Switch Mode

အခန်း (၁၇၅)

မေမေ

ထိုအရာက ကလေးငယ်တစ်ဦး၏ ခေါင်းကဲ့သို့ လုံးလုံးကြီးဖြစ်သည်။ ယောက်ျားလေးလား မိန်းကလေးလားတော့ ပြောရခက်သည်။

ယခု စုရှောင်ရှန်က မြေကြီးအောက်ထဲမှာဖြစ်သဖြင့် လန့်ဖျပ်သွားပြီး နောက်ဆုတ်လိုက်ရာ မြေကြီးနံရံနှင့်တိုက်မိပြီး သူ့ခေါင်းပေါ် မြေမှုန်မြေမွှားများကြလာကြ၏။

“ကလေးတစ်ယောက်များလာ”

ထိုအတွေးက သူ့ခေါင်းထဲကို ၀င်လာခဲ့လေသည်။

ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်က တကယ်တော့ မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပြီးတော့ ထျန်းရွှမ်တံခါးက ကလေးတွေကို ဖမ်းထားဖို့ ဆောက်ထားတဲ့နေရာများလား။

အကြီးအကဲစန်းနှင့် ရဲ့ရှောင်ထျန်းတို့ကိုတွေးမိသော်။ ဖြစ်နိုင်တယ်ဟ။

ခရက်…။

အသံကြားလို့လားမသိ ထိုခေါင်းက ခက်ခက်ခဲခဲ မော့ပြီး စုရှောင်ရှန်ကို မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည်။

ထိုအရာက ကျိုးထျန်းရှန်လို အနီ‌ရင့်ရောင်မျက်၀န်းများရှိသည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထား၏။

သိပ်မကြာခင် စုရှောင်ရှန်သူအထင်‌မှားနေကြောင်းသိလိုက်ရသည်။

မဟုတ်မှလွဲရော ဒါက ရုပ်သေးရုပ်တစ်ရုပ်လား။

အပြင်ဘက်ကလို သံမဏိ တုံးကြီးများမဟုတ်ဘဲ ဒီရုပ်သေး၏ အပြင်ပန်းက ကလေးငယ်တစ်ယောက်နှင့်ဆင်တူသည်။

“မေမေ”

ထိုရုပ်သေးရုပ်က မသိလျှင်လည်ပင်းထဲ၌ ချောစီမထည့်ထားသကဲ့သို့ စက်ရုပ်သံ အက်အက်ကြီးဖြင့်ပြောသည်။

စုရှောင်ရှန်တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများထောင်ထသွား၏။

“အမေဟုတ်လား”

အရောင်မှိန်းနေသော မြေအောက် လှိုဏ်ဂူလေးထဲတွင် ရုပ်သေးရုပ်က စိတ်ဝိညာဉ်အသိရှိသလို အမေလို့ဆက်တိုက်ခေါ်နေ၏။

လခွမ်း။ ဒါဘယ်လိုနေရာလဲဟ။ ဒါမှမဟုတ် ရတနာကို စည်းနှောင်ထားတဲ့ အကာအကွယ်ကြောင့်များလား။

“မေမေ”

ရုပ်သေးရုပ်ကလေး၏ အသံထပ်ထွက်လာသည်။ သူ့ကိုကြည့်ရတာ ခက်ခက်ခဲခဲ ပြောနေရပုံပေါ်သည်။ သူ့ကိုလှောင်ထားသော အနက်ရောင်သလင်းကျောက်တုံးမှ ထွက်လာပြီဆိုပေမယ့်အောက်ပိုင်းခန္ဓာကိုယ်ကတော့ မထွက်နိုင်ဘဲ ရှိနေသေးသည်။

“နှစ်ဆင့်ချိတ်ပိတ်ထားတာလာ”

စုရှောင်ရှန် မကောင်းတာတစ်ခုခု ခံစားလိုက်ရ၏။ ထိုရုပ်သေးကလေး မြေပြင်ကနေထွက်လာရင် သူအနိုင်ယူနိုင်မလားမသိပေ။

မြေအောက်ကိုတွင်းဖောက်တုန်းက ယုံကြည်ချက်ရှိတယ်ဆိုပေမယ့် ခုတော့ မသေချာပါတော့ပေ။

ဘုန်းးး…။

ထျန်းရွှမ်တံခါးတုန်ခါမှုက တစ်စထက်တစ်စ ပို၍ ပြင်းထန်လာသည်။ သူ့ခေါင်းပေါ်က မြေဆိုင်မြေခဲများလည်းကျလာတော့ရာ အခြားနေရာတစ်ခုကို သွားဖို့ အချိန်မရှိတော့တာ သိလိုက်ရသည်။

“မေမေ”

ရုပ်သေးကလေးငယ်၏ အသံက စိုးရိမ်ထိတ်ပျာနေဟန်ပေါက်သည်။

“ကလေးရေ မကြောက်ပါနဲ့။ မေမေဒီမှာရှိတယ်။ မေမေ ဆွဲထုတ်ပေးမယ်”

စုရှောင်ရှန် သူ့လက်ဆန့်ထုတ်ပြီးနောက် တုံ့ခနဲရပ်သွားကာ ထပ်လောင်းပြောဆိုလိုက်သည်။ “အပြင်ထွက်လာရင် ငါ့ကို ရိုက်လို့မရဘူးနော်။ မေမေလို့ခေါ်တဲ့ ဒီမျက်နှာကို မှတ်ထား။ အရမ်းမဆိုးရဘူး။ ဟုတ်ပြီလား”

“မေမေ”

စုရှောင်ရှန် အရိုးစိမ့်မတတ် ချမ်းသလိုလိုခံစားလိုက်ရပြီး ဆန့်ထုတ်ထားသောလက်တောင် တွန့်သွားသည်။

“လက်ကိုဆန့်ထုတ်လိုက်။ မဟုတ်ရင် မင်းရဲ့ ခေါင်းကိုပဲ‌ ငါဆွဲရတော့မယ်”

“မေမေ”

ရုပ်သေးကလေးငယ်က တုန့်ပြန်မှုမရှိပေ။

ထိုရုပ်သေးကလေးငယ်ကို သံသယတစ်ချို့ဖြင့် စုရှောင်ရှန်ကြည့်လိုက်သည်။

ထို့နောက် ဒီချိတ်ပိတ်ထား‌တဲ့‌ နေရာမှာများ ထားလိုရင်ရပြီလားဆိုပြီး အဆက်အသွယ်ပြုသည့် ကျောက်စိမ်းစာလ်ိပ်ကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းစာလိပ်က တုတ်တုတ်မျှတောင်မလုပ်ချေ။ ကြည့်ရသည်မှာ ရုပ်သေးကလေးငယ်ကို စည်းနှောင်ထားသည့် ဒုတိယ ချိတ်စည်းကိုလည်း ဖယ်ရှားရမည့်ပုံပေါ်သည်။

သို့မှ လျှိုလင်းလင်းပြောထားတာ ရုတ်တရက်သတိရသွားသည်။ တကယ်လို့ ရုပ်သေးကလေးငယ်က ‌စည်း‌နှောင်ထားတဲ့ ရတနာဆိုရင် ၎င်းလွတ်မြောက်သွားရင် ထျန်းရွှမ်တံခါးတစ်ခုလုံး ဒုက္ခမရောက်သွားပေဘူးလော။

ကျောက်စိမ်းစာလိပ်။

ထိုအရာက အနက်ရောင်ဓားအိမ်ထက်တောင် အားနည်းသေးသည်။ တကယ်ကော ကမ္ဘာငယ်လေးပျက်ဆီးတာကို တားဆီးနိုင်ပါ့မလား။

အဆုံးမှာတော့ ရဲ့ရှောင်ထျန်း၏ တာ၀န်ကိုသာ လိုက်နာရန် စုရှောင်ရှန်နားထောင်လိုက်သည်။ ပြောရမယ်ဆိုရင် ရဲ့ရှောင်ထျန်း၏ တာ၀န်မှလွဲ၍လည်း သူ့တွင် တခြားလွတ်လမ်းမရှိဘူးမဟုတ်ပါလား။

ထို့နောက် ရုပ်သေးကလေးငယ်၏ အနီရောင်မျက်၀န်းနှစ်စုံကိုကြည့်၍ အံတင်းတင်းကြိတ်ကာ ခေါင်းကို ‌ကိုင်လိုက်သည်။ ထိုခေါင်းက ပျော့အိပြီးတော့ နွေးနွေးလေးရှိသည်။ မသိလျှင် လူတစ်ယောက်ရဲ့ ခေါင်းကို ကိုင်ရတာလိုလို။

“မေမေ”

