Switch Mode

စာစဉ် (၂၁) အပိုင်း (၂၈၆)

ခရမ်းရောင်မူလဂူနန်း

ရွှေရောင်ခါးစည်းကို သူ၏ခါးတွင် ချည်နှောင်လိုက်သည်နှင့် ရှုပ်ထွေးပြီး ရှေးကျသော မှော်စာလုံးများက ခါးစည်းတွင် တောက်ပလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မူလချီများက သူ၏ ခန္ဓာကိုယ်သို့ ဦးတည်ကာ စီးဝင်လာတော့သည်။

ပတ်ဝန်းကျင်ရှိ တပည့်များက ထိုမြင်ကွင်းကို အားကျစွာ ကြည့်နေကြသည်။ ရွှေရောင်ခါးစည်းမှာ လူတစ်ဦး၏ ကျင့်ကြံခြင်းကို အကျိုးရှိစေရုံသာမက လူတစ်ယောက်၏ အဆင့်အတန်းနှင့် ရာထူးကိုပင် ကိုယ်စားပြုပေသည်။

ရွှေရောင်ခါးစည်းကို ဝတ်ဆင်ပြီးသည်နှင့် ဇူယွမ်က ဘေးသို့သွားလိုက်သည်။

ထိုအချိန်တွင် စိန်းထိုက်ယွမ် လုစုန့် နှင့် လုဟုန်းတို့က ဝိညာဉ်ပင် လှုပ်ခတ်သွားစေနိုင်သည့် လှပသော ပုံရိပ်လေးကို လှမ်းကြည့်လိုက်ကြသည်။

သူမက ယောင်ယောင်ပင် ဖြစ်သည်။

ယောင်ယောင်က အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ မျက်နှာမှာ ပြည့်စုံစွာ ရေးဆွဲထားသည့် ရုပ်သွင်တစ်ခုအလား ပြစ်ချက်တစ်ခုပင် ရှာမတွေ့နိုင်ခဲ့ပေ။ သူမ၏ မျက်ဝန်းအစုံမှာ ကြည်လင်ရှင်းလင်းနေသည့် ကောင်းကင်ပြင်အလား ကြည်လင်နေပြီး လူတိုင်းအား သူမအနားသို့ မည်သူမှ မချဉ်းကပ်ဝံ့စေသည့် သူမနှင့် ဝေးကွာစေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ယောင်ယောင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် များစွာသော အကြည့်များက စင်မြင့်ပေါ်သို့ ရောက်ရှိသွားပြီး တီးတိုးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

“အရမ်းလှတာပဲ”

“သူမရဲ့ တည်ရှိမှုကလဲ ထူးခြားတာပဲ။ သူမက ဘယ်သူလဲ။ သူမရဲ့ အလှအပနဲ့ တည်ရှိမှုက နှင်းပဒုမ္မာတောင်ထွတ်က အမတော်လီချင်းချန်ထက် ပိုသာလွန်တယ်။”

“သူတို့နှစ်ယောက်က ကြည့်ရတာ တူသလို ရှိပေမယ့် ခံစားရတဲ့ ခံစားချက်ကတော့ အတော်လေး ကွာခြားတယ်။”

“သူတို့နှစ်ယောက်က တူမလိုလိုနဲ့ မတူညီဘူး အမတော် လီချင်းချန်က အပြင်ဘက်ပိုင်းမှာ အေးခဲနေတဲ့ ရေခဲတောင်တစ်ခုနဲ့ တူပေမယ့် အတွင်းစိတ်ကတော့ နွေးထွေးတဲ့ ပုံရှိတယ်။ သည်မိန်းကလေးမှာ ရှိနေတဲ့ အေးစက်မှုကတော့ မတူဘူး။ အရာအားလုံးကို လျစ်လျူရူထားတဲ့ သူမပုံစံက လုံးဝကို အေးစက်နေတာ။”

“”

“ဒါပဲ။ မင်းကြည့်ရတာ နားလည်သွားတဲ့ပုံပဲ…”

“……”

သူတို့မည်သို့ပင် တီးတိုးပြောနေပါစေ ယောင်ယောင်က လူတိုင်း၏ အကြည့်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။ သူ့ကိုယ်သူ လှပသည်ဟု ယုံကြည်မှုရှိသည့် မိန်းကလေး လုယန် ပင်လျှင် မည့်သည့်စကားမျှ မဆိုနိုင်တော့ပေ။

ကြည့်ရသည်မှ အနာဂါတ်တွင် မူလသူတော်စင်တောင်ထွတ်၏ နံပါတ်တစ် အလှတရားဆိုသော ဂုဏ်ပုဒ်ကို ယောင်ယောင်က သိမ်းသွားချေပြီ။

စိန်းထိုက်ယွမ်က ခဏမျှမှင်သက်နေပြီးနောက်မှ သူ၏ ပါးစပ်အားလှုပ်ရှားနိုင်ကာ ပြောလိုက်တော့သည် “ဇူရှောင်ယို။ မင်းရဲ့ အခြေအနေကတော့ အတော်လေးထူးခြားတယ်။ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူက ငါတို့ ဆရာသုံးယောက်ကို ရွေးစရာမလိုဘူးလို့ တစ်ယောက်နဲ့ လာပြောခိုင်းသွားတယ်။ ဒါပေမယ့် မင်းက မူလသူတော်စင်တောင်ထွတ်မှာ နေနိုင်တယ်။”

ပုံမှန်အားဖြင့် သူတို့အားလုံး ယောင်ယောင်၏ အကြောင်းကို သိကြပြီး သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ဆရာသခင်က သူမအား ဘယ်လောက် တန်ဖိုးထားသည်ကိုလည်း နားလည်ကြပေသည်။

အမှန်တွင် သူတို့အားလုံး၏ ခေါင်းထဲ၌ သည်ကိစ္စနှင့် ပတ်သတ်ပြီး မစဉ်းစားနိုင်ကြသေးပေ။ အဘယ်ကြောင့် ယောင်ယောင်က မူလသူတော်စင်တောင်ထွတ်ကို ရွေးချယ်ခဲ့သနည်း… သူမ၏ ပါရမီနှင့်ဆိုပါက သူတော်စင်မှော်စာလုံးတောင်ထွတ်သို့ သွားလျှင် တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူက သူမအား ဘုရင်မတစ်ပါးလို ဆက်ဆံပေးလိမ့်မည်။

သူမသည်နေရာသို့ လာခဲ့သည်မှာ ဇူယွမ်ကြောင့်ဟု ကြားခဲ့သော်လည်း လူတိုင်းက အဘယ်ကြောင့် သူမနှင့် လူတိုင်း နီးကပ်ရန် အခွင့်အရေးမရှိဟူသော ခံစားချက်ဖြစ်နေပါနည်း… သူမက ဇူယွမ်ကို အမှန်ပင် ချစ်မြတ်နိုးသည်လား။

သူတို့အားလုံး သည်ကိစ္စကို မည်မျှပင် စဉ်းစားပါစေ အဖြေမရနိုင်သေးပေ။

ယောင်ယောင်က အကြီးအကဲ၏ စကားကို နားလည်ဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်သည်။ တကယ်တော့ သူမက မူလသူတော်စင်တောင်ထွတ်တွင် ရှိနေရခြင်းမှာ ဇူယွမ်ကို ကာကွယ်ရန်အတွက်သာ ဖြစ်ပြီး သူမ၏ အမြင်တွင်လည်း သည်အကြီးအကဲ သုံးယောက်လုံးက သူမ၏ ဆရာဖြစ်ရန် အရည်အချင်း မပြည့်မှီကြပေ။

ဇူယွမ်နှင့် ယောင်ယောင်တို့၏ ရွေးချယ်မှုပြီးသောအခါ ကျန်သော တပည့်များကလည်း ရွေးချယ်မှုများ ပြုလုပ်ကာ များသောအားဖြင့် ဇူယွမ်ရွေးချယ်ခဲ့သော အကြီးအကဲစိန်းနှင့် အကြီးအကဲ လုဟုန်းတို့တွင် အများဆုံးဖြစ်သည်။

ခွဲဝေခြင်း ပြီးသွားသောအခါ ဇူယွမ်၏ ရွေးချယ်မှုကြောင့် တပည့်အများစုက အကြီးအကဲ စိန်းထိုက်ယွမ်ဆီသို့ ဝင်ရောက်ခဲ့ကြပြီး လုဟုန်း၏ လူဦးရေနှင့် တူညီသွားခဲ့သည်။

သည်လိုနှင့် တပည့်အသစ်များမှာ အုပ်စုသုံးစုအဖြစ် ခွဲထွက်သွားပေတော့သည်။

အုပ်စုသုံးခုတွင် အကြီးအကဲ လုစုန့်၏ တပည့်အရေအတွက်မှာ အနည်းဆုံးဖြစ်သည်။ သို့သော်လည်း သူက ပျော်ရွင်တတ်ပြီး စနောက်ကျီစယ်တတ်သော လူတစ်ဦးသာ ဖြစ်သည့်အတွက် ယှဉ်ပြိုင်ခြင်းနှင့် ကြီးမားသော ဂုဏ်ဒြပ်များကို စိတ်ဝင်စားခြင်း မရှိပေ။

အကြီးအကဲ စိန်းထိုက်ယွမ်နှင့် လုဟုန်းတို့ကတော့ အခြားတစ်ဖက်တွင် ရှိပြီး အလွန်ကို ယှဉ်ပြိုင်လိုစိတ်ရှိသူများ ဖြစ်သည်။ သူတို့တွင် တပည့်များစွာရှိသော်လည်း လုဟုန်း၏ တပည့်များ အရည်အချင်းမှာ ပိုမိုကောင်းမွန်ပေသည်။ သူက ဓားကပ်ဘေးတောင်ထွတ်မှာ လာသူတစ်ယောက် ဖြစ်သည့်အတွက် သူရရှိသော အရင်းအမြစ်များမှာ အကြီးအကဲ စိန်းထိုက်ယွမ်ထက် သာလွန်ပေသည်။

အားလုံးပြီးသည်နောက်တွင် အကြီးအကဲလုဟုန်းက စိန်းထိုက်ယွမ်နှင့် လုစုန့်တို့နှင့် ပြောဆိုဆွေးနွေးရန် စိတ်မဝင်စားသည့်အလား ထရပ်ကာ ထွက်ခွာသွားလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် တိတ်ဆိတ်နေသည့် စိန်းထိုက်ယွမ်က တိတ်ဆိတ်နေရာမှ ရုတ်တရက် ပြောလိုက်သည် “ခဏ နေပါဦး အကြီးအကဲ လုဟုန်း။”

လုဟုန်းက သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် ပြန်လှည့်လာကာ စိန်းထိုက်ယွမ်ကို ကြည့်လိုက်သည် “ဘာများလဲ အကြီးအကဲ စိန်း”

စိန်းထိုက်ယွမ်က ခဏမျှတုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ငါတို့ မူလသူတော်စင်တောင်ထွတ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ခရမ်းရောင်မူလဂူနန်းအကြောင်း ဆွေးနေမလို့ပါ။”

လုဟုန်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ခဏအကြာတွင် သူက ဇူယွမ်ရှိရာသို့ လှမ်းကြည့်ကာ သရော်ပြုံးပြုံးလိုက်ပြီ ပြောလိုက်သည် “အကြီးအကဲ စိန်းက ပါရမီရှိတဲ့သူကို အမှန်တကယ် နှစ်သက်သူတစ်ယောက်ပဲ။ သူ့အတွက် ခရမ်းရောင်မူလဂူနန်း ရရှိဖို့ ကြိုတင်စီစဉ်နေပြီလား။”

“ဒါပေမယ့် သူ့လို ရွှေရောင်ခါးစည်းအဆင့် တပည့်အသစ်တစ်ယောက်ကာ သည်လို အရေးပေးမှုနဲ့ ထိုက်တန်လို့လား။”

ထိုအချိန်တွင် ဇူယွမ်က အံ့အားသင့်သွားခဲ့ပြီးနောက် စိန်းထိုက်ယွမ်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

သည်သုံးရက်အတွင်း သူအနေဖြင့် အတွင်းတောင်အကြောင်း ပိုမိုနားလည် လာခဲ့သည်။ အပြင်ဘက်တောင် တပည့်များ အိမ်ငယ်လေးများ ရသလိုပင် အတွင်းတောင်တပည့်တိုင်းသည်လည်း ဂူနန်းများ ရရှိကြပေသည်။

သို့သော်လည်း သည်ဂူနန်းများကား အိမ်ငယ်လေးများထက် အဖိုးတန်သည်မှာတော့ အသေအချာပင် ဖြစ်သည်။

မူလဂူနန်းတိုင်းက အဆုံးမဲ့သော သန့်စင်သည့် မူလချီများကို ထုတ်ပေးကာ လူတစ်ယောက်၏ ကျင့်ကြံမှုကို အလွန် အကျိုးရှိစေပေသည်။

ဂူနန်းများသည်လည်း တပည့်များ၏ အဆင့်အတန်းနှင့် ခွဲထားလေ့ရှိသည်။ အနိုမ့်ဆုံး အနက်ရောင် မူလဂူနန်း၊ ရွှေရောင် မူလဂူနန်း၊ နောက်ဆုံးတွင် အဆင့်အမြင့်ဆုံး ခရမ်းရောင် မူလဂူနန်းတို့ဖြစ်သည်။

ပုံမှန်အားဖြင့် ခရမ်းရောင် ခါးစည်းအဆင့် တပည့်တစ်ယောက်သာလျှင် ခရမ်းရောင် ဂူနန်းနှင့် လေ့ကျင့်ရန် အခွင့်အရေး ရရှိပေသေးသည်။

ထိုကြောင့် စိန်းထိုက်ယွမ်က သူ့အား ခရမ်းရောင်ဂူနန်းပေးရန် ကြံရွယ်နေသည်ကို တွေ့ရသောအခါ ဇူယွမ်အနေဖြင့် အတော်လေး အံ့အောမိပေသည်။

စိန်းထိုက်ယွမ်က ဖြေးညင်းစွာ ပြောလိုက်သည် “သင့်လျော်တယ် မလျော်ဘူးဆိုတာ င့ါဘာသာ ဆုံးဖြတ်နိုင်ပါတယ်။”

လုဟုန်းက လှောင်ပြုံးပြုံးလိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါက မင်းဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး အကြီးအကဲ စိန်း။ ငါတို့ရဲ့ မူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်က ချိတ်ပိတ်ခံထားရတာမလို့ ခရမ်းရောင် မူလဂူနန်းအများကြီး ဖွင့်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ရရှိမယ့် အရေအတွက်က အကန့်အသတ်ရှိမှာပဲ။ ငါတို့ရဲ့ စည်းမျဉ်းတွေအရ စွမ်းအားပေါ်အခြေခံပြီး ဂူနန်းတွေကို အုပ်စုသုံးခု ခွဲဝေယူပြီးလို့ အစောပိုင်းက ဂူနန်း(၁၉)ခု ရပြီးပေမယ့်လို့ နောက်ဆုံးတစ်ခုကိုလဲ ရယူဖို့ ဆုံးဖြတ်ထားတုန်းပဲ။ ”

“မင်းရဲ့ ခရမ်းရောင်ခါးစည်းတပည့်တွေ အားလုံးက ခရမ်းရောင် မူလဂူနန်းကို ရရှိပြီးပြီလေ” စိန်းထိုက်ယွမ်၏ အမှုအယာမှာ ထက်ရှလို့နေသည်။

လုဟုန်းက လှောင်ပြောင်လိုက်သည်။ “ဒါနဲ့ပဲ အတွင်းတောင်ရဲ့ တပည့်အသစ်တစ်ယောက်ကို ခရမ်းရောင် မူလဂူနန်းကို အသုံးပြုစေမယ်ပေါ့ ငါ့ရဲ့တပည့်တွေ အတွက်ကော မရဘူးလား။”

စိန်းထိုက်ယွမ်၏ အမှုအယာက ဆိုးရွားနေသော်လည်း သူ့အနေဖြင့် သူ၏ ဒေါသကို ထိန်ချုပ်ထားနိုင်ပေသေးသည် “ခရမ်းရောင် မူလဂူနန်းအတွက် တန်ဖိုးတူညီတဲ့ တခြားအရာတွေကို ငါပေးနိုင်တယ်။”

သို့သော်လည်း လုဟုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရိုင်းပြစွာ ပြန်ပြောလိုက်သည် “မလိုအပ်ဘူး။ သည် ခရမ်းရောင် မူလဂူနန်းကို အရယူဖို့ ငါဆုံးဖြတ်ပြီးပြီ။”

ထိုနောက် သူက ဇူယွမ်တည်ရှိနေရာသို့ လှမ်းကြည့်လိုက်သည်။ စိန်းထိုက်ယွမ်က ခရမ်းရောင် မူလဂူနန်းကို လိုချင်နေသည်မှာ ဇူယွမ်အတွက်မှန်း သူသိပေသည်။ ထိုကြောင့် သည်အရာကို သူမည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။

လုဟန်းအနေဖြင့် ဇူယွမ်က စိန်းထိုက်ယွမ်အား ရွေးချယ်လိုက်သော အချိန်တွင် ဂရုမစိုက်ဟန်ပြသော်လဲ သူရင်ထဲ၌ တေးထားသည်မှာ သေချာပေသည်။

ထိုပြင် ဇူယွမ်က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှ ချန်ပီယံဖြစ်သဖြင့် သူ့အား ထိတ်လန့်စေပေသည်။ ထိုကြောင့် သူ့အနေဖြင့် ဇူယွမ်၏ ကျင့်ကြံခြင်း အရင်းအမြစ်များအား အနည်းငယ်မျှပင် ဖြတ်တောက်နိုင်ပါက ဖြတ်တောက်ရပေလိမ့်မည်။

ထို့အတွက် နောက်ဆုံးကျန်နေသည့် ခရမ်းရောင် မူလဂူနန်းအား ဇူယွမ်၏ လက်အတွင်းသို့ ကျရောက်ခံမည် မဟုတ်ပေ။

လုဟုန်းက စိတ်အတွင်းမှ အေးစက်စက် ပြုံးလိုက်သည်။ ဇူယွမ်ကို အရမ်းတန်ဖိုးထားရင် မင်းရဲ့ အခြားတပည့်တွေဆီက ခရမ်းရောင် မူလဂူနန်းကို ဇူယွမ်ဆီ ပေးလိုက်လေ။ အဲ့လို လုပ်လိုက်ရင် မင်းရဲ့တပည့်တွေ အဆုံးမှာ ဘာပြောမလဲ ကြည့်ရအောင်….

သူတို့နှစ်ယောက်အကြား ပြောဆိုနေသည်ကို ကြည့်ရင်း ဇူယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနောက် သူက လုဟုန်း၏ သူ့အပေါ်ထားသော ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့ပြီ ဖြစ်သည်။

“ဆရာစိန်း၊ ခရမ်းရောင် မူလဂူနန်းက ကောင်းမွန်ပေမယ့်လဲ အရမ်းကြီး အလျင်လိုဖို့ မလိုအပ်ပါဘူး။ အနာဂါတ်မှာ အခွင့်အရေး ရနိုင်မှာပါ။” ဇူယွမ်က လက်သီးနှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

ကြည့်ရသည်မှာ ခေါင်းမာသော အကြီးအကဲက အလျော့ပေးချင်ပုံမရပေ။

အဖွဲ့နှစ်ဖွဲ့၏ တင်းမာသော အခြေအနေကို မြင်ရသောအခါ အကြီးအကဲလုစုန့်က မနေနိုင်တော့ပဲ ထရပ်ကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံးက လိုချင်နေမှတော့ စည်းမျဉ်းတွေအတိုင်းပဲ စွမ်းအားကို အခြေခံပြီး ဆုံးဖြတ်ကြတာပေါ့။”

“နောက်ထပ် ယှဉ်ပြိုင်ပွဲတစ်ခုက တစ်လအတွင်း ကျင်းပလိမ့်မယ်။ အဲ့မှာ အနိုင်ရမယ့်သူက နောက်ဆုံး ခရမ်းရောင် မူလဂူနန်းကို ရရှိမယ့်သူပဲ။”

ထိုစကားကို ကြားသည်နှင့် လုဟုန်းက အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။

“တစ်လအတွင်းမှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲ ကြည့်ကြတာပေါ့။”

သို့သော်လည်း သူက အေးစက်စက် အမှုအယာဖြင့် ဇူယွမ်အား သရော်ဟန်ဖြင့် ကြည့်လိုက်လေသည်။ သူ့အနေဖြင့် မည်သည့်စကားမှ မပြောသွားသော်လည်း ဇူယွမ်က သူ၏ အတွေးကို သဘောပေါက်မိပေသည်။

မင်းက ခရမ်းရောင် မူလဂူနန်းနဲ့ မထိုက်တန်ပါဘူး…

Comment

Leave a Reply

Options

not work with dark mode
Reset