Switch Mode

အခန်း (၁၉၁)

ကြမ်းလိုက်တဲ့ တွက်ချက်ခြင်း

ထိုရုတ်တရက် ဖြစ်ပွားသွားသောအရာကြောင့် လူတိုင်း မှင်တက်သွားကြသည်။

စုရှောင်ရှန်က မုကျစ်ရှီကို ချီပြီးပြေးသွားတာသာ သူတို့လိုက်ကြည့်နေကြ၏။ ထိုရုတ်တရက် အုတ်သော်သောင်းတင်း အခြေအနေမှ သတိပြန်မလည်လာကြသေးပါချေ။

သူတို့ခေါင်း‌ဆောင်နှင့် သူတော်စင်အစေအပါးအကြားထိပ်တိုက်ရင်ဆိုင်မှုကို အပြင်စည်းဂိုဏ်းသားတစ်ယောက်က ဘယ်လို ၀င်နှောက်ယှက်ရဲရတာလဲ။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၆၅]

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁၆၆]

[စိုးရိမ်ခံရပါသည်။ ပင်ကိုယ်မှတ် +၂]

“…”

လျှပ်တပြက်အတွင်း ခံစားချက်အမျိုးမျိုး စုရှောင်ရှန်ကို ပင်ကိုယ်မှတ် ထောင်နှင့်ချီ၍ ပေးတေ့၏။

သူ့ပုခုံးနားက လေက ဖြတ်သန်းတိုက်ခိုက်သွားတာကို ခံစားမိလိုက်ပြီး ထွက်ပြေးသွားသော စုရှောင်ရှန်၏ လျှိုရွှမ်ရှင်း ကျောဘက်ကိုကြည့်နေမိပေသည်။

သူတကယ် အံ့အားမသင့်ဘဲ မနေနိုင်တော့ပါ။

သူ့လက်ထဲမှာ မျက်နှာဖုံးတပ်လူရဲ့ တိုက်ခိုက်မှုနှစ်ခုပါရှိတဲ့ ကျောက်တုံးတွေရှိတာတောင် တစ်ယောက်ယောက်က ယခုလို ထပြေးရဲမယ်လို့ ထင်မှတ်မထားပါချေ။

ဤနေရာတစ်ဝိုက်ကို ရှေ့က ဦးဆောင်သွားမည့် သူ့အကြံက ရုပ်ချည်း ကျရှုံးသွားရ၏။ ထို့ဖြင့် သူ့စိတ်ထဲတွင် ပေါ်မလာတာကြာပြီဖြစ်သော နားလည်ရခက်သည့် ခံစားချက်တို့ပေါက်ဖွားလာကြတော့သည်။

မကျေနပ်ခြင်းပေလော။

မုန်းတီးခြင်းပေလော။

ဒါမှမဟုတ် လစ်လျူရှူခံရသည့်အတွက် နာကျင်ခြင်းပေလော။

စုရှောင်ရှန်က တကယ် ဘယ်လို လူမုန်းခံရအောင်လုပ်ရမလဲသိသည်။ လျှိုရွှမ်ရှင်း အလိုလို စုရှောင်ရှန်၏ ကျောဘက်ကို ကျောက်တုံးတစ်တုံး ချိန်လိုက်၏။ ထို့နောက် ကျောက်တုံးကို ခြွေမွမည်လုပ်လိုက်ချိန်မှ ကျိုးကြောင်းဆီလျော်မှုတို့ပြန်၀င်လာကာ အကြီးအကျယ်တုန်လှုပ်သွားရသည်။

“မဟုတ်သေးဘူး။ သူ တမင်ရည်ရွယ်ပြီးလုပ်နေတာဖြစ်ရမယ်”

ကြည့်ရတာ စုရှောင်ရှန်၏ ရုတ်တရက် ထင်မှတ်မထားသော ရွေ့ကွက်ကြောင့် လူတိုင်း ဓားစွမ်းအင် ပါသော ကျောက်စရစ်ခံများကိုတောင်မေ့သွားကြသည်။

သူလေ့ကျင့်ထားသည့် ရှေးဟောင်းဓားနည်းစနစ်က အရှင်သခင်နယ်ပယ်သို့ရောက်ပေပြီ။ ထိုအကောင်က အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်၏ ဓားဆန္ဒကို မကြောက်ဘဲ ဘယ်နေမှာလဲ။

ဒါဖြင့် တမင်တကာ သူ့ကို တိုက်ခိုက်လာအောင် ကြံလိုက်ခြင်းဖြစ်ပုံရ၏။

ထိုသို့တွေးမိပြီး လျှိုရွှမ်ရှင်း ချွေးစေးများထွက်သွားတော့သည်။

တကယ်လို့ သူ့လက်ထဲမှာ ကျောက်တုံးတစ်တုံးတည်းသာရှိတော့မယ်ဆိုရင် ရဲ့ရှောင်ထျန်းက အခွင့်ကောင်းယူပြီး သူ့ကို တိုက်ခိုက်ပေလိမ့်မည်။

ကျန် ကျောက်တုံးတစ်တုံးက ရဲ့ရှောင်ထျန်းကို ‌သေစေမည့်ဒဏ်ရာ မရရှိနိုင်လျှင် ရလဒ်က သူကပဲ အသတ်ခံရသည့်သူဖြစ်လာလိမ့်မည်။

“ဒီကောင့် တွက်ချက်မှုက ရက်စက်လိုက်တာ”

သူ့အားနည်းချက်ကို ထိုကောင့်ကြောင့် ဖော်မိတော့မလို ဖြစ်သွားရာ လျှိုရွှမ်ရှင်း အံ့သြတုန်လှုပ်သွားရပြီး ခရမ်းဖျော့ လမ်းလျှောက်တုတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

အင်မတန် အဖျက်စွမ်းအားကြီးတဲ့ ဧကရာဇ်နယ်ပယ်တိုက်ခိုက်မှုကျောက်တုံး သူ့မှာရှိတယ်ဆိုပေမယ့် ထိုစွမ်းအားက မထုတ်လွှတ်သေးချိန်က ပို၍ ကြောက်မက်ဖွယ်ရာကောင်းပေသည်။ ထုတ်လွှတ်လိုက်ပြီဆိုတာနဲ့ ထိုနတ်ဘုရားသဖွယ် စွမ်းအင်ကို သူဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး စဉ်းနှီတုံးပေါ် လည်ခံပေးရပေတော့မည်။

“သူဘယ်သူလဲ”

လျှိုရွှမ်ရှင်းမှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းမရှိရာ စုရှောင်ရှန်ကို မမြင်နိုင်ပါချေ။ သူ့အသံကိုသာ ထာ၀ရမှတ်ထားလိုက်တော့၏။

ဒီလို အခြေအနေမှာ ဒီလို ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်တာ သာမန်လူဖြစ်မတဲ့လား။

ဗလာနယ်ထဲမှာ ပိတ်လှောင်ထားခံရသော လျှိုလင်းလင်းလည်း တစ်စုံတစ်ယောက်ကိုဖက်ပြီးပြေးသွားသော စုရှောင်ရှန်ကိုမြင်သောအခါ သူမ၏ မျက်နှာထက်၌ ရှုပ်ထွေးသော အမူအရာတို့ပေါ်လာသည်။

သူမလည်း စုရှောင်ရှန်၏ ရည်ရွယ်ချက်ကိုသိသလိုနှင့် မကြာခင် ချိန်ခွင်လျာပေါ်က မျှတူ အခြေအနေက ပြောင်းလဲသွားတော့မည်ကိုသိ၏။

“နင်ဆိုတဲ့အတိုင်းပါပဲ”

ဒီလိုမျိုး တကယ့် အခြေအနေမှာ ပြီးပြည့်စုံတဲ့ မထင်မှတ်ထားတဲ့ အရာတစ်ခုခုကို ပြုလုပ်တတ်ခြင်းကြောင့်လည်း သူမက စုရှောင်ရှန်ကို သူတော်စင်အစေအပါးထဲခေါ်သွင်းချင်ရခြင်းဖြစ်သည်။

ရဲ့ရှောင်ထျန်းလည်း အတန်ငယ်ကြာပြီးနောက် စုရှောင်ရှန်၏ ရည်ရွယ်ချက်ကို သိသလိုလိုရှိသွားသည်။

အကြီးအကဲစန်း၏ ရွေးချယ်ခံလို့ပြေားစရာကိုမလိုပါပေ။ ဒီရွေ့ကွက်က ယခု အခြေအနေကို ဖြေရှင်းပေးလိုက်၏။

“လူတိုင်း ဆုတ်ကြ”

အချိန်မဆိုင်းစေတော့ဘဲ စည်းကမ်းကြီးကြပ်သူများအားလုံးကို ပြန်ဆုတ်ခွာခိုင်းလိုက်သည်။

