ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့အေးခဲခြင်းကို စုရှောင်ရှန် အတော်လေး မနာလိုဖြစ်ဖူးသည်။ သူလည်းတနေ့ သူ့ပတ်၀န်းကျင်ရှိအရာအားလုံးကို ဓားဖြစ်သွားအောင်ထိန်းချုပ်ပြီး ဟန်ထုတ်မည်ဟု တွေးတောဖူး၏။
နည်းစနစ်တစ်ခုခုကို ကောက်ယူလေ့ကျင့်ရင်တောင် သူ့ပါရမီနှင့်ဆို နှစ်အတော်ကြာတဲ့အထိကို ဘာမှ ပေါက်ပေါက်မြောက်မြောက်ရှိမည်မဟုတ်လိမ့်ပေ။ သို့ဖြင့် ဓားဆန္ဒကိုသာ ပို၍ နက်နက်ရှိုင်းရှိုင်းနားလည်အောင် အာရုံစိုက်တော့၏။
စုရှောင်ရှန် အရာအားလုံးကဓားကိုတောင် တစ်ညတည်းနဲ့ ကျွမ်းကျင်သွားပြီး ခပ်မိုက်မိုက် ကိုယ်ပိုင်နည်းစနစ်ကိုတောင်ထွင်လိုက်သည်။ ၎င်းက ဓားနှင့် ပတ်သက်၍ နက်ရှိုင်းစွာနားလည်၍ဖြစ်၏။
သို့သော် ကံမကောင်းတာက ထိုနည်းစနစ်က သုံးမရဘဲ တိတ်တခိုးနာကျင်ခြင်းကိုတောင် သူ့ကို သတ်ဖြတ်ချင်စိတ်များမွေးလာအောင်လုပ်ပေးလိုက်၏။
သို့သော် ထိုစဉ်က စတင်ခြင်းနယ်ပယ်ဓားဆန္ဒနဲ့မလို့ တကယ့် အတောင်ပံစုံတဲ့ စိတ်ဝိညာဉ်နည်းစနစ်ကို မဖန်တီးနိုင်တာ သဘာ၀ကျသည်။
ယခု ဓားဆန္ဒက စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သွားပြီ၊ ထပ်၍လည်း အဆင့်နှစ်ခါမြှင့်ထားသေးသည်။ ထိုအဆင့်မြှင့်လိုက်ခြင်းမှ အသိအမြင်များက သူ့ကို စန်းလျှိုသစ်တောအတွင်း အလင်းပေါက်သွားစေလေသည်။ ထို့ကြောင့် အပင်များမှ အရွက်များကိုသူချွေရခြင်းဖြစ်ပါသည်။
သူ့ဓားဖြတ်သန်းရာတစ်လျှောက်လုံးမှာ ရှိတဲ့အရာတွေအားလုံး ပျက်ဆီးကြသည်။ သူ့အတွေးဖြတ်သန်းသွားတဲ့နေရာတစ်လျှောက်လုံးမှာ သူ့ဓားဆန္ဒကို အရာအားလုံးက ဦးညွှတ်ကြ၏။
စုရှောင်ရှန်၏ အထက်တွင်သာ ငှက်တွေရှိနေမယ်ဆိုရင် လေထဲကို လက်ညှိုးတစ်ချောင်းထောင်လိုက်တာ တွေ့မြင်ကြရမည်ဖြစ်သည်။ သို့ဖြင့် အရွက်များက လေမတိုက်ပဲ စတင်၍ ရွေ့လျားလာကြပြီး မီးခိုးမြူပုံရိပ်ကို ဝိုင်း၀န်း၍ ရစ်ပတ်လိုက်ကြ၏။
“လေလွင့်တိမ်တိုက်(၆) : ဓားတစ်သောင်းဓားကွက်”
သူ့ထိန်းချုပ်မှုအောက်မှာ အရွက်တစ်သောင်းလုံး ဖုန်းကွယ်မနေတော့ဘဲ ဓားဆန္ဒများအားလှစ်ဟာပြလိုက်ကြ၏။ ဘာမှမလုပ်ဘဲနှင့်တောင် ကောင်းကင်မှ ကျလာနေသော နှင်းပွင့်ဖက်များကို အစအနမကျန်အောင် စုတ်ဖြဲလိုက်၏။
မီးခိုးမြူပုံရိပ် အလွန်အမင်း အံ့အားသင့်သွားလေသည်။
ယခင်က သူ၏၏ ဓားကွက်က စုရှောင်ရှန် ဓားအိမ်မှ ဓားဆွဲထုတ်ချက်ကြောင့် ပေါ်လာသဖြင့် ထိန်းချုပ်မှုမရှိရာ ကောင်းကင်ဘုံသုံးထပ်အကာအကွယ်နှင့် ကာကွယ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်ဆိုပေသည်။
သို့သော်ထိုအရွက်များအားလုံးကတော့ စုရှောင်ရှန် ကိုယ်တိုင်ကိုယ်ကျထိန်းချုပ်နေခြင်းဖြစ်ပါသည်။ ထို့ပြင် အရွက်တစ်ရွက်စီတိုင်းမှာ ဓားဆန္ဒများကို ပေါင်းစပ်ထားသေးရာ ၎င်းတို့ တစ်ခုချင်းစီတိုင်းက အရင်ဓားကွက်ထက်ပို၍ အစွမ်းထက်နေတော့၏။
‘ငါဘယ်လို ကာကွယ်ရမလဲ’ သူတွေးလိုက်သည်။
အရှင်သခင်နယ်ပယ်၌ ရှိနေတာတောင် ဤအရွက်များအားလုံးကို ကာကွယ်နိုင်မည်လို့ မသေချာပါ။
“ချ” စုရှောင်ရှန် လက်ကွက်တစ်ချို့လုပ်ပြီး အော်လိုက်သည်။
အရွက်တစ်သောင်းလောက် ထို မီးခိုးမြူပုံရိပ်ကို ဝါးမျိုချင်သည့်သဖွယ် ၀င်ရောက်တိုက်ခိုက်ကြတော့သည်။ နေရာ၀န်းကျင်တစ်ခုလုံး အရွက်များဖြင့် ဖုံးလွှမ်းသွား၏။
“ကောင်းကင်ဘုံသုံးထပ် အကာအကွယ်” မီးခိုးမြူပုံရိပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သံကုန်အော်လိုက်သည်။
မီးခိုးမြူပုံရိပ်အနားတွင် မီးခိုးမြူအကာအကွယ်(၃) ခုပေါ်လာခဲ့သည်။ ယခင်ထက် နှစ်လွှာပိုလာကာ အရွက်များ၏ ဒေါသတကြီးတိုက်ခိုက်မှုကို အစွမ်းကုန် ကာကွယ်ပေးလိုက်ကြ၏။
မီးခိုးမြူပုံရိပ်ပို၍ ခုခံမှုကောင်းသည့် စိတ်ဝိညာဉ်နည်းစနစ်ကိုအသုံးပြုလိုက်ချင်သော်ငြား သူ့စိတ်ဝိညာဉ်အနှစ်များက မလုံလောက်တော့ပါချေ။
အစကတည်းက နည်းစနစ်တွေကို တစ်ခုပြီးတစ်ခု ထပ်ဆင့်သုံးနေလေရာ စိတ်ဝိညာဉ်အနှစ်များက ကုန်ခမ်းလုနီးနေပြီဖြစ်ပြီး အဆင့်တက်ခြင်းမှရလိုက်သော စိတ်ဝိညာဉ်နည်းအနှစ်များဖြင့်တောင် သုံးဖြုန်းနေသည့် နှုန်းထားနှင့် မကာမိပေ။
ထိုကောင်းကင်ဘုံသုံးထပ်အကာအကွယ်ကို အသုံးပြုပြီးတဲ့နောက်မှာ သူ့စိတ်ဝိညာဉ်အနှစ်များ လုံး၀ အတိ ကုန်ဆုံးလုနီးပါးဖြစ်သွား၏။
“ချီးကွာ။ ငါ့အထွတ်အထိပ်အခြေအနေမှာဆိုရင်…”
ဇွက်….။
မီးခိုးမြူပုံရိပ်စကားဆုံးအောင်တောင်မပြောကသေးခင်မှာ အပြင်ဘက်ဆုံးပိုင်း အကာအကွယ်အလွှာ ပျက်ဆီးသွားခဲ့သည်။
ထန်း ထန်း ထန်း…။
နောက်ဆုံးတော့ ဒုတိယအလွှာမှလည်း ထိုရင်းနှီးသော အသံကိုထပ်ကြားရပြန်သည်။ သို့သော် မပျက်ဆီးသွားရာ ခံနိုင်သေးပါလားဟု မီးခိုးမြူပုံရိပ် စိတ်သက်သာရာရတုန်းရှိသေး ၎င်းက အက်ကြောင်းများ အကာအကွယ်တစ်ခုလုံးကို ပြန့်သွားပြီး တစ်စစီဖြစ်သွား၏။
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မီးခိုးမြူပုံရိပ်လုံး၀အတိ မှင်တက်နေရသည်။
“ကောင်းကင်ဘုံကာဆီးခြင်း” က တတိယအလွှာဖြစ်သည်။
တကယ်က ထိုအလွှာကို အရွက်များစုတ်ဖြဲခြင်းကို စောင့်နေစရာပင်မလိုပါချေ။ ထျန်းရွှမ်တံခါး၏ နိယာမများက အချိန်တန်ရင် ထိုအရာကို အလိုလို ပယ်ထုတ်ပစ်လိုက်မည်သာ။
သူ့နားထဲတွင် သံကြိုးထိပွတ်သံလို ထန်း သူသည့် မြည်သံကိုဆက်တိုက်ကြားနေရသည်။ သာမန်ဆို ထိုအသံက သာယာနာပျော်ဖွယ်ကောင်းသော်လည်း ယခုတော့ သူ့ကို ပို၍ ထိတ်ထိတ်ပျာပျာဖြစ်နေစေ၏။
မီးခိုးမြူပုံရိပ် အံကိုတင်းတင်းကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
တတိယအလွှာက ချိုင့်၀င်လာနေပြီဖြစ်ရာ သူစောင့်နေလို့မဖြစ်ပါတော့ပေ။
“မင်းငါ့ကို စိတ်လာစွပေးနေတာပဲ စုရှောင်ရှန်”
မီးခိုးမြူပုံရိပ် ၎င်း၏ လက်ကို ရင်ဘက်ရှေ့၌ ကြက်ခြေခတ်ပုံစံ ပိုင်းဖြတ်လိုက်ရာ ပုံရိပ်များစွာ ချက်ခြင်း သဏ္ဌာန်ပေါ်လာတော့သည်။ ထို့နောက် ဆက်၍ ပြုလုပ်သည့် လက်ကွက်များက အလွန်ရှုပ်ထွေးလွန်းတာကြောင့် ကြည့်နေတဲ့ စုရှောင်ရှန်တောင် ခေါင်းမူးသွား၏။
သူရှင်းရှင်းလင်းလင်းမှတ်မိသလောက်ကတော့ ထို မီးခိုးမြူပုံရိပ်အရာ မိုမို့ ခန္ဓာကိုယ်ကို ၀င်မစီးခင်သေးက ဘယ်လောက် ကြမ်းတဲ့နည်းစနစ်ဖြစ်ဖြစ် ထိုသို့ လက်ကွက်များကို တကူးတကလုပ်နေစရာမလိုပါပေ။
‘ဟ ဒီတစ်ကွက်က တော်တော်ကြီးမယ်ထင်တယ်’ သူတွေးလိုက်သည်။
ထို မြေကမ္ဘာချုပ်နှောင်ခြင်းသံကြိုးများသူ့ကို ပြိုင်ပွဲတုန်းက လေထဲမှာ တန်းလန်းကြီးချိတ်ဆွဲထားတာ အမှတ်ရနေသေးသည်။ မိုမိုသာ ထိုစဉ်က သူ၏ ဓားဆန္ဒကို မမျိုချခဲ့လျှင် သူတကယ် အဆုံးသတ်သွားရပေမည်။
သို့သော် ထိုမြှေကမ္ဘာချုပ်နှောင်ခြင်း နည်းစနစ်က ယခု မီးခိုးမြူပုံရိပ် ပြုလုပ်နေသည့်အရာနှင့် နှိုင်းယှဉ်၍တောင်မရပါချေ။
ဖူးးး…။
မီးခိုးမြူပုံရိပ်ချက်ခြင်း သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ ကောင်းကင်ဘုံသုံးထပ်အကာအကွယ် ပျက်တော့မည့်စဲစဲ ၎င်း၏ လက်ကွက်များကို ပြုလုပ်နိုင်လိုက်၏။
၀န်းကျင်တစ်ခုလုံး ရုတ်တရက် အပြင်းအထန်တုန်ခါလာခဲ့သည်။ ကောင်းကင်ကာဆီးခြင်းလည်း ထိုအရှိန်အဝါအောက်မှ ဖိအားကိုမခံနိုင်တော့ရာ ထျန်းရွှမ်တံခါးကြီးလည်းဘာဖြစ်နေမှန်းသိသွား၏။
ထျန်းရွှမ်တံခါး၏ နိယာမများ၏ တိုက်ခိုက်ခြင်းကို ခံရမည်တောင် လစ်လျူရှုလိုက်ပြီး လက်နှစ်ဖက်ပူးကပ်ကာ မီးခိုးမြူပုံရိပ် အားတင်ပြီးတော့ အကွက်ကိုထုတ်ဖြစ်အောင်ထုတ်လိုက်သေးသည်။ “လမ်းစဉ်ခြောက်ခု၊ နတ်နဂါးချိတ်ပိတ်ခြင်း”
ကောင်းကင်ကာဆီးခြင်း ပျက်ဆီးကြေမွသွားသည်။ ထိုချိန် ဓားဆန္ဒပါ၀င်သော အရွက်များမှစ၍ အရာအားလုံး လုံး၀အတိ လှုပ်ရှားမှု ရပ်တန့်သွား၏။
နောက်စက္ကန့်ပိုင်းအတွင်း မီးခိုးမြူပုံရိပ်က နဂါးဟိန်းသံကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သူ့တွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရှိတာတောင် ထိုစူးစူးရှရှ ဟိန်းသံကြီးကြောင့် စုရှောင်ရှန်၏ နားများအူသွားကာ အချိန်တစ်ခုကြာအောင် ဘာမှ မကြာရပါတော့ချေ။ သူ့ကိုယ်မှ အ၀တ်အစားများလည်း စုတ်ပြဲသွားပြီး သူ့နားအနောက်၌တောင် ဟက်တက်ကွဲသည့် ဒဏ်ရာများဖြစ်လာသည်။။
သူ့ဝိညာဉ်ကခန္ဓာကိုယ်မှ ဆွဲခေါ်သွားခံရသလို စုရှောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုလွတ်ကင်းသွားကြောင်းကို တွေ့လိုက်ရ၏။
မီးခိုးမြူပုံရိပ် ဟိန်းသံကြီးပေးလိုက်ပြီးနောက်မှာ လေထဲသို့ အမြင့်ကြီး ဆက်လက် ပျံတက်သွားသော နဂါးကြီးတစ်ကောင်ကိုတွေ့ရသည်။
ဒီလိုနဲ့ ၀န်းကျင်မှ ဓားသစ်ရွက်များအားလုံး တိမ်တွေအစီကို ၎င်းနောက်မှ တစ်ပါးတည်းလိုက်ပါသွားတော့၏။
“ပျက်ဆီးသွားတယ်လား” စုရှောင်ရှန်၏ မျက်ခုံးများ လှုပ်သွားသည်။ မသိလျှင် သူ့ကို ရေခဲဂူကြီးထဲထည့်ပိတ်ထားလိုက်သလို ချမ်းစိမ့်သွား၏။
သူ့နတ်ဘုရားသဖွယ်ဓားကွက်က ထိုသို့ ပျက်ဆီးသွားရသည်ဟု သူမယုံကြည်နိုင်ရှိနေသည်။
၎င်းက သူအသုံးပြုနိုင်သော အသန်မာဆုံးဓားကွက်ဖြစ်သည်။ မီးခိုးမြူပုံရိပ်တွင် ထာ၀ရအသက်စွမ်းအင်လည်းမရှိရာ အချိန်တစ်ခုကြာလာလျှင် ထိုဓားသစ်ရွက်များအောက်၌ သေဆုံးရမည်သာ။
သို့သော် ယခုတော့…
“ငါ့ဓားကွက်ကိုတောင် လွယ်လွယ်နဲ့ချိုးဖျက်သွားနိုင်တာ နတ်နဂါးချိတ်ပိတ်ခြင်း တိုက်ကွက်ကြီးက ဘယ်လို နယ်ပယ်က ဟာတုန်းဟ။ လခွမ်းလိုမှ မီးခိုးမြူပုံရိပ်။ ထျန်းရွှမ်နယ်ပယ်မှာတောင်မရှိသင့်ဘူး။ ဘယ်သူက ခံနိုင်မှာလဲ”
မီးခိုးမြူပုံရိပ်၏ မျက်နှာထက်တွင် ရက်စက်သောအပြုံးတစ်ခုပေါ်လာသည်။ စုရှောင်ရှန် လုံး၀ အကာအကွယ်မဲ့သွားသည်ကိုမြင်ရာ လက်ကို အောက်ချလိုက်သည်။
‘မပြီးသေးဘူးဟ’ စုရှောင်ရှန် တွေးလိုက်သည်။
သူ့ကိုယ်ကို အနည်းငယ် ထိန်းချုပ်မှုပြန်ရသွားသောအခါ အပေါ်ဘက်မှ နတ်နဂါးကြီးက သူ့ထံ လေကိုခွင်းပြီး တည့်တည့်၀င်လာနေတာကို အကြားအမြင်မှ သိလိုက်ရသည်။
“သေပြီဆရာ”
စုရှောင်ရှန် သူ့တွင်ရှိသမျှ ခွန်အားအကုန်သုံးပြီး လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ ပုခုံးပေါ်မှ မုကျစ်ရှီကို အဝေးတောက်ထုတ်လိုက်၏။
ထိုကလေးမလေးကို လူသားဒိုင်းအဖြစ်သုံးရန် ရည်ရွယ်ချက်မရှိရပါချေ။ သူမ၏ ကိုယ်သေးသေးလေးနှင့်လည်း ဘာမှ လုပ်နိုင်မည့်ပုံမပေါ်။
ဝေါင်းးးး….။
နဂါးပြီးဟိန်းလိုက်ပြီး သူ့၀န်ကျင်ရှိ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေပြီး စုရှောင်ရှန်ကိုယ်ထဲကို ၀င်သွားတော့သည်။
အရာအားလုံးတိတ်ဆိတ်သွားသည်။ သူ့အကြားအမြင်လည်း ချိတ်ပိတ်ခြင်းခံလိုက်ရ၏။
သူ့ခန္ဓာကိုယ်လည်း တဆတ်ဆတ် တုန်သွားကာ ဘာမှ လှုပ်မရဖြစ်သွားသည်။
သူ့စိတ်လည်းအမှောင်ဖုန်းသွားကာ နှလုံးခုန်လည်းရပ်သွားသည်။ သူ့ကိုယ်ရောစိတ်ပါ ချိတ်ပိတ်ခံလိုက်ရ၏။
…
နဂါးကြီးသူ့ကိုယ်ထဲကို၀င်သွားပြီးနောက် စုရှောင်ရှန်၏ ဘာမဆို စက္ကန့်ပိုင်းအတွင်း ချိတ်ပိတ်ခံလိုက်ရသည်။
သို့တောင်နဂါးကြီးကမရပ်သေးဘဲ သူ့မူလနန်းတော်မှ တုန်ခါနေသော ဝိညာဉ်ရင်းမြစ်ထံကို ကူးခတ်သွား၏။
စုရှောင်ရှန် ၎င်းကိုတားဆီးရန် ဘာမှ လုပ်၍ မရတော့ပြီ။
ချိတ်ပိတ်ခြင်းစွမ်းရည်တွေက ဒီလောက် ကြမ်းတမ်းလိမ့်မည်ဟု စုရှောင်ရှန် မထင်ထားပါချေ။
ထိုစဉ်နောင်တတရားများကိုသာ သူခံစားနေရသည်။ မိုမို့လက်ထဲမှာ ချိတ်ပိတ်ထားတဲ့အရာက ဒီလောက်ကြောက်စရာကောင်းမှန်းသိရက်နှင့် မီးခိုးမြူပုံရိပ်ဖြင့်အစကတည်းက တိုက်ခိုက်ခြင်းမပြုခဲ့သင့်ပေ။
သူဘာတွေများ စိတ်ရူးဖောက်ပြီးလုပ်လိုက်မသိလဲမသိ။
ထို မီးခိုးမြူပုံရိပ်က ထိုသူတော်စင်အစေအပါးခေါ် မျက်နှာဖုံးတပ်လူလောက် ကြောက်စရာကောင်းပေသည်။ ထိုသို့နယ်ပယ်ကလူနှင့် ယှဉ်ပြိုင်လိုခြင်းက သူရူးမိုက်မိ၍ဖြစ်မည်။
“ငါသေရတော့မှာလား” စုရှောင်ရှန် ခါးသက်သက်ခံစားနေရသည်။
သူ့မူလနန်းတော်အတွင်းတွင် နဂါးကြီးက ပါးစပ်ဟပြီး အစွယ်များဖြီးပြကာ သူ့ဝိညာဉ်ကို ဝါးမျိုရန် ပြင်လိုက်သည်။
ဘုန်းးးး…။
သူ့ဝိညာဉ်ကိုနဂါးကြီးမဝါးမျိုနိုင်ခင်မှာ အနီရောင်အလင်းတန်းတစ်ခု လာရောက်ထိမှန်ပြီး နဂါးကြီးကို နှစ်ပိုင်းပြတ်သွားစေတာ စုရှောင်ရှန် မှင်တက်ဖွယ်ရာ တွေ့လိုက်ရ၏။
သူဖြေးဖြေးချင်းမော့ကြည့်လိုက်ရာ အမြဲတမ်းပုန်းကွယ်နေခဲ့သော အနီရောင်ဖန်သားပြင်ကြီး ပေါ်လာတာကိုတွေ့လိုက်ရ၏။
၎င်းက သူ၏ပိုင်နက်ထဲကို ကျူးကျော်လာသည့် နဂါးကြီးကြောင့် စော်ကားသလိုခံစားလိုက်ရပြီး ဒေါသအကြီးအကျယ်ထွက်နေသည်။
ထိုအနီရောင်အလင်းတန်းများက မပြီးသေးပါ။ နောက်ထပ် အနီရောင်အလင်းတန်း အခုတစ်ရာကျော် ရောက်ရှိလာပြီး နဂါးကြီးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
“လခွမ်း” စုရှောင်ရှန့် စိတ်တစ်ခုလုံး ဗလာကျင်းသွား၏။
ထိုမျှနှင့်မပြီးသေးပါ။ ထိုအနီရောင်အလင်းတန်းများက ထိုနဂါးကြီးကို ကြက်ခြေခတ်သဏ္ဌာန်လည်ပတ်ကာ အစအနပါမကျန်အောင် အမှုန်များဖြစ်သွားသည်အထိ လုပ်ပစ်လိုက်တော့၏။
မသိလျှင် အသားတုံးကြီးကို ကြိတ်စက်ထဲထည့်လိုက်သည့်အလား။