အပိုင်း (၉၆၃)

ပြိုင်ဘက်ကင်းများ၏တိုက်ပွဲ

ရီဖူရှင်း၏ အသံကား ကြည်လင်ကာ ပီသသည်။ မှန်နန်းတော် သခင်မ၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာ၏။ သူမ ထထိုင်လိုက်ပြီး ရီဖူရှင်းအား ကြည့်သည်။ အမှန်တကယ် အားဖြင့် သတိရလာသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူမ၏ အာရုံများအား ပိတ်ဆို့ကာ ငြိမ်သက်စွာ ကုစားအားဖြည့် နေခဲ့သည်။

သို့သော်လည်း ထိုလက်ချောင်းများ၏ အထိအတွေ့ကို လုံးဝ ဖြတ်တောက် နိုင်သည်တော့ မဟုတ်။ အဝတ်ပါးလေး ခြားထားလျှင်ပင် ခံစားမှုက သိသာလွန်းသည်။ သူ၏လက်မှာ မိမိ၏ လျှို့ဝှက်အပ်သော နေရာများသို့အထိ ရောက်လာခဲ့၏။ ပိုဆိုးသည်ကား ရီဖူရှင်းက ထိုသို့ ထိတွေ့ခြင်းအား သာယာနေဟန် ရ၏။

ဤသို့သော အရှက်တရားကို ထိပါးခံရခြင်းက သူမအား ထရပ်ကာ သူ့အား သတ်ဖြတ်လိုစိတ်များ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေ၏။ သို့သော် ကျောက်ပြည်ထောင် ဘုရင်အပေါ် အရိုးထဲစွဲအောင် စိမ့်ဝင်နေသော အမုန်းတရားများအား ပြန်သတိရလျှင် သူမ သည်းခံ၏။ သူမ ထရပ်ကာ နှုတ်ခမ်းအား ကိုက်လိုက်သည်။ ရီဖူရှင်းမှာ ရှားရှင်းယွန်၏ လက်၌ သေဆုံးသွားရန် သူမမျှော်လင့်၏။

ရှားရှင်းယွန်က သူမ၏ရှေ့မှ လူအား စိုက်ကြည့်သည်။ အင်ပါယာရှား၏ သမီးတစ်ယောက် ဖြစ်သော သူမကား မွေးကတည်းက ထူးခြား ဆန်းကြယ်သူ ဖြစ်သည်။ သူမကား အထက်ဘုံ၏ တန်ခိုးအဆင့်တူ အတွင်း ပြိုင်ဘက်မဲ့သည်။ မည်သူမှ သူမအား ရင်မဆိုင်နိုင်သလို ယှဉ်ပြိုင်ရဲသူလည်း မရှိခဲ့ပေ။ သို့သော် သူမနောက်သို့ လိုက်ရန် နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သူ၊ ကျူးထန် နန်းတော်၌ ပြိုင်ဘက်ကင်း ဖြစ်ကြောင်း ကြွားဝါခဲ့သူကား ယခု သူမကို စိန်ခေါ်နေသည်။

ရှားရှင်းယွန် ရှေ့သို့တက်လာခဲ့ကာ နတ်ဘုရား အလင်းများ သူမထံမှ ဖြာထွက်လာခဲ့၏။ သူမကား အင်မော်တယ် တစ်ပါးလို လင်းလက် နေခဲ့သည်။ သူမရွေ့လျားလျှင် မဟာလမ်းစဉ် ကိုယ်တိုင်က ရွေ့လျား၏။

သူ ရင်ဆိုင်ဖူးသမျှထဲ ရှားရှင်းယွန်မှာ အခက်ဆုံး ဖြစ်မည်ကို ရီဖူရှင်း သိသည်။ သူမ၏ သွေးကြောများထဲ ရန်ဟောင်သွေးများ စီးဆင်းနေကာ အထက်ဘုံ၌ ပြိုင်ဘက်ကင်း၏။ ထို့အပြင် သူမကား အထူးထူး အပြားပြားသော မှော်ပညာများအား လေ့ကျင့် အောင်မြင်ထားပြီး အင်ပါယာရှားဘုံ အတွင်း အတော်ဆုံး မှော်ထိန်းချုပ်သူအဖြစ် ကျော်ကြားသည်။

ယခု သူတို့၏ခွန်အားမှာ ရှေးနန်းတော်ရာ အတွင်း ထိန်းချုပ် ကန့်သတ်ခံရပြီး ကောင်းကင်နှင့် မြေပြင်မှပေးသော စိတ်စွမ်းအား အထောက်အပံ့မှာလည်း အကန့်အသတ် ရှိပေသည်။ ရှားရှင်းယွန်၏ ခြေလှမ်းတိုင်းတွင် မဟာလမ်းစဉ် စွမ်းအားများ ဖူးပွင့်ရ၏။ ရီဖူရှင်းက သူမအား သာမန် အားနည်းသော မိန်းမတစ်ယောက် အဖြစ် သတ်မှတ်၍ မရပေ။

သူမ၏ခန္ဓာမှ အားကောင်းသော လေစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့် မြေပြင်မှာ သူမကိုမူတည်၍ တစ်ပေါင်းတည်း ဖြစ်သွားသည့်အလား…။

ရီဖူရှင်း၏ စွမ်းအားများကလည်း လျှပ်စီးများလို ကွဲအက်လာခဲ့ကာ ရှားရှင်းယွန်၏ လေစီးကြောင်းများကို ရင်ဆိုင်သည်။ သူတို့နှစ်ယောက်မှာ အချင်းချင်း ရင်ဆိုင်လျက် ထိုနေရာအား မုန်တိုင်း ထန်စေ၏။

နောက်ထပ် ခြေတစ်လှမ်းနှင့်အတူ သူ့စွမ်းအားများ ဖြာထွက် လာခဲ့၏။ ရှားရှင်းယွန်ထံမှ အလင်းများ ဖြာထွက်လာခဲ့ပြီး သူမ၏လက်တွင် လာရောက် စုစည်းကြသည်။ သူမက သေးသွယ်သော လက်အား မြှောက်လိုက်လျှင် တော်ဝင်အလင်းက လက်ကို လှည့်ပတ်လျက် လေဟာနယ်ကို ခွင်းလျက် ထွက်သွားလျှင် ကောင်းကင်နှင့် မြေပင်မှာ သိမ့်ခနဲ တုန်သွား၏။ အလန်းတန်းမှာ ရီဖူရှင်း၏ ရင်ဘတ်သို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။

ရီဖူရှင်းလည်း ရှေ့သို့ တက်လာခဲ့လျှင် သူ့စွမ်းအားက သက်တံရောင်ကဲ့သို့ လင်းလက်သည်။ ရှားရှင်းယွန် မည်မျှ သန်မာပါစေ သူမကြောက်ပေ။ ယနေ့ အင်ပါယာရှားဘုံ၌ ပြိုင်ဘက်ကင်းသည် ဆိုသော သူမက မည်မျှ အားကောင်းသည်ကို ကြည့်ပေမည်။

သူ၏ လက်ကိုမြှောက်လျှင် ဟန်ချက်တစ်ခု ဖြစ်လာသည်။ ထိုအရာက သဘာဝကျဟာ မဟာလမ်းစဉ်နှင့် လိုက်လျောညီထွေသည်။ တော်ဝင် လက်သိုင်းက သူ့ပတ်ပတ်လည်၌ အမှုန်အမွှားများကို စည်းချက်ညီစွာ လှုပ်ရှားစေသည်။ သူ့လက်ကို ဆတ်ခနဲ ဆန့်လိုက်လျှင် လက်ဝါးပုံရိပ်က ကြယ်ရောင်စုံ လင်းလက်လျက် ပြိုင်ဘက်ထံသို့ ပြေးဝင်သွား၏။

သူက လက်ကို လက်ချင်း တိုက်သည်။

သူတို့ ရိုက်ထုတ်လိုက်သော လက်၏ ဦးတည်ရာဆုံမှတ် တစ်ခုကတော့ ရှိနေသည်သာ။ သူတို့က အသားချင်း မထိတွေ့သော်လည်း အားအဟုန်များ ကတော့ ထိတွေ့ပေါက်ကွဲ ရသည်။ မိုးခြိမ်းသံ တစ်ခုနှင့်အတူ သူတို့အနီးမှ လေဟာနယ် သိမ့်ခနဲ တုန်သွားသည်။ လက်သီးနှင့် လက်ဝါး ရင်ဆိုင် ထိတွေ့ရာမှ အလင်းအပိုင်းအစများ နေရာအနှံ့သို့ ပြန့်ကျဲ ကြတော့သည်။

ရှားရှင်းယွန်ကား ထိတ်လန့်တကြား နောက်ဆုတ် ရသည်။ သူမ၏ မျက်လုံးများ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ သူမ၏လက်ဟန်တွင် နက်ရှိုင်းသော စွမ်းအားများ ပါဝင်သည်။ ထိုစွမ်းအားက လောကဓာတ်အား အပြင်းထန်ဆုံးသော အခြေအနေသို့ ထုတ်လွှတ် စေနိုင်၏။ ယခု ရီဖူရှင်းက ထိုလက်ဟန်ကို ခြေဖျက်နိုင်ရာ သူမည်မျှ အားကောင်းသည်ကို သိနိုင်သည်။

ရန်ဖူရှင်းကား သူ့ခန္ဓာကိုယ်ကို အသန့်စင်ဆုံးသော အခြေအနေသို့အထိ ဆေးရည် စိမ်ထားခဲ့ကာ အသန်မာဆုံး ဖြစ်စေသည်။ သူက ဒြပ်မှုန်လောကဓာတ်နှင့် ကြယ်တာရာ လောကဓာတ်တို့အား လက်ဟန်တွင် ပေါင်းစပ်ထားခဲ့ရာ အလွန်ပြင်း၏။ သည်လက်ဝါးက ပြည်နယ်ကိုးခု၏ သူနှင့်တန်ခိုး အဆင့်တူအတွင်း မည်သူ့ကိုမဆို ဒဏ်ရာ ရစေနိုင်သည်။

မှန်သည် …  ရှားရှင်းယွန်လည်း ကွဲပြားခြားနား၏။ ဟွမ်ထင်းလက်ဟန်မှာ (၃၃)လွှာ ရှိသည်။ တစ်လွှာစီတိုင်းက ပိုမို ပြင်းထန်ပေသည်။ ရီဖူရှင်းက ပထမ အလွှာကိုပင် မချေဖျက်နိုင်ဘဲ မည်သို့ ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်း မည်နည်း။

သူမက တစ်ဖန် အားကို စုစည်းကာ ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။ နှစ်လွှာမြောက် လက်ဟန်က ပိုအားကောင်းစွာဖြင့် ရီဖူရှင်းထံ ရိုက်ခတ်လာခဲ့၏။ ရီဖူရှင်းကလည်း မဆိုင်းမတွ ပြန်တိုက်ခိုက်သည်၏။ ဤသို့သော တိုက်ပွဲကား သူ့အတွက် လွန်စွာ အကျိုးရှိကာ ပြည်နယ်ကိုးခု၌ နောက်ထပ် ဤသို့ ပြိုင်ဘက်မျိုး ရှာမတွေ့နိုင်တော့ပေ။

နှစ်ယောက်သား ရင်ဆိုင်တိုက်ခိုက်လျှင် ကျယ်လောင်စွာ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်အကြား ပြင်းထန်သော လေထုပေါက်ကွဲမှုများ ဖြစ်လာသည်။

မှန်နန်းတော် သခင်မက တိုက်ပွဲအား ကြည့်သည်။ သူမကား ရှန့်ထိုတစ်ပါး ဖြစ်သည့်တိုင် သည်ရှီတန်ခိုးရှင် နှစ်ပါး၏ တိုက်ပွဲမှာ အံ့အားသင့် မှင်တက်ဖွယ် ကောင်းလှ၏။ သည်ခွေးကောင်ကား အမှန် အားကောင်းသည်။

(၁၁)ချက်မျှ ထိုးနှက် တိုက်ခိုက်ပြီးနောက် ရှားရှင်းယွန်၏ လက်သီးမှာ လုံးဝပုံစံပြောင်း သွားခဲ့သည်။ သူမ၏လက်သီး ကျဆင်းလျှင် ကောင်းကင်ပင် အက်ကွဲ နိုင်လောက်သည်။ ရီဖူရှင်းလည်း သူ၏လက်များ ကွဲအက်မတတ် ခံစားရသည်။ လက်သီးကား ဖျက်ဆီးအား ပြင်းလွန်းသည်။ သူ၏ခန္ဓာသာ မာကျောခြင်းမရှိလျှင် သက်သာမည် မဟုတ်ပေ။

ကျယ်လောင်သော အသံတစ်ချက်တွင် ရီဖူရှင်း နောက်ဆုတ်သည်။ သို့သော် ရှားရှင်းယွန်က အရိပ်ပမာ လိုက်လံ တိုက်ခိုက်၏။ ရွှေရောင် အလင်းတန်းများ ဖြတ်သန်း စီးဆင်းစေလျက် ရီဖူရှင်းက သွေးကြောမ(၇)ခုအား ဖွင့်သည်။ ရုတ်တရက် သူ၏ ကိုယ်ရှိန်ကိုယ်ဝါ ပိုမို ပြင်းထန်လာ၏။ ရှားရှင်းယွန်၏ လက်သီးမှာ အလွန်ပြင်းထန် လာသည်ကို သူမ ခံစားမိသည်။ သူမ၏ သိုင်းပညာကား အဆင့်လွန်နေကာ ကောင်းကင်ဘုံ ကိုးဆင့် ရိုက်ချက်နှင့်ပင် နှိုင်းယှဉ်၍ ရသည်။

ဘုန်း  … ရီဖူရှင်း လေထဲသို့ တက်လာလျှင် သူ့ထံမှ နဂါးကဲ့သို့ အရှိန်အဝါများ ဖြစ်လာသည်။ သူက လက်ကို မြှောက်ကာ ကောင်းကင်အား ဆန့်ကျင်၍ ဖိနှိပ်သည်။ ရှားရှင်းယွန်၏ လက်သီးက ကြယ်တာရာများအား ဖြိုခွင်း ဖြတ်သန်းလျက် ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။ သူတို့နှစ်ယောက် ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်ကြလျှင် ကောင်းကင်နှင့် မြေပြင်မှာ ဆက်တိုက် တုန်ခါသည်။ ကြည့်ရသည်မှာ မည်သူကမှ အသာရဟန် မရှိပေ။

နောက်ဆုံး လက်သီးချက် (၂ဝ)ခန့် ထိုးနှက်ပြီးနောက် သူမကား ဆက်လက်၍ မတိုက်ခိုက်နိုင်တော့။ ဟွမ်ထင်း လက်သီးအား (၃၃)ကွက်အထိ အောင်မြင်လျှင် လောကအား လက်သီး တစ်ချက်ဖြင့် စိုးမိုးနိုင်သည်ဟု အဆိုရှိ၏။ သို့သော်လည်း သူမကား ထိုအဆင့်သို့ ရောက်ရန် များစွာ လိုသေးသည်။

သူမက ဟောင်ကျူဂီအား လှမ်းကြည့်လျှင် သူက ရန်ဟောင် ရုပ်တုရှေ့တွင် ရပ်နေဆဲ ဖြစ်သော်လည်း အမွေအနှစ်များအား အပြည့်အဝ ဆက်ခံပြီး ဖြစ်ဟန်ရသည်။ နေရောင်များ ကျဆင်းလာကာ နန်းတော်ရာမှာလည်း တဖြည်းဖြည်း လှုပ်ယမ်း လာခဲ့၏။

သူမက ရီဖူရှင်းအား ပြန်ကြည့်သည်။ သူမထံမှ ပေးသော ဖိအားများ ပိုမို ပြင်းထန် လာခဲ့၏။ သူမက နတ်သမီး တစ်ပါးအလား လေပေါ်သို့ တက်လာသည်။ သူမ၏ နှင်းဖွေးလို ဖြူဖွေးလှပသော မျက်နှာလေးကား လေးနက် တည်ကြည်နေ၏။ သူမ၏ လက်ချောင်းမှ ဓားအသိများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကာ နန်းတော်ရာ၏ လေထုကို ခွင်းသွားသည်။ သူမ၏စွမ်းအားမှာ ကန့်သတ်ခြင်း ခံရသော်လည်း သယမထုတ်လွှတ်သော စွမ်းအားမှာ ပြင်းထန်လွန်း၏။

ရီဖူရှင်းက ရှားရှင်းယွန်အား လေးနက်စွာ ကြည့်သည်။ ရန်ဟောင်၏ သမီးဖြစ်သော သူမက တစ်ခုတည်းတွင်သာ ထူးချွန်ခြင်းက မဖြစ်နိုင်ပေ။

ရှားရှင်းယွန်က လက်မြှောက်ကာ လက်ညှိုးထိုးလျှင် ဓားအသိက ရီဖူရှင်း၏ စိတ်နယ်ပယ်အထိ ရိုက်ခတ် လာခဲ့သည်။ ဓားစွမ်းအား ကလည်း သူ့ခန္ဓာကိုယ်အား ပိုင်းဖြတ်ရန် လာရောက် ကြိုးစားသည်။

ရှားရှင်းယွန်ကား လီဟန်ဓား နန်းတော်ကို သွားရောက်ကာ အင်ပါယာရှားဘုံ၏ အတော်ဆုံး ဓားသမားထံ၌ သွားရောက် သင်ယူဖူးသည်။ သူမက များစွာသော ဓားအဆီ အနှစ်များအား ကိုယ်ပိုင်ဟန်ဖြင့် ပေါင်းစပ် ထားခဲ့၏။ သူမအား သူမအဖေ ကိုယ်တိုင်က သင်ကြားပေးသလို အထက်ဘုံမှ များစွာသော ပုဂ္ဂိုလ်ကြီးများကလည်း သင်ပေးခဲ့ကြသည်။

ရီဖူရှင်းက သူ၏ စိတ်နယ်ပယ်ကို လာရောက် တိုက်ခိုက်မှုအား ခံစားရသည်။ သူ့စိတ်က ကောင်းကောင်း ခံနိုင်ရည်ရှိကာ သူ၏ခန္ဓာမှ ကြယ်တာရာ လောကဓာတ်များ ဖြာထွက်လာခဲ့၏။

ဝုန်း…

ဓားလှိုင်း တစ်ခုတည်းက သူ၏လောက ဓာတ်များအား ဖြတ်တောက် သွားသည်။ ကံကောင်းစွာ သူ့ခန္ဓာက အလွန် မာကျော၏။ သို့တိုင်အောင် သူ၏အဝတ်အစားများမှာ စုတ်ပြဲကုန်၏။

တာ့နန်ဓား (ကပ်ဘေးဓား) ကား ဟွာထင်း လက်သိုင်းနှင့် ကွဲပြား ခြားနားပေသည်။ ဟွာထင်း လက်သိုင်းမှာ တစ်ဆင့်ချင်း အားကောင်း လာသည်။ တာ့နင် ဓားသိုင်းကား မိုးကြိုး ပစ်ခတ်သလို အရာအားလုံးကို တစ်ချက်တည်းဖြင့် ဖျက်ဆီး ပိုင်းဖြတ်ရန် ကြိုးစား၏။

ဓားက သတ်ဖြတ်ရန် ဦးတည်၏။

ရှားရှင်းယွန်က အားကောင်းသော ဓားအသိများ ရစ်ပတ်လျက် ရှေ့တက် လာသည်။ သူမကား သေမင်းနတ်ဘုရား တစ်ပါး ချဉ်းကပ်လာသော ခံစားချက်အား ပေးသည်။ သူမက ဓားပေါ်သို့တက်ကာ ရန်ဟောင် ရုပ်တုထံသို့ ပျံသန်း သွားသည်။

ရီဖူရှင်း၏ လက်တွင် သတ္တုဓာတ်မှ ဖြစ်တည်လာသော လှံရှည်တစ်လက် ဖြစ်လာသည်။ လောကဓာတ်များ မွေးဖွား လာကာ လှံရှည်၌ စုစည်းကြ၏။

သူက အလင်းတန်းအလား ပြောင်းလဲသွားကာ ရှားရှင်းယွန်ကို တားဆီးသည်။ ရှားရှင်းယွန်က ဓားကို ဆုပ်ကိုင်ကာ ရီဖူရှင်းအား ခုတ်၏။ အလင်းတန်း တစ်ချက် ဖြစ်ပေါ်လာကာ လှံရှည်က ဓားနှင့် ထိတွေ့သည်။

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ဓားအသိများ ပျက်ပြယ် သွားသည်။

ရှားရှင်းယွန် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရကာ ဟန်ချက်အား ထိန်းသည်။

ရီဖူရှင်းက မူလနေရာတွင်ပင် ရပ်ကာ မင်းသမီးကို ပြောသည်… “မင်းသမီးက နည်းနည်း အလေးထား တိုက်ခိုက်လို့ မရဘူးလား…”

***


Comment

Leave a Reply


Options

not work with dark mode
Reset