စာစဥ် (၂၂) အပိုင်း (၂၉၄)

အချိန်တိုင်းမှာ နံပါတ်တစ်

ဝှစ်…ဝှစ်…

မူလစဦးချီ အမျှင်တန်းများဟာ ရှေးဦး အပျက်အစီး နယ်မြေထဲတွင် လွင့်မျောနေခဲ့ကြပြီး လျှို့ဝှက်ဆန်းကြယ်၍ ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ကြသည်။

ထိုစဉ် မူလချီစီးကြောင်းများစွာက နေရာတစ်ခုသို့ ဦးတည်ကာ မျောလွင့်နေသည်ကို တွေ့လိုက်ရပြီး မူလစဦးချီများ အတူတကွ ပေါင်းစည်းကာ လေဆင်နှာမောင်းအသွင် ဖြစ်ပေါ်၍ နေလေသည်။

ဇူယွမ်၏ စိတ်ဝိညာဉ်က လေဆင်နှာမောင်း၏ မျက်လုံး အလယ်ဗဟို၌ ရှိနေခဲ့ပြီး များပြားသော မူလစဦးချီများကို စုဆောင်းရန် လုပ်ဆောင်နေလေသည်။

မူလစဦး ကောင်းကင်တွင် အဆင့်ကိုးဆင့်ရှိပြီး မူလစဦး ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးအနေနှင့် ဇူယွမ် ရောက်ရှိနေသည်မှာ ဒုတိယအဆင့်တွင် ဖြစ်သည်။ သည်နေရာတွင် ရှိနေသော မူလစဦးချီများသည် ပထမအဆင့်ကထက် ပိုမိုသိပ်သည်းပေသည်။

ထိုကြောင့် ဇူယွမ်အနေဖြင့် မူလစဦးချီများကို ယခင်ကထက် ပိုပြီး စုဆောင်းနေခြင်းပင် ဖြစ်သည်။

“မူလစဦးကျောက်ထရံနဲ့ အချိန်မဲ့ဖျာတို့က တကယ်ကို့ အံ့အားသင့်ဖို့ ကောင်းတာပဲ။ ငါရဲ့ စိတ်ဝိညာဉ်ကို ကြီးမားစွာ အားဖြည့်ပြီး မြှင့်တင်ပေးနေတာက မယုံကြည်နိုင်စရာပဲ” မူလစဦး ချီများကို စုဆောင်းနေရင်းမှ သူ၏ စိတ်ဝိညာဉ် စွမ်းအားများ တိုးတက်လာမှုကို အာရုံခံကြည့် နေခဲ့သည်။ အတိတ်တွင် သူ့၏ အကန့်အသတ် အချိန်သို့ လျှင်မြန်စွာ ရောက်ခဲ့ပေမယ့် ယခုအချိန်တွင် စွမ်းအင်အများအပြား ကျန်ရှိနေသေးသည်ဟု ခံစားမိပေသည်။

ထိုအရာမှာ မူလစဦး ကျောက်ထရံနှင့် အချိန်မဲ့ဖျာတို့ကြောင့် ဖြစ်မှန်း သိသာပေသည်။

သူက သက်ပြင်းချလိုက်သည်။ ကန်ရွှမ်းကလန်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ။ သူတို့မှာ များစွာသော အရင်းအမြစ်များ ကြွယ်ဝချမ်းသာစွာ ရှိနေခဲ့ပြီး များစွာသော တပည့်များ၏ ကျင့်ကြံခြင်းတွင် အကူအညီပေးနိုင်ရန် အထူးကောင်းမွန်သော ကျင့်ကြံခြင်း ရတနာများ စီစဉ် ပေးနိုင်ပေသည်။ ထိုအရာများသာ ကန်မင်တိုက်ကြီးရှိ အင်အားပြည့်ဝသော အင်ပါယာများနှင့် ကြီးမားသော ကလန်များတွင် ရှိပါက သေချာပေါက် ထိုရတနာများကို ဖုံးကွယ် ထားပေလိမ့်မည်။

“ပထမဆုံးအကြိမ် မူလစဦးချီတွေကို ငါပြန်သယ်ဆောင် လာခဲ့တုန်းက အသက်ရှိုက်စာ အကြိမ်(၂၀၀၀)ကျော် ကြာခဲ့တယ် ပြီးတော့ ငါ့ရဲ့ အခြေအနေက တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အကြိမ်(၃၀၀၀)လောက် ကြာခဲ့တယ်”

“ဒါပေမဲ့ ငါ့ရဲ့စိတ်ဝိညာဉ်က ဒြပ်ထည်အဆင့်ကို တက်ရောက်သွားတဲ့ အချိန်မှာ ငါရဲ့ မူလစဦးချီ ပြန်လည် သယ်ဆောင်တဲ့ ကြာချိန်က အသက်ရှိုက်စာ (၄၀၀၀) လောက်အထိ ကြာမြင့်ခဲ့ပြီ”

“မူလစဦး ကျောက်ထရံနဲ့ အချိန်မဲ့ဖျာနဲ့ဆိုရင် ငါ အသက်ရှိုက်စာ (၅၀၀၀)အထိ ရောက်မယ် ထင်တယ်”

ဇူယွမ်၏ နှလုံးသားထဲတွင် စတင်ပြီး ရွှင်ပျလာခဲ့သည်။ ပြန်လည် သယ်ဆောင်လာသော မူလစဦးချီ ပိုများလေ ပိုမိုခက်ခဲလေ ဖြစ်ကြောင်း သူသိပေသည်။ အသက်ရှိုက်စာ တစ်ချက် တိုးလာတိုင်းတွင် လူတစ်ယောက် ပြန်လည် သယ်ဆောင်သော မူလစဦးချီများက ပိုမိုသိပ်သည်း လာခဲ့ပြီး စိတ်ဝိညာဉ်ကို ပိုမိုခက်ခဲစေပေသည်။

ဇူယွမ်၏ အကန့်အသတ် ကြာချိန်ကို (၁၀၀၀) အသက်ရှိုက်စာအထိ မြှင့်တင်နိုင်ခဲ့သော ရတနာ နှစ်ခုမှာ အလွန်ပင် အံ့ချီးဖွယ်ရာဖြစ်ပေသည်။ ထိုအရာများနှင့်ဆိုလျှင် ဇူယွမ်၏ ကျင့်ကြံမှုမှာ သိသိသာသာပင် တိုးတက် လာပေလိမ့်မည်။

သူ့နှလုံးသားထဲတွင် ပျော်ရွှင်နေခဲ့ပြီး ဇူယွမ်၏ စိတ်ဝိညာဉ် စွမ်းအားမှ ဆက်လက်ပြီး ပျံနှံ့နေကာ မူလစဦး ချီအမျှင်တန်းများကို တစ်ခုပြီးတစ်ခု ဆက်လက် ဆွဲယူလိုက်သည်။

သည်လိုနှင့် အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤသို့ဖြင့် အချိန်တစ်ခု ကြာပြီးနောက်တွင် စိတ်ဝိညာဉ် စွမ်းအားကို အလွန်အမင်း သုံးစွဲမှုကြောင့် စိတ်ဝိညာဉ်၏ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ ယခုတွင် သူ၏ နောက်ဆုံး အကန့်အသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာပဲ ဇူယွမ်၏ စိတ်ဝိညာဉ် ပတ်ပတ်လည်ရှိ မူလစဦးချီ မုန်တိုင်းကြီးမှာလည်း ယခင်ကထက် ပိုမိုထူထဲလာပြီ ဖြစ်သည်။

ထို မူလစဦးချီ လေဆင်နှာမောင်းကို မြင်ရသော အချိန်တွင် ဇူယွမ်မှာ ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရပြီး သူ၏ စိတ်ကို မူလစဦးကောင်းကင်မှ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း သူထွက်ခွာရန် ပြင်နေစဉ်မှာပဲ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက် လာခဲ့သည် “မူလစဦး ကျောက်ထရံနဲ့ အချိန်မဲ့ဖျာတို့က ငါစိတ်ဝိညာဉ်ကို ထောက်ပံ့ ပေးနိုင်တယ် ဆိုရင် သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးကကော လုပ်နိုင်မလား မသိဘူး”

သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးမှာ အနန္တစိတ်ဝိညာဉ် ရတနာတစ်ခု ဖြစ်သည်။ အတိတ်တွင် ဇူယွမ် အနေဖြင့် တစ်ခါမှ သည်ကဲ့သို့ မစဉ်းစားဘူးချေ။ သို့သော်လည်း ယနေ့ မူလစဦး ကျောက်ထရံနှင့် အချိန်မဲ့ဖျာတို့၏ အသုံးဝင်မှုကို တွေ့ပြီးနောက်တွင်  သူတော်စင် စိတ်ဝိညာဉ် သလင်းလုံး၏ စွမ်းအားကို သူလျှော့တွက်မိနေကြောင်း စတင် နားလည်လာခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက်တွင် သူ၏ အကြံအစည်ကို ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုနောက် သူက သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးကို ဆင့်ခေါ်လိုက်သည်။

ခဏကြာပြီးနောက်တွင် သူ၏ နှလုံးသားမှာ လှုပ်ခါသွားကာ စိတ်ဝိညာဉ် အတွင်းမှ သေးငယ်သော အလင်းတန်းတစ်ခုမှာ မြင့်တက်လာခဲ့ပြီး သူစိတ်ဝိညာဉ်၏ ထိပ်တွင် ရပ်တန့် သွားခဲ့သည်။

အလင်းတန်း အတွင်းတွင် နို့နှစ်ရောင် သလင်းလုံးတစ်ခုက ဖြည်းညင်းစွာ လည်ပတ် နေခဲ့သည်။

အလင်းတန်းက သူစိတ်ဝိညာဉ်ပေါ်သို့ ဖြာကျလာခဲ့ပြီးနောက် အစောပိုင်းတွင် ပင်ပန်း နွမ်းနယ်နေသည့် သူ၏ စိတ်ဝိညာဉ်မှာ တဖြည်းဖြည်း ပြန်လည် လန်းဆန်း လာခဲ့ကြောင်း စတင်ပြီး ခံစားလိုက်ရသည်။

“ဒါဆို အလုပ်ဖြစ်တယ်ပေါ့။ သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးကိုလဲ မူလစဦး ကောင်းကင်ဆီ သယ်ဆောင်လာလို့ ရတာပဲ” ဇူယွမ်မှာ အလွန်ဝမ်းသာနေခဲ့သည်။ သူသာ ထိုအရာကို အစောပိုင်းကတည်းက သိရှိခဲ့ပါက သူ၏ ကျင့်ကြံမှုနှုန်းမှာ ပိုမိုမြန်ဆန်ခဲ့လိမ့်မည် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်မှာ ပြန်လည် အားပြည့် လာသည်ကို ခံစားမိသည်နှင့် ဇူယွမ်မှာ ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ပဲ မူလစဦးချီများကို ထပ်ပြီး စုဆောင်းလိုက်သည်။

သူတော်စင် စိတ်ဝိညာဉ်၏ အကူအညီဖြင့် ဇူယွမ်မှာ နောက်ထပ် အချိန်အတိုင်းတာ တစ်ခုအထိ ကြိုးစားစုဆောင်း နေခဲ့ပြီးနောက် စိတ်ဝိညာဉ်၏ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် ခံစားလိုက်ရသည်။ သည်လက္ခဏာမှာ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားသည့် ပုံဖြစ်ပြီး သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးပင်လျှင် ထပ်ပြီး မစွမ်းဆောင်နိုင်တော့ပေ။

သူ၏ စိတ်ဝိညာဉ်က ဧရိယာ တစ်ခွင်လုံးကို ဖြတ်ကြည့်လိုက်ပြီး သူဘေးပတ်ပတ်လည်ရှိ ကြီးမားသော မူလစဦးချီ မုန်တိုင်းကြီးကို တွေ့သောအခါ အားရ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်နှင့် အတူ သူ၏ စိတ်ဝိညာဉ်မှာ ပြန်လည် ဆင်းသက်လာခဲ့ပြီး သူ၏ ရုပ်ခန္ဓာနှင့် ပြန်လည် ဆက်သွယ်လိုက်သည်။

ခန်းမထဲတွင်။

တစ်ချိန်တည်းမှာပဲ များစွာသော တပည့်များက သူတို့၏ လေ့ကျင့်ခြင်း အစီအစဉ်များကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အချို့သော တပည့်အသစ်များသည် ရပ်တန့်နိုင်စွမ်းမရှိပဲ မူလစဦး ကျောက်ထရံနှင့် အချိန်မဲ့ဖျာ၏ အကျိုးကျေးဇူးများကို မနားတမ်း တီးတိုး ပြောဆိုနေခဲ့ကြသည်။

အတွင်းတောင်ရှိ အကျိုးကျေးဇူးများသည် အပြင်ဘက် တောင်များထက် များစွာ သာလွန်ပေသည်။

တီးတိုးပြောဆိုနေသည့် များစွာသော တပည့်များကြားတွင် တစ်ယောက်က ဇူယွမ်၏ မျက်လုံးများ ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်ကို ရုတ်တရက် မြင်သွားခဲ့ပြီး အံ့အားသင့် သွားခဲ့သည်။ ဒါက နည်းနည်းကြာနေပြီ မဟုတ်ဘူးလား…

“ဘာလို့ ဇူယွမ်က အခုထိ ဆက်ကျင့်ကြံနေသေးတာလဲ”

“သူက သည်လောက် အကြာကြီး မူလစဦးကောင်းကင်မှာ ရှိနေသေးတာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပထမ အကိုကြီး ဇူထိုက်တောင် ကျင့်ကြံလို့ ပြီးသွားတာ မင်းမမြင်ဘူးလား”

“……”

တပည့်များမှာ စိတ်ရှုပ်ထွေးစွာဖြင့် ရှိနေခဲ့ပြီး အချို့သော စီနီယာ တပည့်များပင်လျင် ဇူယွမ်ကို သံသယဖြစ်စွာဖြင့် ကြည့်နေခဲ့ကြပေသည်။

တကယ်တော့ စိတ်ဝိညာဉ် ပြည့်စုံစွာ ပုံဖော်ခြင်း အဆင့်သို့ ရောက်နေသော ခရမ်းရောင် ခါးစည်းတပည့် နှစ်ယောက်ပင်လျှင် သူတို့၏ ကျင့်ကြံခြင်း အစီအစဉ်များကို ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။

ချောင်းစူည်က မျက်လုံးဖွင့်ကာ ဇူယွမ်ကို အေးစက်စက် ကြည့်လိုက်ပြီး မထူးခြားသည့် ဟန်ဖြင့် ပြောလိုက်သည် “ငါတို့ရဲ့ တတိယအဆင့် နေရာက ရွှေရောင်ခါးစည်း တပည့်လေးက သရုပ်ဆောင်တဲ့ နေရာမှာ ပါရမီပါတာပဲ”

ထပ်ပြီးတော့ ဇူယွမ်က လူအများကို အထင်ကြီးအောင် သရုပ်ဆောင် နေသည်ဟု ထင်မြင်ခဲ့ပေသည်။

ထိုစကားကို ကြားရချိန်တွင် အခြားသော တပည့်များက မနေနိုင်ပဲ ရယ်မော လိုက်ကြပေသည်။ ဇူယွမ်က တကယ်ကို ရင့်ကျက်မှု မရှိသေးသည်လား…

အချို့သော ခရမ်းရောင် ခါးစည်း တပည့်များပင်လျှင် သူ့တို့အရှေ့ရှိ မြင်ကွင်းကို သရုပ်ဆောင်နေသည်ဟု ထင်ခဲ့ပြီး ဇူထိုက်ပင်လျှင် အနည်းငယ် စိတ်ရှုပ်ထွေး နေခဲ့သည်။ တကယ်တော့ ထိုအရာက အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူတို့ ကြွက်ကြွက်ဆူ နေကြစဉ်မှာပဲ စိန်းထိုက်ယွမ်က ရုတ်တရက် ကြိမ်းမောင်းလိုက်သည် “တိတ်တိတ်နေကြစမ်း…”

များစွာသော တပည့်များက ထိတ်လန့်သွားပြီး သူတို့အားလုံးက စိန်းထိုက်ယွမ်ကို လှမ်းကြည့် လိုက်သည်နှင့် ဇူယွမ်ကို တောက်ပနေသော မျက်လုံးများနှင့် စိုက်ကြည့် နေခဲ့သည်ကို တွေ့လိုက်ရသည်။ စိန်းထိုက်ယွမ်မှာ သူတို့အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သောကြောင့် သူက တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်လား။

“ဒါဖြစ်နိုင်လို့လား။ ဇူယွမ်က သည်လောက် အချိန်အကြာကြီးအထိ မူလစဦး ကောင်းကင်မှာ နေနိုင်သည်တဲ့လား” သူတို့အားလုံးက ဇူယွမ်အား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်ကြသည်။

ဘန်း….

သူတို့အားလုံး စိတ်ရှုပ်ထွေးမှုကြောင့် လမ်းပျောက်နေသော အချိန်တွင် ဇူယွမ်၏ အထက်ရှိ လေထုမှာ စတင်ပြီး တုန်ခါလာခဲ့ပြီး နောက်မြင်ကွင်းတစ်ခုအဖြစ် အဆုံးမဲ့သော မူလစဦးချီများက အထက်မှ ဇူယွမ်၏ ပုံရိပ်ပေါ်သို့ ကျဆင်းလာခဲ့သည်ကို တပည့်များ မြင်လိုက်ကြရသည်။

ထိုအရာများက စီးကျလာခဲ့ပြီး ဇူယွမ်၏ ခန္ဓာကိုယ်နှင့် ထိတွေ့ သွားချိန်တွင် သူ၏ မူလချီ သိုလှောင်ခန်း အတွင်းသို့ စီးဝင်သွားခဲ့သည်။

များစွာသော တပည့်များက ပြူးကျယ်နေသော မျက်လုံးများနှင့် ထိုမြင်ကွင်းကို မျက်တောင် မခတ်တန်း စိုက်ကြည့်နေခဲ့ကြပြီး ဘယ်လောက် ကြာမလဲ ဆိုသည်ကို ရေတွက်နေခဲ့ကြသည်။

အသက်ရှိုက်စာ(၁၀၀)…(၅၀၀၀)… အသက်ရှိုက်စာ(၁၀၀၀)… အသက်ရှိုက်စာ(၂၀၀၀)…

သည်လိုနှင့် အသက်ရှိုက်စာ(၃၀၀၀) အထိရောက်သွားချိန်တွင် တပည့်များ၏ အမူအရာမှာ စတင်ပြီး တုန်လှုပ် လာခဲ့ကြသည်။ အသက်ရှိုက်စာ(၃၀၀၀) ဆိုသည်မှာ ရွှေရောင်ခါးစည်း တပည့်များပင် ရောက်ရန်ခက်ခဲသည့် အချိန်ဖြစ်သည်။

ထိုအဆင့်ကို အချို့သော ခရမ်းရောင်ခါးစည်းတပည့်များသာ ရောက်ရှိနိုင်ပေသည်။

မူလက လှောင်ပြောင်နေသည့် ချောင်းစူည်၏ မျက်နှာမှာ ပျက်ယွင်းလာခဲ့သည်။

အသက်ရှိုက်စာ (၃၀၀၀) ကြာခဲ့ပြီးခဲ့လျှင်ပင် ဇူယွမ်၏ အထက်မှ စီးဆင်းနေသော မူလချီများမှာ အရှိန်လျော့သွားမည့်ဟန် မပေါ်ပေ။

များစွာသော အကြည့်များအောက်တွင် မူလစဦးချီများက ဆက်လက် ကျဆင်းနေဆဲပင် ဖြစ်သည်။

အသက်ရှိုက်စာ(၃၅၀၀)… အသက်ရှိုက်စာ(၄၀၀၀) အသက်ရှိုက်စာ (၅၀၀၀)။

အသက်ရှိုက်စာ (၅၀၀၀)ရောက်သည်နှင့် ခန်းမတစ်ခုလုံးမှာ စတင်ပြီး တုန်လှုပ်လာခဲ့ပြီ ဖြစ်သည်။ တပည့်များ၏ အကြည့်များအားလုံးမှာ နံရံဆီသို့ ချက်ချင်း ရောက်ရှိ သွားတော့သည်။

မူလစဦးနံရံပေါ်တွင် အသက်ရှိုက်စာ (၅၀၀၀)ကြာချိန်မှာ ပထမ ဆယ်ယောက် အတွင်းသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်း မူလစဦးကျောက်ထရံနှင့် အချိန်မဲ့ဖျာတို့ကို အသုံးပြုပြီး ပထဆုံးအကြိမ် မူလစဦးချီ ပြန်လည် သယ်ဆောင်ခြင်းတွင် အသက်ရှိုက်စာ (၅၀၀၀)သို့ ရောက်ခဲ့သူ မရှိပေ။

ခန်းမ၏ အမြင့်ဆုံးနေရာတွင် ရှိသော စိန်းထိုက်ယွမ်၏ တင်းမာပြီး ကြီးရင့်သော မျက်နှာမှာ အနည်းငယ် တုန်ယင်နေကာ ဇူယွမ်၏ ပုံရိပ်ကို ကော်နဲ့ ကပ်ထားသည့် အလား စိုက်ကြည့် နေပေသည်။

အဘယ်ကြောင့်ဆိုသော ဇူယွမ်၏ အပေါ်မှာ မူလစဦးချီ စီးကြောင်းများက ဆက်လက် ကျဆင်းနေသောကြောင့် ဖြစ်သည်။

“မူလစဦးနံရံပေါ်က ပထမသုံးယောက်ကတော့ ပထမအကြိမ် ကြိုးစားမှုမှာ အသက်ရှိုက်စာ အကြိမ် (၅၈၀၀)အထိ ကြာမြင့်ခဲ့တယ်။ သူတို့ သုံးယောက်လုံးမှာ ဒြပ်ထည်အဆင့်သို့ ရောက်ရှိ နေပြီးသားတွေပဲ”

“ကြည့်ရသည်မှာ ဇူယွမ် စိတ်ဝိညာဉ်မှာလည်း ထိုအဆင့်သို့ ရောက်ရှိနေလိမ့်မယ်။ ဒါပေမဲ့ ထိုသုံးယောက်ကို လိုက်မှီနိုင်မလား သိချင်မိတယ်”

စိန်းထိုက်ယွမ်၏ စိတ်လှုပ်ရှားနေသည့် အကြည့်အောက်တွင် မူလစဦးချီများမှာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။

အသက်ရှိုက်စာ (၅၃၀၀)… အသက်ရှိုက်စာ (၅၅၀၀) အသက်ရှိုက်စာ (၅၈၀၀)။

ထိုနံပါတ်သို့ အရောက်တွင် ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့ပြီး တစ်ဦးတစ်ယောက် ချင်းစီ၏ လေးလံသော နှလုံးခုန်သံများကိုပင် ကြားနေရပေသည်။

အဘယ်ကြောင့်ဆိုသော ထိုအချိန်သို့ ရောက်ရှိ နေခဲ့သော်လည်း မှုလချီများက ဆက်လက် ကျဆင်း နေခဲ့ပြီး အသက်ရှိုက်စာ (၆၇၄၃) အထိအကြာမှ ရပ်တန့် သွားပေတော့သည်။

ထိုနံပါတ်က မူလစဦးနံရံရှိ အကောင်းဆုံး မှတ်တမ်းကိုပင် တစ်ထောင်နီးပါး အသာနှင့် ကျော်ဖြတ် သွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ နဖူးများပေါ်တွင် ချွေးအေးများ ကျဆင်းလာခဲ့ပြီး ဇူယွမ်၏ ပုံရိပ်ကို တုန်လှုပ် အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

ချောင်းစူ၏ အမူအရာမှာ တောင့်တင်းနေခဲ့ပြီး သူ၏ မျက်ဝန်းများတွင် တုန်လှုပ်ခြင်းများ တည်ရှိနေခဲ့သည်။

အမြင့်ဆုံးတွင် ထိုင်နေခဲ့သော စိန်းထိုက်ယွမ်က နက်ရှိုင်းစွာ အသက်ရှူလိုက်ပြီး တောက်လောက်နေသော မျက်လုံးများဖြင့် ဇူယွမ်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့ပြီး “ငါရဲ့ မူလ သူတော်စင်တောင်ထွတ် နောက်တစ်ကြိမ် မြင့်တက်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပြီ”


Comment

Leave a Reply


Options

not work with dark mode
Reset