ထိုအသံအက်အက်ကြီးဖြင့် ခေါ်သံက ထူးဆန်းစွာ ထိတ်လန့်ဖွယ်ရာကောင်းသည်။ စုရှောင်ရှန်၏ ဝိညာဉ်ကနေတောင်ကြားရသလိုမျိုး ကြက်သီးများတဖျင်းဖျင်းထ‌လာတော့၏။

နောက်ကျောဘက်မှ ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး အလိုလို သူ့ခန္ဓာကိုယ်ကို တောင့်တင်းမိလိုက်သည်။

“ငါဆွဲလို့ ခေါင်းတော့ မပြုတ်သွားလောက်ပါဘူးနော်”

တုန့်ဆိုင်းခြင်းအလျင်းမရှိ စုရှောင်ရှန် ထိုခေါင်း၏မေးရိုးအောက်မှ ကိုင်ကာ အားဖြင့် ဆွဲထုတ်လိုက်တော့၏။

ရွှစ်…။

ရုပ်သေးကလေးငယ်၏ အောက်ပိုင်းကို ချုပ်နှောင်ထားသော ချိတ်စည်းက ချက်ခြင်းပေါ်လာခဲ့သည်။

“မေမေ” ရုပ်သေးကလေးငယ်က နာကျင်သလို အော်ခေါ်လိုက်၏။

စုရှောင်ရှန် အလန့်တကြား လက်ကိုပြန်ဆွဲဆုတ်လိုက်သည်။ ထိုအသံက ကြောက်ဖို့ကောင်းလွန်းလှ၏။

ထို့နောက် ရုပ်သေးကလေးငယ်ကို ‘ကျေးဇူးပဲ ပါးစပ်မပိတ်ထားနိုင်ဘဲ ခုလိုအော်ပြီး ငါ့ကိုကြောက်အောင်လုပ်တဲ့အတွက်’ ဟူသော အမူအရာဖြင့်ကြည့်လိုက်သည်။

သူ့ခြေထောက်အောက်တွင် မီးတောက်နှစ်ခု တောက်လောင်လာခဲ့၏။ ထိုမှ အားယူကာ ရုပ်သေးကလေးငယ်၏ ခေါင်းကို ဆောင့်ကာ ဆွဲထုတ်လိုက်သည်။ ဘုန်းကတည်း ချိတ်စည်းအတော်များများ လုံးလုံးပြတ်တောက်သွားတော့၏။

“မေမေ”

စုရှောင်ရှန်၏ နားထဲသို့ နာကျင်နေသော အော်သံကြီး၀င်လာသည်။ နောက်ဆုံးတော့ ချိတ်စည်းလည်းမခံနိုင်တော့ဘဲ ကလေးငယ်၏ အောက်ပိုင်းကိုလွှတ်ပေးလိုက်ရတော့၏။ သို့ဖြင့် မြေကြီးထဲမှ လုံးလုံးထွက်လာ လေသည်။

စုရှောင်ရှန်၏ မျက်ဆံများ ချက်ခြင်း ပြူးကျယ်သွားသည်။

ထိုအရာက သာမန်ကလေးတစ်ယောက်၏ အောက်ပိုင်းသာဖြစ်၏။

မသိလျှင် သာမန်လူသားတစ်ယောက်နဲ့ ဘာမှ မထူးခြားမနား။ ကွာခြားချက်ကိုပြောပါဆို လက်ကောက်၀တ်၊ ခြေခြင်း၀တ်များကို အနက်ရောင်သံကြိုးကြီးများဖြင့် ချုပ်ထားခြင်းဖြစ်သည်။ ခုတော့ အပြင်ထွက်လာသောအခါ ထိုသံကြိုးများပါ ပြတ်ထွက်သွားကြ၏။

သူ့မျက်လုံးကို သူတကယ် စပ်စုချင်နေသည့်နေရာသို့ ရွေ့လိုက်သည်။

ထိုရုပ်သေးကလေးငယ်၏ ပေါင်ခြံက ဘာမှမရှိ တြိဂံအပြားကြီးသာဖြစ်ချေ၏။

“လိင်အင်္ဂါမပါဘူးဟ” စုရှောင်ရှန် အံ့ဩတကြီး ရေရွတ်လိုက်သည်။

သို့မှ အန္တရာယ်ကိုခံစားလိုက်ရပြီး ရုပ်သေးကလေး၏ ခေါင်းကို အလျှင်အမြန်လွှတ်လိုက်၏။

ကလေးငယ်က လက်များကို ဆန့်ထုတ်ကာ စုရှောင်ရှန်၏ လည်ပင်းကို သိုင်းဖက်ရန်ပြုလိုက်သည်။

“ဟေး”

စုရှောင်ရှန် ဆတ်ကတည်း ငုံ့ရှောင်လိုက်၏။

“မေမေ”

ရုပ်သေးကလေးငယ်၏အသံက မကျေနပ်သလို ဆောင့်ကြီးအောင့်ကြီးရှိသည်။ သူ့ရှေ့က ရုပ်သေးကလေးငယ်၏ ပုံရိပ်ဝေဝါးပြီး ပျောက်သွားတာကို စုရှောင်ရှန်တွေ့လိုက်ရပေသည်။

‌ချက်ခြင်း သူ့၀မ်းဗိုက်မှ ဆူးကတည်းအောင့်သွားတဲ့ နာကျင်မှုကြီးခံစားလိုက်ရကာ အမြင်ကို အမှောင်ထုကြီးစိုးသွားတော့သည်။

သူ့အမြင်ပြန်လည်ရရှိသောအခါတွင်လည်း စုရှောင်ရှန်က လေထဲမှ အောက်သို့ကျနေတာကို တွေ့လိုက်ရ၏။ သို့သော် သူ‌ထိုးဖောက်လာသည့် အတိုင်းမဟုတ်ဘဲ မြေကြီးအောက်ထဲကို ဆက်၍ မီတာရာနှင့်ချီ ထိုးဖောက် ကျဆင်းသွားခြင်းဖြစ်သည်။

[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ဖူးးး…။

စုရှောင်ရှန် စူးစူးရှရှနာကျင်မှုကိုခံစားလိုက်ရပြီး သူ့၀မ်းဗိုက်မှ လက်သီးရာကြီးကိုကြည့်လိုက်သည်။ ၎င်းက သွေးသံတရဲရဲရှိလှ၏။

ထိုအရာကြောင့် အံ့အားသင့်သွားသည်။ သူ့မှာ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရှိတာပါ။ ရုပ်သေးကလေးငယ်က တကယ် အဖျက်စွမ်းအားကြီးလွန်းလှ၏။

“မေမေ”

သူ့နောက်မှ ထိုရင်းနှီးသောအသံကြားလိုက်ရပြီး အလိုလိုရှောင်မိလိုက်သည်။ သူ့အကြားအမြင်မှ ထိုရုပ်သေးကလေးငယ် နောက်၌ ရောက်လာတာကို တွေ့လိုက်ရလေသည်။

ဒါက…

မြေကြီးထဲကို ထိုဖောက်သွားနေတာတောင် မရပ်သေးဘူး။ ဘယ်လိုလုပ်ဒီကလေးက ‌ဘယ်‌လောက်မြန်လို့ အနောက်ကို တန်းရောက်လာပြီး ငါ့ကို ထပ်ထိုးရတာတုန်းဟ။

လျှိုလင်းလင်းတောင် ဒီကလေးလောက်မမြန်ဟု ခံစားလိုက်ရသည်။

“မေမေ”

စောနက သူရှောင်လိုက်သောကြောင့်လားမသိ ထိုရုပ်‌သေးကလေးငယ်၏အသံက စိတ်ဆိုးသလိုရှိသွား၏။

ဘုန်းးး…။

ထပ်ထိုးခံလိုက်ရပြီး သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ပျက်ဆီးယို့ယွင်းနေသည့် ကောင်းကင်ကြီးကိုတွေ့လိုက်ရသည်။

[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ကောင်းကင်မှ ပြန်ကျလာသောအခါ ကွင်းပြင်ကြီး၌ မီတာတစ်ရာကျော်လောက်ရှိသော အက်ကြောင်းများထလာ‌၏။ စုရှောင်ရှန် ထိုအလယ်၌ မလှုပ်မယှက်ရှိနေသည်။

သူ၏ နောက်ကျောက ချိုင့်၀င်နေကာ သွေးများ လတ်လတ်ဆတ်ဆတ် နေရာတိုင်းကို ပြန့်နှံ့သွားသည်။ သူသာ ပင်ကိုယ်စွမ်းရည်များကိုမပိုင်ဆိုင်လျှင် သေသွားလောက်သည်။

ရဲ့ရှောင်ထျန်း။

အဖိုးကြီးပြောတာမှန်တယ်။ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံသင့်ဘူး။

ဒီရတနာကို စည်းနှောင်ထားတဲ့နေရာမှာ ကျောက်စိမ်းစာလိပ်ကို ထားရမယ်လို့များ ရဲ့ရှောင်ထျန်းမှားပြောမိလိုက်တာလား။ ချီးလိုပဲ။

“မေမေ”

ထိုချစ်ခင်မြတ်နိုးသောအသံကိုထပ်ကြားရသည်။ စုရှောင်ရှန်ဒီတစ်ခါတော့ မရှောင်ပါတော့ချေ။ နေရာတွင်သာ တိတ်တိတ်လေး လှဲလျောင်နေကာ ရုပ်သေးကလေးငယ်ကို သူ့အား စိတ်၀င်တစားကြည့်စေလိုက်သည်။

[အာရုံစိုက်အကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ရုပ်သေးကလေးငယ်က ‌ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ စုရှောင်ရှန်ကို ဆက်မတိုက်ခိုက်ဘဲ ထိုအတိုင်းကြီးနေနေ၏။

“မကောင်းဆိုးဝါး။ မကောင်းဆိုးဝါး”

ထာ၀ရအသက်စွမ်းအင် သူ့ဒဏ်ရာများကို ကုသပြီးဖြစ်သော်လည်း စုရှောင် မလှုပ်ရှားရဲပါချေ။

သူစောနကတွေ့ခဲ့ရသော ရုပ်သေးများကလည်း ဒီကလေးငယ်လို မထူးခြားမနားပါဘဲ။ ဘာလို့ဒီလောက်အဆင့်ကြီးကွာရတာလဲ။

ထိုသံမဏိရုပ်‌သေးများလို ထိုကလေးငယ်ကလည်း ရုပ်သေးရုပ်ဖြစ်တာကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားကတော့ ထူးခြားစွာကြောက်မက်ဖွယ်ရာအတိရှိလှ၏။

ပို၍ အရေးကြီးတာက ဒီကလေးက စိတ်ဝိညာဉ်အသိရှိနေတာပါပဲ။

ဓားအိမ်လို အရာမျိုးတောင် လှုပ်၍ရတယ်ဆိုရုံပင်။ ရုပ်သေးကလေးငယ်ကတော့ ကိုယ်တိုင်လည်းတွေးနိုင်ပေသည်။ စုရှောင်ရှန် ထိုရုပ်‌သေးက‌လေးငယ်က ဘာများ တွေးနေမှန်းကို မခန့်မှန်းနိုင်ပါချေ။

“ကောင်ကလေး။ မင်းက ငါ့ကို ချစ်ကြောင်း ပွတ်သပ်ပြီး ဖော်ပြမလို့သိပါတယ်။ ဒါပေမယ့် မင်းရဲ့ ခွန်အားက ကြမ်းလွန်းတယ်ဟ”

စုရှောင်ရှန် လည်ဆန့်ပြီး ထိုရုပ်သေးနှင့် အချိတ်အဆက်မိစေရန် အကောင်းဆုံးကြိုးစားလိုက်သည်။ ရုပ်သေးကလေးငယ်၏ အနီရင့်ရောင်မျက်လုံးများက အတွေးနက်နေဟန်ရသည်။

ထိုအတွေးနက်နေသော အမူအရာကြောင့် သူ့ချဉ်းကပ်မှုကများ အလုပ်ဖြစ်သွားတာလားဆိုပြီး စုရှောင်ရှန် ကျေနပ်သွားသည်။

ထိုရုပ်သေးကလေးငယ်ကို သူ့ခွန်အားက မယှဉ်နိုင်မှတော့ အနုပညာတို့ရဲ့ ဘုရင်ကြီး စကားအရာနဲ့ ချဉ်းကပ်ရတော့မှာပေါ့။

စုရှောင်ရှန် စကားပြောဖို့ ပါးစပ်ဟလိုက်သည်။

ဘန်းးး…။

ရုပ်သေးကလေးငယ် ခေါင်းဖြင့်ဆောင့်ချပစ်လိုက်သည်။

တိုက်ခိုက်နေသော လေညှင်းများက အေးသယောင်ယောင်နှင့် အချိန်အတော်အတန်ကြာသွား၏။ စုရှောင်ရှန်၏ ခြေထောက်များ လေထဲကိုကော့တက်သွားပြီး အရုပ်ကြိုးပြတ် ပြန်ကျသွားသည်။

[ချောင်းမြောင်းတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset