အပိုင်း (၉၇၁)

သွေးထန်သော တိုက်ပွဲ

ရှန့်ထိုကျိ၏ အေးစက်သော မျက်လုံးများ လစန္ဒာရှန့်ထိုထံသို့ ရောက်လာခဲ့သည် … “ခင်ဗျား ဒါက ဘာကို ဆိုလိုတာလဲ…”

“ခင်ဗျားတို့ အားလုံးက ပြည်နယ်ကိုးခုရဲ့ အမြင့်ဆုံး အဆင့်အတန်းမှာ ရှိနေကြတယ်။ မင်းသမီးကလည်း သူတို့ဟာ ရန်ဟောင် အမွေအနှစ်ကို ဆက်ခံသူအဖြစ် အသိအမှတ် ပြုပြီးပြီ။ ခင်ဗျားတို့က ဘာလို့ ဒီလို ညစ်ပတ်ပြီးတော့ လူငယ်မျိုးဆက် တစ်ယောက်ကို ဝိုင်းဝန်း တိုက်ခိုက် နိုင်ရတာလဲ။ ခင်ဗျားတို့က လောဘတက်တယ် ဆိုရင်တောင် ဂုဏ်သိက္ခာရှိတဲ့ပုံစံနဲ့ တရားဝင် စိန်ခေါ် တိုက်ခိုက်လို့ မရဘူးလား”

ရှန့်ထိုကျိက သူ့အား အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။ အားလုံးမှာ ရန်ဟောင် အမွေအနှစ်ကို မက်မောကြကာ ဤသို့ ပူးပေါင်း တိုက်ခိုက်ခြင်း အတွက် မှားယွင်းသည်ဟု မထင်ကြပေ။

လစန္ဒာရှန့်ထိုသည် အရာအားလုံးကို ကိုယ်တိုင် ယူဆောင် သွားလိုသော ဆန္ဒရှိနေသည်လား၊ သို့မဟုတ် ရီဖူရှင်း၏ အလားအလာကို သဘောကျသည်လား။

ရီဖူရှင်း ထုတ်လွှတ်ခဲ့သော လှံချက်အား ရီဖူရှင်းနှင့် မဟာမိတ်ပြုလိုသော အင်အားစုများကို အမှန်တကယ် ဆွဲ‌ဆောင်နိုင်ခဲ့၏။

“ယွီကလန်ကလူတွေ ဒီလောက် သေချင်နေမှတော့ ကျုပ်က လိုက်လျော ပေးရမှာပေါ့။” ရှန့်ထိုကျိက အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့် ကျိရာ၏ဓားက လှုပ်ရှားသွား၏။ ဧရာမဓားသည် တောင်တစ်လုံးအလား ကျဆင်းလာခဲ့ကာ လေထုအားခွင်းလျက် အလင်း အရံအတားပေါ်သို့ ကျဆင်းလာခဲ့၏။

ခွန်ယိုနှင့် တခြားလူများသည်လည်း ညှာတာခြင်း မပြုပါ။ တိုက်ပွဲအတွင်း ယွီကလန်က ပါဝင် ပတ်သက် လာမှတော့လည်း သူတို့က ကောင်းကောင်း ဆုံးမပေးရပေမည်။

ဘုန်း…

အလင်းမြားများစွာတို့ သည်လည်း လေထုကို ဖြတ်သန်းလျက် ရီဖူရှင်းထံသို့ မြန်ဆန်စွာ တိုးဝင်လာကြ၏။

လေဟာနယ်မှာ မြားများဖြင့် ပြည့်နေပြီး ရီဖူရှင်း၏ ပြေးပေါက်များအား ပိတ်ဆို့ထားဟန် ရသည်။

ယိကလန်မှ တန်ခိုးရှင်များလည်း လှုပ်ရှားကြသည်။ သူတို့၏ မြားများမှာ ရီဖူရှင်းအား ထိုနေရာတွင်ပင် အဆုံးသတ်လိုဟန် ရသည်။

တစ်ချိန်တည်းမှာပင် ဟောင်ကျူဂီလည်း မြားတစ်ချက် ထုတ်လွှတ်လိုက်၏။ ရန်ဟောင်မြားက ရီဖူရှင်းဘေးမှ ဖြတ်သန်း သွားကာ မရေမတွက်နိုင်သော မြားများအား တားဆီး၏။

ရီဖူရှင်းကား ထိုအရာများကို သတိထား မိဟန်ပင် မရပေ။

သူက ရှေ့သို့တက်ကာ ကျုံးခွေနှင့် လီတောက်ချူထံသို့ သူ၏ဖိအားများအား ကျဆင်းစေ၏။ သူသတ်ဖြတ်ရမည့် ပြစ်မှတ်များထဲ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့မှာ ထိပ်ဆုံး နေရာက ဖြစ်သည်။

နတ်ငှတ်သည် လေထုကို နင်းလျက် တိုးဝင် သွားသည်။ ခွန်ယိုသည်လည်း ကြီးမားသော နတ်ဆင်ဖြင့် လိုက်လံ ဖိအားပေး၏။

ရီဖူရှင်းအား ကြယ်တာရာ အရံအတားတစ်ခု ရစ်ပတ်လာခဲ့၏။ နတ်ဆင်၏ ဖိအားများမှာ ကြယ်တာရာ အရံအတားဖြင့် ရင်ဆိုင်မိလျှင် ရီဖူရှင်းကား သိသိသာသာ နှေးကွေးသွား သော်လည်း ရှေ့သို့ဆက်လက် ပျံသန်း၏။

ကျုံးခွေနှင့် လီတောက်ချူတို့၏ အမူအရာများမှာ ပြောင်းလဲ လာခဲ့ကြသည်။ ရှေးခေါင်းလောင်းမှ အသံလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သလို လီတောက်ချူလည်း ပြင်းထန်စွာ တိုက်ခိုက်သည်။

သူက ရှေ့သို့ ဆက်တက်လာခဲ့လျှင် သူ၏တိုက်ခိုက်ရေး ပုံစံမှာ နတ်ငှက် အသွင်သဏ္ဌာန် ဖြစ်လာခဲ့၏။ နတ်ငှက်ကား တိုက်ခိုက်မှုများ အားလုံးကို အလင်းတန်းအလား ဖြတ်သန်းသွားကာ လှံရှည်အား ဝှေ့ယမ်း လိုက်၏။

လှံချင်မှာ အလွန် ပြင်းထန်သော လေဟာနယ် ဓာတ်များ ပါဝင်နေခဲ့ကာ ခုခံသူအား လှုပ်ရှားနိုင်စွမ်း မဲ့စေသည်။ ထိုအခိုက်တွင် ကျုံးခွေမှာလည်း ကျောက်ဟောင် တစ်ယောက် မသေမီ မည်သို့ ခံစားရသည်ကို သိလိုက်သည်။

လေဟာနယ် ပိတ်ဆို့မှုကား တားဆီးနိုင်စွမ်း မဲ့စေသည်။ သူ့အနီးမှ လေဟာနယ်မှာ အရာအားလုံး ရပ်တန့်သွားဟန်ရပြီး စက္ကန့်ပိုင်း၌ပင် ဝင်းလက်သော လှံချက်သည် တစ်ဖက်လူ၏ ရှေ့မှောက်သို့ ရောက်လာခဲ့၏။ ဤသည်ကပင် အချိန်နှင့် လေဟာနယ်လှံ၏ စွမ်းရည် ဖြစ်သည်။

ခတ္တခဏသော အချိန်ကား လူတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်၏။

အချိန်နှင့် လေဟာနယ်လှံကား မည်သည့် ပစ်မှတ်ကိုမဆို ဖျက်ဆီး နိုင်စွမ်း၏။ ပြင်းထန်သော မုန်တိုင်းများ ကျုံးခွေကို ရစ်ပတ်ထားသည့်တိုင် ထိုခဏအတွင်း၌ သူကား အစိတ်စိတ် ကွဲအက် ပျောက်ကွယ် သွားရ၏။

ကျုံးခွေကို သတ်ပြီးသည်နှင့် ရီဖူရှင်းသည် တစ်ဆက်တည်း နောက်သို့ဆုတ်ရန် ကြံရွယ်နေသော လီတောက်ချူထံသို့ လှမ်းသည်။

လှံရှည်သည် အလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ လျှပ်စီးတန်းအလား မရပ်မတန့်နိုင်သော အသွင်ဖြင့် လေဟာနယ်ကို ခွင်းသွား၏။

ပြည်နယ်ကိုးခု ရှီအဆင့်မှ တတိယမြောက် တစ်ယောက်သည်လည်း ထိုနေရာတွင်ပင် အသက် ပျောက်သည်။

ရီဖူရှင်း ရပ်တန့်လိုက်ကာ ရှီဟွာတောင်မှ ထိပ်သီး ရှီတန်ခိုးရှင်များအား အကဲခတ် ကြည့်သည်။ တစ်ချိန်တည်းမှာပင် အားလုံး နောက်ဆုတ် ကြသည်။ အကြည့် တစ်ချက်ကပင် အားလုံးကို ချောက်ချားစေ၏။

အလွန်အမင်း တောက်ပ လင်းလက်သော တော်ဝင် အလင်းဓားများ သူ့ထံသို့ ဦးတည် လာကြသော်လည်း ကျန်ကျောင်းနှင့် အဖွဲ့ကာ ရီဖူရှင်း နောက်သို့ ရောက်လာကာ တားဆီးသည်။ ဓားမုန်တိုင်းများ လေထဲတွင် တဝုန်းဝုန်း ပေါက်ကွဲကြ၏။

ရီဖူရှင်း နောက်လှည့် မကြည့်ပါ။ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် သွေးစအချို့အား တွေ့နိုင်သည်။ ခွန်ယိုနှင့် တခြားလူများ၏ တိုက်ခိုက်မှုမျာအား ရီဖူရှင်းက အရေးမစိုက်ဘဲ ရှေ့သို့ ဆက်လက် ပျံသန်း လာခဲ့သည်။ သူ၏ ခုခံနိုင်စွမ်းက မည်မျှ မြင့်မားသည် ဆိုသော်လည်း၊ သူ၏ခန္ဓာမှာ မည်မျှ မာကျောသော်လည်း ထိုတိုက်ခိုက်မှုများမှ လုံးဝ မထိခိုက်ဘဲ ထွက်လာရန်ကား မဖြစ်နိုင်ပေ။

ထိုခဏ၌ပင် ရှီဟွာတောင်မှ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်ဝင် နှစ်ယောက် သေဆုံးခဲ့၏။ ရှီဟွာတောင် ရှန့်ထို မည်သို့ ခံစားနေရမည်ကို အားလုံး တွေးကြည့်၍ ရသည်။

ရီဖူရှင်းက ရှေ့သို့သာ ကြည့်နေသည်။ လျူကျောင်းကား ရှီဟွာတောင်မှ တန်ခိုးရှင်များအကြား ရှိနေကာ သူက လှံဖြင့် ချိန်ရွယ်၍ မေးသည်… “ကျုပ်နဲ့ ဘယ်သူ တိုက်ခိုက်ရဲသလဲ”

ရှန့်ထိုများ တီးတိုး ဆွေးနွေး ကြသည်။ ရီဖူရှင်းအား သတ်ဖြတ်နိုင်သူမှာ ဟောင်ကျူဂီကို ရရှိပေမည်။

သို့သော်လည်း လက်ရှိ အချိန်တွင် မည်သူက ရီဖူရှင်းအား သတ်ဖြတ် နိုင်ပါမည်နည်း။

သူ၏ တိုက်ခိုက်မှုနှစ်ခုက ပြည်နယ်ကိုးခု ရှီအဆင့်ဝင် (၃)ယောက်အား သေဆုံးစေခဲ့၏။ ပြည်နယ်ကိုးခု ရှီအဆင့်၌ ထိပ်သီး (၁ဝ)ယောက် စာရင်းဝင် ခွန်ယိုနှင့်ကျိရာတို့အပြင် ရီဖူရှင်းအား သတ်ဖြတ်နိုင်သောသူ ရှိမည် မထင်ပေ။

“သွားမယ်…”

ရီဖူရှင်း လေထဲသို့ တက်လှမ်းသွားရင်း ပြောသည်။ သူသည် တိုက်ပွဲတွင် ပြိုင်ဘက်ကင်းသည် ဆိုသော်လည်း သူ၏ စွမ်းရည်မှာလည်း အကန့်အသတ် ရှိပေသေးသည်။ သူ တစ်ယောက်တည်းဖြင့် တော်ဝင်မြေများ အားလုံးမှ တန်ခိုးရှင်များအား မည်သို့ ယှဉ်နိုင်မည်နည်း။ ထို့အပြင် သူနှင့်အတူ တော်ဝင်ကျဲနန်းတော်မှ လူအများအပြားလည်း ရှိနေသေးသည်။

တော်ဝင်မြေ အတော်များများမှာ လှုပ်ရှားခြင်း မပြုကြသေးပေ။ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် (၃)ယောက်အား သတ်ဖြတ်ခဲ့ခြင်းက သူတို့အား အနည်းနှင့်အများ ကြောက်လန့် စေခဲ့၏။

“ကျားကို တောထဲ ပြန်လွှတ်လိုက်ရင် အကျိုးဆက်ကို စဉ်းစားကြည့်ကြ…” ခွန်ယိုက အေးစက်စွာ ပြောသည်။

ခွန်ယိုက ကြီးမားသော ဖိအားနှင့်အတူ ရီဖူရှင်းထံသို့ လှမ်းလာခဲ့၏။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်(၉)ချိတ်၏။ သူသည် လောကဓာတ် အနည်းငယ်ကိုသာ လေ့ကျင့်သော်လည်း သူလေ့ကျင့်သည့် လောကဓာတ်များမှာ အဆုံးစွန်သော အထိ ပြင်းထန်ပေသည်။

သူ၏ သက်စောင့် ဝိညာဉ်နှင့်အတူ ဧရာမ နတ်ဆင်ကြီး တစ်ကောင် ပေါ်လာခဲ့ပြီး ရီဖူရှင်းအား နင်းခြေရန် ကြိုးစားသည်။ ရီဖူရှင်းကား ကျိရှမ်းကမ်းပါးကို သွေးချောင်း စီးစေခဲ့၏။ ထိုသွေးကြွေးအား ယခု ဆပ်ရပေတော့မည်။

ကမ္ဘာပျက်မတတ် မာန်သွင်း အော်ဟစ်သံ တစ်ခုအား ကြားရကာ ရီဖူရှင်း၏ နောက်၌ နတ်လူဝံကြီး တစ်ကောင် ပေါ်လာသည်။ ရီဖူရှင်းက နတ်လူဝံကြီးနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှ ရုန့်ရင်းကြမ်းတမ်း လာခဲ့၏။ ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့လျှင် လေထုက တုန်ခါသည်။ သူက စတင် တိုက်ခိုက်လျှင် မုန်တိုင်းများ ထန်လာခဲ့ပြီး နတ်ဆင်ကြီးအား သွားရောက် ရိုက်ခတ်ကာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်စေသည်။

အဆုံးမဲ့သော စွမ်းအားများ ရစ်ပတ်ထားသော ရီဖူရှင်းက ခွန်ယိုထံသို့ တိုက်ရိုက် ဦးတည် ပျံသန်း လာခဲ့သည်။

ခွန်ယိုက ရှေ့သို့ တက်လှမ်းလာခဲ့လျှင် နတ်ဆင်၏ ခြေလှမ်းတိုင်းသည် ကြီးမားသော ဖိအားလှိုင်းများအား ဖြစ်ပေါ်စေ၏။ သို့သော်လည်း ရီဖူရှင်းကား ဖိအားများကို သည်အတိုင်း တောင့်ခံကာ တစ်ဟုန်ထိုး ပြေးသွားသည်။ ရီဖူရှင်း၏ ပါးစပ်တွင် သွေးစအချို့ကို တွေ့ရပေသည်။ သို့တိုင်အောင် သူကား မရပ်တန့်ဘဲ ရှေ့သို့ ဆက်လှမ်း သွား၏။ သူက ခွန်ယိုအနီးသို့ ရောက်သည်နှင့် ထိုသူက ပြည်နယ်ကိုးခု ရှီအဆင့်(၉)တွင် ရှိလျှင်ပင် သူက သတ်နိုင်သည်ဟု ယုံကြည်ပေသည်။ အချိန်နှင့် လေဟာနယ်လှံသည် မည်သည့် စွမ်းအားများကိုမဆို ဖြတ်သန်းနိုင်စွမ်း ရှိ၏။

ခွန်ယို၏နောက်မှ နတ်ဆင်ကြီးက နင်းခြေ၏။ သို့တိုင်အောင် ရီဖူရှင်းကား ရှေ့ဆက် တိုးလာသည်။ ရတနာလှံက တိုးဝင်လာခဲ့လျှင် လေဟာနယ်မှာ အေးခဲသွား၏။ ထိုအခိုက်တွင် ခွန်ယိုကား အနည်းငယ် လှုပ်ရှားရန်ပင် အလွန်ခက်ခဲကာ နတ်ဆင်မှာလည်း ခြေထောက်အား မြှောက်ရန် လွန်စွာ အားထုတ်ရ၏။ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားရကာ လောကဓာတ်များအား ထွင်းဖောက်လျက် ဆင်ခြေထောက်ဖြင့် အတင်း နင်းခြေသည်။

ဝုန်း …

ကျယ်လောင်သော အသံနှင့်အတူ နတ်ဆင်ပုံရိပ်မှာ အစိတ်စိတ် အမြွှာမြွှာ ကြေပျက်သွားသည်။ ရတနာလှံသည် ကြောက်မက်ဖွယ်ရာ မုန်တိုင်းအား သယ်ဆောင်လျက် ခွန်ယိုထံသို့ ရောက်လာ၏။ ခွန်ယိုက မာန်သွင်း အော်ဟစ်ကာ သူ၏လက်ကို ပင့်လျက် ခုခံသည်။ ထောင်ပေါင်း များစွာသော ဆင်ပုံရိပ်များ ကောင်းကင်တွင် ပေါ်လာကာ နင်းခြေကြသည်။

ရီဖူရှင်း နောက်ဆုတ်ခြင်း မပြုပေ။ ရတနာလှံက ဝင်းလက်သွားကာ အလင်းတန်းက ကောင်းကင်မှ ကျဆင်းလာခဲ့၏။ နတ်ဆင်ပုံရိပ်များ တစ်ခုပြီးတစ်ခု ပိုင်းဖြတ်ခံရကာ ခွန်ယို၏ တော်ဝင်ရတ နာလက်မောင်း ချပ်ဝတ်သည် အပေါ်ကို ပင့်တက်လျက် ရတနာလှံအား ခုခံသည်။ သူ၏လက်မှာ ပြင်းထန်စွာ တုန်ခါ၏။ ထိုအခိုက်တွင် သူ့ခန္ဓာမှာ အပိုင်းအပိုင်း ဖြတ်တောက် သွားတော့မည့်အလား ခံစားရကာ ကောင်းကင် အပေါ်သို့အထိ လွင့်စဉ် သွားသည်။

ထိုအခိုက်တွင် ကျောက်မင်ကလည်း ဖီးနစ် အတောင်ပံများကို ဖြန့်ကာ ကောင်းကင်အား ပိတ်ဆို့လျက် ရီဖူရှင်းထံသို့ ပျံသန်းလာခဲ့၏။ ကျိမူ၏ ဓားအလင်းလည်း တစ်ပြိုင်နက်တည်း ရောက်လာသည်။

ရီဖူရှင်း၏ ပတ်ဝန်းကျင်မှာ အရာအားလုံးကို ရပ်တန့်နိုင်စွမ်းသော နတ္တိနယ်အဖြစ် ပြောင်းလဲသွားဟန် ရသည်။ သို့သော်လည်း ဖီးနစ်၏ ဖြတ်တောက်ခြင်း လောကဓာတ်နှင့် တော်ဝင် အလင်းတို့ ရီဖူရှင်းထံသို့ ကျဆင်း လာခဲ့၏။

ဝုန်းခနဲ မြည်သံနှင့်အတူ ရီဖူရှင်းကား နောက်သို့ လွင့်စဉ်သွားခဲ့၏။ သို့တိုင်အောင် ပြင်းထန်သော တိုက်ခိုက်မှု နှစ်ခုက ရီဖူရှင်းအား မည်သို့မှ ထိခိုက်စေဟန် မတူပေ။ ဖီးနစ်၏ထက်ရှသော အတောင်ပံဖြစ်စေ၊ ဓားဖြစ်စေ သူ၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်နိုင်စွမ်းငှာ မတတ်နိုင်ပေ။ ကြည့်ရသည်မှာ ရီဖူရှင်း၏ ခန္ဓာကိုယ်မှာ တော်ဝင် ရတနာအလား မာကျောဟန် ရသည်။

သို့သော်လည်း သူ၏ခန္ဓာမှာ မည်မျှ သန်မာသည် ဆိုသော်လည်း တိုက်ခိုက်မှုက သူ၏ အတွင်း ကလီစာများအား အနည်းနှင့်အများ ထိခိုက်စေပေသည်။ သူ့ရင်ဘတ်မှ ပျို့တက်လာသော သွေးများအား ရီဖူရှင်း ပြန်မျိုချသည်။

သူ့အား သတ်လိုသည်လား။

ထိုသို့လုပ်ရန် သွေးများဖြင့် မရင်းနှီးဘဲ မဖြစ်နိုင်ပေ။

သည်တစ်ကြိမ်တွင် သူက တော်ဝင် အလင်းနန်းတော်မှ ကျိမူထံသို့ ဦးတည်ကာ ပျံသန်းသွားသည်။

ကျိရာကား ကျန်ကျောင်းတို့အဖွဲ့၏ တားဆီးခြင်းကို ခံထားရကာ ယိကလန်မှ တန်ခိုးရှင်များအား ဟောင်ကျူဂီနှင့် ယွီကလန်တို့က တားဆီး ထားကြသည်။ အမြင်ဆန်းသော အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများမှာ ရီဖူရှင်းထံသို့ ရောက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

ထိုအခိုက်တွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ကျိမူကား ရီဖူရှင်းသူ့ထံသို့ ပျံသန်း လာသည်ကို မြင်ကာ ထိတ်လန့်တကြား ြစ်သွားသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset