Switch Mode

အခန်း (၁၂၈)

ဓားစွမ်းအင်နှင့် ဓားဆန္ဒ

စုရှောင်ရှန် အရှေ့ဘက် အရပ်ကိုသွားသည်။

ယွမ်တုနားထောင်နေသောကြောင့်သာ အနောက်အရပ်ကိုသွားမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုလူက သူ့ကို သတ်ဖို့ကြိုးစားပေဦးမည်။ သူပေးလိုက်တဲ့ သတင်းအမှားနဲ့ဆိုရင်တော့ ထျန်းရွှမ်တံခါးက အင်မတန် ကြီးမား‌လေရာ (၃) ရက်အတွင်း သူ့ကို လိုက်ရှာ၍ သတ်နိုင်တော့မည်မဟုတ်။

စုရှောင်ရှန် လေလေးချွန်ရင်း သာယာမှုကို ခုခံဖို့ လက်ချောင်းများကို လက်ဖဝါးထဲပြန်စိုက်ရင်း၊ ထုတ်ရင်းနှင့် အသားကျနေတော့သည်။

“အူးးးး”

စုရှောင်ရှန် လက်ကို အားဖြင့်ဆွဲထုတ်လိုက်လေသည်။ သာယာမှုကိုခုခံရမည့်အစား သာယာမှုပိုတိုးသွား၏။ သို့ဖြင့် နေမထိထိုင်မသာ ခံစားချက်ကြီးကို တောင့်ခံပြီး သူ့ကိုယ်သူ ဒဏ်ရာရအောင်မလုပ်ရဲတော့ကာ ရှေ့ဆက်လိုက်သည်။

အသက်ရှူခြင်းနည်းစနစ်က ပင်ကိုယ်စွမ်းရည်တစ်ခုဖြစ်ပြီး မကြာခင်လည်း စိတ်ဝိညာဉ်စွမ်းအင် ပိုသိပ်သည်းသည့် နေရာကိုရောက်လျှင် အသက်သွင်းရန် ပြင်ထားတော့သည်။

ယခုမှ ထျန်းရွှမ်တံခါးသာရှိသေးသည်။ သူက အနာဂါတ်၌ စိတ်ဝိညာဉ်နန်းတော်မှ ထွက်ခွာပြီး ထျန်းရွှမ်တံခါးထက်ပိုသာသော လျှို့ဝှက်နယ်ပယ် များကို ၀င်ရောက်ဦးမည်ဖြစ်လေသည်။ ထိုအချိန်များ၌ သာယာမှုကိုတောင့်မခံနိုင်လျှင် အသက်အောင့်ထားရမည်လော။

မဖြစ်နိုင်တာ။

ခုခံနေတာက အလကားပင်။ ကံကြမ္မာကြီးကို တစ်ခါတစ်ရံမှာ ပြန်လည်တိုက်ခိုက်လို့ မရပေ။ ထိုအစား ၎င်းမှာသာ ပျော်မွေ့လိုက်သင့်ပေသည်။

“အိုး…. ကောင်းလိုက်တာ…”

တစ်ယောက်တည်း ဖြစ်နေသော စုရှောင်ရှန် လုပ်ငန်းစလိုက်သည်။ အချိန်တစ်ခုကြာသော် ပုံမှန် လမ်းပြန်လျှောက်နိုင်စွမ်းရှိသွား၏။

ထျန်းရွှမ်တံခါးထဲ၀င်သောအခြားသူများက နေရာ၌ ချက်ခြင်းထိုင်ကျင့်ကြံခြင်း သို့မဟုတ် လျှို့ဝှက်လေ့ကျင့်ရေးနယ်မြေများကို ကျင့်ကြံဖို့ သွားကြလိမ့်မည်ဖြစ်သည်။

စုရှောင်ရှန်ကတော့ ကွဲပြားသည်။

ကျင့်ကြံခြင်းအတွက် သူ့ပင်ကိုယ်စွမ်းရည်များအပေါ်သာ မှီခိုလေသည်။ ထျန်းရွှမ်တံအခါတွင်း မြေပြင်ပေါ်လှဲလျောင်း၍ အေးဆေးကျင့်ကြံသည်ဆိုလျှင်တောင် ရလဒ်က တစ်စက္ကန့်မှ မဖြုန်းတီးဘဲ အစဉ်တစိုက် ကျင့်ကြံသောသူများနှင့် ညီလိမ့်ပေမည်။

စုရှောင်ရှန်က ထိုသို့တော့ အပျင်းမကြီးရပါ။ အနက်ရောင်ချောက်ကမ်းပါးကိုသွားနေရင်းမှ ပြီးပြည့်စုံစွာပါရှိသည့် ဓားလက်ချောင်း(၁၀) ခန်းကို ထုတ်ယူလိုက်သည်။

ထိုနည်းစနစ်က နယ်မြေကြီး(၅) ခု၏ အသိအမှတ်ပြု ပါရမီရှင် ရှစ်ယောက်မြောက်ဓားနတ်ဘုရား ပန်ကျွင်းအန် ဖန်တီးထားခြင်းဖြစ်သည်။ ယခုတော့ ၎င်း၏ မူလဇစ်မြစ်ကိုသိလိုက်ရာ သူ့လက်ထက်မှ ဓားလက်ချောင်း(၁၀) ခန်းက ပို၍ တန်ဖိုးရှိလာတော့သည်။

အကြီးအကဲစန်း ထိုဓားနည်းစနစ်ကို မည်သို့ရလာမှန်းမသိသော်လည်း ထိုအတွက် အချီကြီးပေးလိုက်ရမှာတော့ သိသည်။

“စောစောတုန်းက ဒါကိုကြည့်ဖို့ အချိန်မရခဲ့ဘူး။ ခုတော့ ကြည့်ကြည့်ရအောင်”

ကျောက်စိမ်းစာလိပ်ကိုသူ့နဖူးနားကပ်လိုက်ပြီး စိတ်ဖြင့် ၎င်း၏ အချက်အလက်များကို ဖတ်လိုက်သည်။ မြောက်များစွာသော အသိအမြင်များ သူ့ခေါင်းထဲကို ၀င်လာတော့၏။

နာမည်အတိုင်း ၎င်းက ကျင့်ကြံသူ၏ လက်‌(၁၀) ချောင်းအပေါ်ကို အာရုံစိုက် လေ့ကျင့်ရမည့် ထူးခြားသည့် စိတ်ဝိညာဉ်နည်းစနစ်တစ်ခုလို့ပြောသော်‌လည်း စိတ်ဝိညာဉ်အနှစ်သုံးစရာတောင် တစ်စက်မှမလိုပါပေ။ နည်းစနစ်၏ တိုက်ကွက်များမှာ ဓားဆန္ဒတစ်ခုတည်းအပေါ်ကိုသာ လုံးလုံးလျားလျား တည်မှီးထားလေသည်။

“ဘာလဲဟ။ ဓားဆန္ဒနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပေါင်းဖို့က ငါထင်ထားသလိုမဟုတ်ဘူးဟ”

စုရှောင်ရှန် အံ့အားသင့်သွားသည်။ ၎င်းက ဓားဆန္ဒတစ်ခုတည်းသက်သက်ဖြင့် ခန္ဓာကိုယ်ကိုပေါင်းစပ်ခြင်းလောက် မရိုးရှင်းပါ။

“ဟာ ဒါက မဖြစ်နိုင်တဲ့ နယ်ပယ် အပြင်ဘက်ကိုတောင် ရောက်နေပြီ…”

စုရှောင်ရှန် နေရာတွင်ပင် အလင်းပေါက်သွားတော့သည်။

ဓားဆန္ဒသက်သက်ဖြင့်တိုက်ခိုက်ခြင်းတွင် သူ့ထက်သာတာဆိုလို့ ထိုမျက်နှာဖုံးတပ်လူကိုသာမြင်ဖူးလေသည်။

ယခုတော့ ကျောက်စိမ်းစာလိပ်ကလည်း ဓားဆန္ဒသက်သက်တည်းဖြင့် တိုက်ခိုက်ခြင်းကိုဆိုလာပြန်သောအခါ စုရှောင်ရှန် မျက်နှာဖုံးတပ်ဖြင့်လူ သူ့ကို လမ်းမှားကို လိုက်နေခြင်းဟု သူပြောခဲ့ပြောတာကိုသတိရသွား၏။

ရှစ်ယောက်မြောက် ဓားနတ်ဘုရားရော ဤလမ်းစဉ်ကို လိုက်ခဲ့သည်လော။ ဆက်လက်တွေးတောမနေတော့ဘဲ ကျောက်စိမ်းစာလိပ်ထဲမှ အကြောင်းအရာကိုပဲ အသည်းအသန် လေ့လာလိုက်တော့သည်။

ဓားလက်ချောင်း(၁၀) ခန်းကို လေ့ကျင့်ဖို့ အင်မတန်သန်မာသည့် လက်ချောင်းများရှိဖို့လိုသည်။ ထိုအတွက် သူ့စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်က ဖြည့်ပေးလောက်သည်။ မလုံလောက်လည်း ချွန်ထက်ခြင်းရှိပေသည်။

ပြဿနာတစ်ခုမဟုတ်ပါပေ။

ဤနည်းစနစ်ကိုလေ့လာဖို့ ဆယ်ယောက်မှာ ကိုးယောက်လောက်ကို တားဆီးသော အခက်အခဲကို စုရှောင်ရှန် အေးဆေးကျော်ဖြတ်သွားနိုင်ပြီး ဒုတိယ အဆင့်ကို သွားလိုက်၏။

ဓားဆန္ဒကို သဏ္ဌန်ဖြစ်ပေါ်စေခြင်း။

“နေပါဦး ဒါက လွယ်လွန်းမနေဘူးလား။ ဓားဆန္ဒကို သဏ္ဌာန်ဖော်ဖို့က ဓားစွမ်းအင်နဲ့ဆို…”

စာကိုဖတ်ရင်း ဖတ်ရင်း စုရှောင်ရှန် ပို၍ အံ့သြတုန်လှုပ်နေရတော့သည်။ ကျောက်စိမ်းစာလိပ်အရတော့ ဓားဆန္ဒနှင့် ဓားစွမ်းအင်တို့က အကြား ကွဲပြားချက် အကြီးကြီးရှိသည်။

ကျောက်စိမ်းစာလိပ်ကို အပြည့်အ၀ဖတ်ကြည့်ပြီးမှ တစ်လျှောက်လုံးသူမှားနေခဲ့သည်ကို စုရှောင်ရှန်သိလိုက်ရတော့လေသည်။

သူ၏ အရာအားလုံးကဓား၊ ဓားထုတ်ဓားကွက်၊ နှင့် အခြား နည်းစနစ်ခွဲများအားလုံးက ဓားဆန္ဒပါတယ်လို့ပြောပေမယ့် အဓိက က စိတ်ဝိညာဉ်စွမ်းအင်ပမာဏအများကြီး ထည့်သွင်းအသုံးပြုခြင်းဖြစ်သည်။ ထိုသို့ စိတ်ဝိညာဉ်စွမ်းအင်သုံးပြီး ဓားဆန္ဒကို သဏ္ဌာန်ဖော်တာက ဓားဆန္ဒစစ်စစ်မဟုတ်‌ပါလေ။

ဓားဆန္ဒသက်သက်တည်းဖြင့် သူမလုပ်ခဲ့ရပါ။

ဆိုရသော် ဓားဆန္ဒသက်သက်တည်းအစား ဓားစွမ်းအင်သက်သက်တည်း လမ်းစဉ်ကို သူလိုက်နေခဲ့ခြင်းဖြစ်သည်ဟုပြောနိုင်သည်။

“မထင်မှတ်ထားစရာဘဲ။ ငါ့ဓားဆန္ဒကို တစ်ခုတည်းသက်သက် သဏ္ဌာန်မဖော်နိုင်ရင် ဘယ်လို တိုက်ခိုက်နိုင်တော့မှာလဲ”

စုရှောင်ရှန် အတွေးနက်သွားတော့သည်။ တွေးရင်းတွေးရင်းနှင့် ‌လေလွင့်တိမ်တိုက်အဆင့်(၂) အဆင့်မြင့်ဓားကွက်ကို သတိရသွား၏။

အဆိုပါ နည်းစနစ်ကို ကျိုးထျန်းရှန်နှင့် တိုက်ပွဲအတွင်း ဓားထိပ်သီးကို အဆင့်မြှင့်ခြင်းမှ ရရှိခြင်းဖြစ်လေသည်။ ထိုနည်းစနစ်က ကျိုးထျန်းရှန်၏ နတ်ဘုရားတောင်ပင့်ခြင်းနည်းစနစ်ကို အသာလေး ပြန်လမ်းလွှဲနိုင်လိုက်ပြီး တိုက်ပွဲကို အလွယ်တကူ အနိုင်ရသွားခဲ့သည်။

သို့သော် ကန့်သတ်ချက်များစွာဖြင့် တိကျသော တိုက်ကွက်လည်း မရှိရာ လက်တွေ့တိုက်ပွဲများတွင် ထိုနည်းစနစ်က သိပ်အသုံးမတည့်ကြောင်း သက်သေပြခဲ့သည်။ ဓားထုတ်ဓားကွက်ကို အသုံးပြုတာများလာသည်နှင့်အမျှ ထိုဓားကွက် သူ့တွင်ရှိသေးတာတောင် မေ့နေခဲ့သည်။

ကျောက်စိမ်းစာလိပ်ထဲက အကြောင်းအရာအားလုံးကို ဖတ်ရှူပြီးနောက် သူ့တွင်ရှိသော နည်းစနစ်များအနက် ထိုအဆင့်မြင့်ဓားကွက်တစ်ခုတည်းကသာ ဓားဆန္ဒတစ်တည်းအပေါ် လုံးလုံးလျားလျား မှီတည်းတယ်ဆို သိလိုက်ရ၏။

ဓားထိပ်သီးကို အဆင့်မြှင့်ခြင်းဖြင့် အ‌လင်းပေါက်ခဲ့သော နည်းစနစ်များအားလုံးက တိကျသော တိုက်ကွက်များအဖြစ်သို့ ပြောင်းလဲလိုက်သောအခါ အားနည်းသွားသည်။

ဤလမ်းစဉ်အတိုင်းဆက်၍ လိုက်လို့ရသော်လည်း ရေရှည်မှာ သူ့အတွက် တက်လမ်းပိတ်သွားပေမည်။

“ သဏ္ဌာန်လည်းဖြစ်ပေါ်ဖို့မလိုဘူး၊ ဘာဓားကွက် ဘာနည်းစနစ်မှကို လိုမနေတာမျိုးမှ စစ်မှန်တဲ့ ဓားဆန္ဒတစ်ခုတည်းသက်သက်နဲ့ တိုက်ခိုက်တာ။ ဓားတစ်သောင်းက ဓားတစ်ချောင်းဖြစ်လိမ့်မယ်။ နည်းစနစ်‌တစ်သောင်းကတော့ ဓားတစ်ချောင်းမရှိလို့မရဘူး”

ကျောက်စိမ်းစာလိပ်ထဲ၌ ထွင်းထားသော ထိုစကားလုံးများက သူ့ကို အတွေးပေါက်သွားစေသည်။

“ဓားတစ်သောင်းက ဓားတစ်ချောင်း” ဆိုတဲ့ နောက်က အရှိန်အဟုန်က သူ့အတွေးများကို ဂယက်ထသွားစေတော့သည်။ ထို့နောက်ဆက်လက်၍ “နည်းစနစ်တစ်သောင်းက ဓားတစ်ချောင်းမရှိရင်မရဘူး” ဆိုတဲ့ စကားက စကြာ၀ဠာ အသစ်ကြီးအတွက် တံခါးပေါက်ကို ဖွင့်ပေးလိုက်တော့သည်။

မည်မျှ လိုက်ဖက်လိုက်သည်နည်း။

၎င်းက သူအမြဲ လိုချင်ခဲ့သော အရာဖြစ်သည်။

ကိုယ့်ဟာကိုယ် ဘာမှန်းမသိ လျှောက်လုပ်နေရင် လမ်းမှားသွားနိုင်တာကို သူသိခဲ့သင့်သည်။ နေပါဦး ဘာလို့ ဒီစကားက ရင်းနှီးတယ်လို့ ခံစားနေရတာလဲ။

သူ့ဓားပုံစံနှင့်ပတ်သက်၍ မျက်နှာဖုံးတပ််လူကလည်း ထို‌သို့ပြောဖူးတာကို စုရှောင်ရှန် ရုတ်တရက် မှတ်မိသွားတော့သည်။

“စစ်မှန်တဲ့ ဓားဆန္ဒက ဘယ်နယ်ပယ်နဲ့မှ မချုပ်နှောင်ခံရသလို သဏ္ဌာန်တွေဘာတွေလည်းဂရုမစိုက်ဘူး။ ရန်သူကို ဘယ်လောက်တိုက်ခိုက်နိုင်သလဲဆိုတာ အပေါ်ပဲမူတည်တယ်”

၎င်းက ရှောင်ချိစွေကို ဓားနဲ့ထိုးပြီးနောက် သူပြောခဲ့သောစကားဖြစ်သည်။

အကြားအမြင်ကိုရကတည်းက စုရှောင်ရှန်၏ မှတ်ဉာဏ်က တိုးတက်သွားခဲ့လေသည်။ သူ့အတွက် တစ်စုံတစ်ခုကို ပြန်မှတ်မိဖို့ အတွေးတစ်ချက်သာလိုတော့သည်။

မျက်နှာဖုံးတပ်နှင့်လူ၏ လှုပ်ရှားမှုတိုင်း၊ သူ အလေးအနက်ပြုသော အချက်တိုင်းတို့ ကိုမှတ်မိလိုက်သည်။

စစ်မှန်ခြင်းနယ်ပယ်။

စစ်မှန်ခြင်းနယ်ပယ် အရာအားလုံးကဓားနှင့် စစ်မှန်ခြင်းနယ်ပယ် ငါကဓား…။

မျက်နှာဖုံးတပ်နှင့်လူ ၎င်းကို ကြွားဝါချင်သောကြောင့် ထပ်ခါတလဲလဲ ပြောခဲ့သည်ဟုထင်ခဲ့၏။ ယခု အတွေးများချိတ်ဆက်သွားမှသာ နားလည်သဘောပေါက်ပြီး ဩမချဘဲ မနေနိုင်ပါတော့လေ။

“ငါ့ကို အမှားထောက်ပြနေခဲ့တာလား” ထိုသို့အသိ၀င်လာပြီး စုရှောင်ရှန် တုံ့ခနဲရပ်သွားကာ နေရာတွင်ပင် အတွေးနက်သွားတော့သည်။

“မျက်နှာဖုံးတပ် ကျူးကျော်လာတဲ့လူက ဘယ်သူလဲ။ ရှစ်ယောက်မြောက်ဓားနတ်ဘုရားလား။ မဖြစ်နိုင်တာ အကြီးအကဲစန်းပြောသလိုဆို ရှစ်ယောက်မြောက်ဓားနတ်ဘုရားက သေပြီမလား။ နေဦး သေတယ်လို့မပြောခဲ့ပါဘူး။ ပါရမီရှင်လို့ပြောခဲ့တာ။ ရှစ်ယောက်မြောက်ဓားနတ်ဘုရားက ပါရမီရှင်မဟုတ်တော့လို့လား”

ထို့နောက် ရှောင်ချိစွေကို ခေါင်းထဲဆက်စပ်မိသွားပြီး မျက်ဆံများကျုံ့သွားတော့သည်။

ထိုနေ့က ဓားနှင့်အထိုးခံလိုက်ရသော ရှောင်ချိစွေက အလွန်စိတ်လှုပ်ရှားနေဟန်ရလေသည်။

မည်သူက ရင်ဘက်ကိုဓားနှင့်အထိုးခံရပြီး စိတ်လှုပ်ရှားနေမည်နည်း။ ပြောကာမှ ထိုစဉ်က ရှောင်ချိစွေ၏ မျက်နှာထားက ကိုးကွယ်ရာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည့် ယုံကြည်သူတစ်ယောက်အလား ဖြစ်နေတော့သည်။

ရှောင်ချိစွေ… ပုရိသတ်တစ်ယောက်…

“အိုး… ဘုရား ဘုရား” စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွားသည်။

မျက်နှာဖုံးတပ်လူက ရှစ်ယောက်မြောက် ဓားနတ်ဘုရား မဟုတ်ဘူးဆိုရင်တောင် မထူးခြားမနားရှိလောက်သည်။ ရှစ်ယောက်မြောက်ဓားနတ်ဘုရား၏ တိုက်ရိုက်တပြည့်တပန်းသော်လည်းကောင်း ထပ်ဆင့် တပြည့်သော်လည်းကောင်း ဖြစ်နေ၏။

“ဝိုးးးး”

အံ့ဘွယ်သရဲ ပင်ဖြစ်သည်။

စုရှောင်ရှန် အတွေးများကို ပြန်စုစည်းလိုက်ပြီး ကျောက်စိမ်းစာလိပ်ကို ပြန်သိမ်းလိုက်သည်။ သူသာမဖတ်ဖူးပါက ၎င်းက အလွန်အဖိုးတန်သော ရတနာဖြစ်ကြောင်းကို သိမည်တောင်မဟုတ်။

ကံကောင်းထောက်မစွာနှင့် ကျောက်စိမ်းစာလိပ်က သူ့ကို လမ်းမှန်ကိုပြန်တည့်ပေးလိုက်၏။ မဟုတ်ပါက ကိုယ်ပိုင်နည်းစနစ်များကိုဖန်တီးရင်း လမ်းမှားပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတော့မည်။

သို့ပေမယ့် ဓားထုတ်ဓားကွက်က အလျော့ပေးရလောက်အောင် အလွန် အစွမ်းထက်လွန်းနေသည်။ ၎င်းကို စွန့်လွှတ်လိုက်ပါက အနာဂါတ်၌ တိုက်ပွဲများတွင် အသုံးပြုစရာ အစွမ်းထက်ဓားကွက်ရှိတော့မည်မဟုတ်ပေ။

“ဒီလိုဆို ငါ့ကိုယ်ငါ ချောက်ထဲတွန်းသလိုဖြစ်နေမှာပေါ့…”

စုရှောင်ရှန် ကြံရာမရ ခဏသာ ဖြစ်လိုက်ပြီး ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။

ဓားဆန္ဒလမ်းစဉ်ကိုလိုက်မယ်ဆိုပေမယ့် သူ့ကိုယ်ပိုင်နည်းစနစ်များကို တစ်ချိန်တည်းမှာ မထွင်နိုင်ဘူးလို့ ဘယ်သူမှ မပြောပါပေ။ နှစ်ခုအကြား၌လည်း ထိတိုက်မှုကြီးမရှိပါလေ။

“ငါက ပါရမီရှင်ပဲ”

စုရှောင်ရှန် ကောင်းကို တောက်ပ လောင်မြိုက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျောက်စိမ်းစာလိပ်ကိုမဖတ်ခင်က ဓားလက်ချောင်း(၁၀) ခန်းက မရှိလည်းရသည်ဟု တွေးထားခဲ့သည်။ ယခုတော့ ထိုအတွေး ဘယ်လောက် နှံ့အ ကြောင်းကိုသိလိုက်ရ၏။

ရှစ်ယောက်မြောက်ဓားနတ်ဘုရားကတောင် ဓားလက်ချောင်း(၁၀) ခန်းကို သူ့ဂုဏ်အဖြစ် ‌မှတ်ယူထားလေရာ ၎င်း၏ အရေးပါမှုကိုသိနိုင်သည်။ ထို့ပြင် စာလေးဖတ်ကြည့်တာတောင် ထိုသို့ အသိအမြင်မျိုးရတာ သူသာ နည်းစနစ်ကို လေ့ကျင့်လိုက်မယ်ဆိုရင်ဖြင့်…။

သူ့အတွက် အကြမ်းစား တိုက်ခိုက်သည့် ဝှက်ဖဲ တစ်ခုရသွားနိုင်သည်။

နောက်ထပ် ဦးတည်ရာက : အနက်ရောင်ချောက်ကမ်းပါး…။

စုရှောင်ရှန်၏ ရုတ်တရက် အားပြင်းပြင်း မြေပြင်ကို ဆောင့်ပြီး ထခုန်လိုက်ရာ ခြေထောက်အောက်ရှိ မြေပြင်အနည်းငယ် ချိုင့်၀င်သွားပြီး အက်ကြောင်းကြီးဖြစ်လာသည်။

မီတာ ရာအနည်းငယ်ကျော်‌ လွင့်ပျံသွားလေသည်။

ဘုန်း…။

နောက်ထပ် ချိုင့်ကြီးတစ်ခုဖြစ်ပေါ် သွားအောင် စုရှောင်ရှန် ထပ်ခုန်လိုက်သည်။

ထိုမှ လွင့်ပျံခြင်းက စစ်မှတ်ခြင်းနယ်ပယ် ပျံသန်းနှုန်းထက်တောင် မြန်နေလေသည်။

“ဘာလဲဟ။ အရမ်းရင်းနှီးနေသလိုပဲ”

စုရှောင်ရှန် တစ်စုံတစ်ခု မူမမှန်သလိုခံစားလိုက်ရပြီးတော့ ထပ်ခုန်လိုက်သည်။

အကယ်၍ သူ၏ အသားအရေက အနည်းစိမ်းပြီး ထွားထွားကြိုင်းက်ြိုင်းရှိနေမယ်ဆိုရင် သူက…

“ဟောခ့် နဲ့မတူဘူးလား”

Comment

Leave a Reply

Options

not work with dark mode
Reset