၀၀ကစ်ကစ်ငန်းများ ငန်းရေကန်တွင် လေတွေ မိုးတွေ တိုက်ခတ်ရွာကျနေသော်ငြား အဆော့မပျက်ရှိနေကြသည်။ မိုးဖွဲဖွဲလေးရွာကျနေသောကြောင့် ပတ်၀န်းကျင်ကို မှုန်မှုန်ဝါးဝါးသာမြင်ရချေသည်။ ထိုစဉ် ညအမှောင်ထဲ၌ လူနှစ်ဦး လမ်းလျှောက်လာခဲ့ကြ၏။
“ဟေး။ ကုန်း… နာတို့ ခုချိန်ဆို လှလှပပ ကောင်မလေးတွေနဲ့ အိပ်ယာထဲ နှက်နေသင့်တယ် ဟုတ်ဘူးလား”
“ဒီလို ရာသီဥတုမျိုးမှာ အိပ်ချင်တာပဲသိတယ်ကွာ…”
အနက်ရောင်ခြုံထည်ကို ၀တ်ဆင်ထားသော လူနှစ်ယောက် ငန်းရေကန်တစ်လျှောက်လမ်းလျှောက်လာကြသည်။ သူတို့တစ်ဦးက ခေါင်းစွပ်၀တ်ထားပြီး တစ်ယောက်က ချထားသည်။
ရှောင်းယီ သူ၏ ခေါင်းစွပ်ကိုချွတ်ပြီး သူ၏ သေရည်ဘူးသီးခြောက်မှ သေရည်များကို မော့ချလိုက်သည်။ ပြီးလျှင် ၀မ်းဗိုက်ကို ကိုင်ရင်း လေချဉ်တက်လိုက်၏။
အေ့…
ဖုန်းကုန်း ကောင်းကင်ပြင်ကိုကြည့်လိုက်သည်။ မိုးရွာစဲ ဖြစ်သောကြောင့် အမြင်ကို ကာထားသော်လည်း နေရီပျော်စဉ်ဖြစ်ရာ မကြာခင် အာရုံတက်အလင်း ထွက်လာတော့ပေမည်။
“ဒီလိုအချိန်က လူတွေ မထင်မှတ်ထားဆုံးအချိန်ဘဲ”
ထို့နောက် အဝေးတစ်နေရာသို့ ခုန်သွားလိုက်ပြီး သူ၏ အဖော်ကို အကြံပေးလိုက်သည်။ “မင်းလူသတ်တော့မယ်ဆို သေရည်မသောက်သင့်ဘူး။ မဟုတ်ရင် မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ယိမ်းယိုင်စေလိမ့်မယ်”
ရှောင်းယီ သေရည်ထပ်သောက်မည်လုပ်ရာကို ရပ်လိုက်သည်။ ထို့နောက် အရှိန်မြှင့်ကာ သူ့အဖော်နောက် လိုက်လိုက်၏။
“အေးဆးပါကွာ ဆင်ပြေသွားမှာပါ”
“တာက ပြဿနာဟုတ်ဘူး။ နာ မင်းကိုလည်း ခေါင်းစွပ်ပြန်၀တ်ဖို့ပြောတော့မို့။ မိုးရေ ရှိုရင် သေချာမမြင်ရတော့ဘူး။ အဲ့လိုဆို မင်းရဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်ကို အနှောက်အယှက်ပေးနိုင်တယ်”
ဖုန်းကုန်း သူ့မျက်နှာမှ မိုးရေစက်များကို သတ်လိုက်ရင်း ဆို၏။ “မိုးရေက အေးတယ်။ ငါ့ကို အာရုံနိုးကြားစေတယ်”
ရှောင်းယီ သူ၏ဘူးသီးခြောက်ကိုပုတ်ပြီး မျက်စပစ်ပြသည်။
“သိလား ယူတွေရဲ့ အကြိုက်က တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး”
“နာက သေရည်သယောက်တာ ကြိုက်တယ်။ မင်းက မိုးရွာတာကြိုက်တယ်။ နာတို့လိုချင်တာ နာတို့ရကြတာပဲလေ ဟုတ်ဘူးလား”
ဖုန်းကုန်း၏ နှုတ်ခမ်းထောင့်လှုပ်သွားသည်။ သူ တစ်အောင့်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဆို၏။ “အရက်သယောက်… သောက်တာ ဘာပြဿနာမှ မရှိဘူး။ မင်းစကားကိုကောင်းကောင်းပြောလို့မရဘူးလား”
သူ့စကားပြောပုံပါ လွှမ်းမိုးခံလာရသောအခါ ဖုန်းကုန်း ဘာမှ မပြောဘဲ ပါးစပ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်သည်။
“ဟီဟီး…” ရှောင်းယီ စပ်ဖြီးဖြီးဖြစ်သွားပြီး “နင် တီလို ပြောတာ မကြိုက်ဘူးလား”
“အေး”
“နာလည်း မင်းရဲ့ ချီးလိုလို အေးစက်စက်မျက်နှာကိုမကြိုက်ဘူး။ မသိရင် သွေးအေး သူတော်စင်လိုလို ဘာလိုလိုနဲ့”
ဖုန်းကုန်းရပ်သွားသည်။ အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်သွားဟန်ရ၏။
“ဘာလို့ ရပ်နေတာလဲ။ သွားမယ်လေ” ရှောင်းယီ စိတ်မရှည်ဟန်ဖြင့် ဆိုသည်။
“မင်းဘာပြောနေတာလဲဆိုတာ မင်းကိုယ်မင်း သိလား” ဖုန်းကုန်း၏ အသံက အလွန်လေးလေးပင်းပင်းရှိနေကာ ရေခဲငရဲမှ တမန်တော်လို ကြားရသူကို ချမ်းစိမ့်စိမ့် ဖြစ်သွားစေလောက်၏။
“နာသိတယ်။ ပြန်ဝါးအိပ်သင့်တာ”
“…”
ဖုန်းကုန်း အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ့အဖော်ကိုကြည့်ရသည်မှာ အလွန် အမူးလွန်နေသည့်ဟန်ရ၏။
“ထားလိုက်တော့။ သူနဲ့ စကားများနေရင်လည်း ဘာမှ ရမှာမဟုတ်ဘူ” သူတွေးလိုက်သည်။ “အလုပ်ကိုပဲ အမြန်ပြီးပြတ်အောင်လုပ်တော့မယ်”
သူခုန်သွားရာ အဝေးသို့ ရောက်သွားသည်။
ရှောင်းယီသူ၏ ခေါင်းစွပ်ကို တုန်ရင်နေသော လက်များဖြင့် ကိုင်လိုက်သည်။ သူ့မျက်နှာက မိုးရေများကြောင့်မဟုတ်ဘဲ ဇောချွေးများကြောင့် စိုရွှဲနေ၏။
“လခွမ်း။ ငါဘာပြောလိုက်မိတာဘဲဟ။ သေတော့မှာပဲ”
“အဲ့ကောင်က ဖုန်းကုန်း၊ သွေးရဲလက်ဟ”
“ကံကောင်းတာက ငါရွှီးနိုင်လို့ မဟုတ်ရင် ကုန်းငါ့ကို တကယ်သတ်လောက်တယ်”
သူစကားပြောမှားသွားပြီးနောက် ဖုန်းကုန်း၏ အေးစက်စက် အသံကိုကြားလိုက်ရပြီးနောက် အမူးတောင်ပြေသွားခဲ့သည်။ သို့ဖြင့် အခြေအနေမဟန်တော့သည်ကိုသိရာ အရှိန်လေးအတိုင်းလိုက်သွားပြီး ပေါတောတော ပုံစံဖမ်းလိုက်၏။
မဟုတ်လျှင် အကျိူးဆက်က စိတ်ကူးယဉ်၍ မရအောင် ဖြစ်သွားနိုင်သည်။
ရှောင်းယီသူ့မျက်နှာမှ ဇောချွေးများကို သုတ်၍ အမူအရာမြင်ကာ ဖုန်းကုန်းနောက်သို့ အလျှင်အမြန် လိုက်သွားလိုက်သည်။
မိုးရေစက်များက ဆက်လက် ဖွဲဖွဲလေးရွာကျနေရင်းမှ တဖြေးဖြေး သဲထန်လာခဲ့၏။
ငန်းရေကန်မှ ငန်းများ မိုးဒဏ်ခံရန် ကျောက်ဖြူ လက်ရန်း၌ အတူတစ်ကွ စုစည်းနေလိုက်ကြသည်။
သို့သော်…
သူတို့အပေါ် ဆက်လက်ရွာကျစဲဖြစ်၏။
…
လေထန်သည့် လမ်းတစ်လျှောက် သူတို့ နှစ်ဦး၏ ရွေ့လျားနှုန်းက နှေးကွေးသည်ဟု ပြောနိုင်သည်။
“တီလမ်းမလား”
ရှောင်းယီ သူ့အနားပတ်၀န်းကျင်ကိုကြည့်လိုက်သည်။ သူတို့ အပြင်စည်းသို့ပြန်မရောက်သည်မှာ ကြာလေပြီ။ သို့ကြောင့် အပြင်စည်းရှိ လမ်းများကို ခပ် ရေးရေးသာ သတိရတော့သည်။။ စိတ်ဝိညာဉ်နန်းတော်အတွင်း၌ လမ်းများက ပြုပြင်ခဲသောကြောင့်ပင်။ မဟုတ်လျှင် အချိန်အကြာကြီး လမ်းပျောက်နေလောက်သည်။
ထို့နောက် တောအုပ်အတွင်း လူတစ်ယောက်ကိုတွေ့ရာ အံ့အားသင့်စွာ မှတ်ချက်ပြုလိုက်သည်။
“အပြင်စည်းဂိုဏ်းသားတွေ ကြိုးစားလှချည်လား။ မိုးရွာတာတောင် လေ့ကျင့်နေသေးတယ်”
“နာလည်း အဲ့ဒီ သာမန်အိမ်လေးမှာ တစ်နှစ်ယောက် နေခဲ့ရတာ။ လူတွေများတော့ လေ့ကျင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ ဒီလို လာလေ့ကျင့်ခဲ့ရသေးတယ်”
“အတွင်းရှီးမှာမှ နေရို့ကောင်းတာ။ ကိုယ့်အိမ်မှာကိုနေပြီး ကောင်မလေး…”
ရှောင်းယီ ဖုန်းကုန်း၏ အချိန်နဲ့အမျှ ရှုံ့မဲ့လာသော မျက်နှာကို လစ်လျူရှူကာ အတိတ် အကြောင်းကို သေရည်သောက်ရင်း စမြုပ်ပြန်လိုက်သည်။
ထို့နောက် တစ်ချက်မော့ကာ လူမရှိသည့် ခြံတစ်ခုစီသို့ သွားလိုက်သည်။
ထိုခြံလေးက အစီအရင်ဖြင့် ကာထားရာ မိုးရေစက်များသာ အထဲသို့ ၀င်နိုင်လေသည်။ ထို့ပြင် ထိုအစီအရင်ထဲ၌ နေရာအကျယ်ကြီးရှိရာ လူများစွာ လေ့ကျင့်လို့ အဆင်ပြေနိုင်သည့် နေရာကောင်းတစ်ခုပင်”
“ကျစ်… ချမ်းသာတဲ့ ကလေးတွေ”
“နာ့တုန်းကဆိုရင်…”
“ပါးစပ်ပိတ်ထားစမ်းပါ” ဖုန်ကုန်းသူ့ကို ကြားဖြတ်ပြောလိုက်သည်။ “ပစ်မှတ်က ငါတို့ရှေ့တည့်တည့်မှာကို မင်းက ဘာတွေ စမြုပ်ပြန်နေတာလဲ။ ငါပြောတာတွေ မေ့သွားပြီလား”
ငလု
ရှောင်းယီ ရှက်ကိုးရှက်ကန်း ခေါင်းကို ကုတ်လိုက်သည်။ ပါးစပ်ဖွင့်၍ ထိုအပြောကို တုန့်ပြန်ရန်ပြင်လိုက်သော်လည်း ပြန်ပိတ်လိုက်ရ၏။
နောက်ထပ်သေရည်တစ်လုပ်ဖြင့် ရဲဆေးတင်ကာ ထပ်လောင်းပြောလိုက်သည်။ “ကုန်း။ နာ့ကို တီတစ်ခါ ဦးဆောင်ခွင့်ပေးရှမ်းပါ။ မင်းက နောက်ကနေပဲ စောင့်ကြည့်ပေါ့။ အရာအားလုံးကို မင်းတီယောက်ထဲ လုပ်စရာမလိုပါဘူး”
ဖုန်းကုန်းသူ့ကို တည့်တည့် စိုက်ကြည့်လိုက်ရာ ရှောင်းယီ ပါးစပ်ပိတ်သွားပြီး ပါးစပ်ကို ဇစ်ပိတ်သည့် ပုံစံလုပ်ပြလိုက်သည်။
“ကောင်းပြီလေ”
“ဒါပေမယ့် သေချာလုပ်။ တစ်ချက်တည်းပွဲသိမ်းရမယ်”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။ သူ့လက်ထဲရှိ ဘူးသီးခြောက် ပျောက်ကွယ်သွား၏။ ထို့နောက် ဓားမြှောင်နှစ်ချောင်းကို လက်ကိုင်မှ နောက်ပြန်ကိုင်ရင်း အင်္ကျီလက်စထဲ၌ ဝှက်လိုက်ပြီး သူတို့ ပစ်မှတ်ရှိရာကိုသွားလိုက်သည်။
ထို့နောက် သူ့လက်မြှောက်ပြီး တံခါးကို ခေါက်လိုက်၏။
…
စုရှောင်ရှန် သူ့ရှေ့မှ အသားအရည် ဖျော့တော့တော့ဖြင့် ၀င်းပနေသော လှလှပပ ခန္ဓာကိုယ်လေးကိုကြည့်လိုက်သည်။ မျက်နှာကို မမြင်ရသော်လည်း စုရှောင်ရှန် ဂရုမစိုက်တော့ပေ။ ၎င်းကိုထိရန် သူလက်လှမ်းလိုက်၏။
တောက် တောက် တောက်
ထိုစဉ် ခြံတံခါးမကြီးမှ တံခါးခေါက်သံထွက်လာခဲ့လေသည်။
“လခွမ်း”
သူ၎င်းကို ဖမ်းဆုပ်ရန် ခုန်အုပ်လိုက်သော်လည်း သူ့ရှေ့မှ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပျောက်ကွယ်သွား၏။
ကျွီ…
အိပ်ယာပေါ်မှ စုရှောင်ရှန် ရုတ်တရက် ထခုန်ရာ ကြမ်းပြင်ပေါ်သို့ လှိမ့်ကျသွားသတော့သည်။
သူ့မျက်လုံးများ ပြူးကျယ်နေပြီး နှလုံးခုန်နှုန်းကလည်း မြင်းဒုန်းဆိုင်းနေသည်။ သူ့အမူအရာက နောင်တရနေဟန်ပေါ်၏။
“နောက်ဆုံးအဆင့်ရောက်တော့မှာကိုကွာ”
ဒေါက် ဒေါက် ဒေါက်
ထိုတံခါးခေါက်သံကို ထပ်ကြားလိုက်ရသည်။
သို့ဖြင့် စုရှောင်ရှန် စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် ခြံတံခါးမကြီးကိုကြည့်လိုက်၏။
“ဘယ်သူတွေက ဒီအချိန် တံခါးလာခေါက်နေတာလဲဟ”
“သူတို့ လူအိပ်ချိန်ဆိုတာ မသိကြဘူးလား”
“ဆော်မရှိတဲ့ကောင်တွေ။ ငါ့ကို အေးဆေးပေးအိပ်ပါဟ”
“ဘာလို့ ငါ့ကိုပဲ အမြဲ လာလာ နှောက်ယှက်နေကြရတာလဲ”
သူ့ဖိနပ်များကိုကောက်၀တ်ရင်း အိမ်ထဲမှထွက်လိုက်သည်။ စိတ်ဝိညာဉ်အနှစ်များကို ထီးပုံသဏ္ဌာန်သိပ်သည်းပြီး မိုးဒဏ်ကို ကာကွယ်လိုက်၏။
ရေမျိုးချိုးပြီးနောက် အိပ်မက် ကမ္ဘာထဲရောက်ကာစ ရှိသေး ထိုအသံများကို သူကြားလိုက်ရလေသည်။ သို့ဖြင့် မိုးရေထပ်ဆို၍ မဖြစ်တော့ချေ။ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်ပြီး မကြာခင် တံခါးရှေ့ရောက်လာကာ လက်ကိုင်ကို ကိုင်လိုက်သည်။
ရုတ်တရက် လေအေးတိုက်သွားရာ ချမ်းစိမ့်သွားသဖြင့် သူပြန်သတိရလာရာ ရပ်တန့်လိုက်၏။
“နပေါဦး”
“ဘယ်သူက ဒီလိုအချိန်ကြီး ငါ့ကို လာရှာရအောင် ဘယ်သူနဲ့မှ အဲ့လောက် မသိပါဘူး”
စတင်၍ သင်္ကာမကင်းဖြစ်လာလေသည်။ အပြင်စည်း၌ သူ့တွင် သူငယ်ချင်းရှားသည်။ ယမန်နေ့ နေ့လယ်၌ အကူကောင်လေးဖြင့်သာ စာကြည့်တိုက်သို့သွားထူးချေလေသည်။ သို့ဖြင့် မည်သူမှ သူ့ကို လာရှာစရာအကြောင်းမရှိပါပေ။ သူ့ကိုယ်သူ နားရက် အနည်းငယ် ပေးရန် ပြင်ဆင်ထားခြင်းဖြစ်လေသည်။
“အကူကောင်လေးလား ငါ့ကိုလာရှာတာ”
ဤ အခြေအနေက အနည်းငယ် ထူးဆန်းသည်ဟု သူခံစားလိုက်ရသည်။ သို့ဖြင့် အကြားအမြင်ဖြင့် အစီအရင်ကိုဖြတ်၍ ဘာဖြစ်နေသနည်းကို ကြည့်လိုက်သည်။
အနက်ရောင်ခြုံထည်ကို၀တ်၍ မျက်နှာကို ခေါင်းစွပ်ဖြင့် ဖုံးထားသော လူတစ်ယောက် အပြင်၌ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ ညအမှောင်၌ ဖြစ်သော်လည်း ထိုသူ၏ မျက်နှာ ရှင်းရှင်းလင်းလင်း သူမြင်တွေ့လိုက်ရ၏။
ထိုသူက သာမန်ကာရှန်ရုပ်ရည်မျိုးသာ ရှိပြီး မယဉ်မကြေး တံခါးကို ဆက်မခေါက်လိုက်ပါပေ။
ဟင်
သူ့နောက်မှာ နောက်တစ်ယောက်ရှိသေးတယ်ဟ။
“ချီး အဲ့နောက်က ကောင်က ရူးနေတာလားဘာလား။ မိုးရွာနေတာကို ခေါင်းစွပ်ကြီးနဲ့ အပြင်မှာ လက်ပိုက်ပြီး ဆရာကြီးပုံစံဖမ်းပြီး လာရပ်နေတယ်”
“ဘာသဘောလဲဟ”
“ငါ့ကို ဘယ်သူက ညဘက်မှာ ဒီလို လာနှောက်ယှက်မှာ”
တစ်စုံတစ်ခုကမှားနေကြောင်းကိုသိသော်လည်း ဘယ်အရာမှန်းကိုတော့ သူမသိပါချေ။
ထို့ပြင် ထိုနှစ်ယောက်ကို သူမသိပါပေ။ ထို့ကြောင့် သူ့စီကိုလာစရာလည်း အကြောင်းမရှိပါချေ။ ထို့ပြင် ယခုလို ညကြီး အချိန်မတော်၌ ဖြစ်သည်။
မိုးကျသံများက ယခင်ကထက် ပိုဆူညံလာခဲ့သည်။
သူ့လက်က တံခါးလက်ကိုင်၌သာကျန်ရှိနေပြီး ဖွင့်လည်း မဖွင့်လက်သလို သူ့လက်ကိုလည်း ပြန် မရုတ်သိမ်းလိုက်ပေ။ သူ့နှလုံးခုန်သံ မြန်လာခဲ့ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
“မိုးသဲတဲ့ည…
“ဒီလူတွေ ငါ့ကို သတ်ဖို့လာကြတာလား”
ကြက်သီးမွှေးညှင်းများထောင်ထသွားပြီး ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ၀တ္ထုတွေ သူဖတ်တာများသွားသည်ထင်။ အဘယ်ကြောင့် အကြောင်းမရှိဘဲ တစ်ယောက်ယောက်က သူ့ကို လာသတ်ရမည်နည်း။
သူ့လူနေမှုပုံစံက သာမန်ပဲဖြစ်ကာ မည်သူနှင့်မှ ရန်ငြိုးမရှိကြောင်းကိုလည်း သူသိလေသည်။
သူတို့ (၃) ယောက်စလုံး စိတ်ရှည်ကြသည်။ တိတ်တဆိတ်ဆက်လက်၍ နေလိုက်ကြကာ မည်သူမှ နေရာမှ ရွေ့လိုက်ချေ။ အပြင်ဘက်မှ လူများ စိတ်ရှည်ရှည်နှင့် စောင်းဆိုင်းနေကြသေးတာကို အာရုံခံကြည့်ရာ တွေ့လိုက်ရသည်။
ထိုစဉ် အရာအားလုံးတိတ်ဆိတ်သွားပြီး သစ်သားတံခါးတစ်ချပ်နှင့် လူ(၃) ယောက် ထိုသို့ ဆက်လက်ရပ်နေလိုက်ကြသည်။
အခြားတစ်ဘက်မှ မိုးကတော့ သည်းထန်စွာရွာနေပြီး ၎င်းက သူ့တံခါးကို လာခေါက်နေသယောင်ယောင်ဖြင့် ရင်းနှီးသော အသံ သူ့စိတ်ထဲ ကြားလိုက်ရသလို ခံစားလိုက်ရ၏။
“၀က်ကလေးတွေ ၀က်ကလေးတွေ ငါ့ကို ပေး၀င်ပါ…”
ဒုန် ဒုန် ဒန်