Switch Mode

အခန်း (၁၀၀)

လက်ငါးချောင်းပေါ်ရှိ အစေ့များ

ဖြေရှင်းချက်…။

‌သာမန်ပဲ ဆေးဖော်နေသည်ဖြစ်ရာ သူ့တွင် ဖြေရှင်းချက်မရှိပါပေ။ သို့သော်အပြင်းအထန် ဒေါသူပုန်ထနေရာ ကျိုးကြောင်းဆီ‌လျော်အောင် ပြောလို့ရမည်မထင်‌ပေ။ အဖိုးကြီးကို ဒေါသပြေလျော့အောင် အရင်ဆုံးလုပ်ရပေမည်။

“စိတ်လျော့ပါဦး….”

စုရှောင်ရှန် အဖိုးကြီးကို အသာအာယာ တို့လိုက်လေသည်။ အကြီးအကဲစန်း ဒေါသပြေလျော့သွားရမယ့်အစား မျက်ခုံးပို၍ လှုပ်လာသည်ကိုမြင်လျှင် အလျင်အမြန် ထပ်လောင်းပြောလိုက်၏။ “ကျုပ်အောင်မြင်သွားပြီ”

အကြီးအကဲစန်း အံ့အားသင့်သွားကာ “တကယ်လား”

သက်ကြီးရွယ်အိုတွေကို လှည့်စားရတာ တကယ်လွယ်ပေသည်…။

စုရှောင်ရှန် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်၏။ အကယ်၍ မီးထိပ်သီးကဲ့သို့ ပင်ကိုယ်စွမ်းရည်သာ ရလိုက်ပါက ငရဲမီးတောက်အစေ့ကို ကျင့်ကြံနိုင်သည်ဟု ယုံကြည်ချက်ရှိရှိ ကြေငြာနိုင်ပေလိမ့်မည်။ သို့သော် သူရလိုက်တာက စားဖိုမှုးကြီးဖြစ် လေသည်။ ၎င်းကို တွေး‌လေ တွေးလေ မည်မျှ နီး‌ကပ်ကြောင်းစဉ်းစားမိ၍ ငိုချင်လာမိ၏။

“ဒီမှာကြည့်လိုက်”

၎င်းက အလုပ်ဖြစ်မည်လား စုရှောင်ရှန်မသေချာပါပေ။ သူ့လက်ဖဝါးကိုဖြန့်လိုက်‌‌ရာ လက်ခလယ်၌ ငရဲမီးတောက်ကောင်းကင်မီးလျှံများ အသက်၀င်လာလေတော့သည်။

ရှဲ

စုရှောင်ရှန်အဘယ်ကြောင့်မှန်းမသိ သူ့လက်ဖဝါးပေါ်မှ မီးလျှံများ စိတ်လှုပ်ရှားနေသည်ဟု ထူးထူးဆန်းဆန်း ခံစားလိုက်ရ၏။

‘တစ်ခုခုတော့ တစ်ခုခုပဲ’ ၎င်းက ပုံရိပ်ယောင်အတွင်းမှ ကျစ်ကျစ်တောက်ပူနေသော အပူစွမ်းအင်များလိုလို ခံစားနေရလေသည်။

စာဖိုမှူး…။

ချက်ပြုတ်ဖို့ဆို မီးလိုတယ်မလား…။

မီးလိုတယ်…။

သူ့ပင်ကိုယ်စွမ်းရည်အသစ်၏ နာမည်၌တော့ မီးဟူသည့်စကားလုံးမပါရှိပေမယ့် မနေနိုင်ဘဲ ဖြစ်နိုင်ချေများကိုစဉ်းစားလိုက်သည်။ တွေးရင်းတွေးရင်း ထူးဆန်းလာသည့် အကြံများကြောင့် နှုတ်ခမ်းများ လှုပ်သွား၏။

“ဒါလေးပဲလား” စုရှောင်ရှန်၏ လက်ဖဝါးကိုကြည့်ပြီး အကြီးအကဲစန်း မျက်မှောင်ကုပ်လိုင်လေသည်။

စုရှောင်ရှန်က အကြီးအကဲကို “စိတ်ရှည်” ဟုပြောသည့်အလား အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးမှ မီးလျှံကို အပြည့်အ၀အာရုံစိုက်ပြီး ကျုံ့သွားအောင်လုပ်လိုက်၏။

ရှဲ

သူ့လက်ခလယ်ရှိ မီးဘောလုံးလေးက အလျှင်အမြန် လည်ပတ်သွားပြီး အပူစွမ်းအင်လှိုင်းများ ထုတ်လိုက်ရာ မီးအထက်ရှိ လေကိုပင် တွန့်သွားစေ၏။ အကြီးအကဲစန်းတိတ်ဆိတ်နေလိုက်သည်။ သူမရှိသည့်အခိုက် တဒင်္ဂအတွင်း စုရှောင်ရှန် ရရှိလိုက်သော ရလဒ်မှာ မနည်းပေ။ သို့သော် ဤတိုးတက်မှုလောက်က စောနက ပေါက်ကွဲမှုကို မရှင်းပြနိုင်ပါပေ။

စုရှောင်ရှန်ကို ဆက်လုပ်ရန် အကြီးအကဲစန်း မျက်စပစ်ပြလိုက်သည်။ စုရှောင်ရှန်၏ နဖူးထက်၌ ချွေးစေးများထွက်လာခဲ့၏။ သူ့လက်ပေါ်ရှိ မီးလုံးနှင့် သူ့အကြားတွင် ထူးဆန်းသော ဆက်နွယ်မှုမျိုးရှိတာကို ခံစားနေရသည်။ သို့သော် ၎င်းက မလုံလောက်ပါပေ။

သူ့တွင် ပင်ကိုယ်မှတ် (၅၀၀၀) ကျန်သေးလေသည်။

“ငါသုံးလိုက်ရမလား” တွေးလိုက်သည်။

စုရှောင်ရှန် တွေဝေသွားသည်။ စာဖိုမှူးက တိုက်ခိုက်ရေး ကျွမ်းကျင်ပင်ကိုယ်စွမ်းရည်ဖြစ်ပါက အဆင့်မြှင့်ဖို့ရန် အတွေးမျိုးဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။ ဓားထိပ်သီးကဲ့သို့ ဖြေးဖြေးချင်း အချိန်ဆွဲပြီး အသိပညာများကို ချေဖျက်ဦးမည်ဖြစ်၏။

သူက ပါရမီမပါပေ။ သို့ဖြင့် (၃) နှစ်တာ လေ့ကျင့်တာတောင် အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို ပထမအကွက်ထက် ကျော်လွန်အောင် မကျင့်ကြံနိုင်ပါပေ။ သို့သော် ပင်ကိုယ်စွမ်းရည်တို့ကတော့ ကွဲပြားသည်။ တိုက်ပွဲအတွင်း စွမ်းရည်ကို အဆင့်မြှင့်လိုက်လျှင် ရုတ်တရက် ရလိုက်သော အသိအမြင်များကြောင့် အလင်းပေါက်တာမျိုးဘာညာဖြစ်နိုင်၏။

၎င်းက အဆင့်မြင့်ဓားကွက်နှင့် ဓားထုတ်ဓားကွက်တို့ကို သူဖန်တီးခဲ့သည် ပုံစံဖြစ်သည်။ ဖြစ်စဉ်က သူ့ကျွမ်းကျင် ပင်ကိုယ်စွမ်းရည်များအပေါ်အခြေခံ၍ သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်နည်းစနစ်များကို ဖန်တီးခြင်းဖြစ်သည်။ ၎င်းက စနစ်၏ ဟာကွက်ဖြစ်ကာ မထင်ထားလောက်အောင် အသုံးဘည်းတည့်၏။ သူ့ကိုယ်ပိုင် ဖန်တီးထားသော နည်းစနစ်များက သူ့ပါရမီ၏ လစ်ဟာမှုကို ဖြည့်ပေးလေသည်။

စာဖိုမှူးဟူသောနာမည်မှတော့ ၎င်းက တိုက်ခိုက်ရေး စွမ်းရည် တစ်ခုမဟုတ်နိုင်လောက်ပေါပေ။ သူ့ကျွမ်းကျင် ပင်ကိုယ်စွမ်းရည်များအပေါ်အခြေခံ၍ ကိုယ်ပိုင်နည်းစနစ် ထွင်ခြင်းက ဤတစ်ကြိမ်အလုပ်ဖြစ်ပါ့မလားမသိပါ။

အကြီးအကဲစန်း၏ ရှုံ့တွနေသော မျင်နှာကိုကြည့်ပြီး ယခုတစ်ခေါက် ဤအခြေအနေကိုမကျော်လွှားနိုင်ပါက တောက်ပသည့် အနာဂါတ်မရှိတော့သည်ကို မြင်ယောင်သလိုလို ဖြစ်နေသည်။

“လုပ်ဆိုလည်း လုပ်ကွာ”

အနည်းငယ်စဉ်းစားကြည့်ပြီးနောက် သူ့ပင်ကိုယ်မှတ် အားလုံးကို အသုံးပြုကာ ပင်ကိုယ်စွမ်းရည်မှတ်များ၀ယ်ပြီးနောက် စာဖိုမှူးထဲကို အကုန် ထည့်လိုက်တော့သည်။

[စာဖိုမှူး (စတင်ခြင်းအဆင့်-၆)]

အသိအမြင် အလုံးလိုက်အခဲလိုက်ကြီး သူ့စိတ်ထဲသို့ ၀င်လာခဲ့၏။ ၎င်းက ကျွမ်းကျင်ပင်ကိုယ်စွမ်းရည်တစ်ခုကို တစ်ခါတည်းဖြင့် အဆင့်(၅) ခါဆက် မြှင့်ဖူးခြင်းဖြစ်သည်။ သို့ဖြင့် ထိုဧရာမအသိအမြင်များအောက်၌ သူ့စိတ်ကြေမွတော့မလိုတောင်ခံစားလိုက်ရတော့သည်။

စုရှောင်ရှန်၏ လက်ခလယ်ရှိ မီးလုံးလေးက စတင်၍ ယိမ်းယိုင်လာကာ ပျောက်ကွယ်တော့မယောင်ကို အကြီးအကဲစန်းမြင်လိုက်ရာ မျက်နှာက ပို၍ ရှုံ့မဲ့သွား၏။

“ဒီလို မီးလုံးသေးသေးလေးကိုတောင် ကျွမ်းကျင်အောင် မင်းက မလုပ်နိုင်ဘူးလား”

သူ့ဦးနှောက်က ‌ချက်ပြုတ်နည်းများ၊ ဟင်းချက်နည်းလျှို့ဝှက်ချက်များ၊ အမျိုးမျိုးသောပါ၀င်ပစ္စည်းတို့ကဲ့သို့ အသိအမြင်များဖြင့် ပြည့်နေလေရာ အကြီးအကဲစန်းကို စုရှောင်ရှန် ပြန်မဖြေကြားနိုင်ပါချေ။

“ဟုတ်ပြီ” သူ၏ မျက်လုံးများ ၀င်းပသွား၏။

ကင်တယ်၊ မီးဖုတ်တယ်၊ မွှေကြော်တယ်…

အမျိုးမျိုးသော အရာများက အသေးစိတ်လေးကအစ သူ့ခေါင်းထဲပေါ်လာပါသည်။ သို့သော ၎င်းတို့ကို စုရှောင်ရှန် ဂရုမစိုက်ပေ။

သူအလေးထားသည်က သူ့လက်ပေါ်ရှိ မီးလုံးလေးနှင့် သူ့အကြား ဆက်နွယ်မှူဖြစ်သည်။ ၎င်းက ယခုသူ ရရှိလိုက်သောစွမ်းရည်နှင့်မတူဘဲ နှစ်ချို့နေသယောင်ယောင် ခံစားချက်ကို ရရှိနေလေသည်။ လုံးလုံးကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်၏။

စုရှောင်ရှန် ခပ်ကျယ်ကျယ်ပြုံးလိုက်ပြီး လက်ဝါးကို ထပ်ကားလိုက်သည်။ အကြီးအကဲစန်း ဘာဖြစ်နေသလဲ မမေးရခင်မှာပင် အသံသဲ့သဲ့ကလေးနှင့်အတူ စုရှောင်ရှန်၏ လက်ဖဝါးပေါ်ရှိ မီးလုံးက လူတစ်ယောက် သိုင်းဖက်နိုင်သည့် အနေအထားအထိ ကြီးထွားလာခဲ့လေသည်။

ထိုမီးလုံးမှ အပူစွမ်းအင်များက လှိုင်းသဖွယ် ရိုက်ခတ်ရာ အကြီးအကဲစန်း၏ ကောက်ရိုးခမောက် စုတ်ပြဲသွားရပြီး ကြမ်းခင်ပေါ်ကျသွားသည်။ စုရှောင်ရှန်၏ အ၀တ်အစားလည်း အပြင်းအထန် လူးလွင့်နေတော့၏။

အကြီးအကဲစန်း မှင်ကသက်သွားသည်။ သူထွက်သွားသည့်ခဏ အခိုက်အတန့်အတွင်း စုရှောင်ရှန်၏ ငရဲမီးတောက်ကောင်းကင်မီးလျှံအပေါ် ကျွမ်းကျင်မှုက ဤမျှ ရောက်သွားလိမ့်မည်ဟု တွေးမထင်ထားပါ။

သို့သော်…။

“ငါမင်းကို ကျုံ့ခိုင်းတာလေ ကျယ်ခိုင်းတာမဟုတ်ဘူး… ဒီလောက်မီးကြီးနဲ့ဘာလုပ်မှာ ဆေးဖော်ဖို့မပြောနဲ့ ဆေးမီးဖိုအိုး ချက်ခြင်း အရည်မပျော်သွားရင်တောင် ကံကောင်း” စိတ်တိုတိုဖြင့် အကြီးအကဲစန်း ကပြောသည်။

စုရှောင်ရှန် သူ့ခေါင်းကို ခါရမ်းလိုက်ရင်း “ခင်ဗျားမသိဘူးလား။ ဒါက… နွှေးတယ်လို့ခေါ်တယ်”

စုရှောင်ရှန် ခပ်ညစ်ညစ်ပြုံးပြလိုက်သည်။ သူ့လက်ချောင်းများကို ဖြန့်နေရာမှ ကောက်လိုက်ရာ ထို ခက်ထန်ကြမ်းတမ်းသည့် ဧရာမ မီးလုံးကြိးက ‌ချက်ခြင်းပျောက်ကွယ်သွားပြီး လက်ဖဝါး၏ အလယ်၌ ထိန်းကျောင်းထားသကဲ့သို့ တည်ငြိမ်စွာ လောင်မြိုက်နေသော မီးလုံးသေးသေးလေး ပေါ်လာခဲ့၏။ ၎င်းက လက်သည်းခွံအရွယ်အစားရှိ ငရဲမီးတောက်အစေ့ပင်ဖြစ်သည်။

ဤတစ်ကြိမ်တော့ အသက်ရှူခြင်းနည်းစနစ်ကိုအသုံးပြုပြီးမည့် အစား မီးတောက်မီးလျှံအပေါ်သူ၏ ရင်းနှီးမှုကို အသုံးချ၍ ယခင်က သူမစွမ်းဆောင်နိုင်ခဲ့သော တည်ငြိမ်မှုကို ရရှိလိုက်၏။ ၎င်းကို မကျက်တကျက် အခြေအနေဟုခေါ်၏။ ထိုအတွေးက စုရှောင်ရှန်ကို ငိုရမလို ရယ်ရမလို ဖြစ်သွားစေလေသည်။

စာဖိုမှူးကို အသုံးမ၀င်သည့် စွမ်းရည်ဟု ယူဆထားခဲ့ခြင်း‌ဖြစ်သော်လည်း ယခုတော့ မီးအပေါ်ထိန်းချုပ်မှုကို တိုးမြင့်စေခဲ့၏။ တကယ်က စိတ်ထဲမှလည်း ကြော်လှော်ချက်ပြုတ်သည့် အသိအမြင်များကို‌တော့ မေ့ထားလိုက်လေသည်။ အနာဂါတ်၌ ကောင်းကောင်းအသုံးချနိုင်ပါက မီးထိပ်သီးကဲ့သို့သော အိပ်မက်မျိုးကို ရောက်ဖို့ မျှော်လင့်ချက်လေးရှိပေပြီ။ သို့ဆိုပါက မီးထိပ်သီးဖြင့် လုပ်နိုင်သည့် အရာများကို လုပ်နိုင်လိမ့်မည်။

ထိုသို့တွေးကြည့်စော စာဖိုမှူးက မီးထိပ်သီးထက် ပိုကောင်းကြောင်းသိလိုက်ရသည်။ ၎င်းက ဘာမှလုပ်စရာမရှိ၍ ပျင်းနေလျှင် သူ့ကိုယ်သူ ဟင်းလျာများဖြင့် ဆုချဖို့ အဆစ်ပါသေးလေသည်။ သူချက်မည့် ဟင်းလျာများ မည်မျှ အရသာရှိမည်ကို တွေးမိပြီး စုရှောင်ရှန် သွားများကြိမ်းသွားလေသည်။

အကြီးအကဲစန်း မှင်သက်လွန်းလို့ သေသေကြီးဖြစ်သွား၏။ သူမရှိသည့်အခိုက်အတန့်၌ စုရှောင်ရှန်၏ တိုးတက်မှုက သူယခင်တစ်ခေါက် ယူဆထားသည်ထက် ပိုနေလေ၏။ ပေါက်ကွဲမှုများကို ရေကြည့်လျှင် သုံးခုသာသာပဲရှိသည်။ မည်သို့ ကျွမ်းကျင်သွားပါသနည်း။

သူ့တုန်းကဆိုလျှင် ငရဲမီးတောက်အစေ့ကို ကျင့်ကြံဖို့ တစ်ရက်လုံးလုံးအချိန်ယူလိုက်ရပြီး အကြိမ် မရေမတွက်နိုင်အောင်လည်း ပေါက်ကွဲခဲ့ရသည်။ သူ့အပြင်ပိုင်း ခန္ဓာကိုယ်ပင်လျှင် ညိုမဲသွားရပြီး အက်ကွဲကာ ကွာကျကုန်ကြ၏။ သို့ဖြင့် မီးဖုတ် ပေါင်မုန့်တစ်လုံးလို အတွင်းပိုင်းနူးညံ့ပြီး အပြင်ပိုင်း မာကျောသွားပါသည်။

တစ်ဘက်မှ စိတ်ဝိညာဥ်စာကြည့်တိုက်သာ မီးလောင်သွားပြီး စုရှောင်ရှန်ကတော့ ဒဏ်ရာတစ်ချက်မှ မရဘဲထွက်လာနိုင်လေသည်။

“ဒါ…”

အကြီးအကဲစန်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ခံစားချက်များကို ချုပ်တည်း၍ “နောက်ဆုံးတစ်ခေါက်က ပေါက်ကွဲမှု အဲ့တာလည်း မင်းလုပ်လိုက်တာလား”

စုရှောင်ရှန် အချိန်တိုအတွင်း ငရဲမီးတောက်အစေ့ကို ကျင့်ကြံနည်း ကျွမ်းကျင်သွားခြင်းကို အကြီးအကဲစန်း အံ့အားသင့်ရသော်လည်း စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) ရှိ ကောင်စုတ်လေးက စိတ်ဝိညာဉ်စာကြည့်တိုက်တစ်ခုလုံးကို မီးဆွဲနိုင်အောင်လုပ်နိုင်သည့် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်သွားစေသည်ဟု မယုံနိုင်ပါပေ။

စုရှောင်ရှန် မီးပူအိုးပေါ်မှ ပုရွက်ဆိတ်အလား ထိုင်မရ ထမရဖြစ်လာသည်။ စိတ်ဝိညာဉ်စာကြည့်တိုက်အတွင် ပေါက်ကွဲမှုကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေလိုက်တာ မဟုတ်သော်လည်း ပုံရိပ်ယောင်အတွင်းမှ ဖြစ်ရပ်များကို အကြီးအကဲစန်းအား ပြော၍ မရပါလား။

မီးလုံးအပေါ်ထိန်းချုပ်မှုက ယိမ်းယိုင်သွားပြီး သူ့လက်ထဲရှိ ငရဲမီးတောက်အစေ့ မတည်မငြိမ် ဖြစ်လာလေသည်။

“အဲ့တာက ကျုပ်ရဲ့ နည်းစနစ်အသစ် ဖြစ်တဲ့ အဆင့်နိမ့် မီးဘောလုံးကို စမ်းသပ်ကြည့်ရင်းဖြစ်သွားတာ”

“အဆင့်နိမ့်မီးဘောလုံးဟုတ်လား” အကြီးအကဲစန်း သင်္ကာမကင်းဖြစ်သွားသည်။

စုရှောင်ရှန် လက်ဖဝါးပေါ်ရှိ မီးလုံးကလေးကို မတည်မငြိမ်ဖြစ်အောင်လုပ်လိုက်သည်။ ၎င်းမှ ထွက်လာသော အရှိန်အဝါများကြောင့် စိတ်ဝိညာဉ်စာကြည့်တိုက်၏ အစီအရင်ကို ‌ဂယက်ထစေသည်ကို အကြီးအကဲစန်း နားလည်သော်လည်း ၎င်းက ပြူတင်းပေါက်များ လွင့်ထွက်သွားခြင်းကို မရှင်းပြပါပေ။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ…။

စုရှောင်ရှန် အဖိုးကြီးကို တစ်ချက်မှ ပြန်မကြည့်ဘဲ ပါးစပ်မှ ရေရွတ်လိုက်လေသည်။ “ဒါက အစပဲ ပဲရှိသေးတာ”

“အဲ့လိုပေါ့…” အကြီးအကဲစန်း ကြမ်းခင်းပေါ်မှ သူ၏ ကောက်ရိုးခမောက်ကို ပြန်ကောက်ယူလိုက်ကာ “ဆိုတော့ အချိန်တိုအတွင်းမင်းက ဒီလောက် အဖျက်စွမ်းအားကြီးတဲ့ အကွက်တစ်ခုကို ဖန်တီးလိုက်နိုင်တယ်ပေါ့”

“ဟုတ်တယ်” စုရှောင်ရှန် ဘ၀ခိုက်နေသော အပြုံးဖြင့်ဆိုလိုက်သည်။
“အဲ့တာကို လက်ငါးချောင်းပေါ်မှ ငရဲစေ့လို့ နာမည်ပေးထားတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset