စာစဉ် (၂၁) အပိုင်း(၂၉၂)

ရွေးချယ်ခြင်းစိန်ခေါ်မှု

ဇူယွမ်နှင့် ချောင်းစူည်တို့၏ ယှဉ်ပြိုင်မှု တစ်ခန်းရပ်သွားသော အချိန်တွင် ခန်းမအတွင်းရှိ လေထုမှာ တစ်ဖန်ပြောင်းလဲသွားတော့သည်။ သည်တစ်ကြိမ်တွင်တော့ လူများက ဇူယွမ်ကို သနားနေသည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြသည်။

ဇူယွမ်က ချောင်းစူည်ကို အနိုင်ရလိမ့်မည်ဟု မည်သူမှ မယုံကြည်ကြပေ။ နောက်ဆုံးတွင် ချောင်းစူည်က စစ်မှန်သော မှုလစဦး ပဉ္စမအဆင့် မဟုတ်ပါလော။

တစ်ချို့သော တပည့်များမှာ ဇူယွမ်သည် များစွာသော သူများ သူ့အားဆန့်ကျင်နေသည်ကို မခံစားနိုင်သောကြောင့် သူ့ကိုယ်ကို စင်မြင့်ထက်မှ ဂုဏ်ယူစွာ ထွက်ခွာရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်လိုက်သည်ဟုပင် ထင်နေကြသည်။

ထို အတွေးကြောင့် များစွာသော တပည့်များက ခေါင်းညိမ့်လိုက်ကြသည်။ နောက်ဆုံးတွင် ထိုတပည့်အသစ်လေးမှာ ခရမ်းရောင် မူလဂူနန်းကို သူရရှိရန် ထိုက်တန်သော နေရာသို့ သူမရောက်သေးကြောင်း အနည်းငယ် နားလည်သွားခဲ့လေပြီ။

ခန်းမ၏ အမြင့်ဆုံးနေရာတွင် ရှိနေသည့် စိန်းထိုက်ယွမ်မှာ ညင်သာစွာ ချောင်းဆိုးလိုက်ပြီး တပည့်များ အာရုံပြန်စိုက်လာစေရန် ပြုလုပ်လိုက်သည်။ သူ၏ အမှုအယာမှာ ပုံမှန်တိုင်း ပြန်ဖြစ်သွားပြီး ခန်းမတစ်လျှောက် ကြည့်လိုက်သည်။ “အခုများပြားလှတဲ့ တပည့်အသစ်တွေက ငါတို့နဲ့ ပူးပေါင်းခဲ့ကြတယ်။ အနာဂါတ်မှာ ငါတို့အားလုံးက တစ်ဖွဲ့တည်း ဖြစ်လာကြလိမ့်မယ်။ ငါတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ကြည့်ရူစောင့်ရှောက်ပေးဖို့ ငါမျှော်လင့်တယ်။”

အခြားသော ကြိုဆိုမှုစကားများ ပြောဆိုပြီးနောက်တွင် စိန်းထိုက်ယွမ်က ပြောလိုက်သည် “အတွင်းတောင်ကို ဝင်ရောက်ပြီးတဲ့လူတိုင်းကို မူလချီကျင့်ကြံနည်း တစ်ခု ရွေးချယ်ခွင့်ပေးထားတယ်။”

“အနက်ရောင်ခါးစည်းတပည့်တွေအတွက် အဆင့်ငါး အနိုမ့်အဆင့် မူလချီကျင့်ကြံနည်းများ”

“ရွှေရောင်ခါးစည်းတပည့်တွေအတွက် အဆင့်ငါး အဆင့်မြင့် မူလချီကျင့်ကြံနည်းများ။”

“ခရမ်းရောင်ခါးစည်တပည့်တွေကတော့ အဆင့်ခြောက် မူလချီကျင့်ကြံနည်းတွေကို ရွေးချယ်နိုင်တယ်။”

များစွာသော တပည့်များမှ ဆူညံသံများထွက်လာခဲ့ပြီး စိတ်လှုပ်ရှားမှုများက သူတို့မျက်နှာတွင် ထင်ပေါ်နေကာ မျက်လုံးများပင် ပြူးကျယ်၍ နေသည်။

သူတို့အားလုံး ကန်ရွှမ်းကလန်သို့ ရောက်ရှိလာကြခြင်းမှာ ကန်ရွှမ်းကလန်တွင် ကောင်းမွန်ပြီး မြင့်မားသော ကျင့်ကြံခြင်း နည်းလမ်းများ နည်းစနစ်များ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ထိုအရာများသည် လွန်စွာတန်ဖိုးရှိလှပြီး သူတို့၏ မူလချီများကို မြင့်မားသည့် အဆင့်ရောက်အောင် ကျင့်ကြံနိုင်ပေသည်။

“ကန်ရွှမ်းကလန်က မျှော်လင့်ထားတဲ့ အတိုင်းပဲ ” ဇူယွမ်က ချီးကျူးလိုက်သည်။ ကြီးမြတ်သော ဇူအင်ပါယာတွင် အဆင့်လေး မူလချီကျင့်စဉ်မှာ အကောင်းတကာ့ အကောင်းဆုံး ဖြစ်ပြီး အဆင့်ငါး မူလချီကျင့်စဉ်မှာ စွမ်းအားကြီးမားလှသော အင်ပါယာများ အင်အားကြီး ကလန်များ၏ အထွတ်အမြတ် ရတနာများပင် ဖြစ်သည်။

များသောအားဖြင့် တပည့်အသစ်များမှာ အဆင့်လေးမူလချီသာ ကျင့်ကြံထားခြင်း ရှိကြသည်။

ယခု သူတို့ အတွင်းတောင်သို့ ရောက်ပြီးချိန်တွင် ပိုမိုမြင့်မားသော မှုလချီကျင့်စဉ်ကို ရရှိတော့မည် ဖြစ်သည့်အတွက်ကြောင့် သူတို့ စိတ်လှုပ်ရှားပျော်ရွင်နေသော ခံစားချက်များကို ချုပ်တီးနိုင်စွမ်း မရှိပေ။

အားလုံးနှင့် ဆန့်ကျင့်စွာပင် ဇူယွမ်မှာ မူလချီကျင့်စဉ်များကို စိတ်ဝင်စားခြင်းမရှိပေ။ သူတွင်ရှိသော ဘိုးဘေးနဂါးပုရပိုက်မှာ လွန်စွာလွှမ်းမိုးနိုင်စွမ်းရှိပေသည်။ ထိုလမ်းကို လျှောက်ရန် ရွေးချယ်လိုက်ပြီးကတည်းက သူ့တွင် အခြားသော ကျင့်ကြံခြင်း နည်းလမ်းများကို ပြောင်းလဲ ကျင့်ကြံ၍ မရတော့ပေ။

တကယ်တော့ သူ၏ အလုံးစုံသော စပါးအုံးသားရဲချီမှာလည်း အဆင့်ခြောက်မူလချီ ဖြစ်နေပြိ ဖြစ်သည်။

ထိုပြင် အလုံးစုံသော စပါးအုံးသားရဲချီမှာ အခြားသော အဆင့်ခြောက်ချီများကြားတွင် ထိပ်ဆုံးက ရပ်တည်နေကြောင်း ခံစားမိပေသည်။

အရည်အသွေးနှင့် ပတ်သက်ပြီး ပြောပါက ခရမ်းရောင်ခါးစည်းတပည့်များ ရရှိသော မည်သည့်ချီကျင့်စဉ်မဆို သူ၏ မူလချီကျင့်စဉ်အား မမှီဟု ယုံကြည်ပေသည်။

အကယ်၍ ကန်ရွှမ်းကလန်အတွင်းတွင် သူ၏ မူလချီ အရေအသွေးနှင့် နှိုင်းယှဉ်နိုင်သူကို ရှာပါက ကြီးမြတ်သော အရွေးချယ်ခံဆယ်ယောက်သာလျှင် သူနှင့် ယှဉ်ပြိုင်နိုင်လိမ့်ပေမည်။

တကယ်တော့ မူလချီအရည်အသွေးဆိုသည်မှာ လူတစ်ယောက်၏ သန်မာမှု၏ အမှတ်အသားတစ်ခု ဖြစ်သော်လည်း ကောင်းမွန်သော် မူလချီပိုင်ဆိုင်သည့် လူတိုင်းလဲ အသန်မာဆုံး မဖြစ်ပေ။

သို့သော်လည်း ထိုအရာမှ အနည်းဆုံးတော့ အားသာချက်တစ်ခု ဖြစ်သည်။

အခြားသောတပည့်များ စိတ်လှုပ်ရှားနေကြစဉ်တွင် ဇူယွမ်၏ အမှုအယာမှာ အေးစက်ကာ တည်ငြိမ်နေဆဲဖြစ်သည်။

စိန်းထိုက်ယွမ်က ခေါင်းတညိမ့်ညိမ့်နှင့် ရှိနေခဲ့သည်။ အလွန်ကြီးမားသော မုန်လာဥကြီးအား အရှေ့တွင်ချပေးထားခြင်းက တပည့်များ၏ ကြိုးစာလိုစိတ်များကို ပိုမိုဖြစ်ပေါ်စေပေသည်။

သူက ထိုသို့တွေးတောနေစဉ်အတွင်း ဇူယွမ်၏ မျက်နှာ အမှုအယာမှာ ယခင်အတိုင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

“သည်ကောင်လေး…”

စိန်းထိုက်ယွမ်၏ စိတ်ထဲတွင် မကျေမချမ်းဖြစ်သွားခဲ့သည်။ သူက ခဏမျှတွေးဆနေပြီးနောက် ထပ်ပြောလိုက်သည် “ချီကျင့်ကြံခြင်း နည်းလမ်းတွေရဲ့ ဘေးမှာ ငါတို့ မူလသူတော်စင်တောင်ထွတ်ရဲ့ မူလကျင့်စဉ်တွေ ဖြစ်တဲ့ အဆင့်နိုမ့် ကောင်းကင်ဘုံကျင့်စဉ် ရှစ်ခုနဲ့ အလယ်အလတ် ကောင်းကင်ဘုံကျင့်စဉ် သုံးခု ရှိနေတယ်။”

ထိုစကားလုံးများက ခန်းမတစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေခဲ့သည်။ တပည့်အသစ်များသာမက တပည့်ဟောင်းများ၏ မျက်လုံးများပင် တောက်ပနေခဲ့သည်။

ထိုအရာများမှာ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်များဖြစ်သည်။ ထိုအရာများက ကန်ရွှမ်းကောင်းကင်ဘုံရှိ မည်သည့် ကျင့်ကြံခြင်း အုပ်စုမဆို လိုချင်နေသည့် အရာများဖြစ်သည်။

ဇူယွမ်မှာလည်း အနည်းငယ် စိတ်ဝင်စားလာသည်နှင့်အမျှ သူမျက်လုံးတွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။ ကန်ရွှမ်းကလန်သည် အမှန်ပင် အရင်းအမြစ်များ ပေါကြွယ်ဝလွန်းပေသည်။ ကောင်းကင်အဆင့် ကျင့်စဉ် အများအပြား ရှိနေခြင်းကပင် ယုံကြည်ရန် ခက်ခဲလှပေသည်။

ဇူယွမ်၏ အေးစက်စက် အမှုအယာမှာ ပျောက်ကွယ်သွားသောကြောင့် စိန်းထိုက်ယွမ်က အနည်းငယ် ကျေနပ်သွာဟန်ဖြင့် ထပ်ပြောလိုက်သည် “သို့သော်လည်း ဒီအရာတွေက ငါတို့ကန်ရွှမ်းကလန်ရဲ့ ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုလောက် မကျော်ကြားဘူး။”

တပည့်အသစ်တစ်ယောက်က မေးလိုက်သည် “ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုက ဘာလဲ။”

စိန်းထိုက်ယွမ်က ရှင်းပြလိုက်သည် “ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဖန်တီးခဲ့တဲ့ အရာပဲ။ အဲ့တာတွေကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာ… အဲ့တာကို ကန်ရွှမ်းသူတော်စင် ဝိဇ္ဇာပညာလိုခေါ်ပြီး အစစ်အမှန် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သွားခဲ့တယ်။”

ဝိုး…

ပင့်သက်ရှိုက်သံများက ခန်းမတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

ဇူယွမ်ပင်လျှင် သူ၏ နှလုံးသားထဲမှ တုန်လှုပ်မှုကို ခံစားလိုက်ရပြီး သူ၏ နှုတ်ခမ်းများပင် စိုစွတ်သွားခဲ့သည်။ သူတော်စင်အဆင့် မူလကျင့်စဉ်… ဒါက ဒဏ္ဍာရီလာ သူတော်စင် မူလကျင့်စဉ်လား။

ပြောကြသည်မှာ သူတော်စင်မူလကျင့်စဉ်တိုင်းသည် ကမ္ဘာကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအားရှိပြီး နတ်ဘုရားအလား စွမ်းအားရှိသည်ဟု အခြေခံအားဖြင့် ဖော်ပြထားပေသည်။

ဇူယွမ်အနေဖြင့် သူတော်စင်မူလကျင့်စဉ်နည်းနှင့် ပတ်သက်သော အချက်အလက်များကို တစ်ကြိမ်တစ်ခါပင် မကြားဖူးခဲ့ပေ။ တကယ်တော့ ထိုအဆင့်နှင့်က အလွန်ဝေးကွာလွန်းပေသည်။ ထိုအကြောင်းများကို ဒီနေ့တွင် ကြားသိရလိမ့်မည်ဟုလည်း သူလုံး၀ မမျှော်လင့်ထားခဲ့ဘူးပေ…

စိန်းထိုက်ယွမ်က ဆက်ပြောလိုက်သည် “ကန်ရွှမ်းသူတော်စင် ဝိဇ္ဇာပညာကို အပိုင်းခုနှစ်ခု ကွဲသွားပြီး တောင်ထွတ်ခုနှစ်ခုမှာ တစ်ခုစီ အကာအကွယ်နဲ့ ရှိနေတယ်။ တောင်ထွတ်တိုင်းရဲ့ တပည့်အကြီးတွေကသာလျှင် အဲ့ကျင့်စဉ်တွေကို ကျင့်ကြံခွင့်ရှိတယ်။ ”

“ငါတို့မူလသူတော်စင် တောင်ထွတ်မှာ ရှိနေတာက အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဇာပညာဖြစ်ပြီး အဆင့်မြင့် ကောင်းကင်အဆင့် မူလကျင့်စဉ်ပဲ။”

တပည့်များသည် အံ့အားသင့်စွာဖြင့် ကိုယ့်လျှာကို ပြန်ကိုက်လိုက်မိကြသည်။ ခုနှစ်ပိုင်းခွဲထားပြီးလျှင်တောင်မှပဲ ထိုအရာက အဆင့်မြင့်ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်နေသေးသည့်တဲ့လား… ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာကောင်းလိုက်လဲ…

ဇူယွမ်၏ မျက်နှာတွင် ထင်ဟပ်နေသော အလိုဆန္ဒကို မြင်ရသောအချိန်တွင် စိန်းထိုက်ယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။ ကောင်လေး မင်းရဲ့စိတ်ကို ဒီလူအိုကြီးက ဆွဲဆောင်လို့မရဘူးဆိုတာ ငါမယုံဘူး…

“ဆရာစိန်း၊ အဲ့ဝိဇ္ဇာပညာ ခုနှစ်ခုကို ငါတို့ ဘယ်လို စုစည်းရမလဲ။” ဇူယွမ်က တောက်လောက်နေသော မျက်လုံးများဖြင့် မနေနိုင်ပဲ မေးလိုက်သည်။ အဆင့်မြင့် ကောင်းကင်အဆင့် ကျင့်စဉ်ပင်လျှင် ရူးသွပ်ဖွယ်ကောင်းလောက်အောင် အံ့အားသင့်ဖို့ ကောင်းနေသော်လည်းပဲ ဝိဇ္ဇာပညာခုနှစ်ခုလုံးကို မည်သို့ စုဆောင်းရမလဲဆိုသည်ကို သိချင်နေမိဆဲ ဖြစ်သည်။

စိန်းထိုက်ယွမ်က ခဏမျှ တုန့်ဆိုင်းနေခဲ့ပြီး ရှင်းပြလိုက်သည် “ငါအစောပိုင်းက ပြောခဲ့သလိုပဲ ဝိဇ္ဇာပညာတစ်ခုစီက တောင်ထွတ်ခုနှစ်ခုမှာ ရှိနေတယ်။ ကလန်ရဲ့ စည်းမျဉ်းတွေအရဆိုရင် ထိုခုနှစ်ခုလုံးကို စုစည်းချင်တဲ့ ဘယ်သူမဆို ရွှေချယ်ခြင်းစိန်ခေါ်မှုကို ပြုလုပ်ရမယ်။”

“ရွေးချယ်ခြင်းစိန်ခေါ်မှု…” ဇူယွမ် အံ့အားသင့်သွားခဲ့သည်။

“တောင်ထွတ်တိုင်းမှာ ရှိတဲ့ တပည့်ခေါင်းဆောင်တွေကပဲ ရွေးချယ်ခြင်း စိန်ခေါ်မှုကို ပြုလုပ်ဖို့ အရည်အချင်း ပြည့်မှီကြတယ်။ ရိုးရိုးလေး ပြောရရင် တပည့်ခေါင်းဆောင်တွေကပဲ အခြားတောင်ထွတ်တွေကို စိန်ခေါ်လို့ရတယ်။ တစ်ယောက်ကသာ အနိုင်ရရှိခဲ့ရင် အနိုင်ရရှိခဲ့တဲ့သူက ရှုံးနိုမ့်တဲ့တောင်ထွတ်က ကျင့်စဉ်ကို ရရှိတယ်။”

“သို့သော်လည်း ရွေးချယ်ခြင်းစိန်ခေါ်မှုမှာ စိန်ခေါ်သူတွေက အရေးမသာဘူး။ ဘာလို့လဲ ဆိုတော့ စိန်ခေါ်ခံရတဲ့သူရဲ့ နေထိုင်ရာ တောင်ထွတ်မှာ သွားရောက်ယှဉ်ပြိုင်ရတာမလို့ပဲ။ အစိန်ခေါ်ခံရတဲ့ ဘယ်သူမဆို သူတို့ရဲ့ စွမ်းအားတွေကို သိသိသာသာ တိုးမြင့်စေနိုင်မယ့် မူလချီတွေကို နေထိုင်ရာ တောင်ထွတ်တွေဆီကနေ လက်ခံရရှိကြတယ်။”

စိန်းထိုက်ယွမ်က ဖြေးညင်းစွာ ပြောလိုက်သည် “အနိုင်ရရှိဖို့ဆိုရင် စိန်ခေါ်သူတွေရဲ့ သန်မာမှုက တောင်ထွတ်တွေကနေ စွမ်းအားတွေ ရရှိထားတဲ့ အခြားတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေထက် သာလွန်နေဖို့လိုတယ်။”

ဇူယွမ်၏ မျက်နှာတွင် အလွန်အံ့အားသင့်နေဟန်များ ပေါ်လာခဲ့သည်။ ဒါက ရွေးချယ်ခြင်းစိန်ခေါ်မှုပေါ့…

ထိုအရာက တကယ်ကို စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူပွက်စေသည်။ ကန်ရွှမ်းကလန်က သူတို့၏ စည်းမျဉ်း စည်းကမ်းများကို မည်သို့ ပြုလုပ်ရမည်မှန်း ကောင်းကောင်းသိပေသည်။

စိန်းထိုက်ယွမ်က ဆက်ပြောလိုက်သည် “လက်ရှိမှာ အများဆုံး စပြီး စိန်ခေါ်မှုတွေကို ပြုလုပ်ခဲ့တဲ့ တပည့်ကတော့ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်ထဲမှ ထိပ်ဆုံးက ချူးချင်းပဲ။ သူ့က ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုထဲက ငါးခုကို စုဆောင်းထားပြီး သွားပြီ။ ပြောရမယ်ဆိုရင် မျိုးဆက်အားလုံးထဲမှာ သူက အသန်မာဆုံး ရွေးချယ်ခံပဲ။”

ဇူယွမ်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ချူးချင်း၏ စွမ်းအား ပြည့်ဝပုံကို စဉ်းစားလိုက်သည်။ သူက ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုထဲက ငါးခုကို အရယူပြီး ဖြစ်သည်။

နောက်ထပ်နှစ်ခုသာ အနိုင်ရရှိခဲ့ပါက ဝိဇ္ဇာပညာရပ် ခုနှစ်ခုလုံးကို သူတော်စင်အဆင့် ကျင့်စဉ်အဖြစ် ပေါင်းစပ်နိုင်တော့မည် ဖြစ်သည်။

“ချူးချင်းရဲ့ အနောက်မှာ ဓားကပ်ဘေးတောင်ထွတ်က ခုန်းစိန်ရှိနေပြီး သူက စိန်ခေါ်မှု သုံးခုကို ပြုလုပ်ခဲ့ပြီး အားလုံးကို အောင်မြင်ခဲ့တယ်။ အခု သူ့လက်ထဲမှာ ကန်ရွှမ်းဝိဇ္ဇာပညာ ခုနှစ်ခုထဲက လေးခုရှိနေပြီ။”

“နှင်းပဒုမ္မာတောင်ထွတ်က လီချင်းချန်ကလဲ စိန်ခေါ်မှုသုံးခုကို ပြုလုပ်ခဲ့ပြီး ခုန်းစိန်နဲ့ အတူတူပဲ လေးခုရရှိနေပြီ။”

“အခြားတောင်ထွတ်တွေကတော့… ရွေးချယ်ခြင်းစိန်ခေါ်မှုကို တစ်ခေါက်စီပဲ စိန်ခေါ်ကြရသေးတယ်။”

ထိုအချက်အရောက်တွင် စိန်းထိုက်ယွမ်၏ အမှုအယာက ပုံမှန်အတိုင်း မဟုတ်တော့သည်ကို သတိထားမိလိုက်သည်။ ထိုကြောင့် သူက မေးမြန်းလိုက်သည် “အရွေးချယ်ခံဆယ်ယောက်လုံးက ဘယ်တောင်ထွတ်တွေကို စိန်ခေါ်ခဲ့တာလဲ။”

စိန်းထိုက်ယွမ်၏ မျက်နှာမှာ ဖြည်းဖြည်းချင်း ဒေါသကြောင့် နက်မှောင်လာခဲ့ပြီး မသဲကွဲသော လေသံဖြင့် ပြောလိုက်သည် “အဲ့သည့် မျိုးမစစ်လေးတွေက အားနည်းတဲ့သူကို ဘယ်လို အနိုင်ကျင့်ရမလဲ သိကြတယ်လေ။ ဆယ်ယောက်လုံးက ငါတို့ မူလသူတော်စင်တောင်ထွတ်ကို စိန်ခေါ်ခဲ့ပြီး လူတိုင်း အနိုင်ရခဲ့တယ်လေ။”

ဇူယွမ်က အံအားသင့်လွန်း၍ သေမလို ဖြစ်လောက်အောင်ပင် တုန်လှုပ်လှုပ်ခြောက်ခြားသွားခဲ့သည်။ သည်အဓိပ္ပါယ်က ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်လုံးရဲ့ လက်ထဲမှာ အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဖာပညာရပ် ရှိတယ်လို့ ဆိုလိုတာလား။

စိန်းထိုက်ယွမ်၏ မဲမှောင်နေသော မျက်နှာကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်စွမ်းများပင် တွန့်သွားခဲ့သည်။

ဘုရားရေ… သည်အရာက မူလသူတော်စင်တောင်ထွတ်ရဲ့ အကောင်းဆုံးသော ကျင့်စဉ်မလား။ ဒါပေမယ့် အရွေးချယ်ခံ ဆယ်ယောက်ရဲ့ လက်ထဲမှာ မိတ္တူတစ်စုံစီရှိနေတယ်… ဘယ်လိုတောင် သောက်ကျိုးနည်းတာလဲ… ကြီးမားတဲ့ ဖြန့်ဝေပေးမှုကြီးပဲ….

ဇူယွမ်အနေဖြင့် နောက်ဆုံးတွင် မူလသူတော်စင်တောင်ထွတ်က ဘယ်လောက် သနားစဖွယ်ဖြစ်နေသည်ကို စတင်နားလည်သွားခဲ့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset