စာစဉ်(၂၁) အပိုင်း(၂၈၉)

ရွှေရောင်ခါးစည်းတတိယမြောက် ထိုင်စရာနေရာ

သုံးရက်တာ အချိန်ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့သည်။

သုံးရက်ကြာ နေထိုင်ပြီးနောက်မှာ ဇူယွမ်က မူလသူတော်စင်တောင်ထွတ်နဲ့ တစ်စထက်တစ်စ ပိုပိုပြီး ရင်းနှီးလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဂူနန်းတစ်ခု၏ ကောင်းကျိုးတွေကို သူ့အနေဖြင့် စတင်ပြီး နးလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

အတွင်းတောင်တွင် တပည့်တိုင်းက သူတို့၏ ကွဲပြားသော အဆင့်များအလိုက် ဂူနန်းများ ပိုင်ဆိုင်ခဲ့ကြသည်။

ဂူနန်းတိုင်းက မူလတောင်တစ်ခုနှင့် ဆက်သွယ်နေခဲ့ပြီး အဆင့်မြင့်သော မူလဂူနန်းများက အဆင့်မြင့်သော မူလတောင်များနှင့် ဆက်သွယ်နေခဲ့သည်။

မူလဂူနန်းတိုင်း၏ အနက်ရှိုင်းဆုံးနေရာတွင် စီးကြောင်းတစ်ခုရှိနေခဲ့ပြီး ထိုအရာမှာ မူလတောင်နှင့် ချိတ်ဆက်ထားခြင်းပင် ဖြစ်သည်။

သန့်စင်ပြီး အကန့်အသတ်မဲ့သော မူလချီများက အဆုံးမဲ့စွာ ထိုစီးကြောင်းအတွင်းမှ ထွက်ပေါ်လျက်ရှိပြီး ဂူနန်းတစ်ခုလုံးကို မသဲကွဲသော မြူခိုးများနှင့် ပြည့်နှက်နေစေပေသည်။

ထိုသို့သော နေရာတွင် ကျင့်ကြံရမှုမှာ အပြင်ဘက်တောင်တွင် မူလတောင်တစ်ခုအား လူပေါင်းတစ်သောင်းခန့် ဝိုင်းသုံးစွဲခဲ့ရသော အချိန်နှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ပေ။

ထိုကြောင့် ဇူယွမ်အနေဖြင့် သည်တိုတောင်းသော သုံးရက်တာကာလအတွင်း ရွှေရောင်မူလဂူနန်းတွင် နေထိုင်ခြင်းက သူခန္ဓာကိုယ်ထဲရှိ မူလချီများကို ပိုမိုအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ခံစားရပေသည်။ ထိုအရာက သူ့အား အပြင်ဘက်တောင်နှင့် အတွင်းတောင်တပည့်တို့ကြား ကြီးမားသော ကွာခြားချက်ကို နားလည်သွားစေခဲ့သည်။

ဂူနန်းမှာ အတော်လေး အံ့အောဖွယ်ကောင်းသော်လည်း သူတွင် ကုန်ကျသော တန်ဖိုးရှိပေသည်။

ပြောကြသည်မှာ မူလဂူနန်းများကို မူလကျောက်စိမ်းများဖြင့် ဝယ်ယူနိုင်ပြီး ရွှေရောင်မူလဂူနန်းတစ်ခု၏ တန်ဖိုးမှာ မူလကျောက်စိမ်း အပိုင်းအစ တစ်သောင်းဖြစ်သည်။ ထပ်ပြီးတော့ မူလဂူနန်းအား ထိန်းသိမ်းပြုပြင်ခအဖြစ် တစ်လလျှင် မူလကျောက်စိမ်း ရာဂဏန်းခန့် ပေးဆောင်ရပေသည်။

ထိုအရာများက လုံးဝကို ဈေးပေါမနေခဲ့ပေ။ ကံအားလျှော်စွာပဲ အတွင်းတောင်တပည့်များ၏ အထောက်အပံမှာ အပြင်ဘက်တောင် တပည့်များထက် ပိုမိုသာလွန်သောကြောင့် တစ်လတွင် မူလကျောက်စိမ်းအပိုင်းအစ တစ်ထောင်ကျော်ခန့်ကို လက်ခံရရှိပေသည်။

ထိုအပြင် အတွင်းတောင်ရှိ လုပ်ငန်းတာဝန်စင်မြင့်မှ တာဝန်များက ပိုမို အကျိုးအမြတ်များပေသည်။ ထိုအချက်များက အတွင်းတောင်တွင် တပည့်များအား သူတို့၏ ဂူနန်းများတွင် မြဲစေသော အချက်ဖြစ်သည်။

ဇူယွမ်တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဇူယွမ်တွင် မည်သည့်ဖိအားမှ ရှိမနေခဲ့ပေ။ သူ၏ အစောပိုင်းအလုပ်ဖြစ်သော မူလကျင့်စဉ်သင်ကြားပို့ချပေးခြင်းမှာ ဝင်ငွေဖြောင့်သော အလုပ်တစ်ခုဖြစ်သည်။ ထပ်ပြီးတော့ သူ၏ ရွှေရောင်မူလဂူနန်းကိုဆရာစိန်းက ပေးခဲ့သည် ဖြစ်သဖြင့် မူလကျောက်စိန်း အပိုင်းအစ တစ်သောင်းကျော်ကို ချွေတာနိုင်ခဲ့သည်။ သူအတွက် စိတ်ပူရမည့်အရာမှာ မူလဂူနန်း၏ ထိန်းသိမ်း ပြုပြင်ခပင် ဖြစ်သည်။

သူ၏ ထင်မြင်ချက်တွင် မူလကျောက်စိမ်းများ အလုံအလောက် ရရှိခြင်းက သူ၏ ကျင့်ကြံခြင်းကို ပိုမို အကျိုးဖြစ်ထွန်းစေမည်သာ ဖြစ်သည်။

ရွှေရောင်မူလဂူနန်းအတွင်း သုံးရက်မျှ ကျင့်ကြံပြီးနောက်တွင် ဇူယွမ်က အမြင့်ဆုံး ခရမ်းရောင် မူလဂူနန်းကို စိတ်ဝင်စားလာပြီ ဖြစ်သည်။

ရွှေရောင် မှုလဂူနန်းပင်လျှင် အံ့မခမ်း ဖြစ်နေပါက ခရမ်းရောင် မူလဂူနန်းက မည်သည့်အဆင့်ထိ ရောက်ရှိနေမည်နည်း။

ထို့အပြင် ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်တည်းမှ တစ်ယောက်ဖြစ်လာပါက မူလတောင်တစ်ခုလုံးကို တစ်ယောက်တည်း အကျိုးခံစားရမည်သာ ဖြစ်သည်။ မူလတောင်ထွတ်တစ်ခုလုံးနှင့် ချိတ်ဆက်ထားသော မူလဂူနန်းကိုသာ အသုံးပြုခွင့်ရပါက လူတစ်ယောက်၏ ကျင့်ကြံမှုနှုန်းမှာ မည်မျှပင် လျှင်မြန်နေလိမ့်မည်နည်း။

ထိုဂူနန်းများကို ရွေးချယ်ခြင်းဂူနန်းများဟုခေါ်ပြီး ခရမ်းရောင်အဆင့်ထက် မြင့်သော ဂူနန်းများ ဖြစ်သည်။ တကယ်တော့ ထိုသို့အရေအသွေးကောင်းမွန်သော ဂူနန်းများကို ပေးအပ်ရန် အကြီးအကဲစိန်းတို့ လူစုမှာ အရည်အချင်းမပြည့်မှီပေ။ ထိုသို့သော အရာများကို ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များကသာ ခွင့်ပြုပေးနိုင်ပေသည်။

သို့သော်လည်း ရွေးချယ်ခြင်း ဂူနန်းတစ်ခု ရရှိဖို့ဆိုသည်မှည ယခုအချိန်တွင် ဇူယွမ်အတွက် ဝေးကွာလွန်းပေသည်။ ယခုအချိန်တွက် သူ၏ ပထမဆုံးသော ရည်မှန်းချက်မှာ ခရမ်းရောင် မူလဂူနန်းတစ်ခု ရရှိရန်သာ ဖြစ်သည်။

ပြီးခဲ့သော ရက်များအတွင်း သူ့အနေဖြင့် စိန်းထိုက်ယွမ်နှင့် ပတ်သက်သော အတွေးများကို ဖြေရှင်းနိုင်ခဲ့သည်။ ဆရာစိန်းက သူ့အား တန်ဖိုးထားသောကြောင့် ထပ်ပြီး တွန့်ဆုတ်စွာ နေရန် မလိုအပ်တော့ပေ။ စိန်းထိုက်ယွမ် အနေဖြင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံအသစ်သူ့အား အခြားသူများနှင့် ကွဲပြားစွာ မျှော်လင့်နေကြောင်း နားလည်ပေသည်။ သူ၏ ဂရုတစိုက် ပြုစုပျိုးထောင်မှုအပြီးတွင် ဇူယွမ်မှာ များစွာသော တပည့်များထက် သာလွန်ပြီး မြင့်မားသော အစွမ်းများ ထုတ်ပြကာ တပည့်ခေါင်းဆောင် ဖြစ်လာကာ တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို အရယူပေးနိုင်ရန် စိန်းထိုက်ယွမ်က မျှော်လင့်ခဲ့ပေသည်။

ထိုရည်မှန်းချက်မှာ ဇူယွမ်၏ ကိုယ်ပိုင် ရည်မှန်းချက်နှင့် တူညီပေသည်။ တကယ်တော့ သူ့လည်းပဲ ချိတ်ပိတ်ခံထားရသည့် အဓိကတောင်ထွတ်သို့ ဝင်ရောက်ကာ ဒုတိယမြောက် သူတော်စင်စာလုံးကို ရှာဖွေရမည် ဖြစ်သည်။

“မင်း ဒီမနက်ရဲ့ မနက်ခင်း သင်ခန်းစာကို သွားမှာလား။”

ဂူထဲတွင်။

ဇူယွမ်မှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးနောက် သူက မြူခိုးများဖြင့် ဝန်းရံထားရှိ အနီးရှိ ချောက်ကမ်းပါးမှ မဲမှောင်နေသည့် နက်ရှိုင်းလှသော ချောက်နက်ကြီးကို ကြည့်နေခဲ့သည်။ ယောင်ယောင်က နွယ်ပင်များဖြင့် ပြုလုပ်ထားသော ဒန်းလွှဲပေါ်တွင် အေးအေးဆေးဆေး ထိုင်နေခဲ့ပြီးနောက် သူမ၏ လက်ထဲရှိ စာအုပ်အဟောင်းတစ်အုပ်အား ကြည့်ရူနေခဲ့သည်။

တောက်ပသော နေရောင်ခြည်က မြူထုကို ဖြတ်သန်းကာ သူမ၏ ကိုယ်ပေါ်သို့ ဖြာကျနေခဲ့ပြီး မူလကတည်းက ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရည်မှာ သလင်းကျောက်များကဲ့သို့ တောက်ပနေပြီး မြင်ရသူတိုင်းကို အသက်ရူမှားသွားစေမည့် မြင်ကွင်းကို ဖြစ်ပေါ်နေစေပေသည်။

သို့သော်လည်း ဇူယွမ်အတွက်မှု မူလအစောပိုင်းကတည်းက တွေ့မြင်ပြီး အသက်ရူမှားခဲ့ပြီး ဖြစ်သည်။

ဇူယွမ်၏ မေးခွန်းကို ကြားသောအခါ ယောင်ယောင်က ပျင်းရိစွာ ခေါင်းထောင်လိုက်ပြီးနောက် ဇူယွမ်ကို ကြည့်ကာ ပြောလိုက်သည်

“မသွားဘူး။”

သူမက လေ့ကျင့်ရန် စိတ်မဝင်စားပေ။

ဇူယွမ်က သူမ၏ အဖြေကို အံ့အားသင့်မနေပဲ ခေါင်းတစ်ချက် ညိမ့်လိုက်ပြီးနောက် မူလချီတိမ်တိုက်ပေါ်သို့တက်ကာ မူလစဦးကျောက်ထရံဟုခေါ်သော နေရာသို့ ဦးတည်လိုက်သည်။

သွားတဲ့လမ်းတွင် သူက ရှန့်ဝမ်ကျင်တို့ အခြားတပည့်အသစ်များနှင့် ဆုံတွေ့ခဲ့ပြီးနောက် သူတို့အားလုံးက ရုတ်ရုတ် ရုတ်ရုတ်ဖြင့် စုပေါင်းကာ သွားလိုက်ကြသည်။

ဒါဇင်ချီသည့် မိနစ်အချို့အကြာတွင် သူတို့၏ အမြန်နှုန်းမှာ ဖြည်းဖြည်းချင်း နှေးကွေးလာခဲ့ပြီးနောက် သူတို့၏ ရှေ့တွင် ရှိနေသော တိမ်များအား ထိုးဖောက်နေသည့် တောင်ကြီးအား ကြည့်လိုက်သည်။ ထိုတောင်ထွတ်ကြီးသည် ကြီးမားသော အစိမ်းရောင် ကျောက်ထရံကြီးနှင့် တူပေသည်။

ထိုကျောက်ထံရံကြီးမှာ များစွာသော တောင်များနှင့် ကွဲထွက်နေပြီး ကြည့်၇သည်မှာ သည်ကျောက်ထရံကြီးက မူလစဦး ကျောက်ထရံကြီး ဖြစ်ဟန်တူသည်။

အစိမ်းရောက် ကျောင်ထရံကြီးပေါ်တွင် ကြီးမားသော အစိမ်းရောင် ခန်းမကြီးတစ်ခု တည်ရှိနေပေသည်။

များစွာသော မူလချီတိမ်တိုက်များက လက်ရှိတွင် ပျံသန်းနေကြပြီး ခန်းမ၏ အပြင်ဘက်တွင် တစ်ခုပြီးတစ်ခု ဆင်းသက်နေခဲ့ကြသည်။

ဇူယွမ်တို့ လူစုမှ ကြီးမားသော အစိမ်းရောင် ခန်းမကြီး၏ နဘေးသို့ ရောက်သွားချိန်တွင် ထင်းနေသော ရိုးရှင်းသည့် စာလုံးသုံးလုံးအား ပြင်လိုက်ရသည်။

“တာအို ရှာဖွေသူ ခန်းမ”

ဇူယွမ်တို့ လူစုက ခန်းမထဲသို့ ဝင်သွားချိန်တွင် အထဲ၌ တော်တော်လေး ကြီးကျယ်ခန်းနားသည်ကို မြင်တွေ့လိုက်ရသည်။ ခန်းမ၏ အတွင်းပိုင်းတွင် လှေကားထစ်များစွာ ရှိပြီး ထိပ်ဆုံးတွင် အကြီးအကဲ စိန်းထိုက်ယွမ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ကျယ်ပြန့်သော လှေကားထစ်များပေါ်တွင် အိုဟောင်းနေသော ဖျာများကို ခင်းကျင်းထားလေသည်။

ထိုဖျာများမှာ ခရမ်း၊ ရွှေရောင်နှင့် အနက်ဟူ၍ အရောင်သုံးမျိုး ရှိပေသည်။

ခရမ်းရောင် ဖျာများမှာ အမြင့်ဆုံးတွင် တည်ရှိနေပြီး စိန်းထိုက်ယွမ်နှင့် အနီးဆုံးတွင် တည်ရှိနေပေသည်။ ထိုမှတဆင့် ရွှေရောင်ဖျာများနှင့် အနက်ရောင်များမှာ အောက်သို့ တဖြည်းဖြည်း နိုမ့်ဆင်းသွားပြီး… တပည့်များ၏ အဆင့်အတန်းကို ကိုယ်စားပြုနေသည်မှာ ထင်ရှားပေသည်။

ဇူယွမ်၏ အကြည့်များက ဖျာများကို ဖြတ်သန်းသွားရင်းမှ သူတို့ထံမှ တလိပ်လိပ်ထနေသော စွမ်းအင်တမျိုး ဖျာထွက်နေသည်ကို ခံစားမိလိုက်သည်။ သည်ဖျာများ အားလုံးသည်လည်း ရိုးရှင်းပုံမရပေ။

ခရမ်းရောင် ဖျာမှာရှစ်ခုသာ ရှိပြီး ပုံရိပ် ရှစ်ခုက ထိုအပေါ်တွင် ထိုင်လျက်ရှိနေခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှာ ဇူထိုက် ဖြစ်သည့်အတွက် ထိုခရမ်းရောင်ခါးစည်းတပည့် ရှစ်ယောက်မှာ စိန်းထိုက်ယွမ်၏ လက်အောက်မှ ဖြစ်ကြောင်း ထင်ရှားပေသည်။

ဇူယွမ်က ခန်းမအတွင်းသို့ ဝင်ရောက်လာသည်နှင့် များစွာသော အကြည့်များက ဇူယွမ်ဆီသို့ ရောက်ရှိလာခဲ့သည်။ ဇူထိုက်က သူ့အား နွေးထွေးစွာ ပြုံးပြသော်လည်း အခြားတပည့်များမှာ ခန့်မှန်း၍ မရသော မျက်နှာအမှုအယာများနှင့် ရှိနေပေသည်။

ဇူထိုက်၏ အနီးဆုံးတွင် ရှိနေသော ခရမ်းရောင်ခါးစည်းအဆင့် တပည့်သုံးယောက်က ဇူယွမ်ကို ထက်ရှသော အကြည့်များဖြင့် ကြည့်လိုက်သည်။

“ဇူယွမ်၊ မင်းဒီမှာ ထိုင်ရမယ်။”

စိန်းထိုက်ယွမ်သည် ဇူယွမ်ကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏ အမှုအယာမှာ အေးစက်စက်နှင့်သာ ရှိနေပြီး သူ၏ လက်ကို တစ်နေရာသို့ ညွှန်ပြလိုက်သည်။

ထိုနေရာက ရွှေရောင်ဖျာများအကြားမှ တတိယ နေရာဖြစ်သည်။

စိန်းထိုက်ယွမ်၏ လုပ်ရပ်က ခန်းမထဲရှိ များစွာသော တပည့်များ၏ အကြည့်များတွင် မနာလိုမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

သည်နေရာတွင် ရှိသော ဖျာများပေါ်တွင် ထိုင်ချင်သလို ထိုင်၍ ရသည်မဟုတ်ပေ။ အရှေ့နှင့် အနီးဆုံးထိုင်နိုင်လေ အကျိုးကျေးဇူးကြီးမားလေဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ထိုအရာက လူတစ်ဦး၏ လေးစားဖွယ် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ တတိယမြောက် ဖျာတွင်ထိုင်ရခြင်းမှာ ရွှေရောင်ခါးစည်းတပည့်များတွင် တတိယနေရာ၌ အဆင့်ရှိသည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဇူယွမ်သည် ထိုနေရာတွင် ထိုင်နေခဲ့သည့် အဓိပ္ပါယ်မှာ သူထက်ပင် မည်မျှကြာရှည်စွာ အဖွဲ့ထဲ ဝင်ရောက်ခဲ့လျှင် ဖြစ်စေ သူ၏ တတိယအဆင့်ထိုင်စရာ နေရာထက် အဆင့်နိုမ့်ခဲ့လျှင် သူ့အား အကိုတော်ဟု ခေါ်ရမည်သာ ဖြစ်သည်။

အတွင်းတောင်တွင်လည်း အပြင်ဘက်တောင်မှာကဲ့သို့ပင် လူတစ်ဦး၏ ရာထူးတည်နေရာ အဆင့်အတန်းကို အသက်ရွယ်ပေါ်မူတည်၍ မဆုံးဖြတ်ပေ။

ပုံမှန်အားဖြင့် တပည့်အသစ် တစ်ယောက်ဆိုလျှင် အနောက်ဘက်တွင်သာ နေရာပေးလေ့ရှိပြီး အချိန်ုကာလကြာသည်နှင့်အမျှ တဖြည်းဖြည်း အမြင့်သို့ တက်လှမ်းရမည်သာ ဖြစ်သည်။ ဇူယွမ်ကဲ့သို့ တစ်ချိန်တည်းမှာပင် တတိယအဆင့် ထိုင်စရာနေရာအား ပေးလိုက်ခြင်းမှာ အလွန်ရှားပါးသော ကိစ္စရပ်ဖြစ်သည်။

ထိုအပြုအမှုမှာ တဆိတ်လွန်သော်လည်း ဇူယွမ်မှာ ထိုအရာကို နားလည်ပေသည်။ စိန်းထိုက်ယွမ်အနေဖြင့် သူ့အား နောက်ဆုံးကောက်ရိုးတစ်မျှင်အနေဖြင့် သဘောထားနေခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့်လည်း လွန်စွာ ရိုကျိုးရန် မလိုအပ်ပေ။ သူ့အနေဖြင့် မည်သည့် အကျိုးကျေးဇူးကိုမဆို ရရှိစေကာမှု နောက်ပိုင်းတွင် အားကြိုးမာန်တက် ပြန်ပေးဆပ်ရမည်သာ ဖြစ်သည်။

ထိုကြောင့် သူ့အား မနာလို ငြူစူစွာ ကြည့်နေသည့် အကြည့်များအားလုံးကို လျစ်လျူရူပြီးနောက် ဇူယွမ်က ရွှေရောင်ဖျာဆီသို့ တိုက်ရိုက် လမ်းလျောက်သွားလိုက်သည်။

သို့သော်လည်း ထိုနေရာသို့ သူရောက်သွားချိန်တွင် သတ်ဖြတ်လိုစိတ်များ အပြည့်အ၀ ပါဝင်နေသည့် အကြည့်အား ရုတ်တရက် ခံစားမိလိုက်သည်။

သူက လှမ်းကြည့်လိုက်သည်နှင့် မဲမှောင်နေသော မျက်နှာ အမှုအယာနှင့် လေးခုမြောက်ဖျာတွင် ထိုင်နေသော ဆံပင်အရှည်နှင့် လူငယ်အားတွေ့ရှိလိုက်ရသည်။ ထိုလူငယ်မှာ ချောင်းစူည်ဟု လူသိများကြသော သူတစ်ယောက်ဖြစ်သည်။

တတိယထိုင်စရာနေရာမှာ သူ့အတွက် ဖြစ်သော်လည်း ယနေ့အတွင် ဇူယွမ်အတွက် သူဖယ်ပေးလိုက်ရသည်။

စိန်းထိုက်ယွမ်၏ ဇူယွမ်အပေါ် ဆက်ဆံမှုသည် ချောင်းစူည်ကို မနာလိုဖြစ်စေပြီး လက်ခံရန် ခက်ခဲစေပေသည်။ ဇူယွမ်မှာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံဖြစ်တော့ရော ဘာအရေးနည်း။ အတိတ်တွင် သာမန်အနေအထားသို့ ပြန်ရောက်သွားသည့် တောင်ထွတ်ရွေးချယ်မှုတပည့်အများအပြား ရှိခဲ့ပေသည်။

ဇူယွမ်မှာ ဒုတိယ ချူးချင်းဖြစ်လာနိုင်သည်ဟု ဆရာစိမ်းမှာ အမှန်တကယ် ယုံကြည်နေသည်လား။

သို့သော်လည်း သည်လိုကောင်မှာ ချုးချင်းနှင့် နှိုင်းယှဉ်ရန် ထိုက်တန်ပါမည်လော။

နတ်မင်းတစ်ပါး၏နိစ္စဓူ၀ ကမနက်ဖြန်မှ သုံးပိုင်းပေါင်းတင်ပါမယ်။


Comment

Leave a Reply


Options

not work with dark mode
Reset