၎င်းက စုရှောင်ရှန်ကို အကြီးအကဲစန်း သင်ပေးသည့် ဆေးဖော်စပ်ခြင်းနည်းဖြစ်ပါသည်။
မျက်စိဖြင့်မြင်ရသလောက်တော့ အကြီးအကဲစန်းက နဂါးလောင်မြိုက်ခြင်းနယ်ပယ်ထဲမှာ သူ့ရန်နှစ်ယောက်ကို ဆေးလုံးများအလား ထိုမီးလုံး နှစ်လုံးထဲထည့်ကာ ဖော်စပ်တော့မည့်ဟန်ရ၏။
စုရှောင်ရှန်အနားမှ ပင့်သက်ရှိုက်သံများကိုကြားရသည်။ အကြီးအကဲစန်းဤသို့ နည်းလမ်းကိုအသုံးချလိုက်တာကြောင့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများ အံ့ဩဘနန်းဖြစ်သွားကြပေသည်။
စုရှောင်ရှန် ထိုသိပ်သည်းထားသော အဖြူရောင်မီးဘောလုံးကြီးနှစ်ခုကို ကြည့်လိုက်သောအခါ အပူချိန်က အဆမတန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။
မျက်နှာဖုံးတပ်လူနှင့် စန်ကျောက်ဖုတို့ ၎င်းကို ခုခံနိုင်ပါ့မလား တွေဝေသွား၏။
စုရှောင်ရှန်ထိုသို့ တွေးနေမိစဉ်မှာပဲ မီးလုံးကြီးတစ်လုံးက ရုတ်တရက်တုန်ခါလာခဲ့ပြီး ထူးဆန်းစွာ အေးစက်စက် အရှိန်အဝါများကိုထုတ်လွှတ်တော့သည်။
ဤသို့အပူချိန်အောက်မှာ အအေးဓာတ်ကိုထုတ်လွှတ်နိုင်သေးတာကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
နှင်းမြို့တော်၏ အလွမ်း။
ထင်တဲ့အတိုင်း မီးလုံးကြီးထဲကနေ အအေးဓာတ်များဖြာထွက်လာပြီး မီးလုံးကြီးကို နှစ်ပိုင်းခွဲလိုက်တော့သည်။
သို့ပေမယ့် မီးလုံးကြီးကိုက အဆိုင်အခဲမှမဟုတ်တာကြောင့် ဖြတ်ခံလိုက်ရလဲ ချက်ခြင်း နဂိုမူလအတိုင်းပြန်ဆက်သွား၏။
အခြားမီးလုံးကြီးလည်းတုန်ခါလာသည်။ ၎င်းက ထိုအထဲမှ စန်ကျောက်ဖု ရုန်းထွက်ရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်ပါသည်။ မီးလုံးက တဖြည်းဖြည်းအားနည်းလာတယ်ဆိုပေမယ့် စန်ကျောက်ဖုအတွက်ကတော့ အခြေအနေက အန္တရာယ်ရှိပေသေးသည်။
“ဒါတမင် ညစ်နေတာပဲ”
ထိုအခိုက်မှာ မျက်နှာဖုံးတပ်လူတို့နှစ်ယောက်ခံစားနေရသည့် စိတ်ပျက်အားလျော့မှုတို့ကို စုရှောင်ရှန်နားလည်ပေးနိုင်သည်။ သူလည်း ထိုသို့မီးလုံးများဖြင့် ပိတ်လှောင်ထားခံရလျှင် ဘယ်လိုရုန်းထွက်ရမလဲ မသိချေ။
အဆင့်နိမ့်မီးဘောလုံးမှလွဲ၍ တခြား နည်းစနစ်တွေအများကြီးထွင်လို့ရပါသေးလားဟု စုရှောင်ရှန်တွေးတောလိုက်၏။
ထိုညပြီးနောက်မှာ စာဖိုးမှူးကို အာရုံကောင်းကောင်းစိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အကြီးအကဲစန်း၏ လုပ်ရပ်ကြောင့် သူ့စိတ်များတဖန် ပြန်လည် နိုးကြွလာခဲ့၏။
စာဖိုးမှူးလည်း ကောင်းကောင်းအသုံးချတတ်ရင် တိုက်ပွဲတွေမှာ ဓားထိပ်သီးလိုပဲ ကြောက်မက်ဖွယ်ရာအတိဖြစ်ပေလိမ့်မည်။
မီးလုံးများ အက်ကွဲလာပြီး ကောင်းကင်ကြီးလည်း တောက်ပလာသည်။ လူတိုင်း အနိုင်ရမည့်အခွင့်အရေးကိုမြင်လိုက်ရ၏။
ထိုအပူချိန်က အစွန်းရောက်စွာ ကျစ်ကျစ်တောက်ပူနေစဲဖြစ်ပြီး မီးလုံးထဲကလူများက တောင့်ခံထားနိုင်သေးတယ်ဆိုရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေပေလိမ့်မည်။
အကြီးအကဲစန်း နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကို အာရုံစိုက်လိုက်သည်။ တကယ်က ထိုနှစ်ယောက်ကို ပိတ်လှောင်ရတာလဲ ထင်သလောက်မလွယ်ကူနေပါချေ။
မီးလုံးထဲကလူနှစ်ယောက်လည်း သိပ်မကြာခင် ရုန်းကန်နေကြတာရပ်သွား၏။ နဂါးလောင်မြိုက်ခြင်းနယ်ပယ် ကမီးလျှံများလည်း ငြိမ်ကျသွားသည်။
လူတိုင်း၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များထောင်ထသွားပါသည်။ ၎င်းက မုန်တိုင်းမလာခင် လေငြိမ်ခြင်းဆိုတာ နားလည်သဘောပေါက်ကြ၏။
ထိုမီးလုံးထဲက ပိတ်လှောင်ထားခံရသောနှစ်ယောက်က အစွမ်းကုန်ထွက်ဖို့ကြိုးစားကြပေတော့မည်။
အကြီးအကဲစန်းလည်း ထိုသို့ဖြစ်မှာကို မသိဘဲနေမလား။ မီးလုံးနှစ်လုံးရပ်တန့်သွားတာနဲ့ သူရယ်လိုက်ပြီး စိတ်ဝိညာဉ်အနှစ်များပေါင်းစပ်ပါ၀င်သော လက်သီးနှစ်ချက်ကို ပစ်လွှတ်လိုက်သည်။
“ပေါက်ကွဲစမ်း” အကြီးအကဲစန်း အမိန့်ပေးသည်။
ဘုန်း။ ဘုန်း။
ဧရာမ ပေါက်ကွဲမှုနှစ်ခုက ယခုမှ ပြန်ငြိမ်ကျလာသော ညကောင်းကင်ကို ပြန်တုန်ခါ၍ အဖြူရောင်အလင်းများဖြင့် ထိန်လင်းသွားစေတော့သည်။
ထိုအင်မတန်ပူပြင်းသော အပူချိန်တို့က မြေပြင်ကို ရိုက်ခတ်သွားသောအခါ သဘာ၀ပေါက်ပင်များ၊ ပန်းများ စသဖြင့် ချက်ခြင်း ညှိုးနွမ်းသွားခဲ့သည်။
ဤပေါက်ကွဲမှုကြီးက အတွင်းစည်းသာမက အပြင်စည်းကိုပါသက်ရောက်သည်။
သစ်ပင်ပန်းနွယ်များ ညှိုးနွမ်းသွားပြီး ကန်၊ ချောင်းများလည်း ရေဆူမှတ်ကို ရောက်သကဲ့သို့ တပွက်ပွက် အမြုပ်များထလာသည်။ ငန်းရေကန်က ငန်းများလည်း အလန့်တကြားထပျံလိုက်ကြပြီး ပွက်ပွက်ဆူနေသော ရေကန်ထဲပြန်ကျသည်။
လူတိုင်း ကောင်းကင်ယံကိုကြည့်လိုက်ကြပါသည်။ ညကလေးက အလွန့်အလွန်ကို ရုတ်ရုတ်သဲသဲ မကြာခဏဖြစ်နေကာ ယခုမှ ဂိုဏ်းထဲ၀င်လာသော ဘာမှမသိသည့် ဂိုဏ်းသားသစ်များတောင် တစ်ခုခုတော့ မူမမှန်ဖြစ်နေကြမှန်းသိပေသည်။
“ကြီးကြပ်သူ၀မ်။ အတွင်းစည်းက ညီအကိုတွေ တိုက်ခိုက်နေကြတာ ဟုတ်ရဲ့လား”
“ဟုတ်တယ်”
“ခင်ဗျားညာနေတာတော့မဟုတ်ဘူးမလား။ ဒီလောက်ကြီးတဲ့ ပမာဏနဲ့ ပေါက်ကွဲမှုကြီးကို သူတို့လုပ်နိုင်လို့လား”
စည်းကမ်းကြီးကြပ်သူ၀မ် တိတ်ဆိတ်နေသည်။
“တစ်ခုခုပြောပါဦး”
“ပါးစပ်ပိတ်ပြီး အေးဆေး သွားအိပ်ကြစမ်းပါ လခွမ်း”
…
အတွင်းစည်း တောင်တန်းအနောက်ဘက်…။
အဟွတ် အဟွတ်…။
ထိုပေါက်ကွဲမှုပြီးနောက်မှာ လေထဲတွင် ချောင်းဟန့်သံ အဆက်ဆက်ကိုကြားလိုက်၏။ ၀န်းကျင်တစ်ဝိုက်က ဖုန်မှုန်များဖြင့် ပြည့်နေရာ ဘာဖြစ်နေသလဲ ကောင်းကောင်းမြင်ရဖို့ လူတိုင်းအာရုံစိုက်မျက်လုံးမှေးလိုက်ကြသည်။
“သူတို့ အသက်သေးတယ်လား”
မှင်တက်နေသည့် စုရှောင်ရှန်က မေးလိုက်သည်။ မျက်နှာဖုံးတပ်လူက ပိုးဟပ်လားဘာလား။
စုရှောင်ရှန်အသေအချာကြည့်လိုက်သောအခါ ထိုရင်းနှီးသော ဓားဆန္ဒကို တွေ့လိုက်ရပါသည်။ ဤအခြေအနေက စုရှောင်ရှန်နှင့် အကြီးအကဲဆန်းတို့ တိုက်ခိုက်မှုနှင့်သွားဆင်သည်။ သူတို့၏ တိုက်ခိုက်မှုများက ရန်သူတွေကို ဒုက္ခိတဖြစ်ကောင်းဖြစ်စေနိုင်လိမ့်မယ် ဒါပေမယ့် အကန့်အသတ်တစ်ခုထက်ကျော်လွန်၍တော့ မတတ်နိုင်ပါပေ။
ထို့အတူ မျက်နှာဖုံးတပ်လူကို အပိုင်းပိုင်းဖောက်ခွဲဖို့က မဖြစ်နိုင်သည့်ပုံရသည်။
“ဘာလို့များလဲ” စုရှောင်ရှန်အတွေးနက်သွားတော့သည်။
မျက်နှာဖုံးတပ်လူ၏ တိုက်ခိုက်မှုက အကြီးအကဲစန်းနှင့်တောင် ယှဉ်လို့မရ မဟုတ်ပါလား။
“သူဘာ ထူးထူးဆန်းဆန်း နည်းစနစ်တွေ သုံးပြန်ပြီလဲမသိဘူး”
မျက်နှာဖုံးတပ်လူအနားက ရစ်သီနေသော ဓားဆန္ဒများကို ကြည့်ပြီး စုရှောင်ရှန် သူဘာလုပ်ဖို့ကြိုးစားနေသလဲ တွေးလိုက်၏။
တကယ်လို့ ဓားထိန်းချုပ်ခြင်းက ဒီလို အံ့ဖွယ်သရဲ အကျိုးသက်ရောက်မှုတို့ကိုပေးတယ်ဆိုရင် ၎င်းကို အသေအချာပြန်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
အကြီးအကဲစန်းကိုကြည့်ရတာလည်း မျက်နှာဖုံးတပ်လူ အသက်ရှင်ဦးမှာကို မှန်းဆထားသည့်ဟန်ရပေသည်။ ထို့နောက် တစ်ဘက်က စန်ကျောက်ဖုကိုကြည့်လိုက်၏။
တုန်တုန်ရင်ရင်နှင့် ပုံရိပ်တစ်ခုကို လေထဲမှာ မြင်ရသည်။ ခါးကုန်းကုန်းနှင့် စန်ကျောက်ဖု၏ ဆံနွယ်များက ဖြူစွတ်သွားခဲ့၏။ သူ့အသက်စွမ်းအင်များအကုန်လုံးကို သုံးလိုက်ရသဖြင့် အသက်ကြီးလာသည့်ဟန်ပေါက်သည်။
သူ့ပုစိန်ငယ်ကိုကိုင်ထားသော လက်များလည်းတုန်ခါလာခဲ့၏။ သူ့တစ်ကိုယ်လုံးမှာ ခုန်ပေါက်ပြေးနေသော မီးလျှံနျားက ငြိမ်းသက်ဖို့ နည်းလမ်းကို မရှိချေ။
“မင်း-မင်းက ကြမ်းလိုက်တာ”
ဤသို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်၌ နာကျင်ခံစားရပြီးနောက်မှာ ထိုအဖိုးကြီး၏ ဒေါသပါ လောင်ကျွမ်းသွားတာလား စုရှောင်ရှန် တဟားဟားထရယ်လုမတတ် ဖြစ်သွားပေသည်။
စန်ကျောက်ဖုက ဒေါသထွက်နေပေမယ့် ဘာမှ မလုပ်ရဲချေ။ တကယ် မြင်ရခဲသည့် အရာပင်။
အခြားသူများလည်း မှင်တက်နေကြသည်။ သူ၏ ပုစိန်ငယ်လေးနှင့် စန်ကျောက်ဖုက သူတို့အတွက် အိပ်မက်ဆိုးဖြစ်ပါ၏။
ယခုတော့ အကြီးအကဲစန်းနှင့် တိုက်ခိုက်ပြီးနောက်မှာ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားသည်သာမက အသက်ပါပိုကြီးသွားလိမ့်မယ်လို့ ထင်မထားကြချေ။
“ကျောက်ဖု သွားမယ်”
မီးလျှံများက မျက်နှာဖုံးတပ်လူကို ဆက်တိုက် လောက်ကျွမ်းနေကြပြီး ဆက်လက် ရစ်သီနေရန် ဆန္ဒမရှိပါတော့ချေ။ သို့ဖြင့် အကြီးအကဲစန်းကို လှည့်ပြီးမေးသည်။
“မင်း ဒေါသပုံချလို့ပြီးပြီလား။ ငါတို့သွားလို့ရပြီလား”
“ရပြီ”
အကြီးအကဲစန်း ခမောက်ကိုကိုင်ထားရင်းက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ဓားတော့ထားခဲ့”
“ဒီဓားကို မထားခဲ့နိုင်ဘူး။ ယူသွားမှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ စိတ်ဝိညာဉ်နန်းတော်ပဲ ပိုပြီး အထိနာရလိမ့်မယ်။ အဲ့တာမှ ခေါင်းဆက်မာနေသေးရင် ညတိုင်း ဒီလို အရာနဲ့ ကြုံတွေချင်လို့လား” မျက်နှာဖုံးတပ်လူက မေးသည်။
အကြီးအကဲစန်းတိတ်ဆိတ်နေ၏။
မျက်နှာဖုံးတပ်လူပြောတာအမှန်ဖြစ်သလို အကြီးအကဲစန်းစိတ်ပူနေဆုံးအရာလည်းဖြစ်ပေသည်။
ကြန်းမြေတစ်ခုလုံးကို သူတို့စိတ်ဝိညာဉ်နန်းတော်က နာမည်ကြီးဓားတစ်လက်ကို အကာအကွယ်ကောင်းကောင်းမပေးနိုင်ဘူးဆိုတဲ့ သတင်းက မွှေးနေ၏။ ထိုဓားကြောင့် တစ်နေ့ သူတို့ ပျက်သုဉ်းရပေမည်။
အကြီးအကဲစန်း အတွေးနက်နေသည့်အချိန်မှာ ၀န်းကျင်က တိတ်ဆိတ်သွားခဲ့ပြီး စုရှောင်ရှန် အကြီးအကဲကျောက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“သူတို့တစ်ယောက်နဲ့တစ်ယောက်သိကြတာလား”
သူတို့အကြားက လေယူလေသိမ်းက ရန်သူနှစ်ယောက်နှင့်တူမနေဘဲ ရင်းနှီးသော သူများအလားပင်။
ထိုကြမ္မာငင်သည့်ညကလဲ အကြီးအကဲစန်းက ပေါ်လာပြီးနောက်မှာ မျက်နှာဖုံးတပ်လူနှင့် မတိုက်ခိုက်ခဲ့ပါလား။
ဘာကိုဆိုလိုတာလဲ။
“သူတို့နှစ်ယောက် ရင်းနှီးတယ်မလား”
စုရှောင်ရှန်၏ ခေါင်းကို ချက်ခြင်းထုလိုက်ပြီး ဘေးနားက ကျန်းပင်းယန်ကိုလှည့်ကြည့်ကာ အကြီးအကဲကျောက် တုန့်ဆိုင်းသွားသည်။
ကျန်းပင်းယန် နောက်ဆုံးတော့ ထိုခြိမ်းခြောက်မှုကို အတည်မှတ်ယူချေပြီ။ သူမြင်ရသလောက်ကတော့ သူတော်စင်အစေအပါးက အမြစ်ဖြတ် သုတ်သင်ကို သုတ်သင်ရမည့် အဖွဲ့အစည်းဖြစ်၏။ သို့ပေမယ့် အကြီးအကဲစန်းက ဒီလူတွေနဲ့သိတယ်တဲ့လား။
“သူတို့နှစ်ယောက်ရင်းနှီးကြတယ်”
ဘေးတစ်ဘက်က ရှောင်ချိစွေက ကြား၀င်ဖြတ်ပြောသည်။
သူတို့အနားမှာ လူငယ်တွေရှိနေမှတော့လည်း ကိစ္စဝိစ္စတွေကို ယခုရှင်းပြထားတော့ မြင့်မြတ်နတ်ဘုရားနန်းတော််ကိုရောက်မှာ ရှင်းပြစရာမလိုတော့ဘူးပေါ့။
“ငါသိသလောက်တော့ ဒီနှစ်ယောက်က မင်းပြောသလိုပဲ ခင်တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပဲ…”
ရှောင်ချိစွေက ထို့နောက် စုရှောင်ရှန်ကို တည့်တည့်ကြည့်ကာ “ဒါပေမယ့် သူတို့ နှစ်ယောက် အမြင်မတူလို့ ကိုယ့်လမ်းကို လျှောက်ကြတယ်ဆိုပါတော့”
“ဒါလေးနဲ့ ကျုပ်တို့က သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာပေါ့” စုရှောင်ရှန်မေးသည်။
စုရှောင်ရှန်များ တမင်တကာပြောသလား ရှောင်ချိစွေ မှင်တက်သွား၏။
ယခု အပြင်လူတွေရှိတာမသိဘူးလား။ မေးခွန်းတွေ နောက်မှမေးလို့မရဘူးလား။
“မဟုတ်လည်း ရွေးချယ်စရာရှိမယ်ထင်လို့လား”
ရုတ်တရက် ရဲ့ရှောင်ထျန်းပါ ၀င်ပြောသည်။ “မျက်နှာဖုံးတပ်လူက ထွက်သွားဖို့ လောနေလို့ စန်ကျောက်ဖုက သူ့ခွန်အားအမှန်ကို ချမပြသေးတာသိသာတယ်။ သူတို့သာချကြမယ်ဆိုရင် အခြေအနေက ရုံးရင်းဆန်ခတ်နဲ့ အာရုံတွေကို ဆွဲဆောင်မှာပဲ” ရဲ့ရှောင်ထျန်း ကျန်းပင်းယန်ကို ဘု ကြည့်ကြည့်လိုက်၏။
ဒီကောင်က တကယ် အနာကိုဆားနဲ့လာလူးနေတဲ့အတွက် ကျန်းပင်းယန် မဲ့ရွဲ့သွားရသည်။
ဒါပေါ့ သူတို့ စိတ်ဝိညာဉ်နန်းတော်ကို ကူညီဖို့ လူအများကြီးခေါ်မလာမိတာကို ထား။ ရဲ့ရှောင်ထျန်းဒီလိုကြီး အငြိုးတော့ထားမနေသင့်ဘူးမလား
သို့သော် ရဲ့ရှောင်ထျန်း၏ တကယ့် ဆိုလိုရင်းကိုလည်း သူသဘောပေါက်သည်။
ဧရာဇ်နယ်ပယ်အကြားက တိုက်ပွဲတွေက ရောက်ရက်ခက် ပြင်းထန်ပေလိမ့်မည်။ အကြီးအကဲစန်းက ထိုနှစ်ယောက်နှင့် ဆက်လက်တိုက်ခိုက်နေလျှင် မကြာခင် မြင့်မြတ်နတ်ဘုရားနန်းတော်က အဖြူ၀တ်လူများရောက်လာပေတော့မည်။
ထိုအခါ သူတော်စင်အစေအပါးတို့အတွက် ထွက်ပြေးရန် ခဲယဉ်းသွားမည်ဖြစ်ပေ၏။
အသူတော်စင်အစေအပါးများကလည်း ငတုံးများမဟုတ်ရာ ထိုသို့အဖြစ်ခံလိမ့်မလား။
ကျန်းပင်းယန် ခါးသီးစွာပြုံးလိုက်သည်။ စိတ်ဝိညာဉ်နန်းတော်က အကူအညီတောင်းစာကို ထိုစဉ်က အလေးထားခဲ့ပါက အခြေအနေက ယခုဆို ကွဲပြားနေလိမ့်မည်။
“တကယ် နှမျောစရာပဲ”