လျှိုရွှမ်ရှင်း၏ ဓားစွမ်းအင်ကျောက်စရစ်ခဲများက ယာယီ ဖိနှိပ်ထားခြင်းကိုခံရသည်။ ထိုကျောက်တုံးများကို တဖန် ပြန်မြောက်ကြွစေတော့မည့်စဲစဲ လူအုပ်ကြီးက ချက်ခြင်း လူစုခွဲထွက်ပြေးကုန်ကြ၏။

လျှိုရွှမ်ရှင်းဘာလုပ်ရမလဲမသိဖြစ်သွားတော့သည်။ အခြေအနေက သူ့ထိန်းချုပ်မှုအောက်‌ကနေလွတ်ထွက်သွားခဲ့ကာ ဓားစာခံများ ‌ထွက်ပြေးသွားခြင်းကြောင့် လျှိုလင်းလင်းကို ကယ်ဖို့ရန် ပို၍ ခက်ခဲပေတော့မည်။ “ချီးပဲ”

….

“ကံကောင်းတာပဲ။ ဟိုလူ ငါပြေးလာတာ ဘာမှမလုပ်လို့”

စတင်၍ ထွက်ပြေးလာသည့် စုရှောင်ရှန်က ပီတိများဝေဖြာနေကာ သစ်တောအုပ်ကြီးထဲမှာ မနားတမ်းပြေးနေတော့သည်။

အစက ထိုမျက်ကန်းသာ သူ့ကို တိုက်ခိုက်လာရင် အရာအားလုံးကဓားနှင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တို့ကိုပေါင်းကာ တိုက်ခိုက်မှုကို ခုခံနိုင်လောက်မည်ဟု မှန်းဆထား၏။ အသက်သေစေမည့်ဒဏ်ရာကိုရှောင်နိုင်သမျှတော့ ထာ၀ရအသက်စွမ်းအင်ကြောင့် အသက်ဆက်ရဦးပေမည်။

သို့သော် ထိုမျက်ကန်းက တုန့်ပြန်မှုနှေးကွေးကာ တိုက်ခိုက်မည်မဟုတ်လို့တောင်မထင်ထားပါချေ။

“နတ်ဘုရားတွေက ငါ့ကို ကူညီပေးနေတာဖြစ်မယ်”

အရှင်သခင်နယ်ပယ် လျင်မြန်မှုက ယခုမှ လက်သုံးတည့်သည်။ လျှပ်တပြက်အတွင်းမှာ စုရှောင်ရှန်အဝေးကြီးကို ရောက်သွားခဲ့၏။

ထိုစဉ် အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များစွာကျလာခဲ့တော့သည်။

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၅၆]

[ကျေးဇူးအတင်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၅]

“…”

စုရှောင်ရှန်လည်ပြန်ကြည့်လိုက်ရာ အနက်၀တ်လူအုပ်ကြီးက သူ့နောက်ကနေ လိုက်လာတာကို တွေ့လိုက်ရလေသည်။ ချက်ခြင်းလိပ်ပြာလွင့်မတတ် ကြောက်ရွံ့ထိတ်လန့်သွားရတော့၏။

ဒီ‌လူတွေက သရဲသဘက်တွေလား။ စိတ်ဝိညာဉ်နန်းတော်က ဒီလိုအခြေအနေရောက်နေတာတောင် သူလျှိုဟု သံသယရှိသူကို အလွတ်မပေးချင်ကြဘူးလား။

ထင်မှတ်မထားစွာ သူ့အနားကိုရောက်လာတဲ့အခါမှာ ဖမ်းရမယ့်အစား သူငယ်ချင်းဟောင်းများလို သူ့ပုခုံးကို ဝိုင်းပုတ်ကြသည်။

“စုရှောင်ရှန် တော်တယ်”

“တကယ် ထူးချွန်တဲ့ ရွေ့ကွက်ပဲ။ ငါလည်းသိရင် မင်းလို ထပြေးပါတယ်”

“လုပ်စမ်းပါဦး။ မင်းဘယ်လို ဓားစွမ်းအင်ကျောက်စရစ်ခဲတွေကြားထဲက ဘယ်လို ရုန်းထွက်နိုင်သွားတာလဲ”

“ဒီမျက်ကန်းက စက္ကူကျားသာသာလို့ ဘယ်သူကထင်မှာလဲ။ ဒါပေမယ့် မင်းရဲ့ လုပ်ရဲတဲ့သတ္တိကိုတော့ချီးကျူးရမယ်။ သူ့မှာ ကျောက်တုံး နှစ်တုံးတည်းရှိတာမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းသေသွားနိုင်တယ်နော်”

“…”

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၄၄]

စုရှောင်ရှန် ပဟေဠိဖြစ်သွားသည်။ ဘာဖြစ်နေကြတာလဲ သူမမေးခင်မှာတောင် ထိုသူများ၏ စကားများမှ အခြေအနေကို နားလည်သဘောပေါက်သွားပြီး ငိုရမလား ရယ်ရမလား မသိဖြစ်သွားသည်။

“ကျုပ်ဘာမှ အကွက်မရွေ့ပါဘူး ဒီတိုင်း အပေါ့သွားချင်လို့”

စုရှောင်ရှန်၏ လက်ထဲမှ မုကျစ်ရှီက ရုတ်တရက်ကြီးထဖျားသည်။ သူမဘာဆေးမှားစားမိလဲတော့မသိပေမယ့် သူမ ဖျားနာပြီး ဦးနှောက် ပို၍ထိခိုက်သွားမှာကိုစိုးပါသည်။

ဒါကြောင့် အကြီးအကဲစန်းကိုမြန်မြန်ရှာရပေမည်။

“မင်းကိုယ်မင်း နှိမ်ချမနေပါနဲ့။ ဖုန်းကုန်းကို ဟိုတစ်ခါ သစ်ပစ်လိုက်ကတည်းက မင်း သာမန်မဟုတ်တာ ငါသိပါတယ်။ တခြား‌သူတွေကိုပြောပြတော့လဲ မယုံကြဘူးလေ”

“ဟုတ်တယ် မျက်နှာဖုံးတပ်နဲ့လူ ကိစ္စပြီးကတည်းက မင်းက ထူးခြားတာ ငါသိနေတယ်။ ဒီနေ့တော့ မင်းက တကယ် ငါးကြင်းကနေနဂါးအသွင်ကိုပြောင်းသွားသလို ထူးခြားကြောင်းကို သက်သေပြလိုက်တာပဲ”

“…”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၂၁]

ထိုချီးကျူးချက် မြှောက်ပင့်ချက်တွေကြားမှာ စုရှောင်ရှန် လေထဲမျောပါးသွားပြီး ပြန်လှည့်ကာ မျက်ကန်းကိုရင်ဆိုင်ချင်စိတ်များတဖွားဖွားဖြစ်လာသည်။

သို့ပေမယ့် ထိုလူများက သူတို့အသက်ကိုကယ်လိုက်သည့်အတွက် သူ့ကို ကျေးဇူးတင်နေခြင်းသာဖြစ်ပြီး ဘာမှ မပိုတာကိုသိသည်။

သူအရမ်းမပျော်သင့်ပါချေ။

စုရှောင်ရှန် စိတ်ဆန္ဒကိုထိန်းချုပ်လိုက်တယ်ဆိုပေမယ့် အသိပေးချက်ဖန်သားပြင်ပေါ်က ပင်ကိုယ်မှတ်များ မနားတမ်းဆက်တိုက်ပေါ်လာနေတာကြောင့် ပြုံးဖြဲဖြဲဖြစ်သွားရ၏။

“ခင်ဗျားတို့စကားပြောချင်တယ်ဆိုရင် မရပ်နဲ့ ဆက်ကြ”

လူအုပ်ကြီး အလန့်တကြားဖြစ်သွားတယ်ဆိုပေမယ့် မကြာခင် စကားပြန်ဖောင်ဖွဲ့လိုက်ကြသည်။ သူ့ပင်ကိုယ်မှတ်များ မိုးထိုးထောင်တက်သွား၏။

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၄၂]

“…”

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၂၁]

စုရှောင်ရှန် : “…”

နောက်‌ဆုံးတော့ မြှောက်ပင့်ခြင်းတွေက ရင်ခုန်စရာမကောင်းတော့တဲ့အချိန်မှ သူ့ခေါင်းပြန်ရှင်းသွားခဲ့သည်။ အသိပြန်လည်လာပြီးနောက် လူအုပ်ကို စစ်ကြည့်ရာ တစ်ခုခုမူမမှန်တာကိုတွေ့ရ၏။

“ကျိုးထျန်းရှန်ရော”

“ဟမ်” လူတိုင်း မှင်တက်သွားကြသည်။ ဟုတ်တယ် ကျိုးထျန်းရှန်ဘယ်မှာလဲ။

ကျိုးထျန်းရှန်တစ်ယောက်တည်းသာပျောက်နေသည်မဟုတ်။ ကျောက်ကျစ်တုံ့နှင့် အရှင်သခင်နယ်ပယ်လေးယောက်တို့လည်းပျောက်နေကြသည်။ ကြည့်ရတာ လှုပ်ရှားခြင်းမပြုနိုင်သော လူများက ညီလာခံခန်းမရှေ့၌ ကျန်ခဲ့သည့်ဟန်ရ၏။

“ငါ…” စုရှောင်ရှန် ဘာပြောရမှန်းမသိဖြစ်သွားသည်။

ထိုသူများ၏ မျက်နှာအမူအရာများကိုကြည့်၍ ထွက်ပြေးရန်သာ အာရုံစိုက်ထားသောကြောင့် ကျန်လူများကိုမေ့လျော့ခဲ့ကြောင်းထင်ရှားပေသည်။

အနက်၀တ်လူတစ်ချို့ အသိပြန်လည်လာပြီး အလေးအနက်ပြောသည်။ “သူတို့ကို အဲ့ဒီမှာထားခဲ့တာ အရမ်း အန္တရာယ်များတယ်။ တစ်ယောက်ယောက်သွားကယ်မှရမယ်”

အားလုံးပဲ တစ်ပြိုင်တည်းလိုလို လုပ်လက်စရပ်ပြီး စုရှောင်ရှန်ကို ဝိုင်းကြည့်လိုက်ကြ၏။

စုရှောင်ရှန်၏ မျက်နှာ မုန်းတီးခြင်းဖြင့် အစိမ်းရောင်ပြောင်းသွားသည်။

‘ဒါဘာသဘောလဲကွ။ သူတို့စည်းကမ်းကြီးကြပ်သူတွေက သူတို့အလုပ်မလုပ်ဘဲ ငါ့ကိုသွားခိုင်းစေချင်နေတယ် ဟာသပဲ’

သူ့ရင်ခွင်ထဲမှ ကောင်မလေးကို တင်းတင်းပို၍ ဖိကပ်လိုက်ကာ အလျင်လိုဟန်ရနေသော အသံဖြင့်ပြောသည်။ “တောင်းပန်ပါတယ်။ ကျုပ်မှာ အရေးကြီးကိစ္စလေးရှိနေသေးလို့ ခွင့်ပြုပါဦး”

“စုရှောင်ရှန်” အနက်၀တ်လူတစ်ဦးရှေ့ထွက်လာကာ “ငါ၀န်မခံချင်ပေမယ့်လက်ရှိမှာ အဲ့ဒီမှာ လှဲနေတဲ့ ငါးယောက်ကိုကယ်ဖို့က မင်းက အသင့်တော်ဆုံးလို့ငါထင်တယ်။ ငါတို့ထဲက ဘယ်သူမှ အဲ့မျက်ကန်းရဲ့ ဓားဆန္ဒကို မတွန်းလှန်နိုင်ဘူး”

“ကျုပ်လည်းတူတူပဲလေ”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၆]

စုရှောင်ရှန် : “…”

“စိတ်ဝိညာဉ်စည်းကမ်းကြိးကြပ်ရေးဌာနရဲ့ စည်းကမ်းကြီးကြပ်သူ‌တစ်ယောက်အနေနဲ့ မင်းကို ဒီတာ၀န် ချက်ခြင်းဆောင်ရွက်စေဖို့ အမိန့်ပေးတယ်” ထိုအနက်ဝတ်လူက လေသံမာမာဖြင့်ပြောပြီးနောက် အသံကိုနှိမ့်ချကာ အကြံပေးလိုက်၏။

“စုရှောင်ရှန်မင်းအမှားတွေအတွက် မပြင်ဆင်ချင်ဘူးလား။ မင်းသာ သူတို့ကို သွားကယ်ရင် မင်းက သူလျှိုမဟုတ်ဘူးလို့ သက်သေပြလိုက်တာပဲလေ။ ဒီမှာရှိတဲ့လူတိုင်း မင်းကို သက်သေတည်ပေးလို့ရတယ်”

“ကျုပ်….” စုရှောင်ရှန် သူ့ပတ်ပတ်လည်ကလူများကို ကြည့်ရင်း ကြည့်ရင်း မျက်စိများဝေဝါးသွားတော့သည်။

‘တကယ်ကျေးစွပ်တဲ့လူ‌တွေ။ လူဆိုးတွေ’ စိတ်ထဲမှ ပြောလိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset