Switch Mode

အခန်း (၁၉၃)

လူများကို ချက်ခြင်းကယ်တင်ခြင်း

လျှိုရွှမ်ရှင်း၏ မျက်နှာရှံ့မဲ့သွားသည်။

ဒီကောင်လေး လုပ်ထုံးလုပ်နည်းကိုလည်းမလိုက်ပါလား။

ပထမတစ်ကြိမ်က စုရှောင်ရှန်၏ ထူးဆန်းတဲ့ အပြုအမူကြောင့် လွှတ်ပေးလိုက်တယ်ပေမယ့် ဒုတိယတစ်ကြိမ်တာ့ ထိုသို့အခွင့်အရေးမျိုးထပ်ပေးမည်မဟုတ်ပါချေ။

မသိလျှင်၎င်းက အဖွဲ့နှစ်ခု စကားများနေကြပြီး အခြားတစ်ယောက်ကို ဘာပြောရမှန်းမသိ ဖြစ်အောင်လုပ်ပြီး ထွက်သွားတာနဲ့တူသည်။

ဒါပေမယ့် အခြားသူကလည်း စကားပြန်များတာနဲ့ အချိန်မှီတုန့်ပြန်နိုင်လိမ့်မယ်လို့ ထင်နေ၏။

ထိုသို့အခွင့်အရေးကထပ်လာလေပြီ။

“မပေးနိုင်ဘူး”

ရဲ့ရှောင်ထျန်းတိုက်ခိုက်တာခံရရင်တောင် စုရှောင်ရှန်ကို အလွတ်မပေးဟု လျှိုရွှမ်ရှင်း ဆုံးဖြတ်လိုက်သည်။

စုရှောင်ရှန်က ရယ်မောလိုက်သည်။

“နားလည်မှုလွဲမှားသွားမှာစိုးလို့နော်။ ခု ငါမင်းနဲ့ ‌ညှိုနှိုင်းနေတာမဟုတ်ဘူး”

ထိုမှတ်ချက်ကိုချပြီးမကြာခင်မှာဘဲ စုရှောင်ရှန် ရွှစ်ကတည်း နေရာမှ ပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါ လေထဲ၌ ဝဲနေသော ကျိုးထျန်းရှန်အနားကို ရောက်နှင့်နေပြီဖြစ်၏။

ထိုလူထွားကြီးကို ထိန်းချုပ်ထားသော အရာအားလုံးကဓားစွမ်းအင်များကို စုရှောင်ရှန် လစ်လျူရှလိုက်ပြီး အဖြူရောင်လက်စွပ်တစ်ကွင်းထုတ်ယူကာ ကျိုးထျန်းရှန်ကို လျှပ်တပြက် ၎င်းဖြင့် ဖိလိုက်၏။

မကြာခင် ထိုလက်စွပ်မှထွက်လာသော အဖြူရောင်မီးခိုးများကြောင့် ဓားစွမ်းအင်များပျက်ပြယ်သွားရသည်။

ကျိုးထျန်းရှန်ကိုမပြီး စုရှောင်ရှန်တုန့်ဆိုင်းခြင်းအလျင်းမရှိ ထပြေးတော့၏။

လျှိုရွှမ်ရှင်း ကြက်သေသေသွားခဲ့သည်။ ထိုမှ သတိပြန်လည်လာသောအခါ ကျိုးထျန်းရှန်ကို ဖိညှစ်သတ်ရန် လက်ဆုပ်လိုက်ပေမယ့် ထင်မှတ်မထားစွာ ဓားစွမ်းအင်များက ချိတ်ပိတ်ခြင်းကိုခံလိုက်ရ၏။

“အဲ့တာဘာ လက်စွပ်လဲဟ”

ဘယ်လိုလက်စွပ်မျိုးက အရှင်သခင်နယ်ပယ်ဓားစွမ်းအင်တွေကို ချိတ်ပိတ်ပစ်နိုင်တာလဲ။

လျှိုရွှမ်ရှင်းဒေါသထွက်လွန်းလို့ အံကို တင်းတင်းကြပ်ကြပ် ကြိတ်ထားရသည်။ ဒီ စုရှောင်ရှန်က အရမ်းမြန်လွန်းပြီး သူ့ကို အငိုက်ဖမ်းသွားပြန်ပြီ။

အသိပြန်လည် လာပြီး‌‌နောက်မှာ စုရှောင်ရှန်ကို ထိန်းချုပ်ရန်ပြင်လိုက်တဲ့အခါ တကောင့်သားက ‌ရဲ့ရှောင်ထျန်းရောက်နှင့်‌ နေပြီးဆိုတာတွေ့လိုက်ရ၏။

သူ့မျက်စိရှေ့မှာတင် ဓားစားခံတစ်ယောက်ပါသွားပြီ။

ရဲ့ရှောင်ထျန်းဘက်ကိုကြည့်ပြီး လျှိုရွှမ်ရှင်းထိန်းမနိုင်သိမ်းမရဖြင့် ကျောက်တုံးကို ခြေမွလိုက်မတတ်တောင်ဖြစ်သွားသည်။ ထိုဆံဖြူတာအိုသခင်တစ်ယောက်နှင့်တူသော ရဲ့ရှောင်ထျန်းက ရှောင်နိုင်မယ်ဆိုပေမယ့် စုရှောင်ရှန်ကတော့ ရှောင်နိုင်လိမ့်မည်မဟုတ်ချေ။

“မလုပ်နဲ့” အထက်မှ လျှိုလင်းလင်း၏ အော်သံကြောင့် လျှိုရွှမ်ရှင်း၏ အတွေးတိမ်မဲများ ပြန်ပြယ်သွားသည်။

သူတစ်ယောက်တည်းဓားစာခံများရှိသည်မဟုတ်ရပါ။ ရဲ့ရှောင်ထျန်းတွင်လည်း လျှိုလင်းလင်းရှိလေ၏။

လျှိုရွှမ်ရှင်း၏ အမူအရာက တောင်းပန်‌ဟန်ကိုပြောင်းသွားသည်။ သူ့ကိုယ်သူ စိတ်လိုက်မာန်ပါမလုပ်ဖို့ ထိန်းချုပ်ထားရန် ပြောလိုက်၏။

“ဘာလဲ။ မတိုက်ခိုက်တော့ဘူးလား” ရဲ့ရှောင်ထျန်း၏ မျက်နှာထက်၌ အပြုံးဖျော့ဖျော့လေးရှိနေသည်။

လျှိုရွှမ်ရှင်း တိုက်ခိုက်ပါစေဟုလည်း သူစောင့်မျှော်နေခြင်းဖြစ်ပေသည်။ ဒါဆို စိတ်မတည်မငြိမ်ဖြစ်နေသည့် မျက်ကန်း၏ တုန့်ပြန်မှုများလည်း နှေးကွေးသွားရမည်ဖြစ်ကာ ယခု ရှေ့တိုး မဆုတ်သာ အခြေအနေ‌လည်း ပျက်ဆီးသွားရပေမည်။

လျှိုရွှမ်ရှင်းလည်း ၎င်းကို တွေးမိလို့ ယခုလို ချုပ်တည်းထားရတာ သိသာသည်။

ထိုလူက ရင့်ကျက်သော အတွေးအမြင်ရှိပါ၏။ သူ့အသက်နှင့် မလိုက်‌အောင် အတွေ့အကြုံတွေအများကြီးရှိမှာဖြစ်သလို ခံစားချက်ပေါင်းဆုံကိုလည်း ခံစားဖူးကြည့်ပေမည်။

“ဘယ်လိုလဲ။ တော်ရဲ့လား” ရဲ့ရှောင်ထျန်း၏ နောက်မှာ ပုန်းနေတယ်ဆိုပေမယ့် သူကအရပ်ပိုရှည်သောကြောင့် ပုန်းနေတာနှင့်တောင်မတူသော စုရှောင်ရှန်မေးလိုက်သည်။

ရဲ့ရှောင်ထျန်းက ရှေ့တည့်တည့်ကိုကြည့်၍ ကျေနပ်သောလေသံဖြင့်ဆိုသည်။ “တော်တယ်”

နောက်လှည့်မကြည့်ဘဲနှင့်တောင် စုရှောင်ရှန်က အဖြူရောင်လက်စွပ်ကို သိမ်းလိုက်တာ စိတ်ဝိညာဉ်အာရုံဖြင့်သိလိုက်၏။

ထိုအရာ၀တ္ထုကို ရင်းရင်းနှီးနှီးခံစားနေရတယ်ဆိုပေမယ့် ဘာဖြစ်သလဲ‌မပြောနိုင်ဖြစ်နေပြီး နောက်ဆုံး တွေးမရ‌မှတော့ ခေါင်းထဲက ထုတ်လိုက်တောသည်။

ထိုအရာက စုရှောင်ရှန်လူကယ်နိုင်လာတာလောက်နှင့်တော့ယှဉ်လျှင် အရေးမကြီးပါချေ။

ဒီလို စက်ဆုပ်စရာကောင်းတဲ့လူတွေနဲ့ ရင်ဆိုင်ရင် စက်ဆုပ်စရာကောင်း… အဟမ်း… ဉာဏ်ဝိရိယ ပြေးရမည်မဟုတ်လား။

ကျိုးထျန်းရှန်ကို ရဲ့ရှောင်ထျန်းစီ စုရှောင်ရှန်ကမ်းပေးလိုက်သည်။ မုကျစ်ရှီက သူ့ကျော၌ နေရာယူထားပြီးဖြစ်ရာ လူများများကိုထပ်သယ်လျှင် သူ့အရှင်သခင်နယ်ပယ် လျှင်မြန်မှုကို သက်ရောက်တော့မည်။

ကျွမ်းကျင်တဲ့ ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ သတိဝိရိယ ထားရှိရပေမည်။

ဓားစားခံကို အောင်အောင်မြင်မြင်ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ စုရှောင်ရှန် စိတ်လှုပ်ရှားသွားရတော့၏။ ထို့နောက် ရဲ့ရှောင်ထျန်းနောက်မှ ခေါင်းထွက်ကာ အတန်ငယ်ကြာတာတောင် တိုက်ခိုက်မလာသော လျှိုရွှမ်ရှင်းကို ကြည့်လိုက်သည်။

ထိုမျက်ကန်းက အလွန်ဒေါသထွက်နေသလို မျက်နှာကြီး ပြာတူးနေ၏။

“ဝိုး။ ဒီလိုဟာတောင် သည်းခံနိုင်တယ်တဲ့…” စုရှောင်ရှန် စိတ်ထဲမှ ချီးကျူးလိုက်သည်။

“ကြည့်ပါဦး မင်းပြောတော့ မပေးဘူးဆို။ ခုဓားစာခံတစ်ယောက်ကိုယူသွားတာ ဘာလို့ ဘာမှ မလုပ်သေးတာလဲ” စုရှောင်ရှန် လှမ်းမေးလိုက်သည်။

လျှိုရွှမ်ရှင်း သူ့ကန်းနေသော မျက်လုံးကို ပြုးကျယ်အောင်ဖွင့်လွန်းလို့ ပြန်မြင်ရတော့မတတ်အောင်ဖြစ်နေသည်။ ထို့နောက်ပါးစပ်ဟကာ အသာအာယာပဲ ပြန်ပိတ်သွားတော့၏။

သူမမြင်နိုင်ဘူးဆိုပေမယ့် ထိုအသံရှင်က ဘယ်လောက် မုန်းတီးစရာကောင်းလိုက်မလဲကို သူမှန်းဆနိုင်ပါသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်မှာ လျှိုရွှမ်ရှင်း တည်တည်ငြိမ်ငြိမ်ပြောလိုင်သည်။ “ငါ့မှာ လေးယောက်ကျန်သေးတယ်…”

စုရှောင်ရှန်၏ မျက်၀န်းများ ၀င်းပသွားပြီး “အေးလေ လေးယောက်ကြီးတောင်ရှိသေးတယ် နောက်တစ်ယောက်ထပ်ပေးပါလား”

“…”

လခွမ်းပဲ။

“မင်းနာမည်က စုရှောင်ရှန်နော်။ ငါမှတ်ထားမယ်”

[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

မှတ်ထားခြင်း ဆိုတဲ့ ထိုစကားလုံးကြောင့် စုရှောင်ရှန် ရင်မခုန်တော့ပါ။ သူမှတ်ထားရင်တောင် ဘေးမှာ ရပ်နေရမှာဖြစ်သည်။ “မှတ်ထားခြင်း” ပတ်သက်လာလျှင် သူ့ရှေ့မှာ မျက်နှာဖုံးတပ်လူ၊ အကြီးအကဲစန်း နှင့် မီးခိုးမြူပုံရိပ်တို့တန်းစီလျက်ရှိနေကြ၏။ ထိုသူများက သူ့ထက် အဆမတန် ပို၍ ကြောက်မက်ဖွယ်ရာကောင်းပေသည်။

“မှတ်ထားတဲ့အတွက် ကျေးဇူးပါ။ ငါလည်း မင်းနာမည်ကိုကြိုက်ပါတယ်။ လျှိုရွှမ်ရှင်း၊ မျက်ရည်နှစ်စက်ဟုတ်လား။ ကဗျာဆန်တယ်နော်။ ဘာလို့ ဒီလိုနာမည်မျိုး မှည့်ပေးလိုက်တာလဲ”

သာမန်မိဘတွေက သူတို့ကလေးကို ထိုသို့နာမည်မျိုးပေးလေ့မရှိပါလား။ ထင်မှတ်မထားစွာ သူ့ခပ်ကြောင်ကြောင်အတွေးများကြောင့် မျက်ကန်း လျှိုရွှမ်ရှင်းငြိမ်ကျသွား၏။

နောက်ကွယ်မှာ ပုံပြင်တစ်ပုဒ်ရှိနေတာလား။

စုရှောင် အတွေးပေါက်သွားပြီး အသာအယာပြောလိုက်သည်။ “မင်းနာမည်ထက်စာရင်တော့ စိတ်နေသဘောထားလေးကို ပိုကြိုက်ပါတယ်”

လျှိုရွှမ်ရှင်း နားမလည်နိုင်ဖြစ်သွားသည်။ “ဘာလို့ စိတ်နေသဘောထားလဲ”

သူတို့နှစ်ကြိမ်နှစ်ခါသာတွေ့ဖူးပြီး စကားအနည်းငယ်သာပြောဖူးသည်ကို သူ့ စိတ်နေသဘောထားကို ဘယ်လို သိသွားနိုင်တာလဲ။

“ကျစ် ကျစ်…” စု‌ရှောင်ရှန် ကျွတ်သပ်လိုက်ပြီး ဆက်လက်၍ “ဟုတ်တယ်။ မင့်စကားတွေက ဓားသွားလိုထက်ရှပေမယ့် ပဲပင်ပေါက်လို နှလုံးသားမျိုးရှိတယ်။ ‘မပေးနိုင်ဘူး’ လို့ပြောလိုက်ပေမယ့် ယူသွားတော့လဲ ဘာမှမလုပ်ဘူး။ ဒါငါကြိုက်တဲ့ စိတ်နေသဘောထားပဲ”

လျှိုရွှမ်ရှင်း ဒေါသထွက်လွန်းလို့ သွေးတစ်လုတ်အန်ထုတ်ချင်နေသည်။ အပြာရောင်မျက်နှာက ဒေါသကြောင့် ခရမ်းရောင်မျက်နှာာသွင်ပြင်ကိုပြောင်းသွားကာ ပထမ ဗုဒ္ဓအဆင့်မှ ဒုတိယ အဆင့် ဗုဓ္ဓကို ရောက်ပြီး ကောင်းကင်သို့တက်သွားတော့မကဲ့သို့တောင်ဖြစ်နေသည်။

“စု…ရှောင်…ရှန်”

ညီလာခံခန်းမှရှေ့တစ်ခုလုံးကို ဖိအားတစ်ခုက ချက်ခြင်းလာသက်ရောက်သည်။

ထိုအသံကိုကြားရသောအခါ လျှိုလင်းလင်းလည်း တုန်လှုပ်သွားရ၏။ ထျန်းရွှမ်တံခါးအတွင်း၌လည်း စုရှောင်ရှန်ကြောင့် ဒေါသထွက်ရပြီးနောက်မှာ ယခုလို စိတ်လွတ်သွားဖူးသည်မဟုတ်ပါလာ။

သူမ၏ တည်ငြိမ်သော အကို ရွှမ်ရှင်းလည်း ဒီလို ရိုးရှင်းတဲ့အရာအောက်မှာ ပါသွားရတာပဲလား။

မဖြစ်သင့်ပေ။

သူမ တစ်ခုခု ပြောလိုက်ချင်ပေမယ့် ဘာပြောရမှန်းမသိဖြစ်နေသည်။ အကယ်၍ ထိုနေရာမှာ သူမသာဆိုရင် စိတ်လိုက်မာန်ပါတိုက်ခိုက်ပြီးနေလောက်၏။

[အအော်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

အသိပေးချက်ဖန်သားပြင်ကိုတစ်ချက်ကြည့်ပြီး သူ့အကြံ အောင်သွားတာကြောင့် စုရှောင်ရှန်ပြုံးလိုက်သည်။

“ဟေ့ကောင်။ ငါကဒီမှာလေ ဘာလို့ အကျယ်ကြီးအော်နေတာလဲ…” စုရှောင်ရှန် နားမလည်နိုင်သလို အမူအရာဖမ်းကာ ပြောလိုက်သည်။

လျှိုရွှမ်ရှင်းစုရှောင်ရှန်ကို သူ့လက်ထဲက လမ်းလျှောက်တုတ်ဖြင့် ထု‌ရိုက်ချင်လိုက်၏။

စုရှောင်ရှန် မှတ်ချက်ပေးနေရင်း အလယ်၌ ရပ်တန့်သွားကာ သူ့မျက်နှာထက်တွင် ထိတ်လန့်နေသော အမူအရာကြီးပေါ်လာသည်။ အသိပေးချက်ခေါင်းလောင်းများညံသွားသလို ‌သစ်တောဘက်ကို လှည့်ကြည့်လိုက်၏။

“မျက်… မျက်နှာဖုံးတပ်နဲ့လူ”

လူတိုင်း၏ နှလုံးခုန်နှုန်းမြင်းဒုန်းဆိုင်းသွားကြသည်။ ရဲ့ရှောင်ထျန်း၏ မျက်စံများလည်းကျုံ့သွားပြီး စုရှောင်ရှန်ကြည့်သည့်ဘက်ကို လိုက်ကြည့်လိုက်၏။

“တကယ်သူဖြစ်ရမယ် ဒါကြောင့် ငါမထောက်လှမ်းနိုင်တာနေမယ်”

လျှိုရွှမ်ရှင်းနှင့် လျှိုလင်းလင်းတို့လည်း အံအားသင့်သွားကြသည်။ မျက်နှာဖုံးတပ်နှင့်လူ၊ သူတို့၏ ခေါင်းဆောင်ပေါ်လာတာလား။ ဒါဆိုရင်…

တာ၀န်ကပြီးသွားပြီလား။ လာကူညီပေးတာလား။

ပီတိလည်းဖြာရင်း အံ့လည်းအံ့ဩရင်း နှစ်ယောက်သားတစ်ပြိုင်တည်းလိုလို လှည့်ကြည့်လိုက်ကြ၏။ လျှိုလင်းလင်းကတော့ လုံး၀အတိ ပိတ်လှောင်ခံထားသည်ဖြစ်ရာ စိတ်ကသာပါပြီး ကိုယ်ကတော့ မလှည့်နိုင်လိုက်ပါချေ။

လှည့်ကြည့်လိုက်ကြသော လျှိုရွှမ်ရှင်းနှင့် ရဲ့ရှောင်ထျန်းတို့လည်း ဘယ်သူ့ကိုမှ မတွေ့ရာ ပဟေဠိဖြစ်သွားကြ၏။ မျက်နှာဖုံးတပ်နှင့်လူမပြောနှင့် ကြွက်တစ်ကောင် ကြောင်တစ်မြှီးကိုမှ မတွေ့ရပါချေ။

“လိမ်နေတာလား”

သူတို့နှစ်ဦးတစ်ပြိုင်တည်း‌တွေးမိလိုက်ကြချိန် လျှိုလင်းလင်း၏ အော်သံထွက်ပေါ်လာသည်။ “စုရှောင်ရှန်”

ခေါင်းလှည့်မကြည့်နိုင်သော လျှိုလင်းလင်းကသာ စုရှောင်ရှန် ဓားစာခံကို ထပ်ကယ်နေတာ တွေ့လိုက်ရပါသည်။

ထိုလက်စွပ်ကိုပဲထပ်သုံးပြီး တူညီသောနည်းလမ်းဖြင့် မတူညီ‌သောလူတစ်ယောက်ကို ကယ်သွားလိုက်၏။

ကျောက်ကျစ်တုံ့…။

ဉာဏ်ရည်ကို စော်ကားလိုက်သလို ခံစားလိုက်ရပြီး လျှိုရွှမ်ရှင်း ခေါင်းအစ ခြေအဆုံး တဆတ်ဆတ် တုန်ခါ နေသည်။ သူ့ ‌၎င်းက သိသာထင်ရှားသော လှည့်ကွက်လေးပါ။ ဘာလို့သူ သွားယုံလိုက်တာလဲ။

ဘာလို့ သူ့အသံက အကြီးအကျယ်ကြောက်ရွံ့နေသလိုမျိုး အစစ်နဲ့‌တူလောက်အောင် တုန်တုန်ရင်ရင်ဖြစ်နေရတာလဲ။

စုရှောင်ရှန် နောက်တစ်ကြိမ်လူကယ်လိုက်ပြီးနောက်မှာ မအောင့်ထားနိုင်တော့ဘဲ အသံပြဲကြီးဖြင့် အော်ရယ်လိုက်ပါသည်။

“ဟားဟားဟား။ တုံးလိုက်တာလွန်ရော။ ကလေးတောင် ငါပြောတာ မယုံလောက်ဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset