စာစဉ် (၂၂) အပိုင်း (၂၉၇)

ကြိုတင်ပြင်ဆင်မှု

တစ်ခုသော ဂူနန်း၏ အတွင်းပိုင်း နက်ရှိုင်းသော တစ်နေရာတွင်။

သန်စင်သည့် မူလချီများက အဆုံးမဲ့သော စီးကြောင်းတစ်ခု၏ အလယ်ဗဟိုမှ အားကောင်းစွာ ထွက်ပေါ်နေခဲ့ပြီး မှုန်ဝါးသော မြူခိုးအသွင်သို့ ပြောင်းလဲသွားကာ ဂူတစ်ခွင်လုံးတွင် ဝဲကတော့ အသွင်ဖြင့် လည်ပတ်နေခဲ့သည်။

စမ်းကြောင်း၏ နဘေးတွင် ဇူယွမ်က တိတ်ဆိတ်စွာ ထိုင်၍ နေခဲ့သည်။ နဂါးဟိန်းသံ သဲ့သဲ့က သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ ထွက်ပေါ်လျက်ရှိပြီး မူလချီများကို စွမ်းအားပြည့်ဝစွာ စုပ်ယူလျက် ရှိသည်။ တစ်စုံတစ်ယောက်သာ အနီးကပ်ကြည့်ရှုမည်ဆိုပါက မူလချီလှိုင်းများစွာက အဖြူရောင် အခိုးအငွေ့ အသွင်သို့ ပြောင်းလဲသွားနေကာ ဇူယွမ်က ပါးစပ်မှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူ နေခဲ့သည်။

ထိုသို့ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်တွင် ဂူနန်းအတွင်းရှိ မူလချီများမှာ ပိုမိုပြီး နည်းပါး လာခဲ့ပေသည်။

သို့မှသာ ဇူယွမ်က ကျင့်ကြံနေခြင်းကို ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။ သူက မျက်လုံး ဖွင့်လိုက်ပြီးနောက် ညာဘက် လက်ဖဝါး၏ အလယ်တွင် ရှိနေသော အရာဆီသို့ လှမ်းကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ် သွားခဲ့သည်။ လက်ဖဝါးတွင်ရှိသော နီရဲရဲ အဖုလေး၏ အလယ်ဗဟိုတွင် အနီရောင် နဂါးတစ်ကောင် ပုံသဏ္ဌာန်ရှိနေခဲ့သည်။

ထိုအရာက နဂါးဒေါသ အဆိပ်ဖြစ်သည်။

ဝူဟောင်ထံမှ မြင့်မြတ်သော နဂါး၏ ကောင်းချီအား ပြန်လည် ရယူပြီးချိန်မှ စပြီး သူခန္ဓာကိုယ်ထဲရှိ နဂါးဒေါသ အဆိပ်က ပိုမိုအားကောင်း လာခဲ့သည်။ ထိုအရာမှာ ယခင်ကထက် ပိုမိုကြီးစိုး လာခဲ့ပြီး ကြမ်းကြုတ်လာခဲ့သည်ဟု ဇူယွမ်မှာ အနည်းငယ် ခံစားမိနေခဲ့သည်။

“နဂါးဒေါသ အဆိပ်က သုံးနှစ်မှာ တစ်ကြိမ် အဆိပ်ဒဏ်ထတဲ့အတွက် နောက်ထပ် သုံးနှစ်ပြည့်မဲ့ ရက်က လျှင်မြန်စွာ နီးကပ်လာခဲ့ပြီ” ဇူယွမ်က သက်ပြင်း အရှည်ကြီး တစ်ချက် ချလိုက်သည်။ အချိန်များ ကုန်ဆုံးသည်မှာ လျှင်မြန်လွန်းလှပြီး နောက်ထပ် သုံးနှစ်ပြည့်ရန် နီးကပ်လာပေပြီ။

ပြီးခဲ့သော တစ်ခေါက် နဂါးဒေါသ အဆိပ်ထသော အချိန်တွင် ဇူယွမ်အနေဖြင့် စွမ်းအင် ဝင်ပေါက် ရှစ်ခုကိုပင် မချိုးဖြတ်နိုင်ခဲ့သေးပေ။ ထိုအချိန်နှင့် ဆန့်ကျင်စွာပင် ကြီးမြတ်သော ဇူအင်ပါယာ၌ စွမ်းအား အကြီးဆုံးဖြစ်သော မူလစဦးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလေပြီ။

သူကြီးပြင်း လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ် အတွင်းရှိ နဂါးဒေါသ အဆိပ်မှာလဲ တဖြည်းဖြည်း ခြားနား လာခဲ့သည်။

ထိုအရာကိုသာ သူ့အနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ပါက သူ့အတွက် အန္တရာယ် ရှိနိုင်ပေသည်။

ဇူယွမ်က သူ၏ လက်ဖဝါးကို ပွတ်သပ်လိုက်ပြီး ရေရွတ် လိုက်သည် “ကြည့်ရတာ နဂါးဒေါသ အဆိပ်ကို ငါ့အတွက် တစ်ခုခုလုပ်ဖို့ နည်းလမ်းကို စဉ်းစားရမယ် ထင်တယ်”

မြင့်မြတ်သော နဂါးကောင်းချီးများက နဂါးဒေါသအဆိပ်တွင် ပါဝင် နေခဲ့ပေသေးသည်။ နဂါးဒေါသ အဆိပ်ကိုသူ့အား အပြည့်အ၀ အညံ့ခံအောင် မလုပ်နိုင်ပါက သူ့အနေဖြင့် ထိုအရာ၏ စွမ်းအား အပြည့်အဝကို ဖော်ထုတ်အသုံးပြုနိုင်မည် မဟုတ်ပေ။ ထိုအရာကိုသာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါက သူ့အတွက် သေစေနိုင်လောက်သည့် နိုင်ဖဲတစ်ချက် ဖြစ်လာပေလိမ့်မည်။

ဇူယွမ်က ခဏမျှ တွေးဆနေရင်းမှ သူ၏ အတွေးများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ နဂါးဒေါသ အဆိပ်အား ကိုင်တွယ်ရန်မှာ ထိုအဆိပ်မထခင်အထိ အချိန်အချို့ ရှိနေပေသေးသည်။ ယခုလက်ရှိတွင် အေရေးကြီးသော ကိစ္စမှာ ချောင်းစူည်နှင့် ယှဉ်ပြိုင်ရန် ရှိနေသည့် တိုက်ပွဲပင် ဖြစ်သည်။

တကယ်တော့ ချောင်းစူည်မှာ စစ်မှန်သော မူလစဦး ပဉ္စမအဆင့်တွင် ရှိနေသော ဝါရင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုကောင်၏ သန်မာမှုက လုဖန်းထက် အနည်းမျှသာ သာလွန်မည်ပဲ လွန်စွာ အန္တရာယ် များပေသည်။

မည်သူမှ ထိုအဆင့်သို့ လွယ်ကူစွာ ရောက်ရှိ လာကြသည် မဟုတ်ပေ။

ချောင်းစူည်က ဇူယွမ်၏ လမ်းကို ပိတ်ဆို့ပြီး ဖြစ်၍ ထိုအရာကို ချိုးဖောက် ကျော်လွှားဖို့က လွဲပြီး သူ့တွင် အခြားနည်းလမ်း မရှိတော့ပေ။

သို့သော်လည်း အခြားသော တစ်ဖက်က မူလစဦး ပဉ္စမအဆင့်များ ကြားတွင် လက်ရွေးစင် တစ်ယောက်ဖြစ်ပြီး တိုက်ပွဲတွင် အသာစီးရနိုင်သူ တစ်ယောက် ဖြစ်ကြောင်း သိထားပေသည်။ ထိုကြောင့် ဇူယွမ်အနေ့ဖြင့် သူ၏ ပြိုင်ဘက်ကို လုံး၀ လျှော့မတွက်ထားပေ။

ဇူယွမ်က နက်ရှိုင်းစွာ တွေးတောနေရင်းမှ သူ၏ လက်နှစ်ဖက်က စုစည်းသွားခဲ့ပြီး အလင်းလုံးလေးတစ်ခုက သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာခဲ့သည်။ ထိုအရာထဲတွင် တက်နေဝန်းနှင့် တူသော ရှေးဟောင်းစာအုပ်တစ်ခု ရှိနေခဲ့ပြီး အလွန်ပူပြင်းသော အရှိန်အဝါများကို ထုတ်လွှတ် နေပေသည်။

ထိုအရာက တောင်ထွတ် ရွေးချယ်မှု အခမ်းအနာတွင် ဆုလာဘ်အဖြစ် ဇူယွမ်ရရှိခဲ့သည့် အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ် ကောင်းကင် နေနတ်ဘုရား မှတ်တမ်း ပင်ဖြစ်သည်။

ဇူယွမ်က ရှေးဟောင်း စာအုပ်ကို စတင်ပြီး အချိန်တော်ကြာအထိ စူးစမ်း လေ့လာနေခဲ့သည်။

“အစစ်အမှန် ကောင်းကင်အဆင့် ကျင့်စဉ်လို့ မပြောရဘူး အလွန်ခက်ခဲရှုပ်ထွေးနေပြီးတော့ ကျင့်ကြံရ မလွယ်ကူဘူးပဲ” ဇူယွမ်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုကောင်းကင် နေနတ်ဘုရား မှတ်တမ်းမှာ လွန်စွာ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်အားလုံး၏ ထုတ်လွှတ်နိုင်သော စွမ်းအားထက် သာလွန်ပေသည်။ သို့သော်လည်း ထိုအရာကို လေ့လာရန်မှာ အလွန်ကျပ်တည်းလှပြီး ကောင်းကင်ဘုံငယ်အဆင့် ကျင့်စဉ်များထက် ခက်ခဲ လွန်းပေသည်။

ကောင်းကင် နေနတ်ဘုရား မှတ်တမ်းကို လေ့လာရန် နေကိုးစင်း သလင်းကျောက်၊ ကောင်းကင်ဘုံ မီးတောက် ကျောက်တုံး အဆီအနှစ်နှင့် အခြားရိုးရှင်းသည့် ပစ္စည်းများကဲ့သို့ ပြင်ပ အရင်းအမြစ်များ၏ အထောက်အကူများကို လိုအပ်ပေသည်။ ထိုအရာများအားလုံးမှာ အလွန်ရှားပါးလှပြီး စုဆောင်းရန် အချိန်များစွာ ယူရပေလိမ့်မည်။

အချို့သောအချက်များကို စဉ်းစားပြီးနောက်တွင် ဇူယွမ်က စာအုပ်ကို ပြန်လည်သိမ်းဆည်း ထားလိုက်သည်။ ချောင်းစူည်နှင့် ယှဉ်ပြိုင်ရမည့်ပွဲမှာ နီးကပ် လာသဖြင့် ကောင်းကင် နေနတ်ဘုရား မှတ်တမ်း ကျင့်စဉ်အတွက် အသုံးပြုရန် သူ့အတွက် အချိန်မရှိပေ။

“မူလကောင်းချီးခြင်ဆီကို ရဖို့အတွက်က  နှစ်လတစ်ခါမှ အဆင်သင့်ဖြစ်မှာက စိတ်မကောင်း ဖြစ်စရာပဲ။ မဟုတ်ရင် ငါနောက်တစ်ဆင့်ကို ချိုးဖြတ်နိုင်ပြီ” ဇူယွမ်က ပူဆွေး ဝမ်နည်းစွာဖြင့် ခေါင်းခါယမ်း လိုက်သည်။

တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ဆုလာဘ်အဖြစ် ရရှိသော မူလ ကောင်းချီး ခြင်ဆီကိုရဖို့ အချိန်မရောက်သေးသဖြင့် သူ့အနေဖြင့် ထိုအရာကို အသုံးပြုနိုင်ခြင်းမရှိသေးပေ။

ဇူယွမ်က ထိုအခြေအနေများကို စဉ်းစားနေရင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် ဖွဖွလေး နင်းလျှောက် လာခဲ့သော ခြေသံတစ်ခုအား ကြားရလိုက်သည်။ သူက လှည့်ကြည့်လိုက်လျှင် ထန်ထန်ကို ပွေ့ပိုက်ကာ ညင်သာစွာ လျှောက်လှမ်းလာသည့် ယောင်ယောင်ကို တွေ့လိုက်ရသည်။ သူမ၏ သေးသွယ်သော လက်ချောင်းများကြားတွင် ကျောက်စိမ်း ပုလင်းအချို့ကို သယ်ဆောင် လာခဲ့ပြီး ထိုအရာများ တစ်ခုနှင့်တစ်ခု ခတ်မိသံ တချွင်ချွင်က ခြေလှမ်းတိုင်းတွင် ထွက်ပေါ် နေခဲ့သည်။

“မနက်ခင်းသင်ခန်းစာ တစ်ခုပဲရှိသေးတာကို နင်ပြဿနာ တက်လာခဲ့တာကို ငါမယုံနိုင်ဘူး” သူက ဇူယွမ်ကို လှမ်းကြည့်ရင်း အနီရောင် နှုတ်ခမ်းပါးလေးများကို လှုပ်ရှားကာ ပြောလိုက်သည်။

ဇူယွမ်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီးနောက် ပြန်ပြောလိုက်သည် “ကျွန်တော်လည်း အဲဒါကို မတတ်နိုင်ခဲ့ဘူး။ တပည့်အသစ် တစ်ယောက်က နာမည် ဂုဏ်သတင်းနဲ့ သြဇာလွှမ်းမိုးမှုတွေ မရှိတာကြောင့် ကျွန်တော့်ရဲ့ အကျိုးအမြတ် ရရှိနေမှုတွေကို ဘယ်သူမှ လက်မခံနိုင်ကြဘူးလေ။ အဲထဲက တစ်ယောက်က စံပြလူသားအဖြစ် ကျွန်တော့်ရဲ့ လမ်းမှာ လာပိတ်နေခဲ့လို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ”

ထိုအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး တပည့်အသစ်များမှာ စီနီယာ တပည့်များ၏ အနိုင်ကျင့်ခြင်းကို အချိန်ကာလ တစ်ခုအထိ သေချာပေါက် ခံရမည်ဖြစ်သည်။ ထိုအရာများမှာ ပြောမပြထားသည့် စည်းမျဉ်းများ ဆိုသော်လည်း ဇူယွမ်တွင် ထိုကဲ့သို့သော အရာများအတွက် သေချာပေါက်ကို အချိန်မရှိပေ။

သူ့အနေဖြင့် ခရမ်းရောင် မူလဂူနန်းကို ရယူလိုပါက လိပ်ပြာသန့်အောင် များစွာသော တပည့်များ၏ ကန့်ကွက်မှုများ မရှိစေရန် သေချာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။ မဟုတ်ပါက ထိုကိစ္စက အနာဂတ်တွင် ပြဿနာများစွာ ဖြစ်ပွား စေနိုင်ပေသည်။

ထိုသို့သော အငြင်းပွားဖွယ်ရာ ကိစ္စများကို ဖြေရှင်းရန် တိုက်ရိုက် အကျဆုံး နည်းလမ်းမှာ သူ၏ စွမ်းအားနှင့် သန်မာမှုကို စီနီယာ တပည့်များ သိရှိစေရန် ပြသခြင်းပင် ဖြစ်သည်။

ထိုကြောင့် ချောင်းစူည်က ဇူယွမ်အား ရန်မစခဲ့လျှင်ပင် သူ၏ စွမ်းအားကို ပြသရန် အခြား နည်းလမ်းများကို ရှာဖွေရမည်သာ ဖြစ်သည်။

“မင်းရဲ့ ပြိုင်ဘက်က မူလစဦး ပဉ္စမအဆင့်ပဲ အဆုံးမှာ အရိုက်ခံနေရဦးမယ်” ယောင်ယောင်က ကျီစယ်လိုက်သည်။

သူမက ထိုသို့ ပြောပြီးသော်လည်းပဲ ဇူယွမ်ထံသို့ ကျောက်စိမ်းပုလင်း ငါးခုအား ပစ်ပေးလိုက်လေသည် “ဒါတွေကို ရှန့်ဝမ်ကျင်က လာပေးသွားခဲ့တာ”

ဇူယွမ်မှာ ထိုအရာများကို ဖမ်းယူကာ ဖွင့်ကြည့်လိုက်သည်နှင့် စူးရှပြင်းထန်သော သွေးနံ့များမှာ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး သတ်ဖြတ်ခြင်း အငွေ့အသက် အပြည့်ပါဝင်နေသည့် အရှိန်အဝါများနှင့် သားရဲငါးကောင်၏ ပုံရိပ်အသွင် ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းပုလင်း ငါးခုတွင် မူလသားရဲများ၏ သွေးအဆီအနှစ်များ ရှိနေခဲ့ပြီး လွန်စွာ မြင့်မားသော အရည်အသွေးများ ရှိနေခဲ့သော သွေးအဆီအနှစ်များ ဖြစ်နေခဲ့ကာ တစ်ခုချင်းစီပင်လျှင် အဆင့်ငါးသို့ ရောက်ရှိနေခဲ့ပေသည်။

ဇူယွမ်၏ မျက်လုံးများတွင် ကျေနပ်နှစ်သက်သည့် အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ချီးမွမ်းလိုက်သည် “အတွင်းတောင်ဆိုတဲ့ အတိုင်းပဲ ဒီနေရာမှာ အဆင့်ငါး နဂါးမျိုးနွယ် မူလသားရဲရဲ့ သွေးအဆီအနှစ်တောင် ရနိုင်တယ်”

သူကိုယ်တိုင် ရှန့်ဝမ်ကျင်အား တောက်ပသော ရတနာခန်းမတွင် နဂါးမျိုးနွယ် မူလသားရဲ အဆီအနှစ်ကို ဝယ်ယူရန် တာဝန် ပေးခဲ့ပေသည်။ ဇူယွမ်အနေဖြင့် မူလက အများဆုံး ပုလင်း နှစ်လုံးခန့်သာ ရရှိမည်ဟု ထင်မှတ် ထားခဲ့သော်လည်း အဆုံးတွင် ရှန့်ဝမ်ကျင်မှာ အံ့အားသင့်စရာ ကောင်းအောင်ပင် ငါးခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

သည် သွေးအဆီအနှစ် ပုလင်းငါးခုဖြင့် ဆိုပါက သူ၏ နဂါးကိုးကောင်မ နိယာမအား နောက်တစ်ဆင့်သို့ ရောက်အောက် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။

“နင်က တော်တော်လေး ဆန္ဒပြင်းပြပြီး ရည်မှန်းချက်ကြီးတာပဲ။ သည်လောက် သွေးအဆီအနှစ်တွေ အများကြီးကို သန့်စင်ရင်းနဲ့ နှင့်ကို သတ်ဖြတ်ခြင်း အရှိန်အဝါတွေ လွှမ်းမိုး မသွားအောင် ဂရုစိုက်ဦး” ယောင်ယောင်က ဂရုစိုက်ရန် သတိပေးလိုက်သည်။

ဇူယွမ်က သူ၏ ညာဘက်လက်ဝါးအား ပွတ်သပ်ကာ ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည် “သူတို့မှာ သတ်ဖြတ်ခြင်း အရှိန်အဝါတွေ ဘယ်လောက်ရှိရှိ ကိစ္စမရှိပါဘူး။ သူတို့က နဂါးဒေါသ အဆိပ်ကို အနိုင်ရနိုင်မှာ မလို့လား”

သူက ခေါင်းခါယမ်းကာ နောက်ထပ် မည့်သည့် စကားမျှ မပြောဆိုတော့ပဲ သူ၏ အကြည့်က ယောင်ယောင်၏ လက်မောင်းပေါ်တွင် ပျင်းရိစွာ အနားယူနေသည့် သတ္တဝါငယ်လေးအား ကြည့်လိုက်သည်။ အလွန်အမင်း ကြင်နာပြီး ဖော်ရွေသော အပြုံးတစ်ခုက သူ၏ မျက်နှာတွင် ပေါ်လာခဲ့ပြီးနောက် မေးလိုက်သည် “ထန်ထန်၊ အတွင်းတောင်မှာရှိတဲ့ သင်းရနံ့ တစ်ရာအိမ်တော်က စာကောင်း သောက်ဖွယ်တွေကို သွားစားချင်လား”

ထိုစကားကို ကြားလိုက်ရချိန်တွင် မူလက လဲနေခဲ့သော ထန်ထန်၏ နားရွက်များမှာ ချက်ချင်းပင် ထောင်လာခဲ့ပြီးနောက် မျှော်လင့်ချက် တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား လှမ်းကြည့် လိုက်လေသည်။ သူပါးစပ်မှာ လျှာလေးပင် တန်းလန်း ထွက်နေသေးသည်။

ယောင်ယောင်က ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ထန်ထန်အား ပစ်ပေးကာ ပြောလိုက်သည် “နင့်ရဲ့ အမှားတွေကနေ မသင်ယူနိုင်သေးသ၍တော့ အဆုံးမှာနင် အနှေးနဲ့အမြန် ရောင်းစားခံရမှာပဲ”

ဒီတစ်ကြိမ်လည်း အဝစားပြီးနောက် ထိုအကောင် သွေးပြန်ပေးရမည်ကို သူမ မသိပဲ မနေပေ။

ဇူယွမ်က ထန်ထန်ကို ကောက်ယူလိုက်ပြီးနောက် ညစ်ကျယ်ကျယ်ဖြင့် ပြုံးကာ ပြောလိုက်သည် “အစ်မကြီးယောင်ယောင်၊ ကျွန်တော့်မှာ ကိုယ်ပိုင်ကျင့်ကြံစရာလေးတွေ ရှိသေးလို့ နောက်နေ့ မနက်ခင်း အတန်းကို မတက်ရောက် နိုင်သေးဘူးလို့ ပြောပေးပါ”

ယောင်ယောင်က နားလည်ကြောင်း ပြလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ထွက်ခွာ သွားတော့သည်။

တာအိုရှာဖွေသူ ခန်းမတွင်။

စိန်းထိုက်ယွမ်တို့ အုပ်စု၏ ကျင့်ကြံခြင်း အလှည့် ပြန်လည် ရောက်ရှိလို့ လာခဲ့သည်။

ချောင်းစူည် ရောက်ရှိလာသည်နှင့် သူပထမဆုံး တွေ့လိုက်သည်မှာ ဇူယွမ်၏ နေရာလွတ် ဖြစ်သည်။ ထိုနောက်သူက သဘောကျဟန်ဖြင့် ရယ်မော လိုက်ပြီးသည်။ ထိုကောင်လေးမှာ ကြောက်လန့်တကြားနှင့် သီးသန့်ကျင့်ကြံမှု လုပ်ဆောင်နေသည်မှာ ထင်ရှားပေသည်။

“မင်းမှာ ရက်နည်းနည်းလေးပဲ ရှိတာတောင်မှ မလိုအပ်တဲ့ အစီအစဉ်တွေကို ပြုလုပ်နေတယ်” ချောင်းစူည်၏ မျက်ဝန်းထဲတွင် လှောင်ပြောင် သရော်မှုများ ယှက်သန်းလျက် ခေါင်းခါယမ်း လိုက်သည်။

“ဇူယွမ်…ဇူယွမ်။ မင်းရဲ့ ဝှက်ဖဲတွေအားလုံး လုဖန်းနဲ့ တိုက်ပွဲမှာ ပြသပြီးပြီဆိုတော့ ဒီစီနီယာ အစ်ကိုက မင်းကို အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့…”

(အလုံးစုံသောသားရဲစပါးအုံးချီ။ ငွေအရိပ်; Are we joke to you.)

သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်ခါးစည်းတပည့် မိတ်ဆွေများမှာလဲ ညင်သာစွာ ရယ်မော လိုက်ကြသည်။ ကြည့်ရသည်မှာ နောက်ရက်အနည်းငယ် အကြာတွင် ဖျော်ဖြေပွဲ တစ်ခုအား ကြည့်ရတော့မည် ဖြစ်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset