင်းများတောင် ရဲရဲနီသွားသည်အထိ ရှက်ရွံ့သွားသည်။ သို့ဖြင့် မီးပူအိုးပေါ်မှာ ထိုင်နေရတဲ့အလား ထိုင်မရ ထမရ အနေခက်လာတော့သည်။
လူတိုင်း၏ အကြည့်များကြောင့် သူမ၏ မျက်လုံးများကိုတောင် မျက်နှာလွှားစနှင့် ဖုန်းကွယ်လိုက်ချင်မိ၏။
ရှက်ဖို့ကောင်းလိုက်တာ…။
ထိုသို့ အခြေအနေက အချက်အချာကျသည့် အချိန်မှာမှ ဤသို့ အနှောက်အယှက်ဖြစ်စေမိသွားပေမယ့် ဘာသိဘာသာနေတတ်သူပီပီ စိတ်အခြေအနေကို မြန်မြန် တည်ငြိမ်အောင်လုပ်လိုက်ပေသည်။
“နေမကောင်းဘူးလား”
သူ့စူးစူးရှရှ အကြည့်များကို စုရှောင်ရှန်ပြန်ဖြေလျော့လိုက်ပြီး စိုးရိမ်သလို ဟန်ပြကာ မေးလိုက်သည်။ “ဂျင်းပြုတ်ရည်သောက်မလား ယူပေးမယ်”
ဟ တည့်တိုးကြီး ဒီကောင်ဘာလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၅]
“ရပါပြီ မလိုပါဘူး” ဟိုက ပြန်ဖြေသည်။
ယွဲ့ကျစ်၀မ် ပြန်ဖြေလိုက်တယ်ဆိုသော်ငြား သူမ၏ အသံကို ခြင်ဝဲသံလောက်လေးသာ မဆိုစလောက်လေး ကြားလိုက်ရသည်။
သူမ၏ သွယ်လျသော လက်နှစ်ဖက်ကလည်း ပေါင်သားများအထက်က ဂါ၀န်စကို ကျစ်ကျစ်ဆုပ်ကိုင်တွန့်ခြေနေမိသည်။ ပြောရရင် သူမ၏ တစ်ကယ်လုံးက တောင့်တင်းနေခဲ့ပေ၏။
စုရှောင်ရှန် ထရယ်ချင်သွားသည်။
ဒီကောင်မလေး၏ မျက်လုံးများနှင့်ပတ်သက်ပြီး တကယ် တစ်ခုခု ထူးခြားပေသည်။
၎င်း၏ လုပ်ဆောင်ချက်က ဘာမှန်းမသိပေမယ့် သူမ၏ ကြယ်တာရာလိုဖြစ်နေသောမျက်လုံးများက မထူးခြားဘဲ နေပါ့မလား။
ဘာဖြစ်ဖြစ် သူမ၏ ဘာစွမ်းရည်ဖြစ်ဖြစ်လုပ်တော့မည့်ဟာကို တားနိုင်လိုက်တာတော့ သူသိသည်။
စုရှောင်ရှန်က သူမကို အကဲခတ်နေရင်းက နောက်ထပ် တောင့်တင်းနေသည့် လူတစ်ယောက်ကို သတိမထားလိုက်ပါပေ။ ယွဲ့ကျစ်၀မ် ဘေးနားက ထိုင်ခုံမှာ ထိုင်နေသည့် ကြော့ကြော့ရှင်းရှင်း ၀တ်စားဆင်ရင်ထားတဲ့ ချန်ရှင်းချုက ကြက်သေသေနေခဲ့သည်။
သူ- သူနောက်တစ်ခေါက်ထပ်ပြီး လစ်လျူရှူခံလိုက်ရတာလား။
သူ့မျက်ခုံးများလှုပ်သွားခဲ့ပြီး တင်းတင်းကြပ်ကြပ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်လေသည်။
“စု-ရှောင်-ရှန်” ဒေါသသံကြီးဖြင့်အော်ဟစ်လိုက်ပါသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ခေါင်းမော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဟမ်။ မင်းက ဒီမှာရှိနေသေးတယ်လား”
ချန်ရှင်းချု စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ပြိုင်ပွဲတောင်မစရသေးဘူး ငါက ဘယ်သွားရမှာတုန်း” မီးလျှံများထွက်လာမတတ်ကို ချန်ရှင်းချု နှာမှုတ်လိုက်သည်။
“ဆိုတော့ မင်းက မတော်ချင်သေးဘူးပေါ့လေ။ ရှုံးသွားမှာတောင် ပေခံနေသေးတယ်”
“လခွမ်းလာ…”
သူ့ကို ကြောက်မက်ဖွယ်ရာမျက်လုံးများလာရောက် စိုက်ကြည့်လိုက်ကြတာကြောင့် တုံ့ခနဲ ချန်ရှင်းချု ရပ်တန့်သွားကာ ဒေါသကို ထိန်းချုပ်ပြီး စိတ်ဖြေလျော့လိုက်သည်။
“… မင်းငါနဲ့ မချရဲလို့ သတ္တိမရှိလို့ တမင်ရှောင်ချင်နေတာလာမလား”
ချန်ရှင်းချုကို ပြုံးစိစိကြီးကြည့်ပြီး စုရှောင်ရှန် မအောင့်နိုင်တော့ဘဲ ရယ်လိုက်တော့သည်။ ထို့နောက် ထရပ်ကာ မေးလိုက်၏။ “မင်းက ယှဉ်ပြိုင်ချင်တယ်ပေါ့လေ”
“ဟမ့်” ချန်ရှင်းချု မျက်နှာတစ်ဘက်လွှဲလိုက်လေသည်။
“နောင်တမရဘူးနော်”
“ပါးစပ်ပိတ်ထားပြီး ငါနဲ့ တိုက်ခိုက်စမ်းပါ”
ရဲ့ရှောင်ထျန်းကို ခွန်အားအရာလည်းမရှိ၊ ဉာဏ်လည်းထိုင်း သောသူနှင့် တိုက်ခိုက်ခိုင်းတာ ဘာသဘာလဲဟူ၍ မေးခွန်ထုတ်သလို လှမ်းကြည့်လိုက်သည်။
သူ့အနေနဲ့ ချန်ရှင်းချုဘေးနားက ကောင်မလေးကိုတိုက်ခိုက်တာကမှ ပိုပြီး အကျိုးရှိပေဦးလေမည်။ သို့ဆိုပါက သူမ၏ ဝှက်ဖဲက ဘာဖြစ်ကြောင်းကို သိနိုင်ပေ၏။
ရဲ့ရှောင်ထျန်း ထိန်ချန်မထားဖို့ကို အသာအယာခေါင်းညိတ်ပြကာ အချက်ပေးလိုက်သည်။
စုရှောင်ရှန် ခေါင်းပြန်ညိတ်ပြလိုက်၏။
“ဆိုတော့ ငါက ကြိုက်သလို စည်းကမ်းချနိုင်မယ်ပေါ့လေ”
ချန်ရှင်းချုကိုကြည့်ရသလောက်တော့ တိုက်ခိုက်တာနဲ့ အစွမ်းကုန် ချမည့် သူနှင့်တူပေသည်။
ချန်ရှင်းချု ခေါင်းညိတ်ပြလိုက်၏။
“ဟူး …”
စုရှောင်ရှန် သက်ပြင်းချလိုက်ကာ သူ့အနီးကိုလျှောက်သွားလိုက်ပြီး အကဲခတ်သလိုဖြင့် ချန်ရှင်းချု၏ ကိုယ်ကို နှစ်ပတ် ပတ်ကြည့်လိုက်သည်။ ထို့နောက်မှ ယွဲ့ကျစ်၀မ်အနား ပြန်ရောက်လာသောအခါ ရပ်တန့်လိုက်၏။
“ငါက နူးညံ့တဲ့လူတစ်ယောက်ဆိုတော့ ပြဿနာကို အေးအေးဆေးဆေးပဲဖြေရှင်းချင်တယ်။ ဆိုတော့ ငါ့တို့ထိုင်ပြီး လမ်းစဉ်အကြောင်းကို ဆွေးနွေးကြမယ်ဆိုရင် ဘယ်လိုလဲ”
ယွဲ့ကျစ်၀မ် ထိတ်လန့်သွား၏။
သူ့ဟာသူ လမ်းစဉ်အကြောင်း ဆွေးနွေးတာ သူမဘက်ကို လာစရာလိုလို့လား။
ယွဲ့ကျစ်၀မ်တစ်ဘက်သို့ပြောင်းရွေထိုင်လိုက်ချင်ပေမယ့် အခြေအနေကို ထပ်မံ၍ ခုံကျွီသံကြီးဖြင့် အနှောက်အယှက်ပြုမိမှာစိုး၍ ရပ်တန့်လိုက်သည်။ သို့ဖြင့် စုရှောင်ရှန်အနားမှာ ထိုင်နေလျက်ရှိ၏။
စုရှောင်ရှန်ဒီလို ကမ်းလှမ်းလာမယ်လို့ထင်မထားပေမယ့် သူ့ကျင့်ကြံမှုအဆင့်နိမ့်ပုံကို တွေးမိလိုက်ပြီး ထူးထူးခြားခြားမခံစားချေတော့ပေ။ ချန်ရှင်းချုက ခြောက်ကပ်ကပ်ရယ်မောကာ တုန့်ပြန်လိုက်သည်။
“ရတယ်လေ”
ချန်ရှင်းချုဆိုလိုက်သောအခါ စုရှောင်ရှန်ချက်ခြင်း သူ့ခုံကိုဆွဲယူပြီး ယွဲ့ကျစ်၀မ်အနားချကာ ထိုင်လိုက်၏။ လူတိုင်း သူ့အပြုအမူကြောင့် စွံ့အသွားကြပေသည်။
စုရှောင်ရှန်ဆက်လက်၍ အေးဆေး ဖြစ်ဟန်ရသော လေသံဖြင့် “ကြည့်ရတာတော့ မင်းက ဓားလမ်းစဉ်ကို အထူးလေ့ကျင့်ထားတယ်ထင်တယ်”
အရှေ့ပိုင်းနယ်မြေက ဓားသမားတို့၏ နိဗ္ဗာန်ဘုံဖြစ်ကာ အဖွဲ့အစည်းတစ်ခုက ပိုပြီး နာမည်ကြီးလေလေ ၎င်း၏ ဂိုဏ်းတော်သားများက ဓားလမ်းစဉ်ကို အထူးပြုလေလေဖြစ်သည်။ မြင့်မြတ်နတ်ဘုရားနန်းတော် ခန်းမခွဲများတောင် ထူးမခြားနားဖြစ်သည်။
သူ့ထိုင်ခုံကို ယူထိုင်လိုက်သည့် စုရှောင်ရှန်ကို ကြည့်ပြီ ချန်ရှင်းချု အံ့ကိုတင်းတင်းကြိတ်လိုက်သည်။ ၎င်းက သူ့ကို အရေးနိမ့်သောအခြေအနေကို ချက်ခြင်းတွန်းထည့်လိုက်၏။
သူ့ဓားဖြင့် ခုံတစ်လုံးကို ဆွဲယူကာ ကျောက်ကျစ်တုံ့နားမှာ အိန္ဒြေရှိရှိ ထိုင်ချလိုက်သည်။
“ကောင်းပြီလေ”
ကျွီ…
ကျောက်ကျစ်တုံ့ မသိမသာလေး သူ့ထိုင်ခုံကို အဝေးရွေ့သွားလိုက်၏။
ချန်ရှင်းချု ဒေါသထွက်သွားခဲ့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ကျောက်ကျစ်တုံ့၏ အပြုအမူကြောင့် စုရှောင်ရှန် ပွဲကျသွား၏။ ထို့နောက် ချန်ရှင်းချုလက်ထဲက ဓားကိုလက်ညိုးထိုးပြကာ မေးလိုက်သည်။ “အဲ့တာ ဓားတစ်ချောင်းမလား”
ချန်ရှင်းချု ပဟေဠိဖြစ်သွားပြီး ငုံ့ကြည့်လိုက်မှ ပို၍ ဒေါသထွက်သွားခဲ့သည်။
ဒါက ဓားတစ်ချောင်မဟုတ်လို့ဘာဖြစ်ရမှာတုန်း တုတ်လား။
“ကန်းနေတာလား” ဟိုက ကဲ့ရဲ့လိုက်သည်။
“မဟုတ်ဘူးလေ ငါပြောချင်တာက မင်းရဲ့ ဓားက ဘယ်အဆင့်လဲလို့” စုရှောင်ရှန် စကားပြန်ပြင်ပြောလိုက်သည်။
ချန်ရှင်းချု နှာခေါင်းတစ်ချက်ပွတ်၍ ဂုဏ်ယူ၀င့်ကြွားစွာဆိုလိုက်သည်။ “အဆင့်ငါး”
ဘုန်း…။
ထိုစကားကြောင့် စုရှောင်ရှန် ဆတ်ကတည်း တွန့်သွားပြီး ယဲ့ကျစ်၀မ်၏ ရင်ခွင်ထဲကို ကျသွားတော့သည်။
“အိုး။ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်…”
စုရှောင်ရှန်၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရတာကြောင့် ယွဲ့ကျစ်၀မ် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ရှင်းချုက အထင်အမြင်သေးသလို ကြည့်လိုက်၏။
ဘယ်က တောသားလဲ။
အဆင့်ငါးဓားတစ်ချောင်းကတောင် ဒီလော်က တုန်လှုပ်နေစေတာ ယွဲ့ကျစ်၀မ်သာ သူမရဲ့ ဓားကို ဆွဲထုတ်လိုက်ရင် နေရာမှာတင် သတိလစ်သွားမလားမသိ။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
အသိပေးချက်ဖန်သားပြင်ပေါ်က အသိပေးချက်ကို လစ်လျူရှူကာ စုရှောင်ရှန် တအံ့တအောမေးလိုက်၏။ “အဆင့်ငါးဆိုတော့။ ဓားက ကိုယ်ပိုင် အသိရှိပြီလား။ သခင်ကိုရော ခွဲခြမ်းစိပ်ဖြာနိုင်ပြီလား”
“ကိုယ်ပိုင်အသိတော့မရှိသေးဘူး။ သခင်ကို သိတာကြတော့…”
ချန်ရှင်းချု ဘာမှ မပြောတော့ဘဲ ဓားလက်ကိုင်ကို ရွှစ်ကတည်း လက်မဖြင့် တေ့ပြီး အသာအယာ ပင့်ထုတ်လိုက်သည်။
ထို့နောက် ဓားက ဓားအိမ်ထဲက ထွက်သွားပြီး လေထဲမှာ လူးလွင့်ကစားသွားကာ ဓားအိမ်ထဲပြန်ဝင်လာခဲ့သည်။
ဘုန်း…။
တကယ် စုရှောင်ရှန် အထင်ကြီးသွားရသည်။ သူ့တိတ်တခိုးနာကျင်ခြင်းတောင် ထိုသို့ ချောမွေ့သည့် ထိန်းချုပ်မှုမျိုးမလုပ်နိုင်ပါလား။
“အင်း မင်းက ဓားလမ်းစဉ်ကို အထူးပြုပြီး စွမ်းအားကြီးလက်နက်လည်း ပိုင်ဆိုင်ထားတယ်ဆိုတော့…”
စုရှောင်ရှန်၏ လေသံက မနာလိုခြင်း ၀န်တိုခြင်းတို့ဖြင့်ပြည့်နေလေသည်။ ထို့နောက် ဆက်လက်၍ သူက “ငါတို့ ခန္ဓာကိုယ်ခွန်အားအရာနဲ့ ယှဉ်ပြိုင်ကြမယ်”