Switch Mode

အခန်း (၁၇၀)

ရေခဲနဂါးအသိုက်၊ ထျန်းရွှမ်တံခါး…။

တံခါးအတွင်းက ကမ္ဘာငယ်လေးမှာ အပူချိန်က ရေခဲမှတ်‌အောက်ကို ကျော်လွန်ကျဆင်းနေသော ရေခဲကမ္ဘာလေးတစ်ခုကိုတွေ့ရသည်။

ကျောက်ချင်းထန်တောင် ဤနေရာကို၀င်လာတာနဲ့ တဆတ်ဆတ်တုန်ခါသွားရသည်။

အစက ထျန်းရွှမ်တံခါးထဲကိုရောက်တော့ တမူထူးခြားသည့် စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းတာကို တွေ့ရသည်။ သို့ဖြင့်တစ်ရက်ထိုင်ပြီး ကျင့်ကြံပြီးနောက်မှာ သူ့ ကျင့်ကြံခြင်း သိသိသာသာ တိုးတက်လာခဲ့သည်။

သူရလိုက်တဲ့ ရလဒ်ကို ခေါက်ထားလိုက်ပြီး ‌ငွေကြေးပမာဏ အကုန်ကျခံကာ ၀ယ်ထားရသော ဤနေရာသို့လာခဲ့ပြီး နောက်ဆုံးတော့ ရေခဲနဂါးအသိုက်ကိုတွေ့လေပြီ။

အသိုက်က အထက်မှ တွဲလောင်အေးခဲကျနေသော ရေခဲချွတက်များကိုအပထားလျှင် လိုဏ်ဂူအကြီးကြီးတစ်ခုနှင့်တူသည်။ သူ့ရှေ့တွင်လည်း ရေကန်ကြီးတစ်ကန်သာရှိသည်။

ဤရေကန်က သူဈေးကြီးပေး၀ယ်ထားရသော အချက်အလက်ထဲမှ ရေခဲနဂါး ရေကန်‌ ဖြစ်သည်။ ရေကန်ထဲဆင်းရန် ခြေတစ်ဖက်ချလိုက်တာနဲ့ ဝိညာဉ်အေးခဲလုမတတ် အအေးဓာတ်များက သူ့ကိုလာရောက်တိုက်ခိုက်၏။ သို့ဖြင့် ရေကန်စပ်တွင်သာ ကျင့်ကြံလိုက်သည်။

ဒါတောင်မှ ထျန်းရွှမ်တံခါး တစ်ခုလုံးက ဘယ်နေရာမှာထက်ဖြစ်ဖြစ် သိသိသာသာ ပိုတိုးတက်လေသည်။ ၎င်းက သူထင်ထားတာထက်တောင်ပိုသည်။

မူလနန်းတော် အလယ်ပိုင်းအဆင့်မှာ အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် ကျောက်ချင်းထျန် ကျင့်ကြံခြင်း အခြေအနေမှ ထွက်လိုက်သည်။

ထို့နောက် အပြာရောင်ရေကန်ကိုကြည့်ကာ သူ့ ရေခဲစမ်းချောင်းဓားကို ပွတ်ပြီး ရေရွတ်လိုက်သည်။ “သူမ သေသွားပြီလား”

လွန်ခဲ့တဲ့နေ့တစ်၀က်လောက်တုန်းက ခရမ်း၀တ်အမျိုးသမီးတစ်ယောက် ရေခဲနဂါးအသိုက်ထဲကို ဝုန်းဒိုင်းကျဲ၀င်ချလာခဲ့သည်။

ထို့နောက် သူ့ကိုတောင် သတိမထားမိဘဲ ရေခဲနဂါးရေကန်ထဲ တန်းခုန်ချပစ်လိုက်၏။ ထိုမြင်ကွင်းက ကျောက်ချင်းထန်ကိုတောင် ကြက်းသီးတဖျင်းဖျင်းထသွားစေသည်။

သူသာမမှားပါက ထိုမိန်းကလေးက အတွင်းစည်းထိပ်သီး (၃၃) ယောက် အသစ်၀င် အဖွဲ့အသုတ်ထဲမှ အသန်မာဆုံးသူဖြစ်မည်။

“လျှိုလင်းလင်း….. သူမက မိုးကြိုးဓာတ်စွမ်းအင်နဲ့မဟုတ်လား။ ဘာလို့ ရေခဲနဂါးအသိုက်ကိုလာတာလဲမသိဘူး”

သူမလုပ်နေတာက ပဟေဠိဖြစ်ဖွယ်ရာကောင်းသည်။

ထို့နောက် ရေခဲနဂါးရေကန်မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။ ရေကန်ကို လက်ကလေးဖြင့်ထိတယ်ဆိုရင်ပဲ ရေခဲအဖြစ်ပြောင်းသွားရာ ချက်ခြင်းပြန်ဆွဲထုတ်လိုက်၏။

ခရက် ခရက်

သူ့လက်ပေါ်မှ ရေခဲများ ကွာကျသွားသည့်တိုင် ထိုအတွေ့အကြုံမှ တခိုက်ခိုက်တုန်နေစဲဖြစ်လေသည်။

“သေလောက်ပါပြီ။ ဘယ်သူမှ ဒီလိုအပူချိန်မှာ အသက်မရှင်နိုင်ဘူး။ အဆင့်မြင့်စိတ်ဝိညာဉ်နှောင်းပိုင်းမကလို့ ဘာဖြစ်ဖြစ်”

ဘုန်းးးး…။

ထျန်းရွှမ်တံခါး အပြင်းအထန်တုန်ခါသွားပြီး သတိလွတ်သွားသော ကျောက်ချင်းထန် ရေကန်ထဲကိုကျသွားတော့သည်။

လခွမ်းးး…။

ကျကျခြင်းပဲ ကျောက်ချင်းထန် ရုန်းထွက်လိုက်ချင်ပေမယ့် စက္ကန့်ပိုင်းအတွင်းကို ရေခဲရုပ်ကြီးဖြစ်သွားသည်။ သူ့ဝိညာဉ်တောင် ဘ၀ကူးပြောင်းနိုင်ပါ့မလားမသိ။

“ရွေ့စမ်းပါ”

စိတ်ဝိညာဥ်အနှစ်ကို သုံးလို့ မရလို့ ကြည့်လိုက်ရာ သူ့ဒန်ထျန်ထဲမှာ ၎င်းတို့က အဆိုင်အခဲအဖြစ်သို့ အေးခဲသွားတာကိုတွေ့လိုက်ရသည်။

ခရက် ခရက်

အအေးဓာတ်များ သူ့ကိုယ်ထဲစိမ့်၀င်လာကြပြီး အတတ်နိုင်ဆုံး ညှစ်ပယ်ထုန်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် အချည်းနှီးသာ။

၎င်းက မူလနန်းတော်နယ်ပယ်က တစ်စုံတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ပါပေ။

ဒါကြောင့် အကြီးအကဲများက အတွင်းစည်းသို့အသစ်၀င်လာသော ဂိုဏ်းသားသစ်များကို ‌ထျန်းရွှမ်တံခါးအတွင်း၀င်‌သောအခါ လျှို့ဝှက်လေ့ကျင့်ရေးနယ်ပယ်သို့ မသွားရောက်ခိုင်းခြင်းဖြစ်မည်။

ထိုသို့ ဆင်တူသည့်အရာက ရှေးတုန်းကလည်း တစ်ခါဖြစ်ဖူး၏။ ကျောက်ချင်းထန်၏ အာရုံတစ်စ တစ်စ လွင့်ပြယ်လာသည်။ ဘယ်တုန်းကမှ သူ့ဘ၀လေး ဒီလောက် အချိန်တိုတိုလေးဖြင့် အဆုံးသတ်ရမယ်လို့ မထင်ထားပါပေ။

သူ့လိုစစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ရေခဲဓာတ် ရတနာ ရေကန်ထဲမှာ သေသွားရတာက ရှက်စရာကောင်းလှသည်။

ချီးပဲ…

“မဟုတ်ဘူး ငါ‌ဒီမှာ သေလို့မဖြစ်သေးဘူး။ စုရှောင်ရှန်ကို အနိုင်ယူရဦးမယ်။ ငါသေလို့မရဘူး။ ကျောက်ချင်းထန် မင်းရဲ့ ၀မ်းကွဲ ကျောက်ရှုအတွက်လက်စားချေပေးရဦးမယ်‌။ မင်းဒီတိုင်းသေတော့မှာလား။ ထစမ်း စုရှောင်ရှန်က မင်းကို လှောင်ရယ်နေတယ်”

အားးးး…။

သူ့ဝိညာဉ်က ဆင်းရဲဒုက္ခကြီးမားစွာ ခံစားရသဖြင့် နာကျင်စွာအော်လိုက်ပြီး သူလည်း တဖြည်းဖြည်း အမြင်များဝေဝါးလာတော့သည်။

သို့မှ လိုဏ်ဂူအထက်မျက်နှာပြင်ရှိ တွဲလောင်းကျနေသည့် ရေခဲထုကြီးများက မိုးပြာရောင်မှ အနက်ရောင် ပြောင်းသွားတော့သည်။

“ချီးပဲ…”

သူ့ကို အမှောင်ထုက လုံး၀ ဝါးမျိုသွားသည့်အချိန်မှာ တစ်ခုခုက ၀င်ဆောင့်တာခံရသလို ခံစားလိုက်ရသည်။ သို့သော် သူသတိလစ်မေ့မျောသွားခဲ့၏။

“အ”

လျှိုလင်းလင်း လက်တစ်ဖက်က ရေခဲနဂါးဥကို ပိုက်ထားရင်းမှ ကျန်တစ်ဖက်ဖြင့် သူမ၏ ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် သူမ ၀င်‌ဆောင့်မိသည့် ရေခဲတုံးကြီးကို မယုံကြည်နိုင်စွာကြည့်လိုက်၏။

ဒီလူက ကျောက်ချင်းထန်မလား။ သူရူးနေလား။ ရေခဲနဂါးရေကန်ထဲကို ဘာဆင်းလုပ်တာလဲ။ လျှိုလင်းလင်း မျက်မှောင်ကြုတ်လိုက်ပြီး ရေခဲတုံးကြီးကို ကိုင်ကြည့်သည်။

“ဟင်… သူအသက်ရှင်နေသေးတာပဲ။ ဘာဖြစ်ဖြစ် ငါလည်းထွက်သွားတော့မှာဆိုတော့ ဒီနှစ်တွေမှာ စိတ်ဝိညာဉ်နန်းတော်ရဲ့စောင့်ရှောက်မှုတွေကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ သူ့ကို ကယ်လိုက်ပါ့မယ်။ ခုကစပြီး စိတ်ဝိညာဉ်နန်းတော်နဲ့ နှောင်ကြိုးပြတ်ပြီ”

လျှပ်စီးတစ်ချက်လက်သွားပြီး ရေခဲတုံးကြီး ကွဲသွားသည်။

အရိုးထဲထိ အေးခဲသွားသော တောင့်တောင့်ကြီးဖြစ်နေသည့် ကျောက်ချင်းထန်ကို လျှိုလင်းလင်းကြည့်ပြီး ရင်ဘက်ပေါ်လက်တင်လိုက်သည်။

ဂျစ် ဂျစ် ဂျစ်

ထိုလျှော့ရိုက်ချက်(၃)ခုက သေမင်းခံတွင်း၀မှ ကျောက်ချင်းထန်ကို ဆောင့်နှိုးလိုက်၏။

အဟွတ် အဟွတ်

ကျောက်ချင်းထန်အသိပြန်လည်လာခဲ့သည်။

ဘုန်းးးး….။

ထျန်းရွှမ်တံခါးတစ်ခုလုံးတုန်ခါသွားပြန်သည်။ သူ့အရည်ပြားထက်၌ ရေခဲ‌အလွှာလေးများကျန်နေသေးသော ကျောက်ချင်းထန် ရေကန်ထဲ ပြန်ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် လျှိုလင်းလင်းက သူ့ကို အချိန်မှီဖမ်းလိုက်၏။

“ကျေး-ကျေးဇူး”

သူ့ရှေ့မှ လျှိုလင်းလင်းကိုကြည့်လိုက်ရာ သာမန်သေမျိုးနှင့်မတူတော့ကြောင်းကို သူခံစားလိုက်ရပေသည်။

ထိုမိန်းမပျိုလေးက ရွှေရောင်အလင်းများကိုထုတ်လွှတ်နေပြီး နောက်ကျော၌လည်း အဖြူရောင်အတောင်ပံတစ်စုံရှိသည်။ သူမက ဥအကြီးကြီးတစ်လုံးကိုလည်း ပိုက်ထား… ဥကထားလိုက်ပါတော့။

သူမက နတ်သမီးဖြစ်ရမည်။ သူ့ကို နှစ်ကြိမ်နှစ်ခါများတောင် ကယ်တင်လိုက်သည့် နတ်သမီးလေး။

ထို ကျောက်ချင်းထန်ကို အနောက်မှာထားခဲ့ကာ လျှိုလင်းလင်း ဥကြီးကို ပိုက်ပြီး အခြားတစ်ဘက်သို့သွားကာ ရေရွတ်လိုက်၏။ “ဘာဖြစ်နေတာလဲ။ ဟိုကောင်လေး ဓားအိမ်ကိုပဲယူသွားတာပါ။ ရတနာက နှစ်ခုပဲယူခံရတာမဟုတ်ဘူးလား။ ဒီငလျှင်ကြိမ်နှုန်းနဲ့ဆို တစ်ယောက်ယောက်ကများ အပြင်ဘက်ကနေ နန်းတော်ကိုတိုက်ခိုက်နေတာများလား”

ထိုသို့တွေးမိပြီး လျှိုလင်းလင်း၏ မျက်၀န်းများတောက်ပသွားကာ “မဟုတ်မှလွဲရာ အကိုရွှမ်ရှင်းနဲ့ အခြားသူတွေများ ရောက်လာကြတာလားမသိဘူး”

ဘုန်းးးး…။

နောက်ထပ် တုန်ခါမှုကြီးဖြစ်သွားရာ လျှိုလင်းလင်း တစ်ခုခုမှားနေကြောင်းကိုသိလိုက်ပြီး အပြင်ဘက်သို့ အမြန်ပြေးထွက်ကြည့်လိုက်သည်။ ထိုတွင် ကောင်းကင်၌ ဖြစ်ပေါ်လာသော အနက်ရောင် အပေါက်ကြီးကိုမြင်လိုက်ရသည်။

“ဘာလဲဟ။ ကောင်းကင်ပြိုတော့မှာလား”

သူမ၏ လက်ထဲမှ ဥကြီးကိုကြည့်ပြီး လျှိုလင်းလင်းရဲ့ နှလုံးတစ်ချက်ခုန်သွားသည်။ “ဒါဆို ဒီဥက စတုတ္ထမြောက် ကမ္ဘာငယ်လေးကို ထိန်းသိမ်းထားပေးတဲ့ ရတနာပေါ့။ ဘယ်တုန်းက ဘယ်သူက အခြား (၂) ခုကို ယူသွားတာလဲ”

စုရှောင်ရှန်လားဟု သံသယ၀င်သွားသော်လည်း ထိုအတွေးကို ခေါင်းထဲမှ အလျင်အမြန်ပြန်ထုတ်လိုက်သည်။

စုရှောင်ရှန်က တမူထူးခြားတယ်ဆိုရင်တောင် သူ၏ အလျင်က သူမကို မယှဉ်နိုင်‌ပါပေ။ သို့ဖြင့် ဓားအိမ်မှတစ်ပါး အခြားရတနာတစ်ခုကို ရလိမ့်ဦးမည်ဆိုတာ မဖြစ်နိုင်ပါပေ။ နှစ်ခုဆိုဝေးရော။

အခြားသူတစ်ယောက်ယောက်က ဒီရတနာတွေကို လိုက်ယူနေတာများလား။

ထျန်းစန်းနန်းတော်‌လို နေရာသေးသေးလေးက ဘယ်လိုလုပ် သူလျှို‌တွေအများကြီးရှိနိုင်တာလဲ တွေးရင်း တွေးရင်း လျှိုလင်းလင်းဒေါကန်လာတော့သည်။

“သွားပြီ။ ငါတော့ ဒီထဲက ထွက်လို့ရမှာမဟုတ်တော့ဘူး…”

သူမ ထိုရေကန်ထဲတွင် ရေခဲနဂါးဥကို ပြန်သွားထားမယ်ဆိုရင်တောင် အခြေအနေက ငြိမ်ကျသွားမည်မဟုတ်ပေ။

လှိုဏ်ဂူထဲမှ နောက်ကထွက်လာသော ကျောက်ချင်းထန်လည်း ကောင်းကင်မှ ဧရာမ အပေါက်ကြီးကိုမြင်ရာ ကြက်သေ သေသွားသည်။

“ဒါက…”

“ပါးစပ်ပိတ်ထား”

လျှိုလင်းလင်း ထိတ်ထိတ်ပျာပျာဖြင့် ရှေ့နောက် လျှောက်လိုက်ပြုလိုက် လုပ်နေသည်။

ငါဘယ်လိုထွက်ရမလဲ။

နေဦး စုရှောင်ရှန်။

သူမ စုရှောင်ရှန် ကိုထပ်စဉ်းစားမိသည်။ ကမ္ဘာကြီးသာတကယ်ပြိုလဲပြီး ဗလာနယ်ပယ်ထဲကျကုန်ကြမယ်ဆို အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်သာရှိသော စုရှောင်ရှန်သာ ထျန်းရွှမ်တံခါးထဲက ထွက်ဖို့ အခွင့်အရေးရှိပေလိမ့်မည်။ သို့သော် သူတို့အားလုံး အနစ္စရောက်သွားဖို့ကလည်း ဖြစ်နိုင်ချေတစ်ခုပင်။

ထို့နောက် ကောင်းကင်မှာ နောက်ထပ် အပေါက်ကြီးတစ်ခုပေါ်လာပြီး ထိုအပေါက်ထဲတွင် သံချေးတက်နေသော ခမ်းနားသည့် တံခါးကြီးကိုတွေ့လိုက်ရသည်။

“ထျန်းရွှမ်တံခါး”

လူတိုင်း၏မျက်၀န်းများတောက်ပသွားပြီး ထိုတံခါးစီ တဟုန်ထိုးပြေးတော့သည်။ ထိုတံခါးကသာ သူတို့၏ မျှော်လင့်ချက်ဖြစ်၏။

သို့သော် သူတို့ သွားနေရင်း ထိုတံခါးကြီးက ပွင့်နေရင်းတန်းလန်း ရပ်ပြီး ညပ်သွား၏။ အပေါက်သေးသေးလေးတစ်ခုဖြင့်သာ အပြင်ဘက်သို့ရောက်ပေသည်။

“…”

လျှိုလင်းလင်း ချက်ခြင်းရပ်လိုက်သည်။ သူမတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီဆိုတာ သိလိုက်ရ၏။ စိတ်ထဲမှလည်း နောက်ထပ် ရတနာနှစ်ခုကို ယူလိုက်သည့်သူကို ကျိန်ဆဲလိုက်သည်။

သူလျှိုဖြစ်ရတာက တယ်ခက်ပါလားနော်။ လူတွေ အသိစိတ်မရှိကြတော့ဘူး။ ဒီနေရာကြီးပေါက်ကွဲသွားနိုင်တယ်ဆိုတာမသိကြဘူးလား။

ထိုအချိန်၌ ထျန်းရွှမ်တံခါးတစ်ခုလုံးကို အသံတစ်သံ ပျံ့နှံ့ ရိုက်ခတ်သွားပေသည်။

“လူတိုင်း တံခါးရှေ့မှာ စုကြ”

လျှိုလင်းလင်း၏ မျက်၀န်းများ တောက်ပသွားသည်။

ရဲ့ရှောင်ထျန်း၊ ခေါင်းဆောင်လား။

‘ဟုတ်သား သူ့မှာ ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်ရှိတယ်ဆိုတော့ အားလုံးကို ကယ်နိုင်ဖို့ မျှော်လင့်ချက်ရှိလောက်တယ်။ သွားမယ်’

ကျောက်ချင်းထန် သူ့ရှေ့မှ ကောင်မလေးက ရုတ်တရက် လျှပ်စီးအလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံမှာ ပျံတက်ပျောက်ကွယ်သွားတာကို ငူငူကြီး လိုက်ကြည့် နေမိ၏။

သူတို့အပြင်မှာရှိသည့်အခိုက် လျှိုလင်းလင်းသူ့ကို တစ်ကြိမ်တစ်ခါမှ မကြည့်ခဲ့ပါချေ။

သူ့နှလုံးထဲမှ စူးကတည်းအောင့်သွားပြီး ရင်ဘက်ကို ဆုပ်ကိုင်လိုက်သည်။ သူတစ်ခါမှ မခံစားဖူးသော ခံစားချက်ကြီးတစ်ခုက စတင်၍ ပေါက်ဖွားလာတော့၏။

‘အင်း… ငါက သူမ မျက်စိထဲမှာ ဘာမှမဟုတ်လောက်ဘူး’

“အမြန်လုပ်ကြ ငါ (၁၅) မိနစ်လောက်ပဲ တောင့်ခံထားနိုင်မယ်” ရဲ့ရှောင်ထျန်း၏ အသံကို ထပ်ကြားရသည်။

၁၅ မိနစ်ဟုတ်လား။

သူဒီအသိုက်ကိုလာဖို့တောင် နေ့တစ်၀က်လောက်ပြေးလာရတာ သတိရပြီး ထိုစူးအောင့်အောင့်ခံစားချက်ကြီးတောင်ပျောက်သွားသည်။

လခွမ်း။ တောင့်ထားပါဦး။

ရွှစ်ကတည်း သူလည်း ပျံတက်ပျောက်ကွယ်သွားတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset