သူ့လက်မှာ သွေးပိုစွန်းထင်းလာလေလေ သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု စုရှောင်ရှန် မထင်တော့လေလေ ဖြစ်သည်။
သူ့ဆရာတူညီမလေး သူ့အရှေ့တွင် အသတ်ခံရလုနီးနီးဖြစ်သွားခြင်းက စုရှောင်ရှန်၏ စိတ်အတွင်းမှ နက်ရှိုင်းသော ဒေါသတို့ကို မီးငြှိ့ပေးလိုက်၏။
ထိုအခိုက်၌ အကောင်းဆုံး အရာက မုကျစ်ရှီကို ထမ်း၍ ပြေးခြင်းဖြစ်သည်ကို သူသိသည်။ သို့သော် စုရှောင်ရှန် ထိုသို့ မလုပ်နိုင်ပေ။
အသက်ရှင်နေသမျှ၊ သွေးများစီးဆင်းနေသမျှ ကာလပတ်လုံး လူဆိုတာ ကိုယ့်အားကိုကိုး ကိုယ့်ကျိုးကို ကိုယ် ဆောင်ရွက်ရပေမည်။ သတ္တိရှိဖို့လိုသည်။
စန်းလျှိုသစ်တော၌ အပူချိန်က အလွန်မြင့်မားနေ၏။ စုစုရှောင်ရှန်တို့ ရပ်နေသည့်နေရာတောင် မီးကျွမ်းသွားပြီး မြေရိုင်းတစ်ခုဖြစ်လာသည်။ ဘယ်ကိုကြည့်ကြည့် မမြင်ရသည့် မီးများလောင်ကျွမ်းနေသလို ဖြစ်နေသည့် အရာများကိုသာ မြင်ရမည်ဖြစ်ပြီး အပူချိန်ကြောင့် လုံး၀အတိ ဟာလာဟင်းလင်းဖြစ်သွား၏။
စုရှောင်ရှန်၏ လက်ထဲတွင် သာမန်အတွေးစွမ်းအင်နှင့် ချွန်ထက်ခြင်းတို့ စုစည်းလာပြီး သူ့လက်ငါးချောင်းထိပ်၌ သိပ်သည်းထားသော မီးစေ့များရှိသည်။ စုရှောင်ရှန် တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပေပြီ။
“မင်းကဘယ်သူလဲ” အာရုံစူးစိုက်ပြီး လှုပ်ရှားတော့မည့်စဲစဲ စုရှောင်ရှန် မေးလိုက်သည်။
ထိုမီးခိုးမြူပုံရိပ်က တိုးတိုးလေး ကြိတ်၍ရယ်နေသလို ၎င်းကိုယ်မှ မီးခိုးမြူများ လှုပ်ရမ်းသွား၏။ တစ်အောင့်ကြာသော် ထိုအေးစက်စက် အသံကို ထပ်ကြားလိုက်ရသည်။ “မင်း ငါဘယ်သူဆိုတာ သိဖို့ အရည်အသွေးပြည့်မှီတယ်။ ကောင်းပြီ ငါက…”
ရွှစ်…။
လျှပ်တပြက်အတွင်း စုရှောင်ရှန် ထိုမီးခိုးမြူပုံရိပ်နောက်ကိုရောက်သွားသည်။ အစကတည်းက ထိုအရာနှင့် စကားပြောဖို့ စုရှောင်ရှန်တွင် ရည်ရွယ်ချက်မရှိပါပေ။ မီးခိုးမြူပုံရိပ် သူ့အမေးကို ဖြေကြားချိန် သတိချပ်မထားအောင်လို့ မေးလိုက်ခြင်းဖြစ်သည်။
စုရှောင်ရှန် ကိုယ်ကို ဆန့်တင်းကာ ခြေထောက်ကိုလှည့်ပြီး ထိုအရာ၏ ကျောကုန်းကိုကန်လိုက်သည်။ လက်သီးနှစ်ဖက်ကလည်း ထိုအရာ၏ ဦးခေါင်းနှင့်မိတ်ဆက်သွား၏။
“သောက်ဂရုစိုက်မယ်ထင်လို့လား။ သေစမ်းကွာ”
မီးခိုးမြူပုံရိပ် စုရှောင်ရှန်၏ ထောင်ချောက်ထဲ တကယ်ကျသွားပြီး အငိုက်မိသွားသည်။ ကိုယ့်ကိုယ်ကိုယ် အချိန်ကိုက် မကာကွယ်နိုင်ရာ မီးခိုးမြူပုံရိပ် လွင့်ထွက်သွားတော့၏။
စုရှောင်ရှန် တကယ်ကို အရိုးကွဲကြေသံကြားရလို့ အံ့အားသင့်သွားသည်။
“အဲ့တာငါ့ညီမအတွက်ပဲကွ”
မီးခိုးမြူပုံရိပ် ချက်ခြင်း သွေးတစ်လုတ်အန်ထုတ်လိုက်သည်။
၎င်းအလွန် အံ့အားသင့်နေပြီး ပြောစရာစကားမဲ့နေသည်။
‘လခွေးလိုလို ရုတ်တရက်ကြီး ထတိုက်ခိုက်တာလားဟ။ ငါ့ သရုပ်မှန်ကို စိတ်မ၀င်စားဘူးလား။ အနည်းဆုံးတော့ စကားပြီးအောင်ပြောတဲ့ထိတောင်မစောင့်နိုင်ဘူးလား’ မိုးခိုးမြူပုံရိပ်ကျိန်ဆဲလိုက်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မီးခိုးမြူပုံရိပ်၏ ကျင့်ကြံမှုနယ်ပယ်က အရှင်သခင်နယ်ပယ်ကို ချိုးဖျက်တက်သွားပြီဆိုပေမယ့် စုရှောင်ရှန်၏ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကလည်း နောက်ကျ ကျန်နေသည့်အရာမဟုတ်ပါပေ။
ထိုလက်သီးနှစ်ချက်ဆင့်ထိုးချက်ကနေ ပြန်လည် တည်ငြိမ်အောင်လို့ မီးခိုးမြူပုံရိပ် အချိန်အနည်းငယ် ယူလိုက်ရသည်။
၎င်း၏ ကိုယ်အပြင်ဘက်ရှိ ချိတ်ပိတ်ခြင်းစွမ်းအင်တွေက ထိခိုက်မှုကို လျော့ချပေးနိုင်လို့ ကံကောင်းသွားသည်။ မဟုတ်ပါက ထိုတစ်ချက်တည်းဖြင့် ဒူးထောက်ကျသွားပေလောက်ပြီ။
မီးခိုးမြူပုံရိပ်ကခံစားနေရသော နာကျင်မှုများကို ဖော်ပြနေရန်အချိန်မရှိပါပေ။ သူ၏ ကိုယ်ကကိုင်းသွားပြီး လက်နှစ်ဘက်ကိုရှေ့ဆန့်ထုန်လိုက်သည်။ ထိုမှ မီးခိုးမြူများ စုရှောင်ရှန်ထံသို့ အလင်းတန်းတစ်ခုနှယ် တိုးဝင်သွား၏။
သို့ပေမယ့် ၎င်းက တိုက်ခိုက်သည့်အကွက်မဟုတ်ရပါ။ ခံစစ်ပြင်ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လက်သီးထိုးချက်များပြီးနောက် စုရှောင်ရှန် သူ့ဓားကိုထုတ်ယူလာသောကြောင့်ဖြစ်သည်။
“ဓားထုတ်ဓားကွက်၊ ရွက်တစ်ထောင်အနက်ရောင်ရေတံခွန်စီးဆင်းခြင်း”
ရွှစ်…။
စုရှောင်ရှန် ဓားကိုဓားအိမ်ထဲမှ လျှပ်တပြက်အတွင်းထုတ်လိုက်သည်။ ထိုမှ ဓားစွမ်းအင်များ စစ်ချီလာသော စစ်သည်များအလား အလုံးအရင်းတက်လာကြတော့၏။ မီးခိုးမြူပုံရိပ် ကြက်သေသေသွားသည်။
ထိုဓားကွက်မြန်လွန်းလှသည်။ ချက်ခြင်းလက်ငင်းပဲ လေဟာနယ်ကိုဖြတ်သန်း၍ သူ့မျက်နှာရှေ့၌ ပေါ်လာတော့သည်။
‘ဘာလဲဟ။ ဒီနည်းစနစ်က အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ရဲ့ အထက်မှာတောင်ရှိတယ်။ ဒီကလေးက ဘာလဲ။ ငါ့ကိုဘာလို့ ဒီလို ချောင်ကပ်သွားအောင်လုပ်နိုင်ရတာလဲဟ’
မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်အလွှာများကို ဖုံးလွှမ်းလိုက်သည်။
“ကောင်းကင်ဘုံသုံးထပ်အကာအကွယ်”
ထိုမြူခိုးများက လေကိုခွင်း၍ ဓားစွမ်းအင်များထံ တစ်စတစ်စ တိုး၀င်သွားကြပြီး ထင်မှတ်မထားစွာ ကောင်းကင်ဘုံသုံးထပ်အကာအကွယ်ကို ဓားစွမ်းအင်များ မထိုးဖောက်နိုင်ဖြစ်နေကြ၏။
ထန်း ထန်း ထန်း
ဆတ်ကတည်းမြည်သံများကိုကြားရပြီး မီးခိုးမြူပုံရိပ်ပြုံးလိုက်သည်။ ၎င်းက ဓားစွမ်းအင်များကို မတူသလို မတန်သလိုကြည့်လိုက်ပြီး “ဒီကမ္ဘာကြီးမှာ ငါချိတ်မပိတ်နိုင်တာမရှိဘူး”
“ဟီးဟီး အဲ့လိုပေါ့” စုရှောင်ရှန် ဖျော့တော့တော့ပြုံး၍ မေးလိုက်သည်။ “ဒါဆို အနုပညာဆိုတာဘာလဲသိလား”
စုရှောင်ရှန်၏ အတွေးကိုလိုက်မမှီနိုင်သည့်အတွက် မီးခိုးမြူပုံရိပ် သူပြောတာကို နားမလည်ပါချေ။ အိပ်မောကျနေတာကြာပြီဖြစ်၍ အချိန်တွေ လွန်ကုန်သလော။
ထို့နောက် ဓားစွမ်းအင်များကိုတားဆီးထားသော ကောင်းကင်သုံးထပ် အကာအကွယ်ကို ကြည့်လိုက်ပြီး “ချိတ်ပိတ်ခြင်း ဆိုတာအနုပညာပဲ”
စုရှောင်ရှန် သူ့ခေါင်းကို ခါရမ်းလိုက်ပြီး ဓားကို အပေါ်ပစ်လိုက်သည်။
“မှားတယ်။ အနုပညာဆိုတာ… ဖောက်ခွဲခြင်းပဲ”
ထိုစကားဆုံးသွားတဲ့နောက်မှာ ကောင်းကင်သုံးထပ်အကာအကွယ်ထဲမှ မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။ အကြောင်းမှာ သူ့နောက်ကျော၌ စူးသလိုလို နာကျင်မှုနှင့် ကြောက်မက်ဖွယ်ရာအတိရှိသော စွမ်းအင်တို့ ကပ်နေကြောင်းကို အာရုံခံမိလိုက်သောကြောင့်ဖြစ်သည်။
“အဆင့်နိမ့် မီးဘောလုံး။ ပေါက်ကွဲစမ်း”
စုစုရှောင်ရှန်လက်ဖျောက်တီးလိုက်၏။
ဘုန်း…။
ဘုန်း…။
ပေါက်ကွဲသံများကို ကျယ်လောင်စွာကြားလိုက်ရသည်။
အကာအကွယ်အတွင်းမှ ပေါက်ကွဲမှုများဖြစ်ပွားကာ ဓားစွမ်းအင်များကို အထက်လေထဲသို့ တွန်းပို့လိုက်လေသည်။ မီးခိုးမြူပုံရိပ်လည်း လေထဲသို့ ထပ်၍ လွင့်ထွက်သွားသဖြင့် လုံး၀အတိ မှင်တက်သွားရတော့သည်။
သွေးများနေရာအနှံ့ပြန့်သွား၏။
ထိုမီးခိုးမြူပုံရိပ် အနာတရဖြစ်သွားတာကို စုရှောင်ရှန် မြင်လိုက်ရသည်။ ချိတ်ပိတ်ခြင်းစွမ်းအားကို တိုက်ခိုက်သဖြင့် သုံးရာတွင် အလွန်စွမ်းအားကြီးသည်ကမှန်သည်။ သို့သော် ၎င်းကို ခံစစ်အတွက် သုံးတာဆိုလျှင်တော့ မီးခိုးမြူပုံရိပ် အမှားကြီးမှားသွားပေမည်။
ဒါပေမယ့်လို့…
ထိုအရာက မိုမို့ ခန္ဓာကိုယ်ကို အသုံးပြုနေခြင်းဖြစ်ပါသည်။
ကောင်းကင်မှ ပြန်ကျလာသော တိတ်တခိုးနာကျင်ခြင်းကို စုရှောင်ရှန် ဖမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့ထက်ပို၍ သူမတိုက်ခိုက်သင့်ပါတော့ပေ။
မှိုသဏ္ဌာန်တိမ်တိက်များပျောက်ကွယ်သွားပြီးနောက် ရက်စက်အကျဉ်းတန်သွားသော မီုးခိုးမြူပုံရိပ်ပြန်ပေါ်လာသည်။
မေးခွန်းတစ်ခုမေးစာလောက် အချိန်အတွင်း စုရှောင်ရှန် ၎င်းကို ဆက်လက်၍ ချောင်းမြောင်းတိုက်ခိုက်လိုက်မည်ဟုမထင်ထားပါချေ။ ဒီလို အခြေအနေထိ ကျဆင်းသွားအောင်လို့ နှစ်ပေါင်းဘယ်လောက်ကြာအောင် အိပ်မောကျသွားသလဲ မသိပေ။
ထိုလူငယ်လေးက စစ်မှန်ခြင်းနယ်ပယ်မှာပဲရှိနေတာတောင် သူ့ကို နာကျင်အောင်လုပ်နိုင်၏။ စုရှောင်ရှန်ကို သွေးကြေးစပ်ရမည်ဟု ကျိန်ဆိုလိုက်တော့သည်။
“စုစုရှောင်ရှန် မင်း ငါ့စိတ်ကိုစွ ပေးလိုက်တာပဲ။ မင်းတော့…”
ဟင်…။
မီးခိုးမြူပုံရိပ် စကားတောင်မဆုံးသေးခင်မှာ တဆတ်ဆတ် ရုတ်ချည်းတုန်ခါသွားပြီး ပါးစပ်ထောင့်မှ သွေးများထွက်လာတော့၏။
ရှေ့သို့ ပြန်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှ မတွေ့ရတော့ချေ။ သို့ဖြင့် နောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။
ချလပ်…။
စုရှောင်ရှန် မီးခိုးမြူပုံရိပ်နောက်၌ သူ့ဓားကို ပြန်သိမ်းလိုက်ပြီး ညှင်သာစွာ ဆိုလိုက်သည်။ “ရာသီကုန်နှင်းများအကြားမှ အနောက်လေ”
“ဟမ်”
မီးခိုးမြူပုံရိပ် သူ၏ လည်ပင်းကိုယ် ရုတ်တရက် လက်ဖြင့် ကိုင်ပိတ်လိုက်သည်။ သို့သော် အချည်းနှီးသာ။
ဗျစ်…။
သွေးများ ပန်းထွက်လာခဲ့၏။ မီးခိုးမြူပုံရိပ်ခေါင်းနှစ်ပိုင်းအဖြတ်ခံလိုက်ရသလိုတောင် ခံစားလိုက်ရသည်။
ထိုဒဏ်ရာကို ချိတ်ပိတ်ခြင်းစွမ်းအင် ပမာဏ အများကြီးဖြင့် ဖုံးလွှမ်းလိုက်၏။ သို့သော် နာကျင်မှုက ဆက်ရှိနေစဲဖြစ်ကာ မီးခိုးမြူပုံရိပ်တောင် ဝေလည်လည် ဖြစ်လာတာကြောင့် သတိလစ်မေ့မျောတော့မလိုဖြစ်နေသည်။
“အနက်ရောင်ပုံစံ၊ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ခြင်း”
မီးခိုးမြူပုံရိပ်၏ ရင်ဘက်၌ အမှတ်ကြီးတစ်ခုပေါ်လာသည်။ ထို့နောက် တစ်ကိုယ်လုံးစတင်၍ ပြန့်နှံ့သွားကာ အလွန်ကြောက်မက်ဖွယ်ရာအတိ ဖြစ်လာတော့၏။
ထိုအနက်ရောင်အမှတ်များ ပြန့်သွားသည့် ကိုယ်တစ်လျှောက်မှာရှိတဲ့ ဒဏ်ရာတွေအားလုံး သွေးတိတ်သွားခဲ့သည်။ ဒဏ်ရာများ ပျောက်ကင်းသွားတာတော့မဟုတ်ဘဲ ဒီအတိုင်း ရပ်သွားခြင်းပဲဖြစ်သည်။
ထိုအရာက ကိုယ့်ကိုယ်ကိုယ် “သွေးချက်ချင်း တိတ်စမ်း။ ငါတိုက်ခိုက်နေတယ်။ ပြီးမှ ထွက်” လို့ပြောလိုက်တော့ တကယ်ကြီး သွေးတိတ်သွားတာနဲ့ ဆင်တူသည်။
ဓားကိုခုမှ ဓားအိမ်ထဲပြန်သိမ်းပြီးလိုက်သော စုရှောင်ရှန် ထိုအချင်းအရာကိုမြင်သော် မျက်လုံးအိမ်မှ မျက်လုံးများပြူးကျယ်ထွက်လာကြသည်။
ထို မီးခိုးမြူပုံရိပ်က မိုမိုဖြစ်တာသိတာကြောင့် စုရှောင်ရှန် ခေါင်းကိုတော့ တန်းပြီး မဖြတ်လိုက်ပါပေ။ သို့တောင် သူ၏ ဒဏ်ရာများကို ရပ်ပစ်လိုက်သည့် နည်းလမ်းကြောင့် မှင်တက်သွားရ၏။
‘လခွမ်း။ ဒါဘာကြီးလဲဟ’
ချိတ်ပိတ်ခြင်းစွမ်းပကား။ ထိုအရာက သွေးထွက်နေသည့် ဒဏ်ရာများကို ရပ်တန့်သွားအောင်တောင် တကယ်ပဲ အရာအားလုံးကို ချိတ်ပိတ်နိုင်သည်လော။ အခြေအနေက ကပြောင်းကဆန်နှင့် ဆိုးဝါလာပြီဆိုတာ သိလိုက်ရပြီး စုရှောင်ရှန်တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ရသည်။
ထိုလည်ပင်းကို ပြုတ်ထွက်မည်စိုး၍ ကိုင်ထားရသော ဒဏ်ရာများပြင်းထန်စွာရနေသည့် မီးခိုးမြူပုံရိပ်က ယခုတော့ လုံးလုံးလျားလျား ပုံစံပြောင်းသွားတော့၏။
မဟုတ်သေးဘူး။
တစ်စုံတစ်ယောက်သာ မီးခိုးမြူပုံရိပ်ကို သေချာကြည့်မယ်ဆိုရင် တစ်ခုခုပြောင်းလဲသွားတာတွေ့နိုင်သည်။ ထိုအရာက ၎င်း၏ မျက်၀န်းများအတွင်းရှိ ဒေါသများ သဏ္ဌာန်ပေါ်လာခြင်းပင်ဖြစ်သည်။
“ဟီးဟီ စတာပါ။ အတည်မယူပါနဲ့”
စုရှောင်ရှန် ရင်ဘက်ရှေ့မှာ လက်ပိုက်ပြီး ခပ်သဲ့သဲ့ရယ်လိုက်သည်။ “မင်းဒီလောက် သန်မာမယ်မှန်းမသိဘူး။ ထားပါ။ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့”
“အိုး ဟုတ်သား။ စောနက နာမည်ပြောမလို့မလား။ ခုပြောလေ နားထောင်နေတယ်”
“…”
မီးခိုးမြူပုံရိပ်က တဆတ်ဆတ်တုန်ခါသွားလွန်းလို့ လည်ပင်းမှ သွေးများတောင် ပြန်စိမ့်ထွက်လာသည်။ ဤအချင်းအရာကိုမြင်သော် စုရှောင်ကြက်သီးဖျင်းဖျင်းထသွား၏။
‘ငါမရည်ရွယ်ပါဘူး။ ကျိန်ဆိုပါတယ်’ စိတ်ထဲမှ ဆိုသည်။
“လူကြီးလူကောင်းတွေက လက်မပါဘူး။ စကားနဲ့ပဲဖြေရှင်းကြတယ်။ လက်ပါတဲ့လူက အဲ့တာ လူကြီးလူကောင်းမဟုတ်လို့… ဟ လခွမ်း”