Switch Mode

စာစဥ် (၂၁) အပိုင်း (၂၈၃)

ချိတ်ပိတ်ထားသောအဓိကတောင်ထွတ်

ဇူ ယွမ် ၏ အ ကြည့် က ထူးဆန်းသော မြူ များ လွှမ်းခြုံ နေ သည့် တောင် ထွတ် ဆီမှ ဖယ် ခွာ လိုက် ပြီးနောက် လေးလံ စွာ သက်ပြင်း ချလိုက် သည် ။

ထို နေ တွင် ရှိသော ဒုတိယ မှော် စာလုံး ကို အ ရယူရန် သူ လာ ခဲ့သော်လည်း အခုချိန် တွင် ထို နေရာသို့ မည်သို့ ဝင် ရမလဲ ဆို သည် က ပြသာနာ ဖြစ်နေ ချေ ပြီ ..

သူ့ အ နေ ဖြင့် လဲ ဒုတိယမြောက် သူတော်စင် မှော် စာလုံး ၏ သတင်း အချက်အလက်များကို ထုတ်ဖော် ၍ မ ရ ပေ ။ ထိုသို့ လုပ်ဆောင် ခဲ့ပါ က က န့် ရွှမ်း က လန် ၏ အတွင်းရေး နှင့် ပတ်သတ်ပြီး သူမသိ ရှိသော ကြောင့် သူ့အတွက် ဒုက္ခ များ နိုင် ပေသည် ။

ထို့အပြင် သူတော်စင် မှော် စာလုံး များသည် ကန် ရွှမ်း သူတော်စင် တံဆိပ် တော် နှင့် လည်း ဆက်စပ်မှု ရှိနေ ပေ သေး သည် ။ ထိုအရာ က ဘယ်သူ့ကို မ ဆို ကန် ရွှမ်း ကောင်းကင် ဒေသ ၏ သခင် ဖြစ် သွား စေနိုင် မည့် အခွင့်အရေး ပင် ဖြစ်သည် ။ ထိုအရာ ၏ သွေးဆောင် မှု

သည် အလွန်ကြီးမားသော ကြောင့် ဇူ ယွမ် အ နေ ဖြင့် ထိုအရာကို ကာကွယ်ရန် အတွက် အားနည်းနေ ပေ သေးသည် ။

ဇူ ယွမ် က ခဏ မျှ တွေး ဆ နေ ခဲ့ပြီးနောက် သူ က ရုတ်တရက် ဖန်း ကျိန်း ထံသို့ လှမ်း ကြည့် ကာ မေးလိုက်သည် “ ဆရာ ဦး လေ ဖန်း ၊ ဘယ်အချိန်မှာ ကျွန်တော်တို့ သူတော်စင် တောင် ထွတ် ရဲ့ အဓိက တောင် ထွတ် က ချိတ်ပိတ်ထား တာ ပြေ မှာလဲ ။ ”

ဖန်း ကျိန်း က နူးညံ့ ပျော့ ပြောင်း ကာ သည်းခံ တတ်သော သူတစ်ယောက် ဖြစ် ကာ သူ က ပြုံးလိုက်ပြီး ပြန် ဖြေ လိုက် သည် “ အမှန်တိုင်း ပြောရမယ်ဆိုရင် တောင် ထွတ် ရဲ့ ချိတ်ပိတ်ထား တာ ကို ဖျက်ပစ်ဖို့ က မခက်ခဲပါဘူး ။ သူတော်စင် တောင် ထွတ် ရဲ့ တောင် ထွတ် ဆရာ သခင် တံဆိပ် တော် က ချိတ်ပိတ်ထား တာ ကို ပယ်ဖျက် နိုင်တယ် ။ ”

ဒါပေမယ့် အခုလက်ရှိ ပြသာနာ က ငါတို့ မှာ တောင် ထွတ် ဆရာ သခင် မ ရှိတာပဲ ။ ပြီးတော့ … တောင် ထွတ် ကို ချိတ်ပိတ် ပြီး ထွက်သွား တာ က မျိုး နွယ်စု ခေါင်းဆောင် ကိုယ်တိုင် ချိတ်ပိတ် ခဲ့တာ သူကိုယ်တိုင် ချိတ်ပိတ် တာ ကို လာ ဖြေ ရင် ဖြေ မဟုတ် ရင် သူ့ထက် သန် မာ တဲ့ သူတစ်ယောက် ဆို ရင်တောင် ချိတ်ပိတ် အစီအရင် ရဲ့ တိုက်ခိုက်တာ ကို ခံရ လိမ့် မယ် ။
“ က လန် ခေါင်းဆောင် ချင်း ယန် တောင်မှ လွယ်လွယ်နဲ့ အ ထဲကို မဝင် ရဲ ဘူး ။ ”

ထို စကားကို ကြားသည် နှင့် ဇူ ယွမ် မှာ ခေါင်းကိုက် သွားတော့ သည် ။

“ ပြီးတော့ ကျွန်တော်တို့ရဲ့ သူတော်စင် တောင် ထွတ် က နောက်ထပ် တောင် ထွတ် ဆရာ သခင် တစ်ယောက် ထပ် မ ထား ဘူး လား ။ ” ဇူ ယွမ် က နောက်ထပ် မေးခွန်း တစ်ခု ထပ် မေးလိုက်သည် ။ သူတို့ အ နေ ဖြင့် တောင် ထွတ် ဆရာ သခင် တံဆိပ် တော် မ ကိုင် နိုင် လျှင် ပင် အနည်းဆုံးတော့ တောင် ထွတ် ဆရာ သခင် တစ်ယောက်တော့ ရွေးချယ် ထား သင့် သည် မဟုတ်ပါလား ။

ယခုအချိန်တွင် မူလ သူတော်စင် တောင် ထွတ် မှာ ခေါင်းဆောင် တစ် ယောက် ပင် ရှိ မ နေ ပေ ။

ဖန်း ကျိန်း က ကူ ကယ်ရာမဲ့ စွာ ရယ်မော လိုက်သည် ။ “ က န့် ရွှမ်း က လန် ရဲ့ စည်း မျဉ်း တွေအရ တောင် ထွတ် ဆရာ သခင် ရဲ့ တံဆိပ် တော် ဆိုတာ တောင် ထွတ် ဆရာ သခင် တွေရဲ့ အမှတ်အသား သင်္ကေ တ ပဲ ။ အဲ့ တာ သာ မရှိရင် တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူး ။ ဒါ့အပြင် တောင် ထွတ် ခုနှစ် ခု ရဲ့ တံဆိပ် တော် တွေက မျိုး နွယ်စု ခေါင်းဆောင် ကိုယ်တိုင် ပြုလုပ်ပေး ထား တဲ့ အရာတွေ ပဲ ။ ပြီးတော့ အ က န့် အ သတ် မဲ့ တဲ့ စွမ်းအား တွေကို ပိုင်ဆိုင်တဲ့ အလွန် စွမ်းအား ရှိတဲ့ ရတနာ တွေလဲ ဖြစ်တယ် ။ အဲ့ တာတွေကို က န့် ရွှမ်း က လန် ရဲ့ အ မြင့် မြတ် ဆုံး ရတနာ တွေလို့ ခေါ် လို့ရတယ် ။ ”

“ ဒါ ကြောင့် ငါတို့ က တောင် ထွတ် ဆရာ သခင် တစ်ယောက် ခန့် အပ် ချင်ရင် မူလ သူတော်စင် တောင် ထွတ် ရဲ့ ဆရာ သခင် တံဆိပ် တော် ရှိဖို့ လိုအပ်တယ် ။

ယခု ချိန်တွင် ဇူ ယွမ် မှာ စကား မ ပြောနိုင် ဖြစ်သွား ရုံ မျှ မ က အခြားသော တ ပ ည့် များကလည်း ခါး သက်သက်သာ ပြုံး လိုက် ကြ တော့သည် ။

တောင် ထွတ် ဆရာ သခင် တစ်ယောက် ရွေးချယ်ရန် တောင် ထွတ် ဆရာ သခင် တံဆိပ် တော် လိုအပ်သည် ။ သို့သော်လည်း တံဆိပ် တော်ကို အဓိက တောင် ထွတ် တွင် ချိတ်ပိတ်ထား သော ကြောင့် မည် သူ တွင်မှ အ ခွင့် အ လမ်း မရှိပေ ။ ထိုအရာ က ဖြေ ရှင်းရန် မဖြစ်နိုင် သည့် ကွင်းဆက် ပြ သာ နာ ကြီး မဟုတ်ပါ လော ။

“ကလန်ခေါင်းဆောင်တို့ကရော အဲ့အတွက် ဖြေရှင်းဖို့နည်းလမ်း မတွေ့ခဲ့ကြဘူးလား။” ဇူယွမ် မူလသူတော်စင်တောင်ထွတ်အကြောင်း စိတ်ဝင်စားစွာ မေးလိုက်သည်။

ဇူယွမ်က သူတော်စင်တောင်ထွတ်အတွက် စိတ်ပူနေသည်ဟန်ကို မြင်ရသောအခါ ဖန်းကျိန်းက သဘောကျသွားပြီး ပြုံးကာ ပြောလိုက်သည် “သူတို့ နည်းလမ်းတစ်ခု စဉ်းစားမိခဲ့တယ်။ အဓိက
တောင်ထွတ်မှာ ချိတ်ပိတ်ထားတဲ့ တံဆိပ်တော်က စွမ်းအားပိုကြီးတဲ့သူတစ်ယောက်ကို ပိုကြီးတဲ့ စွမ်းအားနဲ့ တုန့်ပြန်တယ်။ ဒါကြောင့် ကလန်ခေါင်ဆောင်နဲ့ အခြားခေါင်းဆောင်တွေ ပူးပေါင်းရင်တောင် မအောင်မြင်နိုင်ဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပြီးတဲ့အခါမှာ ကလန်ခေါင်းဆောင်တို့ကတပည့်တွေမှာ အခွင့်အရေးတစ်ခုရှိတာကို တွေ့ခဲ့တယ်။”

“ဒါကြောင့် ကလန်ခေါင်းဆောင်တို့ကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေကို သည်အရေးကြီးတဲ့ တာဝန်ကို ယူခိုင်းလိုက်ကြတယ်။ ထိုအချက်ရောက်မှာ ဖန်းကျိန်းက ခါး
သက်သက် ပြုံးကာ ခေါင်းခါယမ်းလိုက်
သည် “ဒါပေမယ့် ဒီလောက်နှစ်တွေ
အများကြီးကြာတာတောင် တစ်ယောက်
မှ မအောင်မြင်သေးဘူး။”

“ဘာလို့လဲ။” တပည့်တစ်ယောက်က မနေနိုင်ပဲ မေးလိုက်သည်။ ဖန်းကျိန်း၏ မျက်နှာမှာအောင့်သက်သက် ဖြစ်သွားပြီး ရှက်ရွံနေဟန်ဖြင့် ပြောလိုက်သည် “ငါတို့ရဲ့သူတော်စင်တောင်ထွတ်နဲ့ အခြားတောင်ထွတ်ကြားမှာ ကွာခြားချက်
အချို့ရှိတယ်။ အခြားတောင်ထွတ်ခြောက်ခုရဲ့ တပည့် ခေါင်းဆောင်တွေကတော့ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်စာရင်းမှာ ပါဝင်ခဲ့ကြပြီး ငါတို့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေကတော့ မြင့်မားတဲ့ အဆင့်တွေကို မရတာ နှစ်အတော်ကြာပြီ။”

ချက်ချင်းပင် တပည့်များ၏ အမှုအယာ
မှာ ပျက်ယွင်းသွားတော့သည်။ အချိန်ကြာမြင့်စွာ သူများ၏ အနောက်သို့ရောက်ရှိခဲ့ပြီးနောက်တွင် သူတို့၏ မူလသူတော်စင်တောင်ထွတ်မှ အထွတ်အထိပ်တပည့်များသည် တောင်ထွတ်ဆရာသခင်၏ တံဆိပ်တော်ကို အဓိကတောင်ထွတ်မှ သွားယူရမည့်တာဝန်ကို ထမ်းဆောင်ရန် လုံလောက်
သော သန်မာမှု မရှိကြပေ။ တပည့်များအားလုံး၏ စိတ်ထဲတွင် ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။ မူလသူတော်စင်တောင်ထွတ်က တော်တော်လေး သနား
စရာကောင်းလွန်းပေသည်။ သည်နေရာက သူတို့အတွက် အိမ်ကောင်းတစ်လုံး မဖြစ်နိုင်တော့ပေ။ထိုသို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသောအခြေအနေကို မြင်တွေ့လိုက်ရသည်နှင့်ဖန်းကျိန်းက အလျှင်အမြန်ပြောလိုက်သည် “ဒါပေမယ့် မင်းတိုတွေ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီပြသာနာက မကြာခင် ဖြေရှင်းပြီးတော့မယ်။”

တပည့်များက နားမလည်သည့်ဟန်ဖြင့်
လှမ်းကြည့်လိုက်ကြသည်။

ဖန်းကျိန်းက ရှင်းပြလိုက်သည် “မူလသူတော်စင်တောင်ထွတ်ကအထွတ်အထိပ်တပည့်တွေ နှစ်ပေါင်းများစွာ မအောင်မြင်ပဲ ဖြစ်နေတာကို ကလန်
ခေါင်းဆောင် ချင်းယန်တို့က သတိပြုမိသွားခဲ့တယ်။ ဒါကြောင့် နောက်ထပ်ဆွေးနွေးမှု တစ်ခုမှ တောင်ထွတ်ဆရာသခင် လင်ကျွမ်းက သူရဲ့ ဓားကပ်ဘေးတောင်ထွတ်က အကြီးအကဲ လုဟုန်းနဲ့
သူ့ရဲ့တပည့်တွေကို ငါတို့ရဲ့ မူလသူတော်စင်တောင်ထွတ်ကို ဝင်ရောက်ဖို့ အကြံပြုခဲ့တယ်။ အကြီးအကဲ လုဟုန်းရဲ့လက်အောက်မှာ ပါရမီရှိတဲ့ တပည့်တွေ အများအပြားရှိတယ်။ သူ့ရဲ့ ပထမတပည့် ယွမ်ဟုန်းကသူတို့အဖွဲ့ထဲမှာတောင်မှာ
လွှမ်းမိုးနိုင်မှု အရှိဆုံးပဲ။ လူတော်တွေနဲ့ပြည့်နှက်နေတဲ့ ဓားကပ်ဘေးတောင်ထွတ်မှာတောင် သူ့ရဲ့အဆင့်ကတတိယလောက်ရှိတယ်။

“ယွမ်ဟုန်းက အရွေးချယ်ခံ ဆယ်ယောက်မှာ မပါဝင်ခဲ့ပေမယ့်လည်း သူ့ကနောက်ထပ်တစ်ကြိမ်ကျရင် ပါဝင်လာနိုင်တဲ့ လူတစ်ယောက်ပဲ။”

“ဒီလိုနဲ့ တစ်နှစ်အတွင်းမှာ ယွမ်ဟုန်းကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့ရင် သူ့အနေနဲ့ အဓိကတောင်ထွတ်ကို ဝင်ရောက်ပြီးတောင်ထွတ်ဆရာသခင် တံဆိပ်တော်ကိုသွားယူဖို့ အခွင့်အရေးရလာလိမ့်မယ်။”“သူသာ အောင်မြင်သွားရင်တော့ ငါတို့မှာ တောင်ထွတ်ဆရာသခင် ပြန်ရှိလာနိုင်တော့မယ်။”တပည့်များက တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး သူတို့နှလုံးသားတွင် ရှုံးနိုမ့်ခြင်းကြောင့် တလိပ်လိပ်ဖြစ်ပေါ်လာသော ခံစားချက်များသည် သူတို့၏နှုတ်ခမ်းထောင့်စွန်းများတွင် ပေါ်လာခဲ့သည်။ မူလသူတော်စင်တောင်ထွန်မှာ တပည့်များသည် သူတို့ပြသာနာကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း မရှိသည့်အတွက်ကြောင့် အခြားသောတောင်ထွတ်မှ တပည့်များက သူတို့တောင်ထွတ်မှ အထွတ်အထိပ်တပည့်များ၏ နေရာကို ယူရသည်တဲ့လား…

ထိုအရာက အနည်းငယ် ရှက်ဖို့ကောင်း
ပေသည်။

သို့သော်လည်း သူတို့အားလုံးက ထိုအရာမှာ မူလသူတော်စင်တောင်ထွတ်၏တပည့်များ ကောင်းမွန်ခြင်း မရှိသည့်အတွက်ကြောင့် ဖြစ်မှန်းသိကြပေသည်။ သည်ကဲ့သို့ အရေးကြီးတာဝန်ကိုသူတို့၏ ပခုံးပေါ်တွင် ထမ်းထားရပါကအမြဲတမ်း ကျရှုံးနေမည်သာ ဖြစ်သည်။

ထိုအချိန်တွင် တပည့်များတွေးမိသည်ကအကြီးအကဲ လုဟုန်းသည် တော်တော်စွမ်းရှည်ရှိပြီးထိုအကြီးအကဲနှင့် ပူးပေါင်းပါက သူတို့၏ ဘဝများ ပိုမိုကောင်းမွန်သွားမည်ဟူသော အချက်ကိုပင် ဖြစ်သည်။ တပည့်များ၏ စိတ်ထဲတွင် အတွေးများပွားနေချိန်၌ ဇူယွမ်နှင့် ယောင်ယောင်တို့က တစယောက်နှင့်တစ်ယောက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ လုဟုန်းဆိုတာ လုရွှမ်းယင်ရဲ့ အကြီးအကဲမလား…

ဇူယွမ်၏ မျက်လုံးအစုံမှာ အတွေးများကြောင့် လင်းလက်နေသည်။ လုဟုန်းလက်အောက်မှ တပည့်များသာ တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို ရယူနိုင်ခဲ့ပါက လုံဟုန်းက ထိုအချက်ကို အသုံးချ၍ သူ့ကိုယ်သူ တောင်ထွတ်ဆရာသခင် ဖြစ်လာစေရန် ပြုလုပ်မည်လော….

သူသည် လူဟုန်းနှင့် မတွေ့ဆုံဖူးသေးသော်လည်း လုဟုန်း တောင်ထွတ်ဆရာသခင် ဖြစ်လာသည်ကသူ့အတွက်ကောင်းမွန်သော ကိစ္စ မဟုတ်မှန်း ခံစားမိပေသည်။ပိုပြီး အရေးကြီးသည်က ဇူယွမ်အနေဖြင့် နောက်တက်လာမည့် တောင်ထွတ်ဆရာသခင်က ဒုတိယမြောက် သူတော်စင်မှော်စာလုံးကိုရှာတွေ့သွားမလား ဆိုသည်ကိုပင်။

ကန်ရွှမ်းကလန်တွင် ဖုံးကွယ်နေသောအန္တရာယ်များကို အတည်မပြုသေးခင် ဒုတိယမြောက်သူတော်စင် မှော်စာလုံးကို အခြားသူများ ရှာမတွေ့သွားသည်က
အကောင်းဆုံးဖြစ်မည်ဟု ဇူယွမ်ခံစားမိပေသည်။မဟုတ်လျှင် အဆိုးဆုံး ကိစ္စမှာ သူ့အနေဖြင့် ဒုတိယသူတော်စင်မှော်စာလုံးကို မရရှိနိုင်တော့ပဲ အခြားတစ်ယောက်က သူတွင်လည်း သူတော်စင်မှော်စာလုံးတစ်ခု ရှိနေသည်ကိုပင် သိရှိသွားနိုင်လိမ့်မည်။ ထိုသို့ဖြစ်သွားပါက သူ့အတွက် ကောင်းသည်များဖြစ်မလား ဆိုးရွားမှုများ ဖြစ်ပျက်မလားကို မည်သူမှ မသိနိုင်ပေ။

“ဘယ်လောက်တောင် ပြသာနာများ
လိုက်လဲ။”

ဇူယွမ်က ကူကယ်ရာမဲ့စွာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သို့သော်လည်း ယခုချိန်တွင် သူ့အနေဖြင့်မည်သည်မှ မလုပ်နိုင်သေးသဖြင့် တစ်လှမ်းချင်းဆီသာ သွားရမည် ဖြစ်သည်။ တကယ်တော့ တပည့်ခေါင်းဆောင်ရွေးချယ်ရန် တစ်နှစ်မျှလိုပေသေးသည်။ ဖန်းကျိန်းက လက်ခုပ်တီးကာ ပြောလိုက်
သည် “ကောင်းပြီ။ အားလုံး အဓိကတောင်ထွတ်ကို ဂါဝရပြုပြီးပြီ ဆိုတော့ ငါတို့ဆက်သွားရအောင်။ ငါမင်းတို့ကို အကြီးအကဲသုံးယောက်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်။ အဲ့နေရာမှာ မင်းတို့နောက်လိုက်လုပ်ချင်တဲ့ အကြီးအကဲကို ရွေးချယ်ပြီးရင်တော့ မင်းတို့အားလုံး မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်
တွေဖြစ်ပြီ။”

စကားပြောပြီးသည်နှင့် သူ၏လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး မူလချီတိမ်တိုက်မှာ အပေါ်သို့ တက်လာကာ လူတိုင်းကို ခေါ်ဆောင်ပြီး လေထဲသို့ထပ်ပြီး ပျံတက်သွားခဲ့သည်။

မူလချီတိမ်တိုက်က ကောင်းကင်ထဲသို့မြင့်တက်သွားသည်နှင့် ခါးကုန်းအကြီးအကဲက ခဏမျှ တုန့်ဆိုင်းသွားပြီးမှ သူ၏ အိုမင်းနေသော မျက်နှာကအပေါ်သို့ မော့လာကာ ပျောက်ကွယ်သွားသော တပည့်များကို ကြည့်လိုက်ပြီး သူ၏ နက်မှောင်နေသော မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန်များ တစ်စွန်းတစပေါ်လာခဲ့ပြီး “ငါဘာလို့ အရမ်းရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ခံစားမိတာပါလိမ့်…အာခေါင်အတွင်းမှာ လာသော အသံဖြင့်ရေရွတ်လိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset