Switch Mode

အခန်း (၁၁၁)

ယင်ယင် ယင်ယင်

ဘုန်း…။

အပန်းရောင်ကုတင်ကြီး အပိုင်းပိုင်းဖြစ်သွားတော့သည်။

ယောင်ယင်ယင် သွေးထွက်မတတ် အံကိုတင်းတင်းကြိတ်လိုက်ပြီး တံခါး၀မှ နှစ်ယောက်ကို ဒေါသတကြီးကြည့်လိုက်သည်။

စုရှင်းရှင်းနောက်မှနေ၍ ရှေ့ကိုတွန်းပြီး လူသားဒိုင်းကာအဖြစ် စုရှောင်ရှန်လုပ်လိုက်လေသည်။ စုရှင်းရှင်းစွံ့အသွား၏။

“စိတ်လျော့ပါဦး မမယင် ချစ်သူရည်းစားတွေရန်ဖြစ်တဲ့အချိန်ဆို စိတ်လိုက်မာန်ပါလုပ်မယ့်အစား စကားနဲ့‌ သေချာဆွေးနွေးညှိုနှိုင်းဖြေရှင်းရတယ်တဲ့” မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း စုရှင်းရှင်းကဆိုသည်။

ယောင်ယင်ယင် ပြောစရာစကားများပျောက်ရှသွား၏။ ‘ဘာကို သမီးရည်းစားလဲ။ အဲ့ဒီအသုံးအနှုန်းကိုတောင် ဘယ်ကသိလာတာလဲဟဲ့’

ထို့နောက် သူ‌မနောက်က စုရှောင်ရှန်ကို လက်ညှိုးထိုးပြလိုက်ပြီး “သူဘာလုပ်လိုက်လဲသိလား”

စုရှင်းရှင်း သိချင်သွားပြီး စုရှောင်ရှန်ကို လည်ပြန်ကြည့်ကာမေးလိုက်သည်။ “အကိုရှောင်ရှန် ဘာလုပ်လို့လဲ”

ဘုတ်…။

စုရှင်းရှင်းကို စုရှောင်ရှန် ချက်ခြင်းခေါင်းထုလိုက်လေရာ အု ကတည်း အသံထွက်သွားတော့သည်။

ထို့နောက် စုရှောင်ရှန်ကို ကြည့်ပြီး မကျေမချမ်းမေးလိုက်သည်။ “ဘာလို့ထုတာလဲ”

“နင်လို့ ကလေးမတစ်ယောက်က အဲ့လို ကိစ္စနဲ့ ဘာဆိုင်လို့လဲ။ ဘယ်သူ သင်ပေးလိုက်တာလဲပြောစမ်း။ ဘယ်မကောင်းတဲ့လူတွေနဲ့ ပေါင်းနေတာလဲ”

ယောင်ယင်ယင်ကို ခါးသက်သော အမူအရာဖြင့် စုရှင်းရှင်း လက်ညှိုးထိုးပြလိုက်သည်။ ယခုတော့ ယောင်ယင်ယင် အာစေးမိသည့် အလှည့်ပင်။

“ဒါနဲ့ အကိုတို့ အမတို့ ဘယ်ချိန်က ပေါင်းဖက်သွားကြတာလဲ… ညီမတောင်မသိဘူး…”

သူတို့၏ အမူအများ နက်ရောင်လာသည်ကိုမြင်သော် စုရှင်းရှင်း ချက်ခြင်း ခေါင်းကို ပိုက်လိုက်သည်။

“နေပါဦး နေပါဦး။ အနည်းဆုံးတော့ ဘာဖြစ်နေလဲပြောပြဦးလေ။ မဟုတ်ရင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ ဘယ်လို ဆုံးဖြတ်ပေးလို့ရမှာလဲ” စုရှင်းရှင်း နှုတ်ခမ်းဆူပြီး လူကြီးတစ်ယောက်လို ပြုမူလိုက်သည်။

စုရှောင်ရှန် ချက်ခြင်းဘဲ “သူ့အခန်းက ရှုပ်ပွနေတာမြင်တော့ ငါက ရှင်းဖို့ပြောတယ်လေ။ ခုတော့ ငါ့ကိုသတ်ချင်နေပြီ”

ယောင်ယင်ယင် ဘာမှ မပြောနိုင်တော့ပါ။

ဒေါသူပုန်ထလွန်းလို့ အရှိန်အဝါဖြင့်တောင် အိမ်အမိုးတောင် ပြုတ်ထွက်သွားစေလောက်၏။ ထို့နောက် စုရှင်းရှင်းနောက်မှ စုရှောင်ရှန် သူမကို မျက်စိတစ်ဖက်မှိတ်ပြီး အချက်ပြနေတာကိုတွေ့လိုက်ရသည်။ သူ့ ပါးစပ်ကလည်း တစ်ခုခုကို အသံတိတ် ပြောနေသည့်အလား လှုပ်ပြနေလေသည်။

“ဘာလို့ခုမှ မျက်စိလာမှိတ်ပြနေတာလဲ။ ငါရေချိုးတာ လာချောင်းကြည့်တယ်လို့ ပေါ်တင်မပြောရဲဘူးလား ပြော”

စုရှောင်ရှန် လန့်ဖျပ်သွားသည်။

‘ဒီကိစ္စကိုငါတို့နှစ်ယောက်ကြားပဲ ထားဖို့သဘောတူထားတယ်မဟုတ်ဘူးလား။ ဘာလို့အကျယ်ကြီးပြောနေတာလဲဟ’ သူတွေးလိုက်သည်။

‘ဒီမှာနင်ပြောတဲ့‌‌ တောင်းဆိုချက်ကို သဘောတူတယ်လို့ ပါးစပ်လှုပ်ပြနေတယ်လေ မမြင်ဘူးလားလို့… တုံးလိုက်တာ ‌လွန်ရော’

စုရှင်းရှင်း၏ တုန်လှုပ်နေဟန်ရသော မျက်နှာကိုမြင်သော် အခြေအနေကို ပြန်‌ပြောင်းဖို့ တစ်ခုခု ပြောရတော့မယ်ဆိုတာ သိလိုက်လေသည်။ “နင်ပြောတော့ ငါတွေ့တာတွေက ပုံရိပ်ယောင်တွေပါဆို”

ယောင်ယင်ယင် ကြောင်အသွားသည်။ ၎င်းကို ပြန်လည်ချေပရန် စကားမရှိပါပေ။

‘ငါအဲလိုပြောခဲ့တာတော့ ဟုတ်တယ် ဒါပေမယ့် ငါ့ကိုဆေးလုံးမပေးချင်မှတော့ ဒီကိစ္စကို ဒီမှာတင်ဖြတ်လိုက်တာကောင်းတယ်… ဒီနေ့ နင်နဲ့ ငါနဲ့ တစ်ယောက်ပဲအသက်ရှင်မယ်’ စိတ်ထဲမှ ဆိုလိုက်သည်။

ထို့နောက် ဓားကိုကိုင်ကာ ရှေ့သို့ တဟုန်ထိုးပြေးသွားလိုက်သည်။

သူ့ထံသို့ပြေးဝင်လာသော ယောင်ယင်ယင်ကိုမြင်လျှင် မိန်းမများကို အကြောင်းကိစ္စများအား ရှင်းပြလို့ ဘာမှမထူးဟု မှတ်ချက်ပြုလိုက်တော့သည်။ သို့ဖြင့် စုရှင်းရှင်းကို ဂျိုင်းမှ ကိုင်မ၍ ရှေ့၌ကာလိုက်၏။

ကလေးမလေးက ထိတ်လန့်တကြား ခေါင်းကို လက်ဖြင့် ပိုက်လိုက် လေသည်။ “မခုတ်ပါနဲ့”

ယောင်ယင်ယင် ဒေါကန်နေသော်လည်း စုရှင်းရှင်းကိုတော့ မခုတ်ရက်ပါချေ။ စုရှင်းရှင်းကို ကိုင်မရင်း စုရှောင်ရှန်တစ်ယောက် ယောင်ယင်ယင်ကို ခုတ်ခွင့်မပေး ပတ်နေလိုက်တော့သည်။

အကြောင်းတစ်ချို့ကြောင့် သူမ၏ ပုံ‌ရိပ်ယောင်က စုရှောင်ရှန်အပေါ် မသက်ရောက်ပါချေ။

ယောင်ယင်ယင် ရပ်တန့်လိုက်သည်။ “ရှင်းရှင်းကို ချလိုက်”

“ဓားကိုချလိုက်” အနိုင်မခံ အရှုံးမပေး စုရှောင်ရှန် သူ၏ လူသားဒိုင်းကို မချဘဲ ပြန် ဟစ်လိုက်သည်။

“ခေါင်းမူးနေပြီ…”

စုရှင်းရှင်းတစ်ယောက် ကြယ်တွေလတွေကိုသာ မြင်နေရလေသည်။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်ရလွန်းလို့ နေရာတွင်ပင် ထိုးအန်မိတော့မလိုဖြစ်သွား၏။ “ဓားပြောင်းပြန်ညှို့်ခြင်း” ကြောင့်သာ ယခုလို တောင့်ခံနိုင်ခြင်းဖြစ်လေသည်။

ချလန်း…။

ယောင်ယင်ယင် ကြမ်းခင်းပေါ်သို့ ဓားကိုပစ်ချလိုက်မှသာ စုရှောင်ရှန် သက်ပြင်းမောကြီးချလိုက်နိုင်သည်။ သို့သော် သူစိတ်မလျော့ရသေးခင်ပင် ယောင်ယင်ယင်က လက်ကွက်များကို အလျှင်အမြန်လုပ်လိုက်တော့၏။

စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။

“စိတ်လျော့ပါ။ လျှောက်မလုပ်ပါနဲ့ဟ”

အခန်းတစ်ခုလုံး ဆတ်ဆတ်ခါအောင်တုန်ခါသွားပြီး သူမ၏ လက်များအတွင်း၌ အတိုင်းမသိသော စိတ်ဝိညာဉ်စွမ်းအင်တို့ စုစည်းလာခဲ့၏။

စုရှောင်ရှန် ပျာပျာယာယာ သူမကို ရပ်တန့်လိုက်သည်။ “တော်ပါတော့… ဆေးလုံးပေးဆို ပေးပါ့မယ်”

“ဘာဆေးလုံးလဲ” ယောင်ယင်ယင် မရပ်လိုက်ပါဘဲ သူမလုပ်နေသည်များကို ဆက်၍လုပ်လိုက်သည်။

“ဧကရာဇ်ဆေးလုံး” စုရှောင်ရှန် အော်ဟစ်လိုက်သည်။

ဟူးးးး…။

ယောင်ယင်ယင် လက်ထဲတွင် စုစည်းလာသော စိတ်ဝိညာဥ်စွမ်းအင်များကို ပယ်ဖျက်လိုက်သည်။ သူမ၏ မျက်နှာကိုပေါ်ရှိ အေးစက်နေသောအမူအရာလည်း ကွယ်ပျောက်သွားပြီး ရဲရဲပြန်နီလာကာ ပြုံးလိုက်လေသည်။ “ကတိနော် မမေ့နဲ့”

စုရှောင်ရှန်စွန့်အသွား၏။

‘ငါ့ကိုရွှီးပြီးအကွက်ဆင်နေတာဟ’ တွေးလိုက်သည်။

စုရှောင်ရှန် မကျေမချမ်းခံစားလိုက်ရ၏။ ဤမိန်းမက စိတ်အပြောင်းအလဲကို စာရွက်လှန်သကဲ့သို့ ပြောင်းလဲနိုင်သည့် မိစ္ဆာဖြစ်လေသည်။

ယောင်ယင်ယင် သူမ၏မှန်တင်ခုံပေါ်ရှိ ပလဲလုံးကိုယူလိုက်ကာ “ဒါကို ဟင်းလင်းပြင်ပလဲလို့ခေါ်တယ်။ နင်ငါ့အခန်းထဲဝင်လာပြီး လုပ်ခဲ့ပြောခဲ့တာတွေအားလုံးကို ဒီထဲမှာမှတ်တမ်းတင်ထားတယ်… ပြီးမှသေချာပြန်ကြည့်ဦးမယ်”

စီစီတီဗွီလားဟ။

စုရှောင်ရှန်၏မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။ အခန်းထဲဝင်လာပြီးနောက် သူမဟုတ်တာ ဘာလုပ်ခဲ့သလဲ သေချာပြန်စဉ်းစားလိုက်၏။

‘ငါမဟုတ်တာတစ်ခုမှလဲ လုပ်ထားတဲ့ ပုံမပေါ်ပါဘူး။ တော်သေးတယ်။ ‌ဟမ်… နေဦး။ ငါ.. ငါ အဲ့တာကို ရှူလိုက်သလားလို့။ သေစမ်း ငါ့ နောက်ခံရှင်းလင်းတဲ့နာမည်ကောင်းလေး’

စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်၍ဆိုလိုက်သည်။ “ငါ့ကိုအဲ့တာပေးရင် ဧကရာဇ်ဆေးလုံး နှစ်လုံးပေးမယ်”

စုရှောင်ရှန်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီးနောက် အခြေအနေက သူမဘက်တွင် အသာစီးရှိနေသည်ကို သိလိုက်လေသည်။ ထို့နောက် ထိုပုလဲလုံးလေးကို ရင်နှစ်မွှာ ကြားထဲထည့်လိုက်ပြီး စုရှောင်ရှန်ကို လက်ပြ စိန်ခေါ်လိုက်၏။ “လိုချင်ရင် လာယူလေ”

[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အသိပေးချက်ဖန်သားပြင်ပေါ်မှ အသိပေးချက် သုံးခုဆက်တိုက်ကြောင့် စုရှောင်ရှန် အံ့အားသင့်သွား၏။ တစ်စုံတစ်ယောက်က တစ်ချိန်တည်း အသိပေးချက်သုံးခုကို တစ်ပြိုင်တည်း ဖြစ်ပေါ်လာအောင်လုပ်နိုင်ခြင်းဖြစ်လေသည်။

‘ချီး ဒီမိန်းက… တကယ် ကြမ်းတယ်ဟ…’

“နင်ဆိုတဲ့ ကောင်မလေး။ ငါ့မှာသည်းခံနိုင်စွမ်း အတိုင်းအတာဆိုတာရှိတယ်။ ဒီလိုလုပ်တာက နင့်အတွက်မကောင်းဘူးနော်” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။

“ဘာကို နင်ဆိုတဲ့ကောင်မလေးလဲ ငါ့မှာလဲ နာမည်ရှိတယ်။ ယောင်ယင်ယင်တဲ့”

၎င်းက သူမ၏နာမည်ကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ စုရှောင်ရှန် မျက်မှောင်ကျုံ့၍ မေးလိုက်သည်။ “ယောင်ဘာကြီး”

“ယင်ယင်”

သူ့နားတွင်လက်ကိုကပ်လိုက်ပြီး သူမဘက်သို့နားပင့်ကာ ကျယ်ကျယ်ပြောဖို့ အချက်ပေးလိုက်သည်။ “ယောင်…”

“နားပင်းနေတာလား… ယင် ယင်” ယောင်ယင်ယင် စိတ်မရှည်စွာ အော်လိုက်သည်။

ဟားဟား…။

စုရှင်းရှင်း မခံနိုင်တော့ဘဲ ဝါးလုံးကွဲရယ်လိုက်သည်။ “ဘုရားရေ မမယောင် နင်က အရမ်းချစ်ဖို့ကောင်းတာပဲ”

သူမလှည့်စားခံလိုက်ရကြောင်း သဘောပေါက်သွားရာ ယောင်ယင်ယင်၏ ဒေါသ မိုးထိုးတတ်သွား၏။

“စု… ရှောင်… ရှန်”

ယောင်ယင်ယင် သူမ၏ဓားကို မမြှောက်လိုက်နိုင်ခင်မှာပဲ စုရှင်းရှင်းကို စုရှောင်ရှန် ရှေ့၌ ပင့်ချီလိုက်လေသည်။ “ဝိုး… ဖြေးဖြေးပြောပါဟ ငါနားမလေးပါဘူး”

‘ငါ့ကို ဧကရာဇ်ဆေးလုံးပေးအောင်လို့လှည့်စားတယ်။ အခုတော့ငါတို့ကျေပြီ’ စိတ်ထဲမှ ပြောလိုက်သည်။

စုရှောင်ရှန် မျက်လုံးကိုမှေးကာ အန္တရာယ်ကင်းသည့် အမူအရာမျိုးဖမ်းလိုက်၏။

ယောင်ယင်ယင် စကားလမ်းကြောင်းလွှဲပြီး ကလေးမလေးကို ဆူလိုက်သည်။ “စုရှင်းရှင်း ဒီဘက်ကိုလာခဲ့စမ်း”

“ဘာလို့နင် အပြင်လူဘက်လိုက်နေတာလဲ… နင့်အကိုရှောင်ရှန် ပေါ်လာတော့ ငါ့ကို မေ့သွားပြီပေါ့လေ။ နင့်အပေါ် ငါကောင်းခဲ့တာတွေကို မေ့သွားပြီပေါ့”

ထိုနှစ်ယောက်အကြားရှိကိစ္စကို နားမလည်နိုင်‌ဖြစ်နေရာ စုရှင်းရှင်း မှင်တက်နေလေသည်။ ယခု ယောင်ယင်ယင် သူမကို ခေါ်တာတောင် အကြာကြီးနေမှ သတိရလာ၏။

ဘာလို့ သူတို့ ရန်ဖြစ်တာ ငါ့ကို ဆွဲထည့်နေရတာတုန်း…။

စုရှောင်ရှန် အလိုလိုနေရင်း စုရှင်းရှင်းကို ဘာမှ မပြောဘဲ ချီပင့်ထားသော လက်များကို တင်းကြပ်လိုက်သည်။ ‘ရမလား။ ဒီကလေးမလေးက အခု ငါ့ဒိုင်းကာပဲ သူမရှိရင် ငါသေသွားနိုင်တယ်။ အခုမှ နင့်ကို ဒေါကန်အောင်လုပ်ထားတာ ငါ့ ‌မျှော်လင့်ချက်ကလေးကို ပေးလိုက်မယ်လို့ ထင်လို့လား’

ယောင်ယင်ယင် ‌စိတ်မကြည်ဖြစ်သွားပြီး စုရှောင်ရှန်ကို မာန်မဲလိုက်သည်။ “ငါတို့ အခု အပြင်သွားမလို့ ဘာလို့ သူ့ကို မလွှတ်ဘဲ ဆက်ကိုင်ထားနေတာတုန်း”

သို့မှ စုရှောင်ရှန် စုရှင်းရှင်းကို အောက်ချလိုက်လေသည်။ သို့သော် သူမကို ယုံရမလား မယုံရမလား တွေဝေနေ၏။

ယောင်ယင်ယင် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ရာ စုရှောင်ရှန် အလန့်တကြား စုရှင်းရှင်းကို ပြန်မလိုက်၏။ ယောင်ယင်ယင် တစ်ခစ်ခစ် ရယ်လိုက်သည်။ စုရှောင်ရှန်ကို ထိတ်လန့်သွားစေခြင်းအတွက် ပျော်နေပုံရသည်။

“ဟက် ငကြောက်”

“ဟက် ကလေးဆန်တယ်”

စုရှောင်ရှန် အရှုံးမပေး ပြန်ချေပလိုက်သည်။ သူတို့နှစ်ဦးကြားရပ်နေသော စုရှင်းရှင်း အကိုရှောင်ရှန်ရော မမယောင်ယင်ရော ဘာလုပ်နေကြမှန်းမသိပေ။

“ခစ်… ခစ်ခစ်ခစ်..”

သို့ဖြင့် သူမ ရယ်လိုက်တော့သည်။ သူမ၏ ‌ပေါကြောင်ကြောင်ရယ်သံက ဆက်လက်၍ တစ်ဦးနှင့် တစ်ဦး စကားနိုင်လုရန် ပြင်နေကြသော လူနှစ်ဦးကို ရပ်တန့်သွားစေ၏။

“…”

လူတိုင်း ပြောစရာစကားများ ပျောက်ရှသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset